CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

Spyware အရှုပ်တော်ပုံ၌ ဖုံးကွယ်စရာ ဘာမှမရှိဟု စပိန်အစိုးရပြော

By CNI
CNI
Category: Watch TV
Hits: 742

Share
Tweet
Share
Share
powered by social2s

ဗာဂျင်ကျွန်းစုဆန္ဒပြသူများက ဗြိတိန်တိုက်ရိုက်အုပ်ချုပ်ရေးကို ရှုတ်ချ

By CNI
CNI
Category: Watch TV
Hits: 712

Share
Tweet
Share
Share
powered by social2s

ဟစ်တလာသည် ဂျူးနွယ်ဖွားဟု ရုရှားပြောဆိုမှု ပြန်တောင်းပန်ရန် အစ္စရေးပြော

By CNI
CNI
Category: Watch TV
Hits: 715

Share
Tweet
Share
Share
powered by social2s

၁၂ နာရီနောက်ပိုင်း အရေးပေါ် ကျန်းမာရေးဖြစ်ပါက အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားရမည်

By CNI
CNI
Category: Watch TV
Hits: 827

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသို့ စစ်ရေးအကူအညီ ဒေါ်လာ ၃၇၅ သန်းထပ်ပေးရန် ဗြိတိန်ကတိပြု

By CNI
CNI
Category: Watch TV
Hits: 705

Share
Tweet
Share
Share
powered by social2s

နိုင်ငံတကာ သံခင်းတမန်ခင်း အားပြိုင်မှုမှာ နစက ရှုံးနိမ့်မှုကြုံတွေ့ဟုပြော

By CNI
CNI
Category: Watch TV
Hits: 751

Share
Tweet
Share
Share
powered by social2s

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် ဝန်ကြီးချုပ်ဟွန်ဆန် တောင်းဆို

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1702

CNI News

၂၀၂၂ ခုနှစ်၊ မေလ ၃

ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီး ချုပ် ဟွန်ဆန်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တိုက်တွန်း တောင်းဆိုခဲ့သည်။

ဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ မေလ ၂ ရက်နေ့က Video Conferencing ကနေ တွေ့ဆုံ ဆွေးနွေးခဲ့ကြရာမှာ အထက်ပါအတိုင်း တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဟွန်ဆန်က ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် မြန်မာနိုင်ငံ ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံးနှင့် တွေ့ဆုံ နိုင်ခွင့် ပေးရန်၊ တရားဥပဒေစိုးမိုးရေးအတွက် သွေးထွက်သံယိုမှုများကို အဆုံးသတ် ရပ်တန့်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထောက်ပြ တိုက်တွန်းခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မြန်မာနိုင်သို့ ထပ်မံ လာ ရောက်နိုင်ရေး ပူးပေါင်းဆောင် ရွက်နေမှု အခြေအနေများ၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အား အကောင်အထည် ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် တိုးတက်မှုရှိစေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အာဆီယံ နိုင်ငံ များအတွင်း အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်ရန်လိုအပ်သည့် အခြေ အနေများနှင့် မြန်မာနိုင်ငံအနေဖြင့် အကောင်ဆုံးဖြစ်အောင် ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့် အခြေအနေများ တို့ကို ပြန်လည် ဆွေးနွေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက်လည်း အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကြားဝင်ဆောင်ရွက်ပေးရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးခဲ့ရာ ဝန်ကြီးချုပ်ဟွန်ဆန်ကလည်း အင်အား အလွန်အကျွံသုံးမျိုးကို ရှောင်ရှားရန် ဆွေးနွေးခဲ့သည်။

အာဆီယံအထူးကိုယ်စားလှယ်သည် ဒုတိအကြိမ်အနေဖြင့် မြန်မာနိုင်ငံသို့ မေလထဲတွင် လာရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီး တရားစွဲဆို ခံနေရသည်။

 

Share
Tweet
Share
Share
powered by social2s

ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်အပေါ် PPST အထူးအစည်းအဝေးခေါ်မည်

By CNI
CNI
Category: Watch TV
Hits: 689

Share
Tweet
Share
Share
powered by social2s

ဖင်လန်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်ရန် သေချာလုနီးရှိဟု ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးပြော

By CNI
CNI
Category: Watch TV
Hits: 771

Share
Tweet
Share
Share
powered by social2s

အောင်ပွဲခံနေ့ သီးခြားသတ်မှတ်၍ ယူကရိန်းစစ်ဆင်ရေး အဆုံးသတ်မည်မဟုတ်ဟု ရုရှားပြော

By CNI
CNI
Category: Watch TV
Hits: 758

Share
Tweet
Share
Share
powered by social2s

ဒေါ်အောင်ဆန်းစုကြည်ကို တရားစီရင်မှု NUG ရှုတ်ချ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1388

CNI News
၂၀၂၂ ခုနှစ်၊ မေလ ၂

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနှင့်ဒေါ်လာများ ယူခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့် ဧပြီ ၂၇ ရက်နေ့က နေပြည်တော်အထူးတရားရုံးက ထောင် ၅ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

အဆိုပါ တရားစီရင်မှုအပေါ် ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ (မေလ ၂ ရက်) ထုတ်ပြန် ခဲ့သည်။

NUG က “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက မဟုတ်မမှန် တရားစွဲဆိုမှုတွင် စွပ်စွဲခံရသူဖက်မှ ခုခံချေပခွင့်လည်းမရှိ၊ အများ ပြည်သူရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ စီရင်ခြင်းလည်းမရှိ၊ အပြစ်ရှိ သည်ဟု ၅ မိနစ်အတွင်း ဆုံးဖြတ်ချက် ချမှတ်သော ဟန်ပြ တရားခွင်သည် အများပြည်သူ ယုံကြည်လက်ခံနိုင်မှုကို သော် လည်းကောင်း တရားမျှတမှုကိုသော် လည်းကောင်း ဆောင်ကြဉ်းနိုင်သည်မဟုတ်ပါ”ဟု ပြောသည်။

ထို့နောက် ယခုကဲ့သို့ ဝါဒဖြန့် ဟန်ပြ တရားခွင်သည် နစက(မူရင်း-စစ်ကောင်စီ)၏ သဘောထား ၂ ချက်ကို ပိုမို ပေါ်လွင် စေကြေငာ်း၊ ပထမတစ်ချက် ၎င်းတို့အနေဖြင့် မြန်မာပြည်သူများအပေါ် မလျော်ကန်စွာ သက်ရောက်စေသည့် တရားစီရင် ရေး အတုအယောင်ကို အရှက်သိက္ခာကင်းမဲ့စွာ အသုံးချရန် ဝန်မလေးခြင်းနှင့် ဒုတိယတစ်ချက်အနေဖြင့် ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်သူ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို ကြောက်ရွံ့နေသေးခြင်းတို့မှာ သိသာထင်ရှားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

Share
Tweet
Share
Share
powered by social2s

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦးကို ရာထူးက အနားပေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2047

CNI News
၂၀၂၂ ခုနှစ်၊ မေလ ၂

နစက၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးကို လက်ရှိ တာဝန်ယူထား သော ရာထူးကနေ အနားပေးလိုက်ကြောင်း နစက-က ယနေ့ (မေလ ၂ ရက်)ထုတ်ပြန်ခဲ့သည်။

ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန စသဖြင့် ဝန်ကြီးဌာန ၂ ခုခွဲ၍ ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဝန်ကြီးဌာန ၂ ခုကို ဦးသောင်းဟန်က ပူးတွဲတာဝန်ယူမည်ဖြစ်ကြောင်း၊ ဒေါက်တာအောင်ဇေယျက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးသန့်စင်က စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး အဖြစ် လည်းကောင်း အသီးသီး တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

 

Share
Tweet
Share
Share
powered by social2s
ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်

ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ကို ရဲချုပ်နှင့် ပြည်ထဲရေးဒုဝန်ကြီး တာဝန်ခံကနေ ပြောင်းရွှေ့

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2103

CNI News
၂၀၂၂ ခုနှစ်၊ မေလ ၂

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူထားသည့် ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ကို ပြောင်းရွှေ့ပြီး စစ်ဘက် မူလတာဝန်များကို ပြန်လည်ထမ်းဆောင်စေခဲ့ကြောင်း နစက-က ယနေ့ (မေလ ၂ ရက်)ထုတ်ပြန်ခဲ့သည်။

ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်၏ နေရာကို ဗိုလ်ချုပ်ဇင်မင်းထက်က ပြောင်းလဲတာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်းလည်း နစက-က ထုတ်ပြန်ခဲ့သည်။

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်က Video Conferencing ဖြင့် ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ

ဝန်ကြီးချုပ် ဟွန်ဆန်နှင့် နစကဥက္ကဋ္ဌ အွန်လိုင်းကနေ တွေ့ဆုံ ဆွေးနွေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1561

CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့ (မေလ ၂ ရက်)နံနက်ပိုင်းက Video Conferencing ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုတွင် အပစ်အခတ်ရပ်စဲရေးကြေညာချက်အပေါ် လိုက်နာဆောင်ရွက်နေမှု၊ တည်ဆဲဥပဒေချိုးဖောက်ထား သူများကို ဥပဒေအရအရေးယူ ဆောင်ရွက်နေသော်လည်း လူသားချင်းစာနာထောက်ထားမှုအရ လွတ်ငြိမ်းချမ်းသာခွင့်များ ပေးနေမှု၊ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် အပစ်အခတ်ရပ်စဲရေးကြေညာထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ဖိတ်ခေါ်၍ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ဆောင်ရွက်နေမှု စသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

နစကဥက္ကဋ္ဌက ဒေသတချို့တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုဖြစ်ရပ်များသည် NCA ကိုချိုးဖောက်လျက်ရှိပြီး ကျင့်ဝတ် များကို လိုက်နာမှုမရှိသည့် EAO များမှ အရင်းခံ၍ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင်များ ပါဝင်လာရေးအစိုးရမှ တစ်စိုက်မတ်မတ် ကတိကဝတ်ထားရှိ ဆောင်ရွက်နေမှု၊ ပြည်သူ များအားလုံး လိုလားတောင့်တသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေး ကို ဆောင်ရွက်သွားမည့် အခြေအနေများ ဝန်ကြီးချုပ်ဟွန်ဆန်အား ချပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်က  Video Conferencing ဖြင့် ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ

ထို့နောက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မြန်မာနိုင်သို့ ထပ်မံလာရောက်နိုင်ရေး ပူးပေါင်းဆောင် ရွက်နေမှု အခြေအနေများ၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအ နေများနှင့် တိုးတက်မှုရှိစေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု နစကဘက်က ထုတ်ပြန်ခဲ့သည်။

အလားတူ အာဆီယံနိုင်ငံများအတွင်း အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်ရန်လိုအပ် သည့် အခြေအနေများနှင့် မြန်မာနိုင်ငံအနေဖြင့် အကောင်ဆုံးဖြစ်အောင် ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့် အခြေ အနေ များကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဝန်ကြီးချုပ် ဟွန်ဆန်တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ် ဟွန်ဆန်က အာဆီယံ ဘုံသဘောတူညီချက် (၅)ချက်ကို အကောင်အထည်ဖော်ရန် တိုက်တွန်းထားသည်။

ဝန်ကြီးချုပ် ဟွန်ဆန်သည့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ယခုနှစ်(၂၀၂၂ ခုနှစ်)တွင် တာဝန်ယူစဉ် ဇန်နဝါရီ ၇ ရက်နေ့က မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိလာခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြ သေး သည်။

ထို့နောက် ၂၀၂၂ ခုနှစ်၊  ဇန်နဝါရီ ၂၆ ရက်က Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

 

Share
Tweet
Share
Share
powered by social2s
ဂီနိအာဏာသိမ်းခေါင်းဆောင်(Reuters)

ဂီနိအရပ်သားအစိုးရ အသွင်ကူးပြောင်းရေး ၃ နှစ်ကြာမည်ဟု စစ်ခေါင်းဆောင်ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2716

CNI International News

ကွန်နကရီ၊ မေလ ၁

အာဖရိကတိုက်အနောက်ပိုင်း၊ ဂီနိနိုင်ငံတွင် လက်ရှိအုပ်ချုပ်နေသည့် စစ်ဗိုလ်ချုပ်များက အရပ်သားအစိုးရ အသွင်ကူးပြောင်း ရေးကာလ ၃ နှစ်ကျော်ကြာနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ရာ ယမန်နှစ်က အာဏာသိမ်းပြီးနောက် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အမိန့်ကို အမြန်ဆုံး ပြန်လည်စတင်ရန် တောင်းဆိုခဲ့ကြသည့် နိုင်ငံရေးအစုအဖွဲ့များကို စိတ်ပျက်စရာ ကောင်း စေသည့် ကြေညာချက် ဖြစ်လာခဲ့သည်။

ယမန်နှစ် စက်တင်ဘာလတွင် အာဏာရယူခဲ့သော စစ်အစိုးရအကြီးအကဲ ဗိုလ်မှူးကြီး မာမာဒီဒူယမ်ဘွယ်ယာက ၃၉ လကြာ မြင့်မည့် နိုင်ငံရေးဆွေးနွေးပွဲများ အပြီးသတ်နိုင်သည့် အချိန်ဇယားကို ပထမဆုံးအကြိမ်အဖြစ် နိုင်ငံပိုင်ရုပ်သံလိုင်းမှ ဧပြီ ၃၀ ရက် နှောင်းပိုင်းတွင် ကြေညာခဲ့သည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် မာမာဒီဒူယမ်ဘွယ်ယာ ဦးဆောင်သည့် စစ်တပ် ခေါင်းဆောင်များသည် ဆင်းရဲနွမ်းပါးသော ပြင်သစ်ကိုလိုနီဟောင်း ဂီနိနိုင်ငံရှိ ရွေးကောက်ခံသမ္မတ အယ်လ်ဇာကွန်ဒီကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သည်။

အသက် ၈၄ နှစ် ရှိပြီဖြစ်သည့် သမ္မတဟောင်း ကွန်ဒီသည် ၂၀၂၀ ပြည့်နှစ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်စေလျက် အတိုက်အခံများကို ထိရောက်စွာ စည်းရုံးဆွဲဆောင်နိုင်ခဲ့သည်။

အနောက်အာဖရိကနိုင်ငံများ စီးပွားရေးဆိုင်ရာအဖွဲ့ (ECOWAS)သည် လက်ခံနိုင်စရာ အသွင်ကူးပြောင်းရေးကာလ အချိန် ဇယား (သို့မဟုတ်) စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများအတွက် ဂီနိစစ်အစိုးရထံမှ အဖြေစောင့်မည့် နောက်ဆုံးရက်အဖြစ် ယခင်သီတင်းပတ် ဧပြီ ၂၅ ရက်ကို သတ်မှတ်ပေးခဲ့သည်။

ဂီနိအာဏာသိမ်း စစ်တပ်သည် နောက်ဆုံး သတ်မှတ်ရက်ကို ကျော်လွန်ခွင့် ပြုရန်နှင့် ညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင် နိုင်ရေးအတွက် အချိန်တိုးမြှင့်ပေးရန် ECOWAS ကို တောင်းဆိုခဲ့သည်။

စစ်အာဏာသိမ်းမှု ခံခဲ့ရသော ဂီနိနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု သက်တမ်းတိုး ခြိမ်းခြောက်နိုင်ရန်အတွက် လက်ခံနိုင်စရာ အချိန်ဇယားတစ်ခုကို ECOWAS က တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း မာလီ၊ ဘာကီနာဖာဆိုနှင့် ဂီနိနိုင်ငံတို့တွင် စစ်ခေါင်းဆောင်များက အာဏာလုယူခဲ့ကြသဖြင့် အနောက်အာဖရိကဒေသတွင်း၌ အာဏာသိမ်းမှု အနှောင်အဖွဲ့ကြောင့် နာမည်ပျက်ခဲ့ရပြီး ဒီမိုကရေစီလမ်း နောက်ကြောင်း ပြန်လှည့်အရေး စိုးရိမ်မှုများ တိုးလာခဲ့ရသည်။

Source: Aljazeera

 

Share
Tweet
Share
Share
powered by social2s

ပူတင်နှင့်ဇာလန်းစကီးကို G20 အစည်းအဝေးသို့ အင်ဒိုနီးရှားဖိတ်ကြား

By CNI
CNI
Category: Watch TV
Hits: 735

Share
Tweet
Share
Share
powered by social2s
  • 122
  • 123
  • 124
  • 125
  • 126
  • 127
  • 128
  • 129
  • 130
  • 131

Page 127 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar