CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ဒီမိုကရီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဗမာပြည်နယ် လိုအပ်လား

By CNI
CNI
Category: Watch TV
Hits: 663

Share
Tweet
Share
Share
powered by social2s

ဖက်ဒရယ်အရေး လေးစားရသည့် ခွန်ထွန်းဦး ကွယ်လွန်ခြင်း ဝမ်းနည်းဟု NUG ထုတ်ပြန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 2336

CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀

ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေးနှင့် တိုင်းရင်းသားအားလုံး လေးစားရသော ခေါင်ဆောင်ကြီး ခွန်ထွန်းဦး ကွယ်လွန်ခြင်း မိသားစုနှင့်အတူ ဝမ်းနည်းပူဆွေးရပါသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဝဏ်လွှာပေးပို့ခဲ့ သည်။

NUG က ခွန်ထွန်းဦးသည် ၁၉၈၈ ခုနှစ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်ကာ ပါတီဥက္ကဋ္ဌ အဖြစ် နှစ်ပေါင်း ၃၀ ကျော် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသည့် စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်၏ နာယကကြီးလည်းဖြစ်ကာ တိုင်းပြည်၏ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေးနှင့် တိုင်းရင်းသားအားလုံး လေးစားရသော ခေါင်းဆောင်ကြီးဖြစ်သည်ဟု သဝဏ်လွှာမှာ ဖော်ပြထားသည်။

ထို့နောက် တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံကာ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ခေါင်းဆောင်ကြီး ခွန်ထွန်းဦး ကောင်းရာသုဂတိ လားပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်ဟု NUG က ပြောသည်။

ခွန်ထွန်းဦးသည် ယနေ့ (ဧပြီ ၃၀ ရက်) ရန်ကုန်မြို့ရှိ နေအိမ်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ်ရှိပြီ ဖြစ်သည်။
ရှမ်းပြည်နိုင်ငံရေးကို ဆောင်ရွက်ခဲ့ခြင်းကြောင့် ခွန်ထွန်းဦးကို ထောင်ဒဏ် နှစ်ပေါင်း ၉၀ ကျော် ချမှတ်ခံခဲ့ရပြီးနောက် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွှတ်မြောက်ခဲ့သည်။

Share
Tweet
Share
Share
powered by social2s
ယူကရိန်းပြည်သူများ (AP)

မာရီယူပေါလ်မြို့မှ အရပ်သားများ ဘေးလွတ်ရာရွှေ့ရေး UN ကြားဝင်ဆောင်ရွက်ပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1154

CNI International News

ကိယက်ဗ်၊ ဧပြီ ၃၀

ယူကရိန်းနိုင်ငံ၊ မာရီယူပေါလ်မြို့ရှိ အပျက်အစီးများကြားထဲမှ အရပ်သားများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရေးအတွက် ဧပြီ ၂၉ ရက်တွင် ကုလသမဂ္ဂ (UN)က ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ယူကရိန်းနိုင်ငံသို့ UN အကြီးအကဲ ဂူတာရက်စ် ရောက်ရှိလာချိန်၌ပင် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးအပေါ် မထီမဲ့မြင်ပြု၍ ရုရှားတို့က ကိယက်ဗ်မြို့တော်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းအစိုးရက စွပ်စွဲခဲ့သည်။

ယူကရိန်းနိုင်ငံ၏တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သည့် မာရီယူပေါလ်၏ နောက်ဆုံး အမာခံနေရာ ဖြစ်လာသော သံမဏိစက်ရုံ အတွင်း အခြေအနေ ဆိုးရွားနေပြီး ပိတ်မိနေသော ယူကရိန်းပြည်သူများကို ကယ်တင်ရန် တောင်းဆိုနေကြကြောင်း မာရီယူပေါလ်မြို့တော်ဝန်က ပြောကြားခဲ့သည်။

ကရင်မလင်သည် ယူကရိန်းပိုင်နက်ဖြစ်သည့် ဒွန်ဘတ်စ်ဒေသ စက်မှုဇုန်ကို သိမ်းပိုက်ရန် အပြင်းအထန် အားထုတ်နေသော် လည်း နိုင်ငံ၏အရှေ့ခြမ်းနှင့် တောင်ဘက်ခြမ်းတို့၌ ရုရှားတပ်များ၏ လှုပ်ရှားမှုများကို ယူကရိန်းတပ်များက တားဆီးဟန့်တား နေခဲ့ ကြသည်။

လုံခြုံရာသို့ ပြောင်းရွှေ့နေသော ယူကရိန်းပြည်သူများ(AP)

တချို့မြို့များတွင် လက်နက်ကြီး ထိမှန်သံများ၊ အန္တရာယ်သတိပေး ဥဩဆွဲသံများ၊ ပေါက်ကွဲများ ကြားနေရဆဲ ဖြစ်သည်။
ယူကရိန်းဘက်မှ ခုခံမှု အင်အားကောင်းသဖြင့် ရုရှား၏ထိုးစစ်မှာ စီစဉ်ထားသည်ထက် များစွာနှေးကွေးနေကြောင်း အမေရိကန် ကာကွယ်ရေးဌာန အကြီးတန်းအရာရှိတစ်ဦးက မှတ်ချက်ချခဲ့သည်။

ယခုရက်သတ္တပတ်အတွင်း ထူးခြားဖြစ်စဉ်အချို့မှာ -
(၁) ယူကရိန်းတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေသည့် အမေရိကန် မရိန်းတပ်သားဟောင်းတစ်ဦး သေဆုံးခဲ့ကြောင်း ၎င်း၏ မိသားစုက ပြောကြားခဲ့သည်။ စစ်ပွဲအတွင်း အမေရိကန်တစ်ဦး ပထမဆုံး သေဆုံးမှုအဖြစ် ယခုစစ်ပွဲအတွင်း သိသာထင်ရှား သည့်ကိစ္စ ဖြစ်လာနိုင်သော်လည်း ထိုသတင်းကို အမေရိကန် တာဝန်ရှိသူများက အတည်မပြုခဲ့ပေ။

ပျက်စီးနေသော အဆောက်အဦကို ရှင်းလင်းနေစဉ်(AP)

(၂) ရုရှားတပ်ဖွဲ့ဝင်များကို ကူညီသည်ဟု စွပ်စွဲခံရသူများကို ယူကရိန်းက နှိမ်နင်းလျက်ရှိနေသည်။ ခါကိဗ်ဒေသ တစ်ခုတည်း တွင် မော်စကို စတင်ကျူးကျော်ခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နောက်ပိုင်း ပြဋ္ဌာန်းခဲ့သော ယူကရိန်းဥပဒေများအရ လူပေါင်း ၄၀၀ ကျော်နီးပါးကို ရာဇဝတ်ပုဒ်များဖြင့် အရေးယူ ဖမ်းဆီးထားခဲ့သည်။

(၃) စစ်ပွဲကို အကြောင်းပြု၍ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများက ရုရှားနိုင်ငံကို ဖိစီးနေခဲ့ရာ နိုင်ငံ၏စီးပွားရေးမှာ ယခုနှစ် အတွင်း ၁၀ ရာခိုင်နှုန်းအထိ ကျုံ့ဝင်သွားနိုင်ဖွယ် ရှိနေသည်ဟု မော်စကိုမြို့ရှိ ဗဟိုဘဏ်က ပြောကြားခဲ့သည်။

(၄) ဧပြီ ၂၈ ရက်တွင် ရုရှားတပ်ဖွဲ့များသည် ကိယက်ဗ်မြို့တော်ရှိ လူနေ အထပ်မြင့် တိုက်ခန်းများနှင့် တခြား အဆောက်အအုံ တို့ကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ ယခုလအစောပိုင်း ရုရှားတပ်များ ပြန်ဆုတ်ပြီးချိန်မှစ၍ တိတ်ဆိတ် ငြိမ်သက်နေခဲ့သော ယင်းမြို့တော်တခွင် ပထမဆုံးအကြိမ် တဖန်ပေါက်ကွဲသံများ ကြားလာခဲ့ရသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဖက်ဒရယ်သွားမည့် လက်နက်ကိုင်အချင်းချင်း မတိုက်ခိုက်ချင်ဟု SNA ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2173
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀
 
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဘုံရည်မှန်းချက်တူသည့် လက်နက်ကိုင်အဖွဲ့ အချင်းချင်း တိုက်ခိုက်မှု မဖြစ်စေချင် ကြောင်း ရှမ်းနီအမျိုးသားများတပ်မတော်(SNA) ပြောရေးဆိုခွင့်ရှိသူ စိုင်းအောင်မိန်းက CNI သတင်းဌာနသို့ ပြောသည်။
 
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် အခြေစိုက် ဖောင်းပြင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၏ အုပ်ချုပ်မှုနယ်မြေတွင် အခွန်ကောက်ခံခြင်း မလုပ်ရန် ဧပြီ ၂၆ ရက်က ထုတ်ပြန်ခဲ့သည်။ထို့နောက် အဆိုပါ လှုပ်ရှားနယ်မြေတွင်ရှိသည့် SNA နှင့် ထိတွေ့လာမည်ကို စိုးရိမ်မှုများရှိခဲ့သည်။
 
ရှမ်းနီ​ဒေသထံသို့ လာရောက် လှုပ်ရှားသည့် အဖွဲ့များအနေနှင့်လည်း ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်များနှင့် သင့်တင့်မျှတအောင် လှုပ်ရှားရန်လိုကြောင်း SNA ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းအောင်မိန်းက ပြောသည်။
 
 
စိုင်းအောင်မိန်းက “ကေအိုင်အေက PDF တွေကို သင်တန်းပေးပြီးတော့မှ နယ်မြေတိုးချဲ့လာတဲ့ အနေအထားအရ သူတို့ အနေနဲ့ ပြောရင်တော့ PDF တွေ တိုက်တာပဲပေါ့၊ ဒါပေမယ်လို့ ကေအိုင်အေက နောက်ကွယ်မှာ ပါနေတယ်ဆိုတာ ကျနော်တို့ သုံးသပ်မိပါတယ်၊ စွပ်စွဲတာတော့ မဟုတ်ဘူး သုံးသပ်မိပါတယ်၊ တိုင်းရင်းသား လက်နက်ကိုင် တပ်အချင်းချင်း ပြဿနာ မဖြစ် တာ အကောင်းဆုံးပဲလို့ ကျနော်တို့အနေနဲ့ ပြောချင်တယ်ဗျ၊ စစ်ကောင်စီကို တိုက်နေတဲ့ PDF တွေ အနေနဲ့လည်း တိုင်းရင်း သား လက်နက်ကိုင်တွေနဲ့ သင့်တင့်မျှတအောင် နေထိုင်သွားလာ လှုပ်ရှားနိုင်ရင်တော့ အကောင်းဆုံးပဲလို့ ကျနော်တို့ အနေနဲ့ မြင်တယ်ပေါ့နော်၊ ဒါမျိုးပဲ ဖြစ်စေချင်တယ်၊ ဘာကြောင့်လဲဆိုတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ဘုံရည် မှန်းချက်က တူနေတာကိုး၊ ဘုံရည်မှန်းချက် တူနေတဲ့အခါ ဖက်ဒရယ်လမ်းစဉ်အရဆိုရင် ကျနော်တို့ လက်နက်ကိုင်တပ်တွေ အချင်းချင်းက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်တာမျိုး မဖြစ်စေချင်ဘူးပေါ့ဗျာ” ဟု ပြောသည်။
 
ထို့နောက် SNA သည် လက်ရှိ နိုင်ငံရေး အကျပ်အတည်းကာလတွင် ဒေသတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်း ဆောင်ရွက် ရန် ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။
 
 
စိုင်းအောင်မိန်းက “နိုင်ငံရေး အကျပ်အတည်းကာလမှာ ကိုယ့်ဒေသကိုယ် တည်ငြိမ်အေးချမ်းအောင် တည်ငြိမ်အေးချမ်းတဲ့ ဒေသတစ်ခု ဖြစ်အောင်ပဲ ထိန်းသိမ်းပြီး ဆောင်ရွက်သွားဖို့ လောလောဆယ် ရည်မှန်းချက်ထားပါတယ်၊ ဘာလို့လဲဆိုတော့ လက်ရှိ နိုင်ငံရေးပြဿနာက တော်တော်လေးကို ပြောရခက်တဲ့ အနေအထားမှာ ရှိနေတဲ့ အခါကျတော့ ဒါကို ကျနော်တို့က ကိုယ့်ဒေသကို တည်ငြိမ်အေးချမ်းအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်သွားဖို့ပဲ ရည်မှန်းထားတယ် လောလောဆယ်ပေါ့ နော်” ဟု ပြောသည်။
 
တော်လှန်ရေးကာလ မူ(၅)ချက် ချမှတ်ထားကြောင်း၊ ရှမ်းနီပြည်နယ်ရရှိရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ် ထွန်းလာရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ မြန်မာပြည်မြောက်ပိုင်း ဒေသရှိ ပြည်သူလူထုတစ်ရပ်လုံး ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ ရှမ်းမျိုးနွယ်စုအားလုံး စည်းလုံးညီညွတ်ရေး စသည့် မူငါးချက်ကို ချမှတ်ထားကြောင်း SNA ထံမှ သိရသည်။
 
ဖောင်းပြင်(PDF)က ဖောင်းပြင်မြို့နယ်သည် NUG ၏ အခွန်အကောက် နယ်မြေဖြစ်ကြောင်းနှင့် NUG ကသာလျှင် ဥပဒေနှင့် အညီ အခွန် ကောက်ခံပိုင်ခွင့်ရှိကြောင်း၊ ပြည်သူနှင့် သဟဇာတ မဖြစ်သော မည်သည့် ကောက်ခံမှုမျိုးကိုမဆို ပြည်သူတို့၏ အကျိုးစီးပွား အလို့ငှာ ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
 
 
အဆိုပါ ထုတ်ပြန်မှုအပေါ် ပြည်တွင်း/ပြည်ပ ရှမ်းအဖွဲ့အစည်းများက ကန့်ကွက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
 
NUG ၏ လက်နက်ကိုင် တပ်တစ်ခုဖြစ်သည့် ဖောင်းပြင် PDF သည် မီဒီယာအသာစီး ရမှုအားကိုယူ၍ SNA အား တပ်မတော် (စစ်အုပ်စု)နှင့် ပူးပေါင်းနေသယောင်ဖြင့် ပြည်သူလူထု အထင်အမြင် လွဲမှားစေမည့် အသုံးအနှုန်းများ ပါဝင်သည့် ကြေညာ ချက်အား ထုတ်ပြန်ခဲ့ခြင်းအပေါ် မိမိတို့အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။
 
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြိုနယ်၊ ခန္တီးမြို့နယ်၊ ပင်လယ်ဘူး-ဖောင်း ပြင် ဒေသအပြင် အိန္ဒိယနယ်စပ်တစ်လျှောက်နှင့် ကချင်ပြည်နယ်တို့တွင် လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
 
 
Share
Tweet
Share
Share
powered by social2s

တရုတ်ကို ခြိမ်းခြောက်မှုအဖြစ် အမေရိကန်နိုင်ငံသားများ မြင်လာဟုဆို

By CNI
CNI
Category: Watch TV
Hits: 739

Share
Tweet
Share
Share
powered by social2s

ရုရှားနှင့်စစ်ဖြစ်နေသည့် ယူကရိန်းကို နေတိုးက ရေရှည်ထောက်ခံသွားမည်

By CNI
CNI
Category: Watch TV
Hits: 716

Share
Tweet
Share
Share
powered by social2s

ပြည်ထောင်စုအရေး တိုင်းရင်းသားများသာမက ဗမာအချင်းချင်းပါ ဆွေးနွေးရန်လိုအပ်

By CNI
CNI
Category: Watch TV
Hits: 731

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယားစစ်တပ် အင်အားမြှင့်ရန် ကင်မ်ဂျုံအန်း တိုက်တွန်း

By CNI
CNI
Category: Watch TV
Hits: 716

Share
Tweet
Share
Share
powered by social2s

နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်မှာ တိုက်ခိုက်မှုထက် ကောင်းမွန်ဟုပြော

By CNI
CNI
Category: Watch TV
Hits: 741

Share
Tweet
Share
Share
powered by social2s

မဟာဗျူဟာမြောက်ခြိမ်းခြောက်မှုများကို ချက်ချင်းတုံ့ပြန်မည်ဟု ပူတင်ပြော

By CNI
CNI
Category: Watch TV
Hits: 707

Share
Tweet
Share
Share
powered by social2s

ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပြီး ဆွေးနွေးရေးလမ်းကြောင်း ဖွင့်ပေးသင့်ဟုဆို

By CNI
CNI
Category: Watch TV
Hits: 728

Share
Tweet
Share
Share
powered by social2s
ဓာတ်ပုံ- ကျောင်းသားလက်ရုံးတပ်တော်(SAF)

ကျောင်းသားလက်ရုံးတပ်တော် တစ်နှစ်ပြည့်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1733

CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၈

ကျောင်းသားလက်ရုံးတပ်တော်(SAF) တည်ထောင်ခြင်း တစ်နှစ်ပြည့် (တပ်တော်နေ့) အခမ်းအနားကို ဧပြီ ၂၇ ရက်က ကျင်းပခဲ့ကြောင်း ယနေ့(ဧပြီ ၂၈ ရက်)ထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်ရေးပြခြင်း၊ မဟာမိတ်များမှ သဝဏ်လွှာများဖတ်ကြားခြင်း၊ တပ်တော်ဘောလုံးပွဲ ဗိုလ်လုပွဲကျင်းပခြင်း၊ Show Debate အစီအစဥ်၊ ဆုပေးပွဲအစီအစဥ်များနှင့် ညစာစားပွဲ အစီအစဥ် တို့ဖြင့် ကျင်းပခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော်(SAF)က ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- ကျောင်းသားလက်ရုံးတပ်တော်(SAF)

ဓာတ်ပုံ- ကျောင်းသားလက်ရုံးတပ်တော်(SAF)

ဓာတ်ပုံ- ကျောင်းသားလက်ရုံးတပ်တော်(SAF)

ဓာတ်ပုံ- ကျောင်းသားလက်ရုံးတပ်တော်(SAF)

 

Share
Tweet
Share
Share
powered by social2s

UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ ရွေးချယ်မှုနဲ့ ရှေ့လုပ်ငန်းစဉ် စိန်ခေါ်မှုများ

By CNI
CNI
Category: Watch TV
Hits: 881

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယားနှင့်တရုတ်အရေးဆွေးနွေးရန် မေလ၌ အာရှခရီးစဉ် ဘိုင်ဒန် စတင်မည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1595

CNI International News

ဝါရှင်တန်၊ ဧပြီ ၂၈

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ယမန်နှစ် အာဏာရပြီးနောက်ပိုင်း လာမည့်မေလ၌ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သို့ ၎င်း၏ပထမဆုံးခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ပြီး တရုတ်နှင့်မြောက်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုကြီးထွားလာခြင်းအပေါ် မဟာမိတ်များနှင့် တိုင်ပင်ဆွေးနွေးသွားရန်စီစဉ်ထားသည်ဟု အေပီ သတင်းအရ သိရသည်။

ဘိုင်ဒန်၏ခရီးစဉ်မှာ မေလ ၂၀ ရက်မှ ၂၄ ရက်အထိဖြစ်ကြောင်း အိမ်ဖြူတော်သတင်းပြန်ကြားရေးတာဝန်ခံ ဂျန်ဆာကီ (Jen Psaki) က ကြေညာခဲ့သည်။ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် မဟာမိတ် နှစ်နိုင်ငံစလုံး အနေဖြင့် အမေရိကန်စစ်အင်အားကို လက်ခံခင်းကျင်းလိုကြသည်။

မြောက်ကိုရီးယားက ၎င်း၏နျူကလီးယားဒုံးကျည်စမ်းသပ်မှု အရှိန်မြှင့်လုပ်ဆောင်နေချိန်၊ တရုတ်က ဒေသတွင်း ပိုမိုခိုင်မာအားကောင်းလာချိန်နှင့် တိုက်ဆိုင်လျက် ယခုခရီးစဉ်ကိစ္စ စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဘိုင်ဒန်သည် ကိုရီးယားသမ္မတနိုင်ငံ(တောင်ကိုရီးယား၏တရားဝင်အမည်)မှ အသစ်ရွေးကောက်ခံ သမ္မတ ယွန်ဆော့ရွဲ၊ ဂျပန်ဝန်ကြီးချုပ်သစ် ကီရှီဒါဖူမီယိုတို့နှင့် သီးခြားစီ တွေ့ဆုံသွားမည်ဟု ဂျန်ဆာကီက သတင်း ထောက်များကို ပြောကြားခဲ့သည်။

တိုကျိုမြို့တော်တွင် ဘိုင်ဒန်သည် ဩစတြေးလျ၊ ဂျပန်၊ အိန္ဒိယတို့ ပါဝင်ကြသည့် Quad ဟုခေါ်သော အဖွဲ့နှင့် တွေ့ဆုံမည်ဖြစ်သည်။ ထိုအဖွဲ့သည် အင်ဒို-ပစိဖိတ်ဒေသတွင်း တရုတ်နိုင်ငံကို ထိန်းရန်အတွက် ပိုမို အားကောင်း သည့် မိတ်ဖက်နိုင်ငံများအနေဖြင့် ထူထောင်ထားခြင်းဖြစ်သည်။

အဆိုပါအာရှခရီးစဉ်သည် ဘိုင်ဒန်၏ စတုတ္ထမြောက် နိုင်ငံခြားခရီးစဉ်လည်းဖြစ်သည်။
ဘိုင်ဒန်သည် ယူကရိန်းသို့ ရုရှားကျူးကျော်ပြီးနောက် မတ်လထဲ၌ အရှေ့ဥရောပဒေသရှိ ပိုလန်နှင့် ဘယ်လ်ဂျီယံ နိုင်ငံများသို့ သွားရောက်ခဲ့သည်။

Source: AP

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယားနှင့်တရုတ်အရေးဆွေးနွေးရန် မေလ၌ အာရှခရီးစဉ် ဘိုင်ဒန် စတင်မည်

By CNI
CNI
Category: Watch TV
Hits: 691

Share
Tweet
Share
Share
powered by social2s

ရုရှား-ဂျူး ဘီလျံနာကို ပိတ်ဆို့မှု အစ္စရေးအဖွဲ့အစည်းများကိုပါ ထိခိုက်စေ

By CNI
CNI
Category: Watch TV
Hits: 658

Share
Tweet
Share
Share
powered by social2s
  • 123
  • 124
  • 125
  • 126
  • 127
  • 128
  • 129
  • 130
  • 131
  • 132

Page 128 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar