CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ယူကရိန်းစစ်ကြောင့် ဆိုမာလီယာအငတ်ဘေး ရှောင်ရှားဖို UN သတိပေး

By CNI
CNI
Category: Watch TV
Hits: 727

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ ရက် အမျိုးသမီး ဗိုလ်လောင်း သင်တန်းသူများနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

ရွေးကောက်ပွဲ မကျင်းပနိုင်ပါက ပြည်သူများ အခွင့်အရေးဆုံးရှုံးမှုရှိလာနိုင်ဟု ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1509

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၈

ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရှိရန်လိုအပ်ကြောင်း ရွေးကောက်ပွဲ မကျင်းပနိုင်ပါက ၎င်း နယ်မြေများရှိ ပြည်သူများ၏ အခွင့်အရေးများ ဆုံးရှုံးမှုရှိလာနိုင်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများနှင့် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များဖြင့် ယနေ့ (ဇွန်လ ၈ ရက်)တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုများ ရှိရန်လို ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိပြီး ခေတ် အဆက် ဆက် နိုင်ငံ၏ လိုအပ်ချက်များအရ တပ်မတော်မှ နိုင်ငံတော်တာဝန်များကို ဝင်ရောက် ထမ်းဆောင်ခဲ့ရသည်များရှိကြောင်း၊ ယခုအခါ မိမိတို့အနေဖြင့်လည်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသာမှုများ ဖြစ်ပေါ်ခဲ့ ခြင်းကြောင့် တာဝန်ရှိသူများမှ ဥပဒေအရ တာဝန်ယူရှင်းလင်းခြင်း မပြုသည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းက “ယခုအခါ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်အတွက် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်၍ ဆွေးနွေး လျက်ရှိပြီး ကျန်ရှိသည့် အဖွဲ့များနှင့်လည်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရှိရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲ မကျင်းပနိုင်ပါက ၎င်းနယ်မြေများရှိ ပြည်သူများ၏ အခွင့်အရေးများ ဆုံးရှုံးမှုရှိလာနိုင်ကြောင်း၊ ထို့ကြောင့် အထွေထွေရွေးကောက်ပွဲ(Genersl Election)ဆိုသည့် စကားနှင့် အညီ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး ကျင်းပနိုင်ရန်လိုတယ်”ဟု ပြောသည်။

ထို့နောက် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး ကျင်းပနိုင်မှသာ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မှန်မှန်ကန် ကန် ဖော်ဆောင်နိုင်မည်ဖြစ်ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို သွားနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်သားများ အနေဖြင့် မိမိတို့ ကျရာတာဝန်များကို စစ်သား စိတ်မွေး၍ ကျေပွန် စွာ ဆောင်ရွက်ကြရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲထည့်အပြီး မြင်တွေ့ရစဉ် 

လက်ရှိတွင် မြန်မာနိုင်ငံကို တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ ၍ အရေးပေါ်ကြေညာကာ အုပ်ချုပ်လျက်ရှိနေသည်။

ထို့ကြောင့် တပ်မတော်ကို ဆန့်ကျင် ကန့်ကွက်မှုများရှိသလို လက်နက်ကိုင် တိုက်ခိုက်ရေး နည်းလမ်းဖြင့် ပြန်လည် ဖြုတ်ချ ချရေး ဒီမိုကရေစီအင်အားစုများက ကြိုးပမ်းလျက်ရှိသည်။

အဆိုပါ လက်နက်ကိုင် ပဋိပက္ခများသည် ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး တို့တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလျက်ရှိနေသည်။

 

 

Share
Tweet
Share
Share
powered by social2s

အာဏာရပါတီက အနိုင်ရလိုမှုနဲ့ ဥပဒေချိုးဖောက်လို့ ဒီလိုဖြစ်လာတာဟု ဦးသန်းဋ္ဌေးပြော

By CNI
CNI
Category: Watch TV
Hits: 650

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အစည်းအဝေးသို့ မြန်မာကို အိန္ဒိယမဖိတ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 2003

CNI International News

နယူးဒေလီ၊ ဇွန်လ ၈

အိန္ဒိယအစိုးရက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် လာမည့်သီတင်းပတ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ဆန္ဒအရ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခြင်းမပြုရန် အိန္ဒိယအနေဖြင့် ဆုံးဖြတ်ခဲ့ ကြောင်း နယူးဒေလီအခြေစိုက် Economic Times (ET)မှ ဖော်ပြခဲ့သည်။

ယခု အစည်းအဝေးကို အာဆီယံ၏ သဘောတူညီချက်ဖြင့် ကျင်းပမည်ဖြစ်သဖြင့် နိုင်ငံပေါင်းစုံ(ဖိုရမ်)များတွင် မြန်မာ ပါဝင် နိုင်ရေးမှာ နစက၏ နိုင်ငံရေးဦးဆောင်မှု၌ လိုက်လျောညီထွေ ဖြစ်စေမည့် အရိပ်အယောင်များ မတွေ့ရသဖြင့် မြန်မာနိုင်ငံ၏ ရပ်တည်ချက်သည် နိုင်ငံရေး မဟုတ်သော အဆင့်၌သာ ရှိကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများကို အိန္ဒိယနိုင်ငံက ယခုအစည်းအဝေးသို့ ဖိတ်ကြားထားသော်လည်း နစက နိုင်ငံခြားရေးဝန်ကြီးကိုမူ ဖိတ်ကြားခြင်း မရှိကြောင်း Economic Times (ET)သတင်းဌာနက ဖော်ပြသည်။

သို့ဖြစ်၍ ယခုအစည်းအဝေးသို့ မြန်မာသံတမန်တစ်ဦးဦး တက်ရောက်မည် (သို့မဟုတ်) အိန္ဒိယက မြန်မာအတွက် စီစဉ် ထားသည့် ထိုင်ခုံကို အလွတ်အတိုင်း ထားရှိကောင်း ထားရှိမည်ဟု Economic Times က ဆက်လက် ရေးသားထားသည်။
“အခြေအနေက တိုးတက်ပြောင်းလဲနေပြီးတော့ ဆွေးနွေးတုန်းပါ” ဟု အမည်မဖော်လိုသူ သံတမန် သတင်းရင်းမြစ်တစ်ခုက ET သို့ ပြောသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ အာဆီယံ ခေါင်းဆောင်များ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာ့တပ်မတော်က တိုင်းပြည်ကို အရေးပေါ် ကြေညာပြီးနောက် ပြည်တွင်းစစ် ဖြစ်ပွားနေ ခဲ့သည့် မြန်မာနိုင်ငံ၏ အနာဂတ်အား အာဆီယံနိုင်ငံများက ရေရေရာရာ မဆုံးဖြတ်ရသေးပေ။

အာဆီယံနိုင်ငံများအတွင်း မြန်မာ့အရေး ဖြစ်ပေါ်တိုးတက်မှုများကို စိုးရိမ်ပူပန်နေကြသော မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့က ပိုင်းခြား သတ်မှတ်မှုများ ရှိနေသည်။ သို့သော်လည်း ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့ က စားပွဲဝိုင်းပေါ်သို့ မြန်မာပြန်လာရန် ဘက်ပေါင်းစုံမှ တောင်းဆိုထားသည့် တရားဝင် ကြေညာချက်များကိုသာ ထုတ်ပြန်ခဲ့ ကြသည်။

၂၀၂၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ချပြခဲ့သော “အချက် ၅ ချက် သဘောညီမှု”အရ တိုင်းပြည် တည်ငြိမ်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

အိမ်နီးချင်း နိုင်ငံအနေဖြင့် မြန်မာသည် အိန္ဒိယအတွက် အရေးပါမှုရှိပြီး နယူးဒေလီအစိုးရက မြန်မာအပေါ် အနောက်အုပ်စု၏ ပိတ်ဆို့ အရေးယူမှုများအား ကျောထောက်နောက်ခံ ပြုပေးခြင်းမှ အလျဉ်းရှောင်ကြဉ်ခဲ့သည်။ အိန္ဒိယနှင့်မြန်မာ စစ်တပ်နှစ်ခု တို့သည် အိန္ဒိယ၏ အရှေ့မြောက်ဒေသတွင် ဆူပူသောင်းကျန်းမှုများကို တန်ပြန်ရန်အတွက် အတူတကွ လက်တွဲခဲ့ကြသည်။

နာဂ သူပုန်များ

မြန်မာသည် နာဂလန်းနှင့်မဏိပူရတို့ အပါအဝင် အိန္ဒိယ၏ အရှေ့မြောက်ဘက်ရှိ ပြည်နယ်များနှင့် နယ်နိမိတ်ချင်း ၁,၆၄၀ ကီလိုမီတာ ရှည်လျားစွာ ထိစပ်နေသည်။

တရုတ်သည် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ထိတွေ့နိုင်ရန် အိန္ဒိယ၏အနီးတွင် မြန်မာတည်ရှိမှုကို ချဲ့ထွင် ရန် ကြိုးပမ်းနေပြီး နေပြည်တော် အုပ်ချုပ်သူများကို အသုံးချဖို့ လုပ်ဆောင်နေသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် အရေးပါသည့် အခြေခံ အဆောက်အဦ စီမံကိန်းများ ရှိနေပြီး ကုလားတန်မြစ်ကြောင်း ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်း (KMMTTP) အနေဖြင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်နှင့် ကိုးလ်ကတ္တား (ကာလ ကတ္တား) တို့ကို ဘင်္ဂလားပင်လယ်အော်မှ တဆင့် မြန်မာနိုင်ငံ စစ်တွေ ဆိပ်ကမ်းအထိ ချိတ်ဆက်ပေးထားသည်။

အဆိုပါ စီမံကိန်းသည် အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်တွင် ပြီးစီးလု နီးနေပြီ ဖြစ်သည်။ ထို့ပြင် ကီလိုမီတာ ၁,၃၆၀ ရှည်လျားသော အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေး လမ်းမကြီး စီမံကိန်းကိုလည်း တည်ဆောက် လျက်ရှိသည်။

မြန်မာပြည်တွင်း ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှု ပြန်လည် စတင်ရေးအတွက် အိန္ဒိယက အကြိမ်ကြိမ် စောဒက တက်ခဲ့သော် လည်း စစ်တပ် အာဏာယူပြီးနောက် လပိုင်းအကြာ ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မဲခွဲဆုံးဖြတ်ရာ၌ မြန်မာနိုင်ငံအပေါ် အပြစ်တင် ရှုတ်ချသည့် ဆုံးဖြတ်ချက် ချမှတ်ရန် မဲခွဲရာ၌ ရှောင်ကြဉ်ခဲ့သည်။

Source: Economictimes

 

 

Share
Tweet
Share
Share
powered by social2s
ဆိုမာလီယာ ပြည်သူတစ်ဦးနဲ့ သေဆုံးနေတဲ့ နွားတစ်ကောင်(Reuters)

ယူကရိန်းစစ်ကြောင့် ဆိုမာလီယာအငတ်ဘေး ရှောင်ရှားဖို့ UN သတိပေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1925

CNI International News

မိုဂါဒစ်ရှူး၊ ဇွန်လ ၈

ဆိုမာလီယာနိုင်ငံတွင် အငတ်ဘေး ဆိုက်ရောက်တော့မည့်အရေးမှ ရှောင်ရှားတားဆီးနိုင်ရန်အတွက် နိုင်ငံတကာအနေဖြင့် ယူကရိန်း စစ်ပွဲအပေါ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြရန် တိုက်တွန်းလိုကြောင်း ကုလသမဂ္ဂ လက်အောက်ရှိ ကလေးသူငယ် များဆိုင်ရာ အေဂျင်စီက ဇွန်လ ၇ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ထို့နောက် ကပ်ဆိုးဘေးဆိုးတစ်ခုမှ ရှောင်ရှားနိုင်ရန်အတွက် ဒေါ်လာ သန်း ၂၅၀ ၏ သုံးပုံတစ်ပုံသာ ယခုအချိန်အထိ ရှိသေး ကြောင်း ကုလသမဂ္ဂက ပြောသည်။

နှစ်ပေါင်း ၄၀ အတွင်း အဆိုးဝါးဆုံး မိုးခေါင်ရေရှားမှုနှင့် ရင်ဆိုင်ရသော အာဖရိကဦးချိုဒေသရှိ ဆိုမာလီယာနိုင်ငံတွင် လေး ကြိမ် ဆက်တိုက် မိုးရွာသွန်းခြင်း ကင်းမဲ့ခဲ့ပြီး လာမည့် အောက်တိုဘာလနှင့် ဒီဇင်ဘာလတို့တွင် အခြေအနေ ပိုဆိုးနိုင် ကြောင်း ကုလသမဂ္ဂ လက်အောက်ရှိ ကလေးသူငယ်များဆိုင်ရာ အေဂျင်စီက သတိပေးခဲ့သည်။

ယူကရိန်းစစ်ပွဲ (AFP)

ယူကရိန်းစစ်ပွဲကြောင့် တကမ္ဘာလုံး စားသောက်ကုန်နှင့် လောင်စာဆီ ဈေးတက်ခြင်းနှင့်အတူ ဆိုးရွားစွာ မိုးခေါင်နေသည့် အာဖရိကတိုက်အတွက် သန်းနှင့်ချီသော လူအများ ထိခိုက်နစ်နာခဲ့ရသည်။

ဆင်းရဲနွမ်းပါးသည့် အာဖရိကမိသားစုများအတွက် စားနပ်ရိက္ခာနှင့်ချည်မျှင် ပိုမို လက်လှမ်း ဝေးစေခဲ့သလို ကောက်ပဲသီးနှံ များ စိုက်ပျိုးမရဖြစ်ပြီး မွေးမြူရေး တိရစ္ဆာန်များလည်း သေကြေပျက်စီးခဲ့ရသည်။

“ယူကရိန်းစစ်ကို ကမ္ဘာက အမြင်ကျယ်ကျယ်နဲ့ မကြည့်ဘဲ အလောတကြီး ဆက်လုပ်နေမယ်ဆိုရင် အာဖရိကဦးချိုဒေသမှာ ကလေး အသေအပျောက်များတော့မှာ” ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ အာဖရိကဌာနေ လက် ထောက်ညွှန်ကြားရေးမှူး ရာနီယာဒါဂက်ရှ် (Rania Dagash) က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

UNICEF ကိုယ်စားလှယ် Rania Dagash (GETTY IMAGES)

ဆိုမာလီယာနိုင်ငံတွင် အသက်အန္တရာယ် ခြိမ်းခြောက်နေသော အာဟာရချို့တဲ့မှုအတွက် အရေးပေါ် ကုစားရန် လိုအပ်နေ သည့် ကလေးသူငယ် ၃၈၆,၀၀၀ ဦး ရှိနေပြီး ၂၀၁၁ ခုနှစ်က အလားတူ ကလေးသူငယ် အရေအတွက် ၃၄၀,၀၀၀ ထက် ပိုများနေပြီ ဖြစ်သည်။

အငတ်ဘေးကြောင့် သေဆုံးသူ ရာနှင့်ချီ၍ ရှိနေပြီဟု ရိုက်တာသတင်းက ဆက်လက် ရေးသားသည်။

အလှူရှင်များထံမှ ရရှိသော ရန်ပုံငွေသည် ရက်ရောလှပါသော်လည်း လိုအပ်ချက်ရှိနေသည့် ဒေါ်လာသန်း ၂၅၀ အောက် လျော့နည်းနေသည်ဟု ရာနီယာဒါဂက်ရှ်က ပြောကြားခဲ့သည်။

Source: Reuters

 

Share
Tweet
Share
Share
powered by social2s
ဗီယက်နမ် အာဏာပိုင်များ (Reuters)

ကိုဗစ်အမှုဖြင့် ဗီယက်နမ် ကျန်းမာရေးဝန်ကြီးနှင့်မြို့တော်ဝန်ကို ဖမ်းဆီး

By CNI
CNI
Category: ကျန်းမာရေး
Hits: 2795

CNI International News

ဟနွိုင်း၊ ဇွန်လ ၈

အမေရိကန်ဒေါ်လာ သန်း ၁၇၀ တန်ဖိုးရှိ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ကိရိယာအမှု အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်ခြင်း ကြောင့် ကျန်းမာရေးဝန်ကြီးနှင့် ဟနွိုင်းမြို့တော်ဝန်တို့ကို ဗီယက်နမ်ရဲများက ဖမ်းဆီးလိုက်ကြောင်း ဗီယက်နမ်အစိုးရ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဇွန်လ ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။

Viet A ဟု အမည်ပေးထားသော ပြည်တွင်း အရှုပ်တော်ပုံ တစ်ခုအပြီးတွင် ကွန်မြူနစ်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်တွင် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အရှိန်မြှင့်ခဲ့ရာ ဆေးရုံများသို့ တန်ဖိုးအလွန်မြင့်မားသည့် Covid-19 စမ်းသပ်ကိရိယာ ပံ့ပိုး ရသည့်ကိစ္စ၌ လာဘ်ပေးလာဘ်ယူ အမှုများကို ဗီယက်နမ်အစိုးရ တာဝန်ရှိသူများက ဖော်ထုတ်ခဲ့ကြသည်။

“နိုင်ငံပိုင်ပစ္စည်းများ စီမံခန့်ခွဲရေးနှင့် အသုံးချရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်သည်”ဟူသော စွပ်စွဲချက်ဖြင့် ဗီယက်နမ် ကျန်းမာရေးဝန်ကြီး နော့အမ်း (Ngoc Anh) ကို ဇွန်လ ၇ ရက်နှောင်းပိုင်းက ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်း ထုတ်ခဲ့သည်။

၎င်းသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်ကလည်း ဆုံးရှုံးလေလွင့်ခြင်း ဖြစ်ပေါ်စေခဲ့ဖူးကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသော ငုယင်သန့်လောင်နဲ့ နော့အမ်း (GETTY IMAGES)

အလားတူ ဟနွိုင်မြို့တော်ဝန် ငုယင်သန့်လောင် (Nguyen Thanh Long) ကိုလည်း အစိုးရတာဝန် ထမ်းဆောင် နေစဉ် အတွင်း ရာထူးနှင့်လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်မှု ဖမ်းဝရမ်းထုတ်ခဲ့သည်။

“ပြည်သူ့လုံခြုံရေးကောင်စီက အတည်ပြုပြီးနောက် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန အနေဖြင့် ဆုံးဖြတ်ချက်များနှင့် အမိန့် များကို ဥပဒေနှင့်အညီ အကောင်အထည် ဖော်ခဲ့ကြောင်း” ၎င်းဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည်။

၎င်းတို့နှစ်ဦးကို ဖမ်းဆီးခြင်း မပြုမီ တစ်ရက်အလို ဇွန်လ ၆ ရက်တွင် ဗီယက်နမ် ပါတီဝင်များအဖြစ် အာဏာပိုင်များက ထုတ်ပယ်ခဲ့ပြီး ဖြစ်သည်။

Viet A ၏ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ကိရိယာများ ထုတ်လုပ်ခြင်းနှင့် သုံးစွဲခြင်းတို့ ပါဝင်ပတ်သက်ခဲ့ကြသည့် ပြည်နယ် အသီးသီး၌ ကပ်ရောဂါ ထိန်းချုပ်ရေးစင်တာ အရာရှိများကိုလည်း မကြာသေးမီ လများအတွင်း အာဏာပိုင်များက ဖမ်းဆီးခဲ့ သည်။

Viet A ၏ ညွှန်ကြားရေးမှူးချုပ် ဖန်ကွတ်ဗီယက် (Phan Quoc Viet) သည် ဆေးရုံများနှင့် ထိန်းချုပ်ရေးစင်တာများသို့ မူလ ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် မြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရန် အစိုးရအရာရှိများကို လာဘ်ထိုးမှု စွဲချက်ဖြင့် လတ်တလော ရင်ဆိုင်နေရသည်။

Viet A အရှုပ်တော်မှ ပေါ်ပေါက်လာသော အသားတင် ငွေကြေးပမာဏမှာ ဒေါ်လာ ၁၇၂ သနးဖြစ်ပြီး ယခု အဂတိလိုက်စားမှု စစ်ဆေးဖော်ထုတ်အရ ဒေါ်လာ ၃၄ သန်း ပြန်လည်ထွက်ပေါ်လာကြောင်း သိရသည်။

Source: Bangkok Post

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Reuters)

ပစိဖိတ်ဒေသ၌ တရုတ်ကိုစိုးရိမ်၍ ဘိုင်ဒန် အထူးကိုယ်စားလှယ်ကို မာရှယ်ကျွန်းများသို့ စေလွှတ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 894

CNI International News

ဝါရှင်တန်၊ ဇွန်လ ၈

သေးငယ်သော်လည်း မဟာဗျူဟာအရ အရေးပါသော ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံ ၃ နိုင်ငံနှင့် ဆွေးနွေးရန်အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ အထူးကိုယ်စားလှယ်သည် လာမည့် သီတင်းပတ်တွင် မာရှယ်ကျွန်းများသို့ သွားရောက်မည် ဖြစ်ကြောင်း၊ ပစိဖိတ်ဒေသတွင်း တရုတ်ဩဇာ ချဲ့ထွင်မှုအပေါ် အမေရိကန်စိုးရိမ်၍ ၎င်းခရီးစဉ်ကို တာဝန်ပေး စေလွှတ်ရခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

ပြီးခဲ့သည့် မတ်လ၌ ဘိုင်ဒန် ခန့်အပ်ခဲ့သော ဝါရင့်သံတမန် ဂျိုးဇက်ယွန်း (Joseph Yun) သည် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လျက် ဇွန်လ ၁၄ ရက်မှ ၁၆ ရက်အထိ မာရှယ်ကျွန်းစုနိုင်ငံသို့ ရောက်ရှိနေမည်ဖြစ်ကြောင်း ရိုက်တာ သတင်းက ဖော်ပြထားသည်။

ဂျိုးဇက်ယွန်းသည် ထိုနိုင်ငံတွင် အမှီအခိုကင်းသော အစုအဖွဲ့ သဘောတူစာချုပ် (COFA-Compact of Free Association) နှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ဘိုင်ဒန်၏ ဝါရင့်သံတမန် ဂျိုးဇက်ယွန်း (GETTY IMAGES)

အမေရိကန်၏ စီးပွားရေး အကူအညီဖြင့် အုပ်ချုပ်နေသည့် မာရှယ်ကျွန်းစုနိုင်ငံ (Marshall Islands-RMI)သည် လာမည့် နှစ်တွင် အဆိုပါ သဘောတူစာချုပ် သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သည်။

အမေရိကန်သည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် အသီးသီး သက်တမ်း ကုန်ဆုံးတော့မည့် မိုက်ခရိုနီးရှား ဖက်ဒရယ်နိုင်ငံ များ (FSM) နှင့်စာချုပ်၊ ပလာအို (Palau) နိုင်ငံနှင့်စာချုပ်တို့ အတွက်လည်း အလားတူ သဘောတူညီချက်များ ထားရှိသဖြင့် ဂျိုးဇက်ယွန်းက ထိုစာချုပ်များအတွက် ညှိနှိုင်းဖြေရှင်းပေးရန် တာဝန်ရှိသည်။

“RMI ညှိနှိုင်းရေးအဖွဲ့နဲ့ လူချင်း တွေ့ဆုံရမယ့် အခွင့်အလမ်းကို ကျနော်တို့ ကြိုဆိုပါတယ်။ အကျိုးရှိတဲ့ ဆွေးနွေးပွဲ ဖြစ်ထွန်း လာဖို့ မျှော်လင့်နေပါတယ်” ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆက်လက် ပြောကြားခဲ့သည်။

ပစိဖိတ်ကျွန်းစု နိုင်ငံများသည် တရုတ်နှင့် အမေရိကန်တို့၏ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုတွင် အရေးပါသော မျက်နှာစာ တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပြီး အင်အားကြီး နှစ်နိုင်ငံတို့က အဆိုပါ ဒေသတွင်း နိုင်ငံများအကြာ သံတမန်ရေးရာ ကြိုးပမ်းမှု များ တိုးမြှင့် လုပ်ဆောင်နေကြသည်။

မာရှယ်ကျွန်းစုနိုင်ငံ (GETTY IMAGES)

ဘိုင်ဒန်နှင့် နယူးဇီလန် ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန် (Jacinda Ardern) တို့သည် ယခင် သီတင်းပတ်၌ အွန်လိုင်းပေါ် တွေ့ဆုံ ကြပြီး ပစိဖိတ်ဒေသတွင် တရုတ်၏ ဩဇာချဲ့ထွင်ရေး ကြိုးပမ်းမှုများနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

သို့ဖြစ်၍ ပစိဖိတ်ကျွန်းများမှ နိုင်ငံ့ခေါင်းဆောင်များနှင့် လူချင်း ထိတွေ့ ဆက်ဆံရေး လိုအပ်လာကြောင်း အမေရိကန်အစိုးရ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်သည် ပစိဖိတ်ဒေသရှိ ဆော်လမွန်ကျွန်းစုနိုင်ငံနှင့် မကြာသေးမီက လုံခြုံရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြခြင်း အတွက် စိုးရိမ်မိကြောင်း ဘိုင်ဒန်နှင့် ဆင်ဒါအာဒန်တို့က အသီးသီး ပြသခဲ့ကြသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

 ဝိန်းရွန်နီရဲ့စံချိန်ကို ကျော်ဖြတ်ဖို့ ၄ ဂိုးသာလိုတော့တဲ့ ဟာရီကိန်း

By CNI
CNI
Category: အားကစား
Hits: 1868

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၈

ဟာရီကိန်းဟာ ဂျာမနီနဲ့ အင်္ဂလန်အသင်းတို့ ၁ ဂိုးစီသရေကျခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ဂိုးသွင်းယူပြီးနောက် သွင်းဂိုး ၅၀ ပြည့်မြောက်သွားခဲ့တာဖြစ်ပါတယ်။

ဟော့ဖ်မန်းက ဂျာမနီအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့တာကို ဟာရီကိန်းက ပွဲပြီးခါနီးမှာရတဲ့ ပင်နယ်တီကနေ အင်္ဂလန်အတွက် အဖိုးတန်ချေပဂိုး ပြန်သွင်းယူပေးခဲ့တာပါ။

ဟာရီကိန်းဟာ ဒီပွဲမှာ ဂိုးသွင်းခဲ့တဲ့အတွက် အင်္ဂလန် အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ဆာဘော်ဘီချာလ်တန်ကို ကျော်ပြီး ဒုတိယနေရာကို ရောက်ရှိ လာခဲ့တာဖြစ်ပါတယ်။အင်္ဂလန်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားကတော့ ဝိန်းရွန်နီဖြစ်ပြီး ၅၃ ဂိုးသွင်းယူ ထားတာပါ။

အဲဒါကြောင့် ဟာရီကိန်းအနေနဲ့ အင်္ဂလန်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ဖို့ဆိုရင် ဝိန်းရွန်နီရဲ့ စံချိန် ကို ကျော်ဖြတ်ဖို့ ၄ ဂိုးသာ လိုတော့တာလည်းဖြစ်ပါတယ်။

စပါးအသင်း တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင် ခင်မှာ ဝိန်းရွန်နီရဲ့ စံချိန်ကိုချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ အရင်ကတည်းက ပြောထားခဲ့ တာပါ။

ဟာရီကိန်းက “ဂိုးတွေသွင်းရတာကို တကယ်နှစ်သက်ပါတယ်။အထူးသဖြင့် ကိုယ့်နိုင်ငံအတွက်ဆိုရင် အမြဲတမ်း နှစ်သက်ပါတယ်။ဂိုးတွေသွင်းပြီး အသင်းကို ကူညီနိုင်တဲ့အချိန်တိုင်း အလွန်ဝမ်းသာရပါတယ်။ အလွန်ကောင်းမွန် တဲ့ စိတ်ဓါတ်ကိုပြသဖို့ အလွန်အရေးကြီးပါတယ်။ ၁ ဂိုး- ဂိုးမရှိနဲ့ အနောက်ကနေ လိုက်ကစားနေတဲ့အချိန်မှာ ကောင်းမွန်တဲ့ စရိုက်လက္ခဏာတွေကို ပြသခဲ့ပြီး ရလဒ်ကောင်းရယူနိုင်ခဲ့ပါတယ်။

ကျနော်တို့ဟာ အလွန်ကောင်း မွန်တဲ့ ဂျာမနီအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတာပါ။ကျနော်တို့မှာ အလွန်အရေးပါတဲ့ပွဲတွေရှိသေးတယ်”လို့ Channel 4 ကို ပြောခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ နေရှင်းလိဂ်အဖွင့်ပွဲစဉ်မှာ ဟန်ဂေရီအသင်းကို အရေးနိမ့်ခဲ့ပြီး ဒုတိယပွဲစဉ်မှာ ဂျာမနီအသင်း နဲ့ သရေကျခဲ့တာကြောင့် အုပ်စုတွင်း နောက်ဆုံးနေရာမှာ ရပ်တည်နေခဲ့တာပါ။

အင်္ဂလန်အသင်းဟာ စနေနေ့မှာ နေးရှင်းလိဂ် တတိယပွဲစဉ်အဖြစ် အုပ်စုတွင်း ဦးဆောင်နေတဲ့ အီတလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s
နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ

အိန္ဒိယ-အာဆီယံ အစည်းအဝေး မြန်မာနိုင်ငံခြားရေးဝန်ကြီးကို မဖိတ်ဟုဆို

By CNI
CNI
Category: နိုင်ငံရေး
Hits: 1383

CNI International News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၈

လာမည့် ရက်သတ္တပတ်အတွင်း ကျင်းပမည့် အိန္ဒိယ- အာဆီယံ အစည်းအဝေးတွင် မြန်မာ၏ နိုင်ငံခြားရေးဝန်ကြီးကို မဖိတ်ကြားဘဲ နိုင်ငံရေးကို ကိုယ်စားမပြုသူ ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားသွားရန် အိန္ဒိယက ဆုံးဖြတ်ထားသည်ဟု အိန္ဒိယသတင်းဌာန The Economic Times မှ ရေးသားဖော်ပြထားသည်။

အဆိုပါ အိန္ဒိယ-အာဆီယံ အစည်းအဝေးကို နယူးဒေးလီမြို့မှာ ကျင်းပသွားမှာ ဖြစ်သည်။

Share
Tweet
Share
Share
powered by social2s

ခြေ/ဥပြင်ဆင်ရေးအတွက် ကာဇက်စတန်ပြည်သူများ ဆန္ဒမဲပေး

By CNI
CNI
Category: Watch TV
Hits: 698

Share
Tweet
Share
Share
powered by social2s

မော်စကိုရှိ မိမိတို့သံရုံးမပိတ်ရန် ရုရှားအစိုးရကို အမေရိကန်သံအမတ်ပြော

By CNI
CNI
Category: Watch TV
Hits: 718

Share
Tweet
Share
Share
powered by social2s

အနာဂတ်နိုင်ငံတော် ပီပြင်စွာဖော်ဆောင်နိုင်ရေး ဆောင်ရွက်သွားမည်ဟု USDP ပြော

By CNI
CNI
Category: Watch TV
Hits: 683

Share
Tweet
Share
Share
powered by social2s

နစက သေဒဏ် အမိန့် အကောင်အထည်ဖော်ခွင့်မရှိဟု MPU ထုတ်ပြန်

By CNI
CNI
Category: Watch TV
Hits: 746

Share
Tweet
Share
Share
powered by social2s
PDF ရှေ့တန်းစခန်းတစ်ခုမှာ တွေ့ရတဲ့ NUG ၏ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း

မန်းဝင်းခိုင်သန်း PDF ရှေ့တန်း စခန်းတစ်ခုသို့ သွားရောက်

By CNI
CNI
Category: နိုင်ငံရေး
Hits: 2562

CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၇


အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၏ ဝန်ကြီးချုပ် ဖြစ်သူ မန်းဝင်းခိုင်သန်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရှေ့ တန်း စခန်းတစ်ခုကို သွားရောက်၍ ရဲဘော်များဖြင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။


NUG သည် PDF ကို ဖွဲ့စည်း၍ ဒီမိုကရေစီအရေး နွေဦးတော်လှန်ရေးကို ဆောင်ရွက်နေသူများဖြစ်ကြသည်။

PDF ရှေ့တန်းစခန်းတစ်ခုမှာ တွေ့ရတဲ့ NUG ၏ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း

PDF ရှေ့တန်းစခန်းတစ်ခုမှာ တွေ့ရတဲ့ NUG ၏ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း

PDF ရှေ့တန်းစခန်းတစ်ခုမှာ တွေ့ရတဲ့ NUG ၏ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း

PDF ရှေ့တန်းစခန်းတစ်ခုမှာ တွေ့ရတဲ့ NUG ၏ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း

 

Share
Tweet
Share
Share
powered by social2s
ဒူဝါလရှီးလနဲ့ PDF ကိုတွေ့ရစဉ်

ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းကြောင်း NUG ကြေညာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1223

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၇

ပြည်သူလူထုအတွက် တရားဥပဒေနှင့်အညီ ဝန်ဆောင်မှုပေးသည့် ရဲတပ်ဖွဲ့ဖြစ်စေရန် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေနှင့်အညီ ပြည်သူ့ရဲတပ်ဖွဲ့အား ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ (ဇွန်လ ၇ ရက်) ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ဖွဲ့စည်းမှုကို NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

NUG ထုတ်ပြန်ချက်

NUG သည် နစက၏ ပြည်သူလူထုအပေါ် ကျူးလွန်သည့် အကြမ်းရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူ့ အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများအား တရားဥပဒေနှင့်အညီ အရေးယူ အပြစ်ပေးနိုင်ရန် ကြားကာလ တရား ဥပဒေ စိုးမိုးရေးကို ဖော်ဆောင်နိုင်ရန်၊ ဒုစရိုက်မှုများနှင့် တရားဥပဒေမဲ့ ပြုကျင့်သူများအား ပြည်သူလူထုနှင့်ပူးပေါင်း၍ တား ဆီးရန် ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို ပြည်သူ့ရဲတပ်ဖွဲ့ကို ရဲအင်အား မည်မျှဖြင့် ဖွဲ့စည်းကြောင်းနှင့် NUG တွင် ရဲတပ်ဖွဲ့ဝင် အင်အား မည်မျှ ရှိကြောင်းကို ထုတ်ပြန်ချက်မှာ ဖော်ပြမထားပေ။

သို့သော် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လုပ်ကာ NUG နှင့် ပူးပေါင်းနေသော CDM ရဲတပ်ဖွဲ့ဝင် ၂၉၀၀ ကျော် ရှိကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
အေဘရာမိုဗစ်ချ်နဲ့ သူပိုင်ဆိုင်တဲ့ လေယာဉ်

အေဘရာမိုဗစ်ချ်၏ လေယာဉ်များကို သိမ်းယူရန် အမေရိကန်တွင် အခွင့်အာဏာရှိ

By CNI
CNI
Category: နိုင်ငံရေး
Hits: 940

CNI International News

နယူးယောက်၊ ဇွန်လ ၇

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ချမှတ်ခဲ့သော ပိတ်ဆို့ဒဏ်ခတ်မှု အစီအမံအရ ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ် ပိုင်ဆိုင်သည့် ဇိမ်ခံလေယာဉ် နှစ်စင်းကို အမေရိကန်တရားရုံး တစ်ရုံးက ဇွန်လ ၆ ရက်တွင် ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း တရားရုံးမှတ်တမ်းများကို ကိုးကားလျက် ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

သို့သော် အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါး တန်ဖိုးရှိသည့် လေယာဉ်များကို အမေရိကန်အစိုးရ ထိန်းချုပ်နိုင်ခြေက မသေချာ မရေရာသေးပေ။

ဒေါ်လာ သန်း ၃၅၀ တန် ဘိုးရင်း 787 Dreamliner လေယာဉ်နှင့် ဒေါ်လာ သန်း ၆၀ တန် Gulfstream G650 ER လေယာဉ်တို့ သည် အမေရိကန်တွင် ဖမ်းဆီးထားခြင်း မရှိသေးကြောင်းနှင့် လေယာဉ်များ လက်ရှိ တည်နေရာကို အမေရိကန်အစိုးရ သိ/မသိ တရားဝင် ကြေညာရန် ငြင်းဆိုထားကြောင်း တရားရေးဌာန အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်အစိုးရက ချမှတ်ထားသော ပိတ်ဆို့ဒဏ်ခတ်မှုကို ချိုးဖောက်၍ အဆိုပါ လေယာဉ်များ ပျံသန်းမှုရှိခဲ့ခြင်းကြောင့် မန်ဟက်တန်မြို့ရှိ ဖက်ဒရယ်တရားသူကြီးတစ်ဦးက အဆိုပါ ဖမ်းဝရမ်းကို ထုတ်ပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနသည် အေဘရာမိုဗစ်ချ်နှင့် ဆက်စပ်နေသော လုပ်ငန်းစီမံခန့်ခွဲ ရေးဆိုင်ရာ စွဲချက်ကိုလည်း တင်ထားသည်။ အဆိုပါ ဖမ်းဝရမ်းများအရ လေယာဉ် အရွှေ့အပြောင်းကို တားဆီးနိုင်ဖွယ်ရှိ ကြောင်း အမေရိကန်အစိုးရဘက်မှ ပြောကြားခဲ့သည်။

ယူကရိန်းတွင် ကရင်မလင်၏ အထူးစစ်ဆင်ရေးဟု တံဆိပ်ကပ်ထားသော တိုက်ခိုက်နေမှု ရပ်တန့်ရန် ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များကို ဖိအားပေးရန် အမေရိကန် အာဏာပိုင်များက အပူတပြင်း လုပ်ဆောင်နေ ကြသည်။

အမေရိကန် သမ္မတ ဘိုင်ဒန်

ယခု ဖြစ်စဉ်အပေါ် အေဘရာမိုဗစ်ချ်၏ ပြောရေးဆိုခွင့်ရှိသူထံသို့ ရိုက်တာက သဘောထား မှတ်ချက် တောင်းခံခဲ့သော်လည်း ချက်ချင်း တုံ့ပြန်ခြင်း မရှိပေ။ အေဘရာမိုဗစ်ချ်ကလည်း ပူတင်နှင့် ၎င်းတို့ကြား ရင်းနှီးသော ဆက်ဆံရေး ရှိခြင်းဆိုသည်ကို ငြင်းဆိုထားသည်။

Gulfstream လေယာဉ်သည် အစ္စတန်ဘူလ်မြို့မှ မော်စကိုမြို့သို့ မတ်လ ၁၂ ရက်တွင် ပျံသန်းခဲ့ကြောင်း၊ နောက်တစ်နေ့တွင် တဲလ်အဗစ်မြို့မှ ထွက်ခွာလျက် မတ်လ ၁၅ ရက်တွင် အစ္စတန်ဘူလ်မှ မော်စကိုသို့ ထပ်မံပျံသန်းခဲ့ကြောင်း၊ အလားတူ ဘိုးရင်း 787 လေယာဉ်သည် ဒူဘိုင်းမြို့မှ မော်စကိုမြို့သို့ မတ်လ ၄ ရက်တွင် ပျံသန်းခဲ့သေးကြောင်း အမေရိကန်အစိုးရဘက်မှ ပြောသည်။

အကြောင်းမှာ အဆိုပါ လေယာဉ်များသည် အမေရိကန်တွင် ထုတ်လုပ်ခဲ့ခြင်းကြောင့် ပို့ကုန်ကန့်သတ်ချက် အသက်ဝင်လာပြီး နောက် ပျံသန်းမှု ပြုလုပ်သည့်အခါ ရုရှားနိုင်ငံသား အေဘရာမိုဗစ်ချ်အတွက် ရုရှားပြည်တွင်းသို့ ဝင်ရောက် ပျံသန်းနိုင်ရန် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနထံမှ ထုတ်ပေးသည့် လိုင်စင် လိုအပ်မည် ဖြစ်သည်။

လိုင်စင်များကို တောင်းခံထားခြင်း မရှိသော်လည်း အမေရိကန် မူဝါဒအရ ထိုတောင်းဆိုမှုများ ရှိခဲ့လျှင် ကူးသန်းရောင်းဝယ် ရေး ဌာနက ငြင်းဆိုရမည်ဖြစ်ကြောင်း သတင်းထောက်များကို ယင်းဌာနအရာရှိက ရှင်းပြခဲ့သည်။

အေဘရာမိုဗစ်ချ်အား လိုင်စင်မဲ့ လေယာဉ်ပျံသန်းမှုဖြင့် တစ်စင်းလျှင် ၃၂၈,၁၂၁ ဒေါ်လာအထိ (သို့မဟုတ်) အခြားပြစ်ဒဏ်များ အပါအဝင် လေယာဉ် အားလုံးအတွက် ဒေါ်လာ ၁ သန်း နီးပါးအထိ ကူးသန်းရောင်းဝယ်ရေးဌာန အနေဖြင့် ဒဏ်ရိုက်နိုင် ကြောင်း သိရသည်။

“အေဘရာမိုဗစ်ချ် ကဲ့သို့ ရုရှားလုပ်ငန်းရှင်တွေဟာ အကျိုးအကြောင်း မခိုင်လုံဘဲနဲ့ အမေရိကန်ရဲ့ ပို့ကုန်စည်းမျဉ်း ကန့်သတ် ချက်တွေကို ချိုးဖောက်တာကို ခွင့်ပြုမှာ မဟုတ်ဘူး” ဟု အမေရိကန် ကုန်သွယ်ရေးအရာရှိ ဂျွန်စွန်ဒါမန်းက ကြေညာချက်ထဲ တွင် ပြောကြားထားသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 109
  • 110
  • 111
  • 112
  • 113
  • 114
  • 115
  • 116
  • 117
  • 118

Page 114 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar