- By CNI
- Category: Watch TV
- Hits: 843
- By CNI News
- Category: နိုင်ငံရေး
- Hits: 1957
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO)များ တိုင်းပြည်နှင့် ဒေသအကျိုး မြင်အောင်ကြည့်၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် နစက-က ယနေ့ (ဇွန်လ ၁၄ ရက်) ဒုတိယအကြိမ် ဖိတ်ခေါ် ကမ်းလှမ်းကြောင်း ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် တိုင်းပြည်အကျိုး၊ ဒေသအကျိုးကို မြင်အောင်ကြည့် စေလိုပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ထပ်မံဖိတ်ခေါ်ကြောင်း၊ တက်ရောက် ဆွေးနွေးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အသီးသီးမှ ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်စား အဆုံးအဖြတ် ပေးနိုင်မည့် ခေါင်းဆောင်နှင့် အဖွဲ့ဝင် ၂ ဦး၏ အမည် စာရင်းကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ပြန်ကြားပေးစေလိုကြောင်း ဖော်ပြထား သည်။
နစက-က “ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံပြီး ငြိမ်းချမ်းသည့် ပြည်ထောင်စု နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ရန် အတွက် ပြည်ထောင်စုသား အားလုံး၏ အကျိုးကို ရှေးရှု၍ ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါတယ်”ဟု ပြော သည်။
၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက်က UWSA ဒုဥက္ကဋ္ဦးလော့ယာကုနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO)များကို ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်းနှင့် EAO ခေါင်းဆောင်များကို မိမိကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ဧပြီ ၂၂ ရက်က မိန့် ခွန် ပြောကြား၍ ကမ်းလှမ်းခဲ့သည်။
ထို့နောက် မေလ ၂၀ ရက်မှ ဇွန်လ ၁၄ ရက်အတွင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်လည်းကောင်း၊ မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်လည်းကောင်း၊ ကရင် အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)ဥက္ကဋ္ဌ ဦးစောထော့လေးနှင့်လည်းကောင်း၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ဒုဥက္ကဋ္ဌ ဦးလော့ယာကုနှင့် လည်းကောင်း၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)ဒုဥက္ကဋ္ဌ ဦးစံပေ့နှင့်လည်းကောင်း၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်က NDAA ဒုဥက္ကဋ္ဌ ဦးစံပေ့နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
ကျန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ဒီမိုကရေစီ အကျိုး ပြု ကရင်တပ်မတော်(DKBA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့လည်း လာရောက် ဆွေးနွေးမည် ဖြစ်သည်။
သို့သော် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရက္ခိုင့်တပ်တော်(AA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K)တို့သည် ပထမ တစ်ကြိမ် နစက၏ ဖိတ်ခေါ်မှုတွင် ဆွေးနွေးကျန် အခြေအနေ မရှိကြောင်း အသီးသီး ပြောထားကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1461
CNI International News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄
ခိုလှုံခွင့်တောင်းခံသူများအတွက် ပထမဆုံး လေယာဉ်တစ်စင်းကို ဗြိတိန်အစိုးရက ရဝမ်ဒါနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းအရ သိရသည်။
ဆန္ဒပြမှုများနှင့် ကုလသမဂ္ဂ၏ ဝေဖန်မှုများ ရှိနေသည့်ကြားမှ ဗြိတိန်အစိုးရသည် ခိုလှုံခွင့်တောင်းခံသူများ အရေးနှင့် ပတ်သက်၍ ၎င်း၏ အငြင်းပွားဖွယ်ရာ မူဝါဒကို ဇွန်လ ၁၃ ရက်က ခုခံကာကွယ်ခဲ့ရသည်။
အင်္ဂလန် ဘာသာရေး အသင်းတော် အကြီးတန်း ခေါင်းဆောင်များကတော့ “ဗြိတိန်အစိုးရ တာဝန်ရှိသူများသည် ရှက်စရာ ကောင်းပြီး အကျင့်သိက္ခာ ယိုယွင်းနေကြောင်း” ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ရဝမ်ဒါနိုင်ငံသို့ ပထမဆုံး ပျံသန်းမည့် လေယာဉ်တွင် ရွှေ့ပြောင်းနေထိုင်လိုသူ ၃၁ ဦးအနက် ၂၃ ဦး၏ ခရီးစဉ် လက်မှတ်များ ကို ပယ်ဖျက်ခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါစီးနင်းခွင့်ရသူ အရေအတွက်ကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရက်စ်က အခိုင်အမာ ပြောကြားခဲ့သည်။
ဗြိတိန် အစိုးရကို ဆန္ဒပြနေကြ (AFP)
လန်ဒန်မြို့၊ ဂက်ဝစ်လေဆိပ်အနီးရှိ ထိန်းသိမ်းရေးစခန်းတွင် ဆန္ဒပြပွဲ ထပ်မံရှိနေစဉ်တွင် “ဒီနေ့ ညနေပိုင်းမှာ လေယာဉ်ခရီး စဉ်တစ်ခု စေလွှတ်ဖို့ ကျမတို့ မျှော်မှန်းထားပါတယ်” ဟု လစ်ဇ်ထရက်စ်က Sky News မီဒီယာသို့ ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ (EU) ကို ကျောခိုင်းခဲ့သည့် Brexit ဖြစ်စဉ်အပြီး နယ်နိမိတ် တင်းကျပ်သွားမည်ဟု ဗြိတိန်အစိုးရက ကတိပြု ပြီးနောက် ၎င်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်း နေထိုင်သူ အရေအတွက်မှာ စံချိန်တင် များပြားလာခဲ့သည်။ အများစုမှာ ပြင်သစ် နိုင်ငံ မြောက်ပိုင်းမှ အန္တရာယ်များသော ရေလမ်းခရီးကို ဖြတ်သန်းပြီး ရောက်ရှိလာခဲ့ရာ လန်ဒန်ရှိ အစိုးရအပေါ် ဖိအားများ သက်ရောက်စေခဲ့သည်။
Source: AFP
- By CNI
- Category: နိုင်ငံရေး
- Hits: 1469
CNI International News
မော်စကို ဇွန်လ ၁၄
ယူကရိန်းခွဲထွက်ရေးနယ်မြေခေါင်းဆောာင်က မော်စကိုထံမှ နောက်ထပ်စစ်အင်အားတောင်းခံပြီးနောက် ရုရှား၏ အဓိကစစ်ရေးရည်မှန်းချက်မှာ ဒွန်နက်ဆက်နှင့် လူဟန်ဆက် ပြည်သူ့သမ္မတနှစ်နိုင်ငံကို ကာကွယ်ရန်ဖြစ်ကြောင်း ကရင်မလင်နန်းတော်က ဇွန်လ ၁၃ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
ယူကရိန်းအရှေ့ပိုင်းရှိ အဆိုပါနယ်မြေများတွင် ပစ်ခတ်တိုက်ခိုက်မှု တိုးလာနေကြောင်း ရုရှားကျောထောက် နောက်ခံပြု ခွဲထွက်ရေးခေါင်းဆောင် ဒင်းနစ်ပူသျှီလင်က ဇွန်လ ၁၃ ရက်အစောပိုင်းတွင် ပြောကြားခဲ့သည်။
“ကျနော်တို့ရဲ့ မဟာမိတ်တပ်တွေ အပါအဝင် လိုအပ်တဲ့ အင်အားအတွက် ရုရှားဖက်ဒရေးရှင်း တပ်ဖွဲ့အားလုံးဟာ ရန်သူကို တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
“ယေဘုယျအားဖြင့် သမ္မတနိုင်ငံနှစ်ခု (ဒွန်နက်ဆက်နှင့်လူဟန်ဆက်) တို့ကို အကာအကွယ်ပေးဖို့ အခု စစ်ဆင်ရေးရဲ့ အဓိက ပန်းတိုင် ဖြစ်ပါတယ်” ဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့ကြောင်း ရုရှားမီဒီယာ RIA က သတင်းဖော်ပြခဲ့သည်။
ဇွန်လ ၁၂ ရက် ပစ်ခတ်မှုများအတွင်း ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား အများအပြား သေဆုံးခဲ့ကြောင်း RIA မီဒီယာ က အစောပိုင်းတွင် သတင်းထုတ်လွှင့်ခဲ့သည်။
ဒွန်ဘတ်ဒေသက ရုရှားခွဲထွက်ရေး တပ်ဖွဲ့က လက်နက်ကိုင်တစ်ဦး (GETTY IMAGES)
ဒွန်နက်ဆက်ဒေသတွင် ပစ်ခတ်မှု တိုးလာခြင်းအပေါ် ရုရှား၏ အခိုင်အမာ ပြောကြားချက်ကို ရိုက်တာသတင်းဌာနက သီးခြား အတည်ပြုနိုင်ခြင်း မရှိသလို စစ်ရေး အခြေအနေ တိုးတက်မှုနှင့် ပတ်သက်၍လည်း ကိယက်ဗ်(ယူကရိန်း)အစိုးရထံမှ ချက် ချင်း တုံ့ပြန် ဖြေကြားခြင်း မရှိသေးပေ။
ဒွန်နက်ဆက်နှင့် လူဟန်ဆက်တို့သည် ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသရှိ ရုရှား ကျောထောက်နောက်ခံ ခွဲထွက် အဖွဲ့နှစ်ဖွဲ့ဖြစ်ပြီး ကိယက်ဗ်(ယူကရိန်း)အစိုးရ၏ ထိန်းချုပ်မှုမှ လုံးဝဖယ်ရှားရန် တိုက်ပွဲဝင်နေကြောင်း ရုရှားက ပြောကြား ထားပြီး ဖြစ်သည်။
ယူကရိန်းသို့ စတင် ကျူးကျော်စဉ်ကပင် အဆိုပါ ဒေသနှစ်ခုကို လွတ်လပ်သည့် နိုင်ငံများအဖြစ် အသိအမှတ်ပြုကြောင်း ဗလာဒီမာပူတင်က ကြေညာခဲ့သည်။
အဆိုပါ ခွဲထွက်ရေးသမားများသည် ၂၀၁၄ ခုနှစ်ကပင် ယူကရိန်းအရှေ့ပိုင်း နယ်မြေ အများအပြားကို သိမ်းယူခဲ့ကြသည်။
မော်စကို(ရုရှား)က ၎င်း၏လုပ်ရပ်သည် ယူကရိန်းကို လက်နက် ဖြုတ်သိမ်းရန်နှင့် နာဇီ ဖက်ဆစ်များထံမှ ဒွန်ဘတ်စ်ကို ကာကွယ်ရန် အထူးစစ်ဆင်ရေး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ခေါင်းစဉ်တပ်ထားခဲ့သည်။
ထိုသို့ နာဇီဖက်ဆစ်ဟု စွပ်စွဲချက်သည် အခြေအမြစ်မရှိသလို ယခုစစ်ပွဲသည် ရန်လိုသော လုပ်ရပ်သာဖြစ်ကြောင်း ယူကရိန်း အစိုးရနှင့် အနောက်အုပ်စုနိုင်ငံများက တုံ့ပြန်ခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 2589
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)သည် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) ဆန်သည့် အဖွဲ့အစည်း ပုံစံမျိုး ဖြစ်နေ သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဝေဟင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိမှာ ALP သည် နစကနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနေပြီး ဒေသဖွံ့ဖြိုးရေးများ ဆွေးနွေးခဲ့ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးပြီးနောက် ဖက်ဒရယ်ဘက်ကို ယိမ်းသွားကြောင်း ၎င်းက ပြောသည်။
ဦးဝေဟင်အောင်က “သူတို့အဖွဲ့က လက်ရှိ လက်နက်ကိုင်အဖွဲ့ဆိုတာထက် ဘယ်လိုပြောမလဲဆိုရင် နောက်ပိုင်းမှာ NGO ဆန်တဲ့ အဖွဲ့အစည်းပုံစံမျိုး တစ်ခုဖြစ်သွားတယ်ပေါ့။ အရင်တုန်းကဆိုရင် အရှေ့မှာ ချခဲ့တဲ့ ALP ရဲ့ မူဝါဒက ရခိုင်ပြည် လွတ်မြောက်ရေးဆိုတာ အဓိကပေါ့။ အခု လွတ်မြောက်ရေးကနေ သူတို့ ဘာဖြစ်သွားလဲဆိုရင် NCA ကို ဝင်လိုက်တဲ့ အချိန်မှာ သူတို့က ဒီဖက်ဒရယ် ဘက်ကို နည်းနည်းလေး ယိမ်းသွားတယ်၊ အခုနောက်ပိုင်း မနေ့က သတင်းတွေမှာ လိုက်ကြည့်ရ သလောက်ဆိုရင် သူတို့ ဆွေးနွေးခဲ့တာကြည့်ရင် ဒေသဖွံ့ဖြိုးရေးလောက်ကိုပဲ သူတို့ ဆွေးနွေးခဲ့တယ်၊ အမှန်လည်း သူတို့ ဆွေးနွေးနိုင်တဲ့ဘောင်က အဲဒီလောက်ပဲ ရှိတယ်ပေါ့လေ၊ ဖွံ့ဖြိုးရေး ဘောင်လောက်ပဲ ရှိတယ်၊ ဘာဖြစ်လို့လဲဆိုရင် လက်ရှိ မြေပြင် အခင်းအကျင်းအရဆိုရင် မြေပြင်မှာ စိုးမိုးထားတာက ULA/AA က ရခိုင်ပြည်ရဲ့ နေရာအများစုကို သူတို့ စိုးမိုးထား တယ်။ အဲဒီမှာ ALP အနေနဲ့ဆိုရင် အင်အားအားဖြင့် သော်လည်းကောင်း၊ မြေပြင်အရသော်လည်းကောင်း သူတို့က သတ် သတ် မှတ်မှတ် မရှိဘူး။ ဆိုတော့ သူတို့အနေနဲ့ အများဆုံး ပြောနိုင်တာက ဒေသဖွံ့ဖြိုးရေးလောက်ပဲ သူတို့ ပြောနိုင်တဲ့ အတိုင်းအတာပဲ ရှိတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ALP အနေဖြင့် NGO အဖွဲ့အစည်းမျိုး သွားနေခြင်း မဟုတ်ကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် စားပွဲဝိုင်း တွင် ဖြေရှင်းရမည်ဖြစ်ကြောင်း ALP မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ခိုင်အောင်စိုးသန်းက CNI သတင်းဌာနသို့ ပြော သည်။
ဦးခိုင်ရဲခိုင်နှင့် ALP အဖွဲ့ဝင်များ
ခိုင်အောင်စိုးသန်းက “ဒါတော့ သူတို့ အမြင်ရှိမှာပေါ့။ ကျနော်တို့ကတော့ ကျနော်တို့ အဖွဲ့အစည်းက နှစ်ပေါင်း ၅၀ ကျော်၊ ၆၀ နီးပါးလောက် ကျနော်တို့ တိုက်ပွဲဝင်လာတာ၊ အဲဒါတော့ NGO ပုံစံမျိုး ကျနော်တို့ လုပ်စားတဲ့ဟာ မဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က နိုင်ငံရေးနဲ့ကို စစ်ပွဲဖြစ်လာတာလည်း ကျနော်တို့က များနေပြီ၊ စစ်ပွဲကြီးပဲ သူလည်းမနိုင်၊ ကိုယ်လည်း မနိုင် အဲဒါကြောင့် ကျနော်တို့ NCA ထိုးတာလည်း အဲဒါပဲ၊ တစ်ပြိုင်နက် တစ်ဖက်က တိုက်ပွဲဖြစ်နေလို့ ကျနော်တို့ အဖြေရှာလို့ မရဘူး။ အဲဒါကြောင့် ကျနော်တို့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းပဲ ကျနော်တို့က စားပွဲဝိုင်းမှာပဲ ဖြေရှင်းရမယ်ဆိုတဲ့ အမြင်နဲ့ပဲ ကျနော်တို့ သွားနေတာဆိုတော့ အခု NGO လုပ်တယ်၊ ဟိုဟာ၊ ဒီဟာဆိုတာ အဲဒါတော့ မဟုတ်ပါဘူး။ ကျနော်တို့က တော့ နိုင်ငံရေး၊ တော်လှန်ရေးကို ကျနော်တို့ ဆက်ပြီးသွားနေတာ ကျနော်တို့ ၊ အခု စစ်ကောင်စီနဲ့လည်း ကျနော်တို့ မိတ်ဖွဲ့ တာလည်း မဟုတ်ဘူး။ ကျနော်တို့ ဘာမှမဟုတ်ဘူး။ ကျနော်တို့ကနေပြီးတော့ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းမယ်ဆိုတဲ့ အဲဒီအတိုင်းပါပဲ”ဟု ပြောသည်။
ALP အနေဖြင့် ရခိုင်ပြည်အတွင်းက တိုက်ပွဲရှောင်များ နေရပ်ပြန်နိုင်ရေး၊ ဒေသတွင်း ဖွံ့ဖြိုးရေး၊ တိုက်ပွဲကြားတွင် အရပ်သား ပြည်သူများကို အကာအကွယ် ပေးနိုင်ရေးများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
တော်လှန်ရေးတွင် သက်တမ်းကြာလာပြီး အောင်မြင်မှု မဖော်ဆောင်နိုင်သည့် အဖွဲ့အစည်းများသည် အခြားသော ပုံစံများကို ပြောင်းလဲ လုပ်ဆောင်နေရကြောင်း ရခိုင်တိုင်းရင်းသားကွန်ဂရက်မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်စောမြရာဇာလင်းနဲ့ ရခိုင်တိုင်းရင်းသူ/သားများကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက် တွေ့ရစဉ်
ကိုဇော်ဇော်ထွန်းက “ဒါကလည်း ALP မှ မဟုတ်ဘူးပေါ့လေ။ တော်လှန်ရေးမှာ သက်တမ်းကြာလာပြီးတော့မှ အောင်မြင်မှုကို မဖော်ဆောင်ပေးနိုင်တဲ့ အဖွဲ့ကတော့ ဒီလိုပုံစံ တစ်မျိုးမျိုးသော ရလာပေးတယ်လေ။ သူတို့လည်း သူတို့ ရေရှည်ရပ်တည်ရေး အတွက်ကို ရုန်းကန်ရတာပေါ့။ အဲဒီအခါမှာ ရုန်းကန်တဲ့အခါမှာ ပုံစံအမျိုးမျိုးတော့ ရှိမှာပေါ့။ ရွေးချယ်တဲ့ နည်းလမ်းတွေ အမျိုးမျိုး ရှိမှာပေါ့။ အဲဒီတော့ သူတို့ အခု ရွေးလိုက်တဲ့ ပုံစံကတော့ NGO ပုံစံမျိုး အတိအကျ ပြောဖို့တော့ ခက်တာပေါ့လေ၊ ကျနော်တို့ မသိနိုင်တဲ့ တခြားသော လုပ်ဆောင်ချက်တွေလည်း ရှိကောင်းရှိမှာပေါ့။ ဒါပေမဲ့ အများအမြင်ကတော့ အဲဒီပုံစံ အတိုင်း မြင်နေကြတာကတော့ အမှန်တကယ်ပါပဲ” ဟု ပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)သည် ပြည်နယ်-ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး(Bilateral) အပြင် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးထားသည့် ရခိုင်လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။
ALP ကို ၁၉၆၇ ခုနှစ်တွင် ခိုင်မိုးလင်း ဦးဆောင်၍ ဖွဲ့စည်းခဲ့ပြီး ၁၉၇၄ ခုနှစ်မှာတော့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA)ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(NDF)၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေ စီ တပ်ပေါင်းစု(UNLD)၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT)၊ ညီညွတ်သောတိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ(UNFC)၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) စသည့် မဟာမိတ်များတွင် အဖွဲ့ဝင် အဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။
လက်ရှိတွင် ALP ကို ဦးခိုင်ရဲခိုင်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒေါ်စောမြရာဇာလင်းက ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူ၍ ရခိုင်နိုင်ငံရေးကို ဆောင်ရွက်နေကြောင်း သိရသည်။
- By CNI
- Category: Watch TV
- Hits: 703
- By CNI
- Category: Watch TV
- Hits: 837
- By CNI News
- Category: နိုင်ငံရေး
- Hits: 2170
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ယနေ့ (ဇွန်လ ၁၃ ရက်)နေပြည်တော်မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် နစက အဖွဲ့ဝင်များဖြစ် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့် ဒေါ်စောမြရာဇာလင်းတို့ ဆက်လက်၍ အသေးစိတ်ကို ဆွေးနွေးကြမည် ဖြစ်သည်။

နစကသည် ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်ထားသလို တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ခေါင်းဆောင်များအား ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည်ဟု ဧပြီ ၂၂ ရက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော ခဲ့သည်။
ထို့နောက် မေလ ၂၀ ရက်မှ ဇွန်လ ၇ ရက်နေ့အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့်လည်းကောင်း၊ မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်လည်းကောင်း၊ ကရင် အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)ဥက္ကဋ္ဌ ဦးစောထော့လေး နှင့်လည်းကောင်း၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ဒုဥက္ကဋ္ဌ ဦးလော့ယာကုနှင့် လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)ဒုဥက္ကဋ္ဌ ဦးစံပေ့နှင့်လည်းကောင်း အသီးသီး တွေ့ ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2563
CNI International News
စင်ကာပူ၊ ဇွန်လ ၁၃
မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယား ခြိမ်းခြောက်မှုကို ဖြေရှင်းရန်အတွက် တောင်ကိုရီးယားက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် ပူးပေါင်းဆောင်ရွက်ရာတွင် အနည်းဆုံး ဂျပန်နိုင်ငံနှင့် နယ်နိမိတ်အဟန့်အတားများ ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းနေကြောင်း အာရ်တီသတင်းတစ်ပုဒ်အရ သိရသည်။
“တောင်ကိုရီးယားနဲ့ ဂျပန်တို့ကြားက ပြဿနာအတော်များများ မဖြေရှင်းနိုင်သေးပေမယ့် နှစ်နိုင်ငံ အကျိုးစီးပွားကို ထင်ဟပ် စေတဲ့ နည်းလမ်းနဲ့ ကျိုးကြောင်းဆီလျော်တဲ့ ဖြေရှင်းချက်တွေရဖို့ နှစ်ဘက်စလုံးက အမြော်အမြင်တွေကို စုစည်းရေး ရည်ရွယ် ထားပါတယ်” ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး လီဂျုံဆက် (Lee Jong-sup) က ဇွန်လ ၁၂ ရက်၌ စင်ကာပူတွင် ကျင်းပသည့် အာရှလုံခြုံရေးဆိုင်ရာ အစည်းအဝေး (Shangri-la dialogue) မှာ ပြောကြားခဲ့သည်။
တောင်ကိုရီးယားတွင် အသစ်ရွေးချယ်ခံရသည့် သမ္မတ ယွန်ဆော့ရွဲ အစိုးရအဖွဲ့က တိုကျိုနှင့် အလေးအနက် ဆွေးနွေးရာတွင် နိုင်ငံများအကြား လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးကို ပုံမှန်ဖြစ်စေရုံသာမက မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှု တုံ့ပြန်ရာတွင် အမေရိကန်နှင့် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း လီဂျုံဆက်က ဆက်လက် ပြောကြားခဲ့ သည်။
တစ်ချိန်တည်းမှာပင် ပြုံယမ်း၏ စစ်အင်အားကို ယွန်ဆော့ရွဲ အစိုးရအနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် တောင်ကိုရီးယား စစ်တပ် ၏ တုံ့ပြန်နိုင်စွမ်းကို အလေးပေး အားဖြည့်တင်းရန် ရည်ရွယ်ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန် တွေ့ဆုံ
လီဂျုံဆက်သည် ဂျပန်နှင့် အမေရိကန်တို့မှ အစိုးရတာဝန်ရှိသူများကို ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ဇွန်လ ၁၁ ရက်က တွေ့ဆုံခဲ့ ပြီး သုံးပွင့်ဆိုင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် သဘောတူညီမှုတစ်ရပ် ရရှိခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသည် တောင်ကိုရီးယားနှင့် ဂျပန်ကာကွယ်ရေး အမြင့်ဆုံး တာဝန်ရှိသူများအကြား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ နောက်ပိုင်း ပထမဆုံး လူချင်းတွေ့ဆုံမှု ဖြစ်သည်။
နိုင်ငံအချင်းချင်း ကုန်သွယ်ရေး အငြင်းပွားမှု ရှိခဲ့သဖြင့် ဆိုးလ်သည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် ဂျပန်နှင့် ထောက်လှမ်းရေး သတင်း မျှဝေမှု သဘောတူညီချက်ကို ဖျက်သိမ်းခဲ့သည်။
သို့ရာတွင် ယခု သဘောတူစာချုပ် အသစ်များအရ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် မြောက်ကိုရီးယား ဒုံးကျည်နှင့် နျူကလီးယား အစီအစဉ်ဆိုင်ရာ သတင်း အချက်အလက်များကို မျှဝေခဲ့ကြပြီ ဖြစ်သည်။
၁၉၁၀ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ ကိုရီးယားကျွန်းဆွယ်ကို ဂျပန်သိမ်းပိုက်ခဲ့စဉ်အတွင်းက လျော်ကြေးများ ပေးဆောင်ရန် ဂျပန်ကုမ္ပဏီများကို ဆိုးလ်မြို့ရှိ တရားရုံးတစ်ရုံးက ဆုံးဖြတ်ခဲ့ရာ ၂၀၁၈ ခုနှစ်မှစတင်၍ တိုကျိုနှင့်ဆိုးလ်တို့၏ ဆက်ဆံရေးမှာ ယိုယွင်းလာခဲ့သည်။
ထိုဖြစ်စဉ် နောက်ပိုင်း ဂျပန်ကလည်း တောင်ကိုရီးယားသို့ အရေးပါသည့် နည်းပညာမြင့်မားသော ကုန်စည်များ တင်ပို့မှု အပေါ် ကန့်သတ်ချက်အသစ်များ ချမှတ်၍ တောင်ကိုရီးယားအစိုးရကို လက်တုံ့ပြန်ခဲ့သည်။
Source: အာရ်တီသတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1844
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃
တပ်မတော်သည် ၎င်းကို ဆန့်ကျင်နေကြသော လက်နက်ကိုင် အဖွဲ့အစည်းများကို အနိုင်ရနိုင်သည့် အနေအထား မရှိကြောင်း အမေရိကန် အကြီးတန်း သံတမန်တစ်ဦး၏ ပြောကြားချက်မှာ အရှိန်ကုန်ခါနီး မီးတောက်တစ်ခုကို မီးထိုးပေးနေခြင်း ဖြစ် သည်ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနကို ပြောသည်။
ဦးသိန်းထွန်းဦးက “အဲဒီပြောတဲ့ အပြောပေါ်မှာ ပြန်သုံးသပ်မယ်ဆိုရင် အထူးသဖြင့် ဒီငြိမ်းချမ်းရေး ဖိတ်ခေါ်ချက် ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်နဲ့ ပြန်ပြီး ယှဉ်တွဲပြီး လေ့လာကြည့်လို့ရတယ်။ ငြိမ်းချမ်းရေးဖိတ်ခေါ် တိုင်းတဲ့ EAO တွေဖက်က အသံထွက်တာက တပ်မတော်ဘက်က ရှုံးနိမ့်နေလို့ စစ်ရေးလှုပ်ရှားမှု မလုပ်နိုင်တော့လို့ ဘာလို့၊ ညာလို့ပေါ့နော် မျိုးစုံပေါ့။ ဒါပေမယ့် တကယ် တမ်း အဲဒီလိုဖြစ်လား ဆိုတော့လည်း မဖြစ်ဘူး။ ဒီမှာက PDF ရဲ့ လှုပ်ရှားမှုဟာ သူတို့မျှော်လင့်တဲ့ စိတ်ခံစားချက်ပေါ့နော်၊ စိတ်ခံစားချက်ပေါ် မှီတည်ထားတဲ့ မျှော်လင့်ချက် အစွန်းစုံ တစ်ခုကနေ သူတို့ပေါက်ကွဲ ထွက်လာတာ။ အဲဒါဟာ ဘယ်လိုမှ ရှေ့ဆက်တိုးလို့လည်း မရဘူး။ ကျနော်တို့လည်း ဒါကို အကြိမ်ပေါင်းများစွာ ထောက်ပြတယ်။ ရှင်းပြတယ်။ ဒါပေမဲ့ အခုချိန်ထိ နိုင်နေတုန်းပဲ ဆိုတဲ့ဟာကတော့ သူတို့ အကောင်းဆုံး မျှော်လင့်ချက်နဲ့ တစ်ဖက်စွန်းကို ရောက်နေတယ်။ အဲဒါကို အမေရိကန် ဖက်က ပြောလိုက်တဲ့ ပြောစကားဟာ တော်တော်လေး မီးထိုးပေးရာ ရောက်တယ်လို့ ကျနော်သုံးသပ်တယ်။ ဆိုလိုတာက တော့ အချိန်ကုန်ခါနီး ငြိမ်းခါနီး မီးတောက်တစ်ခုကို နည်းနည်းလေးများ လှုပ်ရှားမှု ဖြစ်မလားဆိုတော့ သွေးထိုးမြောက်ပင့်တဲ့ Level လောက်လို့ အဲဒီလိုပြောတဲ့ စကားလုံးလို့ သတ်မှတ်ပါတယ်” ဟု ဦးသိန်းထွန်းဦးက ပြောသည်။
NUG ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်နဲ့ PDF များ
တပ်မတော်မှ အနိုင်ရရန် မဖြစ်နိုင်ကြောင်း ၎င်းတို့ နယ်မြေများ ဆုံးရှုံးနေကြောင်း၊ တိုက်ပွဲကို အဆုံးသတ်ကာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားသင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြံပေး ဒဲရက်ခ်ချောလက်က ဇွန်လ ၁၁ ရက်က စင်ကာပူနိုင်ငံတွင် ကျင်းပနေသည့် လုံခြုံရေးနှင့် နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများ၏ နှစ်ပတ်လည် အစည်းအဝေး တွင် ပြောကြားခဲ့သည်။
နိုင်ငံရေးအကျပ်အတည်းကို အင်အားစုများအားလုံး တွေ့ဆုံဆွေးနွေး ဖြေရှင်းရန် လိုအပ်ကြောင်း၊ အကြမ်းဖက်မှုများကို ရပ်တန့်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ရဲဘော်ဆန်နီက CNI သတင်းဌာနကို ပြောသည်။
ရဲဘော်ဆန်နီက “ကျနော်တို့ ဒီနေ့ နိုင်ငံရေး အကျပ်အတည်းကို ဒီနေ့ ဖြစ်တည်နေတဲ့ နိုင်ငံရေး အကျပ်အတည်းကို အင်အား စု အားလုံး တွေ့ဆုံပြီး ဖြေရှင်းနိုင်ဖို့ လိုတယ်လေ။ နောက် အဓိပ္ပာယ်ပြည့်ဝတဲ့ အနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးရေးကို ဖြစ် ပေါ်ဖို့ကို အားလုံး ဝိုင်းဖန်တီးဖို့ လိုမယ်။ တစ်ချိန်တည်းမှာပဲ အကြမ်းဖက်မှု အကုန်လုံးကိုလည်း ရပ်တန့်ဖို့လိုမယ်၊ ဖမ်းဆီး ထားတဲ့ ခေါင်းဆောင်တွေကိုလည်း နိုင်ငံရေး အကျဉ်းသားအားလုံးကို ကျနော်တို့ လွှတ်ပေးဖို့ လိုတယ်။ သေဆုံးသွားကြတဲ့၊ ကျဆုံးသွားကြတဲ့ ရဲဘော်တွေအတွက်ကို လူထုတွေ အတွက်ကို တရားမျှတမှု ရရှိရေးအတွက်ကို ဖန်တီးပေးဖို့ လိုတယ်။ နောက် အင်အားစု အားလုံးပါဝင်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ဆုံ ဆွေးနွေးမှုကို သွားကြဖို့ လိုတယ်၊ အခုကတော့ ဒီကနေ့ ဆောင်ရွက် မှုတွေက အရပ်သားများကို အကာအကွယ် ပေးတယ်ဆိုတာထက် အရပ်သားများကို အကြီးအကျယ် ဒုက္ခပေးစေတဲ့ လှုပ်ရှား ဆောင်ရွက်မှုမျိုးက စစ်ကောင်စီက ရှောင်ရှားဖို့ လိုတယ်လေ” ဟု ပြောသည်။
မြန်မာ့တပ်မတော်
လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခသည် ယခင်ကလို တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေခြင်း မဟုတ်တော့ကြောင်း၊ တစ်တိုင်းပြည်လုံးတွင် ခုခံတိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း၊ လက်ရှိ အနေအထားအရ တပ်မတော်ကို အကျပ်အတည်း တွေ့စေကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် ကရင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး တို့ တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့အကြား တိုက်ပွဲ များ ဖြစ်ပွားလျက်ရှိသည်။
Page 111 of 138
