CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ကာတာတွင် ပြုလုပ်သည့် အီရန်-အမေရိကန် နျူဆွေးနွေးပွဲ မအောင်မြင်

By CNI
CNI
Category: Watch TV
Hits: 712

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက် NDAA ငြိမ်းချမ်းရေး ၃၃ နှစ်ပြည့် အခမ်းအနားကျင်းပနေစဉ်

NDAA ငြိမ်းချမ်းရေး ၃၃ နှစ်ပြည့် အခမ်းအနားကျင်းပ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1386

CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား အထူးဒေသ(၄)ဟု အများသိကြသည့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)သည် ယနေ့ (ဇွန်လ ၃၀ ရက်) ငြိမ်းချမ်းရေးယူခဲ့သည်မှာ ၃၃ နှစ်ပြည့် အခမ်းအနားများကို ကျင်းပခဲ့သည်။

ယခင်က NDAA သည် ငြိမ်းချမ်းရေး နှစ်များကို အကျယ်တဝံ့ ကျင်းပခဲ့သော်လည်း ယခုနှစ်မှာတော့ ငြိမ်းချမ်းရေး ၃၃ နှစ်ပြည့် အခမ်းအနားကို အကျယ်တဝံ့ ကျင်းပခဲ့ခြင်းမဟုတ်ဘဲ သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များနှင့် စာသင်ကျောင်းများမှ ကျောင်းသားများက အသီးသီး ကျင်းပခဲ့ကြသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက် NDAA ငြိမ်းချမ်းရေး ၃၃ နှစ်ပြည့် အထိမ်းအမှတ် အလေးပြုနေစဉ်

NDAA သည် ဗမာပြည်ကွန်မြူနစ် ပါတီကနေ ခွဲထွက်၍ တပ်မတော်နှင့် ၁၉၈၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်တွင် ငြိမ်းချမ်းရေး ယူခဲ့ရာ တပ်မတော်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မိုင်းလားဒေသကို ဗဟိုပြု၍ အထူးဒေသ(၄) အဖြစ် သတ်မှတ်ပေးခဲ့သည်။

 

Share
Tweet
Share
Share
powered by social2s

အာဆီယံအထူးကိုယ်စားလှယ်ခရီးစဉ် နစကကို မျက်နှာသာပေးခြင်းမျိုး မဖြစ်ရန်လိုအပ်

By CNI
CNI
Category: Watch TV
Hits: 695

Share
Tweet
Share
Share
powered by social2s
မစ္စတာပရတ်ဆိုခွန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

အာဆီယံအထူးကိုယ်စားလှယ်ခရီးစဉ် နစကကို မျက်နှာသာပေးခြင်းမျိုး မဖြစ်ရန်လိုအပ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1063

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀

မြန်မာပြည်ကို ရောက်ရှိနေသည့် အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် နစကကို မျက်နှာသာပေးခြင်းမျိုး မဖြစ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဆန်နီက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာမှာ အင်အားစု အားလုံးပါဝင်ရန် လိုအပ်ကြောင်း၊ နစကကို မျက်နှာသာ ပေးခြင်းမျိုး မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးအတွက် ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်မည့် အခွင့်အလမ်းများရှိရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ရဲဘော်ဆန်နီက “နံပါတ်တစ်ကတော့ ဒီအာဆီယံ အထူးကိုယ်စားလှယ် အနေနဲ့ ဘာလုပ်နိုင်မလဲပေါ့။ ဒီနေ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့က နံပါတ်တစ် အာဆီယံရဲ့ ကြိုးပမ်းချက်က အင်အားစုအားလုံး လက်ခံနိုင်တဲ့ ကြိုးပမ်းမှု ဖြစ် ဖို့လိုတယ်။ နံပါတ်နှစ် စစ်ကောင်စီကို မျက်နှာသာပေးတဲ့ဟာမျိုး မဟုတ်ဘဲနဲ့ ပြည်သူလူထု တစ်ရပ်လုံးအတွက်ကို ပူးပေါင်း ပါဝင်ပြီးတော့ ဆောင်ရွက်မယ့် အခွင့်အလမ်းတွေ ရှိဖို့လိုတယ်။ နောက်တစ်ချက်က ဒီနေ့ လတ်တလော လိုအပ်နေတဲ့ တိုင်း ပြည်ရဲ့ အဓိက အတိဒုက္ခ ရောက်စေခဲ့တဲ့ ဒီနေ့ ကိုဗစ် ပြဿနာရယ်၊ ကျနော်တို့ ဒီရွေးကောက်ပွဲ မဲမသာမှုဆိုပြီး အကြောင်း ပြပြီးတော့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ နိုင်ငံတွင်း မတည်ငြိမ်မှုတွေ၊ စစ်ရေး ဆိုင်ရာ ပဋိပက္ခတွေ၊ စီးပွားရေး အတိ ဒုက္ခရောက်နေတာတွေ၊ လူသားချင်းစာနာမှု ထောက်ထားရေး အကူအညီ ရရှိနိုင်ရေး ကိစ္စတွေ ကို အဓိကထားပြီး နံပါတ်တစ် ဆောင်ရွက်ဖို့ လိုတယ်လို့ ကျနော်မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

 မစ္စတာပရတ်ဆိုခွန် မြန်မာပြည်သို့ ဇွန်လ ၂၉ ရက်က ထွက်ခွာလာစဉ်

အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန်သည် ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၃ ရက်အထိ လာရောက်သော မြန်မာပြည် ခရီးစဉ်အတွင်း လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး၊ အာဆီယံ ဘုံသဘောတူညီမှု (၅)ရပ် အကောင်အထည် ဖော် ရေး၊ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်လာရေး စသည်တို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းမှာ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခနှင့် ပတ်သက်၍ အာဆီယံ အထူးကိုယ်စားလှယ် အနေဖြင့် စွမ်းဆောင် နိုင်ဦးမည် မဟုတ်ကြောင်း၊ အာဆီယံအနေဖြင့် လက်ရှိ မြန်မာပြည် အနေအထားကို တစ်စုံတစ်ခု အကူအညီ အထောက်အပံ့ ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ကရင်အမျိုးသား ဒီမိုကရတ်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။

မန်းအောင်ပြည်စိုးက “သူကတော့ ကျနော်တို့ နှစ်ဖက်စလုံးပေါ့လေ။ ဒီဖက်က တပ်မတော်ရော ဒီဖက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းရောရဲ့ အပေါ်မှာ သူဘယ်လောက် Image ရှိသလဲပေါ့။ ဘယ်လောက်ထိ လွှမ်းမိုးနိုင်မှု ရှိသလဲပေါ့။ ဒီပြည်တွင်း ကိစ္စထက်ကို ကျနော်မြင်တာက ကျနော်တို့ နိုင်ငံကို အာဆီယံ တချို့သောနိုင်ငံတွေက ပစ်ပယ်ထားချင်သလို ဆိုတဲ့ အပေါ်မှာ သူက ဘယ်လောက် စွမ်းဆောင် ပေးနိုင်မလဲ ဆိုတဲ့ဟာကို ကျနော်တို့က အဲဒါကို ပိုပြီးတော့ လေ့လာသုံးသပ် သင့်တာပေါ့လေ။ ကျနော်ထင်တာကတော့ ဒီငြိမ်းချမ်းရေး နှစ်ဖက် လက်နက်ကိုင် ကိစ္စကိုတော့ သူဒီလောက်အထိ စွမ်း ဆောင် နိုင်ဦးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီဖက် အာဆီယံမှာ ကျနော်တို့ အနေအထားကို သူတို့ တစ်စုံတစ်ခုသော အတိုင်းအတာ အထိ အကူအညီ အထောက်အပံ့ ပေးနိုင်လိမ့်မယ်လို့ ကျနော်ကတော့ နည်းနည်း မျှော်လင့်ချင်တာပေါ့လေ” ဟု ပြောသည်။

ယခုလာရောက်သည့် အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန်၏ ခရီးစဉ်သည် ဒုတိယအကြိမ်မြောက်ဖြစ် ကြောင်း၊ ထို့နောက် နစကဥက္ကဋ္ဌ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့၊ နိုင်ငံရေးပါတီတချို့ တို့ဖြင့် တွေ့ဆုံ သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ထိုင်းဘုရင့်တပ်မတော် အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အဖိချေ့ဆူဆက်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေး ထိုင်းဘုရင့်တပ်အကြီးအကဲနှင့် နစက ဆွေးနွေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1221

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ထိုင်းဘုရင့်တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး အဖိချေ့ဆူဆက် (Lt.Gen.Apichet Suesat) နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဇွန်လ ၂၉ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးကို တက်ရောက်အပြီး နေပြည်တော်သို့ လာရောက်၍ နစကဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်း ဖြစ်သည်။

နစက-က “နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို တိုးမြှင့် ခိုင်မာအောင် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုး ရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆိုင်ရာများနှင့် အခြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကို ဆွေးနွေးခဲ့သည်” ဟု ပြောသည်။

 ထိုင်းတပ်မတော် ကိုယ်စားလှယ်များနှင့် မြန်မာ့တပ်မတော် ခေါင်းဆောင်များ

ထို့နောက် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှု ဖလှယ်ရေး၊ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ကျင်းပရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆိုင်ရာများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အခြေအနေများ စသည့် အကြောင်းအရာ များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာ့တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိရန် ရည်ရွယ်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ငြိမ်းချမ်းရေး ကမ်းလှမ်း ဖိတ်ခေါ်ပြီး တွေ့ဆုံ ဆွေးနွေးမှု အခြေအနေများ၊ နစကမှ ထုတ်ပြန်ထားသည့် ပြည်တွင်း/ပြည်ပရှိ အချို့သော ကျောင်းသား/သူ၊ လူငယ်လူရွယ်နှင့် CDM ဝန်ထမ်းများအား ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်နိုင် ရေး အသိပေး ထုတ်ပြန်ထားမှုကို ထိုင်းတပ်မတော်မှလည်း ၎င်းတို့၏ နယ်စပ်ဒေသများမှ မြန်မာနိုင်ငံသို့ အလွယ်တကူ ပြန်လည် ဝင်ရောက်နိုင်ရေး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေးများကိုလည်း ဆွေးနွေးခဲ့ ကြောင်း နစကဘက်က ထုတ်ပြန်လာခဲ့သည်။

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသည် အိမ်နီးချင်း နိုင်ငံများဖြစ်သည့်အလျောက် နယ်စပ်ကုန်သွယ်ရေးကို ချိတ်ဆက် ဆောင် ရွက် လျက်ရှိသလို မူးယစ်ဆေးဝါး ထိန်းချုပ်နိုင်ရေးကိုလည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ထိုင်း-မြန်မာ နယ်စပ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တချို့အခြေစိုက် လှုပ်ရှားလျက်ရှိခြင်းကြောင့် တည်ငြိမ်ရေးကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်မငြိမ်ဖြစ်ကာ လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေခြင်း ကြောင့် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးဂိတ်များ မဖွင့်လှစ်နိုင်ဘဲ ဖြစ်နေသလို မြန်မာရွှေ့ပြောင်း အလုပ်သမားများ ပြန်လည် ခေါ်ယူရေးကိုလည်း မလုပ်နိုင်သေးဘဲ ဖြစ်နေသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရွေးကောက်ခံသမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာသည် ကျမ်းသစ္စာကျိန်ဆိုနေစဉ်(ဓါတ်ပုံ-အေပီ)

အာဏာရှင်ဟောင်း၏သား မားကို့စ်ဂျူနီယာ ဖိလစ်ပိုင်သမ္မတအဖြစ် ကျမ်းကျိန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1692

CNI International News

မနီလာ၊ ဇွန်လ ၃၀

ဖြုတ်ချခံခဲ့ရသည့် အာဏာရှင်ဟောင်း၏ သားဖြစ်သူ ဖာဒီနန်မားကို့စ် ဂျူနီယာသည် မကြာသေးမီက သမိုင်း တလျှောက် အကြီးကျယ်ဆုံးသော နိုင်ငံရေးတကျော့ပြန်မှု အနေဖြင့် ဖိလစ်ပိုင်သမ္မတသစ်အဖြစ် ဇွန်လ ၃၀ ရက် (ယနေ့)တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ သို့သော် ၎င်းမိသားစု၏ ပုံရိပ်ကို အဖြူရောင်ဖြစ်အောင် ဆေးကြော၍ မရတော့ဟု အတိုက်အခံများက ဝေဖန်ခဲ့ကြောင်း အေပီ သတင်းဌာနက ရေးသားဖော်ပြသည်။

စစ်တပ် ကျောထောက် နောက်ခံဖြင့် “ပြည်သူ့အာဏာ” အုံကြွမှုအပြီး ၃၆ နှစ်အကြာတွင် အာဏာရှင်ဟောင်း မားကို့စ် မိသားစု အာဏာ ပြန်ရလာခြင်းသည် ဖခင်ဖြစ်သူ၏ ကမ္ဘာသိ နာမည်ဆိုးကို တွန်းလှန်ခဲ့ခြင်းဖြစ်ကြောင်း၊ အာဏာရှင်ဟောင်း ဖခင် မားကို့စ်လက်ထက် ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ခဲ့မှုကို အမှတ်ရစေခြင်းတို့သည် အာရှတိုက်ရှိ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်သော ဖိလစ်ပိုင်အတွက် နိုင်ငံရေးအရ တွန်းအားဖြစ်စေခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ဖခင်မားကို့စ်လက်ထက် ရက်စက်ကြမ်းကြုတ်မှုများကို အမှတ်ရစေရန်အတွက် အများပြည်သူ အားလပ်ရက်သတ်မှတ်ခြင်း၊ အထိမ်းအမှတ်ပြုလုပ်ခြင်းနှင့် ဖိလစ်ပိုင်ဖွဲ့စည်းပုံအခြေခံပြင်ဆင်ချက်တို့ကို ယခင် အစိုးရများလက်ထက်၌ ထားရှိခဲ့သည်။

ယခုအခါတွင်လည်း ဖခင်လက်ထက် ဆိုးဝါးသောပုံရိပ်များက ထင်ဟပ်နေဆဲဖြစ်၍ မားကို့စ်ဂျူနီယာ၏ သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုမှုကို ကန့်ကွက်ဆန္ဒပြခြင်းများ ပေါ်ပေါက်လာခဲ့ရာ မနီလာမြို့တော်ရှိ အမျိုးသားပြတိုက် လှေကားထစ်တွင် နေ့လယ်ပိုင်း၌ သပိတ်မှောက်ပွဲ ကျင်းပခဲ့ကြသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပသည့် ရွေးကောက်ခံသမ္မတ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ဆန့်ကျင်လှုပ်ရှားသူများက ဆိုင်းဘုတ်မှာကိုင်ဆောင်ကာ ချီတက်ဆန္ဒပြနေကြစဉ်(ဓါတ်ပုံ-အေပီ)

အာဏာပိုင်များက အဓိကရုဏ်းနှိမ်နင်းရေးလက်နက်ကိုင်တပ်ဖွဲ့များ၊ SWAT ကွန်မင်ဒိုများနှင့် လက်ဖြောင့် (စနိုက်ပါ)သမားများအပါအဝင် ထောင်နှင့်ချီသော လုံခြုံရေးများကို ခရီးသွားလုပ်ငန်းထွန်းကားရာ ကမ်းခြေ ခရိုင်တွင် တင်းကြပ်စွာ ချထားခဲ့ရသည်။

ကျမ်းသစ္စာကျိန်ဆိုသည့်အခမ်းအနားသို့ တရုတ် ဒုတိယသမ္မတ ဝမ်ချီရှန်းနှင့် အမေရိကန်ဒုတိယသမ္မတ ကာမယ် လာဟားရစ်၏ခင်ပွန်း ဒေါက်ကလပ်စ်အမ်ဟော့ဖ် (Doug. Emhoff) တို့လည်း နိုင်ငံတကာဂုဏ်သရေရှိ ဧည့်သည့်တော်များနှင့်အတူ တက်ရောက်ခဲ့ကြသည်။
“ဝိုးးး … ဒါက တကယ်ဖြစ်နေတာလားဗျာ။ ကျနော့်လို စစ်အုပ်ချုပ်ရေးရဲ့ ရာဇဝတ်မှု ကျူးလွန်ခံရတဲ့သူတွေ အတွက် အခုဖြစ်နေပုံတွေက အိပ်မက်ဆိုးတစ်ခုပါပဲ” ဟု အသက် ၇၀ အရွယ်ရှိ တက်ကြွလှုပ်ရှားသူ ဘိုနီဖာစီယို အီလာဂန်က မေးခွန်းထုတ်ခဲ့သည်။ ၎င်းသည် ဖခင်မားကို့စ်အစိုးရလက်ထက်က သောင်းကျန်းသူ နှိမ်နင်းရေး တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခံခဲ့ရသူဖြစ်သည်။

ယင်းသို့ သမိုင်းဒဏ်ရာဟောင်းများနှင့် ဆန့်ကျင်ဘက်ဝါဒများက ၆ နှစ်တာ သမ္မတကာလအတွင်း ရင်ဆိုင်ရမည့် ဆိုးရွားသောအကျပ်အတည်းများအဖြစ် မားကို့စ်ဂျူနီယာကို ဆီးကြိုလို့နေပြီဖြစ်သည်။

ဖိလစ်ပိုင်သည် ပြီးခဲ့သော နှစ်နှစ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အပြင်းအထန်ခံစားခဲ့ရပြီး သေဆုံးသူ ၆ သိန်း ကျော်ရှိခဲ့ကာ lock down ချခဲ့ရခြင်းကြောင့် ဒုတိယကမ္ဘစစ်နောက်ပိုင်း အနိမ့်ဆုံးစီးပွားရေးကျဆင်းမှု၊ ဆင်းရဲ မွဲတေမှု၊ အလုပ်လက်မဲ့နှင့် ငတ်မွတ်ခေါင်းပါးမှုတို့ ဖြစ်ပေါ်လျက်ရှိသည်။

ယခုနှစ်အစောပိုင်းတွင် ကူးစက်ရောဂါ သက်သာလာခဲ့သော်လည်း ယူကရိန်းသို့ ရုရှားကျူးကျော်စစ်ကြောင့် ကမ္ဘာလုံးဆိုင်ရာငွေကြေးဖောင်းပွမှု တိုးလာခဲ့ပြီး စားနပ်ရိက္ခာပြတ်လပ်လာနိုင်ခြေကို စိုးရွံနေခဲ့ရသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
အီရန်နဲ့ အမေရိကန် အလံများကိုတွေ့ရစဉ်(Reuters)

ကာတာတွင် ပြုလုပ်သည့် အီရန်-အမေရိကန် နျူဆွေးနွေးပွဲ မအောင်မြင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1424

CNI International News

ဒိုဟာ၊ ဇွန်လ ၃၀

ကာတာနိုင်ငံတွင် ပြုလုပ်သည့် အီရန်နှင့် အမေရိကန်ကြားက နျူကလီးယား သဘောတူညီချက် ဆွေးနွေးပွဲသည် တိုးတက် အောင်မြင်မှု မရဘဲ အဆုံးသတ်ခဲ့ကြောင်း သံတမန်များ၏ ပြောကြားချက်ကို ကိုးကားလျက် အေပီက ဇွန်လ ၃၀ ရက်တွင် ရေးသားဖော်ပြသည်။

ကာတာနိုင်ငံ၊ ဒိုဟာမြို့တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသည် အောင်မြင်မည့် အရိပ်အယောင် မတွေ့ရဘဲ နှစ်ရက် အကြာတွင် ပျက်ပြားခဲ့သွားကြောင်း၊ ယခုဆွေးနွေးပွဲသည် ဗီယင်နာမြို့ ဆွေးနွေးမှုအပြီးတွင် သဘောတူညီချက် ရရှိရေး ပါဝင် ဆွေးနွေးသည့် အစိတ်အပိုင်းများ ယာယီဆိုင်းငံ့ထားမှုအပေါ် ဆက်လက် ဆွေးနွေးကြခြင်းဖြစ်ကြောင်း အေပီက သတင်း ရေး သားထားသည်။

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ ဆွေးနွေးပွဲနောက်ပိုင်း အီရန်သည် နိုင်ငံတကာ အဏုမြူ စစ်ဆေးရေးမှူးများ၏ စောင့်ကြည့် ကင်မရာကို ပိတ်ထားခဲ့ကြောင်း၊ ယခုဆက်လက် လုပ်ဆောင်မည်ဆိုလျှင် အနည်းဆုံး နျူကလီးယားဗုံး တစ်လုံးအထိ ထုတ် လုပ်နိုင်သော စွမ်းရည်မြင့် သန့်စင်ပြီး ယူရေနီယံ အလုံအလောက် ရှိနေပြီ ဖြစ်သည်။

ယခု ဆွေးနွေးပွဲ ပျက်ပြားသွားခြင်းအပေါ် အီရန်နှင့် အမေရိကန်တို့က တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် အပြစ်တင် နေကြသဖြင့် နောက်တစ်ကြိမ် ဆွေးနွေးပွဲ မည်သည့်ကာလ ဖြစ်ပေါ်လာမည် (သို့မဟုတ်) ဆက်လက် ဆွေးနွေးရန် ရှိ/မရှိတို့ ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဥရောပသမဂ္ဂ (EU) ကြားဝင်ဖျန်ဖြေသူ အင်ရစ်ကီမော်ရာ(GETTY IMAGES)

ဥရောပသမဂ္ဂ (EU) ကြားဝင်ဖျန်ဖြေသူ အင်ရစ်ကီမော်ရာ (Enrique Mora) က ဒိုဟာမြို့တွင် နှစ်ရက်ကြာ ဆွေးနွေးမှုများမှာ အပြင်းအထန် ဂယက်ထခဲ့သည်ဟု တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

“ကံမကောင်း အကြောင်းမလှတော့ EU အဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး တစ်ယောက်အနေနဲ့ မျှော်လင့်ထားတာထက် တိုးတက်မှု မရခဲ့ ပါဘူး။ နျူကလီးယား မပြန့်ပွားရေးနဲ့ ဒေသတွင်း တည်ငြိမ်ရေးတို့အတွက် အရေးပါတဲ့ သဘောတူညီချက် တစ်ရပ်ရဖို့ လမ်း ကြောင်းမှန်ပေါ်ကို ပြန်တက်နိုင်အောင် ပိုပြီးအာရုံစိုက် လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက တွစ်တာ၌ ရေးသားလွှင့်တင် ခဲ့ သည်။

ဆွေးနွေးပွဲအကြောင်း တက်စနင် (Tasnim) သတင်းဌာနမှ တရားဝင် ထုတ်လွှင့်ပြီးနောက် နာရီအပိုင်းအကြာတွင် မော်ရာ၏ သဘောထား မှတ်ချက်များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ တက်စနင်သည် အီရန်နိုင်ငံမှ သဘောထား တင်းမာသော တော်လှန်ရေး အစောင့်တပ်ဖွဲ့နှင့် နီးစပ်သော သတင်းဌာနဟု ယူဆရသည်။

အမေရိကန်၏ ရပ်တည်ချက်တွင် မျှော်လင့်ထားသော သဘောတူညီချက်ထံမှ စီးပွားရေးအရ အီရန်အကျိုးရှိစေမည့် အာမခံ ချက် မပါဝင်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်များကို ကိုးကားလျက် တက်စနင် သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

“ကျနော်တို့နိုင်ငံအတွက် စီးပွားရေးအရ အကျိုးမရှိဘဲ အီရန်ကို ကန့်သတ်ချုပ်ချယ်ဖို့ ဝါရှင်တန်က ယခုသဘောတူညီချက်ကို ပြန်အသက်သွင်းရေး ကြိုးစားနေပါတယ်” ဟု တက်စနင်သတင်းတွင် ဖော်ပြထားသည်။

ဆွေးနွေးမှု ရှေ့ဆက်မတိုးနိုင်သည့် အဓိက အတားအဆီး တစ်ရပ်မှာ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ကို အမေရိကန် ပိတ်ဆို့ အရေးယူမှုဖြစ်ကြောင်း သိရသည်။


Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
CDM လုပ်ရန် တောင်းဆိုကြစဉ် (AP)

နေရပ်ပြန် CDM တို့၏ အချက်အလက် အတိအကျထုတ်ပြန်လျှင် လူတစ်စု၏ ပစ်မှတ်ဖြစ်သွားနိုင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1700

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀

နစကအနေဖြင့် နေရပ်ပြန်လာလိုသည့် CDM လုပ်နေသူများကို ကြိုဆိုလက်ခံရန် နယ်စပ်ဒေသအသီးသီးတွင် ကြိုဆို လက်ခံရေး စခန်းများဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သို့သော် CDM သမားများ နေရပ်သို့ ပြန်လည်ဝင်ရောက်ချိန်တွင် နစကအနေဖြင့် ၎င်းတို့၏ အချက်အလက်များကို အတိအကျ ထုတ်ပြန်လိုက်ပါက ထိုသူတို့သည် လူတစ်စု၏ ပစ်မှတ်ဖြစ်သွားနိုင်သည်ဟု သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ပြောသည်။

“အစိုးရဘက်ကကျတော့လည်း ဖိတ်ခေါ်ပြီးတဲ့အချိန်မှာ ဘယ်သူတွေ ဘယ်လောက် ဖိတ်ခေါ်ပါတယ် ဆိုတာကတော့ သိပ်ပြီး တော့ detail ကြီး ထုတ်ပြန်တာတော့ အဆင်မပြေလောက်ဘူးထင်တယ်။ ဘာကြောင့်လဲဆိုတော့ ခုနကပြောတဲ့ social media က ဘဝပဲ ဒီလူတွေကို နာမည်ပြန်တပ်တယ်။ ပြီးရင် ဒီလူတွေကတော့ ငါတို့ကို သစ္စာဖောက်တယ် ဘာညာဆိုပြီး ပစ်မှတ်အဖြစ်နဲ့ လုပ်စရာဖြစ်သွားနိုင်တယ်။ ဒါကတော့ စိုးရိမ်စရာပေါ့။ အစိုးရအနေနဲ့ကလည်း ဖြစ်နိုင်၊ တတ်နိုင်တဲ့ အတိုင်း အတာ တစ်ခုထိ လုံခြုံရေးပိုင်းဆိုင်ရာ အသိပညာပေးတာပဲဖြစ်ဖြစ်၊ နောက်တစ်ခါကျတော့ ဘယ်လိုကာကွယ်မလဲဆိုတဲ့ နည်းလမ်းတွေပေါ့နော်။ ဒါတွေကတော့ စဉ်းစားပြီးအဖြေရှာသင့်တဲ့အရာလို့ မြင်ပါတယ်။ လောလောဆယ်မှာတော့ လုံခြုံရေး အရ ဘယ်လိုပဲလုပ်လုပ် တစ်နိုင်ငံလုံးကို လွှမ်းခြုံကာကွယ်ဖို့ဆိုတာကတော့ detail ကတော့ မဖြစ်နိုင်တဲ့အနေအထား။ ဒါကျနော်တို့လည်း သိတော့ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ကတော့ ပထမအရေးကြီးတာ first priority ပေါ့” ဟု ပြောသည်။

တပ်မတော် ဆန့်ကျင်ရေး လှုပ်ရှားမှု တစ်ခုကိုတွေ့ရစဉ် (AFP)

လက်ရှိ နိုင်ငံရေး အခြေအနေကြောင့် ပြည်တွင်း/ပြည်ပသို့ ရောက်ရှိသွားသည့် CDM သမားများထဲတွင် နိုင်ငံရေးပိုင်းဆိုင်ရာ ဗဟုသုတ အားနည်းသဖြင့် သူများ ဦးဆောင်သည့် နောက်သို့ နားမလည်ဘဲ လိုက်ပါသွားသူများ၊ ဇဝေဇဝါဖြင့် လုပ်ဆောင် မိသွားသူများအတွက် နစကဘက်မှ ယခုကဲ့သို့ အခွင့်အရေးပေးခြင်းသည် ကောင်းမွန်ကြောင်းနှင့် လက်ခံကြိုဆိုကြောင်း ၎င်းက ပြောသည်။

နေရပ်ပြန်လာမည့် CDM သမားများအား လက်ခံကြိုဆိုရေး စခန်းသို့ ၎င်းတို့ ရောက်ရှိပါက နစကအနေဖြင့် ထိုသူများအား အိမ်တိုင်ရာရောက် ပြန်ပို့ပေးခြင်းမျိုး လုပ်ဆောင်သင့်ကြောင်း၊ နေရပ်ပြန်လည် ဝင်ရောက်သည့် အခါတွင် ၎င်းတို့၏ နာမည် နှင့် ပုံတို့အား မဖော်ပြသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးရဲထွန်းက “အစိုးရကတော့ ပြန်လာတဲ့ လူရှိတယ်ဆိုရင်တော့ သတင်းကတော့ သူတို့က လုပ်လိမ့်မယ်လေ။ ဘာလို့ဆို ဒါက နိုင်ငံရေးအရ အမြတ်ကို။ အဲဒီတော့ သူတို့ ထုတ်ပြန်မှာပဲ ဆိုရင်တော့လည်း နာမည်တွေဘာတွေ မဖော်ပြဘဲနဲ့ပေါ့။ လူဦးရေ ဘယ်လောက်၊ ဘယ်နေ့ကနေ ဘယ်ရက်အတွင်း ဘယ်လောက် ပြန်လာတယ် ဆိုတာမျိုးလောက် ဆိုရင်တော့ ဒါဟာ လုံ လောက် မယ်ထင်တယ်။ ကာယကံရှင်တွေကလည်း အဲဒါမျိုး တောင်းဆိုတယ်ဆိုရင်တော့ မလုပ်ပေးနိုင်စရာ အကြောင်း မရှိ ဘူးလို့ ထင်ပါတယ်။ သူတို့ ဝင်လာပြီးတော့ သူတို့ဘာသာ သူတို့ ပြန်လွှတ်လိုက်ရင်ကျတော့ အဆင်မပြေဘူးပေါ့။ တချို့ကို ကန့်သတ်ပြီးတော့ စုလိုက်။ ဥပမာ တစ်ပတ်စာ၊ တစ်ပတ်စာပေါ့။ တစ်ပတ်အတွင်း ဝင်လာတဲ့လူ ဘယ်လောက်ဆိုတာ တစ်ခါ၊ တစ်ခေါက် အဲဒီလိုမျိုး လိုက်ပို့တာမျိုးပေါ့။ စုစည်းပြီးတော့ပေါ့။ အဲဒီလိုမျိုး လုပ်ပေးရင်တော့ အဆင်ပြေမှာပေါ့” ဟု ပြော သည်။

တပ်မတော် ဆန့်ကျင်ရေး ဆေးကျောင်းသားများကိုတွေ့ရစဉ် (GETTY IMAGES)

နစက-က ပြည်တွင်း/ပြည်ပရှိ CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ် လူရွယ်များထဲမှ နေရပ် အသီးသီး သို့ ပြန်လည် ဝင်ရောက်လိုသူများအား ကြိုဆို လက်ခံရေးစခန်းများ ဖွင့်လှစ် ပေးသွားမည် ဖြစ်သည့်အပြင် နီးစပ်ရာ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းအသီးသီးသို့လည်း ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ သတင်းပို့ ဆက်သွယ်လာသူများကို သတ်မှတ် စည်းကမ်းချက်များနှင့်အညီ နေ့စဉ် ပြည်သူ့ဘဝတွင် အေးချမ်းစွာ နေထိုင်နိုင်ရေး အာမခံချက် ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပူတင်ကို တွေ့ရစဉ် (Reuters)

ဆွီဒင်နှင့်ဖင်လန်မှာ နေတိုး စစ်စခန်းဆောက်လျှင် လက်တုံ့ပြန်မည်ဟု ပူတင်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2189

CNI International News

မော်စကို၊ ဇွန်လ ၃၀

မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့(နေတိုး) အနေဖြင့် ဖင်လန်နှင့်ဆွီဒင်တွင် စစ်ရေးအခြေခံ အဆောက်အဦများ လုပ်ဆောင် မည်ဆိုလျှင် ရုရှားအနေဖြင့် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ဇွန်လ ၂၉ ရက်၌ ပြောကြားခဲ့သည် ဟု ရိုက်တာသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

“ဆွီဒင်နဲ့ဖင်လန်တို့မှာ ကျနော်တို့ အခု ယူကရိန်း ကြုံနေတဲ့ပြဿနာမျိုး မရှိပါဘူး။ သူတို့က နေတိုးထဲ ပါချင်တယ်။ ရှေ့ဆက် တိုးချင်နေတယ်” ဟု အာရှအလယ်ပိုင်းရှိ ဆိုဗီယက်ပြည်ထောင်စုဝင်ဟောင်း တာ့ခ်မင်နစ္စတန်နိုင်ငံတွင် ဒေသတွင်း ခေါင်းဆောင်များနှင့် ဆွေးနွေးပြီးနောက် ရုရှားသမ္မတ ပူတင်က အစိုးရရုပ်သံလိုင်းမှ ပြောကြားခဲ့သည်။

“ဒါပေမယ့် အရင်ကတော့ ဒါမျိုး ခြိမ်းခြောက်မှု မရှိဘူးဆိုတာ သူတို့ နားလည်ထားရမှာ ဖြစ်သလို အခုအချိန်မှာတော့ စစ်တပ် နဲ့ အခြေခံ အဆောက်အဦတွေ အဲဒီ(ဆွီဒင်နဲ့ဖင်လန်)မှာ ဖြန့်ကြက်လာရင်တော့ ကျနော်တို့ကို ခြိမ်းခြောက်မှု ဖန်တီးတဲ့ နယ်မြေတွေ အဖြစ်နဲ့ ပါးပါးနပ်နပ် တုံ့ပြန်သွားမှာ ဖြစ်ပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

“ကျနော်တို့ကြားမှာ အားလုံးအဆင်ပြေတယ်။ ဒါပေမယ့် အခုလောလောဆယ် တင်းမာမှုတော့ ရှိလာနိုင်တာ သေချာပါတယ်။ ကျနော်တို့အပေါ်မှာ ခြိမ်းခြောက်မှု ရှိလာရင်တော့ ရှောင်လွှဲလို့ မရဘူးပေါ့” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

 နေတိုး အဖွဲ့ဝင်ရေး တူရကီ ကန့်ကွက်မှု ပြန်ရုပ်သိမ်းနေစဉ် (Reuters)

ဖင်လန်နှင့်ဆွီဒင်တို့ နေတိုးထဲဝင်ရေး ကိစ္စနှင့်ပတ်သက်၍ နေတိုးအဖွဲ့ဝင်ဟောင်း တူရကီက ၎င်း၏ ဗီတိုအာဏာကို ရုပ်သိမ်း ပြီးနောက် တစ်ရက်အကြာ ပူတင်၏ အထက်ပါ သဘောထားမှတ်ချက် ထွက်ပေါ်လာခဲ့သည်။

၎င်းနိုင်ငံသည် နေတိုး အဖွဲ့ဝင် ဖြစ်ရေးအတွက် လျှောက်လွှာများ ကိုယ်စီကိုင်ရင်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်၍ ဆယ်စုနှစ် များစွာအတွင်း ဥရောပလုံခြုံရေးအတွက် အကြီးမားဆုံး အပြောင်းအလဲဟု မှတ်ယူနိုင်သည်။

ယူကရိန်းတွင် အထူးစစ်ဆင်ရေးဟု မော်စကို ပြောဆိုနေသည့် ရည်ရွယ်ချက်မှာ မပြောင်းလဲသေးကြောင်း၊ ယူကရိန်း အရှေ့ ပိုင်း ဒွန်ဘတ်စ်ဒေသကို လွတ်မြောက်ရေးနှင့် ရုရှားလုံခြုံရေး အခြေအနေများ သေချာစွာဖန်တီးရေးတို့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပူတင်က ထပ်လောင်း ပြောကြားခဲ့သည်။

ယူကရိန်းသို့ ရုရှားတပ်များ တိုးမြှင့်ချထားပြီး စစ်ရေးအရ စွက်ဖက်မှု အစီအစဉ်အတိုင်း တသွေမတိမ်း ဆက်လုပ်နေကြောင်း၊ ထိုစစ်ဆင်ရေးအတွက် နောက်ဆုံးရက် သတ်မှတ်စရာမလိုကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဟောင်ကောင်ရှိ လမ်းတချို့ ပိတ်ထားသည်ကိုတွေ့ရစဉ်(AFP)

ရှီကျင့်ဖျင်တက်မည့် ဟောင်ကောင် လွှဲပြောင်းခြင်း နှစ်ပတ်လည်နေ့ လုံခြုံရေးတင်းကြပ်ထား

By CNI
CNI
Category: နိုင်ငံရေး
Hits: 2188

CNI International News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀

ဗြိတိန်မှ တရုတ်ပြည်မကြီးသို့ ဟောင်ကောင်အား လွှဲပြောင်းပေးအပ်သည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်မည်ဖြစ်သည့်အတွက် ဟောင်ကောင်မှာ လုံခြုံရေးတင်းကြပ်ထားသည် ကိုတွေ့ရသည်။

အဆိုပါ အခမ်းအနား ကျင်းပရေးအတွက် ဟောင်ကောင်မြို့တွင်း နေရာတချို့ သွားလာမှု ပိတ်ထားသလို တချို့နေရာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြားချ၍ စောင့်ကြည့်ခြင်းများ ပြုလုပ်လျက်ရှိသည်။

အလားတူ စာနယ်ဇင်းသမားများကိုလည်း ကန့်သတ် ပိတ်ပင်မှုများ တချို့ပြုလုပ်ထားကြောင်း AFP က ရေး သားထားသည်။

ဟောင်ကောင်က လုံခြုံရေးတပ်ဖွဲ့ဝင်များ လူစည်ကားရာနေရာမှာ လုံခြုံရေးယူနေစဉ်(AFP)

ဗြိတိန်သည် ဟောင်ကောင်ကျွန်းကို တရုတ်ပြည်မကြီးသို့ ၁၉၉၇ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့တွင် ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့ရာ ယခု ၂၅ နှစ်ပြည့်ခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ဟောင်ကောင် လွှဲပြောင်းပေးအပ်ခြင်း ၂၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ဟောင်ကောင်မှာ ကျင်းပသွားရန် ပြင်ဆင်နေပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က အခမ်းအနားတက်ရောက်ရန် ဟောင်ကောင်သို့ ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၁ ရက်နေ့အထိ လာရောက်မည်ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဆီးရီးယားပဋိပက္ခတွင် အရပ်သား ၃ သိန်းကျော်သေဆုံးဟု ကုလသမဂ္ဂပြော

By CNI
CNI
Category: Watch TV
Hits: 848

Share
Tweet
Share
Share
powered by social2s

လက်ဗွေတွေ့ရှိသူ၏အမှု မိသားစုဝင်များ ငွေကြေးမတတ်နိုင်၍ အကူအညီ လိုအပ်နေ

By CNI
CNI
Category: Watch TV
Hits: 754

Share
Tweet
Share
Share
powered by social2s

G-7 နိုင်ငံများကို တရုတ်လှောင်ပြောင်

By CNI
CNI
Category: Watch TV
Hits: 696

Share
Tweet
Share
Share
powered by social2s

ရခိုင်မှာ အပြန်အလှန်ဖမ်းဆီးမှု ဆွေးနွေးညှိနှိုင်းကြရန် ANP ပြော

By CNI
CNI
Category: Watch TV
Hits: 719

Share
Tweet
Share
Share
powered by social2s

အာရှနေတိုးဖြစ်လာအောင် အမေရိကန်ကန်လုပ်နေဟု မြောက်ကိုရီးယားစွပ်စွဲ

By CNI
CNI
Category: Watch TV
Hits: 701

Share
Tweet
Share
Share
powered by social2s
လူကုန်ကူးခံရပြီး သေဆုံးသွားသူများ၏ မိသားစု၀င် ၂ ဦးကိုတွေ့ရစဉ် (News)

ကုန်တင်ယာဉ်ထဲ လူကုန်ကူးခံရသူများ ပိတ်မိသေဆုံးမှုအတွက် တရားခံနှစ်ဦးကို ဖမ်းဆီး

By CNI
CNI
Category: စီးပွားရေး
Hits: 1465

CNI International News

ဆန်အန်တိုနီယို၊ ဇွန်လ ၂၉

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်တွင် ကုန်တင်ယာဉ်ကြီးအတွင်း ရွှေ့ပြောင်းနေထိုင်သူ ၅၁ ဦးထက် မနည်း သေဆုံးခဲ့ရကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ပြီးနောက် လူကုန်ကူးမှုဖြစ်စဉ်နှင့် ဆက်စပ်လျက် မက္ကစီကိုနိုင်ငံသားနှစ်ဦးကို အမေရိကန် ဖက်ဒရယ်တရားရုံးက စွဲချက်တင်လိုက်ကြောင်း သတင်းရရှိသည်။

မကြာသေးမီက အဆိုးရွားဆုံး လူကုန်ကူးမှု ဖြစ်စဉ်တစ်ခုအဖြစ် တက္ကဆက်ပြည်နယ်၊ ဆန်အန်တိုနီယိုမြို့ ဆင်ခြေဖုံးတွင် သေဆုံးနေသည့် ရွှေ့ပြောင်းနေထိုင်သူ အမျိုးသား ၃၉ ဦးနှင့် အမျိုးသမီး ၁၂ ဦးတို့ကို ဇွန်လ ၂၇ ရက်က တွေ့ရှိခဲ့ရသည်။

ထိုအမှုကို စုံစမ်းဖော်ထုတ်ခဲ့ရာ သံသယရှိသူများမှာ ယခင်က အမေရိကန်၌ တရားမဝင် နေထိုင်မှုနှင့် သေနတ် ကိုင်ဆောင်မှု တို့ဖြင့် စွဲချက် အတင်ခံရဖူးသည့် မက္ကစီကိုနိုင်ငံသား Juan Francisco D'Luna-Bilbao နှင့် Juan Claudio D'Luna-Mendez တို့ဖြစ်ကြောင်း တရားရုံး မှတ်တမ်းများအရ သိရသည်။

အခင်းဖြစ်ပွားရာ ကုန်တင်ယာဉ်၏ နံပါတ်နှင့်တကွ ဆန်အန်တိုနီယိုမြို့ လိပ်စာကို စုံစမ်းစစ်ဆေးရေးမှူးများက ခြေရာခံ ထောက်လှမ်းခဲ့ရာ အဆိုပါမက္ကစီကို နိုင်ငံသားနှစ်ဦးကို နေအိမ်မှ ထွက်ခွာစဉ် တစ်ဦးချင်း ဖမ်းဆီးနိုင်ခဲ့သည်။

ကုန်တင်ယာဉ် မောင်းနှင်လာသူကို အမေရိကန်နိုင်ငံသားဟု သိရပြီး တတိယမြောက် သံသယတရားခံအဖြစ် ဖမ်းဆီးနိုင်ရန် မျှော်မှန်းထားသော်လည်း ၎င်းသည် ဇွန်လ ၂၈ ရက် ညနေပိုင်းအထိ ဆေးရုံတစ်ရုံထဲတွင် တိမ်းရှောင်နေကြောင်း မက္ကစီကို နိုင်ငံဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လူကုန်ကူးခံရပြီး သေဆုံးသွားသူများ၏ မိသားစု၀င် တစ်ဦး ဆုတောင်းနေစဉ် (News)

အခင်းဖြစ်ပွားစဉ် အဆိုပါကုန်တင်ယာဉ်သည် အပူချိန် ၃၉ ဒသမ ၄ ဒီဂရီစင်တီဂရိတ်အထိ မြင့်မားနေချိန်၌ ဆန်အန်တိုနီယို မြို့ ဆင်ခြေဖုံးရှိ မီးရထားသံလမ်းဘေးတွင် ထိုးရပ်ထားခဲ့သည်။

ယာဉ်နောက်ကျောရှိ တံခါးကို ဖွင့်ကြည့်ရာ ပိတ်မိ သေဆုံးနေသူများ၏ အလောင်းများကို တွေ့ရှိခဲ့ရကြောင်း ဒေသန္တရဥပဒေ ဝန်ထမ်းတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်သည် ထိတ်လန့်ပြီး ကြေကွဲစရာ ကောင်းကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အမေရိကန်-မက္ကစီကို နယ်စပ်ရှိ ရွှေ့ပြောင်း အခြေချနေထိုင်လိုသူ အများအပြားကို အသုံးချ စီးပွားရှာခဲ့သည့် ဒေါ်လာ ဘီလီယံနှင့်ချီသော လူမှောင်ခို ကုန်ကူးသည့် လုပ်ငန်းများကို နှိမ်နင်းသွားမည်ဟု ၎င်းက ကတိပြု ခဲ့သည်။

သေဆုံးသူများထဲတွင် မက္ကစီကိုနိုင်ငံသား ၂၇ ဦး ထက်မနည်း၊ ဂွါတီမာလာနိုင်ငံသား ၃ ဦးနှင့် ဟွန်ဒူးရပ်စ်နိုင်ငံသား ၄ ဦးတို့ ပါဝင်ကြောင်း အဆိုပါနိုင်ငံများမှ တာဝန်ရှိသူများက အတည်ပြုခဲ့သည်။

Source: News.com.au

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 97
  • 98
  • 99
  • 100
  • 101
  • 102
  • 103
  • 104
  • 105
  • 106

Page 102 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar