- By CNI
- Category: Watch TV
- Hits: 723
- By CNI
- Category: Watch TV
- Hits: 917
- By CNI
- Category: Watch TV
- Hits: 841
- By CNI
- Category: Watch TV
- Hits: 733
- By CNI News
- Category: နိုင်ငံရေး
- Hits: 1156
CNI News
၂၀၂၂ ခုနှစ်၊ မေလ ၁၆
မွန်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဒေါက်တာအေးဇံ ရာထူးနှင့် လုပ်ပိုင်ခွင့်ကိုအသုံးပြု၍ စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးများ ရယူသုံးစွဲခဲ့မှုဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဒေါက်တာအေးဇံသည် ၂၀၁၈ ခုနှစ်မှ စတင်၍ သံလွင်မြစ်အတွင်း သဲများစုပ်ယူထုတ်လုပ်ခဲ့ရာတွင် လုပ်ငန်းရှင်များထံမှ စုစုပေါင်း ငွေကျပ် သိန်း ၅၆၉၀ ကျော်ကို လက်ခံရယူခဲ့ခြင်း၊ သဲသောင်တူးဖော်ရေးလုပ်ငန်းတွင် နိုင်ငံ တော် ဘဏ္ဍာရန်ပုံငွေ စာရင်းသို့ အမှန်တကယ် ပေးသွင်းရမည့် ဓာတ်သတ္တုခွန်အား လုပ်ပိုင်ခွင့်မရှိဘဲ လျော့နည်းပေးသွင်း ရန် ခွင့်ပြုခဲ့ခြင်းကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်မှရရှိမည့် ဘဏ္ဍာငွေ ကျပ်သိန်း ၁၃၂၀ ကျော် နစ်နာ ဆုံးရှုံးခဲ့ကြောင်း နစက-က ထုတ်ပြန်သွားသည်။
ထို့နောက် ကိုဗစ်-၁၉ ရန်ပုံငွေများမှ ငွေကျပ်သိန်း ၂၀၀ ကို ပုဂ္ဂိုလ်ရေးအရ အခြားသူတစ်ဦးသို့ ခေတ္တထုတ်ပေးခဲ့ပြီး ပြန်လည်ပေး ဆပ်မှုမရှိခြင်း၊ အခြားပုဂ္ဂိုလ်နှစ်ဦးသို့ ငွေကျပ် သိန်း ၆၅၀ ထုတ်ပေးခဲ့ပြီး ပြန်လည်ပေးဆပ်မှုမရှိခြင်းတို့သည် နိုင်ငံတော်၏ ငွေကြေးပိုင်ဆိုင်မှုကို နစ်နာဆုံးရှုံးစေခဲ့ခြင်း အပါအဝင် အဂတိလိုက်စားမှုများကို ကျူးလွန်ခဲ့ခြင်းကြောင့် ပုဒ်မ ၅၅ အရ မွန်ပြည်နယ်တရားလွှတ်တော်မှာ ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၇ ရက်တွင် ရာဇဝတ်ကြီးမှု အမှတ် ၁/၂၀၂၁ မှ ၉/၂၀၂၁ အထိ အမှု ၉ မှုဖြင့် တရားစွဲဆို စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမှု ၉ မှုအတွက် ပြစ်မှုထင်ရှားခြင်းကြောင့် ထောင်ဒဏ် ၂၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း နစက-က သတင်း ထုတ်ပြန်သွားခဲ့သည်။
- By CNI
- Category: Watch TV
- Hits: 723
- By CNI
- Category: Watch TV
- Hits: 696
- By CNI
- Category: Watch TV
- Hits: 697
- By CNI
- Category: Watch TV
- Hits: 674
- By CNI
- Category: Watch TV
- Hits: 663
Page 123 of 138
