CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေ့ဖန်းသည် စင်ကာပူနိုင်ငံတွင် ကျင်းပသည့် (၁၉) ကြိမ်မြောက် ရှန်ဂရီလာ စုံညီအစည်းအဝေးတွင် ပြောကြားနေစဉ်(ဓါတ်ပုံ-ရိုက်တာ)

ယူကရိန်းစစ်နှင့် အမေရိကန်-တရုတ်ဆက်ဆံရေးက ရှန်ဂရီလာဆွေးနွေးပွဲကို လွှမ်းမိုးခဲ့

By CNI
CNI
Category: နိုင်ငံရေး
Hits: 1549

CNI International News

စင်ကာပူ၊ဇွန်လ ၁၃

ယူကရိန်းစစ်ပွဲနှင့် အမေရိကန်-တရုတ် ဆက်ဆံရေးတင်းမာလာမှုတို့သည် စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော ရှန်ဂရီလာဆွေးနွေးပွဲ၏ အစည်းအဝေးတိုင်းလိုလိုတွင် ပါဝင်ပြီး လွှမ်းမိုးခဲ့ကြောင်း၊ အဆိုပါဆွေးနွေးပွဲကို ၃ ရက်ကြာ ကျင်းပခဲ့ပြီးနောက် ဇွန်လ ၁၂ တွင် ပြီးဆုံးခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

ဆွေးနွေးပွဲနောက်ဆုံးနေ့၌ တရုတ်ကာကွယ်ရေးဝန်ကြီး ဝေ့ဖန်း (Wei Fenghe) က မိန့်ခွန်းပြောကြားရာတွင် “နှစ်နိုင်ငံဆက်ဆံရေးအတွက်အရေးကြီးသည့်အတားအဆီးရှိနေသဖြင့် ဆက်ဆံရေးတိုးတက်ရန်မှာ အမေရိကန်အပေါ် မူတည်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

“တရုတ်နိုင်ငံကို အပုပ်ချတာ ရပ်တန်းက ရပ်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ တရုတ်ပြည်တွင်းရေး ဝင်စွက်ဖက်တာကို အမေရိကန် မရပ်တန့်ရင် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်နိုင်မှာ မဟုတ်ဘူး” ဟု တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ဝတ်စုံ ဝတ်ဆင်ထားသည့် ဝန်ကြီးဝေ့ဖန်းက ဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။

ရှန်ဂရီလာဆွေးနွေးပွဲသည် အာရှထိပ်တန်းလုံခြုံရေးအစည်းအဝေးဖြစ်ပြီး ယခုနှစ်တွင် သံတမန်များ၊ ကာကွယ်ရေး ထိပ်တန်းအရာရှိများနှင့် လက်နက်ထုတ်လုပ်သူများအပါအဝင် နိုင်ငံပေါင်း ၄၀ မှ ကိုယ်စားလှယ် ၅၇၅ ဦးကို ဖိတ်ကြား၍ တက်ရောက်စေခဲ့သည်။

ဇွန်လ ၁၁ တွင် ကျင်းပသည့် အစည်းအဝေးတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က “တရုတ် လေယာဉ်နှင့် သင်္ဘောများသည် နိုင်ငံတချို့၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်စရာတိုးလာစေခဲ့ကြောင်း၊ ထိုင်ဝမ်အပါအဝင် မိမိတို့မဟာမိတ်နိုင်ငံများဘက်မှ မိမိတို့ရပ်တည်သွားမည်ဖြစ်ကြောင်း” ဟု ၎င်း၏ မိန့်ခွန်း ထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

စင်ကာပူ ရှန်ဂရီလာဆွေးနွေးပွဲတွင် အမေရိကန်-တရုတ်ဆက်ဆံရေးကို ယခင်ဆွေးနွေးပွဲများ၌ လွှမ်းမိုးထားလေ့ ရှိသော်လည်း ကပ်ရောဂါကြောင့် ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ကျင်းပသည့် ယခုနှစ်တွင် ရုရှား၏ ယူကရိန်းကျူးကျော်စစ်က ထပ်တိုး၍ လွှမ်းမိုးလာခဲ့သည်။
သိသာထင်ရှားသည့်အချက်တစ်ချက်မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးသည် ဗီဒီယိုလင့်ခ်မှ ယခု ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ မိမိတို့နိုင်ငံကို ကျူးကျော်ဝင်ရောက်ခြင်းသည် နိုင်ငံတကာ စည်းမျဉ်းအခြေခံကို ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း၊ ကမ္ဘာအရပ်ရပ်ကို အငတ်ဘေးနှင့်စားနပ်ရိက္ခာ အကျပ် အတည်းအန္တရာယ်ကျစေခဲ့ကြောင်း နိုင်ငံတကာမှ ကိုယ်စားလှယ်များကို ဇာလန်းစကီးက အသိပေးပြောကြား ခဲ့သည်။

တက်ရောက်လာကြသော ကိုယ်စားလှယ်အများပြားက ရုရှားနှင့်တရုတ်၏ ဆက်ဆံရေးကိုလည်း မေးခွန်း ထုတ်ခဲ့ကြကြောင်း ရိုက်တာသတင်းတွင် ဆက်လက်ဖော်ပြထားသည်။

Source: Reuters

Share
Tweet
Share
Share
powered by social2s
KNLA/KNDO ပူးပေါင်းအဖွဲ့က ရဲစခန်းကို သိမ်းစဉ်

ဝေါလေမြို့နယ်ခွဲက ရဲစခန်းကို KNLA နှင့် KNDO ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1539

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ-၆ နယ်မြေ ဝေါလေမြို့နယ်ခွဲ မြို့အဝင်နေရာက ရဲစခန်း တစ်ခုကို ယနေ့ (ဇွန်လ ၁၃ ရက်)တွင် KNLA နှင့် KNDO ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်၍ သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

KNLA ရဲဘော်များ

အဆိုပါ စခန်းသိမ်းတိုက်ခိုက်မှုတွင် ဝေါလေမြို့နယ်ခွဲက ရဲစခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင် တချို့ကိုလည်း ဖမ်းမိခဲ့သည်ဟု KNLA ဘက်က ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)သည် KNU ၏ စစ်ရေး လက်အောက်ခံ အဖွဲ့အစည်းများ ဖြစ်သည်။

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြံပေး ဒဲရက်ခ်ချောလက်

မြန်မာစစ်တပ် လက်နက်ကိုင်အဖွဲ့များကို အနိုင်မရ၊ ဒီမိုကရေစီ ပြန်ထူထောင်သင့်ဟု ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1895

 

CNI International News

ဘန်ကောက်၊ ဇွန်လ ၁၂

မြန်မာ့တပ်မတော်သည် ၎င်းကို ဆန့်ကျင်နေကြသည့် လက်နက်ကိုင် အဖွဲ့အစည်းများကို အနိုင်ရနိုင်သည့် အနေအထား မရှိ ကြောင်းနှင့် ယမန်နှစ် အာဏာသိမ်းပြီးနောက် ဒီမိုကရေစီ ပြန်လည်ထူထောင်ပေးသင့်ကြောင်း အမေရိကန် အကြီးတန်း သံတမန်တစ်ဦးက ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်က ဖော်ပြသည်။

“သူတို့ အနိုင်ရဖို့ လက်တွေ့ကျကျ ဘယ်လိုတွေးမလဲဆိုတာ ဒီကနေ့ မြင်ကြည့်ဖို့က ခက်ပါတယ်။ သူတို့နယ်မြေတွေ ဆုံးရှုံး နေတယ်။ သူတို့စစ်တပ် အကြီးအကျယ် ရှုံးနေပြီ” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြံပေး ဒဲရက်ခ်ချောလက်က ပြောကြားခဲ့သည်။

ဇွန်လ ၁၀ ရက်တွင် ဘန်ကောက်မြို့ရှိ ရိုက်တာနှင့် အခြား သတင်းထောက် တစ်ဦးတို့ကို တွေ့ဆုံခဲ့ရာတွင် “စစ်တပ်သည် နိုင်ငံတကာတွင်သာမက ပြည်တွင်း၌ အထီးကျန်ဖြစ်နေပြီး တိုက်ပွဲကို အဆုံးသတ်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွား သင့်ကြောင်း” ချောလက်က ပြောကြားခဲ့သည်။

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က ဖြုတ်ချခဲ့ပြီး ဆန္ဒပြပွဲများအား အင်အားသုံး ဖြိုခွင်းခဲ့သလို လူအစုလိုက် အပြုံလိုက် ဖမ်းဆီးခဲ့သည်။

ချောလက်၏ သဘောထား မှတ်ချက်များနှင့်ပတ်သက်၍ ဇွန်လ ၁၂ ရက် (ယနေ့)တွင် မြန်မာ့တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ထံသို့ ရိုက်တာက ဆက်သွယ် မေးမြန်းခဲ့သော်လည်း တယ်လီဖုန်း လက်ခံဖြေကြားခြင်း မရှိပါ။

Source: Reuters, Bangkok Post

 

Share
Tweet
Share
Share
powered by social2s
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအထူးကိုယ်စားလှယ် မစ္စပွန်ပီမော

မြန်မာနိုင်ငံအပေါ် ဖယ်ချန်သည့် အပြောအဆိုမျိုးကို ထိုင်းသံတမန် သတိပေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2035

 

CNI International News

စင်ကာပူ၊ ဇွန်လ ၁၂

မြန်မာ့တပ်မတော်မှ အုပ်ချုပ်သူများနှင့် ဆက်ဆံရာတွင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ဖယ်ချန်ထားသည့် အပြော အဆိုမျိုးတွင် နစ်မျောမနေသင့်ကြောင်း ထိုင်းနိုင်ငံ၏ အထူးသံတမန်သစ်က သတိပေးလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းက ရေးသားဖော်ပြသည်။

“ရှုတ်ချမှုများ၊ ပိတ်ဆို့အရေးယူမှုများ၊ အဟန့်အတားများ ချမှတ်ခြင်းသည် နောက်ပိုင်းတွင် ထူးမခြားနားသည့် မူလ အနေ အထားသို့ တဖန် ပြန်ရောက်လာတယ်” ဟု စင်ကာပူနိုင်ငံတွင် ဇွန်လ ၁၁ ရက်က ကျင်းပသည့် လုံခြုံရေးနှင့် နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများ၏ နှစ်ပတ်လည် အစည်းအဝေးတွင် ထိုင်းအထူးသံတမန်သစ် ပွန်ပီမောကန်ချာနာလက်က ပြော ကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစံနှုန်းများ အချိန်မရွေး ပြန်ရနိုင်ကြောင်း ယုံကြည်မှု အားနည်းသည့် အခြားပုဂ္ဂိုလ်များ၏ သဘော ထား မှတ်ချက်များအပေါ် ၎င်းက အထက်ပါအတိုင်း တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပေး ဒဲရက်ခ်ချောလက်က “ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ကျင်းပမည့် မြန်မာ စစ်တပ် စီစဉ်ထားသည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော အခွင့်အလမ်း ရှိမည်မဟုတ်ကြောင်း” ပြောကြား ထားမှု ရှိခဲ့သည်။

“လွတ်လပ်ပြီး တရားမျှတဖို့ အခွင့်အလမ်းမရှိဘူးလို့ ကျနော်ထင်ပါတယ်။ ပြီးတော့ ဒါဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုက် အဝန်းကို ကစားကို ကြိုးပမ်းမှုတစ်ခု ဖြစ်နိုင်ပါတယ်” ဟု ဒဲရက်ခ်ချောလက်က သဘောထား မှတ်ချက်ပေးခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပေး ဒဲရက်ခ်ချောလက်

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာသည် ယမန်နှစ် အကုန်ပိုင်း၌ တာဝန်ထမ်းဆောင်ချိန်မှစ၍ မြန်မာပြည်တွင်းသို့ လာရောက်ခွင့် မရခဲ့၍ နောက်ထပ် ရွေးကောက်ပွဲကြောင့် မငြိမ်မသက် ထပ်မံ ဖြစ်မည့်အရေးကို စိုးရိမ် မှုများ ရှိနေသည်။

မြန်မာ့တပ်မတော်၏ ရွေးကောက်ပွဲသည် အရပ်သား အုပ်ချုပ်ရေးသို့ မှန်မှန်ကန်ကန် ပြန်လည် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း နှင့် အများပြည်သူများ၏ သဘောဆန္ဒကို လေးစားကြောင်း မြန်မာနိုင်ငံသားများအနေဖြင့် ယုံကြည်ခြင်း မရှိခဲ့လျှင် ထိုအချက် သည် ပိုမိုကြီးမားသော အကြမ်းဖက်မှုအတွက် အစပျိုးရာ ရောက်လာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လာမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အထက်ပါ စိုးရိမ်မှုများကို ထိုင်းသံတမန် မစ္စပွန်ပီမောက အသိအမှတ် ပြုခဲ့သော်လည်း နိုင်ငံတကာ အသိုက်အဝန်းသည် ရွေးကောက်ပွဲ ကျင်းပမည်ဟု ဆိုသည့် မြန်မာ့တပ်မတော်၏ ကတိကဝတ်များကို အလေး ထား နားထောင်ရမည်ဖြစ်ကြောင်း မှတ်ချက်ချခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ

ပြီးခဲ့သည့် ဧပြီလတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဒဝီနိုင်းက ၎င်း၏ အကြံပေးတစ်ဦးဖြစ်သည့် မစ္စပွန်ပီမောကို အထူး သံတမန်ရာထူး ခန့်အပ် တာဝန်ပေးခဲ့သည်။ သူမသည် မြန်မာနှင့် ညှိနှိုင်းသည့် ကြိုးပမ်းမှုများတွင် ညှိနှိုင်းဆောင်ရွက်ရန် ရည်ရွယ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံတွင် အတွေ့အကြုံများစွာ ရှိခဲ့သူ မစ္စပွန်ပီမောသည် ထိုင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး စည်းလုံး လှုံ့ဆော်ရေးများလည်း လုပ်ကိုင်ခဲ့ဖူးသည်။

Source: Bangkok Post

 

Share
Tweet
Share
Share
powered by social2s

နစကနှင့် ဆွေးနွေးရန် ဒေါ်စောမြရာဇာလင်းနှင့်အဖွဲ့ နေပြည်တော်ရောက်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2211

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ယနေ့ (ဇွန်လ ၁၂ ရက်) နေပြည်တော် ရောက်ရှိလာ ကြောင်း သိရသည်။

ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေ လေဆိပ်မှ နေပြည်တော်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ထို့နောက် မနက်ဖြန် (ဇွန်လ ၁၃ ရက်)တွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည်ဖြစ်သည်။

ထိုသို့ ဆွေးနွေးပြီးပါက နောက်ရက်များတွင် ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့် ဆက်လက် ဆွေးနွေးကြမည်ဖြစ်သည်။

နစကသည် ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်ထားသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်များအား ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည်ဟု ဧပြီ ၂၂ ရက်က ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောခဲ့သည်။

ထို့နောက် မေလ ၂၀ ရက်မှ ဇွန်လ ၇ ရက်နေ့အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်လည်းကောင်း၊ မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်လည်းကောင်း၊ ကရင် အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)ဥက္ကဋ္ဌ ဦးစောထော့လေးနှင့်လည်းကောင်း၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ဒုဥက္ကဋ္ဌ ဦးလော့ယာကုနှင့် လည်းကောင်း၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)ဒုဥက္ကဋ္ဌ ဦးစံပေ့နှင့်လည်းကောင်း အသီးသီး တွေ့ ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။

 

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယားပါတီအစည်းအဝေး၌ လက်နက်ထုတ်လုပ်ရေး ထပ်လောင်းအတည်ပြု

By CNI
CNI
Category: Watch TV
Hits: 697

Share
Tweet
Share
Share
powered by social2s

သူ့ကိုယ်သူ ၁၈ ရာစု ဇာဘုရင်နှင့် ပူတင် ခိုင်းနှိုင်းပြီးပြော

By CNI
CNI
Category: Watch TV
Hits: 685

Share
Tweet
Share
Share
powered by social2s

ထိုင်ဝမ်လွတ်လပ်ရေးကြိုးပမ်းမှုတိုင်း ချေမှုန်းသွားမည်ဟု တရုတ်ပြော

By CNI
CNI
Category: Watch TV
Hits: 696

Share
Tweet
Share
Share
powered by social2s

နိုင်ငံတည်ဆောက်ရေး PDF နှင့် အဖွဲ့အစည်းအမျိုးမျိုးကို နစက ကမ်းလှမ်း

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1210

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၁

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များ အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံ့ပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု နစက-က ဇွန်လ ၁၁ ရက်တွင် ထုတ်ပြန် သွားသည်ကို တွေ့ရသည်။

PDF များနှင့် ဒီမိုကရေစီအင်အားစုများကတော့ တပ်မတော်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အရပ်သား အစိုးရ ပြန်လည် တင်မြှောက်နိုင်ရေး လက်နက်ကိုင် တိုက်ပွဲ အပါအဝင် သံတမန်ရေးရာ တိုက်ပွဲများကို ဆင်နွှဲလျက်ရှိသည်။

 

Share
Tweet
Share
Share
powered by social2s

WHO ဝန်ထမ်း အသတ်ခံရမှု တိုင်းပြည်ပုံရိပ်ကို ထိခိုက်စေဟု ပြော

By CNI
CNI
Category: Watch TV
Hits: 743

Share
Tweet
Share
Share
powered by social2s
မက္ကစီကို စစ်တပ်က လက်နက်များ ဖျက်ဆီးနေစဉ် (Reuters)

ဒုစရိုက်ဂိုဏ်းများဆီက လက်နက်များကို မက္ကစီစစ်တပ် ဖျက်ဆီး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1494

CNI International News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၁

မက္ကစီကိုနိုင်ငံ၊ ဆီဒတ်ဟွာရက်ဇ်ရှိ စစ်အခြေစိုက် စခန်းတစ်ခုတွင် ဇွန်လ ၁၀ ရက်၌ လက်နက်များ ဖျက်ဆီးပွဲ ပြုလုပ်ခဲ့ရာ မက္ကစီကို တပ်ဖွဲ့ဝင်များက စစ်လက်နက်များကို တစစီချိုးဖဲ့ ဖျက်ဆီးခဲ့ကြသည်။

အဆိုပါ လက်နက်များသည် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် မက္ကစီကို စစ်ဘက်တို့ ညှိနှိုင်းဆောင်ရွက်ပြီး ဒုစရိုက်ဂိုဏ်းများ ထံမှ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

Source: Voice of America

 

 

 

 

Share
Tweet
Share
Share
powered by social2s
တွေ့ဆုံပွဲသို့ တက်ရောက်လာခဲ့သည့် တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်းဂျီး(ဓါတ်ပုံ-ရိုက်တာ)

ထိုင်ဝမ်လွတ်လပ်ရေးကြိုးပမ်းမှုတိုင်း ချေမှုန်းသွားမည်ဟု တရုတ်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1686

CNI International News

စင်ကာပူ၊ ဇွန်လ ၁၁

တရုတ်သည် စစ်စတင်ရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း၊ ထိုင်ဝမ်လွတ်လပ်ရေးကြိုးပမ်းမှုတိုင်းကို မှုန့်မှုန့်ညက်ကြေအောင် ချေမှုန်းသွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးနှင့် ထိုင်ဝမ်၏မဟာမိတ် အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့ စင်ကာပူနိုင်ငံ၌ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံစဉ် တရုတ် ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

“တစ်စုံတစ်ယောက်က ထိုင်ဝမ်ကို တရုတ်နိုင်ငံထဲကနေ ခွဲထွက်ဖို့ သတ္တိရှိရှိလုပ်ဆောင်ရင်တော့ တရုတ်စစ်တပ်က ဘယ်လောက်ပဲကုန်ကုန် စစ်ပွဲစတင်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး” ဟု တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်းဂျီး (Wei Fenghe) က ဇွန်လ ၁၀ ရက်၌ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) ကို ပြောကြားခဲ့သည်။

“PlA (တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) ဟာ တိုက်ခိုက်ဖို့က လွဲလို့ တခြားရွေးချယ်စရာ ရှိတော့မှာ မဟုတ်ဘူး။ ထိုင်ဝမ်လွတ်လပ်ရေးကြိုးပမ်းမှုမှန်သမျှကို ချေမှုန်းဖို့၊ နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေး ကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်ပါတယ်” ဟု ဝေဖန်းဂျီးက ဆက်လက်ပြောကြားခဲ့သည်။

ရန်စကားပြောနေသည့်ကြားမှ နောက်ပိုင်းတွင် ဝေဖန်းဂျီးသည် အော်စတင်နှင့်ဆွေးနွေးမှုများ အဆင်ပြေချောမွေ့ သွားခဲ့ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ရှန်ဂရီလာဆွေးနွေးမှု လုံခြုံရေးဆိုင်ရာထိပ်သီးအစည်းအဝေးတွင် သီးခြား တွေ့ဆုံမှုအဖြစ် တရုတ်နှင့်အမေရိကန် ကာကွယ်ရေးဝန်ကြီးနှစ်ဦးတို့ တစ်နာရီနီးပါးကြာ ဆွေးနွေးခဲ့ကြရာ မူလစီစဉ်ထားသည့်အချိန်ထက် နှစ်ဆ ပိုကြာသွားခဲ့ကြောင်း သိရသည်။

ထိုင်ဝမ်လွတ်လပ်ရေးကြံစည်မှုမှန်သမျှကို ဖြိုခွင်းပြီး အမိမြေပြန်လည်ပေါင်းစည်းရေးကို ပြတ်သားစွာ ထောက်ခံ သွားမည်ဟု ဝေဖန်းဂျီးက ကတိပြုခဲ့ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

“ထိုင်ဝမ်ဆိုတာ တရုတ်ရဲ့ထိုင်ဝမ်ပဲဖြစ်ပါတယ်။ တရုတ်ကို ထိန်းချုပ်ဖို့ ထိုင်ဝမ်ကို အသုံးချရင် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး” ဟု ၎င်းထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ထိုင်ဝမ်သည် မိမိ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပိုင်နက်နယ်မြေအဖြစ် ဘေဂျင်းအစိုးရက အခိုင်အမာပြောကြား ထားသော်လည်း ကျွန်းကို အင်အားသုံး သိမ်းပိုက်မည့်အစီအစဉ်မရှိကြောင်း ငြင်းပယ်ထားသည်။

ဘေဂျင်းအနေဖြင့် ထိုင်ဝမ်အပေါ် မတည်မငြိမ်ဖြစ်စေသော လုပ်ရပ်များ ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း အော်စတင်က ဝေဖန်းဂျီးကို တိုက်တွန်းခဲ့သည်ဟု ပင်တဂွန်စစ်ဌာနချုပ်က သတင်းထုတ်ပြန်ခဲ့သည်။

ယခုဆွေးနွေးမှုတွင် အဓိကအားဖြင့် ထိုင်ဝမ်ကို အာရုံစိုက်ခဲ့ကြောင်း၊ ထိုင်ဝမ်အပေါ် ဝါရှင်တန်အစိုးရ၏ ရပ်တည်ချက်မှာ အပြောင်းအလဲမရှိကြောင်း အော်စတင်က ထပ်လောင်းပြောကြားခဲ့ပြီး တရုတ်၏စစ်ရေးအရ ရန်လိုမှုကို ဝေဖန်ခဲ့ကြောင်း အမည်မဖော်လိုသူ အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက အတည်ပြုခဲ့သည်။

Source: Aljazeera

 

Share
Tweet
Share
Share
powered by social2s
ရုရှားသမ္မတ ပူတင် ကိုတွေ့ရစဉ်(Reuters)

သူ့ကိုယ်သူ ၁၈ ရာစု ဇာဘုရင်နှင့် ပူတင် ခိုင်းနှိုင်းပြီးပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1498

CNI International News

မော်စကို၊ ဇွန်လ ၁၁

ရုရှားဇာဘုရင် နန်းဆက်တွင် ထင်ရှားခဲ့သည့် မဟာပီတာ (Peter the Great) ကို ဗလာဒီမာပူတင် ကြည်ညိုလေးစားခြင်းမှာ လူသိများလှသော်လည်း ယခုအခါ ပူတင်သည် သူ့ကိုယ်သူ တော်ဝင်ပုဂ္ဂိုလ်အဖြစ် အတွေးရောက်နေပုံရကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းသတင်းတွင် ဖော်ပြထားသည်။

လွန်ခဲ့သော ၃ ရာစုခန့်က ရုရှားဇာဘုရင် ပီတာ၏ နယ်ချဲ့စစ်ပွဲများနှင့် ယနေ့ ၎င်းတိုက်ခိုက်နေသည့် ရုရှား၏ ယူကရိန်း ကျူး ကျော်စစ်ကို နှိုင်းယှဉ်ခဲ့ပြီး ယခုစစ်ပွဲသည်လည်း နယ်မြေသိမ်းပိုက်ရန် ဖြစ်ကြောင်း အတိအလင်း ပြောကြားခဲ့သည်။

ထိုသို့ ပူတင်၏ ပြောင်ပြောင်တင်းတင်း အင်ပါယာ ထူထောင်ရေး ရည်မှန်းချက်များအတွက် ယူကရိန်းကို ဆိုးကျိုးသာ ဖြစ်စေပြီး ၎င်း၏ သဘောထား မှတ်ချက်ကို လုံးဝလက်မခံနိုင်ဟု အက်စတိုးနီးယား အပါအဝင် ရုရှား အိမ်နီးချင်းနိုင်ငံများက ဆန့် ကျင်ခဲ့ကြသည်။

ရုရှား ဇာဘုရင် မဟာပီတာ (GETTY IMAGES)

ရုရှားသမ္မတ ပူတင်သည် ဇွန်လ ၉ ရက်တွင် လူငယ်စွန့်ဦးတီထွင်သူများ၊ သိပ္ပံပညာရှင်များနှင့် တွေ့ဆုံ၍ စကားဝိုင်းတစ်ရပ် ပြုလုပ်ခဲ့သည်။

၎င်းသည် အိုင်တီနှင့်နည်းပညာဖွံ့ဖြိုးရေးအကြောင်း မပြောမီ ပထဝီဝင်နိုင်ငံရေးအရ လွှမ်းမိုးဖို့ သူ့အမြင်အရ တိုက်ပွဲသစ်နှင့် နိုင်ငံရေး၊ တန်ခိုးဩဇာတို့ကို ပြောကြားခဲ့သည်။ မဟာပီတာသည် မိမိအတွက် စံနမူနာ ယူရသူတစ်ဦးဖြစ်ကြောင်း စကားဝိုင်း ၌ ပါဝင်သူ လူငယ်များကို ပူတင်က အသိပေးခဲ့သည်။

“အဲဒီတုန်းက သူဟာ ဆွီဒင်ကို တိုက်ခဲ့ပြီး နယ်မြေချဲ့ထွင်ခဲ့တယ်လို့ ခင်ဗျားတို့ ထင်ကောင်းထင်လိမ့်မယ်” ဟု ၁၈ ရာစု ရုရှား အင်ပါယာသစ် ထူထောင်စဉ်က ပီတာဘုရင်၏ ဥရောပမြောက်ပိုင်း စစ်ပွဲများကို ပူတင်က ရည်ညွှန်း ပြောကြားခဲ့သည်။

“ဒါပေမယ့် ဘာမှ မယူဘဲ သိမ်းပိုက်ခဲ့တာ ဖြစ်တယ်” ဟု ဆလပ်ဗ်လူမျိုးများ ထိုဒေသ၌ နေထိုင်ခဲ့ပုံကို ပူတင်က စောဒက တက်ခဲ့သည်။

ယူကရိန်းစစ်ပွဲအတွင်းက ဖျက်စီးမှု

“ဒီနယ်မြေကို ပြန်လည်ရယူဖို့နဲ့က အားကောင်းဖို့က အလားအလာက ကျနော်တို့ဆီမှာလည်း ကျဆင်းသွားပုံရပါတယ်” ဟု ပူတင်က ယူကရိန်းနှင့် ၎င်း၏ရည်မှန်းချက်ကို ဦးတည်နေသယောင် သံသယဖြစ်ဖွယ် အပြုံးများဖြင့် စကားဝိုင်းကို နိဂုံးချုပ်ခဲ့သည်။

ပီတာဘုရင် လက်ထက် ရုရှား၏ အင်ပါယာ ချဲ့ထွင်ခြင်း ခိုင်မာခဲ့ကြောင်း ပူတင်က သက်သေထူခဲ့သည်။

မျက်မှောက်ကာလ၌ ရုရှားက ၎င်း၏ အိမ်နီးချင်းကို ယခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျူးကျော်တိုက်ခိုက်သည့်အခါ ပူတင် က ၎င်းလုပ်ရပ်သည် ယူကရိန်း အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသတွင် နာဇီရှင်းလင်းရန်နှင့် လက်နက်ဖြုတ်သိမ်းရန် အထူးစစ်ဆင် ရေး ဖြစ်ကြောင်း၊ ရုရှားအတွက် ခြိမ်းခြောက်မှုတစ်ခု လျှော့ချခြင်းဖြစ်ကြောင်း လှည့်စားပြောကြားခဲ့သည်ဟု ဘီဘီစီ အင်္ဂလိပ် ပိုင်း သတင်းတွင် ဖော်ပြထားသည်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာနိုင်ငံ အလံကိုတွေ့ရစဉ်

WHO ဝန်ထမ်း အသတ်ခံရမှု တိုင်းပြည်ပုံရိပ်ကို ထိခိုက်စေဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2360

CNI News

၂၀၂၂ ခုနှစ်၊ ဇွန် ၁၁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝန်ထမ်းတစ်ဦး အသတ်ခံရမှုမှာ တိုင်းပြည်ပုံရိပ် ကို ထိခိုက်စေသည်ဟု မြန်မာနိုင်ငံရေးသမားများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက် ညနေပိုင်းက WHO ဝန်ထမ်း ဦးမျိုးမင်းထွဋ်သည် ဆိုင်ကယ်နှင့် အိမ်ပြန်လာချိန်မှာ လုပ်ကြံ ပစ်သတ်ခံခဲ့ရသည်။

WHO ဝန်ထမ်းလုပ်ကြံသတ်ဖြတ်ခံရမှုမှာ တိုင်းပြည်အတွက် ပုံရိပ်မကောင်းကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနကို ပြောသည်။

ဒေါက်တာ ညိုညိုသင်းက “ဒါကတော့ ကိုယ့်တိုင်းပြည်အတွက်ကတော့ မကောင်းဘူးပေါ့၊ ကိုယ့်တိုင်းပြည်အတွက် Image ကတော့ မကောင်းဘူးပေါ့၊ ဘာပဲဖြစ်ဖြစ်၊ အဟောင်းပဲဖြစ်ဖြစ်၊ အသစ်ပဲဖြစ်ဖြစ် ဒီလိုလက်နက်မဲ့တဲ့ အရပ်သားတွေ အပေါ်မှာ ဒီလိုအကြမ်းဖက်တာ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ဒါကတော့ မကောင်းဘူးပေါ့။ မတော်တဆ ဖြစ်တယ်ဆိုလည်း တစ်မျိုးပေါ့နော်၊ တမင်တကာ လုပ်ကြံတယ်တာမျိုး ဆိုရင်‌တော့ မကောင်းဘူးပေါ့” ဟု ပြောသည်။

ဦးမျိုးမင်းထွဋ်သည် WHO မြန်မာရုံးတွင် ၅ နှစ်နီးပါး ကားဒရိုင်ဘာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း မိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်း WHO မှ ထုတ်ပြန်ခဲ့သည်

မော်လမြိုင် ဒေသကာကွယ်ရေးတပ်ဖွဲ့(PDF)က ဦးမျိုးမင်းထွဋ်သည် စစ်သတင်းပေး ဖြစ်သည့်အတွက် လုပ်ကြံ သတ်ဖြတ်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

WHO ဝန်ထမ်း ဦးမျိုးမင်းထွဋ် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ ရက် သတ်ဖြတ်ခံရ

ဦးမျိုးမင်းထွဋ် သတ်ဖြတ် ခံရခြင်းအပေါ် WHO၊ ကုလသမဂ္ဂ တာဝန်ရှိသူများက ပြစ်တင်ရှုတ်ချခဲ့ပြီး မိသားစုနှင့် အတူ ဝမ်းနည်းကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

WHO ဝန်ထမ်း ဦးမျိုးမင်းထွဋ်ကို PDF က သတ်ဖြတ်သွားခြင်းဖြစ်သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NU G)တွင် တစ်စုံတစ်ရာ တာဝန်ရှိကြောင်း ထောက်ပြနေကြသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ထိုကိစ္စသည် NUG နှင့် တိုက်ရိုက် ပတ်သက်စရာမရှိကြောင်း၊ ညွှန်ကြားမှုများလည်း လုပ်မှာမဟုတ်ကြောင်း CNI သတင်းဌာနသို့ ပြောသည်။

ဦးသန်းစိုးနိုင်က “WHO တို့ နိုင်ငံတကာ အဖွဲ့အစည်း ဝန်ထမ်းတစ်ယောက် အသတ်ခံရတယ်ဆိုတဲ့ ကိစ္စတော့ ဒါနိုင်ငံတကာအနေနဲ့ ကြည့်ရင်တော့ ဒါမကောင်းတဲ့ ကိစ္စပေါ့ဗျာ၊ ဒါပေမဲ့ PDF တွေကလည်း စည်းလွတ်၊ ဝါးလွတ် သတိလက်လွတ် သူတို့ အရေးယူတဲ့ ပုံမဟုတ်ပါဘူး။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး သူတို့က ဒီလူဘာတွေ လုပ်ခဲ့ တယ်၊ ဘယ်သူနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ အကြောင်းတွေ ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီကိစ္စတွေက NUG နဲ့လည်း တိုက်ရိုက် ပတ်သက်စရာ အကြောင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆို‌တော့ NUG က အဲဒီလို အောက်ခြေက လုပ်တာကိုင်တာ အားလုံးကို အသေးစိတ် အနေနဲ့ သူတို့ အနေနဲ့ သိမှာလည်း မဟုတ်ဘူး။ အဲဒီအပေါ်မှာ ညွှန်ကြားမှာလည်း မဟုတ်ပါဘူး။ သို့သော်ငြားလည်း ဒေသဆိုင်ရာက PDF တွေက အခြေအနေ ပိုပြီးနားလည်လို့ ဖြေရှင်းရမယ်လို့ ယူဆပြီး ဖြေရှင်းတာကို သူတို့ ရှင်းပြထားတာ ကျနော်လည်း နားထောင်နေပါတယ်။ အဲဒါကြောင့် NUG နဲ့ တိုက်ရိုက်အားဖြင့် မသက်ဆိုင်ဘူး။ NUG မှာ တာဝန်မရှိဘူးလို့ ကျနော့် အနေနဲ့တော့ မြင်ပါတယ်ခင်ဗျ။ ဒါမျိုးက ဗမာပြည်မှာ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ဒါကတော့ ဖြစ်တတ် ပါတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြကြောင်း၊ အဆိုပါ တော်လှန်ရေးအတွင်းမှာ မြန်မာနိုင်ငံသား တချို့ လုပ်ကြံသတ်ဖြတ် ခံနေကြရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို ဇွန်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် ပါတီအစည်းအဝေးတွင် တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

မြောက်ကိုရီးယားပါတီအစည်းအဝေး၌ လက်နက်ထုတ်လုပ်ရေး ထပ်လောင်းအတည်ပြု

By CNI
CNI
Category: နိုင်ငံရေး
Hits: 1260

CNI International News

ပြုံယမ်း၊ဇွန်လ ၁၁

တိုင်းပြည်လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာပြီဖြစ်၍ မိမိတို့လက်နက်ထုတ်လုပ်တည်ဆောက်ရေး နှစ်ဆတိုးရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ပါတီအစည်းအဝေးတွင် ထပ်လောင်းအတည်ပြုခဲ့ကြောင်း အေပီ သတင်းဌာနက ရေးသားဖော်ပြသည်။

မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုအခြေအနေကို ပြည်ပ အစိုးရ များက စောင့်ကြည့်နေချိန်၌ ၎င်းနိုင်ငံအတွက် အရေးကြီးဆုံးပါတီအစည်းအဝေး၌ ယင်းကဲ့သို့ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားအစိုးရပိုင် “ကိုရီးယားဗဟိုသတင်းဌာန” (KCNA) က ဇွန်လ ၁၁ ရက် (ယနေ့) ထုတ်လွှင့်ခဲ့သော ကင်မ်ဂျုံအန်း၏သဘောထားမှတ်ချက်များတွင် အမေရိကန်(သို့မဟုတ်)ပြိုင်ဘက်တောင်ကိုရီးယားကို တိုက်ရိုက် ဝေဖန်မှုတစုံတရာ မပါဝင်ခဲ့ပေ။ ဇွန်လ ၁၀ ရက်တွင် ပြီးဆုံးသွားခဲ့သည့် ၃ ရက်ကြာဆွေးနွေးမှုများကို နျူကလီးယားအရေးနှင့် သံတမန်အရေး အဟန့်အတားဖြစ်နေသည့်ကြားမှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အေပီက ဆက်လက်ရေးသားထားသည်။

လက်နက်ထုတ်လုပ်ရေးအရှိန်မြှင့်ခြင်းသည် မိမိကိုယ်ကိုခုခံကာကွယ်ရန်နှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်သည့် အခွင့်အရေးကို ကျင့်သုံးရန်တို့ဖြစ်ကြောင်း ကင်မ်ဂျုံအန်းက ပြောကြားခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ရေး သိပ္ပံပညာရှင်များ ထပ်မံလိုက်နာရမည့် စစ်သွေးကြွလုပ်ငန်းစဉ်များကို ချမှတ်ပေးခဲ့ကြောင်း KCNA သတင်းအရ သိရသည်။

သို့သော် ၎င်းသတင်းထုတ်လွှင့်မှုတွင် နျူကလီးယားဖောက်ခွဲစမ်းသပ်ခြင်းအပါအဝင် သီးခြားရည်မှန်း လုပ်ဆောင် နေမှုများ(သို့မဟုတ်)အစီအစဉ်များ ဖော်ပြထားခြင်း မတွေ့ရပေ။

မြောက်ကိုရီးယား၏ အာဏာရ အလုပ်သမားပါတီ၊ ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးတွင် ပြီးခဲ့သည့်လ၌ ပထမဆုံးအတည်ပြုခဲ့သည့် Covid-19 ဖြစ်ပွားမှုနှေးကွေးရန် ကြိုးပမ်းမှုအပါအဝင် တိုင်းပြည်အခြေအနေကို ပြန်လည်သုံးသပ်ခဲ့ကြသည်။တင်းကျပ်သော ကပ်ရောဂါကန့်သတ်ချက်များကြားတွင် ၎င်း၏စီးပွားရေး ရည်မှန်း ချက်များ ဆက်လက်ရှင်သန်တိုးတက်အောင် လုပ်ဆောင်ရန် ကင်မ်ဂျုံအန်းက စိတ်အားထက်သန်နေသည်။

“မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်သည် အချုပ်အခြာအာဏာကို ကာကွယ်ဖို့ဖြစ်ပြီး ပါတီ၏အာဏာအတွက် အသွင်မပြောင်းလဲနိုင်သည့် တိုက်ပွဲဝင်ရေးမူဝါဒကို ကင်မ်ဂျုံအန်း ထပ်လောင်းရှင်းလင်းပြောကြားခဲ့ကြောင်း” KCNA သတင်း၌ ဆက်လက်ဖော်ပြထားသည်။

Source: AP

Share
Tweet
Share
Share
powered by social2s

ယူကရိန်းဆိပ်ကမ်းများ ရုရှားပိတ်၍ လူသန်းနှင့်ချီ ငတ်နိုင်ဟု ဇာလန်းစကီး သတိပေး

By CNI
CNI
Category: Watch TV
Hits: 746

Share
Tweet
Share
Share
powered by social2s
  • 107
  • 108
  • 109
  • 110
  • 111
  • 112
  • 113
  • 114
  • 115
  • 116

Page 112 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar