CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

NUG သည် တိုင်းပြည်တည်ဆောက်နေသူများ ဖြစ်ဟု ဒူဝါလရှီးလပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 3074

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁

မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် တိုင်းပြည်ကို တည်ဆောက်နေသူများ ဖြစ်ကြကြောင်း NUG ၏ ယာယီ သမ္မတ ဒူဝါလရှီးလက ပြောသည်။

မေလ ၃၁ ရက်နေ့ နံနက်ပိုင်းက NUG ၏ ၅၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ကျင်းပခဲ့စဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယာယီသမ္မတ ဒူဝါလရှီးလက “မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရသည် တိုင်းပြည်ကို တည်ဆောက် နေသူများဖြစ်ပြီး ဓမ္မ သမားများ ဖြစ်ကြပါတယ်။ ဓမ္မသမားများပီပီ လူထုအကျိုးအတွက် အစွမ်းကုန် ကြိုးစားတိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်တွင် ဝန်ကြီးများအားလုံး ပင်ပန်း စိတ်ဆင်းရဲမှုများစွာ ရှိကြမှာ ဖြစ်ပါတယ်။ ၎င်းပူပန်မှုများကို တိုင်းပြည်အကျိုး အတွက် တည်ဆောက် နေသူများဖြစ်သည့်အတွက် ဆက်လက် ကြိုးစားကြဖို့ အထူးခွန်အားပေး တိုက်တွန်းလိုပါတယ်။ မိမိတို့ ပင်ပန်းမှုများကို အဓိက အလေးမထားဘဲ စစ်အုပ်စုကြောင့် နေ့စဉ်နှင့်အမျှ အသက်စွန့် ပြေးလွှားနေရကြသည့် ပြည်သူ များကို သတိရကာ ပြည်သူတစ်ရပ်လုံး အာဏာရှင် လက်အောက်မှ လွတ်မြောက်ဖို့ အားလုံးဆက်လက် ကြိုးစားကြဖို့ အထူး ပြောလိုပါတယ်”ဟု ပြောသည်။

ထို့နောက် ယခုတော်လှန်ရေးသည် မအောင်မြင်၍ မရတော့ကြောင်း၊ ပန်းတိုင် အမြန်ရောက်ရန်အတွက် အစွမ်းကုန် ကြိုးစား ရန်၊ ကိုယ့်ကိုယ်ကို ခွန်အားပေးကြရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

NUG ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ တော်လှန်ရေး တစ်နှစ်ကျော်ကာလ အတွင်း စွမ်းဆောင် ကြိုးစားနိုင်ခဲ့တဲ့ ကိစ္စတွေရှိသလို လိုအပ်ချက်တွေလည်း ရှိနေသေးတာ အမှန်ပါပဲ။ တချို့ကိစ္စတွေကလည်း အချိန် အတော်ယူပြီးမှ ရလဒ်မြင်ရတဲ့ အရေးကိစ္စတွေ ဖြစ်နေပါတယ်။ နိုင်ငံတကာနဲ့ ပတ်သက်ရင် ကျနော်တို့ အနေနဲ့ တစ်နှစ်တာ လုံး စစ်ကောင်စီကို နိုင်ငံတကာ အသိအမှတ်မပြု စေရန်ဆိုပြီး ကြိုးပမ်းခဲ့မှုတွေဟာ အတော် ထိ ရောက်ပါတယ်။ အခု တော်လှန်ရေးကာလ တစ်နှစ်နဲ့သုံးလ ကြာမြင့်လာတဲ့အထိ အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတကာက အသိအမှတ် မပြု ခြင်းက ကျနော်တို့ တော်လှန်ရေးအတွက် အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်”ဟု ပြောသည်။

ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ၏ PR Team ကို ဦးဆောင်နေကြသူများ အနေဖြင့်လည်း နိုင်ငံတကာကို သတင်း အမှန်များ အမြန်ဆုံး ရောက်ရှိအောင် ကြိုးစားပေးကြရန် လိုအပ်သလို ပြည်တွင်းက ပြည်သူများလည်း တော်လှန်ရေး၏ အခြေအနေမှန်များ သိရှိနားလည်အောင် ကြိုးပမ်းပေးရန် တိုက်တွန်းလိုကြောင်း ၎င်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နစကနှင့် NUG ကြား တရားဝင် အစိုးရအဖြစ် နိုင်ငံတကာနှင့် ပြည်တွင်းတွင် အသိအမှတ်ပြု လက်ခံနိုင်ရေး ကြိုးပမ်းလျက်ရှိနေကြသည်။

 

Share
Tweet
Share
Share
powered by social2s

မိမိနယ်မြေရှိ စာသင်ကျောင်းများကို ခြိမ်းခြောက်ပါက အရေးယူမည်ဟု ZRA ပြော

By CNI
CNI
Category: Watch TV
Hits: 750

Share
Tweet
Share
Share
powered by social2s
သုံးဘီးယာဉ်မောင်း သီရိလင်္ကာအမျိုးသမီး လစန္ဒာဒီသီ (Reuters)

ဆီရဖို့အရေး ၁၂ နာရီကြာအောင် စောင့်ရသည့် သီရိလင်္ကာအမျိုးသမီး သုံးဘီးယာဉ်မောင်း

By CNI
CNI
Category: ဆောင်းပါး
Hits: 1700

CNI Article

၂၀၂၂ ခုနှစ်၊ မေလ ၃၁

အသက် ၄၃ နှစ်အရွယ်ရှိ သီရိလင်္ကာအမျိုးသမီး လစန္ဒာဒီသီ (Lasanda Deepthi) သည် လောင်စာဆီ ဝယ်နိုင်ဖို့ နေ့စဥ် တန်းစီရသည်။ သူသည် စီးပွားရေးမြို့တော် ကိုလံဘိုမြို့ အစွန်တွင် သုံးဘီးဆိုင်ကယ်မောင်းခြင်းဖြင့် အသက်မွေး ဝမ်းကြောင်း နေရသည်။

နေ့စဉ် အလုပ် မစတင်မီ လောင်စာဆီ အလုံအလောက် ရှိ/မရှိကို သူ့ မိုးပြာရောင် သုံးဘီးမောင်းသူ နေရာမှ ဆီမီတာဒိုင်ခွက် ကို အနီးကပ် စောင့်ကြည့်ရသည်။

ဆီတိုင်ကီထဲတွင် အပ်တစ်ချောင်စာသာ ဆီကျန်သည့် အခါဝယ် လစန္ဒာဒီသီသည် ဓာတ်ဆီဆိုင် အပြင်ဘက်၌ တန်းစီရတော့ ၏။ တစ်ခါတရံမှာ ဓာတ်ဆီရဖို့ တစ်ညလုံး စောင့်ဆိုင်းရသည်။ ရသည့် ပမာဏကလည်း လွန်ခဲ့တဲ့ ရှစ်လက ဈေးနှုန်းထက် နှစ်ဆခွဲလောက် ကုန်ကျသည်။

ဒီသီသည် သီရိလင်္ကာတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်း အောက်တွင် ရုန်းကန်နေရသော သီရိလင်္ကာရှိ သန်းနှင့်ချီသော ပြည်သူထဲမှ တစ်ဦးဖြစ်ပြီး သူလည်း ဝင်ငွေ ကျဆင်းနေသည်။ တနိုင်ငံလုံး တွင် လောင်စာဆီမှ ဆေးဝါးအထိ ဝင်ငွေကျဆင်းမှုနှင့် ဆေးဝါးပြတ်လပ်မှုတို့ကို ရင်ဆိုင်နေရသည်။

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်းနှင့် နီးကပ်ပြီး လူဦးရေ ၂၂ သန်း နေထိုင်သော သီရိလင်္ကာကျွန်းတွင် အမျိုးသမီး တစ်ဦး ကို အငှားသုံးဘီး ယာဉ်မောင်းအဖြစ် တွေ့ရခြင်းမှာလည်း ရှားရှားပါးပါး မြင်ကွင်းတစ်ခု ဖြစ်သည်။ သို့သော် ဒီသီသည် ပြည်တွင်း စီးနင်းမှု မိုဘိုင်းအက်ပ် ဖြစ်သည့် PickMe ကို အားပြုသုံးစွဲရင်း မိသားစုငါးဦး၏ စားအိုးကြီးထိန်းရန် ၇ နှစ် ကြာ အောင် မောင်းသက်ရလာခဲ့သည်။

သုံးဘီးယာဉ်မောင်း သီရိလင်္ကာအမျိုးသမီး လစန္ဒာဒီသီ လောင်စာဆီထည့်နေစဉ်

ငွေကြေး အကျပ်အတည်း ဖြစ်ပွားပြီး ကတည်းက သူသည် ဓာတ်ဆီ အလုံအလောက် ရှာဖွေရန် မနည်း ရုန်းကန်နေခဲ့ရသည်။ ခရီးသည် စီးနင်းမှု လျော့ကျလာပြီး ငွေကြေး ဖောင်းပွမှုနှုန်းသည် တစ်နှစ်ထက် တစ်နှစ် ၃၀ ရာခိုင်နှုန်း ကျော်လွန်လာ၍ လုံလောက်သောဝင်ငွေကို ကြိုးစားပမ်းစာ ရှာရသည်။ 

ဒီသီ၏ လစဉ် ဝင်ငွေမှာ သီရိလင်္ကာ ရူပီး ၅၀၀၀၀ ခန့် (ဒေါ်လာ ၁၃၈) ခန့်ဖြစ်ပြီး ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလမှ စတင် ကျဆင်းသွားခဲ့ရာ ယခုအခါ သူရရှိသည့် ဝင်ငွေမှာ ယခင်ထက် ထက်ဝက်ကျော် လျော့နည်းသွားသည်။

“ကျမက တခြားဘာမှ မလုပ်တတ်တော့ ဓာတ်ဆီအတွက်ပဲ အချိန်ပို ပေးနေမိတယ်”ဟု ဒီသီက ပြောပြသည်။  

“တစ်ခါတလေ ညနေ ၃ နာရီလောက်မှာ မိုဘိုင်းအက်ပ်ကနေ လိုင်းတက်ပေမယ့် ည ၁၂ နာရီ လောက်ကြာမှ ဓါတ်ဆီ ရတယ်။ ဆီမရရအောင် နှစ်ခါပြန် တန်းစီရတာလည်း ရှိတယ်ရှင့်” ဟု ကိုလံဘိုမြို့ ဆင်ခြေဖုံးရှိ ဂိုနာပိုလာဒေသ (Gonapola) ရှိ အိပ် ခန်း နှစ်ခန်းပါ အိမ်သေးသေးလေးတွင် လက်ဖက်ရည် သောက်ရင်း ဒီသီက ဆက်လက် ပြောပြသည်။

အိမ်တွင် သူ့အမေနှင့် မောင်လေး ၃ ယောက် အတူတကွ နေထိုင်ကြသည်။ ဒီသီသည် အိမ်ထောင်ဖက်နှင့် လမ်းခွဲပြီးနောက် သမီးလေးတစ်ယောက် ကျန်ခဲ့သည်။ ယခုနှစ် မေလ အလယ်ပိုင်းတွင် ဒီသီသည် အစ်ကိုတစ်ဦး၏ အကူအညီဖြင့် ဓာတ်ဆီ တန်းစီရာ၌ပင် နှစ်ရက်ခွဲကြာအောင် အချိန်ယူခဲ့ရသည်ဟု ရင်ဖွင့်သည်။

“ဘယ်လောက်အထိ စိတ်ပျက်စရာ ကောင်းလိုက်တာဆိုတာ ရှင်းပြဖို့ စကားလုံးတွေ ကျမ ရှာမရတော့ဘူး။ တစ်ခါတစ်ရံ ည ဘက်မှာ မလုံခြုံဘူးလို့ ခံစားရပေမယ့် တခြားလုပ်စရာ အလုပ်ကလည်း မရှိဘူး” ဟု သူက ဖြည့်စွက်ပြောသည်။  

သီရိလင်္ကာ အဓိကရုဏ်း (AP)

မကြာသေးမီက တစ်ခုသော နံနက်ခင်းတွင် သူ၏ လုပ်ရိုးလုပ်စဉ်အတိုင်း အဝတ်အစားများ လဲပြီး ရေသန့်ဘူး တစ်ဘူးကို ဖြည့်ကာ သုံးဘီးဆိုင်ကယ်ကို သန့်ရှင်းရေး လုပ်သည်။ ယာဉ်ပေါ်သို့ မတက်မီ ဘုရားဝတ်ပြုသည့် အနေဖြင့် အမွှေးတိုင် တစ်ချောင်း ထွန်းပြီး ပူဇော်သည်။

အစိုးရက ထောက်ပံ့ကြေးများကို လျှော့ချလိုက်သောကြောင့် ရက်ပိုင်းအတွင်း အများစု ကဲ့သို့ပင် လောင်စာဆီ စျေးနှုန်းများ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ ၂၅၉ ရာခိုင်နှုန်း တက်လာသည့်အပြင် ဆီရဖို့ အသည်းအသန် ရှာဖွေရ သည်။

သီရိလင်္ကာမှ လက်ရှိ အကျပ်အတည်း၏ ဇစ်မြစ်မှာ ယခင် အမြတ်အစွန်း များခဲ့သော ခရီးသွား လုပ်ငန်းရပ်တန့်ပြီး နိုင်ငံခြား ရောက် သီရိလင်္ကာ နိုင်ငံသားများ၏ ငွေလွှဲမှုများကို ဆိုင်းငံ့သွားခြင်း ဖြစ်သည်။ ထို့ပြင် သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ အစိုးရက COVID-19 ကပ်ရောဂါကြောင့်  အခွန်ဖြတ်တောက်မှုများ တိုးခဲ့သည်။

သို့ဖြင့် နိုင်ငံရေး နယ်ပယ်တွင် အင်အားကြီးနေသော ရာဂျာပက်ဆာ မိသားစုကို စီးပွားရေး အလွဲသုံးစား လုပ်နေသည်ဟု စွပ်စွဲ ချက်များ ပေါ်ပေါက်လာခဲ့သည်။ ဒေါသထွက်နေသော ထောင်နှင့်ချီသော ဆန္ဒပြသူများ သီရိလင်္ကာ တဝန်းတွင် မကြာသေးမီ လများအတွင်း ငြိမ်းချမ်းစွာ လမ်းပေါ်ထွက်၍ အစိုးရကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။  

ပြီးခဲ့သည့် သီတင်းပတ်က ဝန်ကြီးချုပ်သစ် ရာနေးလ်ဝီရီမန်ဆင်း (Ranil Wickrememsinghe) သည် အသုံးစရိတ်ကို ဖြတ် တောက်ပြီး နှစ်နှစ်ကြာ လူမှုဖူလုံရေး အစီအစဉ်သို့ လမ်းကြောင်း တည်ပေးမည်ဟု ပြောကြားလျက် ရက်သတ္တ ခြောက်ပတ် အတွင်း ဘတ်ဂျက်ကို မိတ်ဆက်ရန် ဦးတည် လုပ်ဆောင်နေသည်။

သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ

၎င်း၏ မူဝါဒများသည် အရေးတကြီး လိုအပ်နေသော ချေးငွေ ဝန်ထုပ်ဝန်ပိုးအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် စေ့စပ်ညှိနှိုင်းမှုများလည်း တွန်းအားပေးနိုင်ရန် မျှော်လင့်နေကြသည်။ သို့သော် ဒီသီကတော့ စိတ်ပျက်သွားသည်။

သူ့ချွေးနှဲစာဖြင့် ခြစ်ကုပ် စုဆောင်းဝယ်ယူထားသည့် ကားကို ငှားရမ်းသူများ နည်းသွားသဖြင့် ယမန်နှစ်က ထိုးရောင်းခဲ့ရ သည်။ သူ့အစ်ကို တစ်ဦး မောင်းလေ့ရှိသော ဒုတိယမြောက် သုံးဘီးယာဉ် တစ်စီးကလည်း  ပြုပြင်ရန် လိုအပ်သဖြင့် မိသားစု ငွေဖြင့် မတတ်နိုင်ပေ။

ကပ်ရောဂါ မဖြစ်ပွားမီက သူဝယ်ခဲ့သော မြေကွက်အတွက် ချေးငွေ ဆပ်ရသဖြင့် ရူပီးငွေ တစ်သိန်းကျော် ဖိစီးမှုကလည်း ရှိသေးသည်။ ဒီသီသည် သူ၏ သုံးလသားအရွယ် မြေးဖြစ်သူထံ သွားရောက် လည်ပတ်လိုသော်လည်း သမီးဖြစ်သူ သူနာပြု ဆရာမ နေထိုင်ရာ ပင်လယ် ကမ်းစပ်မြို့ ဖြစ်သည့် မာတရာ (Matara) သို့ ကီလိုမီတာ ၁၇၀ (၁၀၅ မိုင်) ကို အကွာအဝေးကို ခရီးဆန့်ဖို့မှာ မသေချာ၊ မရေရာဖြစ်နေသည်။

“ကျမ မိသားစုအတွက် ဆန်နဲ့ ဟင်းသီးဟင်းရွက် အလုံအလောက် မတတ်နိုင်ပါဘူး။ အမေ လိုချင်တဲ့ ဆေးတွေ ရှာဝယ်လို့ မရတော့ဘူး။ နောက်လမှာ ဘယ်လိုလုပ် နေထိုင်ကြမလဲ။ ကျမတို့ အနာဂတ် ဘယ်လိုဖြစ်ဦးမလဲ မသိတော့ပါဘူးရှင်” ဟု ဒီသီက ညည်းတွား မိတော့၏။

Source: Reuters

(ရိုက်တာသတင်းဝက်ဘ်ဆိုက်တွင် မေလ ၃၁ ရက် ရက်စွဲဖြင့် လွှင့်ထားသော မူရင်းဆောင်းပါးရှင် Uditha Jayasinghe ၏ရေးသားချက်ကို CNI က ဆီလျော်အောင် ဘာသာပြန်ဆို၍ တင်ဆက်ပေးလိုက်ပါသည်)

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

KNDF ကို ပံ့ပိုးကူညီမည်ဟု ညီနောင်မဟာမိတ်ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2095

CNI News

 ၂၀၂၂ ခုနှစ်၊ မေလ ၃၁

 ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF)အား မိမိတို့ တတ်နိုင်သော အကူအညီများကို တတ်နိုင်သရွေ့ ပံ့ပိုးကူညီသွား မည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က ပြောသည်။ 

KNDF ဖွဲ့စည်းတည်ထောင်ခြင်း (၁)နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါအတိုင်း ဖော်ပြထား ခြင်း ဖြစ်သည်။

 KNDF သည် ကရင်နီလူမျိုးများ၏ ထောက်ပံ့မှုကို အပြည့်အဝ ရရှိထားပြီး ညီနောင်မဟာမိတ် (၃) ဖွဲ့ အပါအဝင် အခြားသော တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းအချို့၏ ယုံကြည်မှု၊ အားပေးမှု၊ ပံ့ပိုးကူညီမှုကို ရရှိထားကာ တစ်နှစ်တာ ကာလ အတွင်း တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်း တစ်ရပ်တွင် ရှိသင့်ရှိထိုက်သည့် လက်နက်၊ လူအင်အားဖြင့် တည်ဆောက် နိုင်ခြင်း၊ စုဖွဲ့မှု ကောင်းကောင်းဖြင့် တိုက်ပွဲဝင်နိုင်ခြင်း၊ ရန်သူအား ချေမှုန်းတိုက်ခိုက်နိုင်ခြင်း၊ မိတ်ဖက် အဖွဲ့အစည်းများ တည် ဆောက်နိုင်ခြင်း အပါအဝင် ထိုက်သင့်သည့် စစ်ရေး အတွေ့အကြုံ ရရှိထားသည့် အဖွဲ့အစည်း ဖြစ်ကြောင်း ဖော်ပြထားသည်။ 

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)ကို ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်တွင် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ယနေ့တွင် ၁ နှစ် ပြည့်ပြီ ဖြစ်သည်။ 

ညီနောင်မဟာမိတ် အဖွဲ့တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)၊ ပလောင်ပြည်လွတ် မြောက်ရေး တပ်ဦး/ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတ‌သော အမျိုးသားပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA) တို့ဖြင့် ဖွဲ့စည်းထားသည်။

 

 

Share
Tweet
Share
Share
powered by social2s

အကြမ်းဖက်ဝါဒထောက်ခံသည့်နိုင်ငံများကို နေတိုးထဲဝင်ခွင့်မပြုဟု တူရကီပြော

By CNI
CNI
Category: Watch TV
Hits: 711

Share
Tweet
Share
Share
powered by social2s

EU ပိတ်ဆို့မှုကို ဆားဘီးယားလျစ်လျူရှု၍ ပူတင်နှင့် ဓာတ်ငွေ့သဘောတူ

By CNI
CNI
Category: Watch TV
Hits: 609

Share
Tweet
Share
Share
powered by social2s
BPLA ရဲဘော်များ (BPLA-Facebook)

ကလေးငယ်များ၏ စာသင်ကြားရေး အသိအမှတ်ပြုရမည်ဟု BPLA ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1511
 
 
CNI News
၂၀၂၂ ခုနှစ်၊ မေလ ၃၀
 
စာသင်ကျောင်းများသို့ ပြန်လည် ဝင်ရောက်ရန် ရွေးချယ်ကြခြင်းမှာ ကလေးငယ်တိုင်း၏ မွေးရာပါ အခွင့်အရေးဖြစ်ကြောင်း အသိအမှတ်ပြုရမည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)က ယနေ့ (မေလ ၃၀ ရက်) ထုတ်ပြန် ပြောကြား ခဲ့သည်။
 
လက်ရှိ မြန်မာပြည်တွင် နစက လက်အောက်ရှိ စာသင်ကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်လက်ခံ လျက်ရှိရာ ကလေးငယ်များ ကျောင်းမတက်ဘဲ နေကြရန် တိုက်တွန်းခြင်း၊ ကျောင်းတက်သည့် ကလေးငယ်များနှင့် ကျောင်းအပ်သည့် မိဘများကို လူမှုရေးပြစ်ဒဏ်ခတ်မည်ဟု တိုက်တွန်းခြင်းများ ရှိနေသည်။
 
BPLA က “ပညာရေးတွင် ကလေးငယ်များနှင့် လူငယ်များ၏ ပညာရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပံ့ပိုးပေးရန် လိုအပ် ချက်ကို ရေရှည်တွင် လျစ်လျူရှု၍ မရစကောင်းပါ၊ စာသင်ကျောင်းများသို့ ပြန်လည် ဝင်ရောက်ရန် ရွေးချယ်ကြခြင်းမှာ လည်း ကလေးငယ်တိုင်း၏ မွေးရာပါ အခွင့်အရေးဖြစ်ကြောင်း အသိအမှတ်ပြုရမည်။ သို့ဖြစ်ရာ BPLA အနေနှင့် ရေရှည်ကို မျှော်ရည်ပြီး ပညာရေးနှင့်ပတ်သက်သော ရပ်တည်ချက်များကို ရှင်းလင်းစွာ ထုတ်ပြန်လိုပါသည်”ဟု ထုတ်ပြန်ခဲ့သည်။
 
 
ထို့နောက် ဖက်ဆစ်ဖိနှိပ်ခံပညာရေးစနစ် ယန္တရားကျောင်းများသို့ မသွားရောက်ဘဲ အစားထိုး ရွေးချယ်စရာနည်းလမ်းဖြင့် ပညာသင်ပေးသော တော်လှန်ပညာ ရေးများကို BPLA အနေဖြင့် များစွာ အားပေးထောက်ခံပါကြောင်း၊ သို့ရာ တွင် ထိုအခွင့် အလမ်းများနှင့် အစားထိုး ဆောင်ရွက်ချက်များကို လက်လှမ်းမမီ၊ မတတ်နိုင်သောကြောင့် ကျောင်းသို့ ပြန်လည် ပို့ ဆောင် ရသော မိဘပြည်သူများ၊ ကျောင်းသူ ကျောင်းသားများ၊ ဆရာ/ဆရာမနှင့် စာသင်ကျောင်းများ၏ လုံခြုံရေးကို လုံးဝရန်ပြု ထိခိုက်စေမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
ထို့နည်းတူပင် စာသင်ကျောင်းများနှင့် တက္ကသိုလ်များကို စစ်ရေးအရ အသုံးပြုခြင်းကို လုံးဝရှောင်ကျဉ်ကြမည်ဟု သန္နိဌာန် ချထားကြသော မိမိတို့နှင့် တစ်လှေတည်းစီး တစ်ပြည်လုံး တော်လှန်ရေး ရဲဘော်ရဲဘက် များနှင့်အတူ BPLA က ခိုင်မာစွာ ရပ်တည်သွားပါမည်ဟုလည်း ဆိုထားသည်။
 
လက်ရှိတွင် နစကက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ လက်ခံ လျက်ရှိပြီး ယနေ့ (မေလ ၃၀ ရက်)ထိ ကျောင်းသား/သူ ၄၈ သိန်းကျော် ကျောင်းအပ်နှံလာကြကြောင်း ထုြတ်ပန်ထား သည်။
 
၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အဖြစ် ကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
 
 
 
Share
Tweet
Share
Share
powered by social2s

ကိုလံဘီယာရွေးကောက်ပွဲတွင် သူပုန်ဟောင်းနှင့် စီးပွားရေးသမား အပြီးသတ်ယှဉ်ပြိုင်ရမည်

By CNI
CNI
Category: Watch TV
Hits: 659

Share
Tweet
Share
Share
powered by social2s

တပ်မတော်ကို နိုင်ငံရေးမှ အချိန်တစ်ခုတွင် ထွက်ရန်တင်ပြ

By CNI
CNI
Category: Watch TV
Hits: 645

Share
Tweet
Share
Share
powered by social2s

PDF များကို NUG ယာယီသမ္မတ ဒူဝါလရှီးလ သွားရောက်ကြည့်ရှုအားပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1600

CNI News

၂၀၂၂ ခုနှစ် မေလ ၃၀

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလသည် ရှေ့တန်းစခန်းတစ်နေရာရှိ ဒေသကာကွယ်ရေးတပ် (PDF) များကို မေလ (၂၄) ရက်တွင် သွားရောက် ကြည့်ရှုအားပေးစကား ပြောကြားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

PDF သည် အနာဂတ်ဖက်ဒရယ် တပ်မတော်တည်ဆောက်ရာတွင်လည်း အဓိကအရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်၍ ယခုကတည်းကပင် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီသဘောတရားတို့ကို လက်ကိုင်ပြု ကျင့်ကြံဖို့ လိုအပ်ကြောင်း ဒူဝါလရှီးလက ပြောကြားခဲသည်။

တနိုင်ငံလုံးတွင် PDF ၏ တပ်ရင်းတပ်ဖွဲ့ပေါင်းများစွာ စနစ်တကျ စုဖွဲ့လာနိုင်ပြီဖြစ်၍ လူထုက များစွာအားတက်လျက်ရှိကြောင်း၊ PDF သည် နွေဦး‌တော်လှန်ရေး၏ အသက်ပမာ အရေးကြီး၍ လူထုမျှော်လင့်ချက်ပန်းတိုင်ရောက်သည်အထိ ဉာဏ်ပညာ ဇွဲ သတ္တိ လုံ့လ ဝိရိယအပြည့်ဖြင့် ဦးဆောင်ပါဝင်သွားကြရန် လိုအပ်ကြောင်းစသဖြင့် ဆွေးနွေးမှာကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက် UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကုနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံစဉ်

UWSA ဒုဥက္ကဋ္ဌနှင့်တွေ့ဆုံပြီး ပြည်ထောင်စုတည်ဆောက်ရေး နစက ရှင်းပြ

By CNI
CNI
Category: နိုင်ငံရေး
Hits: 2762

CNI News

၂၀၂၂ ခုနှစ်၊ မေလ ၃၀

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ဒုဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံ၍ ပြည်ထောင်စု တည်ဆောက်ရေး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှင်းပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။

UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တို့ ယနေ့ (မေလ ၃၀ ရက်) နံနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ဆွေးနွေး ခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းမှု ရှိမှသာလျင် ဒေသတည်ဆောက်ရေး တိုင်းပြည်တည်ဆောက် ရေးကို ပိုမိုသွက်လက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် တိုင်းပြည်၏ လိုအပ်ချက်၊ ဒေသခံ တိုင်းရင်း သားတို့၏ လိုအပ်ချက်များနှင့် မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးမှစ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စဉ်းစား လုပ်ဆောင်သွားရန် လိုအပ်သည့် အခြေအနေများ၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကို ပူးပေါင်းဆောင်ရွက်ပြီး ဒေသခံများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်မှသာလျင် ဒေသဖွံ့ဖြိုးတိုး တက်ရေးကို ပိုမို အထောက်အကူ ဖြစ်စေနိုင်မည့် အခြေအနေများ စသည်တို့ကို ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန် ခဲ့သည်။

၎င်းက “ ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်”ဟု နစက-က သတင်းထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက် UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကုနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံစဉ်

ထို့နောက် UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကုက ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့်ပတ်သက်၍ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP ) မှ သဘောတူညီကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ပြန်လည် ဆွေးနွေးခဲ့သည်ဟု သိရသည်။

မေလ ၃၁ ရက်နေ့တွင် နစကမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များ ပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)မှ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်တို့နှင့် UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကုတို့ ဆက်လက် ဆွေးနွေးကြမည် ဖြစ်သည်။

လက်ရှိတွင် နစကသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) မှ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် လည်း ကောင်း၊ မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်လည်းကောင်း၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)ဥက္ကဋ္ဌ ဦးစောထော့လေး နှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်က UPDJC နိုင်ငံရေးပါတီ အလုပ်အစုအဖွဲ့ကိုတွေ့ရစဉ်

တပ်မတော်ကို နိုင်ငံရေးမှ အချိန်တစ်ခုတွင် ထွက်ရန်တင်ပြ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1724

CNI News

၂၀၂၂ ခုနှစ်၊ မေလ ၃၀

တပ်မတော်ကို နိုင်ငံရေးမှ အချိန်အတိုင်းအတာ တစ်ခုတွင် ထွက်ခွာရန် တင်ပြခဲ့ကြောင်း UPDJC ၏ နိုင်ငံရေးပါတီများ အလုပ် အစုအဖွဲ့မှ အတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက CNI သတင်းဌာနသို့ ပြောသည်

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)မှ နိုင်ငံရေးပါတီများ အလုပ်အစုအဖွဲ့တို့ နေပြည်တော်တွင် မေလ ၂၉ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ ကြသည်။

ဒေါ်ချိုချိုကျော်ငြိမ်းက “အန်တီပြောတဲ့ဟာကတော့ အချက်ကတော့ အန်တီက နံပါတ် ၂ အချက် ပြောတာပေါ့နော်၊ အန်တီ ပြောခဲ့တာကတော့ တပ်မတော်ကြီးက အခုက ၂၅ ရာခိုင်နှုန်း ပါနေတယ်နော်၊ ၂၅ ရာခိုင်နှုန်း အခုချက်ချင်း မထွက်ခိုင်းဘူး၊ ချက်ချင်းလည်း သူတို့ (တပ်မတော်) မနက်ဖြန်၊ သန်ဘက်ခါ Times Limit မပေးဘူး။ ဒါပေမဲ့ တချိန်ချိန်မှာ တပ်မတော်က လည်း ထွက်မယ်လို့ အန်တီတို့က နားလည်တယ်၊ ဒါပေမဲ့ အဲဒီလို ထွက်မယ်လို့တော့ ပြောတယ်ပေါ့၊ ဒါပေမဲ့ အခြေခံ ဥပဒေမှာက နိုင်ငံတော်ရဲ့ ဦးဆောင်မှုကို အမြဲတစေ ဆိုလားမသိဘူး၊ ဥပဒေရေးထားတယ်နော်၊ အဲဒီစာပိုဒ်လေးကို အန်တီက အချိန် အတိုင်းအတာ တစ်ခုအထိ ဆိုပြီးတော့ ပြောင်းခိုင်းတယ်၊ အဲဒါကိုတော့ သဘာတူဖို့ များပါတယ်၊ ချက်ချင်းတော့ သဘောတူ တယ်ဆိုတာ မရှိပါဘူး နောက်လမှ သူတို့ အဖြေပေးမှာပေါ့၊ အန်တီက တပ်မတော်က ၂၅ ရာခိုင်နှုန်းကို အချိန်တစ်ခု အထိမှာ ထွက်ပေးပါ၊ ဘာဖြစ်လို့လဲဆိုတော့ အန်တီတို့ တချိန်မှာ အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရက်တစ် နိုင်ငံတော် တည်ထောင်ပြီးတော့ လွှတ်တော်ပါလာမယ်လေ၊ အဲဒီမှာ ၂၅ ရာခိုင်နှုန်းတို့ ဘာရာခိုင်နှုန်းပဲ ဖြစ်ဖြစ်ပါလာရင် အန်တီတို့က ဒီမိုကရက်တစ် နိုင်ငံတော်လွတ်လွတ်ကျွတ်ကျွတ် ဖြစ်ဖို့၊ မဖြစ်ဘူးဆိုတာ အဲဒါတော့ အန်တီက တင်ပြခဲ့တယ်၊ အားလုံးတော့ သဘောတူ တယ်လို့ မဟုတ်သေးဘူး နောက်လမှ သူတို့ အဖြေပေးလိမ့်မယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်က UPDJC နိုင်ငံရေးပါတီ အလုပ်အစုအဖွဲ့နှင့် NSPNC တို့ တွေ့ဆုံစဉ်

မေလ ၂၉ ရက်နေ့တွင် UPDJC နိုင်ငံရေးပါတီများ အလုပ် အစုအဖွဲ့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသည့် အချက် ၉ ချက်ကို အဆိုပြု ဆွေးနွေးပြီး NSPNC မှ တက်ရောက်သူများနှင့် အလွတ်သဘော ဆွေးနွေးခဲ့ကြကြောင်း ထုတ် ပြန်ခဲ့သည်။

အလားတူ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃)ပါ သဘောတူညီချက်များနှင့် ပတ်သက်၍လည်းကောင်း၊ အစိတ်အပိုင်း (၃)မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ပါ ဆွေးနွေးရန်အချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ NSPNC မှ လေ့လာဆန်းစစ် ဖော်ထုတ်စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ အချက်အများစုကို သဘောတူထားကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေး စသည်တို့ကို တင်ပြခဲ့ကြောင်း ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။

ဒေါ်ချိုချိုကျော်ငြိမ်းက “လတိုင်း၊ လတိုင်း တွေ့ပါတယ်၊ အဲဒီ ၅ ခါမှာ အန်တီတို့က အခြေခံဥပဒေတွေကို ပြင်ဖို့ ကြိုးစားပြီး တော့ တော်တော်များများလည်း သဘောတူ ထားတာရှိတယ်၊ အခု ဒီတစ်ပတ်မှာတော့ အန်တီက ဒါကို တင်ပြသွားတယ်၊ တချို့ လူကြတော့လည်း သစ်တောလုပ်ပိုင်ခွင့်တို့၊ အန်တီတို့က ဖက်ဒရယ်သွားမှာကိုး နိုင်ငံတည်ဆောက်မယ်ဆိုတော့ အဲဒါ တွေ အများကြီးတင်တယ်” ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်က NSPNC ကိုယ်စားလှယ်များကို တွေ့ရစဉ်

UPDJC ကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် ကိုယ်စားလှယ် ၁၆ ဦး၊ NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းရန် NCA စာချုပ်တွင် ပြဋ္ဌာန်းထား သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက်က ပြန်လည်ရွေးချယ်ခဲ့သည့် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့တွင် ဦးစိုင်းအိုက်ပေါင်း၊ ဒေါ်ချိုချို ကျော်ငြိမ်း၊ ဦးစောသန်းမြင့်၊ တ.စ.ည ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့(PNO)၊ ရခိုင်အမျိုးသားပါတီ(ANP)၊ ကရင် အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ(MUP)တို့ ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
NSPNC နှင့် UPDJC နိုင်ငံရေးပါတီအစုအဖွဲ့ ၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်က တွေ့ဆုံစဉ်

၂၀၀၈ မှ ပြင်ဆင်လိုသည့် ၉ ချက်ကို NSPNC နှင့် နိုင်ငံရေးအစုအဖွဲ့ ဆွေးနွေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1818

CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၉

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသည့် အချက် ၉ ချက်အား UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့မှ အဆိုပြု၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)တို့ ယနေ့ (မေလ ၂၉ ရက်) တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ယနေ့ (မေလ ၂၉ ရက်) နံနက်ပိုင်းက နေပြည်တော်မှာ ဦးစိုင်းအိုက်ပေါင်း ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှု ပူးတွဲကော်မတီ (UPDJC)၏ နိုင်ငံရေးပါတီ အစုအဖွဲ့၏ အလုပ်အဖွဲ့နှင့် NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကို ၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်က တွေ့ရစဉ်

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် ဆွစ်ဇာလန်နိုင်ငံ၏ ဖက်ဒရယ်စနစ်အပေါ် လေ့လာတွေ့ရှိချက်များအား ညှိနှိုင်းရေး ကော်မတီ(နစက)မှ ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပြင်ဆင်လိုသည့် အချက် ၉ ချက်အား အဆိုပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် နစက၏ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း(၁/၂/၃)ပါ သဘောတူညီချက်များနှင့်ပတ်သက်၍ လည်းကောင်း၊ အစိတ်အပိုင်း (၃)မှ ဆက်လက် ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန် အချက်များနှင့်ပတ်သက်၍ လည်းကောင်း၊ NSPNC မှ လေ့လာဆန်းစစ် ဖော်ထုတ် စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

NSPNC ကိုယ်စားလှယ်အဖွဲ့ကို ၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်က တွေ့ရစဉ်

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃)ဆိုသည်မှာ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကနေ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် ၂၀၂၀ ခုနှစ်၊ သြဂုတ်လက ကျင်းပခဲ့သည် စတုတ္ထအကြိမ် အစည်းအဝေး အတွင်း ရရှိခဲ့သော သဘောတူညီချက်များ ဖြစ်သည်။

 

 

Share
Tweet
Share
Share
powered by social2s
UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကု ၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်က နေပြည်တော်ရောက်စဉ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံရန် UWSA ဒုဥက္ကဋ္ဌ နေပြည်တော်ရောက်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2696

CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၉

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ် မတော် (UWSA)ဒုဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ယနေ့ (မေလ ၂၉ ရက်) နံနက်က နေပြည် တော်သို့ ရောက်ရှိလာကြောင်း သိရသည်။

UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မေလ ၃၀ ရက် တွင် တွေ့ဆုံကြမည်ဖြစ်ကြောင်း၊ ထို့နောက် မေလ ၃၁ ရက်နေ့တွင်  နစက အဖွဲ့ဝင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ဆက်လက် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်ခဲ့သလို EAO ခေါင်းဆောင်များကို မိမိ ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ဧပြီ ၂၂ ရက်က မိန့်ခွန်း ပြော၍ ဖိတ်ခေါ် ကမ်းလှမ်းခဲ့သည်။

UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကု ၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်က နေပြည်တော်ရောက်စဉ်

ထို့နောက် မေလ ၂၀ ရက်တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် လည်းကောင်း၊ မေလ ၂၃ ရက်တွင် မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်လည်းကောင်း၊ မေလ ၂၆ ရက် တွင် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) ဥက္ကဋ္ဌ စောထော့လေးနှင့် လည်းကောင်း စသဖြင့် တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့လည်း တက်ရောက်ကြမည် ဖြစ်သည်။

 

 

Share
Tweet
Share
Share
powered by social2s

အမေရိကန်ရေနံသိမ်းယူ၍ အငြင်းပွားနေစဉ် ဂရိသင်္ဘောနှစ်စင်းကို အီရန်ဖမ်း

By CNI
CNI
Category: Watch TV
Hits: 691

Share
Tweet
Share
Share
powered by social2s

ယူကရိန်းမှာ ရုရှားအောင်ပွဲခံလျှင် အနောက်နိုင်ငံများလုံခြုံမှုမရှိဟု ဗြိတိန်ပြော

By CNI
CNI
Category: Watch TV
Hits: 614

Share
Tweet
Share
Share
powered by social2s
  • 114
  • 115
  • 116
  • 117
  • 118
  • 119
  • 120
  • 121
  • 122
  • 123

Page 119 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar