CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
၂၀၁၆ ခုနှစ် ဂရိနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အလည်အပတ်ရောက်ရှိတုန်း မိန့်ခွန်းပြောကြားခဲ့စဉ် (ဓါတ်ပုံ-Getty Images)

တတိယကမ္ဘာစစ်ဖြစ်နေပြီဟု ဆိုနိုင်ကြောင်း ပုပ်ရဟန်းမင်းကြီးပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1755

CNI International News

ဗာတီကန်စီးတီး၊ ဇွန်လ ၁၅

ရုရှား-ယူကရိန်းစစ်ရေးအကျပ်အတည်းနှင့် ကမ္ဘာတလွှားရှိ အခြားပဋိပက္ခများ ရောယှက်လာသော အခြေအနေ များက သက်သေထူလာပြီဖြစ်၍ တတိယကမ္ဘာစစ်ဖြစ်နေပြီဟု ဆိုနိုင်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားခဲ့သည်ဟု အာရ်တီသတင်းဌာနက ရေးသားဖော်ပြသည်။

“နှစ်အနည်းငယ်အတွင်းမှာပဲ တတိယကမ္ဘာစစ်ဆိုတာ ကြုံနေရပြီဖြစ်တယ်။ ဒီကနေ့ တတိယကမ္ဘာစစ်ဆိုတာ ကြေညာပြီးပြီလို့တောင် ပြောလို့ရနေပါပြီ” ဟု ကက်သလစ်အသင်းတော်၏အထွတ်အထိပ်ဖြစ်သော ပုပ်ရဟန်း မင်းကြီးက ပြောကြားခဲ့ကြောင်း ဇွန်လ ၁၄ ရက်ထုတ် ဂျီစု (Jesuit) မီဒီယာများနှင့် အင်တာဗျူးကဏ္ဍတွင် ဖော်ပြ ထားသည်။ ၎င်းအင်တာဗျူးမှာ ပြီးခဲ့သည့် မေလ ၁၉ ရက်ကတည်းက ဖြစ်သည်။

“မိမိတို့အာရုံက ယူကရိန်းစစ်ကို ပိုရောက်နေကြောင်း၊ တစ်ချိန်တည်းမှာပင် နိုက်ဂျီးရီးယားမြောက်ပိုင်းနှင့် မြန်မာနိုင်ငံကဲ့သို့ နေရာများတွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ ကမ္ဘာကြီးတွင် စစ်မက်ဖြစ်ပွားမှုကို ခေတ္တရပ်တန့်ပြီး အဖြေရှာကြရမှာဖြစ်ကြောင်း” ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ရှုတ်ချရန် ပျက်ကွက်ခဲ့ခြင်းအတွက် ပုပ်ရဟန်းမင်းကြီးကို အပြစ်တင်ဝေဖန်မှု များလည်း ရှိခဲ့သည်။ မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)ကို ရုရှားတံခါးပေါက်အထိ ချဲ့ထွင်ခြင်းသည် အကျပ်အတည်းတစ်ရပ် နှိုးဆွသလိုဖြစ်နိုင်ကြောင်း ၎င်းက ယခင်ကပင် မှတ်ချက်ချခဲ့ရာ “မိမိသည် ပူတင်ကို လိုလားသူမဟုတ်ကြောင်း” ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ငြင်းပယ်ခဲ့သည်။

“အရင်းခံအကြောင်းတရားနဲ့ ကိုယ်ကျိုးစီးပွားကို ထည့်မစဉ်းစားဘဲ လူကောင်းနဲ့လူဆိုးကြားက ကွဲပြားပြီး ရှုပ်ထွေးတဲ့အခြေအနေတစ်ရပ် ပြောင်းလဲတာကို ဆန့်ကျင်တာသာဖြစ်ပါတယ်။ ရုရှားတပ်တွေရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို အခုလိုမြင်နေရတဲ့အချိန်မှာ ပြဿနာတွေကို မမေ့သင့်သလို ဖြေရှင်းဖို့ ကြိုးစားသင့်တယ်” ဟု ဖရန်စစ်က ဆက်လက်ပြောကြားခဲ့သည်။

“လက်နက်စမ်းသပ်ရောင်းချတာတွေကို လူတွေ စိတ်ဝင်စားလာကြတာ သတိပြုမိပါတယ်။ အင်မတန် ဝမ်းနည်း စရာကောင်းပေမယ့် အဆုံးသတ်မှာတော့ အဲဒီအတိုင်း ဖြစ်လာတော့တာပါပဲ” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။
၎င်းတို့နိုင်ငံကို ကာကွယ်ရာ၌ ယူကရိန်းပြည်သူများ၏သူရဲကောင်းဆန်မှုကို ဖရစ်စစ်က ချီးကျူးခဲ့သော်လည်း ပြည်ပအကျိုးစီးပွားများက ၎င်းတို့အပေါ် အန္တရာယ်ဖြစ်စေခဲ့ကြောင်း ထောက်ပြခဲ့သည်။

“အခု ကျနော်တို့မျက်စိရှေ့မှာတင် ဖြစ်ပျက်နေတာ ကမ္ဘာစစ်အခြေအနေပါပဲ။ တကမ္ဘာလုံး အကျိုးစီးပွားရှာတာ တွေ၊ လက်နက်ရောင်းဝယ်တာတွေ၊ ပထဝီဝင်နိုင်ငံရေးလျာထားချက်တွေနဲ့ သူရဲကောင်းပီသတဲ့ လူအများကို သတ်ဖြတ်နေကြပါတယ်” ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားခဲ့သည်။

Source: အာရ်တီသတင်းဌာန

Share
Tweet
Share
Share
powered by social2s
မန္တလေးနန်းမြို့ရိုးက စစ်တပ်ဂိတ်ကို တွေ့ရစဉ်

မန္တလေး နန်းမြို့ရိုးက စစ်တပ်ဂိတ် ပစ်ခံရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1544

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅

မန္တလေး နန်းမြို့ရိုးက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဂိတ်ပေါက်ရှိ စစ်တပ်ဂိတ်တစ်ခုကို မန္တလေးမြို့ပြပျောက်ကြားအဖွဲ့များ ပူးပေါင်း၍ ယနေ့ (ဇွန်လ ၁၅ ရက်) ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Mandalay Ranger Force-PDF က ထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်တပ်ဂိတ်ကို ROM၊ YURF ၊ Mandalay Ranger Force-PDF နှင့် မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့နောက် စစ်ကား တချို့ရောက်လာပြီး မန္တလေးမြို့တွင်း စစ်ဆေးရေးများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

Share
Tweet
Share
Share
powered by social2s
PNLO အဖွဲ့ကို ၂၀၁၉ ခုနှစ်၊ မေလက PPST ထိပ်သီး ညီလာခံတွင်တွေ့ရစဉ်

PNLO နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့မည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1408

 CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅

 ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ဒုဥက္ကဋ္ဌ ခွန်ထွန်းတင် နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇွန်လ ၁၆ ရက်တွင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

PNLO ဒုဥက္ကဌ(၁) ခွန်ထွန်းတင်နှင့် အဖွဲ့ဝင် ၂ ဦးပါသော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့(ဇွန်လ ၁၅ ရက်)တွင် နေပြည်တော် ရောက်ရှိမည် ဖြစ်ပြီး မနက်ဖြန်မှာ နစကဥက္ကဋ္ဌ နှင့် တွေ့ဆုံမည်ဟု နှစ်ဖက်စလုံးမှ နီးစပ်သူများက ပြောသည်။

 ထို့နောက် နစက အဖွဲ့ဝင်များ ပါဝင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံမည့် PNLO ဒုဥက္ကဌ(၁) ခွန်ထွန်းတင်ကိုတွေ့ရစဉ်

PNLO သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ထိုးထားသည့် ပအိုဝ်း လက်နက်ကိုင် ဖြစ်သည်။

 လက်ရှိတွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ NMSP ဒုဥက္ကဋ္ဌ နိုင်အောင်မင်း၊ KNU/KNLA-PC ဥက္ကဋ္ဌ ဦးစောထော့လေး၊ UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကု၊ NDAA ဒုဥက္ကဋ္ဌ ဦးစံပေ့၊ ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း တို့ဖြင့် တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ဆင်ခြေဖုံးရှိ Lypivka ၏လမ်းဘေးတွင် နစ်မြုပ်နေသော တင့်ကားတစ်စင်း၏ အကြွင်းအကျန်များကို တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

ယူကရိန်းအဓိကမြို့၏ ၈၀ ရာခိုင်နှုန်းကို ရုရှားထိန်းချုပ်ပြီး လမ်းကြောင်းများပိတ်ဆို့

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1498

CNI International News

ကိယက်ဗ်၊ ဇွန်လ ၁၅

ရုရှားတပ်များသည် ယူကရိန်းအရှေ့ပိုင်းကို အပြင်းအထန်တိုက်ခိုက်နေခဲ့ရာ စီဗီးရိုဒွန်နက်ဆက်မြို့ (Sievierodonetsk) ၏ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားခဲ့ပြီး ယင်းမြို့၏အဝင်အထွက် တံတား ၃ စင်းစလုံးကို ဖျက်ဆီးခဲ့သော်လည်း ဒဏ်ရာရသူများကို ကယ်ထုတ်ရန် ယူကရိန်းကြိုးစားနေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

စီဗီးရိုဒွန်နက်ဆက်မြို့မှ အရပ်သားများကို ယခုအချိန်တွင် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းပေးရန် မဖြစ်နိုင် သေးကြောင်း လူဟန်ဆက်အရှေ့ပိုင်းဒေသ အုပ်ချုပ်ရေးမှူး ဆာဟေးဟိုင်ဒိုင်း (Serhiy Haidai) က ဝန်ခံ ပြောကြားခဲ့သည်။ ရုရှားတို့၏မြေလှန်စနစ်နှင့် အမြောက်များပစ်ခတ်မှုကြောင့် ယူကရိန်းတပ်ဖွဲ့များ အဆိုပါ မြို့ပြင်ရှိ စက်မှုဇုန်များသို့ ရွှေ့ခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ဒဏ်ရာရတဲ့သူတွေကို ကယ်ဖို့၊ ယူကရိန်းတပ်နဲ့ဒေသခံတွေကို ဆက်သွယ်ဖို့ အခွင့်အလမ်းရှိနေတုန်းပါ” ဟု ဆာဟေးဟိုင်ဒိုင်းက အေပီသတင်းဌာနသို့ တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။ ရုရှားတပ်များသည် ဗျူဟာအရ အဓိကကျသော ၎င်းမြို့ကို လုံးဝပိတ်ဆို့ထားခြင်း မရှိသေးကြောင်း ဟိုင်ဒိုင်းက ဖြည့်စွက်ပြောကြားခဲ့သည်။

စစ်မဖြစ်မီက လူဦးရေ ၁ သိန်းကျော်ရှိခဲ့သည့် စီဗီးရိုဒွန်နက်ဆက်တွင် လက်ရှိ လူပေါင်း ၁၂,၀၀၀ ခန့် ကျန်ရှိ နေသေးသည်။ အေဇော့ (Azot) ဓာတုစက်ရုံတွင် အရပ်သား ၅၀၀ ကျော်ခိုလှုံနေကြပြီး ရုရှားတပ်သားများ၏ ထုထောင်းရိုက်နှက်မှု ခံနေရကြောင်း ဟိုင်ဒိုင်း၏ ပြောကြားချက်အရ သိရသည်။

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ပြင် Makariv ရှိ စျေးတစ်ခုသို့ သွားရောက်နေသည့် အမျိုးသမီးတစ်ဦးကိုတွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

ယခုနောက်ဆုံးရက်အထိ လူဟန်ဆက်ဒေသမှ အရပ်သား ၇၀ ကို ဘေးလွတ်ရာသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

အေဇော့စက်ရုံထဲမှ အရပ်သားများကို ယူကရိန်းဘက်မှ ကယ်ထုတ်နိုင်ရန်အတွက် လူသားချင်းစာနာမှု စင်္ကြန် လမ်းကြောင်းကို ဇွန်လ ၁၅ ရက်(ယနေ့)တွင် ဖွင့်ပေးမည်ဟု ရုရှားဗိုလ်မှူးကြီးတစ်ဦးက ပြောကြားခဲ့သည်။

ရုရှား နှင့် ဒွန်ဘတ်စ်ခွဲထွက်ရေးတပ်ဖွဲ့များ၏ထိန်းချုပ်မှုအောက်တွင် အရပ်သားများကို မြောက်ဘက် ကီလိုမီတာ ၅၀ (၃၅ မိုင်) အကွာရှိ စဗာတိုဗို (Svatovo) မြို့သို့ ရွှေ့ပြောင်းနိုင်ကြောင်း ဗိုလ်မှူးကြီး မီခေးလ်မီဇင့်ဆက်ဗ် (Mikhail Mizintsev) က ပြောကြားခဲ့သည်။ ရွှေ့ပြောင်းပေးရေး စင်္ကြန်လမ်းကြောင်းတစ်ခုကို ယူကရိန်းက တောင်းဆို လာခဲ့ပြီးနောက် ယခုအစီအစဉ်ကို စတင်ခွင့်ပြုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လွန်ခဲ့သည့်ရက်သတ္တပတ်အနည်းငယ်အတွင်း ရုရှားတပ်ဖွဲ့များသည် ရုရှားနိုင်ငံဘက်ခြမ်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော လူဟန်ဆက်နှင့်ဒွန်နက်ဆက်ဒေသများ တည်ရှိရာ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်စက်မှုနယ်မြေ အများအပြားကို သိမ်းယူရန် အပြင်းအထန် ထိုးစစ်ဆင်ခဲ့ကြသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုတွေ့ရစဉ်

၂၀၀၈ ပြင်ဆင်ရေးနှင့် အာဏာခွဲဝေမှု ဇယားပါ အချက်များ ဆွေးနွေးရန်ရှိဟု ဒုတပ်ချုပ်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1430

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅

ဖက်ဒရယ်ဆိုင်ရာ အာဏာခွဲဝေ ကျင့်သုံးမှုနှင့်ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေပုဒ်မများအနက်မှ ပြင်ဆင်သင့် ပြင်ဆင်ထိုက်သော အချက်များ အပါအဝင် ဇယား (၁/၂/၃/၅)ပါ အချက်များကို ဆွေးနွေးသွားရန်ရှိကြောင်း နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရောက်ရှိသော ဒုတပ်ချုပ်က ဇွန်လ ၁၄ ရက်နေ့မှာ ကျောက်ဖြူတပ်နယ်၊ အမ်းတပ်နယ်၊ ဓညဝတီ ရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များဖြင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အကြီးအကဲသည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ကိုယ်တိုင်တွေ့ဆုံ၍ ပြည်သူ့တစ်ရပ်လုံးက လိုလားတောင့်တခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေး စသည့် အခြေခံ ၂ ချက်ဖြင့် ဦးတည် ဆွေးနွေးခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

၎င်းက “ဖက်ဒရယ်ဆိုင်ရာ အာဏာခွဲဝေကျင့်သုံးမှုနှင့်ပတ်သက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေပုဒ်များ အနက်မှ ပြင်ဆင်သင့် ပြင်ဆင်ထိုက်သော အချက်များ၊ ဇယား (၁/၂/၃/၅)ပါ အချက်များကိုလည်း ဆက်လက် ဆွေးနွေး သွားရန် ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကောင်းမွန် တိုးတက်ရန်မှာ တည်ငြိမ်မှုရှိရန် အရေးကြီးပြီး တည်ငြိမ်မှု ရှိစေရန်မှာ ငြိမ်းချမ်းရေးသည် မရှိမဖြစ် လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးကို ဖိတ်ခေါ်ထားပြီး ငြိမ်းချမ်းရေး တံခါးကို ဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဖိတ်ခေါ်ထားပါတယ်”ဟု ပြောသည်။

NSPNC နဲ့ UPDJC နိုင်ငံရေးအစုအဖွဲ့ တွေ့ဆုံ ဆွေးနွေးစဉ်

လက်ရှိတွင် နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် ပြည် ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေးဆိုင်ရာ ပူးတွဲကော်မတီ(UPDJC)၏ နိုင်ငံရေးအစုအဖွဲ့များ တွေ့ဆုံကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၂၆၁ အပါအဝင် တပ်မတော်၏ အခန်းကဏ္ဍများ ပြင်ဆင်ရေး ဆွေးနွေးမှုများ ရှိနေသည်။

အလားတူ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဧပြီ ၂၂ ရက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မှ ခေါင်းဆောင်များဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ထားမှုကြောင့် မေလ ၂၀ ရက်မှ ဇွန်လ ၁၅ ရက်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်လည်းကောင်း၊ မွန်ပြည်သစ်ပါတီ (NMSP) ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်လည်းကောင်း၊ ကရင် အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)ဥက္ကဋ္ဌ ဦးစောထော့လေးနှင့်လည်းကောင်း၊ “ဝ”ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)ဒုဥက္ကဋ္ဌ ဦးလော့ယာကုနှင့် လည်းကောင်း၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)ဒုဥက္ကဋ္ဌ ဦးစံပေ့နှင့်လည်းကောင်း၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနှင့် လည်း ကောင်း တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။

ကျန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ဒီမိုကရေစီ အကျိုး ပြု ကရင်တပ်မတော်(DKBA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့လည်း လာရောက် ဆွေးနွေးမည် ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်က NSPNC နဲ့ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့အဖွဲ့ တွေ့ဆုံ ဆွေးနွေးစဉ်

သို့သော် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရက္ခိုင့်တပ်တော်(AA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကရင် အမျိုးသား အစည်းအရုံး(KNU)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K)တို့သည် ပထမ တစ်ကြိမ် နစက၏ ဖိတ်ခေါ် မှုတွင် ဆွေးနွေးရန် အခြေအနေ မရှိကြောင်း အသီးသီး ပြောထားကြသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်က လက်နက်များ ဖမ်းဆီးရမိမှု ထိုင်းရဲများ ရှင်းလင်းနေစဉ်

မြန်မာသို့ လက်နက်ခိုးသွင်းမှုတွင် ထိုင်းအစိုးရဝန်ထမ်းများ ပါဝင်ပတ်သက်နေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 3865

CNI International News

ဘန်ကောက်၊ ဇွန်လ ၁၅

မြန်မာနိုင်ငံသို့ လက်နက်ခိုးသွင်းသည့် ရာဇဝတ်မှုတွင် ပါဝင်ပတ်သက်ခဲ့သည့် ထိုင်းအစိုးရဝန်ထမ်းများကို ထိုင်းအစိုးရက ဖမ်းဆီးခဲ့ပြီး ၎င်းတို့အား ဥပဒေချိုးဖောက်မှုများအတွက် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ ဆက်လက် စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။

ဇွန်လ ၁၃ ရက်၌ ထိုင်းရဲတပ်ဖွဲ့က ချောင်ဘူရီပြည်နယ်၊ ဆက်တဟစ်ခရိုင်ရှိ လက်ထောက်ကျေးရွာ အုပ်ရေးမှူးဟောင်း ဒါနူပေါလ်ဘဲလ်ဆာမဲဆွန် ဦးစီးသည့် လက်နက်ဂိုဏ်း ကွန်ရက်ကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အဆိုပါ ထိုင်းဝန်ထမ်းများ အား ဖမ်းဆီးခဲ့သည်။

ထိုင်း မှုခင်းနှိမ်နင်းရေးဌာနခွဲ (CSD) ၏ ဟာနုမန် အထူးစစ်ဆင်ရေးတပ်ဖွဲ့က ထိုဖြစ်စဉ်နှင့်ပတ်သက်၍ တရားရုံးဖမ်းဝရမ်း ၁၆ စောင်ဖြင့် ဘန်ကောက်မြို့တော်၊ ချောင်ဘူရီ၊ ကန်ချနဘူရီ၊ ဥဒုံသာနီနှင့် ချင်းမိုင် စသည့် ဒေသများရှိ နေရာ ၂၁ နေရာတွင် ရှာဖွေခဲ့ကြသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက် ဖမ်းဆီးရမိတဲ့ လက်နက်များ

အဆိုပါ ဖမ်းဆီးရမိမှု စစ်ဆင်ရေး အသေးစိတ် ဖြစ်စဉ်ကို ထိုင်းအမျိုးသားရဲချုပ် စူဝပ်ဂျန်ယောက်ဆက်က ဇွန်လ ၁၄ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

CSD အရာရှိများသည် သံသယရှိသူ ၅ ဦးကို ဖမ်းဆီးခဲ့ပြီး တရားမဝင် သေနတ်များနှင့် ဆက်စပ် အစိတ်အပိုင်းများကို သိမ်း ဆည်း ရမိခဲ့ကြောင်း စူဝပ်ဂျန်ယောက်ဆက်က ပြောကြားခဲ့သည်။

သံသယရှိသူ အသက် ၃၂ နှစ်အရွယ်ရှိ မစ္စတာ ဒါနူပေါလ်ကို ချောင်ဘူရီပြည်နယ်၊ ဆက်တဟစ်ခရိုင်၊ မိုး-၄ (Moo 4) ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ဖမ်းဆီးရမိခဲ့သည်။

အလားတူ စီရာချာခရိုင် အကြီးအကဲဖြစ်သူ အသက် ၄၉ နှစ်ရှိ ဒေါင်ပေါလ် ရူဂျီဟန် မာရက်ဂျ်ကို ချောင်ဘူရီပြည်နယ်၌ပင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ အခြား သံသယရှိသူ ၃ ဦးကို ကန်ချနဘူရီတွင် ဖမ်းဆီးခဲ့သည်။

၎င်းတို့မှာ စိုင်းယွတ်ခရိုင်မှူးဟောင်း ဆူဝစ်ဂျီယာမီဂျီရာ ပေါင် (အသက် ၆၀) ၊ စိုင်းယွတ်ခရိုင်အရာရှိ ကွန်းနစ်ပေါင်သူ ရိုင် (အသက် ၅၂) ၊ စိုင်းယွတ်ခရိုင် ကာကွယ်ရေး ပြည်သူ့စစ်ဝန်ထမ်း ယန်ဒက်လမ်ဆာအက် (အသက် ၃၁) တို့ ဖြစ်ကြ သည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက် ဖမ်းဆီးရမိတဲ့ လက်နက်များ

မစ္စတာဆူဝစ်နှင့် အခြားထိုင်းအရာရှိ ၃ ဦးတို့ကို ဇွန်လ ၁၃ ရက် ဖမ်းဆီးခြင်းအပေါ် ထိရောက်စွာ အရေးယူရန် စုံစမ်းစစ်ဆေး ရေး ကော်မတီတစ်ရပ်ကို ထိုင်းပြည်ထဲရေး အမြဲတမ်းအတွင်းဝန် စူသီပေါင်ဂျူချာရောင်က ဖွဲ့စည်းပေးခဲ့ကြောင်း လက်ရှိ စိုင်းယွတ်ခရိုင်အကြီးအကဲ နီရာမစ်က ပြောသည်။

မစ္စတာ ဆူဝစ်သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၇ ရက်တွင် ဆောင်ယောက်ခရိုင် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် အစိုးရတာဝန်မှ သက်ပြည့် အငြိမ်းစားယူခဲ့သည်။

ထိုပုဂ္ဂိုလ်များသည် တာဝန် ထမ်းဆောင်နေစဉ်အတွင်း မြန်မာနိုင်ငံမှ အလုပ်အကိုင် ရှာဖွေသူများ၊ မှောင်ခိုကူးမှုများနှင့် သဘာဝ သယံဇာတ ခိုးထုတ်ခြင်း စသည့် အမှုအခင်းများစွာကို ကိုင်တွယ် ဆောင်ရွက်ခဲ့ဖူးသည်။

ထိုင်းရဲ၏ အဆိုအရ မစ္စတာ ဒါနူပေါလ်သည် အစိုးရ တာဝန်ရှိသူများ၊ ကာကွယ်ရေး ပြည်သူ့စစ်များနှင့် မူးယစ်နှိမ်နင်းရေး အဖွဲ့ဝင်များနှင့် ချိတ်ဆက် လုပ်ကိုင်မှုများရှိကြောင်း သိရသည်။

Source: Bangkok Post

 

 

 

 

Share
Tweet
Share
Share
powered by social2s

အနောက်အုပ်စုပိတ်ဆို့သော ရုရှားရေနံဈေးကွက် အိန္ဒိယနှင့်တရုတ်ကြောင့် ရှင်သန်ကြီးထွား

By CNI
CNI
Category: Watch TV
Hits: 672

Share
Tweet
Share
Share
powered by social2s

ဒွန်ဘတ်စ်ခွဲထွက်ရေး ခေါင်းဆောင်တောင်းသည့် စစ်အင်အားကို ရုရှားပေးမည်

By CNI
CNI
Category: Watch TV
Hits: 764

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက် ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

နစက ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု ဒုတိယအကြိမ် ကမ်းလှမ်း

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1719

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO)များ တိုင်းပြည်နှင့် ဒေသအကျိုး မြင်အောင်ကြည့်၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် နစက-က ယနေ့ (ဇွန်လ ၁၄ ရက်) ဒုတိယအကြိမ် ဖိတ်ခေါ် ကမ်းလှမ်းကြောင်း ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် တိုင်းပြည်အကျိုး၊ ဒေသအကျိုးကို မြင်အောင်ကြည့် စေလိုပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ထပ်မံဖိတ်ခေါ်ကြောင်း၊ တက်ရောက် ဆွေးနွေးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အသီးသီးမှ ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်စား အဆုံးအဖြတ် ပေးနိုင်မည့် ခေါင်းဆောင်နှင့် အဖွဲ့ဝင် ၂ ဦး၏ အမည် စာရင်းကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ပြန်ကြားပေးစေလိုကြောင်း ဖော်ပြထား သည်။

နစက-က “ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံပြီး ငြိမ်းချမ်းသည့် ပြည်ထောင်စု နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ရန် အတွက် ပြည်ထောင်စုသား အားလုံး၏ အကျိုးကို ရှေးရှု၍ ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါတယ်”ဟု ပြော သည်။

၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက်က UWSA ဒုဥက္ကဋ္ဦးလော့ယာကုနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ် 

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO)များကို ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်းနှင့် EAO ခေါင်းဆောင်များကို မိမိကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ဧပြီ ၂၂ ရက်က မိန့် ခွန် ပြောကြား၍ ကမ်းလှမ်းခဲ့သည်။

ထို့နောက် မေလ ၂၀ ရက်မှ ဇွန်လ ၁၄ ရက်အတွင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်လည်းကောင်း၊ မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်လည်းကောင်း၊ ကရင် အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)ဥက္ကဋ္ဌ ဦးစောထော့လေးနှင့်လည်းကောင်း၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ဒုဥက္ကဋ္ဌ ဦးလော့ယာကုနှင့် လည်းကောင်း၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)ဒုဥက္ကဋ္ဌ ဦးစံပေ့နှင့်လည်းကောင်း၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်က NDAA ဒုဥက္ကဋ္ဌ ဦးစံပေ့နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

ကျန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ဒီမိုကရေစီ အကျိုး ပြု ကရင်တပ်မတော်(DKBA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့လည်း လာရောက် ဆွေးနွေးမည် ဖြစ်သည်။

သို့သော် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရက္ခိုင့်တပ်တော်(AA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K)တို့သည် ပထမ တစ်ကြိမ် နစက၏ ဖိတ်ခေါ်မှုတွင် ဆွေးနွေးကျန် အခြေအနေ မရှိကြောင်း အသီးသီး ပြောထားကြသည်။

 

Share
Tweet
Share
Share
powered by social2s

ဒွန်ဘတ်စ်တိုက်ပွဲသည် ယူကရိန်းစစ်အတွက် အဆုံးအဖြတ်ဖြစ်

By CNI
CNI
Category: Watch TV
Hits: 710

Share
Tweet
Share
Share
powered by social2s

ALP သည် NGO ဆန်သည့် အဖွဲအစည်းမျိုး ဖြစ်နေဟု ပြော

By CNI
CNI
Category: Watch TV
Hits: 759

Share
Tweet
Share
Share
powered by social2s

ပျက်စီးသွားသော ယူကရိန်းရှိ Azovstal သံမဏိစက်ရုံ

By CNI
CNI
Category: Watch TV
Hits: 665

Share
Tweet
Share
Share
powered by social2s
ဗြိတိန် အစိုးရကို ဆန္ဒပြနေကြ (AFP)

ရဝမ်ဒါ ရွှေ့ပြောင်းသူများအရေး ဗြိတိန်မှာ အစိုးရနှင့် လူထုကြား အငြင်းပွား

By CNI
CNI
Category: နိုင်ငံရေး
Hits: 1321

CNI International News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄

ခိုလှုံခွင့်တောင်းခံသူများအတွက် ပထမဆုံး လေယာဉ်တစ်စင်းကို ဗြိတိန်အစိုးရက ရဝမ်ဒါနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းအရ သိရသည်။

ဆန္ဒပြမှုများနှင့် ကုလသမဂ္ဂ၏ ဝေဖန်မှုများ ရှိနေသည့်ကြားမှ ဗြိတိန်အစိုးရသည် ခိုလှုံခွင့်တောင်းခံသူများ အရေးနှင့် ပတ်သက်၍ ၎င်း၏ အငြင်းပွားဖွယ်ရာ မူဝါဒကို ဇွန်လ ၁၃ ရက်က ခုခံကာကွယ်ခဲ့ရသည်။

အင်္ဂလန် ဘာသာရေး အသင်းတော် အကြီးတန်း ခေါင်းဆောင်များကတော့ “ဗြိတိန်အစိုးရ တာဝန်ရှိသူများသည် ရှက်စရာ ကောင်းပြီး အကျင့်သိက္ခာ ယိုယွင်းနေကြောင်း” ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ရဝမ်ဒါနိုင်ငံသို့ ပထမဆုံး ပျံသန်းမည့် လေယာဉ်တွင် ရွှေ့ပြောင်းနေထိုင်လိုသူ ၃၁ ဦးအနက် ၂၃ ဦး၏ ခရီးစဉ် လက်မှတ်များ ကို ပယ်ဖျက်ခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါစီးနင်းခွင့်ရသူ အရေအတွက်ကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရက်စ်က အခိုင်အမာ ပြောကြားခဲ့သည်။

ဗြိတိန် အစိုးရကို ဆန္ဒပြနေကြ (AFP)

လန်ဒန်မြို့၊ ဂက်ဝစ်လေဆိပ်အနီးရှိ ထိန်းသိမ်းရေးစခန်းတွင် ဆန္ဒပြပွဲ ထပ်မံရှိနေစဉ်တွင် “ဒီနေ့ ညနေပိုင်းမှာ လေယာဉ်ခရီး စဉ်တစ်ခု စေလွှတ်ဖို့ ကျမတို့ မျှော်မှန်းထားပါတယ်” ဟု လစ်ဇ်ထရက်စ်က Sky News မီဒီယာသို့ ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ (EU) ကို ကျောခိုင်းခဲ့သည့် Brexit ဖြစ်စဉ်အပြီး နယ်နိမိတ် တင်းကျပ်သွားမည်ဟု ဗြိတိန်အစိုးရက ကတိပြု ပြီးနောက် ၎င်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်း နေထိုင်သူ အရေအတွက်မှာ စံချိန်တင် များပြားလာခဲ့သည်။ အများစုမှာ ပြင်သစ် နိုင်ငံ မြောက်ပိုင်းမှ အန္တရာယ်များသော ရေလမ်းခရီးကို ဖြတ်သန်းပြီး ရောက်ရှိလာခဲ့ရာ လန်ဒန်ရှိ အစိုးရအပေါ် ဖိအားများ သက်ရောက်စေခဲ့သည်။

Source: AFP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ALP က တော်လှန်ရေးလုပ်နေတာ NGO အလုပ် လုပ်နေတာ မဟုတ်ဘူး

By CNI
CNI
Category: Watch TV
Hits: 667

Share
Tweet
Share
Share
powered by social2s
ခွဲထွက်ရေးခေါင်းဆောင် ဒင်းနစ်ပူသျှီလင် (Reuters)

ဒွန်ဘတ်စ်ခွဲထွက်ရေး ခေါင်းဆောင်တောင်းသည့် စစ်အင်အားကို ရုရှားပေးမည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1357

CNI International News

မော်စကို ဇွန်လ ၁၄

ယူကရိန်းခွဲထွက်ရေးနယ်မြေခေါင်းဆောာင်က မော်စကိုထံမှ နောက်ထပ်စစ်အင်အားတောင်းခံပြီးနောက် ရုရှား၏ အဓိကစစ်ရေးရည်မှန်းချက်မှာ ဒွန်နက်ဆက်နှင့် လူဟန်ဆက် ပြည်သူ့သမ္မတနှစ်နိုင်ငံကို ကာကွယ်ရန်ဖြစ်ကြောင်း ကရင်မလင်နန်းတော်က ဇွန်လ ၁၃ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ယူကရိန်းအရှေ့ပိုင်းရှိ အဆိုပါနယ်မြေများတွင် ပစ်ခတ်တိုက်ခိုက်မှု တိုးလာနေကြောင်း ရုရှားကျောထောက် နောက်ခံပြု ခွဲထွက်ရေးခေါင်းဆောင် ဒင်းနစ်ပူသျှီလင်က ဇွန်လ ၁၃ ရက်အစောပိုင်းတွင် ပြောကြားခဲ့သည်။

“ကျနော်တို့ရဲ့ မဟာမိတ်တပ်တွေ အပါအဝင် လိုအပ်တဲ့ အင်အားအတွက် ရုရှားဖက်ဒရေးရှင်း တပ်ဖွဲ့အားလုံးဟာ ရန်သူကို တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“ယေဘုယျအားဖြင့် သမ္မတနိုင်ငံနှစ်ခု (ဒွန်နက်ဆက်နှင့်လူဟန်ဆက်) တို့ကို အကာအကွယ်ပေးဖို့ အခု စစ်ဆင်ရေးရဲ့ အဓိက ပန်းတိုင် ဖြစ်ပါတယ်” ဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့ကြောင်း ရုရှားမီဒီယာ RIA က သတင်းဖော်ပြခဲ့သည်။

ဇွန်လ ၁၂ ရက် ပစ်ခတ်မှုများအတွင်း ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား အများအပြား သေဆုံးခဲ့ကြောင်း RIA မီဒီယာ က အစောပိုင်းတွင် သတင်းထုတ်လွှင့်ခဲ့သည်။

ဒွန်ဘတ်ဒေသက ရုရှားခွဲထွက်ရေး တပ်ဖွဲ့က လက်နက်ကိုင်တစ်ဦး (GETTY IMAGES)

ဒွန်နက်ဆက်ဒေသတွင် ပစ်ခတ်မှု တိုးလာခြင်းအပေါ် ရုရှား၏ အခိုင်အမာ ပြောကြားချက်ကို ရိုက်တာသတင်းဌာနက သီးခြား အတည်ပြုနိုင်ခြင်း မရှိသလို စစ်ရေး အခြေအနေ တိုးတက်မှုနှင့် ပတ်သက်၍လည်း ကိယက်ဗ်(ယူကရိန်း)အစိုးရထံမှ ချက် ချင်း တုံ့ပြန် ဖြေကြားခြင်း မရှိသေးပေ။

ဒွန်နက်ဆက်နှင့် လူဟန်ဆက်တို့သည် ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသရှိ ရုရှား ကျောထောက်နောက်ခံ ခွဲထွက် အဖွဲ့နှစ်ဖွဲ့ဖြစ်ပြီး ကိယက်ဗ်(ယူကရိန်း)အစိုးရ၏ ထိန်းချုပ်မှုမှ လုံးဝဖယ်ရှားရန် တိုက်ပွဲဝင်နေကြောင်း ရုရှားက ပြောကြား ထားပြီး ဖြစ်သည်။

ယူကရိန်းသို့ စတင် ကျူးကျော်စဉ်ကပင် အဆိုပါ ဒေသနှစ်ခုကို လွတ်လပ်သည့် နိုင်ငံများအဖြစ် အသိအမှတ်ပြုကြောင်း ဗလာဒီမာပူတင်က ကြေညာခဲ့သည်။

အဆိုပါ ခွဲထွက်ရေးသမားများသည် ၂၀၁၄ ခုနှစ်ကပင် ယူကရိန်းအရှေ့ပိုင်း နယ်မြေ အများအပြားကို သိမ်းယူခဲ့ကြသည်။

မော်စကို(ရုရှား)က ၎င်း၏လုပ်ရပ်သည် ယူကရိန်းကို လက်နက် ဖြုတ်သိမ်းရန်နှင့် နာဇီ ဖက်ဆစ်များထံမှ ဒွန်ဘတ်စ်ကို ကာကွယ်ရန် အထူးစစ်ဆင်ရေး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ခေါင်းစဉ်တပ်ထားခဲ့သည်။

ထိုသို့ နာဇီဖက်ဆစ်ဟု စွပ်စွဲချက်သည် အခြေအမြစ်မရှိသလို ယခုစစ်ပွဲသည် ရန်လိုသော လုပ်ရပ်သာဖြစ်ကြောင်း ယူကရိန်း အစိုးရနှင့် အနောက်အုပ်စုနိုင်ငံများက တုံ့ပြန်ခဲ့သည်။

Source: Reuters

 

 

 

Share
Tweet
Share
Share
powered by social2s
ဒေါ်စောမြရာဇာလင်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်က တွေ့ဆုံစဉ်

ALP သည် NGO ဆန်သည့် အဖွဲ့အစည်းမျိုး ဖြစ်နေဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2415

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)သည် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) ဆန်သည့် အဖွဲ့အစည်း ပုံစံမျိုး ဖြစ်နေ သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဝေဟင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိမှာ ALP သည် နစကနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနေပြီး ဒေသဖွံ့ဖြိုးရေးများ ဆွေးနွေးခဲ့ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးပြီးနောက် ဖက်ဒရယ်ဘက်ကို ယိမ်းသွားကြောင်း ၎င်းက ပြောသည်။

ဦးဝေဟင်အောင်က “သူတို့အဖွဲ့က လက်ရှိ လက်နက်ကိုင်အဖွဲ့ဆိုတာထက် ဘယ်လိုပြောမလဲဆိုရင် နောက်ပိုင်းမှာ NGO ဆန်တဲ့ အဖွဲ့အစည်းပုံစံမျိုး တစ်ခုဖြစ်သွားတယ်ပေါ့။ အရင်တုန်းကဆိုရင် အရှေ့မှာ ချခဲ့တဲ့ ALP ရဲ့ မူဝါဒက ရခိုင်ပြည် လွတ်မြောက်ရေးဆိုတာ အဓိကပေါ့။ အခု လွတ်မြောက်ရေးကနေ သူတို့ ဘာဖြစ်သွားလဲဆိုရင် NCA ကို ဝင်လိုက်တဲ့ အချိန်မှာ သူတို့က ဒီဖက်ဒရယ် ဘက်ကို နည်းနည်းလေး ယိမ်းသွားတယ်၊ အခုနောက်ပိုင်း မနေ့က သတင်းတွေမှာ လိုက်ကြည့်ရ သလောက်ဆိုရင် သူတို့ ဆွေးနွေးခဲ့တာကြည့်ရင် ဒေသဖွံ့ဖြိုးရေးလောက်ကိုပဲ သူတို့ ဆွေးနွေးခဲ့တယ်၊ အမှန်လည်း သူတို့ ဆွေးနွေးနိုင်တဲ့ဘောင်က အဲဒီလောက်ပဲ ရှိတယ်ပေါ့လေ၊ ဖွံ့ဖြိုးရေး ဘောင်လောက်ပဲ ရှိတယ်၊ ဘာဖြစ်လို့လဲဆိုရင် လက်ရှိ မြေပြင် အခင်းအကျင်းအရဆိုရင် မြေပြင်မှာ စိုးမိုးထားတာက ULA/AA က ရခိုင်ပြည်ရဲ့ နေရာအများစုကို သူတို့ စိုးမိုးထား တယ်။ အဲဒီမှာ ALP အနေနဲ့ဆိုရင် အင်အားအားဖြင့် သော်လည်းကောင်း၊ မြေပြင်အရသော်လည်းကောင်း သူတို့က သတ် သတ် မှတ်မှတ် မရှိဘူး။ ဆိုတော့ သူတို့အနေနဲ့ အများဆုံး ပြောနိုင်တာက ဒေသဖွံ့ဖြိုးရေးလောက်ပဲ သူတို့ ပြောနိုင်တဲ့ အတိုင်းအတာပဲ ရှိတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ALP အနေဖြင့် NGO အဖွဲ့အစည်းမျိုး သွားနေခြင်း မဟုတ်ကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် စားပွဲဝိုင်း တွင် ဖြေရှင်းရမည်ဖြစ်ကြောင်း ALP မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ခိုင်အောင်စိုးသန်းက CNI သတင်းဌာနသို့ ပြော သည်။

ဦးခိုင်ရဲခိုင်နှင့် ALP အဖွဲ့ဝင်များ

ခိုင်အောင်စိုးသန်းက “ဒါတော့ သူတို့ အမြင်ရှိမှာပေါ့။ ကျနော်တို့ကတော့ ကျနော်တို့ အဖွဲ့အစည်းက နှစ်ပေါင်း ၅၀ ကျော်၊ ၆၀ နီးပါးလောက် ကျနော်တို့ တိုက်ပွဲဝင်လာတာ၊ အဲဒါတော့ NGO ပုံစံမျိုး ကျနော်တို့ လုပ်စားတဲ့ဟာ မဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က နိုင်ငံရေးနဲ့ကို စစ်ပွဲဖြစ်လာတာလည်း ကျနော်တို့က များနေပြီ၊ စစ်ပွဲကြီးပဲ သူလည်းမနိုင်၊ ကိုယ်လည်း မနိုင် အဲဒါကြောင့် ကျနော်တို့ NCA ထိုးတာလည်း အဲဒါပဲ၊ တစ်ပြိုင်နက် တစ်ဖက်က တိုက်ပွဲဖြစ်နေလို့ ကျနော်တို့ အဖြေရှာလို့ မရဘူး။ အဲဒါကြောင့် ကျနော်တို့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းပဲ ကျနော်တို့က စားပွဲဝိုင်းမှာပဲ ဖြေရှင်းရမယ်ဆိုတဲ့ အမြင်နဲ့ပဲ ကျနော်တို့ သွားနေတာဆိုတော့ အခု NGO လုပ်တယ်၊ ဟိုဟာ၊ ဒီဟာဆိုတာ အဲဒါတော့ မဟုတ်ပါဘူး။ ကျနော်တို့က တော့ နိုင်ငံရေး၊ တော်လှန်ရေးကို ကျနော်တို့ ဆက်ပြီးသွားနေတာ ကျနော်တို့ ၊ အခု စစ်ကောင်စီနဲ့လည်း ကျနော်တို့ မိတ်ဖွဲ့ တာလည်း မဟုတ်ဘူး။ ကျ‌နော်တို့ ဘာမှမဟုတ်ဘူး။ ကျနော်တို့ကနေပြီးတော့ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းမယ်ဆိုတဲ့ အဲဒီအတိုင်းပါပဲ”ဟု ပြောသည်။

ALP အနေဖြင့် ရခိုင်ပြည်အတွင်းက တိုက်ပွဲရှောင်များ နေရပ်ပြန်နိုင်ရေး၊ ဒေသတွင်း ဖွံ့ဖြိုးရေး၊ တိုက်ပွဲကြားတွင် အရပ်သား ပြည်သူများကို အကာအကွယ် ပေးနိုင်ရေးများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တော်လှန်ရေးတွင် သက်တမ်းကြာလာပြီး အောင်မြင်မှု မဖော်ဆောင်နိုင်သည့် အဖွဲ့အစည်းများသည် အခြားသော ပုံစံများကို ပြောင်းလဲ လုပ်ဆောင်နေရကြောင်း ရခိုင်တိုင်းရင်းသားကွန်ဂရက်မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်စောမြရာဇာလင်းနဲ့ ရခိုင်တိုင်းရင်းသူ/သားများကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက် တွေ့ရစဉ်

ကိုဇော်ဇော်ထွန်းက “ဒါကလည်း ALP မှ မဟုတ်ဘူးပေါ့လေ။ တော်လှန်ရေးမှာ သက်တမ်းကြာလာပြီးတော့မှ အောင်မြင်မှုကို မဖော်ဆောင်ပေးနိုင်တဲ့ အဖွဲ့ကတော့ ဒီလိုပုံစံ တစ်မျိုးမျိုးသော ရလာပေးတယ်လေ။ သူတို့လည်း သူတို့ ရေရှည်ရပ်တည်ရေး အတွက်ကို ရုန်းကန်ရတာပေါ့။ အဲဒီအခါမှာ ရုန်းကန်တဲ့အခါမှာ ပုံစံအမျိုးမျိုးတော့ ရှိမှာပေါ့။ ရွေးချယ်တဲ့ နည်းလမ်းတွေ အမျိုးမျိုး ရှိမှာပေါ့။ အဲဒီတော့ သူတို့ အခု ရွေးလိုက်တဲ့ ပုံစံကတော့ NGO ပုံစံမျိုး အတိအကျ ပြောဖို့တော့ ခက်‌တာပေါ့လေ၊ ကျနော်တို့ မသိနိုင်တဲ့ တခြားသော လုပ်ဆောင်ချက်တွေလည်း ရှိကောင်းရှိမှာပေါ့။ ဒါပေမဲ့ အများအမြင်ကတော့ အဲဒီပုံစံ အတိုင်း မြင်နေကြတာကတော့ အမှန်တကယ်ပါပဲ” ဟု ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)သည် ပြည်နယ်-ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး(Bilateral) အပြင် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးထားသည့် ရခိုင်လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။

ALP ကို ၁၉၆၇ ခုနှစ်တွင် ခိုင်မိုးလင်း ဦးဆောင်၍ ဖွဲ့စည်းခဲ့ပြီး ၁၉၇၄ ခုနှစ်မှာတော့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA)ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(NDF)၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေ စီ တပ်ပေါင်းစု(UNLD)၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT)၊ ညီညွတ်သောတိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ(UNFC)၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) စသည့် မဟာမိတ်များတွင် အဖွဲ့ဝင် အဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။

လက်ရှိတွင် ALP ကို ဦးခိုင်ရဲခိုင်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒေါ်စောမြရာဇာလင်းက ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူ၍ ရခိုင်နိုင်ငံရေးကို ဆောင်ရွက်နေကြောင်း သိရသည်။

Share
Tweet
Share
Share
powered by social2s
  • 105
  • 106
  • 107
  • 108
  • 109
  • 110
  • 111
  • 112
  • 113
  • 114

Page 110 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar