CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
လောင်စာဆီဈေးတက်မှုကြောင့် အီကွေဒေါဆန္ဒပြမှုများဖြစ်(AP)

အီကွေဒေါ ဆန္ဒပြပွဲဦးဆောင်သူများက အစိုးရနှင့် စကားပြောရန် လက်ခံ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1344

CNI International News

ကွီတို၊ ဇွန်လ ၂၈

တောင်အမေရိကတိုက်ရှိ အီကွေဒေါနိုင်ငံတွင် ယခင်သီတင်းပတ် နှစ်ပတ်အတွင်း အင်အားကြီးမားသော ဆန္ဒပြမှုများဖြင့် အီကွေဒေါအစိုးရ ကြုံတွေ့ခဲ့ရပြီးနောက် အစိုးရဘက်က စေ့စပ်ညှိနှိုင်းရန် ကမ်းလှမ်းလာမှုအား ဆန္ဒပြမှုများကို ဦးဆောင်နေ သည့် ဌာနေတိုင်းရင်းသား အဖွဲ့အစည်းမှ ခေါင်းဆောင်များက လက်ခံလိုက်ကြောင်း အယ်ဂျာဇီးယားသတင်းအရ သိရသည်။

ဇွန်လ ၂၇ ရက်က အီကွေဒေါ ဌာနတိုင်းရင်းသား လူမျိုးစုများ ဖက်ဒရယ်ကောင်စီ (CONAIE) သည် သမ္မတ ဂွီလာမိုလက်ဇို၏ အရာရှိများနှင့် တွေ့ဆုံရန် မျှော်လင့်ထားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြို့တော် ကွီတိုနှင့် အခြားနေရာ အနှံ့အပြား၌ လောင်စာဆီနှင့် စားနပ်ရိက္ခာ အခက်အခဲများကြောင့် လူထုအတွင်း မကျေနပ်မှု တိုးပွားလာခဲ့ရာ ဇွန်လ ၁၃ ရက်၌ စတင်ခဲ့သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ယခု တွေ့ဆုံဆွေးနွေးရေးက ရပ်တန့် စေလိုက်ပြီ ဖြစ်သည်။

နိုင်ငံတဝန်း မငြိမ်မသက်မှုများကို ဖြေရှင်းရန်အတွက် လောင်စာဆီနှင့် ဒီဇယ်ကို တစ်ဂါလံလျှင် ၁၀ ရာခိုင်နှုန်း လျှော့ပေါ့ ရောင်းချပေးမည်ဟု ဇွန်လ ၂၆ ရက်နှောင်းပိုင်းတွင် သမ္မတလက်ဇိုက ကြေညာခဲ့ပြီးဖြစ်သည်။
သို့သော် ဈေးနှုန်း လျှော့ပေါ့ခြင်းဖြင့် လက်ရှိ ဆန္ဒပြ သပိတ်မှောက်မှုများ အဆုံးသတ်ရန် မလုံလောက်ကြောင်း၊ သန်းနှင့်ချီ သော အိမ်ထောင်စုများ၏ အခက်အခဲဖြေရှင်းရန် ထိရောက်မည် မဟုတ်ကြောင်း ဇွန်လ ၂၇ ရက်၌ စီစဉ်ထားသော အစည်း အဝေး မကျင်းပမီ CONAIE ကောင်စီက ထုတ်ပြန်ခဲ့သည်။

အီကွေဒေါ သမ္မတ ဂွီလာမိုလက်ဇို (Reuters)

ဓာတ်ဆီ အပိုဝယ်ယူမှုအတွက် တစ်ဂါလံလျှင် ၂ ဒသမ ၅၅ ဒေါ်လာမှ ၂ ဒသမ ၁၀ ဒေါ်လာအထိနှင့် ဒီဇယ်ဆီကို တစ်ဂါလံ လျှင် ၁ ဒသမ ၉၀ ဒေါ်လာမှ ၁ ဒသမ ၅၀ အထိ လျှော့ချပေးရေး အပါအဝင် CONAIE ကောင်စီက တောင်းဆိုထားသည့် အချက် ၁၀ ချက်ကို လိုက်လျောပေးရန် ကြေညာချက်တွင် ရေးသားထားသည်။

“လောင်စာဆီ ဈေးနှုန်းသည် ပဋိပက္ခ ဆက်ဖြစ်နေအောင် အခြေခံ အကြောင်းတရားအဖြစ် ရှိနေဆဲဖြစ်ကြောင်း” သမ္မတ လက်ဇိုက ဇွန်လ ၂၇ ရက်၌ အစိုးရရုပ်သံလိုင်းမှနေ၍ မိန့်ခွန်းပြောကြားခဲ့သည်။
“တွေ့ဆုံ ဆွေးနွေးရေး ကြိုးပမ်းတဲ့ အီကွေဒေါ နိုင်ငံသားတွေက လက်ကမ်းပေးပြီးတော့ အစိုးရနဲ့ တွေ့ရမယ်။ မငြိမ်မသက် ဖြစ်အောင်၊ အကြမ်းဖက်အောင် ကြိုးစားတဲ့ သူတွေကတော့ ဥပဒေစွမ်းအား အပြည့်အဝနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဆန္ဒပြ သပိတ်မှောက်မှုများ ဖြစ်ပွားနေစဉ်အတွင်း လက်ဇိုကို သမ္မတရာထူးမှ ဖယ်ရှားနိုင်ရေး အီကွေဒေါ လွှတ်တော်အမတ် များက ကြိုးစားလာကြသဖြင့် လက်ဇိုက ပြည်နယ် ၆ ခုတွင် အရေးပေါ် အခြေအနေ ထုတ်ပြန်ထားခြင်းအား ပြန်လည် ရုပ်သိမ်း ပေးခဲ့ရသည်။

လောင်စာဆီဈေးတက်မှုကြောင့် အီကွေဒေါဆန္ဒပြမှုများဖြစ်(AP)

CONAIE ဖက်ဒရယ်ကောင်စီက အစိုးရနှင့် ဆွေးနွေးပွဲများ စတင်နိုင်ရန်အတွက် ကြိုတင်လိုအပ်ချက်အဖြစ် အရေးပေါ် အခြေအနေ ရုပ်သိမ်းရန်လည်း တောင်းဆိုခဲ့ပြီး ဖြစ်သည်။

ဒေသခံ ဆန္ဒပြသူများက ဓာတ်ဆီဈေး ကျဆင်းရေး၊ လယ်ယာထွက်ကုန်များအပေါ် ဈေးနှုန်းချုပ်ကိုင်မှု လျှော့ပေးရေး၊ ပညာ ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရေး၊ ပိုမိုခိုင်မာသော ရင်းနှီးမြှုပ်နှံမှုများ ပေါ်ထွန်းရေးတို့ကို အစိုးရအား တောင်းဆိုခဲ့ကြသည်။

ထိုသို့ လှုပ်ရှားမှုများသည် အာဏာသိမ်းရန်အတွက် အုတ်မြစ်ချ ကြိုးပမ်းကြခြင်းဖြစ်ကြောင်း ယခင်သီတင်းပတ်၌ လက်ဇိုက စွပ်စွဲ အပြစ်တင်ခဲ့သည်။

Source: Aljazeera

 

 

 

Share
Tweet
Share
Share
powered by social2s
ဦးသန်းဖေနဲ့ SNA တပ်ဖွဲ့ကိုတွေ့ရစဉ်

ရှမ်းနီစာ/ယဉ် နာယက အသတ်ခံရမှု ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချဟု SNA ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2870


CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာတွင် နေထိုင်သော ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု ကော်မတီ နာယက ဦးသန်းဖေ အသတ်ခံရမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ရှမ်းနီအမျိုးသားတပ်မတော် (SNA) မှ ဇွန် ၂၇ က ထုတ်ပြန်ခဲ့သည်။

ရှမ်းနီဒေသရှိ လူထုကို မတရားသဖြင့် အကြောင်းမဲ့ သတ်ဖြတ်သည့် မည်သည့် အဖွဲ့အစည်းကိုမဆို ကန့်ကွက်ကြောင်း၊ ထို လုပ်ရပ်မျိုး ဆက်လက် လုပ်ဆောင်နေပါက ထိရောက်စွာ တုံ့ပြန်မည်ဟု SNA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက “ဘယ်လို ဆောင်ရွက်သွားဖို့ ရှိလဲဆိုတာက ပြောရလို့ရှိရင် ကျနော်တို့ ပြည်သူလူထုကို ရှမ်းနီပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်ပေါ့။ ကျနော်တို့ ပြည်သူလူထုကို မတရားသဖြင့် အကြောင်းမဲ့ သတ်ဖြတ်သည့် မည်သည့် အဖွဲ့အစည်း ကိုမဆို ကျနော်တို့အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်။ ဒီလိုလုပ်ရပ်မျိုးတွေကို ဆက်ပြီး လုပ်ကိုင်နေဦးမယ် ဆို ရင်တော့ ကျနော်တို့ အနေနဲ့ ထိရောက်တဲ့ တုံ့ပြန်မှုတွေကို လုပ်ကိုင်ဆောင်ရွက် သွားလိမ့်မယ်” ဟု ပြောသည်။

ဦးသန်းဖေသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅ ရက်က ၎င်း၏ နေအိမ်တွင် သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရ သည်။

ဖားကန့်မြို့အ၀င်ကိုတွေ့ရစဉ်

အဆိုပါ ဖြစ်စဉ် မဖြစ်ပွားခင် နေ့ပိုင်းက နမ့်စပိန်းကျေးရွာ ခရစ်ယာန်သင်းအုပ်ဆရာ ခွန်ပွဲ့ဇော်အောင်နှင့် ကချင်မနောတိုင် စိုက်ထူရေးကိစ္စ၊ ကျောင်းဖွင့်ရေး ကိစ္စများဖြင့် စကားအချေအတင် ဖြစ်ခဲ့ကြောင်း၊ ထို့နောက် ၆

နာရီခန့်အကြာတွင် ဦးသန်းဖေ လုပ်ကြံ သတ်ဖြတ်ခံရသည့်အတွက် များစွာ သံသယဖြစ်မိကြောင်း SNA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခွန်ပွဲ့ဇော်အောင်ဆိုသည့် သင်းအုပ်ဆရာမှာ ရိုမန်ကတ်သလစ် သင်းအုပ်ဆရာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ နှစ်ခြင်းခရစ်ယာန် တွင် အဆိုပါ သင်းအုပ်ဆရာမရှိကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က CNI သတင်း ဌာနသို့ ပြောသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်က “ကျနော်အခုပဲ KBC သင်းအုပ်ဆရာနှစ်ပါးနဲ့ စကားပြောပြီးပြီ။ သူတို့နဲ့ ဘာမှ စကားမှားချက် လည်း မရှိဘူး၊ တွေ့လည်း မတွေ့ ကြဘူးတဲ့။ အဲဒီရွာမှာ ဆိုင်းပုတ် မနောတိုင်ပါတဲ့ အဲဒီရွာနာမည် ရေးဖို့တော့ အစီအစဉ်တော့ ရှိကြတယ်။ ဒါပေမဲ့ ဘယ်တော့ လုပ်ဖို့ ဆိုတာလည်း သူတို့က မသိဘူးတဲ့။ သဘောပြောချင်တာက ခုန ရှမ်းနီထုတ်တဲ့ အဲဒီ သင်းအုပ်ဆရာနဲ့ ရန်ဖြစ်ပြီးမှ လုပ် တယ်ဆိုတာကတော့ အခုလက်ရှိ အဲဒီရွာမှာရှိတဲ့ သင်းအုပ်ဆရာနှစ်ပါးကို မေးကြည့်တယ်။ သူတို့က မသိဘူးလို့တော့ အဲဒါကို ပြောပြတာပါ”ဟု ပြောသည်။

PDF ဖမ်းဆီးမှုခံရပြီး ပြန်လွတ်လာတဲ့ စိုင်းဆေလိုင်း

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အကြောင်းစုံသိရှိနိုင်ရေး ရိုမန်ကတ်သလစ် သင်းအုပ်ဆရာများကို CNI သတင်းဌာနမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

လက်ရှိအချိန်ထိ ဦးသန်းဖေကို လုပ်ကြံသတ်ဖြတ်သွားသူမှာ မည်သည့် အဖွဲ့အစည်း (သို့မဟုတ်) မည်သူ ဖြစ်သည်ကိုတော့ မသိရသေးပေ။

ထို့နောက် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်ကလည်း ရှမ်းနီလူငယ် ကွန်ရက် ဒုဥက္ကဋ္ဌဖြစ်သူ စိုင်းကျန်အောင် (ခ) စိုင်းဆေလိုင်းကို PDF များ ဖမ်းဆီးသွားပြီး ရှမ်းနီ အရပ်ဖက် အဖွဲ့အစည်းများ၊ ရှမ်းအရပ်ဖက် အဖွဲ့အစည်းများ၊ ရှမ်းနီနိုင်ငံရေးပါတီ များ၏ တောင်းဆိုမှုကြောင့် ဇွန်လ ၂၄ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။

ထိုဖြစ်စဉ်များကြောင့် SNA က နောင်တွင် အလားတူ ဖြစ်ရပ်မျိုးကဲ့သို့ မတရား အနိုင်ကျင့်မှုများအား ရှမ်းနီဒေသ အပါအဝင် ပြည်ထောင်စု၏ မည်သည့်နေရာတွင်မှ မရှိသင့်ကြောင်း၊ အဆိုပါ ရက်စက်မှုအား ပြန်လည် ကာကွယ် တိုက်ဖျက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်ခဲ့သည်။

 

 

 

Share
Tweet
Share
Share
powered by social2s

နှစ်နိုင်ငံဆက်ဆံရေး ပြန်ထူထောင်ရန် ဗင်နီဇွဲလားသို့ အမေရိကန် အစိုးရအရာရှိများရောက်ရှိ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1615

CNI International News

ကရာကက်စ်၊ ဇွန်လ ၂၈

အမေရိကန်အစိုးရ အဆင့်မြင့် အရာရှိများသည် ကြိုတင် သတင်းထုတ်ပြန်ခြင်းမရှိဘဲ ဗင်နီဇွဲလားနိုင်ငံ၊ ကရာကတ်စ်မြို့တော် သို့ တိတ်တဆိတ် ရောက်ရှိလာခဲ့ပြီး ဖမ်းဆီးခံထားရသော အမေရိကန်နိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်လာခြင်း၊ ဗင်နီဇွဲလား ရေနံကုမ္ပဏီကြီးနှင့် ဆက်ဆံရေးပြန်လည်ထူထောင်ရန် နောက်ဆုံးကြိုးပမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း အေပီသတင်းအရ သိရသည်။
ယူကရိန်းစစ်ရေး အရှိန်မြင့်တက်လာချိန်၌ အမေရိကန်သည် အခြားနိုင်ငံများနှင့် နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်များကို ပြန်လည်ချိန်ညှိရန် အလေးပေး လုပ်ဆောင်နေကြောင်း တွေ့ရသည်။

ထို့နောက် အမေရိကန်အစိုးရ အရာရှိများ၏ ခရီးစဉ်သည် ကရာကက်စ်မြို့တွင် ထိန်းသိမ်းခံထားရသော အမေရိကန်နိုင်ငံသား များ ဘေးကင်း လွတ်မြောက်စေရေး အလေးထားသည့် ခရီးစဉ်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ထိန်းသိမ်းခံထားရသော နိုင်ငံသားများအနက် ဟူစတန်မြို့အခြေစိုက် ဆစ်ဂို (Citgo) ရေနံကုမ္ပဏီမှ အမှုဆောင် လူတစ်စု လည်း ပါဝင်ပြီး ၎င်းတို့ကို ပြီးခဲ့သည့် ၄ နှစ်တွင် ဗင်နီဇွဲလား အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အမေရိကန် အဆင့်မြင့် အရာရှိများ၏ ဗင်နီဇွဲလား ခရီးစဉ်တွင် ဓားစာခံ ဖမ်းဆီးခံရမှု အရေးဆိုင်ရာ အမေရိကန် အထူး သံတမန် ရော်ဂျာကာစတန် (Roger Carstens) နှင့် ကိုလံဘီယာပြင်ပ အိမ်နီးချင်းနိုင်ငံများ၊ ဗင်နီဇွဲလားရေးရာ အမေရိကန် အစိုးရ၏ သံအမတ် ဂျိမ်းစ်စတိုရီ (James Story) တို့ ဦးဆောင် လိုက်ပါလာကြသည်။

၎င်းတို့၏ ခရီးစဉ်ကို ဗင်နီဇွဲလားသမ္မတ နီကိုးလပ်မာဒူရိုက ရုပ်သံလိုင်း မိန့်ခွန်းမှတစ်ဆင့် အတည်ပြု ပြောကြားခဲ့ပြီး အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ယုံကြည်စိတ်ချရသော မဟာမိတ်တစ်ဦးနှင့် လာရောက် တွေ့ဆုံခြင်းဖြစ်ကြောင်း မှတ်ချက်ချခဲ့ သည်။

“အမေရိကန် အစိုးရနှင့် ဗင်နီဇွဲလား အစိုးရတို့အကြား အပြန်အလှန် လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ် ကြောင်း ဗင်နီဇွဲလား အမျိုးသားလွှတ်တော်(အောက်လွှတ်တော်)ဥက္ကဋ္ဌ ဟောဟေးရိုဒရီဂက်ဇ် (Jorge Rodríguez) က ပြော ကြားခဲ့သည်။
ယခုခရီးစဉ်သည် ပြီးခဲ့သည့် မတ်လ အမေရိကန် အရာရှိနှစ်ဦးနှင့် အနောက်ကမ္ဘာခြမ်းဆိုင်ရာ အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ ညွှန်ကြားရေးမှူး ဟွမ်ဂွန်ဇာလက်စ် (Juan Gonzalez) တို့၏ ခရီးစဉ်နောက်ပိုင်း အမေရိကန်အစိုးရ၏ အံ့အားသင့်စရာ ခရီးစဉ်လည်း ဖြစ်သည်။

ထို့ပြင် ဆယ်စုနှစ် နှစ်ခုကျော် ကာလအတွင်း ဗင်နီဇွဲလားနိုင်ငံသို့ အိမ်ဖြူတော်မှ စေလွှတ်သည့် ပထမဆုံး ခရီးစဉ်လည်း ဖြစ် ကြောင်း အေပီက ရေးသားထားသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားသမ္မတဟောင်း မက်ဗီဒက် ကိုတွေ့ရစဉ် (Reuters)

ခရိုင်းမီးယားကို နေတိုးဝင်လျှင် တတိယကမ္ဘာစစ်သို့ဦးတည်သွားမည်ဟု ရုရှားသမ္မတဟောင်း ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1531

CNI International News

မော်စကို၊ ဇွန်လ ၂၈

ခရိုင်းမီးယားကျွန်းဆွယ်ကို မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက ကျူးကျော် ဝင်ရောက်ခဲ့ ပါလျှင် တတိယကမ္ဘာစစ်ဆီသို့ ဦးတည်သွားမည်ဟု ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗီဒက်က ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

“ခရိုင်းမီးယားဟာ ရုရှားရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ဒါက အမြဲတမ်း အစိတ်အပိုင်းလို့ ဆိုလိုတာပါ။ ခရိုင်းမီးယားကို ကျူးကျော်ဖို့ ကြိုးစားမှုတိုင်းဟာ ကျနော်တို့နိုင်ငံကို စစ်ကြေညာတာပဲ ဖြစ်ပါတယ်” ဟု မက်ဗီဒက်က အာဂူမန်တီအိုင်ဖက်ခ် တီ (Argumenty i Fakty) သတင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

“ဒီလို ဝင်ရောက်တာမျိုးကို နေတိုးအဖွဲ့ဝင် တစ်နိုင်ငံက လုပ်တယ်ဆိုရင် နေတိုးတစ်ဖွဲ့လုံးနဲ့ ပဋိပက္ခဖြစ်ပြီး တတိယကမ္ဘာစစ် ဖြစ်တော့မှာ။ ကပ်ဆိုးဘေးဆိုး အပြည့်အဝ ဖြစ်ပြီပေါ့ဗျာ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

 နေတိုး အင်အားစုကိုတွေ့ရစဉ်(GETTY IMAGES)

ဖင်လန်နှင့် ဆွီဒင်တို့ နေတိုး အဖွဲ့ဝင်အဖြစ် ပါဝင်လာမည်ဆိုပါက ရုရှားသည် မိမိ နယ်နိမိတ်များကို အခိုင်အခံ့ စီမံထား ကြောင်း၊ လက်တုံ့ပြန်ရေး ခြေလှမ်းများအတွက် အဆင်သင့် ပြင်ဆင်ထားမည်ဖြစ်ကြောင်း၊ ထိုအစီအမံများတွင် Iskander အသံထက်မြန်သော ဒုံးကျည်များကို ရုရှားနိုင်ငံ၏ တံခါးပေါက်တွင် တပ်ဆင်မည့် အလားအလာလည်း ပါဝင်ကြောင်း မက်ဗီဒက်က ထပ်လောင်း ပြောကြားခဲ့သည်။

ရုရှားသမ္မတဟောင်း မက်ဗီဒက်သည် ယခုအခါ ရုရှားလုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည်။

၎င်းသည် ရုရှားသမ္မတ ရာထူးကို ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်းနိုင်ငံ အလယ်ပိုင်း၊ ကရီမန်ချောက်ခ်မြို့ရှိ မီးလောင်သွားသည့် ဈေးဝယ်စင်တာ မြင်ကွင်း(ဓါတ်ပုံ-အေပီ)

ယူကရိန်းရှိ လူစည်ကားရာ ရှော့ပင်းမောလ်ကို ရုရှားဒုံးကျည်ဖြင့် တိုက်ခိုက်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1591

CNI International News

ကရီမန်ချောက်ခ် (ယူကရိန်း)၊ ဇွန်လ ၂၈

ယူကရိန်းနိုင်ငံ အလယ်ပိုင်း၊ ကရီမန်ချောက်ခ်မြို့ရှိ လူစည်ကားရာ ဈေးဝယ်ကုန်တိုက် (ရှော့ပင်းမောလ်)တစ်ခုကို ရုရှားတာဝေးပစ် ဗုံးကြဲလေယာဉ်က ဇွန်လ ၂၇ ရက်တွင် ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက “ကြောက်စိတ်များ တိုးပွားလာစေခြင်းအလို့ငှာ ရုရှားက တိုးမြှင့်တိုက်ခတ်နေခြင်းဖြစ်ကြောင်း၊ ဥရောပသမိုင်းတွင် အကြမ်းကြုတ်ဆုံး တိုက်ခိုက်မှုတစ်ခုကြောင့် ထိခိုက်နစ်နာသူ သားကောင်အရေအတွက် တိုးလာနေသည်”ဟု ပြောကြားခဲ့သည်။

အဆိုပါ ကုန်တိုက်အတွင်းသို့ နေ့လယ်ပိုင်း ထိမှန်ခဲ့ရာ ဈေးဝယ်သူများနှင့် အရောင်းဝန်ထမ်းပေါင်း ၁၀၀၀ ကျော် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အဆောက်အဦအပျက်အစီးကြားမှ လိမ္မော်ရောင်မီးတောက်များ၊ မီးခိုးမည်းနှင့် ကျိုးပဲ့နေသော သတ္တုအပိုင်းအစ၊ ကွန်ကရစ်အစအနများ၊ ဖုန်မှုန့်များ လွင့်စဉ်ခဲ့ရာ ကယ်ဆယ်ရေးသမားများ အပြေးအလွှားရှာဖွေရေးလုပ်ရင်း ကြိုးစား၍ မီးငြှိမ်းသတ်ခဲ့ရသည်။

ဈေးဝယ်ခြင်းကဲ့သို့ နေ့စဉ်လှုပ်ရှားသွားလာနေမှုများမှ ထိတ်လန့်ဖွယ်အဖြစ်သို့ ရုတ်တရက်ပြောင်းလဲသွားခဲ့ ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြသည်။

ဇွန်လ ၂၈ ရက် (ယနေ့) အစောပိုင်းတွင် ကယ်ဆယ်ရေးသမားများက လောင်ကျွမ်းနေဆဲ မီးခိုးလုံးများကြားမှ အပျက်အစီးများကို ရှာဖွေရင်း အသေအပျောက်စာရင်း တိုးလာခဲ့သည်။

 ကရီမန်ချောက်ခ်မြို့ရှိ မီးလောင်သွားသည့် ဈေးဝယ်စင်တာတွင် ဝိုင်းဝန်းမီးငြှိမ်းသတ်နေပေးသည့် စေတနာ့ ဝန်ထမ်းများကို တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

အနည်းဆုံး လူ ၁၆ ဦးသေဆုံးပြီး ၆၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအရေးပေါ်ဝန်ဆောင်မှုဌာနက ဇွန်လ ၂၇ ရက်နှောင်းပိုင်းတွင် ကနဦးသတင်း ထုတ်ပြန်ခဲ့သည်။

ယူကရိန်းစစ်သားများသည် တွန့်လိန်သော သတ္တုအပိုင်းအစများနှင့် အဆောက်အဦ ကွန်ကရစ်အက်ကွဲကြောင်း များကို ဝိုင်းဝန်းရှင်းလင်းနေကြပြီး ဈေးဝယ်ကုန်တိုက်၏ခေါင်မိုးတွင် ရှာဖွေရေးလုပ်ဆောင်ရန် ဖောက်ထွင်း ဝင်ရောက်ခဲ့ကြသည်။

မီးငြိမ်းသွားပြီးနောက် နာရီအတန်ကြာသည်အထိ အပျက်အစီးများထံမှ ထွက်ပေါ်လာသော မီးခိုးငွေ့များက ကောင်းကင်သို့ ထွက်ပေါ်နေဆဲဖြစ်သည်။

“သတ္တုပစ္စည်းတွေ အင်မတန်လေးလံပြီး ကြီးနေတာမို့လို့ လက်နဲ့ချက်ချင်းဆွဲဖြုတ်လို့ မရဘူးဗျ။ အဲဒါကြောင့် စက်ယန္တရားနဲ့ ရှင်းလင်းပြီး တချို့ဖြိုဖျက်နိုင်ဖို့ လုပ်နေပါတယ်” ဟု အရေးပေါ်ဝန်ဆောင်မှုဌာနအရာရှိ ဗိုလိုဒီမီယာဟိုင်ချာကန်က ပြောကြားခဲ့သည်။

ယူကရိန်း၏တောင်းဆိုချက်အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ယခုတိုက်ခိုက်မှုဖြစ်စဉ်အပေါ် ဆွေးနွေးရန် ဇွန်လ ၂၈ ရက်(ယနေ့)တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ အရေးပေါ်အစည်းအဝေး ကျင်းပဖို့ စီစဉ်ထား သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘော့စနီးယားမှ ဆာ့ဘ်ခေါင်းဆောင်က ထရမ့်ပြန်လာဖို့ ဆုတောင်းရင်း ပူတင်ကို ချီးကျူး

By CNI
CNI
Category: Watch TV
Hits: 787

Share
Tweet
Share
Share
powered by social2s

အကျပ်အတည်းကူညီရန် သီရိလင်္ကာသို့ အမေရိကန် အဆင့်မြင့်အရာရှိများ ရောက်ရှိ

By CNI
CNI
Category: Watch TV
Hits: 817

Share
Tweet
Share
Share
powered by social2s

NUG Pay အသုံးပြုသူများကို လုံခြုံရေးအာမခံချက်ပေးရန် လိုအပ်

By CNI
CNI
Category: Watch TV
Hits: 728

Share
Tweet
Share
Share
powered by social2s
ပေးတုန်တန်ကို တွေ့ရစဉ်

ထိုင်းဝန်ကြီးချုပ်နေရာ လူထုစစ်တမ်းကောက်ရာ သက်ဆင်၏သမီး ရေပန်းစားနေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 2354

CNI International News

ဘန်ကောက်၊ ဇွန်လ ၂၇

နောင်လာမည့် ထိုင်းဝန်ကြီးချုပ် နေရာအတွက် လူထု သဘောထား စစ်တမ်းကောက်ယူမှုတစ်ခု၌ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးအငယ်ဆုံးဖြစ်သူ ပေးတုန်တန် အန်အင် ရှင်နာဝပ်ထရာ (Paetongtarn "Ung Ing" Shinawatra) သည် အခြား ပြိုင်ဘက်များထက် အလားအလာ ကောင်းပြီး ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိကြောင်း ဇွန်လ ၂၇ ရက်က ဘန်ကောက်ပို့ စ်က ရေးသား ဖော်ပြထားသည်။

ထိုင်းအုပ်ချုပ်ရေးဖွံ့ဖြိုးမှု အမျိုးသားသိပ္ပံ (NIDA) က ထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ခုတွင် ပေးတုန်တန်က ထိပ်ဆုံးမှ ရေပန်း စားနေခြင်း ဖြစ်သည်။ ပေးတုန်တန်သည် သက်ဆင်၏ သမီးအငယ်ဆုံး ဖြစ်သည်။

အဆိုပါ စစ်တမ်းကို ထိုင်းနိုင်ငံတဝန်းရှိ အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူ ၂၅၀၀ တို့ကို ယခုဇွန်လ ၂၀ ရက်မှ ၂၃ ရက်အထိ NIDA က ကောက်ယူ စုဆောင်းခဲ့ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်က ဆက်လက် ရေးသားဖော်ပြသည်။

လာမည့် ဝန်ကြီးချုပ် ရာထူးအတွက် ကြိုက်နှစ်သက်ရာ လူပုဂ္ဂိုလ်ကို အဆိုပါ စစ်တမ်း ဝင်ရောက် ဖြေဆိုသူများအား ရွေးချယ် စေခဲ့ရာ ထိပ်ဆုံးမှ တစ်ပြေးခဲ့သူမှာ မစ္စ ပေးတုန်တန် ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

သက်ဆင်နဲ့ သမီးဖြစ်သူ ပေးတုန်တန်

သူမသည် ဖူထိုင်းပါတီ၏ ပေါင်းစည်းမှုနှင့်တီထွင်ဆန်းသစ်မှုဆိုင်ရာ အကြံပေးကော်မတီ၏ အကြီးအကဲအဖြစ် တာဝန်ယူထား သည်။ စစ်တမ်းဖြေဆိုသူ (၂၅ ဒသမ ၂၈ ရာခိုင်နှုန်း) က ၎င်းကို ရွေးချယ်ပေးခဲ့ကြခြင်း ဖြစ်သည်။

ဖြေဆိုသူများဘက်မှ အကြောင်းပြချက်မှာ မျိုးဆက်သစ် ဝန်ကြီးချုပ်တစ်ဦးကို တာဝန်ယူစေလိုကြောင်း၊ ဖူထိုင်းပါတီ၏ မူဝါဒ များကို လေးစားပြီး ရှင်နာဝပ်ထရာ မိသားစု ဆင်းသက်လာ၍ အနှစ်သက်ဆုံးအဖြစ် ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခြားဖြေဆိုသူ ၁၈ ဒသမ ၆၈ ရာခိုင်နှုန်းကတော့ လက်ရှိကာလတွင် မည်သူမျှ ဝန်ကြီးချုပ် ဖြစ်လာစေဖို့ မသင့်လျော် ကြောင်း ထင်မြင်ချက် ပေးခဲ့ကြသည်။
နောက်ထပ် ဒုတိယအနှစ်သက်ဆုံး လူပုဂ္ဂိုလ်မှာ ရှေ့သို့ဦးတည်(Move Forwad)ပါတီ၏ ခေါင်းဆောင် ပီတာလင်ဂျာရိုရန်ရက် (Pita Limjaroentat) ဖြစ်ပြီး စစ်တမ်း ပါဝင်ဖြေဆိုသူ ၁၃ ဒသမ ၂၄ ရာခိုင်နှုန်းက ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပါတီ၏ မူဝါဒများကို သဘောကျကြောင်း၊ ဝန်ကြီးချုပ် ရာထူးအတွက် အရည်အချင်း ပြည့်မီသည့် မျိုးဆက်သစ် နိုင်ငံရေးသမားတစ်ဦးဟု ယူဆကြောင်း ဖြေဆိုသူများက ပြောကြားခဲ့ကြသည်။

ပီတာလင်ဂျာရိုရန်ရက်ကို တွေ့ရစဉ်

လက်ရှိ ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ပရာယွက် ချန်အိုချာကတော့ ယခုစစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ၁၁ ဒသမ ၆၈ ရာခိုင်နှုန်း၏ လိုလားမှု ရရှိခဲ့သည်။ ၎င်းသည် လက်ရှိ အာဏာရသူဖြစ်ပြီး ရိုးသားသူဟု ၎င်းတို့ယူဆကြောင်း အဆိုပါ ဖြေဆိုသူ ရာခိုင်နှုန်းက အကြောင်းပြခဲ့သည်။

ဖြေဆိုသူ ရာခိုင်နှုန်း အနည်းဆုံးရရှိခဲ့သူမှာ ထိုင်းဆမ်ထိုင်း (Thai Sang Thai) ပါတီမှ အမျိုးသမီး ခေါင်း‌ဆောင် ခွန်ယင်းစူဒါ ရက်ကေးယူရာဖန် ဖြစ်ပြီး ယခုစစ်တမ်း၏ ၆ ဒသမ ၈ ရာခိုင်နှုန်းသာ ရခဲ့သည်။ ၎င်းသည် ရိုးသား၍ အတွေ့အကြုံရှိသည့် အမျိုးသမီးကို ဝန်ကြီးချုပ် ရာထူးပေးသင့်သည်ဟု ၎င်းကို လိုလားထောက်ခံသူများက ပြောကြသည်။

ယခု ထွက်ပေါ်လာသော ရလဒ်များသည် စစ်တမ်းမျှသာ ဖြစ်သဖြင့် မိမိတို့အစိုးရအနေဖြင့် ထူးထူးခြားခြား မခံစားရကြောင်း ထိုင်းအစိုးရအဖွဲ့၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ရာချာဒါဒါနာဒီရစ်က သဘောထား မှတ်ချက်ပေးခဲ့သည်။

လက်ရှိ ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ပရာယွက် ချန်အိုချာ

“ကျမတို့ အစိုးရအနေနဲ့ ဒီကိစ္စကို ဘာမှ မခံစားမိဘူးရှင့်။ ပြည်သူတွေရဲ့ ပြဿနာတွေကိုပဲ ဖြေရှင်းပေးဖို့ ကျမတို့မှာ တာဝန်ရှိ ပါတယ်။ အတော်များများ ဖြေရှင်းပြီးပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ လာမည့် အထွေထွေရွေးကောက်ပွဲသည် အလှမ်းဝေးနေသေးသဖြင့် ရွေးကောက်ပွဲ ကိစ္စနှင့်စပ်လျဉ်း၍ အထူးတ လည် စိုးရိမ်ပူပန်မှုမရှိကြောင်း လက်ရှိအာဏာရ ပလန်ပရာချာရတ်ပါတီမှ လွှတ်တော်အမတ် နီရိုတေးဆွန်သေးလေခက ပြောကြားခဲ့သည်။

Source: Bangkok Post

 

 

 

Share
Tweet
Share
Share
powered by social2s
NUP Pay နဲ့ တခြားသော Application များကိုတွေ့ရစဉ်

NUG Pay အသုံးပြုသူများကို လုံခြုံရေးအာမခံချက်ပေးရန် လိုအပ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 2212

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ပြုလုပ်သည့် NUG Pay အသုံးပြုသူများကို လုံခြုံရေး အာမခံချက်ပေးရန် လိုအပ် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ငံက CNI သတင်းဌာနသို့ ပြောသည်။

NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ NUG Pay ကို ထုတ်ဝေကြောင်း ဇွန်လ ၂၆ ရက်တွင် ကြေညာခဲ့ သည်။

ဦးသန်းစိုးနိုင်က “အေးဗျာ ရိုးရိုးပြောရလို့ရှိရင်တော့ အဲဒီလုပ်ငန်းတွေရဲ့ သဘောသဘာဝ ကျနော်က နည်းပညာအရ အသေ အချာ နားမလည်ဘူး။ ဒါပွင့်ပွင့် လင်းလင်း ပြောတာပါ။ တကယ်လို့ NUG က သူ့ရဲ့ NUG Pay ကို ကျနော်တို့ ကျင့်သုံးလို့ရ မလား၊ မရဘူးလားဆိုတာက နည်းပညာပြဿနာက သူတို့ NUG က ဘယ်လောက်အထိ လုံခြုံရေး အာမခံချက်ရှိအောင် လုပ် နိုင်သလဲ၊ မလုပ်နိုင်ဘူးဆိုတဲ့ အချက်အလက်ပေါ်မှာ မူတည်တယ်လို့ ထင်ပါတယ်ခင်ဗျ။ တကယ်လို့ ပြည်သူတွေရဲ့ လုံခြုံမှုကို အာမခံနိုင်တဲ့ နည်းစနစ်တစ်ရပ်ကို NUG က ပြဋ္ဌာန်း အကောင်အထည် ဖော်နိုင်တယ်ဆိုရင်တော့ ပြည်သူလူထုက တခြား ဘယ် Pay မှ သုံးမှာ မဟုတ်ပါဘူး။ NUG Pay ကို သုံးမှာ။ သို့သော်ငြားလည်း အခု ဒီ Pay တွေအားလုံးက ကျနော်တို့ အသုံးချ နေတဲ့ ဆော့ဝဲလ်တွေပေါ့ဗျာ၊ ဆိုတာက အစိုးရရဲ့ တရားဥပဒေစိုးမိုးမှုအောက်မှာ ရှိနေတဲ့အခါကြတော့ ကျနော်တို့ တရားဝင် လုပ်ခွင့်ရနေတယ်၊ အဲဒီတော့ NUG က အဲဒီလို မြို့ပြတွေအထိ ကျနော်တို့ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းချုပ်ကိုင်နိုင်စွမ်း မရှိသေးတဲ့ အချိန်မှာ ဒီ NUG Pay တွေကို လူထုက အသုံးပြုဖို့ဆိုတာ တော်တော်တော့ စဉ်းစားစရာ ကိစ္စဖြစ်ပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

NUG Pay ကို ကြိုဆိုကြောင်း နည်းပညာအားဖြင့် ပြည်သူများကို လုံခြုံရေးအရ တာဝန်ယူနိုင်ရန် စီစဉ်ပေးနိုင်ပါက ပြည်သူ အများစု အသုံးပြုလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

နစက၏ ထိန်းချုပ်မှု အောက်တွင်ရှိသည့် ငွေကြေးစီးဆင်းမှု စနစ်များကို မှီခိုနေရမှုကို အဆုံးသတ်ရန်၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းနိုင်ရေးအတွက် သီးခြားလွတ်လပ်ပြီး လုံခြုံစိတ်ချရသော ငွေကြေးလည်ပတ်မှု ယန္တရားကို ဖော်ဆောင်နိုင် ရန် ရည်ရွယ်၍ ထုတ်ဝေကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Wave ဆိုင်ကိုတွေ့ရစဉ်

Wave အေဂျင့်တစ်ဦးအဖြစ် လုပ်ကိုင်နေသူတစ်ဦးက NUG Pay မည်သို့ အသုံးပြုမည်ဆိုသည်ကို စောင့်ကြည့်ရန် လိုအပ် ကြောင်း၊ ငွေပေးချေမှု၊ လုံခြုံရေး အခက်အခဲများ ကြုံတွေ့ရနိုင်ကြောင်း ပြောသည်။

NUG အနေဖြင့် အခြားသော နည်းလမ်းများဖြင့် ငွေကြေးလည်ပတ်နိုင်ရန် လုပ်ဆောင်မှုများ ရှိနေကြောင်း၊ သို့သော်လည်း NUG Pay အသုံးပြုသူ၏ လုံခြုံရေး အာမခံချက် ရှိသည်ကို မိမိအနေဖြင့် မသိရှိကြောင်း ဦးသန်းစိုးနိုင်က ပြောသည်။

၎င်းက “အခြားပုံစံတွေကတော့ လုပ်နေတာပဲဗျာ။ အမျိုးမျိုးပါပဲ။ ကျနော်တို့ ပြည်သူလူထုကလည်း အားပေးပါတယ်။ ဥပမာ စာချုပ်စာတမ်းတွေ၊ ဘွန်းတွေ၊ NUG ထုတ်ရောင်းတာလည်း လူထုက အားပေးတာပါပဲ။ အဲဒါတွေကတော့ လုံခြုံရေးအရ မထိ ခိုက်နိုင်ဘူးလေ။ သို့သော်ငြားလည်း အခုက ဒီ Pay ဆိုတဲ့ ငွေပေးငွေယူ ကိစ္စတွေက မြို့ပြမှာ တနည်းပြောရလို့ရှိရင် စစ်ကောင်စီရဲ့ တရားဥပဒေစိုးမိုးမှုအောက်မှာ ရှိနေတဲ့ ဆိုင်တွေ အဖွဲ့အစည်းတွေကနေ တဆင့် လုပ်ရတဲ့ အခါကြတော့ အဲဒါ တွေကို NUG မှာ ကျော်လွှားနိုင်မယ့် နည်းစနစ်ရှိသလား၊ မရှိဘူးလားဆိုတာ ကျနော်တို့က အာမ မခံချင်ပါဘူး။ တကယ်လို့ သူတို့က အာမခံပြီး လုပ်ဆောင်နိုင်မယ်၊ ပြည်သူတွေလည်း လုံခြုံမှု ရှိမယ်ဆိုရင် ပြည်သူတွေက တက်တက်ကြွကြွနဲ့ ဝိုင်းဝန်း အားပေး အကူအညီပေးမှာ အသေအချာပဲလို့ ပြောချင်ပါတယ်” ဟု ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၊ အစိတ်အပိုင်း (၂) ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီအမံ အခန်း (၄)၊ ပုဒ်မ (၂၅)၊ ပုဒ်မခွဲ(ခ) အရ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် K Pay၊ CB Pay၊ Wave နှင့် တခြားသော Application များကို အသုံးပြု၍ ငွေပေး ငွေချေမှုများ ပြုလုပ်လျက်ရှိသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
တူရကီသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်ကလင်း (Reuters)

ရုရှားအပေါ် ဆန့်ကျင်ပိတ်ဆို့ရေးအတွက် တူရကီ မပူးပေါင်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1225

CNI International News

အင်ကာရာ၊ ဇွန်လ ၂၇

ယူကရိန်း အကျပ်အတည်းကို အကြောင်းပြု၍ အနောက်အုပ်စုနိုင်ငံများ ရုရှားအပေါ် ဆန့်ကျင်ပိတ်ဆို့ရေး ချမှတ်ကြရာတွင် မိမိတို့နိုင်ငံ ပူးပေါင်းပါဝင်မည် မဟုတ်ကြောင်း တူရကီသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်ကလင်းက ဇွန်လ ၂၆ ရက်တွင် ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

“ရုရှားနဲ့ပတ်သက်ပြီး မျှတတဲ့မူဝါဒကို ကျနော်တို့ လုပ်နေပါတယ်။ ကျနော်တို့က ဒဏ်ခတ်ပိတ်ဆို့ဖို့ လှုံ့ဆော်ပေးနေတဲ့ သူတွေနဲ့ မပူးပေါင်းပါဘူး။ ကျနော်တို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွား အတွက်ပဲ လိုက်နာသွားမှာပါ။ လူတိုင်းက ကိုယ့်အပေါ် ထိခိုက် မှု ရှိရင်တော့ ဘယ်သူက ရုရှားနဲ့ သွားစကားပြောတော့မှာလဲဗျာ။ ရုရှားနဲ့ကျနော်တို့ စီးပွားရေးအရ ဆက်ဆံမှုမှာ ရုရှားအကျိုး ထက် ကျနော်တို့ တူရကီအကျိုး ပိုထိခိုက်မယ့် အနေအထား ရှိနေပါတယ်။ အဲဒီတော့ ကျနော်တို့ ရပ်တည်ချက်က ရှင်းပါ တယ်။ အနောက်အုပ်စု သဘောထားအတိုင်း လက်မခံပါဘူး” ဟု ၎င်းက Haberturk ရုပ်သံလိုင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသွားခဲ့သည်။

ရုရှားရဲ့ ရေနံထိန်းချုပ်ရေး ဆွေးနွေးခဲ့ကြတဲ့ G7 ခေါင်းဆောင်များ (AP)

ရုရှားသည် ယူကရိန်းကို ဖေဖော်ဝါရီလက ကျူးကျော်စစ်ကို စတင်ခဲ့ခြင်းကြောင့် ဉရောပနှင့် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ချမှတ်လျက်ရှိသလို ပိုမို ပြင်းထန်သည့် ပိတ်ဆို့မှုများ ပြုလုပ်နိုင်ရေး ဆွေးနွေးလျက်ရှိနေကြသည်။

ထို့နောက် အထူးသဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ရနေ ရရှိနေသော အကျိုးအမြတ်များကို ထိန်းချုပ်နိုင်ရန်အတွက် G-7 ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည်။

Source: တာ့စ်သတင်းဌာန

 

 

 

Share
Tweet
Share
Share
powered by social2s
ဆာ့ဘ်ခေါင်းဆောင် မီလိုရက်ဒိုဒစ် (GETTY IMAGES)

ဘော့စနီးယားမှ ဆာ့ဘ်ခေါင်းဆောင်က ထရမ့်ပြန်လာဖို့ ဆုတောင်းရင်း ပူတင်ကို ချီးကျူး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1458


CNI International News

ဆာရာဂျေဗို၊ ဇွန်လ ၂၇

ဘော့စနီးယားနိုင်ငံမှ ဆာ့ဘ်ခေါင်းဆောင်က “အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် တကျော့ပြန် အာဏာပြန်ရမည်ဟု မျှော်လင့် ဆုတောင်းမိကြောင်းနှင့် ပူတင်ကို ချီးကျူးခဲ့ကြောင်း ဇွန်လ ၂၆ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြထားသည်။

ထို့နောက် မီလိုရက်ဒိုဒစ်က ဆာ့ဘ်လူမျိုးများသည် ဘော့စနီးယားမှ ခွဲထွက်ရေးပန်းတိုင် လှမ်းကိုင်နိုင်ရန် သင့်လျော်မည့် ကမ္ဘာ့အခြေအနေကို စောင့်စားနေကြောင်း၊ မိမိနိုင်ငံ အခြေအနေမှာ ရေရှည် မတည်တံ့နိုင်သေးကြောင်း”  ပြောကြားခဲ့သည်ဟု အေပီက ဆက်လက် ရေးသားဖော်ပြသည်။

ဆာ့ဘ်ခေါင်းဆောင် မီလိုရက်ဒိုဒစ် (Milorad Dodik) သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ယူကရိန်းသို့ ကျူးကျော်စစ် စတင်ပြီး ကတည်းက ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည့် ရှားရှားပါးပါး ဥရောပ ခေါင်းဆောင်တစ်ဦးဖြစ် သည်။

မီလိုရက်ဒိုဒစ်သည် လွန်ခဲ့သော အနှစ် ၃၀ ကပင် သွေးထွက်သံယိုမှုများ ပြင်းထန်ခဲ့သည့် ဘော့စနီးယားပ ဋိပက္ခများနှင့် ပတ်သက်၍ အစည်းအဝေးတစ်ခု၌ အထက်ပါအတိုင်း သဘောထား မှတ်ချက်ပေးခဲ့သည်။

ဘော့စနီးယားနိုင်ငံတွင် ၁၉၉၂-၉၅ ခုနှစ်များအတွင်း စစ်ဒဏ် ခံစားခဲ့ရပြီး ယင်းပဋိပက္ခကို အမေရိကန် ကြားဝင်စေ့စပ်မှု မပြီးဆုံးမီအထိ လူပေါင်း ၁ သိန်းကျော် သေကြေပျက်စီးခဲ့ရသည်။

ဆာ့ဘ်ခေါင်းဆောင် မီလိုရက်ဒိုဒစ်နဲ့ ပူတင် (GETTY IMAGES)



အမေရိကန် စေ့စပ်မှုဖြင့် ပေါ်ပေါက်လာသော ဒေတန်သဘောတူညီချက် (Dayton Accords) ငြိမ်းချမ်းရေး စာချုပ်အရ ဘော့စနီးယား ဆာ့ဘ်နှင့် ဘော့စနီးယား ခရိုအေးရှားတို့ ပေါင်းစပ်၍ ဘော့စနီးယား-ခရိုအက် အဖွဲ့အစည်းများ ဖန်တီး ဖြစ်တည်လာခဲ့သည်။ ထိုအဖွဲ့အစည်းများတွင် ပူးတွဲသမ္မတအဖြစ် မီလိုရက်ဒိုဒစ်က တာဝန်ယူခဲ့သည်။

ယခုအခါ ယူကရိန်းသို့ ရုရှားကျူးကျော်စစ် ဂယက်သည် ဘော်လကန်ဒေသ နိုင်ငံများသို့ပါ မငြိမ်မသက် ပျံ့နှံ့သွားစေနိုင်သည် ဟူသော စိုးရိမ်မှုများကို နှိုးဆွပေးခဲ့သည်။ ဘော်လကန်ဒေသတွင် ဆလာဗစ်အနွယ်ဝင် ဆာ့ဘ်လူမျိုးများ (Slavic Serbs) ကြား၌ ရုရှားဩဇာက လွှမ်းမိုးနေဆဲဖြစ်သည်။

ဘော့စနီးယား ဆာ့ဘ်ခွဲထွက်ရေး ဦးဆောင်နေခဲ့သူ ဒိုဒစ်သည် ဆာ့ဘ်လူမျိုးများ အနေဖြင့် ဘော့စနီးယား၌ မိမိတို့ ကံကြမ္မာ အတွက် အရေးကြီးသော ဆုံးဖြတ်ချက်များ မကြာမီ ချမှတ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထို့အတွက် ထရမ့်သည် အမေရိကန်ကို နောက်တစ်ကြိမ် ဦးဆောင်နိုင်ဖို့ မျှော်လင့်ဆုတောင်းမိကြောင်း ဒိုဒစ်က ထုတ်ဖော် ပြောကြားခဲ့သည်။

 

ဆာ့ဘ်ခေါင်းဆောင် မီလိုရက်ဒိုဒစ် (AP)



“သမိုင်းမှာ ပထမဆုံးအနေနဲ့ ဆာ့ဘ်တွေဟာ အချိန်တစ်ခုကို စောင့်နေပါတယ်။ ဒါ့အတွက် စိတ်ရှည်ရမယ်၊ အချိန်ကာလကို နားလည်ရမယ်။ ဥရောပနိုင်ငံတွေဟာ ပြည်တွင်းရေး ပြဿနာ ကိုယ်စီနဲ့ ရှုပ်ထွေးနေပါတယ်။ ဒေါ်နယ်ထရမ့် အမေရိကမှာ အာဏာပြန်ရပါစေလို့ ဘုရားသခင်ဆီမှာ ဆုတောင်းမိတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ထရမ့်သည် ၎င်း၏ သမ္မတသက်တမ်းအတွင်း ဘော့စနီးယားနိုင်ငံ မတည်မငြိမ် ဖြစ်စေရန် ဆာ့ဘ်များ၏ လှုပ်ရှားမှုများအပေါ် ဆန့်ကျင်ပြောဆိုခြင်း လွန်စွာနည်းပါးခဲ့သည်။
ဂျိုးဘိုင်ဒန် သမ္မတ ဖြစ်လာပြီးနောက် ဒိုဒစ်သည် ဘော့စနီးယား နယ်မြေ ထက်ဝက်ခန့်ကို ခွဲခြမ်း၍ အိမ်နီးချင်း ဆားဘီးယား နှင့် ပူးပေါင်းရန် ကြွေးကြော်လာသဖြင့် အမေရိကန်နှင့်ဗြိတိန်တို့၏ ပူးပေါင်း ဒဏ်ခတ်ပိတ်ဆို့မှုကို ခံလိုက်ရသည်။

ဒိုဒစ်သည် ယခုလ အစောပိုင်းတွင် ရုရှားနိုင်ငံသို့ သွားရောက်၍ ဗလာဒီမာပူတင်နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး ယင်းသို့ တွေ့ဆုံရခြင်း အတွက် မိမိဂုဏ်ယူကြောင်း ဇွန်လ ၂၆ ရက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“သူက ကျနော့်ကို တစ်ခွန်းပဲ ပြောတယ်ဗျ။ အဲဒါက သူ့ရဲ့မိတ်ဆွေကို ချန်ထားခဲ့မှာ မဟုတ်ဘူးတဲ့။ သူဟာ ကျနော်တို့ကို တစ်ခါမှ ဒုက္ခမပေးဖူးတဲ့ ရုရှားလူမျိုးတစ်ယောက်ပါပဲ” ဟု ဒိုဒစ်က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
G7 ခေါင်းဆောင်များကိုတွေ့ရစဉ်(AP)

ရုရှားရေနံဈေး ထိန်းချုပ်ရေး G-7 ခေါင်းဆောင်များ ဆွေးနွေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1624

CNI International News

ဘာလင်၊ ဇွန်လ ၂၇

ယူကရိန်းကို ကျူးကျော်နေသည့် ရုရှားသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ကနေ အကျိုးအမြတ်ရနေခြင်းကြောင့် G-7 ခေါင်းဆောင်များက ရုရှားရေနံဈေးနှုန်းကို ထိန်းချုပ်ရန် ဆွေးနွေးခဲ့ကြသည်ဟု အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ဂျာမနီနိုင်ငံ၊ ဘာဗာရီယန်အဲလ်ပ်စ် တောင်တန်းဒေသတွင် ကျင်းပသည့် G-7 ခေါင်းဆောင်များ အစည်းအဝေးတွင် အထက်ပါ အတိုင်း အဆိုပြု ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး စွမ်းအင် ဝယ်ယူကြသည့် နိုင်ငံများအနေဖြင့် ဈေးနှုန်း သတ်မှတ်ကြရန် အမေရိကန်က အကြံပေးခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ၌ ရုရှားက ယူကရိန်းကို စတင်ကျူးကျော်ခဲ့ရာ အနောက်အုပ်စု နိုင်ငံများက ကိယက်ဗ်မြို့တော်ကို အာရုံ စူးစိုက်ခဲ့ကြသော်လည်း စစ်ပွဲကာလ ၄ လ ကျော်လာသည့်အခါ ငွေကြေးဖောင်းပွမှုနှင့် စွမ်းအင်ဆာလောင်မှု များပြား လာသဖြင့် နိုင်ငံအသီးသီးမှ ပြည်သူများ၏ စည်းလုံးညီညွတ်မှုကို စမ်းသပ်စရာ ဖြစ်လာခဲ့သည်။

ရုရှားကို အနောက်အုပ်စု အပြစ်ပေးရာ၌ ထိရောက်မှု အတိုင်းအတာကို ယူကရိန်းက အားမလို အားမရ ဖြစ်သော်လည်း G-7 နိုင်ငံများမှ ခေါင်းဆောင်များကတော့ အမှန်တကယ် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဂျာမနီ အစိုးရ သတင်းရင်းမြစ် တစ်ခုကို ကိုးကားလျက် ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

ရုရှားရေနံထုတ်လုပ်မှုကိုတွေ့ရစဉ်(GETTY IMAGES)

“သဘောတူညီချက် တစ်ခုရဖို့ ကျနော်တို့က ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် လျှောက်နေပါတယ်” ဟု အဆိုပါ သတင်း ရင်းမြစ်က ပြောကြားခဲ့သည်။

ပါရီအနေဖြင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ဈေးနှုန်း သတ်မှတ်ချက်ကို တွန်းအားပေးသွားမည်ဖြစ်ပြီး အမေရိကန်၏ အကြံပေး ဆွေးနွေးခြင်းအတွက် လမ်းဖွင့်ထားကြောင်း ပြင်သစ်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သို့သော်လည်း G-7 သည် အမြင့်ဆုံး ရေနံဈေး ရရန် လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း၊ ရုရှား အပါအဝင် အိုပက်ပလက်စ် (OPEC+)အဖွဲ့ရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများနှင့် ၎င်း၏ မဟာမိတ် အဖွဲ့ဝင်များနှင့် ဝယ်ယူရေး ဆက်လက် ဆွေးနွေးရမှာ ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်လောင်း ပြောကြားခဲ့သည်။

“ဒါကို အောင်မြင်ဖို့အတွက် အိုပက်ပလက်စ်နဲ့ ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ ညှိရဦးမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

ယခု နှစ်ကုန်ပိုင်းတွင် ရုရှားထံမှ ရေနံအများဆုံး တင်သွင်းမှုကို တားမြစ်ရန် စီစဉ်နေသည့် ဥရောပသမဂ္ဂ (EU) အနေဖြင့် မော်စကို၏ စွမ်းအင်ဝင်ငွေကို ကန့်သတ်ရန် ရေနံဈေးနှုန်း (သို့မဟုတ်) နှုန်းထားခြွင်းချက်အတွက် အမေရိကန် တွန်းအားပေး မှုအပေါ် မူတည်၍ ကြိုတင် စီမံရဦးမည် ဖြစ်သည်။

နှုန်းထားခြွင်းချက် တစ်ခုကို ရုရှားရေနံ တင်ပို့မှုအတွက် အာမခံခြင်း (သို့မဟုတ်) ငွေကြေးပေးချေမှု ကန့်သတ်ခြင်း (သို့မဟုတ်) တားမြစ် ယန္တရားတစ်ခုခု သုံးစွဲခြင်းတို့မှတဆင့် လုပ်ဆောင်နိုင်ကြောင်း သိရသည်။

Source: Aljazeera

 

 

 

Share
Tweet
Share
Share
powered by social2s
G7 ခေါင်းဆောင်များကိုတွေ့ရစဉ်(AP)

ရုရှားရေနံဈေး ထိန်းချုပ်ရေး G-7 ခေါင်းဆောင်များ ဆွေးနွေး

By CNI
CNI
Category: ရေနံ
Hits: 1208

CNI International News

ဘာလင်၊ ဇွန်လ ၂၇

စွမ်းအင်ဈေးတက်ခြင်းမှ အကျိုးအမြတ်ဖြင့် ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲနိုင်ခြင်းမှ တားမြစ်နိုင်ရန်အတွက် ရုရှားနိုင်ငံ၏ ရေနံဈေးနှုန်း ကန့်သတ်မည့် အစီအစဉ်များကို စက်မှုထိပ်သီး (G-7) ၇ နိုင်ငံမှ ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြကြောင်း အယ်လ်ဂျာဇီးယား သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ဂျာမနီနိုင်ငံ၊ ဘာဗာရီယန်အဲလ်ပ်စ် တောင်တန်းဒေသတွင် ကျင်းပသည့် G-7 ခေါင်းဆောင်များ အစည်းအဝေးတွင် အထက်ပါ အတိုင်း အဆိုပြု ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး စွမ်းအင် ဝယ်ယူကြသည့် နိုင်ငံများအနေဖြင့် ဈေးနှုန်း သတ်မှတ်ကြရန် အမေရိကန်က အကြံပေးခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ၌ ရုရှားက ယူကရိန်းကို စတင်ကျူးကျော်ခဲ့ရာ အနောက်အုပ်စု နိုင်ငံများက ကိယက်ဗ်မြို့တော်ကို အာရုံ စူးစိုက်ခဲ့ကြသော်လည်း စစ်ပွဲကာလ ၄ လ ကျော်လာသည့်အခါ ငွေကြေးဖောင်းပွမှုနှင့် စွမ်းအင်ဆာလောင်မှု များပြား လာသဖြင့် နိုင်ငံအသီးသီးမှ ပြည်သူများ၏ စည်းလုံးညီညွတ်မှုကို စမ်းသပ်စရာ ဖြစ်လာခဲ့သည်။

ရုရှားကို အနောက်အုပ်စု အပြစ်ပေးရာ၌ ထိရောက်မှု အတိုင်းအတာကို ယူကရိန်းက အားမလို အားမရ ဖြစ်သော်လည်း G-7 နိုင်ငံများမှ ခေါင်းဆောင်များကတော့ အမှန်တကယ် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဂျာမနီ အစိုးရ သတင်းရင်းမြစ် တစ်ခုကို ကိုးကားလျက် ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

“သဘောတူညီချက် တစ်ခုရဖို့ ကျနော်တို့က ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် လျှောက်နေပါတယ်” ဟု အဆိုပါ သတင်း ရင်းမြစ်က ပြောကြားခဲ့သည်။

ရုရှားရေနံထုတ်လုပ်မှုကိုတွေ့ရစဉ်(GETTY IMAGES)

 

ပါရီအနေဖြင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ဈေးနှုန်း သတ်မှတ်ချက်ကို တွန်းအားပေးသွားမည်ဖြစ်ပြီး အမေရိကန်၏ အကြံပေး ဆွေးနွေးခြင်းအတွက် လမ်းဖွင့်ထားကြောင်း ပြင်သစ်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သို့သော်လည်း G-7 သည် အမြင့်ဆုံး ရေနံဈေး ရရန် လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း၊ ရုရှား အပါအဝင် အိုပက်ပလက်စ် (OPEC+)အဖွဲ့ရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများနှင့် ၎င်း၏ မဟာမိတ် အဖွဲ့ဝင်များနှင့် ဝယ်ယူရေး ဆက်လက် ဆွေးနွေးရမှာ ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်လောင်း ပြောကြားခဲ့သည်။

“ဒါကို အောင်မြင်ဖို့အတွက် အိုပက်ပလက်စ်နဲ့ ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ ညှိရဦးမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

ယခု နှစ်ကုန်ပိုင်းတွင် ရုရှားထံမှ ရေနံအများဆုံး တင်သွင်းမှုကို တားမြစ်ရန် စီစဉ်နေသည့် ဥရောပသမဂ္ဂ (EU) အနေဖြင့် မော်စကို၏ စွမ်းအင်ဝင်ငွေကို ကန့်သတ်ရန် ရေနံဈေးနှုန်း (သို့မဟုတ်) နှုန်းထားခြွင်းချက်အတွက် အမေရိကန် တွန်းအားပေး မှုအပေါ် မူတည်၍ ကြိုတင် စီမံရဦးမည် ဖြစ်သည်။

နှုန်းထားခြွင်းချက် တစ်ခုကို ရုရှားရေနံ တင်ပို့မှုအတွက် အာမခံခြင်း (သို့မဟုတ်) ငွေကြေးပေးချေမှု ကန့်သတ်ခြင်း (သို့မဟုတ်) တားမြစ် ယန္တရားတစ်ခုခု သုံးစွဲခြင်းတို့မှတဆင့် လုပ်ဆောင်နိုင်ကြောင်း သိရသည်။

Source: Aljazeera

 

 

 

Share
Tweet
Share
Share
powered by social2s

သူပုန်များနှင့် စစ်ဆင်ရေးရှိ၍ အရပ်သားများရွှေ့ရန် ဘာကီနာဖာဆိုစစ်တပ် အမိန့်ထုတ်

By CNI
CNI
Category: Watch TV
Hits: 837

Share
Tweet
Share
Share
powered by social2s

ဌာနေတိုင်းရင်းသားခေါင်းဆောင် အာဏာသိမ်းဖိုကြိုးစားနေဟု အီကွေဒေါသမ္မတပြော

By CNI
CNI
Category: Watch TV
Hits: 702

Share
Tweet
Share
Share
powered by social2s
  • 99
  • 100
  • 101
  • 102
  • 103
  • 104
  • 105
  • 106
  • 107
  • 108

Page 104 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar