CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
အီကွေဒေါ ဆန္ဒပြနေခြင်း (AP)

ဌာနေတိုင်းရင်းသားခေါင်းဆောင် အာဏာသိမ်းဖို့ကြိုးစားနေဟု အီကွေဒေါသမ္မတပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1389

CNI International News

ကွီတို၊ ဇွန်လ ၂၅

ပြည်လုံးကျွတ် သပိတ်ဆင်နွှဲရန် ဦးဆောင်နေသည့် ဌာနေတိုင်းရင်းသား ခေါင်းဆောင်သည် နိုင်ငံ့အာဏာသိမ်းရန် ကြိုးပမ်းနေကြောင်း အီကွေဒေါသမ္မတက ဇွန်လ ၂၄ ရက်တွင် စွပ်စွဲလိုက်သည်။

သပိတ်မှောက် ဆန္ဒပြခြင်းများမှ ပေါ်ပေါက်လာမည့် အကြမ်းဖက်မှုများကို ထိန်းသိမ်းရန်အတွက် တရားရေးဆိုင်ရာ ယန္တရား အားလုံးကို သုံးသွားမည်ဟုလည်း အီကွေဒေါသမ္မတ တစ်ဆက်တည်း သတိပေးခဲ့သည်။

ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော မိန့်ခွန်းထဲတွင် သမ္မတ ဂွဲလာမိုလက်ဇိုက “ဌာနတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ပြည်ထောင်စုခေါင်းဆောင် လီယိုနီဒက်အီဇာ အနေဖြင့် လက်ရှိအစိုးရကို ဖြုတ်ချရန် ဦးတည် ကြိုးစားနေကြောင်း” အတိ အလင်း ပြောကြားခဲ့သည်။

သို့သော် တိုင်းရင်းသားများ၏ ၁၃ ရက်မြောက် ဆန္ဒပြပွဲများ အဆုံးသတ်ရေး ဆွေးနွေးမှုတွင် မိမိပါဝင်လိုသည့် ဆန္ဒရှိကြောင်း သမ္မတလက်ဇိုက ထပ်လောင်း ပြောကြားခဲ့သည်။

“အခု အကြမ်းဖက် ဆန္ဒပြနေတဲ့သူတွေရဲ့ ရည်ရွယ်ချက် အစစ်အမှန်က အာဏာသိမ်းဖို့ ဦးတည်နေတယ်ဆိုတာ သက်သေပြ နေပါတယ်။ ဒါကြောင့် အီကွေဒေါမှာ ဒီမိုကရေစီအရေး မတည်မငြိမ်ဖြစ်အောင် အခုလို ကြိုးစားနေတဲ့အပေါ် သတိပေးတဲ့ အကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း ပန်ကြားလိုပါတယ်” ဟု လက်ဇိုက ဆက်လက် ပြောကြားခဲ့သည်။

အီကွေဒေါ သမ္မတ ဂွဲလာမိုလက်ဇို (Reuters)

“မစ္စတာအီဇာ(တိုင်းရင်းသားခေါင်းဆောင်) က အခြေအနေကို မထိန်းနိုင်တော့ဘူးဗျ။ ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေ လက်ထဲ ရောက်ပြီး အကြမ်းဖက်မှု ထိုးဖောက်လာပြီ” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ဓါတ်ဆီဈေးနှုန်းကို ၄၅ ဆင့်မှ ၂ ဒသမ ၁၀ ဒေါ်လာအထိသာ သတ်မှတ်ပေးရန်၊ စိုက်ပျိုးရေး ထွက်ကုန်များ ဈေးနှုန်းထိန်းရန် နှင့် ပညာရေးဘတ်ဂျက် ပိုမိုထုတ်ပေးရန် စသည့် တောင်းဆိုချက်များဖြင့် ဇွန်လ ၁၄ ရက်တွင် စတင်ခဲ့သော ဆန္ဒပြပွဲများကို တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ဦးဆောင်ခဲ့သည်။

တောင်အမေရိကတိုက်တွင် တည်ရှိသော အီကွေဒေါနိုင်ငံတွင် မြောက်ဘက်နှင့် အလယ်ပိုင်းရှိ ပြည်နယ် ၆ ခုတွင် ဆန္ဒပြပွဲ များ အထူးပြင်းထန်လာခဲ့သည်။

ကွီတိုမြို့တော်ရှိ အမျိုးသားလွှတ်တော်အနီး ဆန္ဒပြပွဲ၌ ပါဝင်ခဲ့သူတစ်ဦးမှာ ရင်ဘတ်နှင့်ဝမ်းဗိုက် ဒဏ်ရာရခဲ့ကြောင်း၊ အခြား ဒဏ်ရာရသူပေါင်း ၁၀၀ ခန့်ရှိကြောင်း ဖက်ဒရယ်ကောင်စီက ဇွန်လ ၂၃ ရက်တွင် ကြေညာခဲ့သည်။

ဆန္ဒပြသူများ၏ တုံ့ပြန် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် အချို့လည်း ဒဏ်ရာရခဲ့ကြောင်း အီကွေဒေါရဲက တွစ်တာ လူမှုကွန် ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ပါချက်တစ်ဟု ထင်ရှားသည့် ဖက်ဒရယ်ကောင်စီအဖွဲ့ချုပ်မှ နိုင်ငံရေးဝါဒရေးရာ ညှိနှိုင်းရေးမှူး မာလွန်ဆန်တီ (Marlon Santi) က “ယခု ဆန္ဒထုတ်ဖော်မှုများသည် ကျနော်တို့၏ ရုန်းကန်မှု စိတ်ဓာတ်ဟု ယုံကြည်သဖြင့် အစိုးရက တိုင်းရင်းသား များ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန် လူမှုကွန်ရက်မီဒီယာပေါ်တွင် တောင်းဆိုသည်” ဟု ရေးသားလွှင့်တင်ခဲ့ သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s

ဒဏ်ခတ်ပိတ်ဆို့၍ အလွဲသုံးစားလုပ်ခြင်းကို ရှုတ်ချသင့်ဟု ရှီကျင့်ဖျင်ပြော

By CNI
CNI
Category: Watch TV
Hits: 700

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသို့ ဒေါ်လာသန်း ၄၅၀ တန်ဖိုးရှိ စစ်ရေးအကူအညီ အမေရိကန်ထပ်ပေး

By CNI
CNI
Category: Watch TV
Hits: 736

Share
Tweet
Share
Share
powered by social2s

ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းပေး၍ တိုင်းပြည်တည်ဆောက်ရေး လုပ်သင့်

By CNI
CNI
Category: Watch TV
Hits: 686

Share
Tweet
Share
Share
powered by social2s

ရုရှားဒုံးကျည် ကျရောက်ခဲ့ပေမယ့် အိမ်ရှင်အမျိုးသားကတော့ စိတ်အေးစွာနေထိုင်

By CNI
CNI
Category: Watch TV
Hits: 756

Share
Tweet
Share
Share
powered by social2s
ဟောင်ကောင်ကနေ ထိုင်ဝမ်ကို ရွှေ့ပြောင်းခဲ့တဲ့ လမ်ဝင်ကီး (AP)

ထိုင်ဝမ်တွင် နေထိုင်ခွင့်အရေး စိတ်မအေးနိုင်ကြသည့် ဟောင်ကောင်သားများ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1202

CNI International News

တိုင်ပေ၊ ဇွန်လ ၂၄

ဆတ်ဆတ်ထိမခံသည့် တရုတ်ကွန်မြူနစ်ပါတီအကြောင်း စာအုပ်များ ရောင်းချမှုကြောင့် ၅ လကြာ အဖမ်းခံရဖူးသူ ဟောင်ကောင် စာအုပ်ပိုင်ရှင် လမ်ဝင်ကီးအတွက် ထိုင်ဝမ်သို့ ရောက်လာဖို့ အကြောင်းပြချက်က ခိုင်ခိုင်လုံလုံဖြစ်နေသည်။

ဟောင်ကောင်မှ မိုင် ၄၀၀ သာဝေးသည့် ထိုင်ဝမ်ကျွန်းသည် ပထဝီဝင် အနေအထားသာမက ဘာဘာစကားနှင့် ယဉ်ကျေးမှု အရပါ နီးစပ်လွန်းလှသည်။
ဟောင်ကောင် သားများအတွက် ၎င်းတို့မွေးရပ်မြေတွင် ပျောက်ဆုံးသွားသည်မှာ ကြာမြင့်ပြီဖြစ်သည့် လွတ်လပ်ခွင့် အရသာ ကို ထိုင်ဝမ်ကျွန်းရောက်မှ တွေ့ထိခံစားရလေသည်။

လမ်ဝင်ကီးသည် ၂၀၁၉ ခုနှစ်တွင် ထိုင်ဝမ်သို့ ပြောင်းရွှေ့ခဲ့ပြီး မြို့တော်တိုင်ပေတွင် သူ့စာအုပ်ဆိုင်ကို ပြန်လည် ဖွင့်လှစ်ပေးခဲ့ ရာ ဟောင်ကောင်မှ ပြောင်းရွှေ့ အခြေစိုက်ခြင်းဟူသော လှိုင်းလုံးတစ်ခု၏ နိဒါန်းဟု ပြော၍ ရသည်။ ဗြိတိသျှကိုလိုနီဟောင်း ဖြစ်သော ဟောင်ကောင်ကျွန်းသည် တရုတ်ဗဟိုအစိုးရနှင့် ကွန်မြူနစ်ပါတီ၏ ချုပ်ချယ်မှုအောက်တွင် လုံးဝရောက်နေပြီ ဖြစ် သည်။

“ဟောင်ကောင်မှာ ဒီမိုကရေစီမရှိဘူး။ လွတ်လပ်ခွင့်တောင် ပျောက်နေပြီ။ အင်္ဂလိပ်တွေ ဟောင်ကောင်ကို အုပ်ချုပ်နေတုန်း က စစ်မှန်တဲ့ ဒီမိုကရေစီ (ဒါမှမဟုတ်) မဲပေးပိုင်ခွင့်တောင် မရှိဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်က ဟောင်ကောင် မှာ လွတ်လွတ်လပ်လပ် နေလို့ရအောင် ထားခဲ့တယ်” ဟု လမ်က အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်။

လာမည့် ရက်သတ္တပတ်ဆိုလျှင် ဟောင်ကောင်ကျွန်းကို တရုတ်လက်သို့ ပြန်လည်ရောက်ရှိခြင်း ၂၅ နှစ်ပြည့် နှစ်ပတ်လည် အဖြစ် ဟောင်ကောင်နှင့် တရုတ်ခေါင်းဆောင်တို့ အထိမ်းအမှတ်တစ်ခုခု ပြုကြမည်ဖြစ်သည်။

ကျွန်းကို လွှဲပြောင်းစဉ်က အချို့က တရုတ်ကို အခွင့်အရေးတစ်ခုပေးဖို့ ဆန္ဒရှိခဲ့ကြသည်။ တရုတ်ကလည်း “တစ်နိုင်ငံ၊ စနစ် နှစ်မျိုး” မူဘောင်အောက်တွင် မြို့တော်ကို အနှစ် ၅၀ တိုင်အောင် အုပ်ချုပ်ပါမည်ဟု ကတိပြုခဲ့သည်။

ထိုကတိစကား၏ ဆိုလိုရင်းမှာ ဟောင်ကောင်သည် တရုတ်ပြည်မကြီးတွင် မပေးနိုင်သည့် ကိုယ်ပိုင်တရားဥပဒေ၊ နိုင်ငံရေး စနစ်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဆက်ထားပေးမည်ဟူသော သဘောရသည်။

သို့သော် နောက်ပိုင်း ဆယ်စုနှစ်များအတွင်း ဟောင်ကောင်၏ အနောက်တိုင်းပုံစံ လစ်ဘရယ် တန်ဖိုးများနှင့် ပြည်မကြီး၏ အာဏာရှင် နိုင်ငံရေးစနစ်တို့ကြားတွင် တင်းမာမှု တစတစ ကြီးထွားလာခဲ့သည်။ ၂၀၁၉ ခုနှစ် အရောက်တွင်တော့ ဒီမိုကရေစီ လိုလားသည့် ဆန္ဒပြပွဲများ ပေါ်ပေါက်လာခြင်းဖြင့် အဆုံးစွန်ဆုံး ကြီးထွားလာခဲ့လေသည်။
သည့်နောက်တွင် တရုတ်အစိုးရသည် ဟောင်ကောင်ရှိ တက်ကြွလှုပ်ရှားသူများနှင့် အခြားသူများကို ဖမ်းဆီးနိုင်မည့် ခြိမ်းခြောက်စရာ တစ်ခုအဖြစ် အမျိုးသားလုံခြုံရေးဥပဒေသစ်ကို ရေးဆွဲချပြလာခဲ့သည်။

ဟောင်ကောင်၏ မြို့ပြအသွင်အပြင်မှာ မပြောင်းလဲဘဲ ကောင်းဆဲဖြစ်သည်။ ကုန်တိုက်များ စည်စည်ကားကား ဖွင့်ထားပြီး မိုးမျှော်တိုက်များ ဖွေးဖွေးလှုပ်နေသည်။

သို့သော် ယမန်နှစ်က ထိုင်ဝမ်သို့ ပြောင်းသွားခဲ့သည့် နာမည်ကျော် အနုပညာရှင် ကေစီဝေါင် (Kacey Wong) က “ဟောင် ကောင် တွင် အဖမ်းအဆီး ကြမ်းနေခြင်းနှင့် သူ့ သူငယ်ချင်းများ ယခု ထောင်နန်းစံ နေရသဖြင့် ရတက်မအေးဖြစ်နေရ ကြောင်း” ပြောကြားခဲ့သည်။

“အပြင်မှာ ဆိပ်ကမ်း နေဝင်ချိန်က လှနေသေးတယ်။ ဒါပေမယ့် ဒါလေးကိုပဲ ကြည့်ပြီး ခင်ဗျား လွတ်လပ်နေသေးတယ်လို့ ထင်ရင် မှားလိမ့်မယ်။ တကယ်တော့ ခင်ဗျားအတွက် လွတ်လပ်တာ မရှိဘူး။ အစိုးရက ခင်ဗျားကို စောင့်ကြည့်နေတယ်။ လျှို့ဝှက်လိုက်နေပါတယ်” ဟု ကေစီဝေါင်က ပြောသည်။

သူ့အဖို့ ထိုင်ဝမ်တွင် လုံခြုံသည်ဟု ခံစားရသော်လည်း ပြည်နှင်ဒဏ်ခံရသည့် ဘဝမှာတော့ အဆင်ပြေ ချောမွေ့လှသည်တော့ မဟုတ်ပါ။ ဟောင်ကောင်နှင့် ဆင်တူသော်လည်း ထိုင်ဝမ်ရှိ သူ့အိမ် အသစ်ကတော့ သူ့အတွက် သူစိမ်းပြင်ပြင် ဖြစ်နေသလို ခံစားရသည်။ သူသည် ထိုင်ဝမ်ဘာသာစကားဖြစ်သည့် ဖူဂျီယန်ဒေသိယစကားကို ကောင်းကောင်း မပြောတတ်ပေ။

ဟောင်ကောင်ကနေ ထိုင်ဝမ်ကို ရွှေ့ပြောင်းခဲ့တဲ့ ကေစီဝေါင် (AP)

ပြီးတော့ သူရောက်နေသည့် ကျွန်းသည် သူကျောခိုင်း ထွက်ခွာလာခဲ့သည့် ငွေကြေးမြို့တော် ဟောင်ကောင်နှင့် မတူညီသည် က အများကြီး ရှိလေသည်။
ထိုင်ဝမ်သို့ ရောက်ပြီးခါစ ၆ လအတွင်း သူသည် ခရီးသွား ဧည့်သည် တစ်ယောက်လိုပင် ဖြစ်နေခဲ့ပြီး မိမိဘာသာ ရွှေ့ပြောင်း နေထိုင်ခြင်း၏ အရသာ သတိပြုမိကြောင်း ကေစီဝေါင်က ပြောကြားခဲ့သည်။

“နေရာတွေ၊ လမ်းတွေ၊ လူတွေနဲ့ ဘာသာစကားက အစိမ်းသက်သက်ပဲ။ ကျနော့်တိုက်အောက်က ဆိုင်နဲ့တောင် သိပ်မရင်းနှီး သေးဘူး” ဟု သူက ပြောပြသည်။

လမ်ဝင်ကီး (သို့မဟုတ်) ကေစီဝေါင်တို့ထက် ထင်ရှားသည့် အခြားပြည်ပြေးများသည် နေထိုင်ပုံ စနစ်တစ်ခုကို လမ်းညွှန်စနစ် သစ်တစ်ခု အမှန်ပင် လိုအပ်သည်။ လက်ရှိ လမ်းညွှန်စနစ်ဟောင်းသည် ဒုက္ခသည်များနှင့် ခိုလှုံခွင့် ရှာသူများအတွက် ဥပဒေ (သို့မဟုတ်) အုပ်ချုပ်ရေးယန္တရား မပါသလို အမြဲတမ်းပျူငှာစွာ ကြိုဆိုခြင်း မပါဝင်ပေ။

ထိုင်ဝမ်ကျွန်းကို ၎င်း၏ပြည်နယ် အစိတ်အပိုင်းဖြစ်ကြောင်း အခိုင်အမာ ပြောကြားလာသော ဘေဂျင်းကြောင့် ထိုင်ဝမ်၏ လုံခြုံရေး အန္တရာယ် ပိုများလာခဲ့သည်။

ထိုင်ဝမ်ပြဿနာကို ပိုမိုရှုပ်ထွေးစေသည်က ဟောင်ကောင်တွင် ဘေဂျင်း၏ ဩဇာ လွှမ်းမိုးမှု ကြီးထွားလာသည့် အကြောင်းတရားလည်း ပါဝင်နေသည်။

ဥပမာအားဖြင့် အစိုးရကျောင်းဆရာများနှင့် ဆရာဝန်များ ကဲ့သို့သော လူပုဂ္ဂိုလ်အချို့သည် ဟောင်ကောင် အစိုးရအတွက် အလုပ်လုပ်ခဲ့ဖူးသဖြင့် ထိုင်ဝမ်တွင် အမြဲတမ်းနေထိုင်ခွင့် ငြင်းပယ်ခံခဲ့ရကြောင်း ဟောင်ကောင် ပြင်ပရောက်သူများအဖွဲ့ (Hong Kong Outlanders) မှ အထွေထွေအတွင်းရေးမှူး Sky Fung က ပြောပြသည်။
ထိုအဖွဲ့သည် ထိုင်ဝမ်ရောက် ဟောင်ကောင်သူ၊ ဟောင်ကောင်သားများအတွက် ထောက်ခံအားပေးနေသည့် အဖွဲ့ဖြစ်သည်။

အခြားသူများအတွက်လည်း ပိုမိုတင်းကျပ်သော လိုအပ်ချက်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြည်ဝင်ခွင့်ဗီဇာများ လျှောက်ထား ရာ၌ နှေးကွေးနေသဖြင့် ရုန်းကန်ကြိုးစားနေရသည်။

ဘာသာစကားနှင့် ယဉ်ကျေးမှုအရ ဟောင်ကောင်သားများနှင့် ထိုင်ဝမ်တို့ ပိုမိုနီးကပ်သော်လည်း ဗြိတိန်နှင့် ကနေဒါတို့ သွား နေလိုလျှင် ပိုမိုရှင်းလင်းသော လူဝင်မှုကြီးကြပ်ရေး လမ်းကြောင်းကလည်း အသင့်နေရှိသဖြင့် အချို့က လွန်ခဲ့သည့် တစ်နှစ် အတွင်း ထိုင်ဝမ်ကို ကျောခိုင်း ထွက်ခွာကြရန် ရွေးချယ်ခဲ့ကြပြန်သည်။

သို့ဖြစ်၍ ထိုင်ဝမ်သည် ဟောင်ကောင်မှ ထူးချွန်သူများကို ထိန်းသိမ်းရန် ရွှေရောင် အခွင့်အရေးကို လက်လွတ်သွားကြောင်း ကေစီဝေါင်က ပြောကြားခဲ့သည်။

ထိုင်ဝမ်အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာန၏ အဆိုအရ ယမန်နှစ်တွင် ဟောင်ကောင်သား ၁၁,၀၀၀ ခန့် ထိုင်ဝမ်တွင် နေထိုင်ခွင့်ရခဲ့ရာ ထိုအထဲမှ ၁၆၀၀ သည် အမြဲတမ်း နေထိုင်ခွင့်ရခဲ့ကြောင်း သိရသည်။

တရုတ်၏ ဖြိုခွင်းမှုကို လက်တုံ့ပြန်သည့် အနေဖြင့် ယမန်နှစ်တွင် ဟောင်ကောင်နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူများ နေထိုင်ခွင့် လျှောက်ထားသူ လူဦးရေ ၉၇,၀၀၀ ကို ဗြိတိန်နိုင်ငံက ခွင့်ပြုပေးခဲ့သည်။

မည်သို့ပင်ဆိုစေ အတိတ်၏ အရိပ်များကြောင့် တိုက်ရိုက် မလုပ်ပေးနိုင်သည့်တိုင် နေထိုင်ခွင့်ကိစ္စ မပြည့်စုံသော ထိုင်ဝမ်သည် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအတွက် ၎င်းတို့အလုပ် ဆက်လုပ်နိုင်ဖို့ အခွင့်အရေးတော့ ပေးနေသည်။

လမ်ဝင်ကီးသည် ၂၀၁၆ ခုနှစ်၌ တရုတ်လုံခြုံရေးအေးဂျင့်များ၏ ဖမ်းဆီးခံရသော ဟောင်ကောင် စာအုပ်ရောင်းသူ ၅ ဦးထဲမှ တစ်ဦးဖြစ်သည်။

သူသည် ၁၉၈၉ ခုနှစ်၊ ဘေဂျင်းမြို့၊ တီအန်နန်မင် ရင်ပြင်၌ ဒီမိုကရေစီအရေး ဆန္ဒပြသူများကို သွေးထွက်သံယိုဖြိုခွင်းမှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ယခုလဆန်း ဇွန်လ ၄ ရက်၌ ကျင်းပပြီးစီးခဲ့သော အောက်မေ့ဖွယ် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ထို့ပြင် တရုတ်ပြည်မကြီး ဆန့်ကျင်ရေး ဆန္ဒပြပွဲများသို့လည်း မကြာခဏ သူ ရောက်လေ့ရှိသည်။

တီအန်နန်မင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအကြောင်း အထိမ်းအမှတ်ပွဲကို မကြာသေးမီ ကာလအထိ ဟောင်ကောင်နှင့် မကာအို ကျွန်းတို့တွင် ပိတ်ပင်တားဆီးခဲ့သည်။

“ဟောင်ကောင်သား တစ်ယောက်အနေနဲ့ ကျနော်တို့ ခုခံတွန်းလှန်မှုကို မရပ်တန့်ခဲ့ဘူး။ ထိုင်ဝမ်မှာ လုပ်စရာရှိတာတွေ အမြဲ တမ်း ဆက်လုပ်နေပြီး အခမ်းအနားတွေတိုင်း ကျနော် ပါခဲ့တယ်။ ဒီတိုက်ပွဲကို အရှုံးမပေးခဲ့ဘူး” ဟု လမ်ဝင်ကီးက ပြောကြား ခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
ဒေါ်အောင်ဆန်းစုကြည်(ဓါတ်ပုံ-Getty Images)

ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းပေး၍ တိုင်းပြည်တည်ဆောက်ရေး လုပ်သင့်

By CNI
CNI
Category: နိုင်ငံရေး
Hits: 3246

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄

ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ တိုင်းပြည်တည်ဆောက်ရေးတွင် ပူးပေါင်းနိုင်ရေး လုပ်ဆောင်သင့် ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မိမိနှင့် မိတ်ဆွေများဖြစ်ပြီး မနေအပ်သည့်နေရာမှာ နေနေရခြင်းအတွက် စိတ်မကောင်းဖြစ် မိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်း လုပ်ကြစေလိုကြောင်း ၎င်းက ပြောသည်။

ဒေါက်တာအေးမောင်က “ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အဲဒီနေရာတွေကနေ တကယ် သူလုပ်ပေးနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းမှုတွေပေါ့ဗျာ၊ အဲဒါကို လုပ်ပေးနိုင်တဲ့ အနေအထားတစ်ခု ရောက် အောင် ဆောင်ရွက်ပေးစေချင်တယ်၊ ဒေါက်တာခင်ရွှေတို့၊ ဦးချစ်ခိုင်တို့ စသဖြင့် ပုဂ္ဂိုလ်တွေ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ နိုင်ငံရေးသမားကြီးတွေ အများကြီးထောင်ထဲမှာ ULA/AA နဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ တခြားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေ အားလုံးကိုလည်းပဲ ငြိမ်းချမ်းရေးအရ ပြန်လွှတ်စေချင်တဲ့ဆန္ဒ ကျ‌နော်တို့မှာ ရှိပါတယ်။ အဲဒီတော့ ထောင်တွင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တစ်ယောက်ကို ဒီလိုပဲ ထားမယ့်အစား အပြင်မှာ ခုနလိုပေါ့ဗျာ လွတ်ငြိမ်းသက်သာခွင့်နဲ့ တိုင်းပြည်တည်ဆောက်ရေး လက်ရှိအနေအထား အကျဉ်း အကျပ်တွေကနေ ရုန်းကန်နိုင်ရေးအတွက် ပူးပေါင်းနိုင်အောင် SAC ဘက်က စဉ်းစားသင့်ပါတယ်”ဟု CNI သို့ ပြောသည်။

အလားတူ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ဒေါက်တာခင်ရွှေ၊ ဦးချစ်ခိုင်၊ နှင်းဆီပါတီ ဉက္ကဋ္ဌ ဦးကျော်မြင့်တို့ကို ပြန်လွှတ်ပေးကာ တိုင်းပြည်တည်ဆောက်ရေးနှင့် စီးပွားရေးကဏ္ဍများတွင် အသုံးပြုရန် နစကမှ လုပ်ဆောင်သင့်ကြောင်း ၎င်းကပြောသည်။


ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၂၂ ရက်က သက်ဆိုင်ရာ တရားရုံးများမှာ တရားစီရင်ပြီးဖြစ် ၍ ပြစ်မှုဆိုင်ရာ ဥပဒေများအရ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၎င်းအား သီးသန့် အဆောက်အဦတွင် ကောင်းမွန်စွာ ထားရှိထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ပြောင်းသည့်ကိစ္စမှာ လုံခြုံရေးအားဖြင့်သော်လည်းကောင်း၊ မညီမျှ သည့် အကျဉ်းသားမူဝါဒကြောင့်ဖြစ်နိုင်သည်ဟု ဒေါ်တာအေးမောင်က ဆက်ပြောသည်။

“အမှုတော်တော်များများကတော့ ပြီးတယ်လို့ ပြောလို့ရတာပေါ့။ ဦးဇော်မင်းထွန်းတို့ ပြောသလိုပဲ။ အမှုတွေက စိစစ်ပြီးပြီ၊ ကျန်တဲ့အမှုတွေက စိစစ်ဖို့လိုတယ်၊ အဲဒီတော့ ထောင်လည်း ချထားပြီးပြီဆိုတော့ အကျဉ်းသားတစ်ဦး အနေနဲ့ တခြားအကျဉ်းသားတွေနဲ့ တန်းတူ ထားဖို့လိုအပ်တယ်ဆိုတာတွေလည်း နိုင်ငံရေးအားဖြင့် ဖြစ်လာမှာ၊ ၁၉၉၀ ကာလတုန်းက ဦးခွန်ထွန်းဦးတို့ကို နှစ် ၁၀၀ ကျော်ချတယ်လေ။ ဒေါ်အောင်ဆန်းစုကြည်ကိုကြတော့ အိမ်မှာပဲ ထားတာကိုးဗျ။ တိုင်းရင်းသားခေါင်းဆောင်တွေကို ထောင်ချရင် ဗမာအများစုပါတဲ့ အစိုးရမင်းများက မတူကွဲပြားတဲ့ပုံနဲ့ ဆက်ဆံတာပေါ့။ အဲဒါတစ်ခုကလည်း တိုင်းရင်းသားတွေရဲ့ ရင်ထဲမှာ ရှိနိုင်ပါတယ်။ ဦးခွန်ထွန်းဦးတို့၊ ဦးစိုင်းညွန့်လွင်တို့ကို ထောင်ဘယ်လောက်အထိချခဲ့သလဲပေါ့နော်။ ကျနော်တို့ စဝ်ဆေထင်တို့ ဘာတို့လေ။ ပြန်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ကြတော့ အိမ်မှာထားတယ်၊ ဟိုပုဂ္ဂိုလ်တွေကြတော့ အလွန်တရာအေးတဲ့နေရာကို ပို့တယ်။ စသဖြင့် မညီမျှတဲ့ အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့မူကို မြန်မာအစိုးရ အဆက်ဆက်က ထားခဲ့တာပေါ့ဗျာ” ဟု ပြောသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို နစကမှ ပုဒ်မ ၆ ခုနှင့် ထောင် ၁၁ နှစ် ချမှတ်ထားပြီးဖြစ်ကာ စွဲချက်တင် ခံထားရသည့် အမှုများအတွက် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော အမှုများထဲမှ နိုင်ငံတော်လျှို့ ဝှက်အက်နှင့်ပတ်သက်ပြီး စွဲဆိုခံထားရသော အမှုများကိုတော့ နေပြည်တော် အကျဉ်းထောင်ရှိ အထူးတရားရုံးတွင် ဇွန်လ ၂၄ ရက်နေ့မှာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်က ကွယ်လွန်သွားသည့် ဗိုလ်မှူးစိုင်းသန်းအောင် (SSPP Info)

SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းသန်းအောင်၏ ဈာပန အခမ်းအနား

By CNI
CNI
Category: နိုင်ငံရေး
Hits: 2350

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းသန်းအောင် ဇွန်လ ၂၂ ရက်နေ့က ကွယ်လွန်သွားခဲ့ပြီး ယနေ့ (ဇွန်လ ၂၄ ရက်)တွင်  သူ၏ ဈာပန အခမ်းအနားကို တွေ့ရသည်။

ဗိုလ်မှူးစိုင်းသန်းအောင်သည် SSPP/SSA ၏ အတွင်းရေးမှူး တစ်ဦးလည်း ဖြစ်သည်။ သူ၏ ရုပ်အလောင်းကို ဇွန်လ ၂၄ ရက်နေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် SSPP/SSA ကိုယ်စားလှယ်တို့ နေပြည်တော်မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့စဉ်က ပါဝင် တက်ရောက် ခဲ့သေးသည်။

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်းစစ်သားများ ဟောင်ဝစ်ဇာ အမြောက်များ ပစ်ခတ်နေစဉ် (AP)

ယူကရိန်းသို့ ဒေါ်လာ သန်း၄၅၀ တန်ဖိုးရှိ စစ်ရေးအကူအညီ အမေရိကန်ထပ်ပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1681

CNI International News

ဝါရှင်တန်၊ ဇွန်လ ၂၄

နောက်ထပ် တာဝေးပစ် ဒုံးကျည်စနစ်များ အပါအဝင် ယူကရိန်းနိုင်ငံသို့ စစ်ရေးအကူအညီ ဒေါ်လာ သန်း ၄၅၀ တန်ဖိုး ထပ်မံ ပေးအပ်သွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ဇွန်လ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာ သတင်းအရ သိရသည်။

လက်ရှိ အခြေအနေတွင် မော်စကို(ရုရှား) တပ်များသည် ဒွန်ဘတ်စ် စက်မှုဒေသကို သိမ်းပိုက်ရန် အပြင်းအထန် ကြိုးပမ်းနေ ပြီး ယူကရိန်းအရှေ့ဘက်ခြမ်း၌ ထိုးစစ်ဆင်လျက်ရှိသည်။ ထိုဒေသ၌ ယူကရိန်းတပ်ဖွဲ့ဝင် အချို့မှာ ရုရှားသံချပ်ကာ ယာဉ်များ ၏ ဝိုင်းရံပိတ်ဆို့ ခံရမည်ကို စိုးရိမ်နေကြသည်။

ယခုနောက်ဆုံး အမေရိကန် ပေးပို့သော လက်နက်ပံ့ပိုးမှုသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၄၅၀ ရှိပြီး နောက် ထပ် HIMARS (ဟီမားစ်) အဆင့်မြင့် ဒုံးကျည်စနစ်များ၊ ကမ်းရိုးတန်းနှင့်မြစ်ကြောင်း ကင်းလှည့်ရေယာဉ် ၁၈ စင်းနှင့် ကျည် ဆန် ထောင်နှင့်ချီ၍ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

စစ်ရေး အကူအညီတိုင်း၌ လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်သည့် လက်နက် အမျိုးအစားသိရှိရန် ဝါရှင်တန်သည် ကိယက်ဗ်အစိုးရနှင့် အနီးကပ် လက်တွဲ လုပ်ဆောင်နေကြောင်း မဟာဗျူဟာမြောက် ဆက်ဆံရေးဆိုင်ရာ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ညှိနှိုင်းရေးမှူး ဂျွန်ကာဘီ (John Kirby) က ပြောကြားခဲ့သည်။

အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ညှိနှိုင်းရေးမှူး ဂျွန်ကာဘီ

“ဒီလို အနီးကပ် လုပ်ဆောင်ရခြင်းရဲ့ အကြောင်းရင်းကတော့ စစ်မြေပြင်မှာ ဖြစ်ပျက်နေတာတွေကို ဆက်စပ် သိရှိနိုင်ဖို့ ဖြစ်ပါ တယ်” ဟု ဂျွန်ကာဘီက အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

လပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည့် စစ်ပွဲ၌ အင်အားကြီးမားသော တာဝေးပစ် လက်နက်ကြီး HIMARS ကို မကြာမီကပင် လက်ခံ ရရှိခဲ့ကြောင်း ဇွန်လ ၂၃ ရက် အစောပိုင်းက ယူကရိန်းဘက်မှ သတင်းထုတ်ပြန်ခဲ့သည်။

သင်္ဘောဖျက် ဒုံးကျည်စနစ်၊ အမြောက်ဒုံးကျည်၊ ဟောင်ဝစ်ဇာများနှင့် ခဲယမ်းမီးကျောက် ပါဝင်မည့် ဒေါ်လာ ၁ ဘီလီယံ တန် ဖိုးရှိ စစ်ရေး အကူအညီကို ယူကရိန်းသို့ အမေရိကန် ပေးမည်ဟု ကြေညာပြီးနောက် ယင်းအကူအညီ၏ တစိတ်တပိုင်းအဖြစ် ယခု ဒေါ်လာသန်း ၄၅၀ တန် ပံ့ပိုးမှု အစီအစဉ် ပေါ်ပေါက်လာခဲ့သည်။

စစ်ပွဲသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ရက်စက်ကြမ်းကြုတ်သည့် သရုပ်ပြမှုအဆင့်သို့ ရောက်ရှိလာခဲ့ရာ ရုရှား တပ်ဖွဲ့များသည် ဒွန်ဘတ်စ်ဒေသတွင် အမြောက်ကျည်ဆန်များ စုစည်း တိုက်ခိုက်နေခဲ့ကြသည်။ ထိုဒေသကို ယူကရိန်း ခွဲထွက်ရေး သမားများက လက်ဝယ်သိမ်းပိုက်နိုင်ဖို့ မော်စကို(ရုရှား)ထံသို့ တောင်းဆိုနေခဲ့ကြသည်။

Source: Reuters

 

 

 

Share
Tweet
Share
Share
powered by social2s

ဖိလစ်ပိုင်၊ ကွီဇွန်ပြည်နယ်တွင် NPA သူပုန် ၃ ဦးလက်နက်ချ

By CNI
CNI
Category: Watch TV
Hits: 670

Share
Tweet
Share
Share
powered by social2s

အာဖဂန်ငလျင်ကြောင့် လူ ၁၀၀၀ သေဆုံး

By CNI
CNI
Category: Watch TV
Hits: 748

Share
Tweet
Share
Share
powered by social2s

ဖက်ဒရယ်တည်ဆောက်ရေး KNU ပါလာရန် နစက ဆောင်ရွက်မည်ဟု DKBA ကို ပြော

By CNI
CNI
Category: Watch TV
Hits: 683

Share
Tweet
Share
Share
powered by social2s

ထိုင်းနိုင်ငံသားသေဆုံးမှုမှ လက်ဗွေတွေ့ရှိသည့် ရခိုင်လူငယ် အာမခံဖြင့် လွတ်နိုင်ခြေရှိဟု ဆို

By CNI
CNI
Category: Watch TV
Hits: 688

Share
Tweet
Share
Share
powered by social2s
ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်

ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်သို့ ပြောင်းရွှေ့ထားဟု နစက အတည်ပြု

By CNI
CNI
Category: နိုင်ငံရေး
Hits: 1408

CNI News

၂၀၂၂ ခုနှစ်၊ ဇွန် ၂၃

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်သို့ ပြောင်းရွှေ့ထားကြောင်း နစက၏ သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို အတည်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၂၂ ရက်တွင် သက်ဆိုင်ရာ တရားရုံးများက တရားစီရင်ပြီးဖြစ်၍ ပြစ်မှုဆိုင်ရာဥပဒေများ အရ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်ဆိုသည့် သတင်းမှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား သီးသန့် အဆောက်အဦတွင် ကောင်းမွန်စွာ ထားရှိထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ပြောကြားခဲ့သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို နစကမှ ပုဒ်မ ၆ ခုနှင့် ထောင် ၁၁ နှစ် ချမှတ်ထားပြီးဖြစ်ကာ ဆွဲချက်တင် ခံထားရ သည့် အမှုများအတွက် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက် နေအိမ်အကျယ်ချုပ်က လွတ်မြောက်စဉ် လူထုနဲ့တွေ့စဉ် (AP)

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော အမှုများထဲမှ နိုင်ငံတော်လျှို့ ဝှက်အက်နှင့် ပတ်သက်ပြီး စွဲဆိုခံထား ရသော အမှုများကိုတော့ နေပြည်တော် အကျဉ်းထောင်ရှိ အထူးတရားရုံးမှာ ဇွန်လ ၂၄ ရက်တွင် စစ်ဆေးသွားရန် ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ အရေးတော်ပုံကာလများနှင့် ၁၉၉၀ အထွေထွေရွေးကောက်ပွဲ ကာလများမှစတင်၍ ၂၀၁၀ ခုနှစ်အထိ နေအိမ်အကျယ် ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းမှုများ အကြိမ်ကြိမ် ခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်သို့ ခတ္တ သွားရောက် နေထိုင်ရသည့် အခြေအနေမျိုးသာ ရှိခဲ့သည်။

ယခုလို ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် အကျဉ်းထောင်အတွင်းသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရခြင်းမျိုး မရှိခဲ့ကြောင်း ၈၈၈၈ အရေး တော်ပုံအတွင်း ဖြတ်သန်းခဲ့သော နိုင်ငံရေးသမားများက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းသန်းအောင် ကွယ်လွန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1118

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းသန်းအောင် ဇွန်လ ၂၂ ရက်နေ့က လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ဗိုလ်မှူးစိုင်းဖုန်းဟန်က CNI သတင်းဌာနသို့ အတည်ပြု ပြောသည်။

ဗိုလ်မှူးစိုင်းသန်းအောင်သည် SSPP/SSA ၏ အတွင်းရေးမှူး တစ်ဦးလည်း ဖြစ်သည်။ သူ၏ ရုပ်အလောင်းကို ဇွန်လ ၂၄ ရက်နေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် SSPP/SSA ကိုယ်စားလှယ်တို့ နေပြည်တော်မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့စဉ်က ပါဝင် တက်ရောက် ခဲ့သေးသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
KSO အဖွဲ့အစည်းမှ လူငယ်များကိုတွေ့ရစဉ်

ခွဲခြားဆက်ဆံခံရ၍ မဏိပူရ်ပြည်နယ်အစိုးရကို KSO ကျောင်းသားအဖွဲ့က သတိပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1893

CNI International News

အင်ဖာ၊ ဇွန်လ ၂၃

မကြာသေးမီ ကာလများ၌ အိန္ဒိယဗဟိုအစိုးရ၏ မူဝါဒများသည် နိုင်ငံသားများအပေါ် ခွဲခြားဆက်ဆံစေခြင်းသို့ ဦးတည်စေ ကြောင်း၊ အချို့လူမှု အသိုင်းအဝိုင်းများကို ဆက်ဆံရာတွင် တရားမျှတမှုမရှိကြောင်း ကူကီးကျောင်းသားများအဖွဲ့ (Kuki Students' Organisation -KSO) မှ ချူရာချန်ပူရ်က ဇွန်လ ၂၁ ရက်၌ ဝေဖန်ခဲ့သည်ဟု The Frontier Manipur သတင်း ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။

“မျှတမှုမရှိသော ကုစားမှုများသည် မဏိပူရ်ပြည်နယ်အတွင်း မတူညီသော အသိုင်းအဝိုင်းများအကြား စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်စေပြီး သဘောထားကွဲလွဲမှုများ တိုးပွားလာစေကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ယခုနှစ် အစောပိုင်း၌ ဒေသခံများ၏ ဒုတိယအကြိမ် ရွေးကောက်တင်မြှောက်ခြင်းခံရသူ အင်န်ဘီရမ်ဆင်း (N Biren Singh) ဦးဆောင်သော မဏိပူရ်ပြည်နယ်အစိုးရသည် ပြည်နယ်အတွင်း ခွဲခြားဆက်ဆံနေကြောင်း ကူကီးကျောင်းသားများအဖွဲ့က ဝေဖန်လာခဲ့ခြင်း ဖြစ်သည်။

မဏိပူရ်ပြည်နယ်သည် နယ်မြေအတွင်း လူမျိုးပေါင်းစုံ အတူတကွ နေထိုင်ကြသော အိန္ဒိယနိုင်ငံ အသေးစားဖြစ်ပြီး ဗြိတိသျှ ကိုလိုနီဘဝက နိုင့်ထက်စီးနင်း ပိုင်းခြား သတ်မှတ်ခြင်း ခံခဲ့ရကြောင်း၊ အိန္ဒိယအစိုးရ အဆက်ဆက်၏ အလွန်မြတ်နိုး တန်ဖိုး ထားသော မတူကွဲပြားမှုအောက်၌ စည်းလုံးညီညွတ်သည့် အစဉ်အလာအတိုင်း ပြည်နယ်သူ၊ ပြည်နယ်သူများ အတူယှဉ်တွဲ နေထိုင်ခဲ့ကြောင်း KSO အဖွဲ့က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မာယာအိန်ဂယ်လု၏ ပြောကြားချက်ဖြစ်သော “မတူကွဲပြားမှု၌ အလှတရားနှင့် ခွန်အားရှိသည်” ဟူသော အယူအဆကို KSO ကျောင်းသားအဖွဲ့က ကိုးကားထောက်ပြခဲ့ကြသည်။

မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့က  တက္ကသိုလ်တစ်ခု

နိုင်ငံအတွင်း မတူကွဲပြားမှုကို ထိန်းသိမ်း လုပ်ဆောင်နိုင်ခြင်းကြောင့် လူ့အဖွဲ့အစည်းနှင့် စီးပွားရေးကဏ္ဍ အသီးသီး ဖွံ့ဖြိုး တိုးတက်လာပြီး မိမိတို့၏ ခြားနားသော ဘဝအလွှာပေါင်းစုံကို ရှေ့သို့ တွန်းပို့ပေးခဲ့ကြောင်း KSO က ယုံကြည်ထားသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့နိုင်ငံရဲ့ သမိုင်းက မတူကွဲပြားမှုတွေကို တရားမျှတစွာနဲ့ အားလုံး ပါဝင်နိုင်တဲ့ နည်းလမ်း (the most inclusive way) သုံးပြီး ဂရုတစိုက် စီမံခန့်ခွဲရမယ်ဆိုတာ ကျနော်တို့ကို သင်ကြားပေးခဲ့ပါတယ်” ဟု KSO အဖွဲ့က ထပ် လောင်း ပြောကြားခဲ့သည်။

မဏိပူရ်ပြည်နယ် အာဏာပိုင်များသည် ရှုပ်ထွေးပွေလီလှသော ဌာနေတိုင်းရင်းသားများ ဆက်ဆံရေးကို ထိန်းသိမ်းရမည့် အစား ဗဟိုအစိုးရဘက်မှ ရပ်တည်ရန် ရွေးချယ်ခဲ့ကြောင်း၊ ပြည်နယ်အတွင်း အမုန်းစကားများနှင့် ပတ်သက်၍ ကိုင်တွယ်ပုံကို ကြည့်ပြီး အာဏာပိုင်များ၏ သဘောထားကို ထင်ရှားစွာ တွေ့နိုင်ကြောင်း ၎င်းအဖွဲ့က ဝေဖန်ခဲ့သည်။

ထို့ပြင် အချို့သော အသိုင်းအဝိုင်းများမှ ဒုစရိုက်မှုကျူးလွန်သူများကို ပြည်နယ်ရဲတပ်ဖွဲ့သို့ တိုင်ကြားမှု အများအပြား ရှိသော် လည်း အကြိမ်ကြိမ် ပြစ်ဒဏ်မှ လွတ်ငြိမ်းသာခွင့် ပေးလျက်ရှိသည်။

မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့တွင်းတစ်နေရာ

အခြားတဖက်တွင်မူ တောင်ပေါ်သားများ အထူးသဖြင့် ကူကီးလူမျိုးများ ကျူးလွန်သည့် ပြစ်မှုမျိုးဆိုလျှင် ပါဝင် ပတ်သက် သူများက တောင်းဆိုခြင်း မရှိသော်လည်း အာဏာပိုင်များ လိုလားသည့်အတိုင်း တရားစွဲဆို အရေးယူနေကြသည်။

ထိုသို့ မမျှတသော စွဲချက်များဖြင့် ဖမ်းဆီးထောင်ချခြင်းကို စိတ်ပျက်မိကြောင်း KSO ကျောင်းသားများအဖွဲ့က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

“တိုင်းရင်းသားတွေရဲ့ စိတ်ဓာတ်တွေကို တည်ငြိမ်အောင်လုပ်ဖို့ ခြေလှမ်းတွေ ပြည်နယ်အစိုးရက မလှမ်းဘူးဆိုရင် လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ဦးမှာပဲ” ဟု အဆိုပါ ကြေညာချက်တွင် သတိပေးထားသည်။

Source: The Frontier Manipur

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 100
  • 101
  • 102
  • 103
  • 104
  • 105
  • 106
  • 107
  • 108
  • 109

Page 105 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar