CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မော်စကိုရှိ မိမိတို့သံရုံးမပိတ်ရန် ရုရှားအစိုးရကို အမေရိကန်သံအမတ်ပြော

By CNI
CNI
Category: Watch TV
Hits: 783

Share
Tweet
Share
Share
powered by social2s

အနာဂတ်နိုင်ငံတော် ပီပြင်စွာဖော်ဆောင်နိုင်ရေး ဆောင်ရွက်သွားမည်ဟု USDP ပြော

By CNI
CNI
Category: Watch TV
Hits: 755

Share
Tweet
Share
Share
powered by social2s

နစက သေဒဏ် အမိန့် အကောင်အထည်ဖော်ခွင့်မရှိဟု MPU ထုတ်ပြန်

By CNI
CNI
Category: Watch TV
Hits: 814

Share
Tweet
Share
Share
powered by social2s
PDF ရှေ့တန်းစခန်းတစ်ခုမှာ တွေ့ရတဲ့ NUG ၏ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း

မန်းဝင်းခိုင်သန်း PDF ရှေ့တန်း စခန်းတစ်ခုသို့ သွားရောက်

By CNI
CNI
Category: နိုင်ငံရေး
Hits: 2725

CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၇


အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၏ ဝန်ကြီးချုပ် ဖြစ်သူ မန်းဝင်းခိုင်သန်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရှေ့ တန်း စခန်းတစ်ခုကို သွားရောက်၍ ရဲဘော်များဖြင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။


NUG သည် PDF ကို ဖွဲ့စည်း၍ ဒီမိုကရေစီအရေး နွေဦးတော်လှန်ရေးကို ဆောင်ရွက်နေသူများဖြစ်ကြသည်။

PDF ရှေ့တန်းစခန်းတစ်ခုမှာ တွေ့ရတဲ့ NUG ၏ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း

PDF ရှေ့တန်းစခန်းတစ်ခုမှာ တွေ့ရတဲ့ NUG ၏ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း

PDF ရှေ့တန်းစခန်းတစ်ခုမှာ တွေ့ရတဲ့ NUG ၏ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း

PDF ရှေ့တန်းစခန်းတစ်ခုမှာ တွေ့ရတဲ့ NUG ၏ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း

 

Share
Tweet
Share
Share
powered by social2s
ဒူဝါလရှီးလနဲ့ PDF ကိုတွေ့ရစဉ်

ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းကြောင်း NUG ကြေညာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1349

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၇

ပြည်သူလူထုအတွက် တရားဥပဒေနှင့်အညီ ဝန်ဆောင်မှုပေးသည့် ရဲတပ်ဖွဲ့ဖြစ်စေရန် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေနှင့်အညီ ပြည်သူ့ရဲတပ်ဖွဲ့အား ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ (ဇွန်လ ၇ ရက်) ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ဖွဲ့စည်းမှုကို NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

NUG ထုတ်ပြန်ချက်

NUG သည် နစက၏ ပြည်သူလူထုအပေါ် ကျူးလွန်သည့် အကြမ်းရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူ့ အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများအား တရားဥပဒေနှင့်အညီ အရေးယူ အပြစ်ပေးနိုင်ရန် ကြားကာလ တရား ဥပဒေ စိုးမိုးရေးကို ဖော်ဆောင်နိုင်ရန်၊ ဒုစရိုက်မှုများနှင့် တရားဥပဒေမဲ့ ပြုကျင့်သူများအား ပြည်သူလူထုနှင့်ပူးပေါင်း၍ တား ဆီးရန် ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို ပြည်သူ့ရဲတပ်ဖွဲ့ကို ရဲအင်အား မည်မျှဖြင့် ဖွဲ့စည်းကြောင်းနှင့် NUG တွင် ရဲတပ်ဖွဲ့ဝင် အင်အား မည်မျှ ရှိကြောင်းကို ထုတ်ပြန်ချက်မှာ ဖော်ပြမထားပေ။

သို့သော် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လုပ်ကာ NUG နှင့် ပူးပေါင်းနေသော CDM ရဲတပ်ဖွဲ့ဝင် ၂၉၀၀ ကျော် ရှိကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
အေဘရာမိုဗစ်ချ်နဲ့ သူပိုင်ဆိုင်တဲ့ လေယာဉ်

အေဘရာမိုဗစ်ချ်၏ လေယာဉ်များကို သိမ်းယူရန် အမေရိကန်တွင် အခွင့်အာဏာရှိ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1028

CNI International News

နယူးယောက်၊ ဇွန်လ ၇

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ချမှတ်ခဲ့သော ပိတ်ဆို့ဒဏ်ခတ်မှု အစီအမံအရ ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ် ပိုင်ဆိုင်သည့် ဇိမ်ခံလေယာဉ် နှစ်စင်းကို အမေရိကန်တရားရုံး တစ်ရုံးက ဇွန်လ ၆ ရက်တွင် ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း တရားရုံးမှတ်တမ်းများကို ကိုးကားလျက် ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

သို့သော် အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါး တန်ဖိုးရှိသည့် လေယာဉ်များကို အမေရိကန်အစိုးရ ထိန်းချုပ်နိုင်ခြေက မသေချာ မရေရာသေးပေ။

ဒေါ်လာ သန်း ၃၅၀ တန် ဘိုးရင်း 787 Dreamliner လေယာဉ်နှင့် ဒေါ်လာ သန်း ၆၀ တန် Gulfstream G650 ER လေယာဉ်တို့ သည် အမေရိကန်တွင် ဖမ်းဆီးထားခြင်း မရှိသေးကြောင်းနှင့် လေယာဉ်များ လက်ရှိ တည်နေရာကို အမေရိကန်အစိုးရ သိ/မသိ တရားဝင် ကြေညာရန် ငြင်းဆိုထားကြောင်း တရားရေးဌာန အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်အစိုးရက ချမှတ်ထားသော ပိတ်ဆို့ဒဏ်ခတ်မှုကို ချိုးဖောက်၍ အဆိုပါ လေယာဉ်များ ပျံသန်းမှုရှိခဲ့ခြင်းကြောင့် မန်ဟက်တန်မြို့ရှိ ဖက်ဒရယ်တရားသူကြီးတစ်ဦးက အဆိုပါ ဖမ်းဝရမ်းကို ထုတ်ပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနသည် အေဘရာမိုဗစ်ချ်နှင့် ဆက်စပ်နေသော လုပ်ငန်းစီမံခန့်ခွဲ ရေးဆိုင်ရာ စွဲချက်ကိုလည်း တင်ထားသည်။ အဆိုပါ ဖမ်းဝရမ်းများအရ လေယာဉ် အရွှေ့အပြောင်းကို တားဆီးနိုင်ဖွယ်ရှိ ကြောင်း အမေရိကန်အစိုးရဘက်မှ ပြောကြားခဲ့သည်။

ယူကရိန်းတွင် ကရင်မလင်၏ အထူးစစ်ဆင်ရေးဟု တံဆိပ်ကပ်ထားသော တိုက်ခိုက်နေမှု ရပ်တန့်ရန် ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များကို ဖိအားပေးရန် အမေရိကန် အာဏာပိုင်များက အပူတပြင်း လုပ်ဆောင်နေ ကြသည်။

အမေရိကန် သမ္မတ ဘိုင်ဒန်

ယခု ဖြစ်စဉ်အပေါ် အေဘရာမိုဗစ်ချ်၏ ပြောရေးဆိုခွင့်ရှိသူထံသို့ ရိုက်တာက သဘောထား မှတ်ချက် တောင်းခံခဲ့သော်လည်း ချက်ချင်း တုံ့ပြန်ခြင်း မရှိပေ။ အေဘရာမိုဗစ်ချ်ကလည်း ပူတင်နှင့် ၎င်းတို့ကြား ရင်းနှီးသော ဆက်ဆံရေး ရှိခြင်းဆိုသည်ကို ငြင်းဆိုထားသည်။

Gulfstream လေယာဉ်သည် အစ္စတန်ဘူလ်မြို့မှ မော်စကိုမြို့သို့ မတ်လ ၁၂ ရက်တွင် ပျံသန်းခဲ့ကြောင်း၊ နောက်တစ်နေ့တွင် တဲလ်အဗစ်မြို့မှ ထွက်ခွာလျက် မတ်လ ၁၅ ရက်တွင် အစ္စတန်ဘူလ်မှ မော်စကိုသို့ ထပ်မံပျံသန်းခဲ့ကြောင်း၊ အလားတူ ဘိုးရင်း 787 လေယာဉ်သည် ဒူဘိုင်းမြို့မှ မော်စကိုမြို့သို့ မတ်လ ၄ ရက်တွင် ပျံသန်းခဲ့သေးကြောင်း အမေရိကန်အစိုးရဘက်မှ ပြောသည်။

အကြောင်းမှာ အဆိုပါ လေယာဉ်များသည် အမေရိကန်တွင် ထုတ်လုပ်ခဲ့ခြင်းကြောင့် ပို့ကုန်ကန့်သတ်ချက် အသက်ဝင်လာပြီး နောက် ပျံသန်းမှု ပြုလုပ်သည့်အခါ ရုရှားနိုင်ငံသား အေဘရာမိုဗစ်ချ်အတွက် ရုရှားပြည်တွင်းသို့ ဝင်ရောက် ပျံသန်းနိုင်ရန် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနထံမှ ထုတ်ပေးသည့် လိုင်စင် လိုအပ်မည် ဖြစ်သည်။

လိုင်စင်များကို တောင်းခံထားခြင်း မရှိသော်လည်း အမေရိကန် မူဝါဒအရ ထိုတောင်းဆိုမှုများ ရှိခဲ့လျှင် ကူးသန်းရောင်းဝယ် ရေး ဌာနက ငြင်းဆိုရမည်ဖြစ်ကြောင်း သတင်းထောက်များကို ယင်းဌာနအရာရှိက ရှင်းပြခဲ့သည်။

အေဘရာမိုဗစ်ချ်အား လိုင်စင်မဲ့ လေယာဉ်ပျံသန်းမှုဖြင့် တစ်စင်းလျှင် ၃၂၈,၁၂၁ ဒေါ်လာအထိ (သို့မဟုတ်) အခြားပြစ်ဒဏ်များ အပါအဝင် လေယာဉ် အားလုံးအတွက် ဒေါ်လာ ၁ သန်း နီးပါးအထိ ကူးသန်းရောင်းဝယ်ရေးဌာန အနေဖြင့် ဒဏ်ရိုက်နိုင် ကြောင်း သိရသည်။

“အေဘရာမိုဗစ်ချ် ကဲ့သို့ ရုရှားလုပ်ငန်းရှင်တွေဟာ အကျိုးအကြောင်း မခိုင်လုံဘဲနဲ့ အမေရိကန်ရဲ့ ပို့ကုန်စည်းမျဉ်း ကန့်သတ် ချက်တွေကို ချိုးဖောက်တာကို ခွင့်ပြုမှာ မဟုတ်ဘူး” ဟု အမေရိကန် ကုန်သွယ်ရေးအရာရှိ ဂျွန်စွန်ဒါမန်းက ကြေညာချက်ထဲ တွင် ပြောကြားထားသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
USDP ပါတီခေါင်းဆောင် ဦးသန်းဌေးကိုတွေ့ရစဉ်

အနာဂတ်နိုင်ငံတော် ပီပြင်စွာဖော်ဆောင်နိုင်ရေး ဆောင်ရွက်သွားမည်ဟု USDP ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2046

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၇

အနာဂတ်နိုင်ငံတော်နှင့် ဒီမိုကရေစီလမ်းကြောင်း ပီပြင်စွာ ဖော်ဆောင်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

USDP ၏ ဗဟိုကော်မတီ အစည်းအဝေးကို ယခုရက်ပိုင်းအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးသိန်းထွန်းဦးက “ကျနော်တို့ ဒီဗဟိုကော်မတီ အစည်းအဝေးကြီးဟာဆိုလို့ရှိရင် ကျနော်တို့ အနာဂတ် နိုင်ငံတော် အတွက် ရော၊ ပြည်သူတွေ လိုလားနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းကိုပေါ့နော်၊ ဒါကို ပီပြင်စွာ ဖော်ဆောင်နိုင်ဖို့အတွက် ရှေ့လုပ်ငန်း စဉ်များနဲ့အတူ ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတဲ့ ဟာလေးကို ကျနော့်အနေနဲ့ သတင်းကောင်း ပါးအပ်ပါတယ်ဗျ” ဟု ပြောသည်။

ယခု ရက်ပိုင်းအတွင်း ကျင်းပမည့် USDP ပါတီ၏ ညီလာခံတွင် ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲများ ပြုလုပ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေကြသည်။

USDP ၏ ခေါင်းဆောင်ပိုင်း အပြောင်းအလဲနှင့် ပတ်သက်၍ အစည်းအဝေး တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင်များ ၏ ဆန္ဒသဘောပေါ် မူတည်ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် အဆင်သင့်ဖြစ်နေရန် ဗဟိုကော်မတီ အစည်းအဝေးမှ ရှေ့လုပ်ငန်းစဉ်များ ချမှတ်သွားမည် ဖြစ်ကြောင်း၊ အစိုးရဖွဲ့နိုင်ရေး ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း USDP မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦးက ပြောသည်။

၂၀၁၆ ခုနှစ်က USDP ပါတီ ညီလာခံကျင်းပစဉ်

၎င်းက “ဘာတွေ ပြင်ဆင်ထားတာ ရှိသလဲဆိုတော့ ကျနော်တို့ကတော့ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုလို့ရှိရင် ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက်ကို အရန်သင့်၊ အဆင်သင့် ဖြစ်အောင်အတွက်ကို ဒီဗဟိုကော်မတီ အစည်းအဝေးကနေပြီးတော့ ရှေ့လုပ် ငန်းစဉ်တွေ ချမှတ်သွားမှာ ဖြစ်ပါတယ်၊ ဒီလိုချမှတ်တဲ့ ဟာလည်းပဲ တက်ရောက်လာကြတဲ့ ဗဟိုကော်မတီတွေရဲ့ သူတို့ရဲ့ အမြင်တွေကို ဖလှယ်ပြီးတဲ့ အခါကြတော့ သူတို့ရဲ့ တွေ့ရှိချက်တွေကို တင်ပြမယ်၊ ဒီလိုတင်ပြတဲ့ အပေါ်မှာ ရှေ့လုပ်ငန်းစဉ် ဆိုတာ ပေါ်ပေါက်လာမယ်၊ ဒီရှေ့လုပ်ငန်းစဉ် ပေါ်ပေါက်လာတဲ့ အပေါ်မှာ ကျနော်တို့ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်ခင်ဗျ။ ကျနော်တို့ ပါတီတိုင်းဟာ ဆိုလို့ရှိရင် ရွေးကောက်ပွဲ ယှဉ်ပြိုင်တဲ့အခါမှာ မိမိတို့ အစိုးရဖွဲ့နိုင်ရေး၊ မိမိတို့ လွှတ်တော်ပေါ်မှာ ထိုင်ခုံရရှိရေးအတွက်ကို ဒါပါတီတိုင်း ကြိုးစားကြတာ ဖြစ်ပါတယ်။ အလားတူပါပဲ ကျနော်တို့ဟာ ပါတီများထဲက ပါတီတစ်ခု ဖြစ်တဲ့အတွက် ဒီအတိုင်းပဲ ကြိုးစားဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်” ဟု ပြော သည်။

လက်ရှိ နစက ဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို တက်ရောက်လာကြသည့် အဖွဲ့အစည်းများကို ထောက်ခံကြိုဆို ကြောင်းနှင့် အချိန်တိုအတွင်း ညှိနှိုင်းဆွေးနွေး၍ ရလဒ်များ ရရှိမှာ ဖြစ်သည့်အတွက် အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်မည်ဆိုပါက ငြိမ်းချမ်းရေးမှာ ခြေလှမ်းတစ်ခု ရနိုင်မည်ဖြစ်ကြောင်း ဦးသိန်းထွန်းဦးက ပြောသည်။

လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၄၂ ဦး၊ ဗဟိုကော်မတီ ဝင် ၂၇၅ ဦးနှင့် အရံ ဗဟိုကော်မတီဝင် ၇၅ ဦးရှိကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မာလီစစ်ခေါင်းဆောင် ဗိုလ်မှူးကြီး အက်စီမီဂိုတာ (GETTY IMAGES)

၂၀၂၄ ၊ မတ်လ၌ အရပ်သားအုပ်ချုပ်ရေး ပြန်ပေးမည်ဟု မာလီစစ်တပ်ကတိပြု

By CNI
CNI
Category: နိုင်ငံရေး
Hits: 1771

CNI International News

ဗာမာကို၊ ဇွန်လ ၇

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် အာဏာသိမ်းပြီးနောက် ဒဏ်ခတ်ပိတ်ဆို့မှု ရင်ဆိုင်လျက် သတ်မှတ်ရက်အတိုင်း ရွေးကောက် ပွဲ မကျင်းပပေးနိုင်ခဲ့သည့် မာလီနိုင်ငံ၏ စစ်ခေါင်းဆောင်များသည် အရပ်သားအုပ်ချုပ်ရေးကို နှစ်နှစ်အတွင်း ပြန်လည် ထားရှိ ပေးမည်ဟု ကတိပြုခဲ့ကြောင်း အယ်လ်ဂျာဇီးယားက ရေးသားထားသည်။

“အသွင်ကူးပြောင်းရေး ကာလကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၆ ရက်မှစတင်၍ ၂၄ လ သတ်မှတ်လိုက်ကြောင်း” မာလီ စစ်ခေါင်း ဆောင် ဗိုလ်မှူးကြီး အက်စီမီဂိုတာ အမိန့်ထုတ်၍ လက်မှတ် ရေးထိုးလိုက်သည်ဟု နိုင်ငံပိုင်ရုပ်သံလိုင်းက ဇွန်လ ၆ ရက်တွင် ထုတ်လွှင့်သွားခဲ့သည်။

မာလီစစ်တပ်သည် ၂၀၂၀ ခုနှစ်၊ ဩဂုတ်လတွင် အာဏာသိမ်းခဲ့ပြီး နောက်တစ်နှစ် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲ ကျင်းပ မည်ဟူသော ကတိကို ပျက်ကွက်ခဲ့သည်။


ထို့နောက် အနောက်အာဖရိကနိုင်ငံ၏ စီးပွားရေး အသိုက်အဝန်းဖြစ်သော ECOWAS က မာလီစစ်အစိုးရကို ပိတ်ဆို့အရေးယူ မှုများ ချမှတ်ခဲ့သည်။

မာလီ ရွေးကောက်ပွဲ (GETTY IMAGES)

ဂိုတာသည် ယမန်နှစ်၊ မေလတွင် သမ္မတရာထူးကို ရယူခဲ့ပြီး ယခု ဇွန်လ ၆ ရက် အမိန့်ထုတ်ပြန်ချက်အရ ECOWAS နှင့် စေ့စပ် ညှိနှိုင်းရေးအဆင့်ကို လိုက်နာသွားလျှင် ပိတ်ဆို့မှုများ ပြန်လည် ရုပ်သိမ်းပေးမည်ဟု မိမိတို့ မျှော်လင့်ကြောင်း မာလီ စစ်တပ်က ပြောကြားခဲ့သည်။

“ဤအမိန့်ကို အတည်ပြု ထုတ်ပြန်ခြင်းသည် ECOWAS နှင့် တွေ့ဆုံဆွေးနွေးရန် မာလီအာဏာပိုင်များ ဆန္ဒရှိကြောင်း သက်သေ ပြခြင်းဖြစ်သည်” ဟု အမိန့်ကို ဖတ်ကြားခဲ့သည့် စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ထပ်လောင်း ပြောကြားခဲ့သည်။

ဇွန်လ ၆ ရက် အတည်ပြု ထုတ်ပြန်ခဲ့သည့် ၂၄ လကြာ အသွင်ကူးပြောင်းရေး ကာလအမိန့်အပေါ် ECOWAS ကတော့ လတ်တလော သဘောထား မှတ်ချက် မပေးသေးပေ။

အသွင်ကူးပြောင်းရေးကာလ သတ်မှတ်လိုက်ခြင်းသည် အမေရိကန်နှင့် မာလီ၏ ကိုလိုနီဟောင်း ပြင်သစ် အပါအဝင် မိတ်ဖက်များနှင့် သဘောထား ကွဲလွဲစေခဲ့သည်။

အနောက်အာဖရိကနိုင်ငံများမှ အကြီးအကဲများသည် ဂါနာနိုင်ငံ၊ အက္ကရာမြို့တော်တွင် ယခင် သီတင်းပတ် အကုန်ပိုင်းက တွေ့ဆုံခဲ့ပြီး ဆွေးနွေးမှု ရလာဒ်များအရ မာလီနိုင်ငံအပေါ် ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် သဘောတူခဲ့ကြသည်။

Source: Aljazeera

 

 

 

Share
Tweet
Share
Share
powered by social2s
ပူတင်နဲ့ ဆူလီဗန်ကို တွေ့ရစဉ်

မော်စကိုရှိ မိမိတို့သံရုံးမပိတ်ရန် ရုရှားအစိုးရကို အမေရိကန်သံအမတ်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1903

CNI International News

မော်စကို၊ ဇွန်လ ၇

ယူကရိန်းစစ်ပွဲကြောင့် အကျပ်အတည်း တွေ့နေသော်လည်း ကမ္ဘာ့အကြီးဆုံး နျူကလီးယား ပိုင်ဆိုင်ထားကြသည့် အင်အားကြီး နှစ်နိုင်ငံ ဆက်လက် ဆွေးနွေးရမည်ဖြစ်၍ မော်စကိုမြို့ရှိ အမေရိကန်သံရုံးကို မပိတ်သင့်ကြောင်း ရုရှားဆိုင်ရာ အမေရိကန် သံအမတ်က ကရင်မလင်(ရုရှား)အစိုးရအား ဇွန်လ ၆ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းအရ သိရသည်။

ယူကရိန်းကို ကျူးကျော်မှုအား ရုရှားသမိုင်း၏ အချိုးအကွေ့ တစ်ခုအဖြစ် မိမိ သတ်မှတ်လိုက်ပါကြောင်း၊ အမေရိကန် ကြီးစိုး နေမှုကို တွန်းလှန်ခြင်းလည်း ဖြစ်ကြောင်း၊ ဆိုဗီယက် ပြည်ထောင်စု ပြိုလဲခဲ့သည့် ၁၉၉၁ ခုနှစ်ကတည်းက ရုရှားကို အရှက် ရစေခဲ့ကြောင်း ကရင်မလင်(ရုရှား)အစိုးရ အကြီးအကဲဖြစ်သူ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။

ရုရှား၏ တိုက်ခိုက်မှုသည် ထင်ရာစိုင်းသည့် အင်ပါယာပုံစံ မြေယာသိမ်းပိုက်မှုဖြစ်၍ ဆန့်ကျင်ကြောင်း၊ လူထောင်နှင့်ချီ၍ သေဆုံးကာ ၁၀ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြင့် ထွက်ပြေးခဲ့ရကြောင်း ယူကရိန်းနှင့် ၎င်းကို ကျောထောက် နောက်ခံပေးနေသည့် အနောက်အုပ်စုနိုင်ငံများက တုံ့ပြန်ခဲ့ကြသည်။

ထို့နောက် ဝါရှင်တန်နှင့်မော်စကိုတို့၏ သံတမန် ဆက်ဆံရေးကို လွယ်လွယ်နှင့် မဖြတ်တောက်သင့်ကြောင်း အမေရိကန် သံအမတ် ဂျွန်ဂျေဆူလီဗန် (John J. Sullivan) က ရုရှားနိုင်ငံပိုင် တာ့စ်သတင်းဌာနသို့ ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် ကရင်မလင် နန်းတော်ကို တိကျပြတ်သားသည့် သဝဏ်လွှာ တစ်စောင်ပေးပို့ရန် ကြိုးပမ်းခဲ့သည်။

၎င်းသည် ဒေါ်နယ်ထရမ့် လက်ထက်က ရုရှားဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် ခန့်အပ်ခံရသူ ဖြစ်သည်။

ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး

“အချင်းချင်း စကားပြောဆိုနိုင်တဲ့ စွမ်းရည်ကို ထိန်းထားရမယ်” ဟု ဆူလီဗန်က တာ့စ်သတင်းဌာနနှင့် အင်တာဗျူးတွင် ပြော ကြားခဲ့သည်။
ဆူလီဗန်သည် အနောက်တိုင်း စာအုပ်စင်များမှ လီယိုတော်စတွိုင်း (Leo Tolstoy) ၏ စာပေလက်ရာများ ဖယ်ရှား ခြင်းနှင့် ပီတာချိုင်ကော့ဗ်စကီး (Pyotr Tchaikovsky) ၏ ဂီတကို တီးခတ်ရန် တားမြစ်ခြင်းတို့အပေါ် ဆန့်ကျင်ခဲ့သည်။

အကျပ်အတည်းများကြားမှ သူလျှို အရှုပ်တော်ပုံများနှင့် စစ်အေးတိုက်ပွဲ ရှိခဲ့သော်လည်း မော်စကိုနှင့်ဝါရှင်တန်တို့အကြား သံတမန် ဆက်ဆံရေးသည် ၁၉၃၃ ခုနှစ်တွင် စတင် ထူထောင်စဉ်ကတည်းက ယနေ့အချိန်အထိ ပြတ်တောက်ခဲ့ခြင်း မရှိပေ။

သို့သော် အနောက်အုပ်စုနှင့် ဆိုဗီယက်ခေတ်လွန် မဟာမိတ်ဖွဲ့မှုသည် လက်ရှိကာလ၌ တစ်ခန်းရပ် ပြီးဆုံးခဲ့ပြီ ဖြစ်ကြောင်းနှင့် အရှေ့ဘက် လှည့်ပြီဖြစ်ကြောင်း ရုရှားက ပြောကြားလာခဲ့သည်။

နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးနှင့်ပတ်သက်၍ တေလာဆွစ်၏ We Are Never Ever Getting Back Together တေးသွားကို ပူတင်ထံသို့ မိမိပေးအပ်လိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြီးခဲ့သည့်လက ထုတ်ပြောခဲ့သည်။

ဘလင်ကင်၏ ပြောကြားမှုနှင့်ပတ်သက်၍ ဆူလီဗန်ကို မေးမြန်းခဲ့ရာ “ကျနော်တို့က လုံးဝကင်းကွာသွားမှာ မဟုတ်ဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် မော်စကိုမြို့ရှိ အမေရိကန် မီဒီယာများ၏ ဗျူရိုအကြီးအကဲများနှင့် ဆွေးနွေးလိုကြောင်း ဇွန်လ ၆ ရက်တွင် တောင်းဆိုခဲ့ပြီး အမေရိကန်၏ ဖော်ရွေမှုမရှိသော လုပ်ရပ်များ၏ ဂယက် ရိုက်ခတ်မှုများ ရှိနေကြောင်း ပြောကြားထားသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

နစက သေဒဏ် အမိန့် အကောင်အထည်ဖော်ခွင့်မရှိဟု MPU ထုတ်ပြန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1373

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၇

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့အား နစကမှ သေဒဏ် အမိန့်ချမှတ်ကြောင်း ထုတ်ပြန်လာသည့်တိုင် မြန်မာနိုင်ငံ၏ တည်ဆဲတရားဥပဒေများအရ တရားမဝင် နစကမှာ သေဒဏ် အမိန့်ကို အကောင်အထည်ဖော်ခွင့်မရှိကြောင်း ၁၉၉၀ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့(မြန်မာနိုင်ငံ)က ဇွန်လ ၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံက ပါဝင် လက်မှတ်ရေးထိုးထားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းနှင့် ဂျနီဗာကွန်ဗင်းရှင်းတို့တွင် ဖော်ပြထားသော ပြဋ္ဌာန်းချက်များ၊ ၂၀၁၀ ခုနှစ်တွင် တကမ္ဘာလုံး အတိုင်းအတာနှင့် သေဒဏ်ပေးမှုကို ဆိုင်းငံ့ပြီး နောက်ဆုံးတွင် ဖျက်သိမ်းကြရန် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၆၅/၂၀၆ အပါအဝင် နိုင်ငံတကာ ကျင့်ဝတ်များအရလည်း တရားမဝင် နစက (မူရင်း- အာဏာသိမ်းစစ်ကောင်စီ)မှာ သေဒဏ် အမိန့် ကို အကောင်အထည် ဖော်ပိုင်ခွင့်မရှိဟု ဖော်ပြထားသည်။

 

MPU က “မြန်မာနိုင်ငံ၏ တည်ဆဲတရားဥပဒေများအရ တရားမဝင် အာဏာသိမ်း စစ်ကောင်စီမှာ သေဒဏ် အမိန့်ကို အကောင်အထည်ဖော်ခွင့်မရှိပါ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ယောက်ဖြစ်သော ဦးဂျင်မီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့အား ဥပဒေနှင့်အညီမဟုတ်ဘဲ စစ်ဆေးပြီး စစ်ခုံရုံးမှ မျက်ကွယ်မှာ တဖက်သတ် သေဒဏ်ချမှတ်ကာ ထိုစီရင်ချက် အမိန့်ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်ပါ က စစ်ကောင်စီ ပြန်လည် ပေးဆပ်ရမည့် အကျိုးဆက်များမှာ အတိုင်းအဆမရှိ ကြီးမားလိမ့်မည်”ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်နှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုဂျင်မီတို့အား နစက-က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉(က)၊ ၅၀(ဈ) နှင့် ၅၀(ည)တို့အရ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရသဖြင့် သေဒဏ် အမိန့်ချမှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

တောင်တရုတ်ပင်လယ်၌ တရုတ်တိုက်လေယာဉ် ခြိမ်း‌ခြောက်နေဟု ဩစတြေးလျပြော

By CNI
CNI
Category: Watch TV
Hits: 908

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသို့ တာဝေးဒုံးများ ဆက်ပို့လျှင် ပစ်မှတ်အသစ်များကို တိုက်မည်ဟု ပူတင်သတိပေး

By CNI
CNI
Category: Watch TV
Hits: 836

Share
Tweet
Share
Share
powered by social2s

တရားမဝင်စစ်အစိုးရဟု သုံးနှုန်းမှု ပြင်းထန်စွာ ကန့်ကွက်ကြောင်း နစကပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2057
 
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၆
 
ပြင်သစ်ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြင်သစ်သံရုံးတို့၏ ထုတ်ပြန်ချက်တွင် နစကအား မြန်မာအစိုးရအနေဖြင့် လက်ခံနိုင်ခြင်းမရှိသည့် အသုံးအနှုန်းဖြစ်သော “တရားမဝင် စစ်အစိုးရ”ဟု သုံးနှုန်းရေးသားထားမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဇွန်လ ၆ ရက်)ထုတ်ပြန်ခဲ့သည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျင်မီတို့အား နစက-က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉(က)၊ ၅၀(ဈ) နှင့် ၅၀(ည)တို့အရ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရသဖြင့် သေဒဏ် အမိန့်ချမှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
 
ထို့နောက် ပြင်သစ်ဥပရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့ ပြင်သစ်သံရုံးတို့က ဇွန်လ ၄ ရက်တွင် နစက၏ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနှင့် တရားမဝင်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက် ဝါဒကို သတ္တိရှိရှိ ရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်၍ ထောက်ခံသွားပါမည်ဟု ထုတ်ပြန်ခဲ့သည်။
 
နစက-က “ပြင်သစ်ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြင်သစ်သံရုံးတို့၏ ထုတ်ပြန်ချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအား မြန်မာအစိုးရအနေဖြင့် လက်ခံနိုင်ခြင်းမရှိသည့် အသုံးအနှုန်းဖြစ်သည့် တရားမဝင်စစ်အစိုးရဟု သုံးနှုန်း ရေးသား ထားမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်သည်။
 
သံတမန် ဆက်ဆံရေးနှင့်စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်း အပိုဒ် ၃ အရ သံတမန်များသည် စေလွှတ်သည့်နိုင်ငံနှင့် လက်ခံသည့် နိုင်ငံအကြား ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေး တိုးမြှင့် နိုင်ရန် ဆောင်ရွက်ရမည် ဖြစ်ပြီး။ ယင်းကွန်ဗင်းရှင်း၏ အပိုဒ် ၄၁ တွင် သံတမန်များသည် လက်ခံသည့် နိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေများကို လေးစားရန်နှင့် လက်ခံသည့် နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းမပြုရန် ဖော်ပြထား သည်”ဟု ပြောသည်။
 
ပြင်သစ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစားမှုကို တိုးမြှင့်ရမည့်အစား လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို အကြောင်းပြ၍ အထက်ဖော်ပြပါ လက်ခံနိုင်ခြင်းမရှိသည့် အသုံး အနှုန်းမျိုးပါဝင်ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်၍ သံတမန် ဆက်ဆံရေးနှင့်စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်းကို ပြောင်တင်းစွာ ချိုးဖောက် သည့် ပြင်းထန်သော ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ကြောင်း၊ ထိုထုတ်ပြန်ချက်သည် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုအပေါ် မကောင်းသည့် အကျိုးဆက်များကိုသာ သက်ရောက်စေလိမ့်မည် နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
 
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က “ ဒီမိုကရေစီလိုလားသည့် အတိုက်အခံ ခေါင်း ဆောင်များကို ကွပ်မျက်ရန် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်သည် စစ်အာဏာရှင် အဖွဲ့အစည်း က လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြလျက်ရှိပြီး အမေရိကန် ပြည်ထောင်စု ပြင်းထန်စွာ ရှုတ်ချပါသည်”ဟု ဇွန်လ ၆ ရက်နေ့တွင် ထုတ်ပြန် ပြောကြားခဲ့သည်။
 
ထို့နောက် နစက-က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောရေးဆိုခွင့်ရှိသူရုံးနှင့် အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနတို့၏ တာဝန်မဲ့ ထုတ်ပြန်ပြောကြားချက်များသည် အကြမ်းဖက်မှုများကို အားပေး အားမြှောက်ပြုရာရောက်နေသည်ဟု ထုတ်ပြန် ခဲ့သည်။
 
နစက-က “ နိုင်ငံအချို့သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်း အပိုဒ် ၂ တွင် ရှင်းလင်စွာ ဖော်ပြထားသည့် နိုင်ငံများ၏ အချုပ် အခြာအာဏာ တန်းတူညီမျှမှု စည်းမျဉ်းကို လိုက်နာရန် ပျက်ကွက်လျက်ရှိသည်ကို စိတ်မကောင်းဖွယ် မြင်တွေ့ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်အစိုးရမဟုတ်သည်ကို ရှင်းလင်းစွာပြသလျက် ရှိသည်။ ပူးပေါင်း ဆောင်ရွက် မှုနှင့် အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုများ တိုးတက်လာစေရေးအတွက် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များ၊ နိုင်ငံတကာ အသိ အမှတ်ပြု သံတမန် ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ကွန်ဗင်းရှင်းများကို လေးစား လိုက် နာရန်နှင့် မြန်မာနိုင်ငံအား အချုပ်အခြာအာဏာပိုင် အစိုးရတိုင်းအပေါ် ကျင့်သုံးသည့် ဓလေ့နှင့်အညီ ဆက်ဆံရန် နိုင်ငံ တကာ အသိုင်းအဝိုင်းအား တောင်းဆိုသည်”ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။
 
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြင်သစ်ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့ ပြင်သစ်သံရုံး၊ ကုလသ မဂ္ဂ အတွင်းရေးမှူးချုပ်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူများတို့၏ တာဝန်မဲ့ ပြောဆိုချက်၊ ထုတ်ပြန်ချက်များအပေါ် ပြင်းထန်စွာ ကန့်ကွက် ပယ်ချကြောင်း ထုတ်ပြန်ခဲ့သည်။
 
 
Share
Tweet
Share
Share
powered by social2s

နွေဦးတော်လှန်ရေး အတိုင်းအတာတစ်ခုအထိ ခရီးရောက်နေပြီဟု ပဒိုမန်းမန်းပြော

By CNI
CNI
Category: Watch TV
Hits: 746

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယားနှင့်စွမ်းရည်တူ ဒုံးကျည်များကို အမေရိကန်နှင့်တောင်ကိုရီးယား ပစ်လွှတ်

By CNI
CNI
Category: Watch TV
Hits: 742

Share
Tweet
Share
Share
powered by social2s
လက်ဘနွန်သမ္မတ မစ်ချဲလန် (GETTY IMAGES)

ကာရစ်ရှ်ပင်လယ်ဒေသ ဓာတ်ငွေ့ကိစ္စ အစ္စရေးကို လက်ဘနွန်သတိပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1518

CNI International News

ဘေရွတ်၊ ဇွန်လ ၆

လက်ဘနွန်သမ္မတ မစ်ချဲလန် (Michel Aoun) သည် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေခြင်းကို ဦးစွာမဖြေရှင်းဘဲ ကမ်းလွန် ပင်လယ်ပြင် သယံဇာတ ထိပါးလာပါက ရန်စသည်ဟု သတ်မှတ်မည်ဖြစ်ကြောင်း အစ္စရေးကို သတိပေးလိုက်ပြီးနောက် သဘာဝဓာတ်ငွေ့သိုက် အများအပြား စုဝေးတည်ရှိရာ မြေထဲပင်လယ် ရေပြင်နှင့်ပတ်သက်၍ ဇွန်လ ၆ ရက်က အပြန်အလှန် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ကြောင်း အာရ်တီသတင်းအရ သိရသည်။

“အငြင်းပွားနေတဲ့ ဖြစ်ပွားတဲ့လုပ်ရပ် (ဒါမှမဟုတ်) လှုပ်ရှားမှု မှန်သမျှဟာ ဒေါသတကြီးနဲ့ ရန်လိုတဲ့ လုပ်ရပ်ကို ကိုယ်စားပြု ပါတယ်” ဟု မစ်ချဲလန်က မေလ ၆ ရက်၌ ကြေညာချက်တစ်စောင် ထုတ်ပြန်၍ ပြောကြားခဲ့သည်။

အငြင်းပွားနေသော ဒေသသို့ ပင်လယ် ထွက်ကုန်ပစ္စည်းများ သိုလှောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး (FPSO) ရေယာဉ်တစ်စီး ဆိုက်ရောက်လာပြီးနောက် မစ်ချဲလန်က အဆိုပါ သဘောထား မှတ်ချက်ကို ပေးခဲ့သည်။

လန်ဒန်အခြေစိုက် ရေလုပ်ငန်းကုမ္ပဏီဖြစ်သော အင်နာဂျီယန် (Energean) သည် အစ္စရေး အစိုးရနှင့် ချုပ်ဆိုထားသော စာချုပ်အရ ယခုနှစ် နှောင်းပိုင်းတွင် ကာရစ်ရှ် (Karish) ကမ်းလွန်လုပ်ကွက်ထဲမှ ဓာတ်ငွေ့များကို စတင်စုပ်ယူ၍ ထုတ်လုပ် ရန် စီစဉ်ထားသည်။

ထိုကဲ့သို့ FPSO ရေယာဉ် ရောက်ရှိလာခြင်းအပေါ် လက်ဘနွန်သမ္မတ မစ်ချဲလန်သည် ၎င်း၏ဝန်ကြီးချုပ် နာဂျစ်မစ်ကာတီနှင့် ဆွေးနွေးခဲ့ပြီး ရေယာဉ်နှင့်ပတ်သက်၍ တိကျမှန်ကန်သော တရားဝင် အချက်အလက် စုဆောင်းပေးပို့ရန် လက်ဘနွန်စစ်တပ် ကွပ်ကဲရေး တာဝန်ရှိသူများကို အမိန့်ပေးခဲ့သည်။

လက်ဘနွန်နဲ့ အစ္စရေးကြား ဓာတ်ငွေ့သွယ်တန်းမှု (GETTY IMAGES)

ဝန်ကြီးချုပ် မစ်ကာတီက အဆိုပါ အခြေအနေကို အလွန်အန္တရာယ်များသော အနေအထားဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ပြီး အစ္စရေး သည် အကျပ်အတည်း အသစ်တစ်ခု ဖန်တီးလျက် လက်ဘနွန်၏ ပင်လယ်ရေပိုင်နက်ကို ထိပါးလာကြောင်း၊ အငြင်းပွားနေ သည့် ဒေသတွင် မိမိတို့ ကြံ့ကြံ့ခံ ဖြေရှင်းရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။

အငြင်းပွားနေသည့် ဒေသဖြစ်သော ကာရစ်ရှ်သည် အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့၏ အနောက်ဘက် ကီလိုမီတာ ၉၀ ခန့် အကွာ တွင် တည်ရှိပြီး လာဗီယာသန် (Leviathan) နှင့် တာမာ (Tamar) တို့၏ စွမ်းအင် လုပ်ကွက်များနှင့် အလွန်နီးကပ်နေသည်။

ပင်လယ်ရေအောက်ရှိ ထိုဓာတ်ငွေ့သိုက်ထဲတွင် ခန့်မှန်းခြေ ရေနံစည်ပေါင်း သန်း ၃၀၀ ကျော်နှင့်ညီမျှသော မတူးဖော်ရသေး သည့် စွမ်းအင် ရင်းမြစ်များ စုဝေးနေသည်။

အင်နာဂျီယန် ကုမ္ပဏီသည် ကာရစ်ရှ် ပင်လယ်ပြင်မှ ထွက်ရှိနေသည့် ဓာတ်ငွေ့များကို အစ္စရေးမှ အကြီးမားဆုံး ဝယ်ယူသူ ဖြစ်သည့် အစ္စရေးလျှပ်စစ်ကုမ္ပဏီသို့ ရောင်းချရန် ယခုနှစ်၊ မတ်လ၌ စာချုပ်ချုပ်ခဲ့သည်။

ကာရစ်ရှ်သည် ကုလသမဂ္ဂ အသိအမှတ် ပြုထားသည့် အစ္စရေးပိုင် သီးသန့် စီးပွားရေး ဇုန်ထဲတွင်သာ တည်ရှိနေပြီး လက်ဘနွန်နှင့် ပိုင်နက် အငြင်းပွားစရာ တစ်စုံတစ်ရာ မရှိကြောင်း ဂျေရုဆလင်(အစ္စရေး)အစိုးရက အခိုင်အမာ ပြောကြားခဲ့ သည်။

လက်ဘနွန်ဘက်မှ အငြင်းပွားလာသည့် အဆိုပါ ပြဿနာကို စေ့စပ်ညှိနှိုင်းရန် ဆက်လက် လုပ်ဆောင်နေပြီး နှစ်နိုင်ငံစလုံးက ရေကြောင်းဆိုင်ရာ တောင်းဆိုချက်များနှင့် ပတ်သက်၍ အငြင်းပွားမှုများကို ကုလသမဂ္ဂထံသို့ အပြိုင်အဆိုင် တင်ပြ တောင်း ဆို ခဲ့ကြကြောင်း သမ္မတ မစ်ချဲလန်က ပြောကြားခဲ့သည်။

နယ်မြေ အကျပ်အတည်း အငြင်းပွားမှုကို မဖြေရှင်းဘဲ သယံဇာတ ရုပ်ကြွင်း လောင်စာများကို ယင်းနေရာမှ ထုတ်ဖော်သုံးစွဲ လျှင် အစ္စရေးကို အရေးယူရလိမ့်မည်ဟု လက်ဘနွန်နိုင်ငံမှ ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့က ခြိမ်းခြောက်ထားသည်။

Source: အာရ်တီသတင်းဌာန 

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 110
  • 111
  • 112
  • 113
  • 114
  • 115
  • 116
  • 117
  • 118
  • 119

Page 115 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar