CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ကမ်မယ်လာဟားရစ်၊ မက်ဇူကာဘတ်တို့ကို ရုရှားဒဏ်ခတ်ပိတ်ဆို့

By CNI
CNI
Category: Watch TV
Hits: 864

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(EPA)

ငြိမ်းချမ်းရေးကာလ တပ်စခန်းများကို တိုက်ခိုက်ပါက တုန့်ပြန်မည်ဟု စစ်တပ်ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1705

CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးကမ်းလှမ်းထားသည့် ကာလအတွင်း တပ်စခန်းများနှင့် တပ်ဌာနချုပ်များကို နှောင့်ယှက် တိုက်ခိုက်ခြင်းများ မပြုရန် တိုက်ခိုက်လာပါက  လိုအပ်သည့် အရေးယူ တုန့်ပြန်မှုလုပ်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ (ဧပြီ ၂၂ ရက်)တွင် ထုတ်ပြန် ကြေညာခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေး နှစ်ဟု သတ်မှတ်ထား သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအား တွေ့ဆုံ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ပါကြောင်း၊ တွေ့ဆုံ ဆွေးနွေးမှုကို မိမိကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်မည့် လူပုဂ္ဂိုလ် များ အနေဖြင့် မေလတွင် နောက်ဆုံးထား စာရင်းပေးပို့စေလိုပါကြောင်း ယနေ့(ဧပြီ ၂၂ ရက်)တွင် ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက “ အဆိုပါ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး ဖိတ်ခေါ်ထား သည့် ကာလနှင့် တွေ့ဆုံ ဆွေးနွေးနေစဉ် ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ လှုပ်ရှားခြင်း၊ နယ်မြေချဲ့ထွင်ခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့် ယှက်တိုက်ခိုက်ခြင်းများ မပြုရန်နှင့် ထိုကဲ့သို့ လုပ်ဆောင်လာပါက တပ်မတော်အနေဖြင့် လိုအပ်သည့် အရေးယူ တုန့်ပြန်မှု များကို ဆောင်ရွက်သွားမည်”ဟု ထုတ်ပြန် ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို RCSS၊ KNU၊ DKBA၊ KNU/ KNLA-PC၊ NMSP၊ LDU၊ ALP၊ ABSDF၊ PNLO၊ CNF တို့ လက်မှတ်ထိုးထားပြီး UWSA၊ NDAA၊ KIA၊ SSPP၊ MNDAA၊ AA၊ TNLA၊ KNPP တို့မှာ NCA မထိုး နိုင်သေးဘဲ ဖြစ်နေသည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နေ့မှ စတင်ကာ ယနေ့အထိ ထည်ထည်ဝင်ဝင် မဆွေးနွေးနိုင်ဘဲ ဖြစ်နေသည်။

ထို့နောက် လက်ရှိတွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည် နယ်တို့မှာ တပ်မတော်သည် KIA၊ KNU၊ KNPP၊ PDF၊CNF တို့နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

 

 

Share
Tweet
Share
Share
powered by social2s

အရှေ့အလယ်ပိုင်း တင်းမာမှုတိုးချိန် အစ္စရေးနှင့် ဂါဇာစစ်သွေးကြွများ အပြန်အလှန်ပစ်ခတ်

By CNI
CNI
Category: Watch TV
Hits: 830

Share
Tweet
Share
Share
powered by social2s

မာရီယူပေါလ်တပ်မှူးက ကမ္ဘာသို့ နောက်ဆုံးအကြိမ် အကူအညီတောင်း

By CNI
CNI
Category: Watch TV
Hits: 767

Share
Tweet
Share
Share
powered by social2s

စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲများ ကျင်းပရေး အာဆီယံတိုက်တွန်း

By CNI
CNI
Category: Watch TV
Hits: 789

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသို့ ငြိမ်းချမ်းရေးအတွက် ရုရှားအဆိုပြုချက် ပေးပို့

By CNI
CNI
Category: Watch TV
Hits: 764

Share
Tweet
Share
Share
powered by social2s

KNDO ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်ကနေ သွေဖယ်သွားဟုပြော

By CNI
CNI
Category: Watch TV
Hits: 778

Share
Tweet
Share
Share
powered by social2s
စပိန်နဲ့ဒိန်းမတ် ဝန်ကြီးချုပ်တို့ကိုတွေ့ရစဉ်(Reuters)

ဒိန်းမတ်နှင့်စပိန်ဝန်ကြီးချုပ်နှစ်ဦး ယူကရိန်းသို့ ရောက်ရှိ ၊ လက်နက်ထပ်ပေးမည်ဟု ကတိပြု

By CNI
CNI
Category: နိုင်ငံရေး
Hits: 1359

CNI International News

ကိယက်ဗ်၊ ဧပြီ ၂၁

ဒိန်းမတ်ဝန်ကြီးချုပ်နှင့် စပိန်ဝန်ကြီးချုပ်တို့သည် ယနေ့(ဧပြီ ၂၁ ရက်)တွင် ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့သို့ ရောက်ရှိလာခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း ဒိန်းမတ်ဝန်ကြီးချုပ်က ယူကရိန်းထံသို့ လက်နက်များ ထပ်မံပေးအပ်ရန် ကတိပြုခဲ့ကြောင်း၊ ဝန်ကြီး ချုပ် နှစ်ဦးတို့သည် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးကို ထောက်ခံသည့် အနေအထားဖြင့် တွေ့ဆုံဆွေးနွေးခဲ့ ကြ ကြောင်း ရိုက်တာသတင်းအရ သိရသည်။

ဒိန်းမတ် အမျိုးသမီးဝန်ကြီးချုပ် မက်တီဖရက်ဒရစ်ဆင်သည် ကိယက်ဗ်မြို့တော် အနီးတဝိုက် ရုရှားတပ်များ ပြန်လည် ဆုတ်ခွာသွားပြီးနောက် ဆိုးရွားစွာ ပျက်စီးနေခဲ့သော ဘိုရိုဒရန်ကာမြို့ကိုလည်း သွားရောက်ကြည့်ရှုခဲ့သည်။

“အခုအချိန်မှာ အလိုအပ်ဆုံးဖြစ်လို့ ယူကရိန်းကို လက်နက်တွေ များများ ပို့ပေးဖို့ ကျမတို့ ရည်ရွယ်ထားပါတယ်” ဟု ဖရက် ဒရစ်ဆင်က လက်နက်ကိုင်စစ်သားများ ဝိုင်းထားသည့်မြို့တဝိုက် လမ်းလျှောက်ရင်း ဒိန်းမတ်ရုပ်သံလိုင်း TV2 သို့ ပြောကြား ခဲ့သည်။

ဒိန်းမတ်ဝန်ကြီးချုပ်နှင့် စပိန်ဝန်ကြီးချုပ် ပက်ဒရိုစန်ချက်တို့သည် ယနေ့ (ဧပြီ ၂၁ ရက်) အစောပိုင်းတွင် ကိယက်ဗ်မြို့သို့ ရောက်ရှိခဲ့ကြောင်း စန်ချက်၏ တွစ်တာလူမှုကွန်ရက်၌ လွှင့်တင်ထားသော ဗွီဒီယိုဖိုင်အရ သိရသည်။

ယူကရိန်းစစ်သားများကို မြို့ပျက်ကြီးမှာတွေ့ရစဉ်

ဇာလန်းစကီးနှင့် တွေ့ဆုံဆွေးနွေးမှုများအရ ယူကရိန်းနိုင်ငံသားများအတွက် နောက်ထပ် ပံ့ပိုးရန်နှင့် စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တရားစွဲရန်တို့ကို အာရုံစိုက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဖရက်ဒရစ်ဆင်၏ ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ရုရှားသည် ၎င်း၏ ထိုးစစ်နှင့်ပတ်သက်၍ ယူကရိန်းကို စစ်မဲ့ဇုန်ဖြစ်ရေးအတွက် အန္တရာယ်ရှိသော အမျိုးသားရေးဝါဒီများကို ချေမှုန်းပစ်ရန် အထူးစစ်ဆင်ရေး လုပ်ဆောင်ခြင်းဟု ပြောကြားထားသည်။

အနောက်အုပ်စု နိုင်ငံများနှင့် ကိယက်ဗ်ကတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ရန်လိုသောစစ်ပွဲဟု စွပ်စွဲပြောကြားကြ သည်။
အထူးသဖြင့် ရုရှားက ယူကရိန်းမြောက်ပိုင်းမှ ၎င်း၏တပ်များကို ပြန်လည်ရုပ်သိမ်းပြီးနောက် ယူကရိန်းသမ္မတနှင့် ပြည်သူများ ကို ထောက်ခံကြောင်း ပြသလိုသည့်အတွက် ကျူးကျော်စစ် စတင်စဉ်ကတည်းက ဥရောပခေါင်းဆောင်များသည် ကိယက်ဗ် မြို့တော်သို့ အဆက်မပြတ် ရောက်ရှိလာခဲ့ကြသည်။

ယခင် သီတင်းပတ်ကလည်း ကိယက်ဗ်သို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် လာရောက် လည်ပတ်ခဲ့ပြီး ဖြစ်သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကိုဗစ် စည်းကမ်း ချိုးဖောက်မိခဲ့ခြင်းကို လွှတ်တော်သို့ ဘောရစ်ဂျွန်ဆင် တောင်းပန်

By CNI
CNI
Category: Watch TV
Hits: 819

Share
Tweet
Share
Share
powered by social2s

NUG နှင့် နယ်မြေသဘောတူမှုယူထား၊ ချင်းတပ်ဖွဲ့က လာတိုက်နေခြင်းဟု ZRA ပြော

By CNI
CNI
Category: Watch TV
Hits: 793

Share
Tweet
Share
Share
powered by social2s

သီရိလင်္ကာရဲက ဆန္ဒပြသူများကို နှိမ်နင်း၍ ၁ ဦးသေ၊ ၁၃ ဦးဒဏ်ရာရ

By CNI
CNI
Category: Watch TV
Hits: 801

Share
Tweet
Share
Share
powered by social2s

နှင်ထုတ်ခံရ၍ ရုရှားအရာရှိများ ဂျပန်မှ ဧပြီ ၂၀ ရက်၌ ထွက်ခွာရဖွယ်ရှိ

By CNI
CNI
Category: Watch TV
Hits: 811

Share
Tweet
Share
Share
powered by social2s

ခရိုင်တရားသူကြီး အပါအဝင် လူ ၉ ဦးကို TNLA ဖမ်းဆီး

By CNI
CNI
Category: Watch TV
Hits: 758

Share
Tweet
Share
Share
powered by social2s

ရုရှားဓါတ်ငွေ့တားမြစ်ခြင်းအပေါ် ဂျာမနီအလုပ်ရှင်များနှင့်သမဂ္ဂများ ကန့်ကွက်

By CNI
CNI
Category: Watch TV
Hits: 783

Share
Tweet
Share
Share
powered by social2s

စီးပွားရေး အကျပ်ရိုက်စေခဲ့သည့် အမှားများ သီရိလင်္ကာသမ္မတ ဝန်ခံ

By CNI
CNI
Category: Watch TV
Hits: 810

Share
Tweet
Share
Share
powered by social2s

ZRA ကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု ချင်းကာကွယ်ရေးအဖွဲ့ပြော

By CNI
CNI
Category: Watch TV
Hits: 900

Share
Tweet
Share
Share
powered by social2s
  • 126
  • 127
  • 128
  • 129
  • 130
  • 131
  • 132
  • 133
  • 134
  • 135

Page 131 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar