CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ကျူးဘား သမ္မတနဲ့ ဗင်နီဇွဲလား သမ္မတ (Reuters)

ထိပ်သီးအစည်းအဝေးမှ ချန်လှပ်ခံရမှု လက်တင်အမေရိက လက်ဝဲအုပ်စု ရှုတ်ချ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1615

CNI International News

ဟာဗားနား၊ မေလ ၂၈

လာမည့်လ၌ အမေရိကန်က ဒေသတွင်းနိုင်ငံများ ထိပ်သီးအစည်းအဝေးသို့ ဒီမိုကရေစီ လေးစားသည့် ခေါင်းဆောင်များကိုသာ တက်ရောက်စေလိုကြောင်း အမေရိကန်က ပြောကြားလိုက်ပြီးနောက် ကျူးဘားနိုင်ငံ၊ ဟာဗားနားမြို့မှ လက်ဝဲဝါဒီ နိုင်ငံများ အဖွဲ့တစ်ဖွဲ့က ယင်းသို့ နိုင်ငံအချို့ ချန်လှပ်ထားမှုကို ရှုတ်ချကြောင်း ကြေညာခဲ့သည်။

ဇွန်လ ၆ ရက်မှ ၁၀ ရက်အထိ လော့အင်ဂျလိစ်မြို့တွင် ကျင်းပမည့် အဆိုပါ ထိပ်သီး အစည်းအဝေးကို အမေရိကန်က အိမ်ရှင် အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ဗင်နီဇွဲလား (သို့မဟုတ်) နီကာရာဂွါ အစိုးရများကို ဖိတ်ကြားမည် မဟုတ်ဟု ပြောကြား ထား ခဲ့သည်။

ကျူးဘားနိုင်ငံကို ထည့်သွင်း ဖိတ်ကြားရန် ရှိ/မရှိမှာ အိမ်ဖြူတော်အပေါ် မူတည်ကြောင်း၊ ကျူးဘား အရပ်ဘက် အဖွဲ့အစည်း များ တက်ကြွ လှုပ်ရှားသူများက တက်ရောက်ခွင့်ရရန် တောင်းဆိုထားကြောင်း ထိုထိပ်သီး အစည်းအဝေးအတွက် ညှိနှိုင်း ရေးမှူး တာဝန်ယူထားသူက ပြောကြားခဲ့သည်။

ကျူးဘားသမ္မတ မီဂွဲဒေ့ဇ်ကန်နယ်က မိမိကို ဖိတ်ကြားထားသော်လည်း မည်သည့် အခြေအနေမျိုးတွင် မဆို တက်ရောက်မည် မဟုတ်ကြောင်း ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။

ကျူးဘား၊ ဗင်နီဇွဲလားနှင့် နီကာရာဂွါ အပါအဝင် ALBA အစုအဖွဲ့ဟု ထင်ရှားသည့် ၁၀ နိုင်ငံအဖွဲ့သည် လော့အင်ဂျလိစ်မြို့ တွင် ကျင်းပမည့် အမေရိကန်၏ ဒေသတွင်း ထိပ်သီးအစည်းအဝေးသို့ ချန်လှပ်ခံရမှုနှင့် ခွဲခြားဆက်ဆံမှုများကို ရှုတ်ချကြောင်း ဟာဗားနားမြို့မှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အမေရိကန် သမ္မတ ဘိုင်ဒန်ကို တွေ့ရစဉ် (Reuters)

ထို့ပြင် ဤသို့ ချန်လှပ်ဖိတ်ကြားခြင်းသည် ထင်သလိုပြုမှုခြင်း၊ ဝါဒရေးရာနှင့် နိုင်ငံရေးအရ လှုံ့ဆော်မှု ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဆက်လက် ဖော်ပြထားပြီး “အခုလို တဖက်သတ် ဆုံးဖြတ်ချက်ဟာ ကမ္ဘာ့နိုင်ငံများ အချင်းချင်း ဆက်ဆံ ရေးမှာ သမိုင်းတွင်စေမယ့် ဆုတ်ယုတ်မှုတစ်ခုလို့ ပြောချင်ပါတယ်” ဟု ရေးသားတုံ့ပြန်ထားသည်။

မကြာသေးမီက ထုတ်လွှင့်ခဲ့သည့် အသံလွှင့် မိန့်ခွန်းတွင် ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုက “လာမည့် ထိပ်သီး အစည်း အဝေး စီစဉ်နေခြင်းသည် အပြောင်းအလဲ မြန်ဆန်လွန်းကြောင်း” သဘောထား မှတ်ချက်ပေးခဲ့သည်။ ALBA အဖွဲ့ဝင် မဟုတ်သည့် မက္ကစီကိုကဲ့သို့ အခြားနိုင်ငံများကိုလည်း “မြောက်အမေရိက တိုက်ကြီး တစ်ခုလုံးအတွက် အမှန်တရား၏အသံ ကျယ် လောင်စေဖို့ ရပ်တည်ပေးခဲ့ကြောင်း” နီကိုလက်စ်မာဒူရိုက ချီးကျူးပြောကြားခဲ့သည်။

အထက်ပါ အခြေအနေများနှင့်ပတ်သက်၍ အိမ်ဖြူတော်နှင့် အမေရိကန် နိုင်ငံခြားရေးဌာနများထံသို့ ရိုက်တာက သဘောထား မှတ်ချက် တောင်းခံခဲ့သော်လည်း ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။

အကယ်၍ နိုင်ငံအချို့က အစည်းအဝေးမှ ဖယ်ထုတ်ခြင်း၊ ချန်လှပ်ခြင်းရှိခဲ့လျှင် ဘိုလီဗီးယားနှင့် အခြားနိုင်ငံများမှ ခေါင်း ဆောင်များနှင့်အတူ မိမိလည်း ယင်းထိပ်သီး အစည်းအဝေးကို သပိတ်မှောက်သွားမည်ဟု မက္ကစီကို သမ္မတ အန်ဒရီးမာနွယ် လိုပက်ဇ် အော်ဘရာဒေါက ခြိမ်းခြောက်ထားသည်။

ကျူးဘား မပါဝင်သည် ကာရေဘီယံ ပင်လယ်ဒေသတွင်း အသိုက်အဝန်းရှိ နိုင်ငံပေါင်း ၁၄ နိုင်ငံအနက် ၁၃ နိုင်ငံသည် လော့အင်ဂျလိစ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် စီစဉ်နေကြကြောင်း ယခုသီတင်းပတ်၌ ရိုက်တာက သတင်း အတည်ပြု ဖော်ပြပြီး ဖြစ်သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်

ယူကရိန်းကို ကူမည့်အစား စာသင်ကျောင်းများ လုံခြုံရေးဦးစားပေးရန် ထရမ့်တိုက်တွန်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1774

CNI International News

ဝါရှင်တန်၊ မေလ ၂၈

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ယူဗယ်ဒီမြို့ရှိ စာသင်ကျောင်းတွင် မေလ ၂၄ ရက်၌ လူအများအပြား ပစ်သတ်ခံရခြင်း အတွက် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ဝေဖန်ပြောကြားခဲ့ပြီး ရုရှားကို ဆန့်ကျင်၍ ယူကရိန်းစစ်ပွဲသို့ ပါဝင်ကူညီခြင်း၊ မအောင်မြင်သော စီမံကိန်းများအတွက် ပြည်ပတွင် ရင်းနှီးမြှုပ်နှံခြင်းတို့အစား အမေရိကန် ကလေးသူငယ်များ၏ လုံခြုံရေးကို ရှေ့တန်းတင် ဦးစားပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့သည်။

“ယူကရိန်းပို့ဖို့ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ထားမယ်ဆိုရင် ကျနော်တို့ကလေးတွေ ပြည်တွင်းမှာ လုံခြုံစေဖို့ ကျနော်တို့ လိုအပ်တာတွေ လုပ်ဆောင်ပေးသင့်တယ်” ဟု မေလ ၂၇ ရက်တွင် ဟူစတန်မြို့၌ ကျင်းပသော အမျိုးသားရိုင်ဖယ်အသင်း (NRA) ညီလာခံ၌ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

“အီရတ်မှာ ထရီလီယံနဲ့ ချီပြီး၊ အာဖဂန်နစ္စတန်မှာ ထရီလီယံနဲ့ ချီပြီး သုံးစွဲခဲ့ပါတယ်။ ဘာမှ ပြန်မရပါဘူး။ ကမ္ဘာ့တခြား နေရာ တွေအတွက် မတည်ဆောက်ခင်မှာ ကိုယ့်နိုင်ငံမှာရှိတဲ့ ကိုယ့်သားသမီးတွေအတွက် ဘေးကင်းတဲ့ကျောင်းတွေ ဆောက်ပေး သင့်တယ်” ဟု ထရမ့်က ဆက်လက် ပြောကြားခဲ့သည်။

ယူဗယ်ဒီမြို့ရှီ ရော့ဗ်မူလတန်းကျောင်းတွင် ကလေးငယ် ၁၉ ဦးနှင့် ဆရာနှစ်ဦးတို့ကို သေနတ်သမားက ပစ်သတ်ပြီးနောက် ၃ ရက် အကြာတွင် အမေရိကန်ပြည်တွင်း သေနတ်ကိုင်ဆောင်ခွင့် စည်းရုံးလှုံ့ဆော်သည့် NRA အသင်း၏ ညီလာခံသို့ ထရမ့် တက်ရောက်၍ စကားပြောခဲ့ခြင်းအတွက် ဒီမိုကရက်အမတ်များက အပြစ်တင် ဝေဖန်ခဲ့ကြသည်။


ယူဗယ်ဒီမြို့ရှိ စာသင်ကျောင်း ပစ်ခတ်ခံရမှု သေဆုံးသွားသော ကလေးငယ်များအတွက် အထိမ်းအမှတ်လုပ်


သို့သော် ထိုသို့ အပြစ်တင်သူများသည် ဖြစ်ရပ်ဆိုးကို ကြိုတင်တားဆီးနိုင်မည့် ပြုပြင်ပြောင်းလဲရေးများကို အဆိုပြုခြင်းမရှိဘဲ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို နိုင်ငံရေးအရ အခွင့်ကောင်းယူဖို့သာ ကြိုးစားနေကြကြောင်ထရမ့်က စောဒက တက်ခဲ့သည်။

ဖလော်ရီဒါပြည်နယ်မှ ဘီလျံနာသူဌေးဖြစ်သူ ထရမ့်က “အခုအချိန်ဟာ ဘုံအခြေခံတစ်ရပ်ကို ရှာဖွေရမယ့် အချိန်ပါ။ ဒီလို အဖြစ်ဆိုးနေ့တစ်နေ့ နေမဝင်ခင်မှာ ငိုကြွေးနေတဲ့ မိသားစုတွေရဲ့ မျက်ရည်တွေကို အသုံးချဖို့ ကြိုးစားနေတဲ့ နိုင်ငံရေး သမား တွေဟာ သူတို့ကိုယ်ပိုင် အခွင့်အာဏာကို တိုးမြှင့်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အခွင့်အရေး အတွက်ပဲ ကြိုးစားနေကြ တာ ဝမ်းနည်းစရာ ကောင်းပါတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။
“လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်နှင့် အခြား ဒီမိုကရက်တစ် အမတ်များသည် မှားယွင်းစွာ အကြံပြုခြင်းဖြင့် နိုင်ငံရေးအရ အမြတ် ထွက်ဖို့ကိုပဲ ရှက်ဖွယ်လိလိ ကြိုးစားနေခဲ့ကြကြောင်း” ဟု ထရမ့်က ထောက်ပြခဲ့သည်။

ဘိုင်ဒန်သည် သေနတ်ကိုင်ဆောင်မှု အခွင့်အရေး ထောက်ခံသူများအား အပြစ်တင်ခြင်းဖြင့် တက္ကဆက်ပြည်နယ်တွင် လူသတ် မှုများအတွက် လှည့်ဖြားနေခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

မေလ ၂၄ ရက်၌ ရဲတပ်ဖွဲ့က အသေဖမ်းဆီးခဲ့သော ယူဗယ်ဒီ စာသင်ကျောင်းအတွင်း ပစ်ခတ်ခဲ့သည့် အသက် ၁၈ နှစ်အရွယ် သေနတ်သမား ဆယ်ဗာဒေါရားမို့စ်ကိုလည်း ထရမ့်က ပြင်းထန်သော စကားလုံးများဖြင့် ရှုတ်ချခဲ့သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယူကရိန်းနယ်စပ် ဘယ်လာရုစ်တောင်ပိုင်းစစ်ဌာနချုပ် အသစ်ဖွင့်ရန် လူကာရှန်ကို အမိန့်ပေး

By CNI
CNI
Category: Watch TV
Hits: 677

Share
Tweet
Share
Share
powered by social2s

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးလ် အနိုင်ရလိမ့်မယ်လို့ အိုဝင် ခန့်မှန်း

By CNI
CNI
Category: Watch TV
Hits: 726

Share
Tweet
Share
Share
powered by social2s

စားနပ်ရိက္ခာမလုံလောက်မှု ဘရာဇီးပြည်သူ ၃၆ ရာခိုင်နှုန်းကို ခြိမ်းခြောက်နေ

By CNI
CNI
Category: Watch TV
Hits: 692

Share
Tweet
Share
Share
powered by social2s

ခိုးပြန်သူများနှင့် နေရပ်ပြန်ပို့ခံရသူများ ထိုင်းကို တရားဝင်လာရောက်၍ မရ

By CNI
CNI
Category: Watch TV
Hits: 716

Share
Tweet
Share
Share
powered by social2s

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် CNPFD တောင်းဆို

By CNI
CNI
Category: Watch TV
Hits: 744

Share
Tweet
Share
Share
powered by social2s

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် CNPFD တောင်းဆို

By CNI
CNI
Category: Watch TV
Hits: 684

Share
Tweet
Share
Share
powered by social2s

အာရှမုန်းတီးရေး ဆန့်ကျင်ရန် K-pop ကြယ်ပွင့် BTS နှင့် ဘိုင်ဒန်ဆွေးနွေးမည်

By CNI
CNI
Category: Watch TV
Hits: 707

Share
Tweet
Share
Share
powered by social2s

ဝန်ကြီးချုပ်ဟောင်းထောက်ခံသူများကို ပါကစ္စတန်ရဲက ဖြိုခွင်း

By CNI
CNI
Category: Watch TV
Hits: 707

Share
Tweet
Share
Share
powered by social2s

ယူကရိန်းကို ရုရှားချုပ်ကိုင်၍ စစ်ရေးမြှင့်နေ

By CNI
CNI
Category: Watch TV
Hits: 842

Share
Tweet
Share
Share
powered by social2s

နစကနှင့် မွန်ပြည်သစ်ပါတီတို့ အချက် ၇ ချက်သဘောတူ လက်မှတ်ထိုး

By CNI
CNI
Category: Watch TV
Hits: 796

Share
Tweet
Share
Share
powered by social2s

ယူကရိန်း၊ မာရီယူပေါလ်မြို့အပျက်အစီးအောက်မှ အလောင်း ၂၀၀ တွေ့

By CNI
CNI
Category: Watch TV
Hits: 788

Share
Tweet
Share
Share
powered by social2s

ဘိုင်ဒန်၏အာရှခရီးစဉ်အပြီး မြောက်ကိုရီးယား တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်

By CNI
CNI
Category: Watch TV
Hits: 738

Share
Tweet
Share
Share
powered by social2s

တပ် အပါအဝင် လက်နက်ကိုင်ထားသူအားလုံး နိုင်ငံရေးက ဆုတ်ရမည်ဟုပြော

By CNI
CNI
Category: Watch TV
Hits: 741

Share
Tweet
Share
Share
powered by social2s

တပ် အပါအဝင် လက်နက်ကိုင်ထားသူအားလုံး နိုင်ငံရေးက ဆုတ်ရမည်ဟုပြော

By CNI
CNI
Category: Watch TV
Hits: 748

Share
Tweet
Share
Share
powered by social2s
  • 115
  • 116
  • 117
  • 118
  • 119
  • 120
  • 121
  • 122
  • 123
  • 124

Page 120 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar