CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ယူကရိန်းမှ စပါးတင်ပို့ရေးကို ပူတင်ကတိပြု

By CNI
CNI
Category: Watch TV
Hits: 658

Share
Tweet
Share
Share
powered by social2s

ဆင်းရဲဒုက္ခများ ဖြေလျှော့ပေးဖို့ ရုရှားကို အာဖရိကသမဂ္ဂ တောင်းဆို

By CNI
CNI
Category: Watch TV
Hits: 729

Share
Tweet
Share
Share
powered by social2s

UN နျူလက်နက်ဖျက်သိမ်းရေးဖိုရမ်ကို မြောက်ကိုရီးယား ယာယီတာဝန်ယူ

By CNI
CNI
Category: Watch TV
Hits: 690

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်က NDAA ဒုဥက္ကဋ္ဌ ဦးစံပေ့နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

နိုင်ငံတော်မှ ခွဲမထွက်ဘူးဟု NDAA ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1394

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၄

အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလားအဖွဲ့)အနေဖြင့် နိုင်ငံတော်မှ ခွဲမထွက်ဘူးဟု NDAA ဒုဥက္ကဋ္ဌ ဦးစံပေ့နှင့် ကိုယ်စားလှယ်အဖွဲ့က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ယနေ့ (ဇွန်လ ၄ ရက်) နံနက်ပိုင်းက နေပြည်တော်မှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် NDAA ဒုဥက္ကဋ္ဌ ဦးစံပေ့၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ အတွင်းရေးမှူး(၂) ဦးအားလူ၊ ဆက်ဆံရေးနှင့်ဆက်သွယ်ရေးဌာနကြီးမှူး ဦးစိုင်း မောက် တို့ တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

NDAA ဒုဥက္ကဋ္ဌ ဦးစံပေ့က “ NDAA (မိုင်းလား)အဖွဲ့အနေဖြင့် နိုင်ငံတော်မှ ခွဲမထွက်ဘဲ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးနှင့်နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို စွဲမြဲစွာ ထိန်းသိမ်းလိုက်နာလျက်ရှိ သည်” ဟု ပြောသည်။

ထို့နောက် ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက် ရေး၊ ဒေသခံ တိုင်းရင်းသားများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို NDAA အဖွဲ့ က တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က NDAA ဒုဥက္ကဋ္ဌ ဦးစံပေ့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နစက တွေ့ဆုံစဉ်

နစကဥက္ကဋ္ဌက “လက်နက်ကိုင် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာနိုင်မှသာလျှင် ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်နေချိန်တွင်လည်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့တွင် ရပ်တန့်နေ၍ မရဘဲ စဉ်ဆက်မပြတ် တိုးတက်မှုရှိအောင် ဆောင်ရွက်နေရမည်” ဟု ပြောသည်။

ထို့နောက် မိမိတို့အနေဖြင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များကို တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည် ထောင်စု နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းနိုင်ရေး ငြိမ်းချမ်းရေး ရရှိအောင်  ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံ သည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေး စသည်တို့ကို နစကဥက္ကဋ္ဌက ချပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ငြိမ်းချမ်းရေး ဆွေးနွေးရန်နှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များကို ကိုယ်တိုင် တွေ့ဆုံမည်ဖြစ်ကြောင်း ဧပြီ ၂၂ ရက်က ပြောကြား၍ ဖိတ် ခေါ်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က NDAA အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

ထို့နောက် မေလ ၂၀ ရက်မှ ဇွန်လ ၂ ရက်နေ့အတွင်းမှာ နစက ဥက္ကဋ္ဌသည် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) မှ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် လည်းကောင်း၊ မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် လည်းကောင်း၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဥက္ကဋ္ဌ ဦးစောထော့လေး နှင့်လည်းကောင်း၊ "ဝ"ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်(UWSA) ဒုဥက္ကဋ္ဌ ဦးလော့ယာကု နှင့်လည်းကောင်း အသီးသီး  တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။

NDAA သည် ၁၉၈၉ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကနေ ခွဲထွက်ပြီး တပ်မတော်နှင့် ငြိမ်းချမ်းရေး ရယူခဲ့သည်။ ထို့နောက် အထူးဒေသ(၄)အဖြစ် သတ်မှတ်ပေးကာ မိုင်းလားမြို့ကို ဌာနချုပ်အဖြစ် ထားကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိထား သည်။

ထို့နောက် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ပြည်နယ်အဆင့်- ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲ ရေး (Bilateral)ရေးထိုးခဲ့သည်။

 

 

Share
Tweet
Share
Share
powered by social2s

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်အစား အခြားပြစ်ဒဏ်ပြောင်းလဲသင့်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 692

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ NDAA ဒုဥက္ကဋ္ဌ ဦးစံပေ့

NDAA ဒုဥက္ကဋ္ဌ ဦးစံပေ့နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1995

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၄

အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလားအဖွဲ့)ဒုဥက္ကဋ္ဌ ဦးစံပေ့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယနေ့ (ဇွန်လ ၄ ရက်) နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နစက ကိုယ်စားလှယ်များနဲ့ NDAA ကိုယ်စားလှယ်များ

အဆိုပါ တွေ့ဆုံမှုတွင် NDAA ဘက်မှ ဒုဥက္ကဋ္ဌ ဦးစံပေ့၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်တို့ တက်ရောက်ခဲ့ပြီး နစကဘက်မှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ခဲ့ကြသည်။

 

 

 

 

#NDAA #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #ငြိမ်းချမ်းရေး #နိုင်ငံရေး #CNImyanmar #cninews

Share
Tweet
Share
Share
powered by social2s

ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော် သေဒဏ်ချမှတ်ခံရမှု ဦးကိုကိုကြီး ဘာပြောလဲ

By CNI
CNI
Category: Watch TV
Hits: 1091

Share
Tweet
Share
Share
powered by social2s
ယူကရိန်းဘက်က တိုက်ခိုက်ပေးနေသူများ (Reuters)

ရုရှားထိန်းချုပ်နယ်မြေ ၂၀ ရာခိုင်နှုန်းကို ယူကရိန်းပြန်သိမ်းနိုင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1101

CNI International News

ကိယက်ဗ်၊ ဇွန်လ ၄

ရုရှားနှင့် တိုက်ပွဲများဖြစ်ပွားစဉ် ဆုံးရှုံးခဲ့ရသော ဆီဗီးရိုဒွန်နက်ဆက်မြို့ရှိ နယ်မြေ ၂၀ ရာခိုင်နှုန်းကို ယူကရိန်းတပ်များက ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း လူဟန်ဆက် အရှေ့ပိုင်းဒေသအုပ်ချုပ်ရေးမှူး ဆာဟေးဂိုင်ဒိုင်းက ဇွန်လ ၃ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

“ခက်ခက်ခဲခဲ အခြေအနေတွေ မတွေ့ခင်တုန်းကတော့ နယ်မြေ ၇၀ ရာခိုင်နှုန်းလောက် ရုရှား အသိမ်းခံရတယ်ဗျာ။ အခုတော့ ကျနော်တို့က ၂၀ ရာခိုင်နှုန်းလောက် ပြန်သိမ်းနိုင်ခဲ့ပြီ” ဟု ဆာဟေးဂိုင်ဒိုင်းက (ယူကရိန်း)အမျိုးသားရုပ်သံလိုင်းသို့ ပြောကြား ခဲ့သည်။

လူဟန်ဆက် နယ်မြေအားလုံးကို ထိန်းချုပ်နိုင်ရန် မော်စကို(ရုရှား)၏ စစ်ရေး ရည်မှန်းချက် ပြည့်မီအောင် မြို့တွင်း တိုက်ပွဲ များအတွက် ရုရှားတပ်ဖွဲ့ဝင် အင်အားကို ဖြည့်တင်းထားသည်။

ယူကရိန်းနိုင်ငံသားများ ခံစစ်ပြင်နေစဉ်(AFP)

၎င်း၏ တပ်ဖွဲ့များသည် ထိုနေရာတဝိုက် မကြာသေးမီက အောင်မြင်မှု အချို့ရခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက ဇွန်လ ၃ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းနယ်မြေများသို့ ရောက်ရန် နာရီပေါင်းများစွာ ပစ်ခတ်ပြီးမှ ရုရှားတပ်များ ရှေ့ဆက် ချီတက်နိုင်ခဲ့ကြောင်း၊ ရုရှားတပ် များ ထပ်တလဲလဲ ဖိဖိစီးစီး တိုက်ခိုက်နေသဖြင့် ထိခိုက်ဒဏ်ရာ မရသည့် မိမိတို့ဘက်မှ ခံစစ်သမားများသာ တုံ့ပြန်ပစ်ခတ်နိုင် ကြောင်း ဆာဟေးဂိုင်ဒိုင်းက ဆက်လက် ပြောကြားခဲ့သည်။

“အမြောက်တွေ၊ လေယာဉ်တွေ၊ မော်တာ စက်သေနတ်တွေနဲ့ မြင်မြင်သမျှ ပစ်ခတ်ဖျက်ဆီးပြီး သူတို့ ရှေ့ဆက် ချီတက်လာ ကြတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

“ဒါပေမယ့် အနောက်တိုင်းက လာတဲ့ တာဝေးပစ် လက်နက်တွေနဲ့ အလုံအလောက် ရပြီဆိုတာနဲ့ သူတို့အမြောက်တွေကို ကျနော်တို့နယ်မြေထဲက တိုက်ထုတ်ပစ်မယ်။ အဲဒီလို ပြန်တိုက်နိုင်ရင်တော့ ရုရှားခြေလျင်တပ်ရင်း ပြေးတော့မယ်ဆိုတာ ယုံလိုက်ပါ” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကိုဖြိုးဇေယျာသော်နဲ့ ကိုဂျင်မီတို့ကို တွေ့ရစဉ်

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်အစား အခြားပြစ်ဒဏ်ပြောင်းလဲသင့်ဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1283

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၄

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ် အစား အခြားပြစ်ဒဏ် ပြောင်းလဲပေးသင့်ကြောင်း ပြည်သူ့ပါတီမှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းတို့ နှစ်ဦးကို အကြမ်းဖက်မှု ဥပဒေပုဒ်မများနှင့် တရားစွဲဆိုထားပြီးနောက် သေဒဏ်အမိန့်ချမှတ်ကြောင်း အတည်ပြုသည် ဟု နစကမှ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများအား ဇွန်လ ၃ ရက် ပြောကြားခဲ့သည်။

ဦးကိုကိုကြီးက “ ကျနော်တို့ ၈၈၈၈ အရေးတော်ပုံ နောက်ပိုင်းမှာလည်း ကိုယ်ယုံကြည်ရာ နည်းလမ်းနဲ့ ဆောင်ရွက်တဲ့အတွက် ကြောင့် သေဒဏ်ကျ ရဲဘော်တွေ ကျ‌နော်တို့နဲ့ အတူနေခဲ့ရတာပါပဲ၊ အဲဒီတော့ သေဒဏ်ကနေပြီးတော့ တစ်သက်တစ်ကျွန်း၊ တစ်သက်တစ်ကျွန်းကနေ ၁၀ နှစ်စီဆိုပြီးတော့ လွတ်မြောက်သွားတဲ့ဟာတွေ အများကြီး ကျ‌နော်တို့ ကြုံခဲ့ပြီးပါပြီ။ ဥပမာ အားဖြင့် ပြောရရင် ရေနံချက်စက်ရုံရော နောက်ပြီးတော့ မြို့တော်ခန်းမ‌ရော ဗုံးနှစ်လုံးပေါ့၊ နှစ်နေရာ ဖောက်ခွဲခဲ့တဲ့ ပုဂ္ဂိုလ်ဆို လို့ရှိရင် သေဒဏ်ကနေ အနှစ် ၂၀၊ အနှစ် ၂၀ ကနေ ၁၀ နှစ်စီဆိုပြီးတော့ ဒါ ၇ နှစ်ကျော်ကျော်လောက် နေပြီးတော့ ပြန်လွတ် သွားတာက ကျ‌နော်တို့ လွတ်ခါနီးမှာကို အတူတူ နေခဲ့ရပါသေးတယ်၊ ဒါကြောင့်မို့လို့ အခုဖြစ်တဲ့ ကိစ္စမှာလည်းပဲ နိုင်ငံရေးအရ ဖြစ်ပေါ်တဲ့ ကိစ္စမှာ နိုင်ငံရေးအရပဲ ကျနော်တို့ ရလဒ်ကောင်းတွေ ထွက်လာဖို့ မိသားစုတွေနဲ့ စုံစည်းနိုင်ဖို့အတွက် မျှော်လင့် ရ မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း

မြန်မာနိုင်ငံမှာ သေဒဏ် စီရင်ချက်ဖြင့် ကြိုးမိန့်ပေးခြင်းမှာ ၁၉၈၉ ခုနှစ်က နောက်ဆုံးဖြစ်ကြောင်း၊ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျ သော် တို့ကို သေဒဏ်စီရင်ချက် မချသင့်ကြောင်း တရားလွှတ်တော်ရှေ့နော် ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

ဦးကြီးမြင့်က “မလုပ်သင့်ဘူး။ ဒီဟာကြီးက ကမ္ဘာကလည်း လက်မခံတော့ဘူးလေ၊ ကုလသမဂ္ဂ သေဒဏ်တွေ ပယ်ဖျက်ပေး ဖို့ တောင်းဆိုတာတွေ ရှိတယ်၊ ကျနော်တို့ ပြည်တွင်းမှာလည်းပဲ ကျနော် ကြိုးတိုက်မှာ နှစ်ချီပြီး နေခဲ့ရတယ်၊ ကြိုးသမားတွေ နဲ့ အတူနေခဲ့ရတယ်၊ လူသတ်သမားတွေ၊ မုဒိမ်းသမားတွေ လူသတ်တာတော့ တစ်ခါလောက်ဆို ကျုပ်မပြောဘူးနော်၊ သုံးခါ၊ သုံးခါ၊ ကြိုးသုံးခါ အဲဒီလူက ဘာမှ မဖြစ်ဘူး။ ကြည်လင်းတို့ဆိုလည်း ရက်ရက်စက်စက် သတ်တာဗျာ၊ ကြိုတင် ကြံစည် ချက်နဲ့ သေသေချာချာ သတ်တာ ကြည်လင်းတို့ဆို၊ ဘာမှမဖြစ်ဘူး၊ ထောင်ထဲမှာ အေးအေးဆေးဆေးပဲ ဝတ်ကောင်းစားလှ တွေ ဝတ်ပြီးတော့ စားသောက်ပြီးတော့ ပြောချင်တာက သေဒဏ် တကယ်ပေးရမယ့် လူတွေ ရှိပါတယ်၊ စင်ကာပူတို့၊ အမေရိကားတို့ အခုထက်ထိ ကြိုးပေးတာ ပုံစံမျိုးစုံနဲ့ သေဒဏ်‌တွေ ချမှတ်ပြီး ကျင့်သုံးနေတာ နည်းသွားပြီ အရမ်းနည်းသွား ပြီ ဂျပန်လည်း အဲဒီအတိုင်းပဲ၊ ရှိတယ် အရမ်းနည်းသွားပြီ၊ ၁၀ နှစ်မှာ တစ်ယောက်လောက်၊ နှစ်ယောက်လောက် ဒီလောက် ပဲ ရှိတော့တယ်၊ ဒါလည်း တကယ့်ကို လူအများကြီး သေအောင်လုပ်လို့ လုပ်တာ” ဟု ပြောသည်။

၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်ဟောင်း ကိုဖြိုးဇေယျာသော် တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့ဖြင့် ဇန်နဝါရီ ၂၁ ရက်က သေဒဏ် အမိန့်ချမှတ်လိုက်ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
နျူကလီးယားဖိုရိမ် အလှည့်ကျ ဥက္ကဋ္ဌ

UN နျူလက်နက်ဖျက်သိမ်းရေးဖိုရမ်ကို မြောက်ကိုရီးယား ယာယီတာဝန်ယူ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1468

CNI International News

ပြုံယမ်း၊ ဇွန်လ ၄

မြောက်ကိုရီးယားသည် ကုလသမဂ္ဂ (UN) ၏ ထိပ်တန်း နျူကလီးယားလက်နက် ဖျက်သိမ်းရေးဖိုရမ်၏ အကြီးအကဲအဖြစ် ယာယီ တာဝန်ယူထားကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းသတင်းအရ သိရသည်။

သို့ရာတွင် UN လုံခြုံရေးကောင်စီက တားမြစ်ထားသည့် တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှု အတွက် ယခုနှစ် အစောပိုင်း၌ မြောက်ကိုရီးယားကို အပယ်ခံနိုင်ငံအဖြစ် စွပ်စွဲခဲ့ကြကြောင်း ဘီဘီစီ ဆက်လက် ဖော်ပြထားသည်။

ယခုအခါ မြောက်ကိုရီးယားသည် UN အတွင်း လက်နက်ဖျက်သိမ်းရေးဖိုရမ်(ညီလာခံ)၏ ဥက္ကဋ္ဌအဖြစ် အဖွဲ့ဝင်များအကြား အလှည့်ကျတာဝန်ကို ရယူခဲ့သည်။ ထိုအပြောင်းအလဲကြောင့် အဆိုပါဖိုရမ်အပေါ် ချက်ချင်းဆိုသလို ဝေဖန်သံများ ကျယ်လောင် သွားခဲ့သည်။

အစိုးရမဟုတ်သော အဖွဲ့အစည်း အတော်များများက သံတမန်ရေးအရ ဆန္ဒပြသည့်ပုံစံဖြင့် အဆိုပါဖိုရမ်ကျင်းပရာ ခန်းမကို ကျောခိုင်း ထွက်ခွာကြရန် နိုင်ငံအသီးသီးကို တိုက်တွန်းခဲ့ကြသည်။ ဇွန်လ ၂ ရက်တွင် ကျင်းပသည့် ဖိုရမ်၌ အဖွဲ့ဝင် နိုင်ငံများ ၏ ကိုယ်စားလှယ်များက ယင်းကဲ့သို့ ဆန္ဒပြခြင်း မရှိခဲ့ကြသော်လည်း နိုင်ငံအချို့ကတော့ အောက်ခြေအဆင့် ကိုယ်စားလှယ် များကိုသာ စေလွှတ်ခဲ့ကြသည်။

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ သွားရောက်ခဲ့ပြီးနောက် ပြုံယမ်းသည် ဒုံးကျည်စမ်းသပ်မှု အများအပြား လုပ်ဆောင်၍ ပစ်လွှတ်ပြခဲ့သည်။

မြောက်ကိုရီးယား နျူကလီးယား တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရန် ပြင်ဆင်နေစဉ်

UN က ပြုံယမ်း အစိုးရအပေါ် ပဲ့ထိန်းဒုံးကျည်နှင့် နျူကလီးယားလက်နက် စမ်းသပ်ခြင်းမပြုရန် တားမြစ်ထားပြီး ယခင် စမ်းသပ်မှုများကြောင့် တင်းကျပ်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။

အဆိုပါ လက်နက် ဖျက်သိမ်းရေး ဖိုရမ်ကို ဂျနီဗာမြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် တစ်နှစ်လျှင် ၃ ကြိမ် ကျင်းပလေ့ရှိပြီး လက်နက်နှင့် နျူကလီးယား သဘောတူညီချက်များကို ကမ္ဘာ့တစ်ခုတည်းသော ဆုံးဖြတ်ချက်အဖြစ် ချမှတ်ပေးရသည်။

ထိုဖိုရမ်(ညီလာခံ)၏ အဓိကဦးတည်ချက်မှာ နျူကလီးယားလက်နက် ပြိုင်ဆိုင်မှုကို အဆုံးသတ်ရန်နှင့် နျူကလီးယားစစ် တားဆီးရန်တို့ ဖြစ်သည်။
သို့သော် ၁၉၉၆ ခုနှစ်ကတည်းက ယင်းဖိုရမ်မှ သဘောတူညီချက်များ ဟုတ္တိပတ္တိ ချမှတ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

မြောက်ကိုရီးယားသည် အဆိုပါဖိုရမ်တွင် အနည်းဆုံး နောက်ထပ် သီတင်းပတ် ၃ ပတ်ကြာ ဥက္ကဋ္ဌ တာဝန်ယူထားမည် ဖြစ်သည်။

ဇွန်လ ၂ ရက် ဖိုရမ် အဖွင့် အစည်းအဝေးတွင် ပြုံယမ်းအပေါ် ပိတ်ဆို့ အရေးယူမှုများ ကိုင်စွဲထားသည့် အနောက်အုပ်စု နိုင်ငံ များက ယခုနှစ်အတွင်း မြောက်ကိုရီးယား၏ ရန်လိုမှုကို ရှုတ်ချကြသည့် ပူးတွဲကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

Source: BBC

 

 

 

Share
Tweet
Share
Share
powered by social2s
ပူတင်နဲ့ အာဖရိကသမဂ္ဂ အကြီးအကဲ မာကီဆဲလ်

ဆင်းရဲဒုက္ခများ ဖြေလျှော့ပေးဖို့ ရုရှားကို အာဖရိကသမဂ္ဂ တောင်းဆို

By CNI
CNI
Category: နိုင်ငံရေး
Hits: 1789

CNI International News

မော်စကို၊ ဇွန်လ ၄

အာဖရိကနိုင်ငံများသည် ယူကရိန်းစစ်ပွဲ၏ အပြစ်မဲ့ သားကောင်ဖြစ်ခဲ့ရပြီး ၎င်းတို့ဒုက္ခများကို ရုရှား ဖြေလျှော့ပေးဖို့ အာဖရိက သမဂ္ဂ အကြီးအကဲက ရုရှားနိုင်ငံတွင် ကျင်းပသည့် အစည်းအဝေး၌ ဗလာဒီမာပူတင်ကို အသိပေး ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၊ ဆိုချီမြို့တွင် ကျင်းပသည့် ထိုအစည်းအဝေးအပြီး ပူတင်က ကောက်ပဲသီးနှံနှင့် ဓာတ်မြေဩဇာ တင်ပို့မှုကို ဖြေ လျှော့ပေးမည်ဟု ကတိပြုခဲ့သော်လည်း အသေးစိတ်ကိုမူ ထုတ်မပြောခဲ့ပေ။

အာဖရိကသမဂ္ဂ အကြီးအကဲ မာကီဆဲလ် (Macky Sall) နှင့် တွေ့ဆုံရာ၌ မော်စကိုသည် ယူကရိန်းဆိပ်ကမ်းမှ စပါးနှင့် ဂျုံ တင်ပို့မှု တားမြစ်သည်ဆိုခြင်းကို ပူတင်က အတိအလင်း ငြင်းပယ်ခဲ့သည်။

အာဖရိကတွင် စားသုံးနေသော စပါးနှင့်ဂျုံတို့၏ ၄၀ ရာခိုင်နှုန်းကျော်သည် များသောအားဖြင့် ရုရှားနှင့်ယူကရိန်းတို့ထံမှ တင်သွင်းနေရသည်။ သို့သော် စစ်ရေးပဋိပက္ခစတင်စဉ်ကတည်းက ယူကရိန်း၏ပင်လယ်နက်ဆိပ်ကမ်းများ၌ ပို့ကုန်များ အတွက် အလွန်အမင်း ပိတ်ဆို့ဟန့်တားခြင်း ခံခဲ့ရသည်။

ကိယက်ဗ်(ယူကရိန်း)နှင့် ၎င်း၏ မဟာမိတ်များက ရုရှား၏ ကြည်းကြောင်း၊ ရေကြောင်း နှစ်သွယ်ဖြင့် တိုက်ခိုက်ခြင်းကို တားဆီးရန်အတွက် ယူကရိန်းဆိပ်ကမ်းတွင် မဖြစ်မနေ မိုင်းထောင်ထားကြသော်လည်း မော်စကို(ရုရှား)အပေါ် အပြစ်တင် နေခဲ့သည်။

အာဖရိက စားနပ်ရိက္ခာပြတ်လပ်မှု

“အဲဒီ ဆိပ်ကမ်းတွေ မဖွင့်နိုင်ဘူးဆိုရင် အငတ်ဘေး ကြုံရတော့မယ်” ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာ အကျပ်အတည်း ညှိနှိုင်းရေးမှူး အေပင်အဝပ် (Amin Awad) က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြောကြားခဲ့သည်။

စပါးနှင့်ဂျုံ စသည့် ကောက်ပဲသီးနှံ ပြတ်လပ်မှုကြောင့် လူဦးရေး ၁ ဒသမ ၄ ဘီလီယံ ထိခိုက်နိုင်ပြီး အစုလိုက် အပြုံလိုက် ပြောင်းရွှေ့နေထိုင်မှုကို ပေါ်ပေါက်စေမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

စပါးရိတ်သိမ်း ချွေလှေ့ခြင်း အခြေအနေ မကောင်းမှု၊ လုံခြုံစိတ်ချရခြင်း ကင်းမဲ့မှုတို့ကြောင့် အာဖရိကတိုက်တွင် ယခင် ကတည်းက ရှိနေခဲ့သော အစာရေစာ ရှားပါးမှု ပြဿနာမှာ ယခုစစ်ပွဲကြောင့် ပိုဆိုးလာခဲ့သည်။

ပြီးခဲ့သည့် ရက်ပေါင်း ၁၀၀ အတွင်း ရုရှားတို့ ယူကရိန်းကို ကျူးကျော်စစ် စပြီးနောက် အစားအသောက် ဈေးနှုန်းများ တရှိန် ထိုး တက်လာခဲ့ပြီး ငတ်မွတ်ခေါင်းပါးသူ အရေအတွက်မှာလည်း များပြားလာစေခဲ့သည်။

အာဖရိကတွင် လူဦးရေ သန်း ၈၀ ကျော်သည် အစာရေစာ ရှားပါးမှုနှင့်အတူ အငတ်ဘေး အလွန်ဆိုးရွားစွာ ဆိုက်ရောက်နေ ကြောင်း ကုလသမဂ္ဂ (UN) လက်အောက်ခံ၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ အကြီးအကဲ မိုက်ဒန်းဖို့ဒ် (Mike Dunford) က သတိပေးခဲ့သည်။

မိုက်ဒန်းဖို့ဒ်က အမျိုးသား စားနပ်ရိက္ခာဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ရပ်ကို ကြေညာခဲ့ပြီး အာဖရိက လူဦးရေ၏ သုံးပုံတစ်ပုံမှာ စားနပ်ရိက္ခာ အကူအညီလိုနေကြောင်း UN နှင့် နိုင်ငံတကာသို့ တောင်းဆိုထားသည်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဓာတ်ပုံ - ခွန်ဗဟန်းထန်

ကယန်းအမျိုးသား တော်လှန်ရေးနေ့ ကယန်းပြည်သစ်ပါတီ ကျင်းပ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1669

CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၄

ယနေ့ (ဇွန်လ ၄ ရက်)ကျရောက်သည့် ၅၈ နှစ်မြောက် ကယန်းအမျိုးသား လက်နက်ကိုင် တော်လှန်ရေးနေ့ အခမ်းအနားကို ကယန်းပြည်သစ်ပါတီသည် ၎င်းတို့၏ ဌာနချုပ်ဖြစ်သော ဆီးဘူးဒေသမှာ ကျင်းပခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ခွန်ဗဟန်းထန်

 

 

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသို့ ပို့သည့်လက်နက်များကို ရာဇဝတ်ဂိုဏ်းများ မျက်စိကျနေဟု အင်တာပိုလ်သတိပေး

By CNI
CNI
Category: Watch TV
Hits: 748

Share
Tweet
Share
Share
powered by social2s

သေနတ်ပစ်ခတ်မှုများအား အရေးယူနိုင်ဖို့ လွှတ်တော်ကို ဘိုင်ဒန် တိုက်တွန်း

By CNI
CNI
Category: Watch TV
Hits: 687

Share
Tweet
Share
Share
powered by social2s

ယူကရိန်းအရှေ့ပိုင်း တိုက်ခိုက်ခံရနေစဉ် ဇာလန်းစကီး လက်နက်များ ပိုမျှော်လင့်

By CNI
CNI
Category: Watch TV
Hits: 724

Share
Tweet
Share
Share
powered by social2s

နစက၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နိုင်ငံရေး အသာစီးရအောင် လုပ်နေခြင်းဟု CNF ပြော

By CNI
CNI
Category: Watch TV
Hits: 671

Share
Tweet
Share
Share
powered by social2s
  • 111
  • 112
  • 113
  • 114
  • 115
  • 116
  • 117
  • 118
  • 119
  • 120

Page 116 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar