CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ဆလိုင်းထက်နီနဲ့ CNF ရဲဘော်များကိုတွေ့ရစဉ် (အလယ်လူ)

နစက၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နိုင်ငံရေး အသာစီးရအောင် လုပ်နေခြင်းဟု CNF ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1957

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃

နစက အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေခြင်းသည် နိုင်ငံတကာ သံတမန်ရေးရာတွင် အသာစီးရအောင် လုပ်နေခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) မှ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်း ထက်နီက CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း နစကဥက္ကဋ္ဌက ဖိတ်ခေါ်ခဲ့ပြီးနောက် မေလ ၂၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ လက်နက်ကိုင် ၄ ဖွဲ့နှင့် နစကတို့ တွေ့ဆုံဆွေးနွေးထားပြီး ဖြစ်သည်။

ဆလိုင်းထက်နီက “တိုင်းရင်းသားအရေးပဲ မဟုတ်ဘဲနဲ့ တစ်ပြည်လုံးအရေး ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ဖို့အတွက် ကျနော်တို့ တိုက်ပွဲဝင်နေတာ ဖြစ်တယ်၊ ဒီဆွေးနွေးပွဲကတော့ ကျနော်တို့ရဲ့ အတွေ့အကြုံအရ ကျနော်တို့က အယုံအကြည် မရှိဘူး။ သူ့ရဲ့ ဖိတ်ခေါ်တဲ့ ပုံစံကလည်း တစ်ဖွဲ့ချင်း တက်တာတွေ၊ ဖိတ်တာတွေဆိုတာက အမှန်ဆို ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ သူအားလုံး ပါဝင်ပြီး ဖိတ်ခေါ်ရမှာ ဖြစ်တယ်၊ အဲဒါကြောင့် သူဖိတ်ကြားတဲ့ ပုံစံကို ကျနော်တို့က အယုံအကြည် မရှိဘူး၊ သူတို့ရဲ့ နိုင်ငံရေး ထွက်ပေါက်၊ နိုင်ငံတကာမှာ တိုင်းရင်းသား လက်နက်ကိုင်တွေကို ကျနော် ဖိတ်နေပါတယ်ဆိုပြီးတော့ နိုင်ငံတကာ မှာ နိုင်ငံရေး အသာစီးရအောင် လုပ်နေတဲ့ လုပ်ရပ်ဖြစ်တယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတက်သည့် လက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့၏ တိုင်းရင်းသားအရေးကို အလုပ် ဟုလည်းကောင်း၊ တချို့ လက်နက်ကိုင် အဖွဲ့အစည်းများမှာ ငြိမ်းချမ်းရေးကို မသိချင်ယောင် ဆောင်နေကြောင်း နစက၏ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ ၁ ရက်တွင် ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ် တွေ့ဆုံစဉ်

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ပြည်တွင်းမှာ အဓိကတွေ့ရတဲ့ အခက်အခဲကတော့ တိုက်ရိုက် ပါဝင်ပတ်သက်သူတွေ ကိုယ်တိုင် တချို့က တိုက်ရိုက် ပါဝင် ပတ်သက်သူတွေ ကိုယ်တိုင်၊ နံပါတ်တစ်ကတော့ သိလျက်နဲ့ မသိချင်ယောင်ဆောင်ခြင်း၊ တိုက်ရိုက် ပါဝင် ပတ်သက်သူတွေ ကိုယ်တိုင်၊ သိလျက်နဲ့ မသိချင်ယောင်ဆောင်ခြင်း၊ နံပါတ်နှစ်အချက်ကတော့ တိုက်ရိုက် ပါဝင် ပတ် သက်သူတွေ ကိုယ်တိုင် မသိချင်ယောင်ဆောင်တာ မဟုတ်ဘူး။ မကြားချင်ယောင် ဆောင်တာပေါ့ဗျာ၊ မသိချင်ယောင် ဆောင် ခြင်းနဲ့ မကြားချင်ယောင် ဆောင်ခြင်းက‌တော့ အဓိက အခက်အခဲပါပဲ။ NCA စာချုပ် ဖြစ်ပေါ်လာဖို့ ဆိုလို့ရှိရင် ဘယ်မှာ အခြေ ခံ သလဲဆိုရင် လိုင်ဇာမှာ အခြေခံခဲ့တယ်၊ KIA မှာ အခြေခံခဲ့တယ်၊ NCA စာချုပ်ကို ထပ်ပြီး မြှင့်တင်တာတို့၊ NCA စာချုပ်ကို ထပ်ပြီး အတည်ပြုခဲ့တာ ဘယ်မှာလဲဆို လော်ခီးလားမှာ KNU က ခုငြိမ်းချမ်း‌ရေးဆွေးနွေးတဲ့ အခါမှာ KNU, KIA ပါလား။ ကျ‌နော်တို့ ဆွေးနွေးနေတာ သူတို့ ဆွဲခဲ့တဲ့ဟာအတိုင်း ဆွေးနွေးနေတာလေ။ ပါလား အဲဒါကို မသိချင်ယောင်ဆောင်ခြင်းလို့ ခေါ်တယ်” ဟု ပြောသည်။

လက်ရှိ နစကမှာ ၂၀၀၈ တွင် မပါသည့် အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေကြောင်း၊ ၎င်းတို့ ဖိတ်ကြားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မသိချင်ယောင်ဆောင်ခြင်း မဟုတ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

၎င်းက “ပြတ်ပြတ်ပြောရရင်တော့ သူ့ရဲ့ နိုင်ငံတကာမှာ နိုင်ငံရေး ထွက်ပေါက်အတွက် အဲဒီလို လုပ်နေတယ်၊ အဲဒီ ထွက် ပေါက်ဆိုတာ ဘာလဲ ရှင်းတယ်၊ နောက်နှစ် ဩဂုတ်မှာ သူက ရွေးကောက်ပွဲ လုပ်မလို့၊ အဲဒီရွေးကောက်ပွဲလုပ်ဖို့ အဲဒီ ရွေး ကောက်ပွဲ တောင်မှ ၂၀၀၈ ဖွဲ့စည်းပုံမှာ မရှိတဲ့ PR ပုံစံနဲ့ လုပ်မယ်လို့ ကျနော်တို့ သိရတယ်၊ သူက ကြိုက်သလို လုပ်နေတယ်၊ အဲဒီလို လုပ်လိုက်ရင် တိုင်းရင်းသားတွေကို နိုင်ငံရေးဆွေးနွေးပွဲနဲ့ ချဉ်းကပ်ပြီးတော့ တိုင်းရင်းသားဒေသတွေ တည်ငြိမ်အောင် လုပ်မယ်၊ အဲဒီမှာ PDF တွေကို ဖြုတ်မယ် ပြီးတော့ ရွေးကောက်ပွဲလုပ်မယ်၊ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ဟာလည်း PR စနစ် နဲ့ဆိုတော့ အဲဒါ ပြည်သူလူထုရဲ့ ဆန္ဒပါသော မပါသောသူက ဂရုစိုက်တာ မဟုတ်ဘူး။ အဲဒါက လုံးဝ မဖြစ်သင့်တဲ့ ကိစ္စ။ သူ့ဟာသူ ကြိုက်သလို လုပ်ပြီး ကစားနေတဲ့ပုံ ဖြစ်နေတယ်၊ ကျနော်တို့က သူဖိတ်ခေါ်တာတွေ မသိချင်ယောင်ဆောင်တာ မဟုတ်ပါဘူး။ သိတယ်”ဟု ပြောသည်။

လက်ရှိတွင် နစက ဥက္ကဋ္ဌသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) မှ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် လည်းကောင်း၊ မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် လည်းကောင်း၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)ဥက္ကဋ္ဌ ဦးစောထော့လေး နှင့်လည်းကောင်း၊ "ဝ"ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်(UWSA) ဒုဥက္ကဋ္ဌ ဦးလော့ယာကုနှင့် တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။

မကြာခင်မှာ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလားအဖွဲ့)နှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Reuters)

သေနတ်ပစ်ခတ်မှုများအား အရေးယူနိုင်ဖို့ လွှတ်တော်ကို ဘိုင်ဒန် တိုက်တွန်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1311

CNI International News

ဝါရှင်တန်၊ ဇွန်လ ၃

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြည်တွင်း လတ်တလော အခြေအနေများနှင့်ပတ်သက်၍ ချေမှုန်းရေး လက်နက်များ တားမြစ်ဖို့ ယနေ့ (ဇွန်လ ၃ ရက်)တွင် တောင်းဆိုခဲ့သည်။

ထို့နောက် စုံစမ်းစစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်ရေး၊ အစုလိုက် အပြုံလိုက် ပစ်ခတ်ခံရခြင်းများအား ကိုင်တွယ် ဖြေရှင်းရေး နှင့် သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး စသည့် အစီအမံများ အကောင်အထည် ဖော်သွားကြရန် အမေရိကန်ကွန်ဂရက် (လွှတ်တော်)ကို ဘိုင်ဒန်က တိုက်တွန်းခဲ့သည်။

အိမ်ဖြူတော်က တိုက်ရိုက်ထုတ်လွှင့်သည့် မိန့်ခွန်းထဲတွင် ဘိုင်ဒန်က “တက္ကဆက်ပြည်နယ်ရှိ ကျောင်းတစ်ကျောင်း၊ နယူးယောက်မြို့ရှိ ကုန်စုံဆိုင် တစ်ဆိုင်နှင့် အိုကလာဟိုးမားမြို့ ဆေးဝါး အဆောက်အအုံတစ်ခုတို့ ပစ်ခတ်ခဲ့ရခြင်းအပေါ် အမေရိကန် ပြည်တွင်း၌ သေနတ်ကိုင်ဆောင်ခွင့်ဥပဒေ အပြောင်းအလဲဖြစ်ရန် ဘယ်လောက်ကြာဦးမှာလဲ” ဟု လွှတ်တော်သို့ မေးခွန်းထုတ်ခဲ့သည်။

“ဘုရားရေ … ဒီထက်ပိုပြီး ရက်စက်တဲ့ သတ်ဖြတ်မှုတွေကို ကျနော်တို့ လက်ခံချင်နေကြတာလား” ဟု ဘိုင်ဒန်က မေးခွန်း ထုတ်ခဲ့သည်။
ကျောင်းတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် တက္ကဆက်ပြည်နယ်၊ ယူဗယ်ဒါမြို့သို့ ဘိုင်ဒန်က သွားရောက်ကြည့်ရှုခဲ့ပြီး ဖြစ်သည်။


အမေရိကန် သေနတ်အရောင်းဆိုင် (GETTY IMAGES)

ချေမှုန်းရေး လက်နက်များနှင့် တိုက်ခိုက်ရေး စွမ်းရည် မဂ္ဂဇင်းများ ရောင်းချနေခြင်းကို တားမြစ်ခြင်း အပါအဝင် လွှတ်တော် အတွင်း ရီပတ်ဘလီကန်များ ဆန့်ကျင်နေသည့် အရေးယူ ဆောင်ရွက်မှုများကို ဆက်လက် အကောင်အထည် ဖော်သွားကြရန် ဒီမိုကရက်တစ်ဦးဖြစ်သူ သမ္မတ ဘိုင်ဒန်က တောင်းဆိုခဲ့သည်။

အဆိုပါ အကောင်အထည်ဖော်ရာ၌ လက်နက်များကို ဝယ်ယူနိုင်မည့် အသက်အရွယ်ကို အသက် ၁၈ နှစ်မှ ၂၁ နှစ်သို့ ပြောင်း လဲရေးလည်း ပါဝင်သည်။

ထို့ပြင် သေနတ်ကိုင်ဆောင်သူများ ကျူးလွန်သည့် အကြမ်းဖက်မှုများအတွက် သေနတ် ထုတ်လုပ်သူများပါ တရားစွဲဆိုခြင်း မခံရအောင် အကာအကွယ် ပေးခြင်းကိုလည်း ရုပ်သိမ်းပေးဖို့ ဘိုင်ဒန်က အလေးပေး ပြောကြားခဲ့သည်။

“အမေရိကန်ပြည်သူတွေ နောက်တစ်ကြိမ် ကျနော်တို့ မပျက်ကွက်စေရဘူး” ဟု ၎င်းက ပြောကြားခဲ့ပြီး သေနတ်ထိန်းချုပ်မှု ဆိုင်ရာ ဥပဒေမူကြမ်းများ အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခွင့်ပြုရန် ရီပတ်ဘလီကန်များကို တိုက်တွန်းခဲ့သည်။

အကယ်၍ ကွန်ဂရက်(လွှတ်တော်) လုပ်ဆောင်ခြင်းမရှိလျှင် လာမည့် နိုဝင်ဘာလ မဲပေးကြသည့်အခါ ယခု လက်နက် ပြဿနာကို အမေရိကန်ပြည်သူများ ဗဟိုပြုစဉ်းစားကြမည်ဟု ယုံကြည်ကြောင်း ဘိုင်ဒန်က မှတ်ချက်ချခဲ့သည်။

ယခုကဲ့သို့ ဘိုင်ဒန်၏ အဆိုပြုချက်များသည် ဥပဒေ လေးစားလိုက်နာသော သေနတ်ပိုင်ရှင်များ၏ အခွင့်အရေးကို ထိပါးစေ ကြောင်း အမျိုးသားရိုင်ဖယ်အသင်း၏ စည်းရုံးရေးဌာနက ဝေဖန်ခဲ့သည်။

“ဒါက တကယ့် ဖြေရှင်းချက် မဟုတ်ဘူး။ စစ်မှန်တဲ့ ခေါင်းဆောင်မှုလည်း မဟုတ်ဘူး။ အမေရိကန်နိုင်ငံရဲ့ လိုအပ်ချက်နဲ့ ပိုဝေး ပါတယ်” ဟု အဆိုပါ အသင်း၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

Source: Reuters

 

 

 

Share
Tweet
Share
Share
powered by social2s
Interpol အထွေထွေအတွင်းရေးမှူးချုပ် ဂျူယာဂင်စတော့ (GETTY IMAGES)

ယူကရိန်းသို့ ပို့သည့်လက်နက်များကို ရာဇဝတ်ဂိုဏ်းများ မျက်စိကျနေဟု အင်တာပိုလ်သတိပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1159

CNI International News

ပါရီ၊ ဇွန်လ ၃

ဥရောပနှင့်ယူကရိန်းသို့ ဝါရှင်တန်နှင့်မဟာမိတ်များ ပေးပို့သည့် လက်နက်များသည် ကမ္ဘာ့မှောင်ခို ဈေးကွက်ထဲတွင် အဆုံးသတ် သွားနိုင်ဖွယ်ရှိကြောင်း နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) အထွေထွေအတွင်းရေးမှူးချုပ် ဂျူယာဂင်စတော့ (Juergen Stock) က ဇွန်လ ၁ ရက်တွင် ပြောကြားခဲ့သည်ဟု အာရ်တီသတင်းဌာနက ရေးသားဖော်ပြသည်။

ရာဇဝတ်ဂိုဏ်း ပေါင်းစုံတို့သည် အဆိုပါ လက်နက်များကို မျက်စိကျနေကြကြောင်း ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ အင်ဂလို-အမေရိကန် စာနယ်ဇင်းအသင်းမှ သတင်းထောက်များနှင့် တွေ့ဆုံစဉ် အင်တာပိုလ် တာဝန်ရှိသူတစ်ဦး အနေဖြင့် ဂျူယာဂင် စတော့က ပြောကြားခဲ့သည်။

ယူကရိန်းထံ ပေးအပ်ခဲ့သည့် လက်နက်များ နောက်ဆုံး ရောက်ရှိသည့် နေရာအသီးသီးကို ခြေရာခံ စူးစမ်းရာ၌ တက်ကြွစွာ ပါဝင်ကြရန် အင်တာပိုလ် (Interpol) အဖွဲ့ဝင် နိုင်ငံများကို ဂျူယာဂင်စတော့က တိုက်တွန်းခဲ့သည်။

လက်နက် ထောက်ပံ့သူများအနေဖြင့် ယင်းသို့ စူးစမ်းမှု၌ တက်ကြွစွာ ပါဝင်သင့်ကြောင်း ၎င်းက ထပ်လောင်း တိုက်တွန်းခဲ့သည်။

မော်စကိုနှင့် ကိယက်ဗ်တို့ စစ်ရေးပဋိပက္ခ ပြီးဆုံးသည်နှင့်တပြိုင်နက် ကမ္ဘာ့မှောင်ခို ဈေးကွက်ထဲတွင် လက်နက်ကြီး၊ လက်နက်ငယ်များ အစုလိုက် အပြုံလိုက် ဖြစ်လာမည်ဟု ၎င်းမှန်းဆနေသည်။

“အခု ပစ်တာခတ်တာ ရပ်သွားရင် တရားမဝင် လက်နက်တွေ ပေါ်လာလိမ့်မယ်။ ဒါကို တခြား ပဋိပက္ခတွေတုန်းက အတွေ့အကြုံ တွေအရ အကဲခတ်လို့ ရပါတယ်။ အခု ကျနော်ပြောသလို ရာဇဝတ်ဂိုဏ်းသားတွေ ဒီလက်နက်တွေကို အာရုံစိုက် နေကြတယ်” ဟု ဂျူယာဂင်စတော့က ဆက်လက် ပြောကြားခဲ့သည်။

ယူကရိန်းကို အမေရိကန် ထောက်ပံ့ပေးတဲ့ စစ်လက်နက်များ (GETTY IMAGES)

စစ်ရေးတွင် အသုံးပြုသည့် လက်နက်ကြီး အပါအဝင် ဖောက်ခွဲရေး ပစ္စည်းများကို ရာဇဝတ်ဂိုဏ်းများ စည်းလွတ်ဝါးလွတ် ကိုင် ဆောင်လာမည်ကို ကြိုးပမ်းလာနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“အဲဒီအဖွဲ့တွေက ကမ္ဘာ့နေရာအနှံ့မှာ လှုပ်ရှားနေတဲ့အတွက် ဘယ်နိုင်ငံ (ဒါမှမဟုတ်) ဘယ်ဒေသကမှ သူတို့ကို သီးခြားခွဲ ထုတ်ပြီး အရေးယူနိုင်မှာ မဟုတ်ဘူး” ဟု ဂျူယာဂင်စတော့က သတိပေးခဲ့သည်။

ဥရောပတွင် တရားမဝင် လက်နက် အများအပြား ပေါ်ပေါက်လာပြီးနောက် ယူကရိန်းသို့ ပေးပို့မည့် လက်နက်များတွင် ခြေရာခံသည့် စနစ်တစ်ခု ထူထောင်ရန်နှင့် ထိုစနစ်ကို အင်တာပိုလ် အဖွဲ့ဝင်များ သုံးကြရန် ၎င်းက တောင်းဆိုခဲ့သည်။

ရုရှားစီးပွားရေး သမားများသည် အနောက်နိုင်ငံများ ပိတ်ဆို့ အရေးယူမှုများကို ရှောင်လွှဲခြင်းနှင့် ငွေကြေးခဝါချခြင်း စုံစမ်းစစ် ဆေးရေးအတွက် အင်တာပိုလ်၏ အလားအလာအပေါ် သတင်းထောက်များက ဆက်လက်မေးမြန်းခဲ့ရာ အင်တာပိုလ် အနေဖြင့် ယင်းကိစ္စရပ်များအတွက် စုံစမ်းစစ်ဆေးရန် တာဝန်မရှိသလို ယူကရိန်းရှိ စစ်ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးရာတွင် မပါဝင်ကြောင်း ဂျူယာဂင်စတော့က ဖြေကြားခဲ့သည်။

အင်တာပိုလ်၏ လုပ်ပိုင်ခွင့်အရ တိကျသော ကြားနေရေးမူကို ကိုင်စွဲလျက် နိုင်ငံရေး လှုပ်ရှားမှုများကို ရှောင်ရှားရမည် ဖြစ်ကြောင်း ရှင်းပြခဲ့သည်။


အမေရိကန်သည် ဂျာမနီနှင့်ဗြိတိန် မဟာမိတ်များနှင့်အတူ ယူကရိန်း-ရုရှား စစ်စတင်တည်းက လက်နက်များ ဆက်တိုက် ပံ့ပိုး နေခဲ့သည်။ အဆိုပါ စစ်လက်နက် အများစုတွင် လက်နက်ငယ်၊ လက်နက်ကြီး၊ အရွှေ့အပြောင်း လွယ်ကူသည့် တင့်ကားနှင့် ဝေဟင်ပစ် ဒုံးကျည်များ၊ ခဲယမ်းမီးကျောက်နှင့် လောင်စာများ ပါဝင်ကြသည်။

Source: အာရ်တီသတင်းဌာန

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားအင်အား၊ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ ဆက်မြှင့်မည်ဟု ပူတင်ကတိပြု

By CNI
CNI
Category: Watch TV
Hits: 623

Share
Tweet
Share
Share
powered by social2s

မည်သည့်အစိုးရ လက်ထက်တွင်မဆို ပညာရေးကို ပိတ်ပင်ထား၍ မကောင်းဟု ပြော

By CNI
CNI
Category: Watch TV
Hits: 622

Share
Tweet
Share
Share
powered by social2s

တရုတ်ကို ယူကရိန်းစစ်ဂယက်တွန်းအားပေး၍ ထိုင်ဝမ်ကာကွယ်ရေးပိုမြှင့်ရန် စေ့ဆော်

By CNI
CNI
Category: Watch TV
Hits: 624

Share
Tweet
Share
Share
powered by social2s
ခွန်မြင့်ထွန်းကို တွေ့ရစဉ်

PNLO ထိပ်သီး ရာထူးအသစ် ရွေးချယ်မှု ခွန်မြင့်ထွန်း အရွေးမခံရ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2473

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)သည် တတိယအကြိမ်မြောက် ညီလာခံကို ကျင်းပခဲ့ပြီး ဗဟိုအလုပ်အမှု ဆောင်ကော်မတီ အပါအဝင် ဗဟိုကော်မတီဝင်များ ပြန်လည် ရွေးချယ်ရာတွင် PNLO ဒုဥက္ကဋ္ဌဖြစ် တာဝန်ယူထားသည့် ခွန်မြင့်ထွန်းမှာ အရွေးချယ် မခံရကြောင်း သိရသည်။

PNLO သည် တတိယအကြိမ်မြောက် ညီလာခံကို ဗဟိုဌာနချုပ် တည်ရှိရာ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၌ ၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်မှ ဇွန်လ ၁ ရက်အထိ ကျင်းပခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၉)ဦး အပါအဝင် ဗဟို ကော်မတီဝင် (၁၉)ဦးကို ရွေးချယ်ခဲ့သည်။

PNLO  ဥက္ကဋ္ဌ အဖြစ် အရွေးချယ်ခံရတဲ့ ဗိုလ်ချုပ်ခွန်သူရိန်

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(၉)ဦးမှာ ဗိုလ်ချုပ်ခွန်သူရိန်က ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ခွန်ထွန်းတင်မှ ဒုဥက္ကဋ္ဌ (၁)ဖြင့် လည်းကောင်း၊ ဗိုလ်မှူးချုပ် ခွန်ကျော်ထင်က ဒုဥက္ကဋ္ဌ(၂)ဖြင့်လည်းကောင်း၊ ဗိုလ်မှူးကြီး ခွန်အောင်မန်းက အထွေထွေ အတွင်းရေးမှူးဖြင့် လည်းကောင်း၊ ဗိုလ်မှူးခွန်းမင်းသိမ်းက တွဲဖက်အထွေထွေအတွင်းရေးမှူး(၁)ဖြင့် လည်းကောင်း၊ နန်းယဉ် ယဉ်စိုးက တွဲဖက်အထွေထွေအတွင်းရေးမှူး(၂)ဖြင့် လည်းကောင်း အသီးသီး တာဝန်ယူ ကြမည် ဖြစ်သည်။

အဆိုပါ ထိပ်သီး ရာထူးနေရာများတွင် ယခင်က PNLO ၏ ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ များအဖြစ် တာဝန်ယူခဲ့သူ ခွန်မြင့်ထွန်း အရွေး ချယ် မခံရသည်ကို တွေ့ရသည်။

လက်ရှိတွင် ခွန်မြင့်ထွန်းသည် ပအိုဝ်းအမျိုးသားများဖက်ဒရယ်ကောင်စီ(PNFC)ကို ဖွဲ့စည်း၍ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ၍ ဆောင်ရွက်နေကြောင်း သိရသည်။

 

Share
Tweet
Share
Share
powered by social2s
NSCN-IM ခေါင်းဆောင် အိုက်ဆက်မွီးဘား (PTI)

အိန္ဒိယအစိုးရထံသို့ NSCN-IM က သီးခြားအလံနှင့် ခြေ/ဥ တောင်းဆိုထား

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1731

CNI International News

ကိုဟီးမား၊ ဇွန်လ ၂

နာဂနိုင်ငံရေးပြဿနာ ပြေလည်နိုင်ရန်အတွက် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-IM) အိုက်ဆက်မွီးဘား (Isak-Muivah)သည် ဖိအားပေးခံရသည့်ကြားမှ သီးခြား နာဂအလံတော်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ကို မေလ ၃၁ ရက်က ထပ်မံ တောင်းဆိုခဲ့ကြောင်း The New Indian Express သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

အဆိုပါ တောင်းဆိုချက်ကို NSCN-IM လက်နက်ကိုင်အဖွဲ့က ဗဟိုအစိုးရထံသို့ တင်ပြခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်သော်လည်း နှောင့်နှေးနေဆဲဖြစ်သည်။

“နိုင်ငံရေးအရ အဖြေရှာတဲ့ အနေနဲ့ နာဂအမျိုးသားအလံနဲ့ နာဂဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် ကျနော်တို့ ဘာအကြောင်းနဲ့ မှ လက်လွတ် ဆုံးရှုံးမခံနိုင်ပါဘူး။ နာဂနိုင်ငံရေး အခြေခံမူဆိုတဲ့ ခေါင်းစဉ်နဲ့ အချိုသတ် လာတာကို ကျနော်တို့ ဘယ်တော့မှ အလျှော့ မပေးသင့်ပါဘူး။ ဖိအားတွေ (ဒါမှမဟုတ်) သွေးဆောင် ဖျားယောင်းမှုတွေကို အလျှော့ပေးလိုက်ရင် ကျနော်တို့မှာ ကမ္ဘာ့အလယ်မှာ ရယ်စရာမောစရာ ဖြစ်လာလိမ့်မယ်” NSCN-IM အဖွဲ့ ဥက္ကဋ္ဌ Q Tuccu က ၎င်းအဖွဲ့၏ ပြည်လုံးကျွတ် ညီလာခံတွင် ပြောကြားခဲ့သည်။

အိုက်ဆက်မွီးဘားနဲ့ မိုဒီကိုတွေ့ရစဉ် (PTI)

NSCN ကို ၁၉၈၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် အိုက်ဆက်ချီရှီစူ (Isak Chishi Swu) နှင့် မွီးဘားတို့ ဦးဆောင်‌သော NSCN-IM ၊ အက်စ်အက်စ်ကက်ပလန် (SS Khaplan) ဦးဆောင်သော NSCN-K ဟူ၍ နှစ်ဖွဲ့ ကွဲထွက်သွားခဲ့သည်။

NSCN-IM ၏ ခေါင်းဆောင်အများစုမှာ မဏိပူရရှိ နာဂများဖြစ်ကြပြီး NNPG အများစုမှာ နာဂလန်း ဒေသရှိ နာဂများ ဖြစ်ကြ သည်။

NNPG အဖွဲ့သည် သဘောတူညီချက် ရယူရန် အသင့်ဖြစ်နေပြီး အငြင်းပွားစရာ ပြဿနာများကို ကြေလည်အောင် ဖြေရှင်းပြီး ပါက ရှေ့ဆက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

Source: The New Indian Express

 

Share
Tweet
Share
Share
powered by social2s
ပီလီနဲ့ ပူတင် လက်ဆွဲနှုတ်ဆက်နေစဉ်(AP)

ယူကရိန်းအား ကျူးကျော်နေတာ ရပ်တန့်ဖို့ ပူတင်ကို ပီလီ တောင်းဆို

By CNI
CNI
Category: နိုင်ငံရေး
Hits: 1476

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂

ဘရာဇီးလ်ဂန္တဝင် ဘောလုံးသမားကြီး ပီလီ က ယူကရိန်းအပေါ် ဆိုးသွမ်းပြီး တရားမျှတမှုမရှိတဲ့ ကျူးကျော်မှုတွေကို အဆုံး သတ်ပေးဖို့ ရုရှားသမ္မတ ပူတင်ကို ဗုဒ္ဓဟူးနေ့က လူသိရှင်ကြား ပြောလိုက်ပါတယ်။

စကော့တလန် နဲ့ ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ် ပွဲစဉ်မတိုင်ခင်မှာ ပီလီက ပြောခဲ့တာပါ။

“ကျူးကျော်မှုတွေကို ရပ်တန့်လိုက်ပါ။ အကြမ်းဖက်မှုကို အကြောင်းပြနိုင်တဲ့ ငြင်းခုံမှုဆိုတာ မရှိပါဘူး။ ဒီပဋိပက္ခတွေဟာ ဆိုးသွမ်းပြီး တရားမျှတမှု မရှိတဲ့အပြင် နာကျင်မှု၊ ထိတ်လန့်မှု၊ ကြောက်ရွံ့မှုနဲ့ ပူပန်မှုတွေက လွဲပြီး ဘယ်လိုအရာကိုမှ ယူဆောင်လာခြင်း မရှိပါဘူး”လို့ ပီလီ က သူ့ရဲ့ အင်စတာဂရမ်မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပီလီနဲ့ ပူတင် တို့ဟာ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်ခင် ၂၀၁၇ က မော်စကိုမှာ ကျင်းပခဲ့တဲ့ ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲ မှာ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ကြတာပါ။ ရုရှားခေါင်းဆောင်ဟာ ပီလီ ကို သူအကြိုက်ဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းပျက်စီးမှု

ပီလီ က “ အရင်တုန်းက တွေ့ဆုံခဲ့ချိန်မှာ အကြာကြီး လက်ဆွဲ နှုတ်ဆက်ကြရင်း အပြုံးတွေကို ဖလှယ်ခဲ့ကြပါတယ်။ တစ်နေ့ မှာ ဒီလိုမျိုး ဖြစ်သွားလိမ့်မယ်လို့ တစ်ခါမှ ကျနော် မတွေးဖူးပါဘူး”လို့ ရေးသားခဲ့တာပါ။

ယူကရိန်း အသင်းကတော့ စကော့တလန် အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ တစ်ပွဲသာ ဖြတ်ကျော် ရတော့မှာလည်း ဖြစ်ပါတယ်။ ယူကရိန်း သမ္မတ ဇာလန်းစကီး ကလည်း အနိုင်ရခဲ့တဲ့ လက်ရွေးစင် အသင်းကို ချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။

ဇာလန်းစကီး က “ ကျေးဇူးပါ ကောင်လေးတွေရေ။ ၂ နာရီကြာ ပျော်ရွှင်မှု၊ ငါတို့တွေ ကျင့်သား မရသေးတဲ့ အရာတစ်ခုပေါ့။ ငါတို့ စစ်သားတွေရော တစ်တိုင်းပြည်လုံးရော ဝမ်းသာနေကြပါတယ်။ ငါတို့ အားလုံးဟာ တိုက်ပွဲ ဝင်နေကြတယ်။ ငါတို့ ဆက်လက် တိုက်ပွဲဝင်ရမယ်။ အရာအားလုံးကို ခံနိုင်ရည်ရှိရမယ်။ ငါတို့ အနိုင်ရပါလိမ့်မယ်။ ငါတို့ဟာ ယူကရိန်း နိုင်ငံသား တွေမို့လို့ပါ”လို့ ပြောခဲ့ပါတယ်။

စကော့တလန် အသင်းကို အနိုင်ရခဲ့တဲ့ ယူကရိန်း အသင်းဟာ ကမ္ဘာ့ဖလား သွားနိုင်ဖို့အတွက် ဗိုလ်လုပွဲအဖြစ် ဝေးလ်စ် အသင်းနဲ့ ဇွန်လ ၅ ရက် ကာဒစ်ဖ် အားကစားကွင်းမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Source: Reuters

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှား သမ္မတ ဗလာဒီမာပူတင် (GETTY IMAGES)

ရုရှားအင်အား၊ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ ဆက်မြှင့်မည်ဟု ပူတင်ကတိပြု

By CNI
CNI
Category: နိုင်ငံရေး
Hits: 1060

CNI International News

မော်စကို၊ ဇွန်လ ၂

အပြောင်းအလဲ မြန်ဆန်လှသည့် ကမ္ဘာတွင် ရုရှားသည် မိမိ၏အင်အား၊ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတို့ကို ဆက်လက် မြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံတကာ ကလေးများ ကာကွယ်စောင့်ရောက်ရေးနေ့ အထိမ်းအမှတ် အခမ်း အနားသို့ ပေးပို့သော ဗွီဒီယို မိန့်ခွန်းထဲတွင် သမ္မတ ဗလာဒီမာပူတင်က ကတိပြုပြောကြားခဲ့သည်။

အဆိုပါ အထိမ်းအမှတ်နေ့ကို ဇွန်လ ၂ ရက် (ယနေ့) ၌ မော်စကိုမြို့ရှိ ဘော်ရွှိုင်းပြဇာတ်ရုံတွင် ကျင်းပခြင်းဖြစ်သည်။

၎င်း၏ ဗွီဒီယို မိန့်ခွန်းထဲတွင် ပူတင်က ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသားများနဲ့ ရုရှားအလံ (GETTY IMAGES)

“ကမ္ဘာ အပြောင်းအလဲ မြန်နေတဲ့ အချိန်အတွင်းမှာ ကလေးတွေ ရှင်သန်ကြီးပြင်းမှုကလည်း မြန်ဆန်လှပါတယ်။ ယနေ့ ရှုပ်ထွေးနေတဲ့ ကမ္ဘာမှာ ရုရှားဟာ ကိုယ့်အင်အား၊ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာကို မြှင့်တင်သွားဖို့ ယုံကြည်ချက် ရှိနေပါတယ်” ဟု ပူတင်က အာမခံခဲ့သည်။

ထိုအချင်းအရာများကို တိကျသော လမ်းကြောင်းတစ်ခုပေါ်တွင် လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း ပူတင်၏ အဆိုအရ သိရသည်။

“အဲဒီကိစ္စ အကောင်အထည်ဖော်တဲ့ နေရာမှာ စီးပွားရေး၊ နည်းပညာ၊ သိပ္ပံနဲ့ တခြားနယ်ပယ်တွေလည်း အကျုံးဝင်တဲ့အပြင် အရပ်ဘက် လူ့အဖွဲ့အစည်း၊ မျိုးချစ်ပညာရေးတွေလည်း ပါပါတယ်။ ဒါတွေအတွက် အားကောင်းတဲ့ အရပ်ဘက် အဖွဲ့အစည်း တွေနဲ့ လူငယ်တွေရဲ့ မျိုးချစ်စိတ် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ ပါဝင်ရမယ်လို့ ကျနော် ယုံကြည်ပါတယ်” ဟု ပူတင်က ဆက် လက် ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနက ရေးသားဖော်ပြထားသည်။

Source: တာ့စ်

 

 

 

 

Share
Tweet
Share
Share
powered by social2s
ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့တွင် လေသေနတ်ပစ်ခြင်းသင်ခန်းစာကို သင်တန်းသားများ တက်ရောက်‌ လေ့ကျင်နေစဉ်(ဓါတ်ပုံ-အေပီ)

တရုတ်ကို ယူကရိန်းစစ်ဂယက်တွန်းအားပေး၍ ထိုင်ဝမ်ကာကွယ်ရေးပိုမြှင့်ရန် စေ့ဆော်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1693

CNI International News

တိုင်ပေ၊ ဇွန်လ ၂

ယူကရိန်းကို ရုရှားကျူးကျော်နေခြင်းကြောင့် ဒီမိုကရက်တစ်စနစ်ကျင့်သုံးနေသည့် ထိုင်ဝမ်ကျွန်းပေါ်သို့လည်း အိမ်နီးချင်း တရုတ်နိုင်ငံက အလားတူကျူးကျော်လာမည့်အရေးကို စိုးရိမ်ပူပန်မှုများ တိုးပွားလျက်ရှိရာ ဧည့် လမ်းညွှန်မှ တက်တူးဝိဇ္ဇာများအထိ ထိုင်ဝမ်ရှိ ပြည်သူအချို့သည် ၎င်းတို့၏ဘဝတစ်သက်စာအတွက် ပထမဆုံး အကြိမ်စစ်ရေးသင်ခန်းစာကို လေ့ကျင့်သင်ကြားရေး အားသန်လာကြကြောင်း ရိုက်တာသတင်းဌာနက ဇွန်လ ၂ ရက်(ယနေ့)တွင် ရေးသားဖော်ပြသည်။

ယူကရိန်းအရေး ဂယက်ရိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံက ၎င်းပိုင်ဆိုင်သည်ဟု ပြောကြားထားသော ထိုင်ဝမ်ကျွန်း အပေါ် စစ်ရေးဖိအား မြှင့်တင်လာခြင်းကြောင့် ထိုင်ဝမ်၏ကာကွယ်ရေး မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်ကြမည် ကို ထိုင်ဝမ်ပြည်သူများအကြား အချေအတင်ဆွေးနွေးနေကြပြီး မဖြစ်မနေ စစ်မှုထမ်းရန်နှင့် စစ်မှုထမ်းသက်တမ်း တိုးရန်တို့ ရှိလာလေမလားဟူ၍ တွက်ဆနေကြသည်။

ယူကရိန်းစစ် စဖြစ်ပြီး ၃ လခန့်ကပင် ထိုင်ဝမ်ကျွန်းပေါ်တွင် လေသေနတ်များ (သို့မဟုတ်) သတ္တုမပါဝင်သည့် စွမ်းရည်နိမ့်သေနတ်များဖြင့် စစ်ရေးသင်ခန်းစာ လေ့ကျင့်ရန် မှာယူတင်သွင်းမှုမှာ ၄ ဆနီးပါး တိုးလာကြောင်း ထိုင်ဝမ်ရှိ တိုက်ခိုက်ရေးစွမ်းရည်လေ့ကျင့်ရေးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြို့တော်တိုင်ပေ၏ ဆင်ခြေဖုံးရပ်ကွက်တွင် အခြေစိုက်သည့် အဆိုပါ Polar Light ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် မက်စ်ချိုင်း (Max Chiang) က “ဒီလို စိတ်အားသန်လာတဲ့လူတွေ ပိုများလာပါတယ်” ဟု ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း သေနတ်ပစ်ကွင်းသို့ ရောက်ရှိလာသူအချို့သည် ယခင်က သေနတ်ကိုင်ဆောင်ခြင်း မပြုခဲ့ဖူးသော်လည်း မော်စကိုက အထူးစစ်ဆင်ရေးဟုခေါ်ဝေါ်သမုတ်ထားသည့် ယူကရိန်းစစ်ရေးပဋိပက္ခစတင်ချိန်မှစ၍ ကျွန်းပေါ်တွင် လေ့ကျင့်လိုသူအရေအတွက်သည်လည်း ၃ ဆ သို့မဟုတ် လေးပုံတစ်ပုံ တိုးလာခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထိုင်ဝမ် စစ်သမီးပျို

မော်စကိုအား တုံ့ပြန့်ရာတွင် ယူကရိန်းထံသို့ အကူအညီပေးရင်း အနောက်အုပ်စု အာရုံလွှဲနေချိန်ကို အခွင့်ကောင်း ယူ၍ ထိုင်ဝမ်အရေး၌ မည်သည့်အခါမှ အင်အားသုံးမည်မဟုတ်ဟု ပြောကြားထားသည့် တရုတ်အပေါ် ထိုင်ဝမ် နိုင်ငံသားအချို့က အထူးစိုးရိမ်နေကြသည်။

ထိုင်ဝမ်သည် ၎င်း၏ကာကွယ်ရေးသတိပေးချက်အဆင့်ကို မြှင့်တင်ထားသော်လည်း ဘေဂျင်းထံမှ သာမန်ထက် ထူးကဲသော စစ်ရေးလှုပ်ရှားမှုများ မတွေ့ရသေးကြောင်း သိရသည်။

တရုတ်၏ခြိမ်းခြောက်မှုများကို ဆန့်ကျင်ရန် ပြင်ဆင်နေသူများထဲတွင် လေသေနတ်သုံးနည်း ဆည်းပူးလေ့လာရန် စိတ်ပိုင်းဖြတ်ထားသူ အသက် ၃၉ နှစ်အရွယ်ရှိ တက်တူးဝိဇ္ဇာ စူချွင်း (Su Chun) လည်း ပါဝင်သည်။

“သေနတ်သုံးရုံတင်မဟုတ်ဘဲ တိုက်ခိုက်ရေးစွမ်းရည်တွေပါ သင်ယူချင်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို တုံ့ပြန်ခုခံနိုင်တဲ့ အရည်အချင်းမျိုး ရှိချင်တယ်လေ” ဟု ၎င်းက ပြောသည်။

အကယ်၍ တရုတ်ကျူးကျော်လာသည့်အခါ ချေမှုန်းခုခံရန် အစိုးရက အရန်တပ်များ ဆင့်ခေါ်လာလျှင် ယခု သေနတ်ပစ်လေ့ကျင့်နေခြင်းမှာ အသုံးတည့်မည်ဖြစ်ကြောင်း စူချွင်းက ဆက်ပြောသည်။

“လူအများစုက စစ်မတိုက်ချင်ပါဘူး။ ဒါပေမယ့် တကယ်ဖြစ်ပျက်လာတဲ့ ကံဆိုးမိုးမှောင်ကျတဲ့ အခြေအနေမျိုး ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာပါ ကျနော် ပြင်ဆင်ထားပါတယ်” ဟု ၎င်းက ရိုက်တာသို့ ဖြည့်စွက်ပြောခဲ့သည်။

Source: Reuters

 

Share
Tweet
Share
Share
powered by social2s

ယူကရိန်းကို စစ်ရေးအကူအညီသစ် ဒေါ်လာသန်း ၇၀၀ ထပ်ပေးရန် ဘိုင်ဒန်ကြေညာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1074

CNI International News

ဝါရှင်တန်၊ ဇွန်လ ၂

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် စစ်ရေးအကူအညီသစ်အဖြစ် ဒေါ်လာ သန်း ၇၀၀ တန်ဖိုးရှိ လက်နက်များ ထပ်မံပေးအပ်ရန် ဇွန်လ ၂ ရက် (ယနေ့) တွင် ကြေညာခဲ့ပြီး ယင်းလက်နက်များတွင် အကွာအဝေး မိုင် ၅၀ (ကီလိုမီတာ ၈၀) အထိ ပစ်မှတ်များကို ထိမှန်နိုင်စွမ်းရှိကြောင်း ရိုက်တာသတင်းအရ သိရသည်။

“ကျနော်တို့ အမေရိကန်ပြည်ထောင်စုဟာ ယူကရိန်းမိတ်ဖက်နိုင်ငံတွေနဲ့အတူ ရပ်တည်ပြီး ခုခံကာကွယ်ဖို့ လက်နက်နဲ့စစ်သုံးကိရိယာတွေ ဆက်လက်ပေးအပ်သွားမှာ ဖြစ်ပါတယ်” ဟု ဘိုင်ဒန်၏ ကြေညာချက်တစ်စောင် တွင် ဖော်ပြထားသည်။

ရုရှားပိုင်နက်အတွင်းရှိ ပစ်မှတ်များကို ထိမှန်သည်အထိ အဆိုပါလက်နက်များ မသုံးစွဲပါကြောင်း ကိယက်ဗ်ထံမှ အာမခံချက်ရရှိပြီးနောက် အဆင့်မြင့် ဟိမာ့စ် (HIMARS) ဒုံးကျည်စနစ်များ ယူကရိန်းသို့ ထုတ်ပေးမည့် အစီအစဉ် ကို ဘိုင်ဒန်ကကြေညာခဲ့ပြီး စစ်ရှိန်မမြှင့်အောင် ကြိုးစားမည့်အစီအစဉ်ကိုလည်း ချမှတ်ပေးခဲ့သည်။

“ရုရှားပိုင်နက်ပေါ်က ပစ်မှတ်တွေအတွက် ဒီစနစ် မသုံးပါဘူးလို့ ယူကရိန်းနိုင်ငံသားတွေက အာမခံချက် ပေးထား ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့၊ အထွေထွေအတွင်းရေးမှူးချုပ် ဂျန့်စ်စတိုလန်ဘတ်နှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။

အမေရိကန်သည် ဟိမာ့စ်စနစ်လေးခုကို ကနဦးအတွက် ယူကရိန်းသို့ ပေးပို့မည်ဟု ပင်တဂွန်စစ်ဌာနချုပ်နှင့် သတင်းထောက်များ တွေ့ဆုံသည့်အစီအစဉ်တွင် အမေရိကန်အကြီးတန်းကာကွယ်ရေးအရာရှိတစ်ဦးက အသိပေး ခဲ့သည်။

အဆိုပါဒုံးကျည်စနစ်သစ်သုံးပုံသုံးနည်းအတွက် ယူကရိန်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားရန် ရက်သတ္တ ၃ ပတ်ခန့် အချိန်ယူရလိမ့်မည်ဟု ၎င်းအရာရှိက ဆက်လက်ပြောကြားခဲ့သည်။

“စစ်ကို ဘယ်စနစ်ကမှ လှည့်စားမှာမဟုတ်ဘူး။ ဒါက (ယူကရိန်း) အမျိုးသားရေးစိတ်အရ တိုက်ပွဲဝင်တာပဲ။ တွန်းတွန်းတိုက်တိုက်နဲ့ ပြင်းထန်တဲ့ပဋိပက္ခပါ” ဟု အမေရိကန်မူဝါဒရေးရာနှင့် ကာကွယ်ရေးဝန်ကြီး၏ လက်ထောက်ဖြစ်သူ ကော်လင်းခေးလ် (Colin Kahl) က သတင်းထောက်များကို ရှင်းပြခဲ့သည်။

မေလ ၃၁ ရက်ထုတ် နယူးယောက်တိုင်းမ်သတင်းစာတွင် ထင်မြင်ယူဆချက်ဆောင်းပါးတစ်ပုဒ်တွင် ဘိုင်ဒန်သည် လက်နက်အသစ်အဆန်းများကို ယခုစစ်မြေပြင်တွင် ထုတ်သုံး၍ ယူကရိန်းကို ကူညီမည်ဖြစ်ကြောင်း၊ တွေ့ဆုံ ညှိနှိုင်းရေး စားပွဲဝိုင်းပေါ်သို့ အမြန်ရောက်ဖို့ တွန်းအားပေးသည့်သဘောဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရေးသား ဖော်ပြထားသည်။

Source: Reuters

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ ကျောင်းဖွင့်ချိန် မြင်တွေ့ရမှု

မည်သည့်အစိုးရ လက်ထက်တွင်မဆို ပညာရေးကို ပိတ်ပင်ထား၍ မကောင်းဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1298

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂

မည်သည့်အစိုးရ လက်ထက်တွင်မဆို ပညာရေးကို ပိတ်ပင်ထား၍ မကောင်းဘူးဟု ရခိုင်နိုင်ငံရေးသမား တစ်ဦးဖြစ်သူ ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်လျက်ရှိနေပြီး ကျောင်းတက်ရေး၊ မတက်ရေးနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများရှိနေကြောင်း၊ တစ်ဖက်တွင်လည်း တော်လှန်ရေး အင်အားစုများက နစကဖွင့်သည့် ကျောင်းများကို မတက်ရောက် ရန် တောင်းဆိုမှုများလည်း ရှိနေသည်။

ဦးဖေသန်းက “ကျနော်တို့ ရခိုင်ပြည်မှာတော့ တက်တယ်ပေါ့ဗျာ၊ ဘာလို့လဲဆိုတော့ ဒါက ပညာရေးကို နိုင်ငံရေးနဲ့ ယှဉ်တွဲပြီး တော့ ပြောလို့ မကောင်းဘူးလေ၊ စစ်အစိုးရ လက်ထက်မှာမို့လို့၊ အင်္ဂလိပ် လက်ထက်မှာမို့လို့ အဲလို ပညာရေးမျိုးကို မတက်ဘူး။ သပိတ်‌မှောက်တာတော့ ဒါက ကောင်းတဲ့ အစဉ်အလာတော့ မဟုတ်ဘူးပေါ့။ ကျနော်တို့ အင်္ဂလိပ် လက်ထက်မှာလည်း သူ့ကျွန်ဘဝမှာ နေခဲ့တုန်းကလည်း ကျောင်းတွေ ဖွင့်တာပဲ။ ကျနော်တို့ ကျောင်းကိုတောင်မှ ကျနော်တို့ အမျိုးသား တက္ကသိုလ်တောင်မှ ဖွင့်ခွင့်ရခဲ့သေးတာပေါ့ အဲဒီတုန်းက။ ဆိုတော့ ဒီပညာရေးကတော့ ဘယ်အစိုးရတက်တက် ပိတ်ပင်ထား လို့ မကောင်းဘူးပေါ့၊ ခုဟာက ဒီပညာရေးမကောင်းလို့ တစ်ဖက်က သပိတ်မှောက်ခိုင်းနေတာ မဟုတ်ဘူး။ ကျနော်တို့ မြင် တာက ပညာရေးဟာ ကျွန်ပညာရေး၊ စစ်ကျွန် ပညာရေးမို့လို့ သပိတ်မှောက်ခိုင်းတယ်ဆိုတဲ့ သဘောမျိုး မဟုတ်ဘူး။ စစ်တပ် က လုပ်နေတာ၊ စစ်တပ်က အုပ်ချုပ်နေတဲ့ ကာလမှာ ဒီကျောင်းတွေကို ဘယ်သူမှ မတက်ဘူးဆိုရင် ဒါသူတို့ဖက်က နိုင်ငံရေး အမြတ်ရတယ်၊ ဒီအစိုးရလည်း အဲဒီလိုဆိုရင် အတော်ကို အထိနာမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်နေတယ်ဆိုတော့ ဒါက မဖြစ်သင့် ဘူးပေါ့နော်၊ ကျနော်တို့က ပညာရေးကို ပိတ်ပင်တာကိုတော့ ဘယ်လိုမှ လက်မခံဘူး” ဟု ပြောသည်။

ထို့နောက် ပညာရေးမှာ ဝေဖန်ပိုင်းခြားနိုင်သည့် အသိဥာဏ်ဖြစ်ကြောင်း၊ လက်ရှိ ကျောင်းတက်လိုက်သောကြောင့် စစ်ကျွန် ဖြစ်သွားသည်ဆိုသည်မှာ မဟုတ်ကြောင်း ၎င်းက ပြောသည်။

တောင်ကြီးမြို့က ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ ကျောင်းဖွင့်ချိန် မြင်တွေ့ရမှု

ဦးဖေသန်းက “ဘာပညာရေးဖြစ်ဖြစ် ကျနော်တို့ ကျောင်းသားတွေက စာတတ်လာပြီဆိုရင်တော့ သူ့လမ်းကြောင်းကို သူ မှန်မှန် ကန်ကန် ရွေးနိုင်မယ်ပေါ့။ အခုလည်းပဲ အခုပြောနေတဲ့ လူတွေလည်း အကုန်လုံး စစ်တပ်အုပ်ချုပ်ရေးက လွတ်ခဲ့တဲ့ ပညာ‌ရေးက လွတ်ခဲ့တာ မဟုတ်ပါဘူး။ ဒါဟာ ပညာရေးဟာ ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဥာဏ်သာ ဖြစ်ပါတယ်။ ဒီစာသင်လို့ ဒီစစ်အုပ်ချုပ်ရေး ကျွန်ဖြစ်သွားတယ် အဲဒီလိုမျိုးတော့ မဟုတ်ဘူးခင်ဗျ။ အများကြီး တော်လှန်တဲ့ အတွေးအခေါ်နဲ့ ကျောင်း သား လူငယ်တွေ ခေတ်အဆက်ဆက်မှာ အများကြီး ပေါ်ခဲ့တာပဲ။ အဲဒါကြောင့် ကျနော်တို့ကတော့ ပညာရေးနဲ့ ပတ်သက်ပြီး တော့ ကျောင်းတက်တာ ကောင်းတယ်၊ ဒါပေမဲ့ သူတို့ကတော့ တည်တည်ငြိမ်ငြိမ် မဖြစ်စေချင်တဲ့အတွက် တစ်ဖက်ကလည်း အဲလို ကျောင်း မတက်စေချင်ဘူးပေါ့။ အဲဒီလို သဘောထား ကျနော်တို့ကတော့ မြင်ပါတယ်” ဟု ပြောသည်။

လက်ရှိ နွေဦးတော်လှန်ရေးတွင် တပ်မတော်တစ်ခုတည်းကို တော်လှန်သည် မဟုတ်ဘဲ၊ ပညာရေးစနစ်ကိုလည်း ပြောင်းလဲ ရန် လုပ်ဆောင်နေကြောင်း CJDC မှ အထွေထွေအတွင်းရေးမှူး Salai Timmy က CNI သတင်းဌာနသို့ ပြောသည်။

Salai Timmy က “ကျနော်တို့က ကျောင်းတက်သင့် မတက်သင့်ဆိုတာထက် ကျောင်းတက်ဖို့ကိုတော့ ကျနော်တို့ အားပေး တယ်၊ ကျနော်တို့ မြန်မာပြည်မှာရှိတဲ့ လူတွေ အကုန်လုံး ကျောင်းတက်ရမှာပဲ၊ ပညာရေးကို ကျ‌နော်တို့ အားပေးတယ်၊ ဒါပေမဲ့ ဘယ်လို ပညာရေးမျိုးကို ကျ‌နော်တို့ အားပေးသလဲဆိုတော့ စစ်ကျွန်ပညာရေး မဟုတ်တဲ့အရာ၊ စစ်ကောင်စီ ယန္တရားအောက် မှာ မလည်ပတ်တဲ့ ပညာရေးကို ကျနော်တို့ အားပေးပါတယ်။ နောက်ပြီးတော့ နိုင်ငံခြား အဖွဲ့တွေနဲ့‌ပဲဖြစ်ဖြစ်၊ နိုင်ငံတကာ ပညာရှင်တွေနဲ့ဖြစ်ဖြစ် ပူးတွဲပြီးတော့ ကျောင်းတွေက အများကြီး ဖွင့်နိုင်တဲ့ဟာ အများကြီး ရှိပါတယ်။ ကျနော်တို့ တော်လှန် ရေး လုပ်တယ်ဆိုတာက စစ်ကောင်စီ တစ်ခုထဲ မဟုတ်ဘဲနဲ့ ခုနပြောတဲ့ Education System ပြောင်းလဲဖို့ရန်အတွက် လုပ်နေ တာ ဖြစ်တယ်”ဟု ပြောသည်။

ယနေ့ (ဇွန်လ ၂ ရက်) တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်မှာ တစ်နိုင်ငံလုံး အတိုင်း အတာ အနေဖြင့် ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၅၂ သိန်းကျော်ရှိကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

လုံခြုံရေးတပ်ဖွဲ့ကို ခိုးဆိုးလုနှိုက် နှိမ်နင်းရေးမှာသုံးသင့်

By CNI
CNI
Category: Watch TV
Hits: 779

Share
Tweet
Share
Share
powered by social2s

နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းနိုင်ပါက တိုင်းပြည်သည် မင်းမဲ့စရိုက် ဖြစ်လာနိုင်ဟု ဆို

By CNI
CNI
Category: Watch TV
Hits: 673

Share
Tweet
Share
Share
powered by social2s

“ဝ”ကို စစ်တပ်က ပြည်နယ်ပေးမှာလား

By CNI
CNI
Category: Watch TV
Hits: 1688

Share
Tweet
Share
Share
powered by social2s
  • 112
  • 113
  • 114
  • 115
  • 116
  • 117
  • 118
  • 119
  • 120
  • 121

Page 117 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar