CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

အာဖဂန်ငလျင်ကြောင့် လူ ၁၀၀၀ သေဆုံး

By CNI
CNI
Category: Watch TV
Hits: 819

Share
Tweet
Share
Share
powered by social2s

ဖက်ဒရယ်တည်ဆောက်ရေး KNU ပါလာရန် နစက ဆောင်ရွက်မည်ဟု DKBA ကို ပြော

By CNI
CNI
Category: Watch TV
Hits: 758

Share
Tweet
Share
Share
powered by social2s

ထိုင်းနိုင်ငံသားသေဆုံးမှုမှ လက်ဗွေတွေ့ရှိသည့် ရခိုင်လူငယ် အာမခံဖြင့် လွတ်နိုင်ခြေရှိဟု ဆို

By CNI
CNI
Category: Watch TV
Hits: 743

Share
Tweet
Share
Share
powered by social2s
ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်

ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်သို့ ပြောင်းရွှေ့ထားဟု နစက အတည်ပြု

By CNI
CNI
Category: နိုင်ငံရေး
Hits: 1528

CNI News

၂၀၂၂ ခုနှစ်၊ ဇွန် ၂၃

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်သို့ ပြောင်းရွှေ့ထားကြောင်း နစက၏ သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို အတည်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၂၂ ရက်တွင် သက်ဆိုင်ရာ တရားရုံးများက တရားစီရင်ပြီးဖြစ်၍ ပြစ်မှုဆိုင်ရာဥပဒေများ အရ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်ဆိုသည့် သတင်းမှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား သီးသန့် အဆောက်အဦတွင် ကောင်းမွန်စွာ ထားရှိထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ပြောကြားခဲ့သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို နစကမှ ပုဒ်မ ၆ ခုနှင့် ထောင် ၁၁ နှစ် ချမှတ်ထားပြီးဖြစ်ကာ ဆွဲချက်တင် ခံထားရ သည့် အမှုများအတွက် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက် နေအိမ်အကျယ်ချုပ်က လွတ်မြောက်စဉ် လူထုနဲ့တွေ့စဉ် (AP)

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော အမှုများထဲမှ နိုင်ငံတော်လျှို့ ဝှက်အက်နှင့် ပတ်သက်ပြီး စွဲဆိုခံထား ရသော အမှုများကိုတော့ နေပြည်တော် အကျဉ်းထောင်ရှိ အထူးတရားရုံးမှာ ဇွန်လ ၂၄ ရက်တွင် စစ်ဆေးသွားရန် ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ အရေးတော်ပုံကာလများနှင့် ၁၉၉၀ အထွေထွေရွေးကောက်ပွဲ ကာလများမှစတင်၍ ၂၀၁၀ ခုနှစ်အထိ နေအိမ်အကျယ် ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းမှုများ အကြိမ်ကြိမ် ခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်သို့ ခတ္တ သွားရောက် နေထိုင်ရသည့် အခြေအနေမျိုးသာ ရှိခဲ့သည်။

ယခုလို ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် အကျဉ်းထောင်အတွင်းသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရခြင်းမျိုး မရှိခဲ့ကြောင်း ၈၈၈၈ အရေး တော်ပုံအတွင်း ဖြတ်သန်းခဲ့သော နိုင်ငံရေးသမားများက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းသန်းအောင် ကွယ်လွန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1218

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းသန်းအောင် ဇွန်လ ၂၂ ရက်နေ့က လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ဗိုလ်မှူးစိုင်းဖုန်းဟန်က CNI သတင်းဌာနသို့ အတည်ပြု ပြောသည်။

ဗိုလ်မှူးစိုင်းသန်းအောင်သည် SSPP/SSA ၏ အတွင်းရေးမှူး တစ်ဦးလည်း ဖြစ်သည်။ သူ၏ ရုပ်အလောင်းကို ဇွန်လ ၂၄ ရက်နေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် SSPP/SSA ကိုယ်စားလှယ်တို့ နေပြည်တော်မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့စဉ်က ပါဝင် တက်ရောက် ခဲ့သေးသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
KSO အဖွဲ့အစည်းမှ လူငယ်များကိုတွေ့ရစဉ်

ခွဲခြားဆက်ဆံခံရ၍ မဏိပူရ်ပြည်နယ်အစိုးရကို KSO ကျောင်းသားအဖွဲ့က သတိပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1995

CNI International News

အင်ဖာ၊ ဇွန်လ ၂၃

မကြာသေးမီ ကာလများ၌ အိန္ဒိယဗဟိုအစိုးရ၏ မူဝါဒများသည် နိုင်ငံသားများအပေါ် ခွဲခြားဆက်ဆံစေခြင်းသို့ ဦးတည်စေ ကြောင်း၊ အချို့လူမှု အသိုင်းအဝိုင်းများကို ဆက်ဆံရာတွင် တရားမျှတမှုမရှိကြောင်း ကူကီးကျောင်းသားများအဖွဲ့ (Kuki Students' Organisation -KSO) မှ ချူရာချန်ပူရ်က ဇွန်လ ၂၁ ရက်၌ ဝေဖန်ခဲ့သည်ဟု The Frontier Manipur သတင်း ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။

“မျှတမှုမရှိသော ကုစားမှုများသည် မဏိပူရ်ပြည်နယ်အတွင်း မတူညီသော အသိုင်းအဝိုင်းများအကြား စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်စေပြီး သဘောထားကွဲလွဲမှုများ တိုးပွားလာစေကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ယခုနှစ် အစောပိုင်း၌ ဒေသခံများ၏ ဒုတိယအကြိမ် ရွေးကောက်တင်မြှောက်ခြင်းခံရသူ အင်န်ဘီရမ်ဆင်း (N Biren Singh) ဦးဆောင်သော မဏိပူရ်ပြည်နယ်အစိုးရသည် ပြည်နယ်အတွင်း ခွဲခြားဆက်ဆံနေကြောင်း ကူကီးကျောင်းသားများအဖွဲ့က ဝေဖန်လာခဲ့ခြင်း ဖြစ်သည်။

မဏိပူရ်ပြည်နယ်သည် နယ်မြေအတွင်း လူမျိုးပေါင်းစုံ အတူတကွ နေထိုင်ကြသော အိန္ဒိယနိုင်ငံ အသေးစားဖြစ်ပြီး ဗြိတိသျှ ကိုလိုနီဘဝက နိုင့်ထက်စီးနင်း ပိုင်းခြား သတ်မှတ်ခြင်း ခံခဲ့ရကြောင်း၊ အိန္ဒိယအစိုးရ အဆက်ဆက်၏ အလွန်မြတ်နိုး တန်ဖိုး ထားသော မတူကွဲပြားမှုအောက်၌ စည်းလုံးညီညွတ်သည့် အစဉ်အလာအတိုင်း ပြည်နယ်သူ၊ ပြည်နယ်သူများ အတူယှဉ်တွဲ နေထိုင်ခဲ့ကြောင်း KSO အဖွဲ့က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မာယာအိန်ဂယ်လု၏ ပြောကြားချက်ဖြစ်သော “မတူကွဲပြားမှု၌ အလှတရားနှင့် ခွန်အားရှိသည်” ဟူသော အယူအဆကို KSO ကျောင်းသားအဖွဲ့က ကိုးကားထောက်ပြခဲ့ကြသည်။

မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့က  တက္ကသိုလ်တစ်ခု

နိုင်ငံအတွင်း မတူကွဲပြားမှုကို ထိန်းသိမ်း လုပ်ဆောင်နိုင်ခြင်းကြောင့် လူ့အဖွဲ့အစည်းနှင့် စီးပွားရေးကဏ္ဍ အသီးသီး ဖွံ့ဖြိုး တိုးတက်လာပြီး မိမိတို့၏ ခြားနားသော ဘဝအလွှာပေါင်းစုံကို ရှေ့သို့ တွန်းပို့ပေးခဲ့ကြောင်း KSO က ယုံကြည်ထားသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့နိုင်ငံရဲ့ သမိုင်းက မတူကွဲပြားမှုတွေကို တရားမျှတစွာနဲ့ အားလုံး ပါဝင်နိုင်တဲ့ နည်းလမ်း (the most inclusive way) သုံးပြီး ဂရုတစိုက် စီမံခန့်ခွဲရမယ်ဆိုတာ ကျနော်တို့ကို သင်ကြားပေးခဲ့ပါတယ်” ဟု KSO အဖွဲ့က ထပ် လောင်း ပြောကြားခဲ့သည်။

မဏိပူရ်ပြည်နယ် အာဏာပိုင်များသည် ရှုပ်ထွေးပွေလီလှသော ဌာနေတိုင်းရင်းသားများ ဆက်ဆံရေးကို ထိန်းသိမ်းရမည့် အစား ဗဟိုအစိုးရဘက်မှ ရပ်တည်ရန် ရွေးချယ်ခဲ့ကြောင်း၊ ပြည်နယ်အတွင်း အမုန်းစကားများနှင့် ပတ်သက်၍ ကိုင်တွယ်ပုံကို ကြည့်ပြီး အာဏာပိုင်များ၏ သဘောထားကို ထင်ရှားစွာ တွေ့နိုင်ကြောင်း ၎င်းအဖွဲ့က ဝေဖန်ခဲ့သည်။

ထို့ပြင် အချို့သော အသိုင်းအဝိုင်းများမှ ဒုစရိုက်မှုကျူးလွန်သူများကို ပြည်နယ်ရဲတပ်ဖွဲ့သို့ တိုင်ကြားမှု အများအပြား ရှိသော် လည်း အကြိမ်ကြိမ် ပြစ်ဒဏ်မှ လွတ်ငြိမ်းသာခွင့် ပေးလျက်ရှိသည်။

မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့တွင်းတစ်နေရာ

အခြားတဖက်တွင်မူ တောင်ပေါ်သားများ အထူးသဖြင့် ကူကီးလူမျိုးများ ကျူးလွန်သည့် ပြစ်မှုမျိုးဆိုလျှင် ပါဝင် ပတ်သက် သူများက တောင်းဆိုခြင်း မရှိသော်လည်း အာဏာပိုင်များ လိုလားသည့်အတိုင်း တရားစွဲဆို အရေးယူနေကြသည်။

ထိုသို့ မမျှတသော စွဲချက်များဖြင့် ဖမ်းဆီးထောင်ချခြင်းကို စိတ်ပျက်မိကြောင်း KSO ကျောင်းသားများအဖွဲ့က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

“တိုင်းရင်းသားတွေရဲ့ စိတ်ဓာတ်တွေကို တည်ငြိမ်အောင်လုပ်ဖို့ ခြေလှမ်းတွေ ပြည်နယ်အစိုးရက မလှမ်းဘူးဆိုရင် လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ဦးမှာပဲ” ဟု အဆိုပါ ကြေညာချက်တွင် သတိပေးထားသည်။

Source: The Frontier Manipur

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ DKBA မှ ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ်

ဖက်ဒရယ်တည်ဆောက်ရေး KNU ပါလာရန် နစက ဆောင်ရွက်မည်ဟု DKBA ကို ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2394

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ပါဝင်လာရေး ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက-က ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)ကို ရှင်းလင်း ပြောကြားခဲ့သည်။

ဇွန်လ ၁၉ ရက်က နစကနှင့် DKBA ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံစဉ် နစကဘက်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း DKBA မှ စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီး စောစိန်ဝင်းက “ဖက်ဒရယ် တည်ဆောက်ရေး အကန့်ကတော့ ကျနော်တို့ နဂိုအစဉ်တစိုက် အဆိုပြုခဲ့တယ်၊ အဓိကကတော့ ကျနော်တို့ ကရင် အနေနဲ့ကြတော့ KNU ပါလာရေးက အဓိကကျပါတယ်၊ အဲဒီ အဆိုတော့ အဆိုပြုခဲ့တယ်။ KNU မပါရင် ကျနော်တို့ အဖွဲ့နဲ့လည်း ကိုယ့်ပြည်နယ်ရဲ့ ဖက်ဒရယ်ကိစ္စကို ဆောင်ရွက်လို့ အဆင်မပြေနိုင်ဘူးဆိုတော့ ပြောပြ ခဲ့တယ်။ သူတို့လည်း KNU ပါလာရေးအတွက်လည်း သူတို့ ကြိုးစား ဆောင်ရွက်သွားပါမယ်လို့ အဲလိုပဲ ပြောခဲ့တယ်။ အဲဒီ အထဲက ကျနော်တို့ကို ဘာမှ တာဝန်မပေးဘူး။ အဓိကက ကျနော်တို့ လာတဲ့ အခင်းအကျင်းပေါ်မှာ KNU နဲ့ တာဝန်ရှိတွေနဲ့ တွေ့လို့ မေးမြန်းတာတော့ ရှိတယ်၊ အဲဒီအနေအထားကို ပြန်လည် ပြောပြ ရှင်းလင်းပေးဖို့ ဆိုတာတော့ အဲဒီလောက်ပဲ ရှိပါ တယ်” ဟု ပြောသည်။

 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ DKBA မှ ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ်

ထို့နောက် အနာဂတ် ငြိမ်းချမ်းရေး ဖော်ဆောင်မည့် အခင်းအကျင်းများကို နှစ်ဖက်အမြင်များ ဆွေးနွေးခဲ့ကြကြောင်း၊ ကရင် ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်များ နေရပ်ပြန်နိုင်ရေးကို နှစ်ဖက်ပူးပေါင်း လုပ်ဆောင်ရေး ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြော သည်။

ဗိုလ်မှူးကြီး စောစိန်ဝင်းက “တိုက်ပွဲတွေနဲ့ ဘာတွေနဲ့ကြတော့ ကျနော်တို့ တိုက်ပွဲ အကြောင်းမပြောဘူး။ အဓိကက စစ်ဘေး ရှောင်တွေ နေရပ်ပြန်ရေးတော့ တိုင်ပင်ဆွေးနွေးခဲ့တယ်၊ အဲဒါနှစ်ဦး၊ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သဘောတော့ ရှိတယ် နေရပ်ပြန်နိုင်ရေး။ အဲဒီလိုပဲ လက်ရှိ မြေပြင်အခြေအနေပေါ်မှာ လုပ်ဆောင်သွားမှာပေါ့။ အဓိကက စစ်ဘေးရှောင် ကာယကံရှင်တွေရဲ့ သဘောဆန္ဒအပေါ် မူတည်ပြီးတော့ ကျနော်တို့ အကောင်းဆုံး လုပ်ဆောင်သွားမယ့် သဘောမျိုးပါပဲ” ဟု ပြောသည်။

နစက ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို KNU မှ တက်ရောက်မှာ မဟုတ်ကြောင်း၊ နိုင်ငံရေးကနေ တပ်မတော် ထွက် ခွာမှ တက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိမှာလည်း ကရင်ပြည်နယ်မှာ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNLA)၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ် နှင့် တပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းကို ၈၀ ရာခိုင်နှုန်း စိုးမိုးထားဟု NUG ပြော

By CNI
CNI
Category: Watch TV
Hits: 779

Share
Tweet
Share
Share
powered by social2s
NPA သူပုန်တပ်ဖွဲကိုတွေ့ရစဉ်(ဓါတ်ပုံ-Getty Images)

ဖိလစ်ပိုင်၊ ကွီဇွန်ပြည်နယ်တွင် NPA သူပုန် ၃ ဦးလက်နက်ချ

By CNI
CNI
Category: နိုင်ငံရေး
Hits: 2261

CNI International News

မနီလာ၊ ဇွန်လ ၂၃

ဖိလစ်ပိုင်နိုင်ငံ၊ ကွီဇွန်ပြည်နယ်၊ လိုပက်ဇ်ဒေသရှိ အမှတ် ၈၅ ခြေမြန်တပ်ရင်းထံသို့ ပြည်သူ့တပ်မတော်သစ် (NPA) အမည်ရှိ ကွန်မြူနစ်သူပုန်အဖွဲ့ဝင် ၃ ဦး လက်နက်ချခဲ့ကြောင်း ဖိလစ်ပိုင်တပ်မတော် (AFP) က ဇွန်လ ၂၁ တွင် ကြေညာခဲ့သည်ဟု ဖိလစ်ပိုင်သတင်းဌာန (PNA) က သတင်းဖော်ပြခဲ့သည်။

အဆိုပါ NPA သူပုန် ၃ ဦးသည် M-14 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ကာဘိုင်တစ်လက်နှင့် ခဲယမ်းမီးကျောက်များ ကို မိမိတို့ထံ အပ်နှံခဲ့ကြောင်း ဖိလစ်ပိုင်တပ် (AFP) ပြည်သူ့ရေးရာရုံးအဖွဲ့မှူး ဗိုလ်မှူးကြီးဂျော်ရီဘက္ကလာက ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

“သူတို့ကို အမှတ် ၈၅ ခြေမြန်တပ်ရင်းနဲ့ လိုပက်ဇ်စည်ပင်သာယာရဲစခန်းကို တရားဝင်လွှဲပေးခဲ့ပါတယ်။ စည်ပင် ကနေ မြို့တော်ဝန်ဆီကို ဆက်ပို့ရမှာပါ။ မြို့တော်ဝန်က လက်ရှိမှာ ပြည်တွင်းကွန်မြူနစ် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး စည်ပင်အလုပ်အဖွဲ့ရဲ့ဥက္ကဋ္ဌ တာဝန်လည်းယူထားပါတယ်” ဟု ဂျော်ရီဘက္ကလာက ရှင်းပြခဲ့သည်။
စည်ပင်ရုံးသည် လက်နက်ချလာသူများကို ကနဦးငွေကြေးအထောက်အပံ့နှင့် လယ်ယာသုံးပစ္စည်းများ၊ စက် ကိရိယာများ ပေးအပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော်သစ် (CPP-NPA) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဓါတ်ပုံ-AFP)

စည်ပင်မြို့တော်ဝန်သည် ယခင်ကလည်း အလားတူလက်နက်ချလာသူများကို အခမဲ့ပညာရေး၊ အသက်မွေး ဝမ်းကျောင်းနှင့် အိမ်ရာအကူအညီများ ပေးခဲ့သည်။

ယခုအခါ ဖိလစ်ပိုင်အစိုးရဌာနများသည် ပိုမိုကောင်းမွန်သော ဘက်စုံဒေသဆိုင်ရာပေါင်းစည်ရေးအစီအစဉ် (E-CLIP) အောက်တွင် အကျိုးခံစားခွင့်ရှိသူများစာရင်းထဲသို့ ယခင်လက်နက်ချသူပုန်များလည်း ပါဝင်နိုင်အောင် လိုအပ်သောစာရွက်စာတမ်းများ ပြုလုပ်ပေးနေသည်။

ဖိလစ်ပိုင်နိုင်ငံရှိ လက်နက်ကိုင်သူပုန်အဖွဲ့ဖြစ်သော ဖိလစ်ပိုင်ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော်သစ် (CPP-NPA) ကို အမေရိကန်၊ ဥရောပသမဂ္ဂ (EU)၊ ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်နှင့် ဖိလစ်ပိုင်အစိုးရတို့က အကြမ်းဖက်အဖွဲ့စာရင်းထဲသို့ သွင်းထားကြသည်။

အစိုးရ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးကောင်စီသည် အမျိုးသားဒီမိုကရေစီတပ်ဦး (NDF) ကိုလည်း အကြမ်းဖက် အဖွဲ့အဖြစ် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်တွင် တရားဝင်သတ်မှတ်ခဲ့သည်။ ထို့ပြင် ၁၉၇၃ ခုနှစ်၊ ဧပြီလတွင် စတင် တည်ထောင်ခဲ့သော CPP-NPA ၏စိုးမိုးနယ်မြေများကိုလည်း “ဖိလစ်ပိုင်၏လုံးဝခွဲထွက်၍ မရသောအစိတ်အပိုင်း များ”အဖြစ် အဆိုပါကောင်စီက ကြေညာခဲ့သည်။

Source: Philippine News Agency

 

 

 

 

Share
Tweet
Share
Share
powered by social2s
သီရိလင်္ကာ စီးပွားရေးကျပ်တည်းမှု (AP)

တိုင်းပြည်စီးပွားရေး ပြိုလဲပြီဟု သီရိလင်္ကာဝန်ကြီးချုပ်ပြော

By CNI
CNI
Category: စီးပွားရေး
Hits: 1473

CNI International News

ကိုလံဘို၊ ဇွန်လ ၂၃

လအတန်ကြာအောင် စားနပ်ရိက္ခာ၊ လောင်စာဆီနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီးနောက် သီရိလင်္ကာနိုင်ငံ၏ ကြွေးမြီ များစွာ တင်ရှိနေသော စီးပွားရေးသည် ယခုအခါ လုံးဝ ပြိုလဲသွားပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ် ရာနေးလ်ဝစ်ကရီမီဆင်က ပြော သည်။

ထို့နောက် သီရိလင်္ကာနိုင်ငံသည် နိုင်ငံတကာ ငွေချေးသူများထံမှ အကူအညီ တောင်းခံနေသည့် အခြေအနေနှင့် တိုင်းပြည်၏ ဆိုးရွားသော အခြေအနေများကို ဝန်ကြီးချုပ် ရာနေးလ်ဝစ်ကရီမီဆင်က လွှတ်တော်ကိုယ်စားလှယ်များ ရှေ့မှောက်၌ ဇွန်လ ၂၂ ရက်တွင် ရှင်းလင်း ပြောကြားခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ဝန်ကြီးချုပ် ရာနေးလ်ဝစ်ကရီမီဆင်က “တောင်အာရှဒေသရှိ မိမိတို့နိုင်ငံသည် ရှားပါးမှု တစ်ခုတည်းထက် ပိုသည့် ဆိုးရွား သော အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း” လွှတ်တော်သို့ ပြောကြားခဲ့ပြီး “အောက်ဆုံးအဆင့်အထိ နိမ့်ဆင်းသွားနိုင်စရာ ရှိနေကြောင်း” သတိပေးခဲ့သည်။

“ကျနော်တို့ စီးပွားရေးဟာ လုံးဝ ပြိုလဲသွားပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

လူဦးရေ ၂၂ သန်းရှိသည့် ကျွန်းနိုင်ငံ၏ အကျပ်အတည်းသည် မကြာသေးမီအထိ အဆိုးရွားဆုံးဟု ယူဆသော်လည်း ရာနေးလ် ဝစ် ကရီမီဆင်က မည်သည့် ထူးထူးခြားခြား တိုးတက်မှုကိုမျှ လွှတ်တော်သို့ ကိုးကားပြောကြားခဲ့ခြင်း မရှိပေ။

၎င်း၏ သဘောထား မှတ်ချက်များသည် ဝေဖန်သူများနှင့် အတိုက်အခံ လွှတ်တော်အမတ်များကို “အလျင်အမြန် ကုစား၍ မရနိုင်သော ခဲယဉ်းလှသည့် ဆိုးမွေတစ်ခုကို ဆက်ခံလိုက်ရကြောင်း” အလေးပေးရည်ရွယ် ပြောကြားလို ပုံရသည်။

 သီရိလင်္ကာ ဝန်ကြီးချုပ် ရာနေးလ်ဝစ်ကရီမီဆင် (AP)

“သူက မျှော်လင့်ချက်ကောင်းမယ့် မှတ်ချက်မျိုး ပြောသွားတာ အင်မတန်နည်းပါတယ်” ဟု ဝါရှင်တန်အခြေစိုက် ကမ္ဘာလုံး ဆိုင်ရာ ဖွံ့ဖြိုးရေးစင်တာမှ မူဝါဒရေးရာနှင့် စီးပွားရေးပညာရှင် အန်နစ်မာကာဂျီက သုံးသပ်ပြခဲ့သည်။

သီရိလင်္ကာသည် ကမ္ဘာ့အစည်ကားဆုံး သင်္ဘောလမ်းကြောင်းထဲတွင် အချက်အချာကျသည့် နေရာ၌ တည်ရှိသဖြင့် ထိုသို့ ဗျူဟာမြောက် အရေးပါသော နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ပြိုလဲသွားနိုင်စရာ အကြောင်းမရှိဟု အန်နစ်မာကာဂျီက ထောက် ပြခဲ့သည်။

သီရိလင်္ကာ စီးပွားရေးသည် ကြီးမားလှသော ကြွေးမြီဝန်ထုပ်ဝန်ပိုး၊ ခရီးသွားဝင်ငွေ ဆုံးရှုံးခြင်း အပါအဝင် ကူးစက်ရောဂါ၏ အခြား သက်ရောက်မှုများ အပါအဝင် ကုန်ဈေးနှုန်းများမှာ တဟုန်ထိုး တက်နေသည်။ ဓာတ်ဆီ၊ နွားနို့၊ မီးဖိုချောင်သုံး ဓာတ်ငွေ့နှင့် အိမ်သာသုံး စက္ကူအထိ နိုင်ငံခြားမှ ဝယ်ယူတင်သွင်းရန် ငွေကြေးပြတ်လပ်သွားခဲ့၍ ဒေဝါလီခံခဲ့ရသည်။

လွန်ခဲ့သော တစ်လကျော်က ဝန်ကြီးချုပ် ဖြစ်လာသူ ရာနေးလ်ဝစ်ကရီမီဆင်ကို ကန့်ကွက်ရန်အတွက် အဓိက အတိုက်အခံ ပါတီနှစ်ခုမှ လွှတ်တော် ကိုယ်စားလှယ်များသည် ယခု သီတင်းပတ်အတွင်း လွှတ်တော်ထဲ သပိတ်မှောက်ခဲ့ကြသည်။

စီးပွားရေးကို လှည့်စားခဲ့သည့်အပြင် ကတိကဝတ်များ ပျက်ကွက်ခဲ့သည့် ရာနေးလ်ဝစ်ကရီမီဆင်သည် လက်ရှိ ဘဏ္ဍာရေး ဝန်ကြီး ရာထူးကိုလည်း ပူးတွဲယူထားသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရခိုင် တိုက်ပွဲရှောင်စခန်းများတွင် အမျိုးသမီးအသုံးအဆောင်ပစ္စည်းများ လိုအပ်

By CNI
CNI
Category: Watch TV
Hits: 726

Share
Tweet
Share
Share
powered by social2s

ဓာတ်ငွေ့ဈေးအတွက် အမေရိကန်လူမျိုး ၁၁ ရာခိုင်နှုန်းကသာ ပူတင်ကို အပြစ်တင်

By CNI
CNI
Category: Watch TV
Hits: 718

Share
Tweet
Share
Share
powered by social2s

OERC ကတ် မထုတ်ခင် ထိုင်းက တရားဝင်လက်ခံအောင် NUG ကြိုးစားသင့်ဟုပြော

By CNI
CNI
Category: Watch TV
Hits: 701

Share
Tweet
Share
Share
powered by social2s

ဗီယက်နမ်နွယ်ဖွား ဘီးငုယင်ကို ဂျော်ဂျီယာပြည်နယ် ဝန်ကြီးရာထူးလျာထား

By CNI
CNI
Category: Watch TV
Hits: 713

Share
Tweet
Share
Share
powered by social2s

ဂျာမနီကတိပြုထားသည့် ဟောင်ဝစ်ဇာများ ယူကရိန်းသို့ ရောက်ရှိ

By CNI
CNI
Category: Watch TV
Hits: 794

Share
Tweet
Share
Share
powered by social2s

လူမျိုးရေးပဋိပက္ခများ ဖန်တီးရန် ကြိုးစားနေသည်ကို သတိထားရန် AA ပြော

By CNI
CNI
Category: Watch TV
Hits: 788

Share
Tweet
Share
Share
powered by social2s
  • 101
  • 102
  • 103
  • 104
  • 105
  • 106
  • 107
  • 108
  • 109
  • 110

Page 106 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar