CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ဆီးရီးယားပဋိပက္ခတွင် အရပ်သား ၃ သိန်းကျော်သေဆုံးဟု ကုလသမဂ္ဂပြော

By CNI
CNI
Category: Watch TV
Hits: 934

Share
Tweet
Share
Share
powered by social2s

လက်ဗွေတွေ့ရှိသူ၏အမှု မိသားစုဝင်များ ငွေကြေးမတတ်နိုင်၍ အကူအညီ လိုအပ်နေ

By CNI
CNI
Category: Watch TV
Hits: 820

Share
Tweet
Share
Share
powered by social2s

G-7 နိုင်ငံများကို တရုတ်လှောင်ပြောင်

By CNI
CNI
Category: Watch TV
Hits: 750

Share
Tweet
Share
Share
powered by social2s

ရခိုင်မှာ အပြန်အလှန်ဖမ်းဆီးမှု ဆွေးနွေးညှိနှိုင်းကြရန် ANP ပြော

By CNI
CNI
Category: Watch TV
Hits: 780

Share
Tweet
Share
Share
powered by social2s

အာရှနေတိုးဖြစ်လာအောင် အမေရိကန်ကန်လုပ်နေဟု မြောက်ကိုရီးယားစွပ်စွဲ

By CNI
CNI
Category: Watch TV
Hits: 767

Share
Tweet
Share
Share
powered by social2s
လူကုန်ကူးခံရပြီး သေဆုံးသွားသူများ၏ မိသားစု၀င် ၂ ဦးကိုတွေ့ရစဉ် (News)

ကုန်တင်ယာဉ်ထဲ လူကုန်ကူးခံရသူများ ပိတ်မိသေဆုံးမှုအတွက် တရားခံနှစ်ဦးကို ဖမ်းဆီး

By CNI
CNI
Category: စီးပွားရေး
Hits: 1575

CNI International News

ဆန်အန်တိုနီယို၊ ဇွန်လ ၂၉

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်တွင် ကုန်တင်ယာဉ်ကြီးအတွင်း ရွှေ့ပြောင်းနေထိုင်သူ ၅၁ ဦးထက် မနည်း သေဆုံးခဲ့ရကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ပြီးနောက် လူကုန်ကူးမှုဖြစ်စဉ်နှင့် ဆက်စပ်လျက် မက္ကစီကိုနိုင်ငံသားနှစ်ဦးကို အမေရိကန် ဖက်ဒရယ်တရားရုံးက စွဲချက်တင်လိုက်ကြောင်း သတင်းရရှိသည်။

မကြာသေးမီက အဆိုးရွားဆုံး လူကုန်ကူးမှု ဖြစ်စဉ်တစ်ခုအဖြစ် တက္ကဆက်ပြည်နယ်၊ ဆန်အန်တိုနီယိုမြို့ ဆင်ခြေဖုံးတွင် သေဆုံးနေသည့် ရွှေ့ပြောင်းနေထိုင်သူ အမျိုးသား ၃၉ ဦးနှင့် အမျိုးသမီး ၁၂ ဦးတို့ကို ဇွန်လ ၂၇ ရက်က တွေ့ရှိခဲ့ရသည်။

ထိုအမှုကို စုံစမ်းဖော်ထုတ်ခဲ့ရာ သံသယရှိသူများမှာ ယခင်က အမေရိကန်၌ တရားမဝင် နေထိုင်မှုနှင့် သေနတ် ကိုင်ဆောင်မှု တို့ဖြင့် စွဲချက် အတင်ခံရဖူးသည့် မက္ကစီကိုနိုင်ငံသား Juan Francisco D'Luna-Bilbao နှင့် Juan Claudio D'Luna-Mendez တို့ဖြစ်ကြောင်း တရားရုံး မှတ်တမ်းများအရ သိရသည်။

အခင်းဖြစ်ပွားရာ ကုန်တင်ယာဉ်၏ နံပါတ်နှင့်တကွ ဆန်အန်တိုနီယိုမြို့ လိပ်စာကို စုံစမ်းစစ်ဆေးရေးမှူးများက ခြေရာခံ ထောက်လှမ်းခဲ့ရာ အဆိုပါမက္ကစီကို နိုင်ငံသားနှစ်ဦးကို နေအိမ်မှ ထွက်ခွာစဉ် တစ်ဦးချင်း ဖမ်းဆီးနိုင်ခဲ့သည်။

ကုန်တင်ယာဉ် မောင်းနှင်လာသူကို အမေရိကန်နိုင်ငံသားဟု သိရပြီး တတိယမြောက် သံသယတရားခံအဖြစ် ဖမ်းဆီးနိုင်ရန် မျှော်မှန်းထားသော်လည်း ၎င်းသည် ဇွန်လ ၂၈ ရက် ညနေပိုင်းအထိ ဆေးရုံတစ်ရုံထဲတွင် တိမ်းရှောင်နေကြောင်း မက္ကစီကို နိုင်ငံဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လူကုန်ကူးခံရပြီး သေဆုံးသွားသူများ၏ မိသားစု၀င် တစ်ဦး ဆုတောင်းနေစဉ် (News)

အခင်းဖြစ်ပွားစဉ် အဆိုပါကုန်တင်ယာဉ်သည် အပူချိန် ၃၉ ဒသမ ၄ ဒီဂရီစင်တီဂရိတ်အထိ မြင့်မားနေချိန်၌ ဆန်အန်တိုနီယို မြို့ ဆင်ခြေဖုံးရှိ မီးရထားသံလမ်းဘေးတွင် ထိုးရပ်ထားခဲ့သည်။

ယာဉ်နောက်ကျောရှိ တံခါးကို ဖွင့်ကြည့်ရာ ပိတ်မိ သေဆုံးနေသူများ၏ အလောင်းများကို တွေ့ရှိခဲ့ရကြောင်း ဒေသန္တရဥပဒေ ဝန်ထမ်းတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်သည် ထိတ်လန့်ပြီး ကြေကွဲစရာ ကောင်းကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အမေရိကန်-မက္ကစီကို နယ်စပ်ရှိ ရွှေ့ပြောင်း အခြေချနေထိုင်လိုသူ အများအပြားကို အသုံးချ စီးပွားရှာခဲ့သည့် ဒေါ်လာ ဘီလီယံနှင့်ချီသော လူမှောင်ခို ကုန်ကူးသည့် လုပ်ငန်းများကို နှိမ်နင်းသွားမည်ဟု ၎င်းက ကတိပြု ခဲ့သည်။

သေဆုံးသူများထဲတွင် မက္ကစီကိုနိုင်ငံသား ၂၇ ဦး ထက်မနည်း၊ ဂွါတီမာလာနိုင်ငံသား ၃ ဦးနှင့် ဟွန်ဒူးရပ်စ်နိုင်ငံသား ၄ ဦးတို့ ပါဝင်ကြောင်း အဆိုပါနိုင်ငံများမှ တာဝန်ရှိသူများက အတည်ပြုခဲ့သည်။

Source: News.com.au

 

 

 

 

Share
Tweet
Share
Share
powered by social2s
နေတိုး အတွင်းရေးမှူး၊ တူရကီ၊ ဖင်လန်၊ ဆွီဒင် ခေါင်းဆောင်များကိုတွေ့ရစဉ် (AP)

ဆွီဒင်နှင့်ဖင်လန် နေတိုးထဲဝင်ရာ၌ တူရကီကန့်ကွက်နေခြင်းကို ပြန်ရုပ်သိမ်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1497

CNI International News

မက်ဒရစ်၊ ဇွန်လ ၂၉

ဆွီဒင်နှင့်ဖင်လန်တို့ မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့(နေတိုး)ထဲသို့ ပါဝင်ရေး၌ တူရကီက အတိုက်အခံလုပ်၍ ကန့်ကွက် နေခြင်းအား ပြန်လည် ရုပ်သိမ်းကြောင်း ဇွန်လ ၂၈ ရက်တွင် သဘောတူ လက်ခံခဲ့သည်။

ယူကရိန်းစစ်ပွဲကြောင့် ဆယ်စုနှစ် များစွာအတွင်း ဥရောပ၏ အဆိုးရွားဆုံး လုံခြုံရေး အကျပ်အတည်းကြား၌ နေတိုး ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေး ဖွင့်ပွဲကို စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တွင် ကျင်းပခဲ့ရာမှာ တူရကီက ၎င်း၏ ကန့်ကွက်နေခြင်းကို ပြန်လည် ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။

သုံးနိုင်ငံ ခေါင်းဆောင်များနှင့် အရေးတကြီး ဆွေးနွေးကြပြီးနောက် နေတိုးမဟာမိတ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် ဂျန့်စ်စတိုလန်ဘတ် (Jens Stolenberg) က “ ကျနော်တို့ဟာ ဖင်လန်နဲ့ဆွီဒင်တို့ကို နေတိုးထဲ ပူးပေါင်းပါဝင်ဖို့ လမ်းခင်းပေး မယ့် သဘောတူညီချက် တစ်ရပ် ရပါပြီ။ ဒါဟာ သမိုင်းဝင် ဆုံးဖြတ်ချက်လို့ ပြောရမှာပါ” ဟု ကြေညာခဲ့သည်။

သမ္မတ ဗလာဒီမာပူတင်၏ ယူကရိန်းနိုင်ငံထဲသို့ ကျူးကျော် ဝင်ရောက်မှုကြောင့် ဆွီဒင်နှင့် ဖင်လန်တို့သည် ၎င်းတို့၏ ကာလ ရှည်ကြာ ရပ်တည်ချက်ကို စွန့်လွှတ်ခဲ့ပြီး မှန်းဆ၍ မရနိုင်သည့် ရုရှားခြိမ်းခြောက်မှုကို စိုးရိမ်ကာ နေတိုးအဖွဲ့ဝင်အဖြစ်သို့ လျှောက်ထားခဲ့ကြသည်။ ရုရှားသည် ဖင်လန်နိုင်ငံနှင့် နယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်လျက် တည်ရှိနေသည်။

နေတိုး မဟာမိတ် စာချုပ်များအရ ၎င်းတို့၏ အဖွဲ့ဝင် တစ်နိုင်ငံအား ထိခိုက်ပါက နေတိုးအဖွဲ့ဝင် အားလုံးကို တိုက်ခိုက်ခြင်းဟု ယူဆပြီး တစ်ဖွဲ့လုံး၏ စစ်ရေးတုံ့ပြန်မှု ဖြစ်ပေါ်စေမည် ဖြစ်သည်။

တူရကီသမ္မတ အာဒိုဂန်နဲ့ နေတိုးအထွေထွေအတွင်းရေးမှူး ဂျန့်စ်စတိုလန်ဘတ် (AP)

နေတိုးအဖွဲ့သည် အများသဘောဆန္ဒဖြင့် လုပ်ဆောင်လျက်ရှိရာ တူရကီသမ္မတ အာဒိုဂန်က နော်ဒစ် နှစ်နိုင်ငံကို နေတိုးထဲ ဝင်ရေးအတွက် ယခင်က ကန့်ကွက်ခဲ့ပြီး အကြမ်းဖက်သမားဟု ယူဆသော ကာ့ဒ်သူပုန်အုပ်စုများအပေါ် ထောက်ခံနေသော ဆွီဒင်နှင့် ဖင်လန် တို့၏ ရပ်တည်ချက် ပြောင်းလဲရန် တောင်းဆိုနေခဲ့သည်။

သံတမန်ရေးအရ ရက်သတ္တပတ်များစွာ ညှိနှိုင်းခဲ့သလို ဇွန်လ ၂၈ ရက်တွင် အပြီးသတ် နာရီအတန်ကြာအောင် ဆွေးနွေးခဲ့ ကြရာ တူရကီ၊ ဆွီဒင်နှင့် ဖင်လန် စသည့် သုံးနိုင်ငံ ခေါင်းဆောင်များသည် လိပ်ခဲတည်းလည်း ဖြစ်နေသည့် အခြေအနေ တစ်ရပ်အား အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြောင်း၊ ပူးတွဲ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ဖင်လန် သမ္မတ ဆောင်လီနီနီစတာ့ (Sauli Niinistö) က ပြောကြားခဲ့သည်။

ကာ့ဒ်သူပုန် အဖွဲ့များကို တိုက်ခိုက်နှိမ်နင်းရာတွင် ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝနှင့် မိမိတို့ လိုလားသည့် အချက်များ ရရှိပြီဖြစ်ကြောင်း တူရကီအစိုးရကလည်း တစ်ချိန်တည်းတွင် ကြေညာခဲ့သည်။

ထပ်မံ ပူးပေါင်းလာသော အဖွဲ့ဝင်သစ် နှစ်နိုင်ငံနှင့်ပတ်သက်၍ နိုင်ငံပေါင်း ၃၀ ပါ နေတိုးမဟာမိတ်အဖွဲ့ ခေါင်းဆောင်များ သည် တရားဝင် ကြေညာချက်တစ်စောင် ထုတ်ပြန်သွားရန် ရှိကြောင်း စတိုလန်ဘတ်က ပြောကြားခဲ့သည်။

ထိုသို့ ထုတ်ပြန်နိုင်ရေးအတွက် ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်အားလုံးက အတည်ပြု ပေးရမည်ဖြစ်ကြောင်း၊ ဖင်လန်နှင့် ဆွီဒင်တို့ အဖွဲ့ဝင် ဖြစ်လာရေး လုံးဝ ယုံကြည်ပါကြောင်းနှင့် လပိုင်းအတွင်း အကောင်အထည် ပေါ်လာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
ပရတ်ဆိုခွန်နဲ့ PPST ကို တွေ့ရစဉ်

အာဆီယံအထူးကိုယ်စားလှယ်နှင့် လက်နက်ကိုင် ၇ ဖွဲ့တို့ တွေ့မည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1346

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉

မြန်မာပြည်ကို ရောက်ရှိလာသည့် အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့တို့ ဇူလိုင် ၁ ရက်နေ့တွင် နေပြည်တော် မှာ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။

အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန်သည် ယနေ့ (ဇွန်လ ၂၉ ရက်)တွင် မြန်မာပြည် ခရီးစဉ်ကို စတင်ခဲ့ပြီး ဇူလိုင် ၃ ရက်နေ့တွင် ပြန်လည် ထွက်ခွာမည် ဖြစ်သည်။
PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့် “အဲဒါ မှန်ပါတယ်။ ကျနော်တို့ ၂၉ ရက်နေ့ကျရင် အာဆီယံအထူး ကိုယ်စားလှယ် ရောက်မယ်၊ ရောက်လာတဲ့အခါကျရင် လည်း တွေ့ခွင့်ရှိကောင်း ရှိမယ်လို့ ကြားထားတာတော့ ကြာပါပြီ။ သို့သော်လည်းပဲ ပြီးခဲ့တဲ့ ၂၇ ရက်နေ့ကနေပြီးတော့ ကျနော်တို့ကို အကြောင်းကြားစာ ရောက်တာပေါ့လေ။

စာကတော့ ကျနော်တို့ကို NSPNC ကနေပြီးတော့ တစ်ဖွဲ့ချင်းစီ ဖိတ် တာပေါ့နော်။ အာဆီယံအထူးကိုယ်စားလှယ် ၂၉ ရက်နေ့ ရောက် မယ်။ နေပြည်တော်မှာ သူ့ရဲ့ လုပ်ငန်း ဆောင်တာတွေ လုပ်ကိုင်နေစဉ် အချိန်အတောအတွင်းမှာ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဖို့ရှိတဲ့အတွက်ကြောင့်မလို့ တစ်ဖွဲ့ကို ၂ ယောက်၊ ၂ ယောက် တက်ရောက်ပေးဖို့ တစ်ဖွဲ့ချင်းစီ ကို အကြောင်းကြားပြီးတော့ ဖိတ်လာတဲ့အတွက် အဲဒါ ပြီးခဲ့တဲ့ ၂၉ ရက်နေ့က ရတာပေါ့လေ။ ကျနော်တို့က လာမယ့် ဇူလိုင်လ ၁ ရက်နေ့ကျရင် တွေ့ဖို့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ဆိုတာကတော့ Comfirm ဖြစ်ပါတယ်”ဟု ပြောသည်။

ပရတ်ဆိုခွန် မြန်မာပြည်သို့ ဇွန်လ ၂၉ ရက်တွင် ထွက်ခွာလာစဉ်

အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်နှင့် တွေ့ဆုံပွဲသို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)တို့ တက်ရောက်ကြမည် ဖြစ်သည်။

အဆိုပါ တွေ့ဆုံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက NCA အနှစ်သာရ သုံးချက်အပေါ် အခြေခံ ဆွေးနွေးမည် ဖြစ်ကြောင်း၊ နိုင်ငံရေး ပြဿနာဖြစ်၍ နိုင်ငံရေး စားပွဲဝိုင်းမှာ အဖြေရှာရေး၊ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်သည့် စားပွဲဝိုင်းဖြစ်ရေး၊ အရပ်သားများကို အကာကွယ်ပေးရေး စသည်တို့ကို ဆွေးနွေးမည်ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်သည် ယခုလာရောက်သည့် မြန်မာပြည်ခရီးစဉ်မှာ ဒုတိယအကြိမ်ဖြစ် သည်။

ထိုခရီးစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နစက အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ တွေ့သင့် တွေ့ထိုက် သူများကို တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ရခိုင်ပြည်နယ်အတွင်းက ဒေသခံများကိုတွေ့ရစဉ်

ရခိုင်မှာ အပြန်အလှန်ဖမ်းဆီးမှု ဆွေးနွေးညှိနှိုင်းကြရန် ANP ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1428

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉

လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေသော တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA)ကြား အပြန်အလှန် ဖမ်းဆီးမှုများကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာကြရန် ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင် ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ထို့နောက် ပြဿနာကို ဆွေးနွေးညှိနှိုင်း ဖြေရှင်းခြင်းမှတစ်ပါး တည်တံ့ခိုင်မြဲသည့် အဖြေကို ရနိုင်မှာ မဟုတ်ကြောင်း၊ ပြဿနာများ ဖြစ်ပွားလာပါက အပြစ်မဲ့သည့် ပြည်သူလူထု ထိခိုက်မှု ရှိလာကြောင်း ၎င်းက ပြောသည်။

ဦးထွန်းအောင်ကျော်က “အပြစ်မဲ့တဲ့ ပြည်သူတွေ ပါသွားရင်လည်း သူတို့ရဲ့ သူတို့ အဖမ်းဆီးခံရတဲ့ လူတွေမကပါဘူး။ သူတို့နဲ့ ဆက်နွယ်တဲ့ မိသားစုတွေ မိဘတွေအားလုံး ပူဆွေးသောက ရောက်ကြရမှာပဲ။ အချုပ်အနှောင်ခံရတယ် ဆိုကတည်းက လူ တစ်ယောက်ရဲ့ ဘဝဟာ အကန့်သတ် ခံလိုက်ရတာပေါ့။ နောက်တစ်ခုက ဖမ်းတယ်၊ ဆီးတယ်၊ လုပ်ပြီဟေးဆိုတာနဲ့ ဘယ် အချိန်မှာ ပြန်ထွက်မလဲ သဘောတစ်ခုက။ ကျနော်တို့ ဝမ်းနည်းစရာ ကြားတာက တစ်ခါတစ်လေ၊ ဖမ်းဆီးသွားပြီးသွားရင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရတာတို့၊ အသက်တွေ သေဆုံးသွားရတာတို့ အဲဒါတွေလည်း ရှိတတ်တဲ့အတွက် မိဘတွေ ဆွေမျိုး တွေ အသိုင်းအဝိုင်းတွေက ပြည်သူလူထုက စိုးရိမ်သောက ရောက်တာလည်း အပြစ်ဆိုလို့ မရဘူးခင်ဗျ။ အဲဒီလို အခြေအနေ တော့ ရှိတာပေါ့။ အဲဒါကြောင့် ဒီပြဿနာတွေ ပြေလည်နိုင်ဖို့ အတွက်တော့ နှစ်ဖက်အနေနဲ့ အခြေခံ အချက်အလက်တွေကို ဆွေးနွေးညှိနှိုင်း တိုင်ပင်ပြီးတော့မှ သူတို့အနေနဲ့ ဒီပြဿနာကို ဘယ်လို ဖြေရှင်းကြမလဲဆိုတာတော့ တစ်ဖက်နဲ့ တစ်ဖက် ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းက အကောင်းဆုံးနဲ့ ပြည်သူလူထု အတွက်လည်း ရိုက်ခတ်မှု အနည်းဆုံး ဖြစ်မယ်လို့ ထင်ပါ တယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်တို့တွင် တပ်မတော်မှ အရပ်သား ၄၅ ဦးကို ဖမ်းဆီးသွား ကြောင်း AA က ထုတ်ပြန်ခဲ့သည်။

တပ်မတော်နဲ့ AA ကိုယ်စားလှယ်များကိုတွေ့ရစဉ်

အလားတူ AA ဘက်ကလည်း တပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် တပ်ကြပ်များ၊ တပ်သားများနှင့် ရဲတပ်သားများ ကို ဖမ်းဆီးမှုများ ရှိနေသည်။

ရခိုင်ပြည်နယ်မှာ တပ်မတော် အနေဖြင့် စစ်မျက်နှာ ထပ်ဖွင့်ပါက ဆိုးရွားသည့် အခြေအနေများ ကြုံတွေ့နိုင်ကြောင်း၊ ဆွေးနွေးညှိနှိုင်းခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်ဟု ယူဆကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးရဲထွန်းက “ဒီဟာတွေကြတော့ လက်နက်ကိုင် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် မဖြစ်ချင်ဘူးဆိုရင်တော့ အဲဒီလို ညှိနှိုင်း ပြီးတော့ပဲ ဖြေရှင်းရမှာပဲလေ။ တပ်မတော်ဘက်က အနေနဲ့ကတော့ သူတို့က အဲဒီဖက်က တစ်ခါ တိုက်ပွဲတွေ ပြန်ပေါ်လာ တယ်ဆိုရင်တော့ စစ်မျက်နှာ အစုံဖြန့်ပြီးတော့ တိုက်နေရသလို ဖြစ်တော့ ပိုဆိုးမှာပေါ့။ အခြေအနေကနော်။ တတ်နိုင်သမျှ တော့ ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ ဖြေရှင်းတာကတော့ တပ် အတွက်ကတော့ ကောင်းမယ်လို့ ထင်တယ်” ဟု ပြောသည်။

တပ်မတော်မှ ဖမ်းဆီးသွားသည့် ၄၅ ဦးတွင် အသက် မပြည့်သေးသူ ၅ ဦး ပါဝင်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မှာ တပ်မတော်နှင့် AA တို့ အကြား နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန

အာဆီယံ အထူးကိုယ်စားလှယ်၏ မြန်မာပြည်ခရီးစဉ် စတင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1137

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ကို ယနေ့ (ဇွန်လ ၂၉ ရက်) စတင်ပြီး ဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရက ထုတ်ပြန်ခဲ့သည်။

မစ္စတာ ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၃ ရက်အထိ လာရောက်မည်ဖြစ်ပြီး ဇူလိုင် ၂ ရက်မှ ၅ ရက်နေ့အထိ ကျင်းပမည့် မဲခေါင်-လန်ချန်း ညီလာခံကိုလည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် နစက အဖွဲ့ဝင်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ စသည့် အလွှာ အသီးသီးမှ ပုဂ္ဂိုလ်များဖြင့် တွေ့ဆုံသွားရန် ရှိကြောင်း သိရသည်။

ယနေ့ စတင်သည့် မြန်မာပြည်ခရီးစဉ်သည် အာဆီယံအထူးကိုယ်စားလှယ်၏ ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။

 

 

 

Share
Tweet
Share
Share
powered by social2s
G-7 ကို တရုတ်လှောင်ပြောင်းမှုပုံကိုတွေ့ရစဉ်

G-7 နိုင်ငံများကို တရုတ်လှောင်ပြောင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 2485

CNI International News

ဘေဂျင်း၊ ဇွန်လ ၂၉

စက်မှုထိပ်သီး (G-7) နိုင်ငံများနှင့်‌ မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့(နေတိုး)ခေါင်းဆောင်များ အဆင့်မြင့် အစည်းအဝေး ကျင်းပနေချိန်၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း (Zhao Lijian) က ဇွန်လ ၂၈ ရက်တွင် တွစ်တာပေါ်သို့ ပုံတစ်ပုံတင်၍ လှောင်ပြောင်ခဲ့သည်ဟု အာရ်တီသတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါ ပုံမှာ G-7 က ၎င်းတို့ကိုယ်ကို “နိုင်ငံတကာလူ့အဖွဲ့အစည်း” ဟု ခေါ်ဆိုထားသော်လည်း G-7 နိုင်ငံများထံတွင် အမှန် တကယ် ကမ္ဘာ့လူဦးရေ၏ အနည်းငယ်မျှသာ ပါဝင်ကြောင်း ထေ့ငေါ့ လှောင်ပြောင် သရုပ်ဖော်ထားသည့် ပုံဖြစ်နေခဲ့သည်ဟု အာရ်တီသတင်းဌာနက ဆက်လက် ရေးသားဖော်ပြသည်။
ပုံထဲတွင် BRICS (ဘရစ်ခ်စ်) နိုင်ငံခေါင်းဆောင်များနှင့်အတူ G-7 နိုင်ငံများမှ ခေါင်းဆောင်များကို ဖော်ပြထားပြီး G-7 နိုင်ငံများ ၌ လူဦးရေပမာဏ ၇၇၇ သန်းရှိကြောင်း၊ BRICS နိုင်ငံများတွင်တော့ လူဦးရေ ၃ ဒသမ ၂ ဘီလီယံ နေထိုင်ကြောင်း နှိုင်းယှဉ်ပြ ထားသည်။

“ဒါဆိုရင် သူတို့က နိုင်ငံတကာ လူ့အဖွဲ့အစည်းဆိုတဲ့ အသုံးအနှုန်းကို နောက်တစ်ခါ ထပ်သုံးရင် သူတို့က ဘာကို ဆိုလိုနေလဲ သိလား” ဟု ကျောက်လိကျန်းက ပို့စ်တင်၍ မေးခွန်း ထုတ်ထားသည်။

ယခင် သီတင်းပတ် အကုန်ပိုင်း ဂျာမနီနိုင်ငံ၌ ကျင်းပသည့် ထိပ်သီး အစည်းအဝေးအပြီးတွင် G-7 ခေါင်းဆောင်များသည် အမေရိကန် ဦးဆောင်သည့် နေတိုးမဟာမိတ်အဖွဲ့၏ မဟာဗျူဟာ အယူအဆသစ် ရေးဆွဲဖို့ နောက်ထပ် အစည်းအဝေး တက်ရန်အတွက် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ကို ဆက်လက်ထွက်ခွာခဲ့ကြသည်။

အဆိုပါ နေတိုး အစည်းအဝေးတွင် နေတိုးအဖွဲ့ဝင် မဟုတ်သည့် နိုင်ငံများအပေါ် ၎င်းတို့ ရပ်တည်ချက်နှင့် တာဝန်များကို အလေးပေး ဖော်ပြသော စာတမ်းတစ်စောင်ကို ဆွေးနွေးကြရန် စီစဉ်ထားသည်။

G-7 ခေါင်းဆောင်များကို တွေ့ရစဉ်

၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံး ပြင်ဆင်ဖြည့်စွက်မည့် အဆိုပါစာတမ်းတွင် တရုတ်နိုင်ငံအား စိန်ခေါ်မှု တစ်ရပ်အဖြစ် မှတ်ယူ ဆွေးနွေးမည်ဖြစ်ကြောင်း နေတိုး အထွေထွေအတွင်းရေးမှူးချုပ် ဂျန့်စ်စတိုလန်ဘတ် (Jens Stolenberg) ၏ အဆိုအရ သိရသည်။

“မိမိတို့ မဟာမိတ်များသည် ရုရှားအပေါ် လုံခြုံရေးအတွက် အထူးခြားဆုံးနှင့် တိုက်ရိုက် ခြိမ်းခြောက်မှု ရှိနေသည်ဟု သတ်မှတ်ကြောင်း အတိအလင်း ဖော်ပြမည်” ဟု ဂျန့်စ်စတိုဘတ်က ပြောကြားခဲ့သည်။

G-7 ထိပ်သီး အစည်းအဝေး မတိုင်မီ ရက်ပိုင်းအလို ရုရှားသမ္မတ ဗလာဒီမာပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင် အပါအဝင် ဘရာဇီး၊ အိန္ဒိယ၊ တောင်အာဖရိက ခေါင်းဆောင်များသည် BRICS အဖွဲ့ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့၍ တွေ့ဆုံ ညှိနှိုင်းခဲ့ ကြပြီးဖြစ်သည်။

အဆိုပါ ၅ နိုင်ငံ၏ ထိပ်ဆုံးအမည် အင်္ဂလိပ် အက္ခရာများကို စုစည်းလျက် BRICS ဟု အတိုကောက် ခေါ်ဝေါ်ထားပြီး ကမ္ဘာ့ ထိပ်တန်း စီးပွားရေး ၁၀ နိုင်ငံအနက် ၄ နိုင်ငံအထိ ပါဝင်နေပြီး ကမ္ဘာ့လူဦးရေး၏ ၄၀ ရာခိုင်နှုန်းနှင့် GDP ၃၀ ရာခိုင်နှုန်းကို ကိုယ်စားပြုထားသည်။

BRICS အဖွဲ့သည် စစ်ရေး (သို့မဟုတ်) စီးပွားရေးအရ တရားဝင် မဟာမိတ်အဖွဲ့အစည်း မဟုတ်သော်လည်း ပါဝင်သည့် ၅ နိုင်ငံ စလုံးသည် အနောက်အုပ်စု သဘောဆန္ဒကို ဆန့်ကျင်ကန့်ကွက်သည့် အလေ့အထ ရှိကြသည်။

ယခင်သီတင်းပတ် ဇွန်လ ၂၂ ရက် BRICS ထိပ်သီး အစည်းအဝေးအတွင်း “မိမိတို့ ၅ နိုင်ငံပါ အဖွဲ့၏ ငွေကြေးအင်အားကို အခြေခံ၍ ကမ္ဘာလုံးဆိုင်ရာ အရန်ငွေကြေး အသစ်တစ်ရပ် ထူထောင်ရန် ကြိုးစားလုပ်ဆောင်နေကြောင်း” ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။

Source: အာရ်တီသတင်းဌာန

 

 

 

Share
Tweet
Share
Share
powered by social2s
ဝမ်ယိနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

ဝမ်ယိ ခရီးစဉ်က မြန်မာ့နိုင်ငံရေး ပြောင်းမလား ပိုဆိုးမလား စောင့်ကြည့်ရမည်ဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2021

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် မြန်မာနိုင်ငံသို့ ယခု သီတင်းပတ်အတွင်း လာရောက်မည်ဖြစ်သည့် အတွက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်မလား သို့မဟုတ် ပိုမို ဆိုးဝါးလာ မလားဆိုသည်ကို စောင့်ကြည့်ရမည်ဟု တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

မစ္စတာ ဝမ်ယိသည် ဇူလိုင် ၂ ရက်မှ ၅ ရက်နေ့အထိ ကျင်းပမည့် မြန်မာ-ထိုင်း၊ ကမ္ဘောဒီးယား- လာအို- ဗီယမ်နမ်- တရုတ် ကိုယ်စားလှယ်များ တက်ရောက်မည့် မဲခေါင်-လန်ချန်း ညီလာခံသို့ တက်ရောက်ရန် မြန်မာပြည်သို့ လာရောက်မည် ဖြစ် သည်။

ဒေါက်တာလှကျော်ဇောက “ ဝမ်ယိရဲ့ ခရီးစဉ်အရကတော့ စစ်ကောင်စီအတွက် အသက်ရှုပေါက် ချောင်ဖို့လာကူတဲ့ သဘောပဲ။ စစ်ကောင်စီကလည်း သူ့ဘာသာသူ အသက်ရှုပေါက် ချောင်ဖို့ဆိုရင် ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး အင်အား တွေနဲ့ တစ်စုံတစ်ရာ စေ့စပ်ဖို့၊ ဖြေရှင်း ဖို့ အပေးအယူလုပ်ဖို့ လိုတာပဲလေ။ အဲတော့ ဘယ်ဘက်က ကြည့်လဲအပေါ် မူတည်တာပေါ့။ ဥပမာ အားဖြင့် စစ်ကောင်စီ တစ်စုံတစ်ရာ လိုက်လျောလာနိုင်အောင် ဝမ်ယိက ပြောနိုင်တယ်ဆိုရင် တရုတ်ဘက်က ပြောနိုင်တယ်ဆိုရင်တော့ ဗမာပြည်မှာ ဒီလောက်တောင် ရက်ရက်စက်စက် လုပ်နေတာကနေ တစ်စုံ တစ်ရာတွေ လျော့သွား တာလည်း ဖြစ်ချင်ဖြစ်မယ်။ သို့မဟုတ် သူတို့အတွက် ထွက်ပေါက်ရပြီလို့ ထင်လို့ စစ်အုပ်စုက ပိုကြမ်းရမ်းလာရင်တော့ ကျမတို့အတွက် ကောင်းတဲ့လာခြင်း မဖြစ်နိုင်ဘူး။ အဲတော့ သူတို့လာတာ တရုတ်က လာလာ၊ အာဆီယံကလည်း အခု ရောက်နေတယ်။ တရုတ်ကလည်း ရောက်လာတာပဲ။ သူတို့ ရောက်လာတာ ကောင်းခြင်း မကောင်းခြင်းဟာ ကျမတို့ ပြည်သူတွေက ဒီစစ်ကောင်စီအပေါ်မှာ ပိုမို ဖိအားပေးနိုင်တဲ့အပေါ် မူတည်တယ်။ စစ်ကောင်စီ ကို ကျမတို့က များများ ဖိအားပေးနိုင်လေ၊ စစ်ကောင်စီက နည်းနည်း နောက်ဆုတ်ပြီးတော့ စီးပွားရေးဘက် နည်းနည်း လှည့်လာတာတို့။ နိုင်ငံရေးအရ တစ်စုံတစ်ရာ ဟိုတင်ပြုတာတွေ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော် ဆန့်ကျင်ရေး ဆန္ဒပြနေသူများနှင့်လုံခြုံရေးအဖွဲ့ကိုတွေ့ရစဉ်

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ မြန်မာပြည်ကို လာရောက်မည်ဖြစ်သလို မဲခေါင်-လန်ချန်း ညီလာခံသို့ တက် ရောက်မည် ဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း မီဒီယာများသို့ ပြောကြားထားသည်။

မစ္စတာ ဝမ်ယိသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က ပထမအကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော်မှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရကို ဖြုတ်ချ၍ အာဏာရယူပြီးနောက် ပထမဆုံး အကြိမ် မြန်မာပြည်သို့ လာရောက်မည် ဖြစ်သည်။

ထို့ကြောင့် မစ္စတာ ဝမ်ယိ၏ ခရီးစဉ်သည် နစကကို အသိအမှတ်ပြုရာ ရောက်နေသလို နစက ကြုံတွေ့နေရသော ဖိအား များကို တစ်စုံတစ်ရာ ဖယ်ရှားပေးသလိုဖြစ်သွားနိုင်ကြောင်း ပြည်တွင်း နိုင်ငံရေးအသိုင်းအဝန်းက သုံးသပ်နေကြသည်။

တရုတ်နိုင်ငံသည် မြန်မာ့တပ်မတော်နှင့် ရင်းနှီးသော ဆက်ဆံရေး တစ်ရပ်ကို ထူထောင်ထားသလို မြန်မာ့တပ်မတော် အတွက် ယခင်က လက်နက်များ အဓိက ရောင်းချပေးနေသော နိုင်ငံလည်းဖြစ်သည်။

တခြားတစ်ဖက်မှာတော့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်လည်း မြန်မာနိုင်ငံသို့ ဇူလိုင် ၂၉ ရက်မှ ၃ ရက်အထိ လာရောက်မည်ဖြစ်သလို ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ ကျင်းပမည့် မဲခေါင်-လန်ချန်း ညီလာခံသို့လည်း တက်ရောက်ရန် ရှိကြောင်း သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

ခရိုင်းမီးယားကို နေတိုးဝင်လျှင် တတိယကမ္ဘာစစ်သို့ဦးတည်သွားမည်ဟု ရုရှားသမ္မတဟောင်း ပြော

By CNI
CNI
Category: Watch TV
Hits: 766

Share
Tweet
Share
Share
powered by social2s

ယူကရိန်းရှိ လူစည်ကားရာ ရှော့ပင်းမောလ်ကို ရုရှားဒုံးကျည်ဖြင့် တိုက်ခိုက်

By CNI
CNI
Category: Watch TV
Hits: 771

Share
Tweet
Share
Share
powered by social2s

ရှမ်းနီစာ/ယဉ် နာယက အသတ်ခံရမှု ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချဟု SNA ပြော

By CNI
CNI
Category: Watch TV
Hits: 795

Share
Tweet
Share
Share
powered by social2s

ဒေါ်အောင်ဆန်းစုကြည် ပိုင်ဆိုင်မှုများကို လူရင်းနှစ်ဦးဆီ အပ်နှံထားခဲ့

By CNI
CNI
Category: နိုင်ငံရေး
Hits: 1866

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈

ဒေါ်အောင်ဆန်းစုကြည်သည် ပိုင်ဆိုင်သည့် ပစ္စည်းများအား လူရင်းနှစ်ဦးထံသို့ ၎င်းကိုယ်တိုင် လက်မှတ်ထိုးပြီး အပ်နှံ ထားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့်နီးစပ်သည့် ရှေ့နေ အသိုင်းအဝိုင်းထံက သိရသည်။

အကျဉ်းထောင်သို့ ပြောင်း‌ရွှေ့ မခံရခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်သည် ကြိုတင်စီစဉ်၍ လုပ်ဆောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းနှင့်နီးစပ်သည့် ရှေ့နေအသိုင်းအဝိုင်းမှ "သူက ကြိုစီစဉ်တာလေ။ သူ့ပစ္စည်းတွေကို ဟိုဟာလုပ်ဖို့က။ သူ့ပစ္စည်းက ဂိုဒေါင် တစ်လုံးနဲ့မဆန့်ဘူး အများကြီးရယ်။

အဲဒီအခါကျတော့ ပထမတစ်ခေါက် စပြီးတော့ အပြစ်ပေးတယ်ဆိုပြီး sentence ထုတ် ကတည်းကပေါ့။ လိုရမယ်ရဆိုပြီး သူစီစဉ်ပါတယ် "ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၂၂ ရက်က သက်ဆိုင်ရာ တရားရုံးများမှာ တရားစီရင်ပြီးဖြစ်၍ ပြစ်မှုဆိုင်ရာ ဥပဒေများ အရ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

ထို့နောက် ၎င်းအား သီးသန့် အဆောက်အဦတွင် ကောင်းမွန်စွာ ထားရှိထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများ ကို ပြောကြားခဲ့သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို နစကမှ ပုဒ်မ ၆ ခုနှင့် ထောင် ၁၁ နှစ် ချမှတ်ထားပြီး စွဲချက်တင် ခံထားရသည့် အမှုများအတွက် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

 

 

 

Share
Tweet
Share
Share
powered by social2s
  • 98
  • 99
  • 100
  • 101
  • 102
  • 103
  • 104
  • 105
  • 106
  • 107

Page 103 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar