CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
နိုင်ငံရေးဟောပြောပွဲတစ်ခုအတွင်းက ပါကစ္စတန် လူထု(AFP)

ပါကစ္စတန် စီးပွားရေးပြိုလဲပြီး ဒေဝါလီခံရကိန်း ဆိုက်နေ

By CNI News
CNI News
Category: ဆောင်းပါး
Hits: 1787

CNI Article News

၂၀၂၂ ခုနှစ်၊ မေလ ၂၁

သီရိလင်္ကာနိုင်ငံ ကဲ့သို့ပင် ပါကစ္စတန်နိုင်ငံတွင်လည်း စီးပွားရေး အကျပ်အတည်း၊ နိုင်ငံရေး အကျပ်အတည်း ရင်ဆိုင်နေရ သည်။ ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းက ရွေးကောက်ပွဲ ကျင်းပပေးခြင်း မရှိပါက မြို့တော် အစ္စလာမ္မာဘတ်သို့ ၎င်းကို ထောက်ခံသူများ ခြံရံလျက် ချီတက် ဆန္ဒပြမှုမည်ဟု ခြိမ်းခြောက်ထားသည်။

အပြန်အလှန် စွပ်စွဲချက်များဖြင့် ပြည့်နှက်နေသော နိုင်ငံရေး အငွေ့အသက်များကြားတွင် ပါကစ္စတန်နိုင်ငံသည်လည်း သီရိလင်္ကာ လမ်းကြောင်းအတိုင်း ဒေဝါလီခံရကိန်းသို့ ဦးတည်လာနေသည်။

လာမည့် ရက်ပိုင်းအတွင်း ပါကစ္စတန် ပြည်တွင်းရေး တင်းမာလာပြီး နိုင်ငံရေး မတည်မငြိမ် ဖြစ်မည်ကို လေ့လာသုံးသပ်သူ များက စိုးရိမ်နေကြသည်။ ပါကစ္စတန်၏ နိုင်ငံရေးလမ်းကြောင်းမှာ ယခင်က အခြေအနေမျိုး ပြန်လည် ဦးတည်လာလျှင် ပါကစ္စတန်၏ စီးပွားရေးကို တကျော့ပြန် ထိခိုက်စေလိမ့်ဦးမည် ဖြစ်သည်။

နိုင်ငံခြား အရန်ငွေကြေး ကျဆင်းနေပြီး ငွေဖောင်းပွမှုနှုန်းနှင့် စားနပ်ရိက္ခာ ဈေးနှုန်းများ တက်နေသည်။ ပါကစ္စတန်သုံး ရူပီး ငွေကြေး၏ တန်ဖိုးမှာ လက်ရှိဘဏ္ဍာရေးနှစ်တွင် ၂၁ ဒသမ ၇၂ ရာခိုင်နှုန်း ထိုးကျသွားသည်။

ထိုသို့ အခြေအနေတွင် စီးပွားရေး ကျွမ်းကျင်သူများနှင့် လေ့လာသုံးသပ်သူများက ပါကစ္စတန် ပြည်တွင်း ပေါ်ပေါက်လာသော စီးပွားရေး စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းရန်အတွက် ဘဏ္ဍာရေးဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ရပ်ကို တောင်းဆို တိုက်တွန်းခဲ့ကြသည်။

ပါကစ္စတန် ငွေကြေး ဖောင်းပွမှု (GETTY IMAGES)

ကော်ပိုရိတ် စီးပွားရေးကဏ္ဍမှ အခွန်ကင်းလွတ်ခွင့် ရူပီး ၈၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံ)ကို ရုပ်သိမ်း ရန်နှင့် မြေယာပိုင်ဆိုင်မှုများအတွက် အခွန်တိုးမြှင့်ကောက်ခံရန် ၎င်းတို့က အကြံပြုကြသည်။

1600cc (သို့မဟုတ်) ယင်းထက်ပို၍ မော်ဒယ်မြင့်သော ဇိမ်ခံကားများအတွက် အထူးအရေးပေါ် အခွန်စည်းကြပ်ရန်၊ ၈၀၀ စတုရန်းကိုက် (သို့မဟုတ်) ထို့ထက်ပိုသော လူနေအိမ်များအတွက် လျှပ်စစ်မီတာခ နှစ်ဆ တိုးကောက်ရန်နှင့် ဖက်ဒရယ် အစိုးရဌာနများ အရေအတွက်များ လျှော့ချရန်တို့ကို ပညာရှင်များက လိုလားကြသည်။

“တရုတ်၊ ဆော်ဒီအာရေဗျနှင့် ယူအေအီး အပါအဝင် ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတွေဆီက ပံ့ပိုးတာမျိုး နည်းလာတဲ့အတွက် ပြည်တွင်း အရန်ငွေကြေး ဒေါ်လာတွေ ကျလာတယ်ဗျ။ အဲဒီမှာ ပါကစ္စတန်ရဲ့ ရူပီးအပေါ် ဝန်ထုပ်ဝန်ပိုး ဖိစီးတော့တာပဲ” ဟု အစ္စလာမ္မာဘတ် မြို့တော်အခြေစိုက် ပါကစ္စတန် နိုင်ငံရေးသိပ္ပံပညာရှင်၊ စီးပွားရေးပညာရှင်နှင့် ဘဏ္ဍာရေးလေ့လာသုံးသပ်သူ ဖာရက်ဆလန်က အေရှားတိုင်းမ်သို့ ရှင်းပြသည်။

“နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ဒေါ်လာ ၆ ဘီလီယံ ထောက်ပံ့ရေး အစီအစဉ် ပြန်စလိုက်ပေမယ့် နှောင့်နှေးနေ တာကြောင့် ပါကစ္စတန်ရဲ့ အရန်ငွေကြေးလည်း ကျလာတယ်ပေါ့ဗျာ” ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

ရူပီးငွေသည် ဒေါ်လာနှင့် နှိုင်းယှဉ်ပါက စံချိန်တင် နိမ့်ကျခဲ့ပြီး ပါကစ္စတန်၏ စတော့အိတ်ချိန်းမှ အမှတ် ၉၀၀ ထပ်မံ ကျဆင်း သွားပြန်ကြောင်း၊ ငွေကြေးဈေးကွက် ပျက်ပြားပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု လျော့နည်းလာ၍ ပါကစ္စတန် နိုင်ငံတော် ဘဏ်တွင် ဒေါ်လာ ၁၀ ဒသမ ၄၄ ဘီလီယံသာ ကျန်ရှိတော့ကြောင်း၊ ထိုပမာဏထဲတွင် တရုတ်၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးတို့၏ ချေးငွေအဖြစ် အပ်နှံမှု ဒေါ်လာ ၆ ဘီလီယံ ပါဝင်ကြောင်း ဖာရက်ဆလန်က ပြောကြားခဲ့သည်။

ထိုအခြေအနေကို ကိုင်တွယ် ဖြေရှင်းရန် အလို့ငှါ ငွေကြေးအရေးပေါ် ကုစားရမည့် အစီအစဉ်အား ၎င်းက တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့် မေလ ၁၁ ရက်တွင် ပါကစ္စတန် စတော့အိတ်ချိန်း (PSX) သည် လှုပ်လှုပ်ခတ်ခတ် အရောင်းအဝယ် ပွဲတစ်ခုအပြီး၌ KSE-100 အညွှန်းကိန်းသည် နေ့စဉ်ကုန်သွယ်မှု၏ ရမှတ် ၁,၁၀၀ ကျော် ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့သည်။

PSX ဝက်ဘ်ဆိုက်၏ အဆိုအရ KSE-100 သည် ၁၄၄၇ ဒသမ ၆၇ မှတ် ဆုံးရှုံးသွားရာ PSX ယိုင်လာကြောင်း တွေ့ရှိရပြီး နှစ်ရက်အကြာ ယင်းသို့ ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။ သို့သော် စီးပွားရေး လုပ်ဆောင်ချက်များ နှေးကွေးနေချိန်၌ နိုင်ငံရေး အရှိန်ကတော့ တဟုန်ထိုး မြင့်တက်လာနေသည်။

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း(AFP)

ယခင်လ၌ လွှတ်တော်ထဲတွင် အယုံအကြည်မရှိ အဆိုတင်သွင်းခံရပြီး ရာထူး ဖယ်ရှားခံလိုက်ရသော ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းသည် လူစုလူဝေး ဖန်တီးပြီး “အမေရိကန် စံနမူနာပြုမှုကို ဆန့်ကျင်ကြရန်နှင့် ဒီမိုကရေစီ နည်းလမ်းမကျ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်လည်း မကိုက်ညီသော နည်းလမ်းများဖြင့် အစိုးရပြုပြင်လဲရေးကို ကန့်ကွက်ကြရန်” ပြည်သူများ အတွင်း လှုံ့ဆော်နေခဲ့သည်။

ပြောရမည်ဆိုလျှင် အီမရန်ခမ်း သည်လည်း အငြင်းပွားဖွယ် ရွေးကောက်ပွဲများဖြင့် ၂၀၁၈ ခုနှစ်တွင် အာဏာရလာသူ ဖြစ် သည်။ ပါကစ္စတန်နိုင်ငံ၏ ထိပ်တန်း ထောက်လှမ်းရေး အေဂျင်စီဖြစ်သော ပြည်တွင်း ထောက်လှမ်းရေး ဝန်ဆောင်မှုဌာန (ISI)၏ လှည့်ဖြားမှု၊ စောင့်ကြည့်မှုနှင့် နောက်ကွယ်မှ ကြိုးကိုင်မှုများသည် အီမရန်ခမ်း၏ ရွေးကောက်ပွဲ အောင်နိုင်ရေးကို ဘေးတီးပေးခဲ့ကြကြောင်း ဝေဖန်ရေးသမားများက စွပ်စွဲကြသည်။

၎င်း၏ ရာထူးသက်တမ်းအတွင်း ၎င်းနှင့်ဆက်ဆံရေး အထူးကောင်းမွန်သော အင်အားကြီး စစ်တပ်က ပြည်တွင်း၊ ပြည်ပ ပူးပေါင်း ကြံစည်သူများ၏ လုပ်နည်းလုပ်ဟန်များကို စိတ်ပျက်နေခဲ့ကြောင်း အီမရန်ခမ်းက အခိုင်အမာ ပြောကြားခဲ့သည်။

“ကျနော်က စစ်ခေါင်းဆောင်တွေကို ပြောခဲ့တာရှိပါတယ်။ စီမံကိန်း အောင်မြင်ရင် စီးပွားပျက်မှာမျိုး မဖြစ်စေရဘူးလို့ ကျနော့် ဘဏ္ဍာရေးဝန်ကြီးကို စစ်ခေါင်းဆောင်တွေဆီ လွှတ်ပြီး ပြောခိုင်းခဲ့တာပါ” ဟု ခမ်းက ပြောကြားခဲ့သည်။

“အာဏာရလာပြီးနောက်ပိုင်း ခမ်းက သူ့ကို အာဏာရလာဖို့ လုပ်ပေးတဲ့ ကျေးဇူးရှင်တွေကို ဆန့်ကျင်ပြီး သူတို့ဘက် မလိုက် ဘူးလေ။ အဲဒီလူတွေက ကြားနေဖြစ်ရတာကို မကျေမနပ်ဖြစ်ပြီးတော့ သူ့အစိုးရကို ဖြုတ်ချလိုက်တာပဲ။ အမေရိကန် ကျော ထောက် နောက်ခံနဲ့ ချေးနေ၊ ငှားနေတာတွေလည်း ရပ်လိုက်တယ်ပေါ့ဗျာ” ဟု အဝါမိအမျိုးသားပါတီ (ANP) ပြောရေးဆိုခွင့် ရှိသူ ဇာဟစ်ခမ်းက အေရှားတိုင်းမ်သို့ ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လ၌ အာဏာရလာခဲ့သော ညီညွတ်ရေးအစိုးရအတွက် အကြီးမားဆုံး စိုးရိမ်ပူပန်စရာ တစ်ခုမှာ အရန်ငွေကြေး တိုက်စားမှုကို ရန့်တန်ရန်နှင့် ယခင်ခမ်းအစိုးရလက်ထက်က ငွေသားမဟုတ်သော လောင်စာဆီ ထောက်ပံ့မှုများကို မည်သို့ မည်ပုံ ဆက်လက် လည်ပတ်မည့်အရေး လွှတ်တော်ထဲ မဲခွဲဆုံးဖြတ်ကြရန် ဖြစ်သည်။

ပါကစ္စတန်ပြည်သူများ (GETTY IMAGES)

ပုဂ္ဂလိကဘဏ် အပ်ငွေများ မပါဝင်သော ပါကစ္စတန်နိုင်ငံတော်ဘဏ် (SBP) ၏ အသားတင် အရန်ငွေကြေးသည် ၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်တွင် ရက်သတ္တတစ်ပတ်စာအတွက် ဒေါ်လာ ၁၀ ဒသမ ၃ ဘီလီယံသာ ရှိပြီး တင်သွင်းကုန်များအတွက် လေး ပတ်စာ တောင်းခံလွှာကို ဖြေရှင်းရန် အခက်တွေ့သွားသည်။

စီးပွားရေး အရေးပေါ် အခြေအနေ ဖြစ်လာခြင်းနှင့် နိုင်ငံ့ စီးပွားရေး အသွင်သဏ္ဌာန် ဆိုးရွားလာခြင်း သတိပြုမိသော ပါကစ္စတန် မွတ်ဆလင်အဖွဲ့ချုပ် (PML-N) ပါတီ၏ ဩဇာအကြီးဆုံး ခေါင်းဆောင် နာဝပ်ရှရက်ဖ်သည် ဝန်ကြီးချုပ် ရှာဘတ် ရှရက်ဖ်နှင့် ဝန်ကြီးများ၊ ပါတီထိပ်ပိုင်း လူကြီးများကို မေလ ၁၀ ရက်တွင် ညှိနှိုင်းဆွေးနွေးဖို့ လန်ဒန်မြို့သို့ ဆင့်ခေါ်ရတော့၏။

လက်ရှိ အာဏာရပါတီ PML-N သည် လူကြိုက်နည်းသည့် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်များ ချမိပြီး ချောင်ပိတ်မိနေပြီ မဟုတ်ပါ လား။

အဆိုပါ ပါတီ၏ ထိပ်ပိုင်းမှလာသော အမိန့်သည် ခမ်း အာဏာရသည့် နှစ်များအတွင်း နိုင်ငံရေးအရ ကုန်ကျစရိတ်များကို ပေး ချေမည့်အစား ပွဲလမ်းသဘင်အချို့ကို ဖျက်သိမ်းပြီး အသစ်တဖန် ရွေးကောက်ပွဲ လုပ်ပေးစေလိုကြောင်း အတွင်းလူများ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိ ဘဏ္ဍာရေးနှစ်၏ ပထမ ၉ လ (ဇူလိုင်မှ မတ်လ) အတွင်း စုစုပေါင်း ကွာဟချက်ကို ကြည့်လျှင် မတ်လတွင် နှစ်ဆနီး ပါး တိုးလာပြီး လက်ရှိ ဘဏ္ဍာရေးနှစ်၏ ဒေါ်လာ ၁၃ ဘီလီယံ ကျော်အထိ ရှိသည်။ SBP ဘဏ်က ပြုစုထားသော အချက် အလက်များအရ ၉ လတာ ကာလအတွင်း သွင်းကုန် တိုးတက်မှုသည် ၄၁ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ယမန်နှစ် အလားတူ ကာလမှ ၁၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ကြည့် နိုင်သည်။

သွင်းကုန် တန်ဖိုးမှာ ဇူလိုင်လမှ မတ်လအတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၁၃၇ ဘီလီယံ ရှိခဲ့သော်လည်း ပို့ကုန် ဒေါ်လာ ၂၈ ဒသမ ၈၅၅ ဘီလီယံသာ ရှိသည်။ ထိုနှစ်ခုကို နှိုင်းယှဉ်ကြည့်နိုင်သည်။ သွင်းကုန်များ မြင့်တက်လာခြင်းသည် ကုန် သွယ်မှု လိုငွေကို ကျယ်ပြန့်စေပြီး လက်ရှိ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာဝယ်လိုအားမှာ ပုံမှန်မဟုတ်ဘဲ လွန်စွာ မြင့်မားနေ သဖြင့် ငွေလဲလှယ်နှုန်းကို ပျက်စီးစေသည်။

ပါကစ္စတန်နိုင်ငံက ဘဏ်တစ်ခု(GETTY IMAGES)

လက်ရှိ ဘဏ္ဍာရေးနှစ်၏ ပထမ ၉ လ (ဇူလိုင်လ-မတ်လ) ကာလတွင် စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ ဒေါ်လာ ၃၅ ဒသမ ၅၂ ဘီလီယံရှိပြီး ယခင်ဘဏ္ဍာနှစ် အလားတူ ကာလတုန်းကတော့ ဒေါ်လာ ၂၀ ဒသမ ၈ ဘီလီယံဖြင့် တိုးခဲ့သေးသည်။

အတိအလင်း ထောက်ပြရသော် ကုန်သွယ်မှု လိုငွေသည် ဒေါ်လာ ၁၅ ဘီလီယံကျော် တက်လာပြီး ပိုဆိုးလာသည့် အနေ အထားကို ညွှန်ပြနေပေသည်။ ဤသို့ လိုငွေပြမှုများစွာဖြင့် လုံးချာလည်နေသော ပါကစ္စတန် စီးပွားရေးသည် လာမည့်လများ အတွင်း ပြည်ပသို့ ငွေပေးချေမှု အကျပ်အတည်း ဆိုက်ရောက် သွားတော့မည်ဖြစ်သည်။

အထူးကြပ်မတ် ကုသဆောင် (ICU) ထဲ ပို့လိုက်ရသည့် ပါကစ္စတန် စီးပွားရေးသည် ယခင် အီမရန်ခမ်း အစိုးရ၏ အဓိပ္ပာယ်မဲ့ စီးပွားရေး မူဝါဒများကြောင့် အသက်ရှူ ကျပ်ရခြင်းဖြစ်ကြောင်း PML-N ပါတီမှ ဒုတိယဥက္ကဋ္ဌ မိုရီယမ်နာဝပ်က မာဒန်မြို့တွင် ကျင်းပခဲ့သည့် လူထုတွေ့ဆုံပွဲအတွင်း ပြောကြားခဲ့သည်။

သူမက “ခမ်း ရဲ့ ကျရှုံးမှုတွေကနေ အနံ့အသက်ဆိုးတွေကို ဆက်ပြီးမယူသွားဖို့ ကျမတို့ပါတီနဲ့ မဟာမိတ် လုပ်ဖော်ကိုင်ဖက် တွေကို အကြံပြုချင်ပါတယ်။ သူ့ရဲ့ သုံးနှစ်ခွဲ အုပ်ချုပ်တဲ့ အတောအတွင်း သူနဲ့အတူ တပါတည်း ဖြေရှင်းသွားရမယ့် အပုပ် အသိုင်း ကိစ္စတွေပါ” ဟု ယခင်အစိုးရကို လွှဲချခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ခမ်းက ဖန်တီးခဲ့သော နိုင်ငံရေးနှင့် စီးပွားရေး အရှုပ်အထွေးများကို ပြင်ဆင်ဖို့ လနှင့်ချီပြီး ကြာစရာ မလို ကြောင်း မိုရီယမ်နာဝပ်က ဆက်လက် ပြောကြားခဲ့သည်။

PML-N ပါတီမှ ဒုတိယဥက္ကဋ္ဌ မိုရီယမ်နာဝပ် (AFP)

ခမ်းသည် နိုင်ငံကို ပိုင်းခြားပြီး စီးပွားရေးကို အားနည်းစေခဲ့ကြောင်း၊ အစိုးရပိုင် အဖွဲ့အစည်းများကို အပုပ်ချကာ ပြည်သူများ အဆမတန် အခွန်ပေးဆောင်ဖို့ ငွေကြေး အဖွဲ့အစည်းများထံမှ ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ကြောင်း သူမက စွပ်စွဲခဲ့သည်။

ပါကစ္စတန်၏ ပြည်တွင်းမျက်နှာစာတွင် စားနပ်ရိက္ခာ ဈေးနှုန်းများ ၁၇ ရာခိုင်နှုန်း တက်လာခြင်းသည် ခက်ခဲသော အခြေအနေများ၌ ရုန်းကန်နေရသော ဆင်းရဲသားနှင့် လူလတ်တန်းစားတို့၏ ဘဝရပ်တည်ရေးကို များစွာ အနှောင့်အယှက် ပေးခဲ့သည်။

အစိုးရက ရှေ့ဆက်၍ လောင်စာဆီ တင်သွင်းနိုင်မှု ရုပ်သိမ်းလိုက်မည်ဆိုလျှင် ငွေကြေးဖောင်းပွမှု လှိုင်းလုံး အသစ်က တစ်နိုင်ငံလုံး ရိုက်ခတ်ဖုံးလွှမ်း၍ ဒေဝါလီ ခံရကိန်း ဆိုက်မည်ဖြစ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများက စိုးရိမ် နေကြသည်။ 

Source: Asia Times

(အေးရှားတိုင်းမ်ဝက်ဘ်ဆိုက်တွင် မေလ ၁၆ ရက် ရက်စွဲဖြင့် လွှင့်တင်ထားသော မူရင်းဆောင်းပါးရှင် FM Shakil ၏သတင်းဆောင်းပါးကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါသည်)

 

 

 

Share
Tweet
Share
Share
powered by social2s

လူတစ်ယောက် ထမင်းတစ်နှပ် စားဖို့အတွက် ၃၀၀ လောက်ပဲရှိနေတယ်

By CNI
CNI
Category: Watch TV
Hits: 803

Share
Tweet
Share
Share
powered by social2s

လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာများ နေတိုးသဘောပေါက်ရန် တူရကီမျှော်လင့်

By CNI
CNI
Category: Watch TV
Hits: 690

Share
Tweet
Share
Share
powered by social2s

မာရီယူပေါလ်မြို့တွင် ယူကရိန်း ထပ်မံလက်နက်ချဟု ရုရှားပြော

By CNI
CNI
Category: Watch TV
Hits: 704

Share
Tweet
Share
Share
powered by social2s

ရှမ်းမြောက်ရှိ မြို့နယ် ၉ ခုတွင် တ‌အာင်းကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်မည်

By CNI
CNI
Category: Watch TV
Hits: 764

Share
Tweet
Share
Share
powered by social2s

AA ကို တော်တော်သည်းခံရ ၊ ပြဿနာဖြစ်လာရင် တပ်မတော်အဆိုးမဆိုပါနဲ့ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

By CNI
CNI
Category: Watch TV
Hits: 1249

Share
Tweet
Share
Share
powered by social2s
ရာဂျစ်ဂန္ဒီကို လုပ်ကြံသည်ဟုဆိုကာ ဖမ်းခံထားရသူ အေဂျီပါရာရီဗာလန် ပြန်လွတ်လာ(GETTY IMAGES)

ရာဂျစ်ဂန္ဒီ လုပ်ကြံခံရမှုဖြင့် ထောင်ကျနေသူကို နှစ်ပေါင်း ၃၀ ကျော်အကြာ ပြန်လွှတ်ပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1314

CNI International News

နယူးဒေလီ၊ မေလ ၁၉

အိန္ဒိယဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီကို လုပ်ကြံသတ်ဖြတ်မှုဖြင့် ထောင်ဒဏ် ၃၁ နှစ် ချမှတ်ခံထားရသော အမျိုးသားတစ်ဦး ကို အိန္ဒိယထိပ်တန်း တရားရုံးချုပ်က မေလ ၁၈ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း စီအင်န်အင်န် သတင်းအရ သိရသည်။

အဆိုပါ အမျိုးသားမှာ အေဂျီပါရာရီဗာလန် (A.G. Perarivalan) ဆိုသူဖြစ်ပြီး ၎င်းကို ထောင်မှ ပြန်လွှတ်ပေးရန်အတွက် တရားရုံးချုပ်က ထူးထူးခြားခြား အခွင့်အာဏာ တောင်းခံခဲ့ရကြောင်း ၎င်း၏ရှေ့နေက စီအင်န်အင်န် သတင်းဌာနသို့ ပြောသည်။

၁၉၉၁ ခုနှစ်၊ မေလ ၂၁ ရက်၌ အိန္ဒိယတောင်ပိုင်း၊ တမီလ်နာဒူးပြည်နယ်တွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ရာဂျစ်ဂန္ဒီ လုပ်ကြံခံရပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာတွင် ပါရာရီဗာလန်ကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ထိုစဉ်က အသေခံ ဗုံးခွဲတိုက်ခိုက်မှုသည် သီရိလင်္ကာနိုင်ငံရှိ တမီလ်ပြည်နယ်တွင် လှုပ်ရှားနေသော ခွဲထွက်ရေးသူပုန်များ လက်ချက်ဟု အိန္ဒိယက အပြစ်တင်ခဲ့သည်။

ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ်သော သီရိလင်္ကာတွင် ပြည်တွင်းစစ် အဆုံးသတ်ရန်အတွက် ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ရပ်အရ အိန္ဒိယတပ်များကို ကျွန်းပေါ်သို့ ၁၉၈၇ ခုနှစ်တွင် စေလွှတ်ခဲ့ခြင်းကြောင့် ရာဂျစ်ဂန္ဒီကို အဆိုပါ ခွဲထွက်ရေးသူပုန် များက လက်တုံ့ပြန်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။

အခင်းဖြစ်ပွားစဉ်က အသက် ၁၉ အရွယ်သာ ရှိသေးသည့် ပါရာရီဗာလန်သည် အသေခံဗုံးခွဲမှု အထမြောက်ရန် ဘက်ထရီ ဝယ်ပေးခဲ့ကြောင်း အစွပ်စွဲခံခဲ့ရသည်။ ၎င်းသည် လုပ်ကြံ သတ်ဖြတ်မှုတွင် ပူးပေါင်းပါဝင်ကြောင်း ပြစ်မှုထင်ရှားသည်ဟု ထိုစဉ်က တရားရုံး စာရွက်စာတမ်းများတွင် ဖော်ပြပါရှိခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီ(GETTY IMAGES)

၎င်းသည် အခြား ၆ ယောက်ဦးနှင့်အတူ ၁၉၉၈ ခုနှစ်တွင် သေဒဏ် စီရင်ခြင်း ခံရသော်လည်း ၂၀၁၄ ခုနှစ်တွင် ပြစ်ဒဏ်ကို တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲချမှတ်ခဲ့သည်။

ထို့နောက် ၂၀၁၅ ခုနှစ်တွင် ပါရာရီဗာလန်၏ရှေ့နေ ကေပါးရီဗန်ဒန်က တမီလ်နာဒူးပြည်နယ် အုပ်ချုပ်ရေးမှူးထံ အသနားခံ စာတစ်စောင် တင်သွင်းခဲ့သည်။ သို့သော် ပြည်နယ်အုပ်ချုပ်ရေးမှူးထံမှ နှစ်ပေါင်းများစွာ တုံ့ပြန်မှုမရခဲ့သဖြင့် နောက်ပိုင်းတွင် အိန္ဒိယဗဟိုတရားရုံးချုပ်ထံသို့ အာမခံလျှောက်ထားခဲ့သည်။

သို့ဖြင့် ယခုနှစ် မတ်လတွင် တရားရုံးချုပ်က ၎င်းသည် ထောင်ဒဏ် ကျခံနေစဉ်အတွင်း အကျင့်စာရိတ္တ ကောင်းမွန်ခြင်း၊ ထောင်ထဲတွင် ပညာရေးဆိုင်ရာ အရည်အချင်း တိုးတက်ခဲ့ခြင်းနှင့် ကျန်းမာရေး ချို့ယွင်းလာခြင်းတို့ကြောင့် အာမခံ ခွင့်ပြုပေး ခဲ့သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးထံ တင်သွင်းခဲ့သော အသနားခံစာကိုလည်း အိန္ဒိယသမ္မတ ရန်နက်ကိုဗင် ထံသို့ လွှဲပြောင်း ပေးပို့ခဲ့ကြောင်း တရားရုံးတွင် ကြားနာစစ်ဆေးခဲ့သည်။

မေလ ၁၈ ရက်တွင် တရားရုံးချုပ်က ယင်းအမှအား အပြီးအပြတ် စီရင်ချက်ချခဲ့ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းဖြင့် ပြန်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် တရားရုံးချုပ်အနေဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးထံမှ သမ္မတထံ လွှဲပြောင်းပေးသော အသနားခံစာကို ကိုးကားရန် အခွင့်အာဏာမရှိသဖြင့် ထောင်ဒဏ် ကျခံနေရသူ ပါရာရီဗာလန်၏ အသနားခံချက်ကို မတုံ့ပြန် နိုင်ခဲ့ကြောင်း ရှေ့နေက ရှင်းပြခဲ့သည်။

၁၉၉၁ ခုနှစ်တွင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည့် ရာဂျစ်ဂန္ဒီသည် လွတ်လပ်ပြီးစ အိန္ဒိယနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဂျဝါဟလာနေရူး၏ မြေးဖြစ်သည်။ မိခင်ဖြစ်သူမှာလည်း ဝန်ကြီးချုပ်ဟောင်း အင်ဒီရာဂန္ဒီဖြစ်ပြီး ၎င်းတို့မျိုးဆက်သည် အိန္ဒိယနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ်မျိုးဆက် (၃) ဆက်ဟူ၍ အထူးထင်ရှားခဲ့သည်။

Source: CNN

 

 

 

 

Share
Tweet
Share
Share
powered by social2s

ငြိမ်းချမ်းရေး ဆွေးနွေးရန် ဗိုလ်ချုပ်ကြီးယွက်စစ် နေပြည်တော်သွား

By CNI
CNI
Category: Watch TV
Hits: 720

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်ဇော်မင်းထွန်းကိုတွေ့ရစဉ်

RCSS နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မနက်ဖြန် တွေ့မည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 2102

CNI News

၂၀၂၂ ခုနှစ်၊ မေလ ၁၉

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)မှ ကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တို့ မေလ ၂၀ ရက်(မနက်ဖြန်) တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပမည်ဖြစ်ကြောင်း ယနေ့ (မေလ ၁၉ ရက်) (၁၄)ကြိမ်မြောက် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၎င်းက ပြောသွားခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မနက်ဖြန် စတင် ဆွေးနွေးပါမယ်၊ တစ်ဖွဲ့ချင်း ဆွေးနွေးမှာဖြစ်ပါ တယ်။ မနက်ဖြန် ပထမဦးဆုံး RCSS/SSA နဲ့ စဆွေးနွေးမည် ဖြစ်ပါတယ်။ ဒီနေ့ သူတို့ ရောက်နေပါပြီ။ ပြီးရင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၃ ဦးပါတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်ဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

၂၀၁၈ ခုနှစ်၊ဇူလိုင် ၁၂ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ RCSS အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးစိုင်းငင်း နှုတ်ဆက်နေစဉ်

RCSS နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံသည့်အခါ နံပါတ်တစ် EAO များ၏ လိုအင်ဆန္ဒ၊ နံပါတ်နှစ် နိုင်ငံ တော်အစိုးရက လိုလားချက်၊ နံပါတ်သုံး EAO များ လိုအင်ဆန္ဒနှင့် နိုင်ငံတော်အစိုးရ လိုလားချက် ညှိနှိုင်းခြင်း၊ နံပါတ် လေး နောင်အနာဂတ်တွင် မည်သည့် ကိစ္စများ လုပ်ကိုင်ဆောင်ရွက်မည်လဲ စသည့် အကြောင်းအရာများကို အခြေခံ ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့နောက် ၃ ရက်ခြား တစ်ခါ နောက်ထက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဆက်လက် ဆွေးနွေးသွားမည် ဖြစ် ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု RCSS ၊ NMSP၊ PNLO၊ DKBA၊ KNU/KNLA-PC၊ ALP၊ LDU၊ UWSA၊ NDAA၊ SSPP စသည့် လက်နက်ကိုင် အဖွဲ့အစည်းများ တက် ရောက်ကြမည် ဖြစ်သည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ထဲမှ ၃ ဖွဲ့သာ ဥက္ကဋ္ဌများ တက်ရောက်မည်ဖြစ်ပြီး ကျန်အဖွဲ့များက ဒုဥက္ကဋ္ဌ နှင့် တွဲဖက်အတွင်းရေးမှူးများသာ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဆိုမာလီယာသို့ အမေရိကန်တပ်များ ပြန်ချရေး ဘိုင်ဒန်အတည်ပြု

By CNI
CNI
Category: Watch TV
Hits: 683

Share
Tweet
Share
Share
powered by social2s

ဘောလ်တစ်ပင်လယ်ဆိုင်ရာကောင်စီမှ ရုရှားနုတ်ထွက်

By CNI
CNI
Category: Watch TV
Hits: 703

Share
Tweet
Share
Share
powered by social2s

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဥက္ကဋ္ဌအဆင့်ရှိသူများတက်ရေး ညှိနှိုင်းနေဟု ပြော

By CNI
CNI
Category: Watch TV
Hits: 702

Share
Tweet
Share
Share
powered by social2s

PDF များကို နိုင်ငံတကာမှ လက်နက်ထောက်ပံ့ရေး ဖြစ်နိုင်ခြေနည်းပါဟုပြော

By CNI
CNI
Category: Watch TV
Hits: 714

Share
Tweet
Share
Share
powered by social2s
အမေရိကန်သမ္မတ ဘိုင်ဒန်ကိုတွေ့ရစဉ်

ဘိုင်ဒန်နှင့် ဒီမိုကရက်တစ်များ တစ်ဆင့်ခံစစ်ပွဲသို့ ဦးတည်နေ

By CNI
CNI
Category: ဆောင်းပါး
Hits: 2754

CNI Article News

၂၀၂၂ ခုနှစ်၊ မေလ ၁၈

ယခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ပစ်ခတ်တိုက်ခိုက်မှု စတင်ကြောင်း ရုရှားစစ် ကြေညာပြီးကတည်းက ယူကရိန်းစစ်ပွဲကာလ ရက်သတ္တပတ် ၁၁ ပတ်အတွင်း ကိုယ့်ရှူးကိုယ်ပတ်နေခဲ့သော ဖြစ်စဉ်များ ရှိခဲ့ပါသည်။

ဤဆောင်းပါးတွင် ယူကရိန်းအကျပ်အတည်းသို့ သမ္မတ ဂျိုးဘိုင်ဒန် ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်းကို ပုံဖော်သည့် အင်အားစုကို ဆန်းစစ်ပြလိုပါသည်။ ထို့ပြင် ဘိုင်ဒန်၏ ဒီမိုကရက်တစ်ပါတီအတွင်း နိုင်ငံခြားရေးမူဝါဒ အခြေအတင် ဆွေးနွေးမှု အနေ အထား (သို့မဟုတ်) ယင်းတို့ကို ပိုင်းခြားဝေဖန် ပြလိုပါသည်။

ကလင်တန်၊ ဘုရှ်၊ အိုဘားမားနှင့် ထရမ့်အစိုးရများလက်ထက် ရာထူးအသီးသီးတွင် တာဝန်ထမ်းခဲ့ကြသော အမေရိကန် အဆင့်မြင့် စစ်ဘက်အရာရှိများ၊ ထောက်လှမ်းရေး သုံးသပ်သူများ၊ သံတမန်များနှင့် အေရှားတိုင်းမ်မီဒီယာတို့ မကြာသေးမီက တွေ့ဆုံမေးမြန်းခဲ့ပြီး သမ္မတဘိုင်ဒန်၏ မူဝါဒရေးရာ ရွေးချယ်စရာများကို အမြင်ချင်း ဖလှယ်ဖြစ်ခဲ့သည်။

လက်ရှိ ယူကရိန်း အကျပ်အတည်းမှာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဥရောပတိုက်တွင် အကြီးမားဆုံး အကျပ်အတည်း ဖြစ်လာသည်မှာ ငြင်း၍ မရပေ။

ပြီးခဲ့သည့်လ၌ ဘိုင်ဒန်အစိုးရသည် ရုရှားနိုင်ငံအပေါ် စစ်ရေးအရ သဘောထားတင်းမာသော ချဉ်းကပ်မှုတစ်ရပ် ချမှတ်ခဲ့သည် ကို မြင်တွေ့ရသည်။ အဆိုပါ ချဉ်းကပ်မှုမှာ ရုရှားအပေါ် ယူကရိန်း အောင်ပွဲခံနိုင်ရေးသည် တစ်ခုတည်းသော လက်ခံနိုင်စရာ ရလဒ်အဖြစ် ကြေညာခဲ့ခြင်း ဖြစ်သည်။

ရုရှားပညာရှင် ဒေါက်တာမက်သရူး ရိုဂျန်စကီ

ဘိုင်ဒန်သည် ယူကရိန်းမြေပေါ် အမေရိကန် စစ်ဖိနပ်ရာများ ရှိစေမည်မဟုတ်ဟု အများသိအောင် အာမခံချက်ပေးခဲ့သည်။ သို့သော်လည်း အငြိမ်းစားဗိုလ်ချုပ်ကြီး တယ်ရီဝုဖ် (Terry Wolff) ကို အသစ်ခန့်အပ်လျက် လက်ရှိ တာဝန်ထမ်းဆောင်ဆဲနှင့် ယခင် စစ်အရာရှိဟောင်းများ ပါဝင်ပြီး ဘိုင်ဒန်၏ အမျိုးသားလုံခြုံရေးကောင်စီက စစ်ရေးအကူအညီ ညှိနှိုင်းဆောင်ရွက် လျက်ရှိသည်။

ထို့ကြောင့် ယူကရိန်းအရေးတွင် အမေရိကန်တပ်ဖွဲ့ဝင်များ မြေပြင်တွင် အမှန်တကယ် ရှိနေကြောင်းမှာ ထင်ရှားပေါ်လွင် လာခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဟောင်း ကော်လင်းပါဝဲလ် လက်ထက်၌ အမေရိကန်စစ်တပ်တွင် တပ်မှူးတစ်ဦးဖြစ်ခဲ့သူ ဗိုလ်မှူးကြီး လောရင့်စ်ဝီကာဆင် (Lawrance Wikerson) ၏ ပြောကြားချက်အရ ယူကရိန်းတွင် ပဋိပက္ခကြာရှည် တည်ရှိနေအောင် ဘိုင်ဒန်အစိုးရက စီစဉ်နေကြောင်း သိရသည်။

“သူတို့က မော်စကိုမှာ အစိုးရအပြောင်းအလဲ ဖြစ်စေချင်တာကြောင့် ရုရှားမတည်မငြိမ် ရှိနေအောင် ရေရှည်ပဋိပက္ခကို လို လားနေကြတယ်။ ပြီးရင် တရုတ်ဘက်ကို လှည့်မယ်။ အဲဒါက သူတို့ရဲ့ ရေရှည် ပထဝီဝင် နိုင်ငံရေးဗျူဟာပဲ” ဟု ဝီကာဆင်က ပြောသည်။

ဘိုင်ဒန်နှင့်အနီးစပ်ဆုံး အမျိုးသားလုံခြုံရေး ထိပ်တန်း အရာရှိများအပေါ် လွှမ်းမိုးနေသော သဘောထားကို ဤနေရာတွင် အတန်ငယ် ဖော်ပြလိုပါသည်။

ဒီမိုကရက်တစ် လွှတ်တော် ဥက္ကဋ္ဌ Mr. Nancy Pelos

ဘိုင်ဒန်၏ သမ္မတသက်တမ်း အစတွင် ဝါရှင်တန်ရှိ ထောက်ခံသူများနှင့်ဝေဖန်ရေးသမားများထံ မက်ဆေ့ချ်တစ်ခု ကျယ်ကျယ် ပြန့်ပြန့် ပေးပို့ခဲ့သည်။ ထိုမက်ဆေ့ချ်မှာ သမရိုးကျ အတွေးအခေါ်များမှ လမ်းကြောင်း လွှဲစေမည့် အချင်းအရာများကို သည်းခံ နေမည် မဟုတ်ကြောင်းနှင့် အပြင်လူများ၏ အမြင်၊ ကျွမ်းကျင်မှုများကို ကြိုဆိုမည်မဟုတ်ကြောင်း သတင်းစကားပင် ဖြစ် လေသည်။

ထိုသို့ အနေအထားကို အများလေးစားကြသော ရုရှားပညာရှင် ဒေါက်တာမက်သရူး ရိုဂျန်စကီ၏ ဖြစ်စဉ်တွင် နမူနာအနေဖြင့် တွေ့နိုင်ပါသည်။ ရိုဂျန်စကီသည် အမေရိကန် လွှတ်တော်ရန်ပုံငွေဖြင့် တည်ထောင်ထားသော ကန်နန်းသိပ္ပံနှင့်တွဲဖက်လျက် ဝီလဆင်စင်တာ ပညာရှင်အဖွဲ့တွင် ဒါရိုက်တာအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူဖြစ်သည်။

ရိုဂျန်စကီသည် အမေရိကန်နှင့် ရုရှားနိုင်ငံရေး သိပ္ပံပညာရှင်များ၊ အစိုးရအရာရှိဟောင်းများအကြား အဆင့်နှစ်ဆင့် ဆွေးနွေး ပွဲများတွင် စိန်ခေါ်သူမရှိအောင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသူဖြစ်သည်။ သို့သော် ရိုဂျန်စကီကို ဘိုင်ဒန်၏ အမျိုးသားလုံခြုံရေး ကောင် စီ(NSC)တွင် ခန့်အပ်ရန် စဉ်းစားနေသည်ဟူသော သတင်း ပေါက်ကြားသွားသည့်အခါ ဒီမိုကရက်တစ် အမတ်များက သိမ်း ငှက်များပမာ ဝိုင်းဝန်းထိုးဆိတ်ကြတော့၏။ ယင်းသို့ ခန့်အပ်မည့်ကိစ္စကို ကဖျက်ယဖျက်ဖြင့် ခြေထိုးကြ၏။

ရိုဂျန်စကီသည် အာဏာရှိ အသိုင်းအဝိုင်း၏ ခပ်လှမ်းလှမ်းတွင် နေထိုင်ပြီး အမေရိကန်-ရုရှား ဆက်ဆံရေးအကြောင်း အာရုံစိုက် သုတေသနပြုနေသော အကျိုးအမြတ် မယူသည့်အဖွဲ့ ခေါင်းဆောင်အဖြစ်သာ ရှိနေသည်။

သို့သော် သူနှင့်ပတ်သက်၍ စိတ်ပူသည်က စီအိုင်အေဖြစ်သည်။ စီအိုင်အေညွှန်ကြားရေးမှူး ဝီလျံဘန်းစ်သည် ဘိုင်ဒန်အစိုးရ အဝန်းအဝိုင်းထဲတွင် ရုရှားနှင့်နီးစပ်သည်ဟု ယူဆသူတစ်ဦးတလေကိုမှ မထားလိုပေ။ ထိုအကြောင်းကို အေရှားတိုင်းမ်နှင့် စကားပြောခွင့်ရခဲ့သော အမေရိကန် အစိုးရအရာရှိများ၏ ပြောကြားချက်အရ သိရှိရခြင်း ဖြစ်သည်။

ရုရှား ကျူးကျော်မှုကို ခံနေရသည့် ယူကရိန်းနိုင်ငံ

သို့သော် အစိုးရတစ်ရပ်ထဲတွင် ရုရှားအရေး ကျွမ်းကျင်သူဦးရေ နည်းပါးနေပါက ဘိုင်ဒန်၏ နိုင်ငံခြားရေးမူဝါဒ ချမှတ်မှုများ တွင် ဒီမိုကရေတစ် နိုင်ငံခြားရေးမူဝါဒ အားသန်သူများ၊ သဘောထား ပျော့ပျောင်းပြီး အသာစီးရနေသော အစွန်းရောက် ဝါဒီ များနှင့် ဆက်နွှယ်နေသူများသာ ကျန်ရှိမည်ဖြစ်သည်။ ထိုသူများက ယူကရိန်းနှင့်စပ်လျဉ်း၍ အမေရိကန် မူဝါဒအပေါ် သက် ရောက်မှု ရှိကြသည်။

ဝါရှင်တန်ရှိ နိုင်ငံခြားရေးမူဝါဒ အခြေအတင် ဆွေးနွေးပွဲများတွင် ထဲထဲဝင်ဝင် ရှိနေဆဲဖြစ်သည့် ဘရောင်းတက္ကသိုလ်၊ ဝပ်ဆင် သိပ္ပံမှ အကြီးတန်း အရာရှိနှင့် သံတမန်ဟောင်း ချက်စ်ဖရီးမန်းက ဘိုင်ဒန်၏ မူဝါဒ အပြောင်းအလဲမှုကို အေရှားတိုင်းမ် သတင်းထောက်ကို အောက်ပါအတိုင်း ရှင်းပြခဲ့သည်။

“အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ (NSC)ရဲ့ အကြံပေးပုဂ္ဂိုလ် ဂျက်ဆူလီဗန်က အစိုးရအတွက် ရက်သတ္တ ၈ ပတ် အချိန်ယူပြီးတော့ တစ်ဆင့်ခံစစ်ပွဲ (proxy war) အတွက် ရည်ရွယ်ချက်တွေကို ရေးဆွဲပေးခဲ့ပါတယ်။ ရုရှားကျူးကျော်မှုကို အမေရိကန် တုံ့ပြန်တဲ့ အစပိုင်းမှာတော့ ဘိုင်ဒန်အစိုးရက ရုရှားတွေရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ရန်စမှုတွေကို အကန့်အသတ်နဲ့ သတိ ထားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ မော်စကိုဆီကနေ တိုက်ရိုက် လက်တုံ့ပြန်တာကို သတိမထားမိ၊ မမြင်မိတာတွေ ဖြစ်လာပါတယ်” ဟု ဖရီးမန်းက ရှင်းပြသည်။

“ယူကရိန်းမဟုတ်တဲ့ သတင်းရင်းမြစ်တွေကနေ ထွက်လာတဲ့ ဆန့်ကျင်ဘက် အချက်အလက်တွေကို အနောက်နိုင်ငံတွေမှာ တားဆီး ပိတ်ပင်ထားပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရ ယန္တရားထဲမှာ ကိုယ်ပိုင်ဝါဒဖြန့်မှု ပြန်ရှုရှိုက်နေရတဲ့အတွက်‌ လျှော့တွက်မိတဲ့အန္တရာယ် ပိုများလာခဲ့ပါတယ်” ဟု ဖရီးမန်းက ဆက်လက် ပြောကြားခဲ့သည်။

ဖရီးမန်း၏ သဘောထား မှတ်ချက်ကို စီအိုင်အေမှ ရုရှားအရေးသုတေသီ အကြီးအကဲဟောင်း ဂျော့ဘီးဘီကလည်း သဘောတူ သည်။ ဂျော့ဘီးဘီသည် တစ်ချိန်က ဒုတိယသမ္မတ ဒစ်ချေနီ၏ အမျိုးသားလုံခြုံရေး တာဝန်ယူခဲ့ဖူးသူ ထောက်လှမ်းရေး ဝါရင့် တစ်ဦး ဖြစ်သည်။

“အမေရိကန်နဲ့ နေတိုးတို့ဟာ အစားစားနေရင်းနဲ့ အစာစားချင်စိတ် ပိုပြီးများလာတဲ့ ဖြစ်စဉ်မျိုးနဲ့ ကြုံတွေ့ နေရတယ်လို့ ကျနော် ယူဆပါတယ်။ ယူကရိန်းနိုင်ငံသားတွေဟာ အမေရိကန်နဲ့ နေတိုး မျှော်လင့်ထားသလို အောင်ပွဲခံလိမ့်မယ်လို့ ကျနော် မထင်ဘူးဗျ” ဟု ၎င်းက ပြောသည်။

ယူကရိန်း စစ်သားများ လူထုကို ကယ်ဆယ်ရေးလုပ်နေစဉ်


“ဒါပေမယ့် ပူတင်ကတော့ ဒီကျူးကျော်မှု စတင်ချိန်မှာ အမေရိကန် မျှော်လင့်တာထက် ကျော်လွန်ပြီး စစ်မြေပြင်မှာ အောင်မြင်မှုရတယ်လို့ပဲ ကျနော်ထင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

“ယူကရိန်းကို ထောက်ခံဖို့ မလုံလောက်သေးဘူးလို့ ကွန်ဂရက်လွှတ်တော် အမတ်အများစု စိုးရိမ်နေကြပုံ ရပါတယ်။ ဒီနေရာ မှာ အင်မတန် အန္တရာယ်များတဲ့ အခြေအနေ တစ်ရပ်ကို ကျနော်တို့ အလွန်အကျွံ မလုပ်မိဖို့ လိုပါတယ်။ ဒါကြောင့် အခုဆို ပိုပြီး စွန့်စားလုပ်ဆောင်ရမယ့် အနေအထားရှိတယ်လို့ ပြောရတာ တရားမျှတတယ်လို့ ကျနော်ထင်ပါတယ်” ဟု ဂျော့ဘီးဘီ က ကောက်ချက်ချခဲ့သည်။

ဘိုင်ဒန်သည် မကြာသေးမီက ဥပဒေနှစ်ခုကို လက်မှတ်ရေးထိုးပေးခဲ့သည်။ ယင်းတို့မှာ ချေးငွေ အစီအစဉ်ကို ပြန်လည် အသက် သွင်းရန်နှင့် ၎င်းကို ယူကရိန်းတွင် ကျင့်သုံးရန် ဥပဒေပြဋ္ဌာန်းချက်အဖြစ် ဧပြီ ၂၈ ရက်က အောက်လွှတ်တော်တွင် ထောက်ခံမဲ ၄၁၇ မဲ၊ ကန့်ကွက်မဲ ၁၀ မဲဖြင့် အတည်ပြုခဲ့သည်။

အတိုက်အခံ ၁၀ မဲမှာ ရီပတ်ဘလီကန်များ ဖြစ်သည်။ နှစ်ပတ်အကြာတွင် အောက်လွှတ်တော်သည် ယူကရိန်းအတွက် ထောက်ပံ့ ကူညီမှု အစီအစဥ်ကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့သည်။ ဘိုင်ဒန်၏ ဒီမိုကရက်တစ်ပါတီမှ ကန့်ကွက်မဲ မရှိခဲ့ပေ။

စစ်ပွဲဆီသို့ ဘိုင်ဒန်၏ ချဉ်းကပ်မှုသည် ယခင်သမ္မတ အိုဘားမားနှင့် ကလင်တန်တို့ ကျင့်သုံးခဲ့သော ကြီးမားကျယ်ပြန့်သော နိုင်ငံစုံဝါဒကို ထင်ဟပ်စေကာ အခြေခံအားဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖော်ညွှန်းမှုကို လိုက်နာထားခြင်း ဖြစ်သည်။ မူဝါဒအားဖြင့် “လူသားချင်း စာနာထောက်ထားမှု ဝါဒ” နှင့် ကုလသမဂ္ဂ ကဲ့သို့သော နိုင်ငံပေါင်းစုံ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အရေးပါမှု ကို လက်ခံသည်။

သို့သော် ထိုသို့သော ချဉ်းကပ်မှုတွင် ဆိုးရွားသော အန္တရာယ်များ ရှိသည်။ ရုရှားကို အားနည်းစေပြီး ပူတင်ကို နာကျင်စေလို သည့် အယူအဆသည် အမေရိကန်အတွက် ကောင်းမွန်သည်ဟု ဂျော့ဘီးဘီက ပြောကြားခဲ့သည်။

“ကျနော်တို့ အကျိုးစီးပွား အမှန်တကယ် ထိခိုက်နိုင်မယ့် ဗျူဟာမြောက် အခြေအနေတွေကို ကျနော်တို့ တွန်းလှန်နိုင်ပါ တယ်။ ရုရှားရဲ့ သမားရိုးကျ စစ်ရေးအင်အား နည်းလာတာနဲ့အမျှ တဖက်က ကြီးထွားလာတဲ့ အန္တရာယ်ကတော့ နျူကလီး ယား လက်နက်တိုက်ကို ရုရှားထုတ်သုံးမယ့် ကိစ္စဗျ” ဟု ၎င်းက သုံးသပ်ပြခဲ့သည်။

ဖရီးမန်း၏ အကဲဖြတ်မှုသည် အထက်ပါ အတိုင်း ထပ်တူထပ်မျှဖြစ်သည်။
“အမေရိကန်၊ ကျနော်တို့ရဲ့ နေတိုးမဟာမိတ်တွေ၊ ယူကရိန်းနဲ့ ရုရှားတို့ဟာ အခုအချိန်မှာ ကာလရှည် ရန်လို မုန်းတီးမှုတွေနဲ့ ချောင်ပိတ် လှောင်မိနေပါတယ်။ ကက်ရှ်မီးယားက အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခလိုပဲ ယူကရိန်း အရှေ့ဘက်နဲ့ တောင်ပိုင်းရှိ ပဋိပက္ခတွေဟာ လာမယ့် ဆယ်စုနှစ်တွေအထိ စစ်ပွဲအနေနဲ့ ဆက်ရှိနေဦးမှာပါ။ ဒါဟာ လုံးဝ ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင် ဥရောပရဲ့ အရှေ့ဘက် နယ်နိမိတ်ထဲမှာ ရန်လိုမှု ဆက်ဖြစ်ပြီး နျူကလီးယား အပါအဝင် ရုရှားနဲ့ အမေရိကန်တို့ ကြားထဲမှာ တိုက်ရိုက် ပဋိပက္ခကို အရှိန်တက်လာလိမ့်မယ်” ဟု ဖရီးမန်းက ပြောကြားခဲ့သည်။

“ဝါရှင်တန်နဲ့ မော်စကိုဟာ လေးနက်တဲ့ သံတမန်အရေး ဆွေးနွေးမှု မရှိတာမို့ အခုလို အရှိန်တက်လာမှာကို ဘယ်လိုတားဆီး ရမယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး” ၎င်းက မှတ်ချက်ချခဲ့သည်။

Source: Asia Times

 

 

 

 

Share
Tweet
Share
Share
powered by social2s

CSTO အဖွဲ့တွင် ပြည်ပဖိအားများ တွန်းလှန်ရန် ဘယ်လာရုစ်တောင်းဆို

By CNI
CNI
Category: Watch TV
Hits: 696

Share
Tweet
Share
Share
powered by social2s

လေးကေ့ကော် တိုက်ပွဲရှောင်များ သောက်သုံးရေအခက်အခဲရှိ

By CNI
CNI
Category: Watch TV
Hits: 723

Share
Tweet
Share
Share
powered by social2s
  • 117
  • 118
  • 119
  • 120
  • 121
  • 122
  • 123
  • 124
  • 125
  • 126

Page 122 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar