CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ပြင်သစ်သမ္မတရွေးကောက်ပွဲတွင် အီမန်နွယ်မက်ခရွန် အနိုင်ရ

By CNI
CNI
Category: Watch TV
Hits: 830

Share
Tweet
Share
Share
powered by social2s

မြန်မာ့အရေးကို ဦးကိုကိုကြီး ဘယ်လိုချဉ်းကပ်နေလဲ

By CNI
CNI
Category: Exclusive Interview
Hits: 1607

Share
Tweet
Share
Share
powered by social2s

ဝန်ကြီးချုပ် နုတ်ထွက်ရန် သီရိလင်္ကာကျောင်းသားများ တောင်းဆို

By CNI
CNI
Category: Watch TV
Hits: 936

Share
Tweet
Share
Share
powered by social2s
-ရှီကျင့်ဖျင်ကိုတွေ့ရစဉ်

ရှီကျင့်ဖျင်ရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ်က ဘာလဲ

By CNI News
CNI News
Category: ဆောင်းပါး
Hits: 2506

CNI Article News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၄

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဘုံသဘောတူညီချက်၊ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးတို့ကို ရှေးရှုလျက် စစ်အေးခေတ် စိတ်ဓာတ် ခဝါချရန်အတွက် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကတိကဝတ် အစပျိုးမှုအစီအစဉ်ကို အလေးပေး အဆိုပြုခဲ့သည်။

ဧပြီ ၂၁ ရက်တွင် တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်ပြည်နယ်တွင် Boao ၂၀၂၂ အာရှနှစ်ပတ်လည်ဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် အုပ်စုဖွဲ့ နိုင်ငံရေးနှင့် ထိပ်တိုက် ရင်ဆိုင်မှုအကြောင်း ဗွီဒီယိုလင့်ခ်မှတဆင့် ပြောကြားရင်း အထက်ပါအတိုင်း အဆိုပြုခဲ့သည် ဟု ဘေဂျင်းအစိုးရအာဘော် ဘလိုဘယ်တိုင်းမ် သတင်းစာ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယူကရိန်း အကျပ်အတည်းကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်မည်ကို စိုးရိမ်နေကြပြီး ညီညွတ်မှု၊ လုံခြုံရေးနှင့် ဖွံ့ဖြိုး တိုးတက် မှုများ လိုအပ်နေချိန်၌ ယခုကဲ့သို့ ရှီကျင့်ဖျင်၏ အဆိုပြုချက်သည် အရေးတကြီး အသုံးဝင်ကြောင်း သုံးသပ်လေ့လာသူများက ပြောကြသည်။

ရှီ၏ အဆိုပြုချက်တွင် စစ်အေးခေတ် စိတ်ဓာတ်ကို ရှောင်ပြီး လုံခြုံရေးဆိုင်ရာ သဘောတရားကို ကျယ်ကျယ်ပြန့်ပြန့် ကျင့် သုံးရန် ကမ္ဘာ့နိုင်ငံများကို တောင်းဆိုထားပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ယုံကြည်မှုကို သွတ်သွင်းထား ကြောင်း သုံးသပ်လေ့လာသူများက ကောက်ချက်ချကြသည်။

ရှီကျင့်ဖျင်ရဲ့ လုံခြုံရေးဆိုင်ရာ အစီအစဉ်

“တည်ငြိမ်မှုသည် နိုင်ငံကို သာယာဝပြောစေပြီး မတည်ငြိမ်မှုသည် ဆင်းရဲတွင်းသို့ တွန်းပို့သည်” ဟူသော ဂွမ်စီ၏ ရှေးဟောင်းစာပေမှ ဆိုရိုးစကားတစ်ခွန်းကို ရှီက ၎င်း၏မိန့်ခွန်းထဲတွင် ထည့်သွင်း ကိုးကားခဲ့ပြီး လုံခြုံရေးသည် ဖွံ့ဖြိုး တိုးတက်မှုအတွက် ကြိုတင်သတ်မှတ်ချက်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

“ကျနော်တို့ လူသားတွေဟာ ခွဲခြားလို့မရနိုင်တဲ့ လုံခြုံရေးအသိုက်အဝန်းမှာ နေထိုင်ကြပါတယ်။ စစ်အေးကာလတုန်းက အခင်းအကျင်းဟာ ကမ္ဘာ့ငြိမ်းချမ်းရေးမူဘောင်ကို ဖျက်ဆီးပစ်ရုံသာ သက်သေပြခဲ့ပြီး အရင်းရှင်ဝါဒနဲ့ ပါဝါနိုင်ငံရေးအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို အန္တရာယ်ဖြစ်စေပြီး အစုအဖွဲ့အလိုက် ထိပ်တိုက်ရင်ဆိုင်မှုက လုံခြုံရေးကို ပိုမိုဆိုးရွားစေမှာ ဖြစ်ပါ တယ်။ ၂၁ ရာစုမှာ စိန်ခေါ်မှုတွေ ရှိနေပါတယ်” ဟု ရှီက ပြောကြားခဲ့သည်။

ဘုံသဘောတူညီချက်၊ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော လုံခြုံရေးအမြင်ကို ဆက်လက် ထား ရှိရန် အလေးပေးသော ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစပျိုးမှုအား ရှီက အဆိုပြုခဲ့သည်။

၎င်းသည် စစ်အေးခေတ် စိတ်ဓာတ်ကို ခဝါချစေပြီး တစ်ဖက်သတ်ဝါဒ ဆန့်ကျင်ကာ အုပ်စုဖွဲ့ နိုင်ငံရေးနှင့် အစုအဖွဲ့အလိုက် ထိပ်တိုက်ရင်ဆိုင်မှုအား ငြင်းပယ်ကန့်ကွက်ထားသည်။

တစ်ဖက်သတ် ပိတ်ဆို့ အရေးယူမှုများနှင့် လက်တံရှည်ဖြင့် တရားစီရင်ပိုင်ခွင့်ကို လိုသလိုအသုံးချ၍ မိမိကိုယ်ပိုင် လုံခြုံရေး ကိုသာ ဦးစားပေးနေခြင်းကို ဆန့်ကျင်ပြီး ထိုစံနှုန်းနှစ်ရပ်ကို ပယ်ချကာ ဆွေးနွေးညှိနှိုင်းမှုများဖြင့် နိုင်ငံအချင်းချင်း ကွဲပြားမှု နှင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် သန္နိဋ္ဌာန်ချထားကြောင်း၊ အကျပ်အတည်းများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် အထောက်အကူဖြစ်စေသော ကြိုးပမ်းမှုများကို ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ရှီ၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစပြုမှု အဆိုပြုချက်သည် ကမ္ဘာ့ကပ်ရောဂါ၊ ပထဝီဝင်နိုင်ငံရေး ပဋိပက္ခများနှင့် ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ မကြုံစဖူးသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရချိန်တွင် ကျယ်ကျယ်ပြန့်ပြန့် ရေရှည်တည်တံ့သော လုံခြုံရေး အမြင်ကို လက်ကိုင်ထားရန် ကမ္ဘာ့နိုင်ငံများအတွက် အချိန်နှင့်တပြေးညီ တောင်းဆိုချက်တစ်ခု ဖြစ်သည်။

"ကမ္ဘာတဝန်းက နိုင်ငံတွေဟာ သင်္ဘောတစ်စင်းတည်းပေါ် လိုက်လာတဲ့ ခရီးသည်တွေနဲ့ တူပါတယ်။ နိုင်ငံအားလုံးဟာ သင်္ဘောတစ်စင်းတည်းပေါ် ရှိနေကြတာကြောင့် ကျနော်တို့အနေနဲ့ ခရီးသည်တင်အခန်း (နိုင်ငံ)တွေကို ဂရုစိုက်ရုံမကပဲ သင်္ဘောကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ သမ္မတရှီက အလေးပေးပြောထားတဲ့အတိုင်း နိုင်ငံစုံဝါဒကို ခိုင်ခံ့စေသင့်ပါတယ်” ဟု စင်ကာပူနိုင်ငံရေးသိပ္ပံပညာရှင် ကီရှိုးမာဘူဘနီက  ဂလိုဘယ်တိုင်းမ်သို့ ပြောကြားခဲ့သည်။

၎င်းသည် ယခု ဖိုရမ်တွင်လည်း တက်ရောက် ဟောပြောသူ ဖြစ်သည်။

ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းက ကယ်ဆယ်မှု

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပခဲ့သည့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ဗွီဒီယိုမှတဆင့် မိန့်ခွန်း ပြောနေစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပဏာမခြေလှမ်းကို မျက်နှာမူကာ ဟန်ချက် ညီညီ ညှိနှိုင်းပြီး အားလုံးပါဝင်နိုင်သည့် ဖွံ့ဖြိုးတိုးတက်မှု အဆင့်သစ်ဆီသို့ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သွားကြရန် အဆိုပြု ခဲ့သည်။

ထို့သို့ ဦးတည်ရာတွင် COVID-19 ကြောင့် ပြင်းထန်သော လှုပ်ခတ်မှုများကို ကျော်လွှားရန် ပါဝင်သည်။

မတူညီသော အုပ်စုများအကြား ထိပ်တိုက်ရင်ဆိုင်မှုများကို ပယ်ချခြင်းဖြင့် ရှီက အဆိုပြုခဲ့သော နောက်ဆုံး လုပ်ဆောင်မှုမှာ လည်း ဒေသတွင်းလုံခြုံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကြား ဆက်နွှယ်မှုကို အလေးပေးသွားဖို့ ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးသည် ဒေသတွင်း လုံခြုံရေးနှင့် နီးကပ်စွာ ဆက်စပ်နေသည့်အပြင် တခြားသော ကိစ္စရပ်များနှင့် လည်း ဆက်စပ်နေပါသည်။ ကြီးမားလာသည့် လုံခြုံရေးပြဿနာများကို နိုင်ငံတစ်နိုင်ငံတည်းက ဒိုင်ခံ မဖြေရှင်းနိုင်ဟု လေ့လာသုံးသပ်သူများက ပြောကြသည်။

ရုရှား-ယူကရိန်း ပဋိပက္ခသည် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အယူအဆသစ်အတွက် ရည်ညွှန်းသည့် အချက်ဖြစ် ကြောင်း ဘရာဇီးသမ္မတ၏ စီးပွားရေးအကြံပေး အရာရှိဟောင်း အလက်စန္ဒရို ဘိုလွန်ဘီဝါစကီ တိုက်ဆီရာ (Alessandro Golombiewski Teixeira) က ဂလိုဘယ်တိုင်းမ် သတင်းစာသို့ ဧပြီလ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

“အုပ်စုဖွဲ့ နိုင်ငံရေးဟာ မဟာမိတ်အဖွဲ့တွေရဲ့ ပလက်ဖောင်းအမျိုးမျိုးနဲ့ ပဋိပက္ခဖြစ်ပြီးနောက် ရုရှားကို ဝိုင်းဖွဲ့ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုတွေကနေ မြင်နေရသလို၊ ဒီနိုင်ငံတွေဟာ သူတို့ကိုယ်သူတို့ ကမ္ဘာ့စီးပွားရေးရဲ့ လွှမ်းမိုးမှုကို မမြင်နိုင်လို့ အန္တရာယ် များတဲ့ ချဉ်းကပ်မှုတစ်ခုပါ။ ဒီသဘောနဲ့ဆိုရင် တရုတ်သမ္မတက နိုင်ငံတွေအပေါ် အစုလိုက်အပြုံလိုက် အသုံးမပြုတော့ဘဲ ဒေသဆိုင်ရာ အကျိုးစီးပွားကို လေးစားဖို့ လိုအပ်ကြောင်း တိုက်တွန်းလာတာ တွေ့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု တစ်ခုတည်းရဲ့ မတူညီတဲ့ အခြားတဖက်ကနေ လုံခြုံရေးအယူအဆကို ကျနော့်အတွက် ရှင်းရှင်းလင်းလင်း သဘောပေါက်လာပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“တရုတ်နဲ့ အမေရိကန်တို့လို ထိပ်တန်းနိုင်ငံတွေက သူတို့ကိုယ်သူတို့ ကြည့်ရုံတင်မကဘဲ ကမ္ဘာ့အခြေအနေကိုလည်း ထိန်းဖို့ တာဝန်ရှိပါတယ်။ တရုတ်က ပဋိပက္ခ မဖြစ်စေချင်ဘူးလို့ ရှင်းပြနေတယ်။ နိုင်ငံအလိုက် တစ်ကမ္ဘာလုံးက ဒါကို သေသေ  ချာ ချာ စဉ်းစားဖို့ လိုပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းက ပျက်စီးမှုများ

ရုရှား-ယူကရိန်း ပဋိပက္ခသည် စစ်အေးခေတ် စိတ်ဓာတ်ကြောင့် ပေါ်ပေါက်လာခဲ့ပြီး ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေရုံ သာမက ကမ္ဘာ့တည်ငြိမ်ရေးကိုပါ ထိခိုက်စေသည့် ပထဝီဝင်နိုင်ငံရေး ကစားနည်းလည်း ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ လုံခြုံ ရေး အစပျိုးမှု (Global Security Initiative) သည် မတူညီသော နိုင်ငံများနှင့် ဒေသများကြား လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ အပေါ် ခြုံငုံရှုမြင်နိုင်ရန်နှင့် ထိပ်တိုက်ရင်ဆိုင်မှုများမှ ရုန်းထွက်နိုင်ရန် ရည်ရွယ်ထားသည်။

၎င်း၏ မိန့်ခွန်းအတွင်း သမ္မတ ရှီကျင့်ဖျင်က ယနေ့ ခေတ်ကာလတွင် နိုင်ငံတကာ အသိုက်အဝန်းသည် ခေတ်မီပြီး ပေါင်းစည်း သည့် ယန္တရားတစ်ခု ဖြစ်လာကြောင်း မှတ်ချက်ပြုခဲ့သည်။

မည်သည့် အစိတ်အပိုင်းကိုမဆို ဖယ်ရှားရန် လုပ်ဆောင်မှုများသည် ၎င်း၏ လုပ်ငန်းဆောင်တာအတွက် ကြီးလေးသော ပြဿနာများကို ဖြစ်စေသည်ဟု ရှီက ထောက်ပြခဲ့သည်။ တကယ်တမ်း ထိပ်တိုက်ရင်ဆိုင်၍ ထိုသို့ဖြစ်သောအခါ ကျူးလွန် ခံရသူနှင့် စတင်လုပ်ဆောင်သူ နှစ်ဦးစလုံးသည် အရှုံးပေါ်နေပါသည်။

“ဒါကြောင့် တန်းတူညီမျှမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ယုံကြည်မှုကောင်းနဲ့ တရားဥပဒေစိုးမိုးရေးကို ဂုဏ်ပြုတဲ့အနေနဲ့ စံနမူနာပြ နိုင်ငံကြီးတွေက ဦးဆောင်ဖို့ အထူးအရေးကြီးပါတယ်” ဟု ရှီက ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က "ပွင့်လင်းကမ္ဘာ့စီးပွားရေးကို တည်ဆောက်ရန်၊ မက်ခရိုမူဝါဒ ညှိနှိုင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်၊ ကမ္ဘာ့စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များ တည်ငြိမ်နေစေရန်အတွက် ကျနော်တို့ဟာ ဟန်ချက်ညီညီ ပေါင်းစပ် ညှိနှိုင်းပြီး ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ဆွဲတင်သွားဖို့ သန္နိဋ္ဌာန်ချထားသင့်ပါတယ်” ဟု ယခုဖိုရမ်တွင် နှိုးဆော်ခဲ့သည်။

Source: Global Times

(တရုတ်အာဘော် ဂလိုဘယ်လ်တိုင်းမ်သတင်းဝက်ဆိုက်တွင် ဧပြီ ၂၁ ရက် ရက်စွဲဖြင့် ဖော်ပြခဲ့သော ဆောင်းပါးကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်လိုက်ပါသည်)

 

Share
Tweet
Share
Share
powered by social2s

SSA တည်ထောင်ခြင်း ၅၈ နှစ်မြောက် ကျင်းပ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2185

CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၄

ရှမ်းပြည်တပ်မတော်(SSA)တည်ထောင်ခြင်း ၅၈ နှစ်မြောက် အခမ်းအနားကို ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော်(SSPP/SSA)၏ ဌာနချုပ် ဝမ်ဟိုင်းမှာ ယနေ့(ဧပြီ ၂၄ ရက်)နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှမ်းပြည်တပ်မတော်(SSA)ကို မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏ ဇနီး မဟာဒေဝီ ဦးဆောင်၍ ၁၉၆၄ ခုနှစ်၊ ဧပြီ ၂၄ ရက်တွင် ဖွဲ့စည်းထူထောင်ခဲ့သည်။

ထို့နောက် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ကို ၁၉၇၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီးနောက် ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလတွင် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး လုပ်ကာ ငြိမ်းချမ်းရေးယူခဲ့သည်။

၂၀၁၀ ခုနှစ်အရောက်မှာတော့ တပ်မတော်က SSPP/SSA ကို ပြည်သူ့စစ်အဖွဲ့(ပသစ) သို့မဟုတ် နယ်ခြားစောင့်တပ်ဖွဲ့(BGF) အသွင်ပြောင်းရန် ဖိအားပေးခဲ့ခြင်းကြောင့် SSPP/SSA ထဲက တပ်မဟာ ၃ နှင့် ၇ မှာ ခွဲထွက်၍ ပြည်သူ့စစ်အဖွဲ့ အသွင်ပြောင်းသွားခဲ့သည်။

သို့သော် တပ်မတော် ၁ မှ ဗိုလ်မှူးကြီး ပန်ဖဦးဆောင်သော အဖွဲ့က ပြည်သူ့စစ်အဖွဲ့ကို လက်မခံဘဲ တပ်တည်ဆောက်ရေးကို ပြန်လည် ဆောင်ရွက်ခဲ့ရာ လက်ရှိ အင်အား ၈၀၀၀ ကျော်အထိရှိလာခဲ့သည်။

ထို့နောက် ၂၀၁၂ ခုနှစ် သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ ပြည်နယ်-ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ်(Bilateral)ကို လက်မှတ်ရေးထိုးခဲ့သလို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးနိုင်ရေးကိုလည်း ညှိနှိုင်းလျက်ရှိနေသည်။

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်ကြီး စောဂျော်နီ(BBC)

မြဝတီ-ကော့ကရိတ်လမ်းက ကားများကို မပစ်ရန် KNLA စစ်ဦးစီးချုပ် ညွှန်ကြား

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1882

CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၄

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် သွားလာ ပြေးဆွဲနေသော ခရီးသည်တင် မော်တော်ယာဉ်များ၊ အရပ်သား ကားများ၊ ကုန်တင်မော်တော်ယာဉ်များအား အကြောင်းမဲ့နှောင့်ယှက်ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ မပြုလုပ်ရန် KNLA တပ်မဟာ၊ တပ်ရင်းများသို့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ညွှန်ကြားချက်ပေးပို့ခဲ့သည်။

အဆိုပါ ညွှန်ကြားချက်ကို KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီမှ ဧပြီ ၂၃ ရက်နေ့က ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊ KNU ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှု ဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရ ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုညွှန်ကြားချက်ကို သက်ဆိုင်ရာ မိမိတို့ တပ်မဟာ၊ တပ်ရင်းအတွင်းရှိ အောက်ခြေအဆင့်ရှိ တပ်မှူးတပ်သားများသို့ ထပ်မံညွှန်ကြားရန်နှင့် ဤညွှန်ကြားချက်အား လိုက်နာမှုမရှိပဲ ဖောက်ဖျက်ကျူးလွန်ပါက လိုအပ်သလို အရေးယူဆောင် ရွက်ခြင်း ခံရမည်ဟု ဖော်ပြထားသည်။

KNU မှ ခေါင်းဆောင်တစ်ဦးက “အဲဒါကတော့ တကယ် သူ့ရဲ့ ညွှန်ကြားချက် အစစ်အမှန်ပဲ၊ ပြီးတော့ နောက်တစ်ခုက အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးမှာ သူတို့ ဆုံးဖြတ်ချက်နဲ့အညီ စစ်ဦးစီးချုပ်က အောက်ခြေတပ်တွေကို ညွှန်ကြားလိုက်တဲ့စာပါပါတယ်။ အဲဒါကတော့ အမှန်အကန်ပဲ”ဟု CNI သို့ ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တပ်မတော်နှင့် KNLA ၊ PDF ပူးပေါင်းအဖွဲ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ခရီးသည်တင်ကားများ၊ အရပ်သားကားများ၊ ကုန်တင်မော်တော်ယာဉ်များ ပစ်ခတ်ခံရခြင်းကြောင့် သေဆုံး ခြင်း၊ မီးရှို့ခံရခြင်းများ ဖြစ်ပွားခဲ့သည်။

ထို့နောက် ထိုင်း-မြန်မာ ကုန်စည် စီးဆင်းမှုများ ရပ်တန့်သွားခဲ့သလို ခရီးသည်တင် မော်တော်ယာဉ်များ ပြေးဆွဲနိုင်ခြင်း လည်း မရှိဘဲဖြစ်ပေါ်ခဲ့သည်။

 

Share
Tweet
Share
Share
powered by social2s

ယူကရိန်းပြီးလျှင် တခြားနိုင်ငံများကို ရုရှားမျက်စိကျနေကြောင်း ဇာလန်းစကီး သတိပေး

By CNI
CNI
Category: Watch TV
Hits: 802

Share
Tweet
Share
Share
powered by social2s

အမေရိကန်သမိုင်းတွင် အန္တရာယ်အရှိဆုံး ကာလရောက်နေဟု ထရမ့်ပြော

By CNI
CNI
Category: Watch TV
Hits: 782

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၃ ရက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)ထိပ် ပေါက်ကွဲမှုဖြစ်

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားထိပ် ပေါက်ကွဲမှုဖြစ်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1292

CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၄

ကရင်ပြည်နယ် မြဝတီမြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁)ထိပ်တွင် ဧပြီ ၂၃ ရက် ည ၁၀ နာရီက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ကားနှင့် မော်တော်ဆိုင်ကယ်များ မီးလောင် ပျက်စီးခဲ့သလို အနီးအနားရှိ နေအိမ် တချို့၏ ပြတင်းပေါက်များ ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုမှာ ပြင်းထန်ကြောင်း၊ လူထိခိုက်မှု ရှိ/မရှိကိုတော့ အတိ အကျ မသိရသေးကြောင်း သိရသည်။

လက်ရှိတွင် မီးသတ်တပ်ဖွဲ့က ပေါက်ကွဲမှုကို တည်ငြိမ်အောင် မီးများ ငြိမ်းသတ်လျက်ရှိသည်။

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၃ ရက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)ထိပ် ပေါက်ကွဲမှုဖြစ်

 

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၃ ရက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)ထိပ် ပေါက်ကွဲမှုဖြစ်

 

Share
Tweet
Share
Share
powered by social2s
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြိုမြို့နယ်)က ကားများကို စစ်ဆေးနေစဉ်

ရေစကြို-ချောင်းဦးလမ်းမပေါ်က ကားများကို PDF စစ်ဆေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2299

CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၃

ရေစကြို-ချောင်းဦး ကားလမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားလာသည့် ကားများကို ရေစကြိုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က စစ်ဆေးလျက်ရှိကြောင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယနေ့ (ဧပြီ ၂၃ ရက်)ထုတ်ပြန်ခဲ့ သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြိုမြို့နယ်)မှ ရေစကြိုမြို့နယ်တွင်း လမ်းမကြီးများအား လိုအပ်လျင် စစ်ဆေး မှုများ ပြုလုပ်သွားမည်ဖြစ်သောကြောင့် ခရီးသွားကားများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံ ကြောင်း ထုတ်ပြန် ပြောကြားခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြိုမြို့နယ်)က ကားများကို စစ်ဆေးနေစဉ်

ထို့နောက် စစ်ရေးလိုအပ်ချက်၊ လုံခြုံရေးလိုအပ်ချက်များအရ ရေစကြိုမြို့နယ်တွင်း လမ်းများအား ပိတ်သွား မည်ဖြစ်ကြောင်း၊ ကြိုတင်သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြို) က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Share
Tweet
Share
Share
powered by social2s

မာလီ၌ မြှုပ်ထားသည့် လူသေအလောင်းများမှာ ရုရှားကြေးစားစစ်သားများဟု ပြင်သစ်စွပ်စွဲ

By CNI
CNI
Category: Watch TV
Hits: 751

Share
Tweet
Share
Share
powered by social2s

နစကဥက္ကဋ္ဌ၏ ကမ်းလှမ်းမှု သွားသင့်/မသင့် EAOs များ မဆုံးဖြတ်နိုင်သေး

By CNI
CNI
Category: Watch TV
Hits: 735

Share
Tweet
Share
Share
powered by social2s
ရုရှားတပ် တင့်ကားများကိုတွေ့ရစဉ်(ဓါတ်ပုံ-ရိုက်တာ)

ယူကရိန်းတောင်ပိုင်းကို အပြည့်အဝထိန်းချုပ်ရန် ရည်ရွယ်ထားဟု ရုရှားပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1613


CNI International News

မော်စကို၊ ဧပြီ ၂၃

ယူကရိန်းတောင်ပိုင်းနှင့် အရှေ့ဘက်ရှိ ဒွန်ဘတ်စ်ဒေသတို့ကို ရုရှားအပြည့်အဝထိန်းချုပ်ရန် ရည်ရွယ်ထားကြောင်း ရုရှားအကြီးတန်းတပ်မှူးတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါဒေသနှင့် ၂၀၁၄ ခုနှစ်၌ မော်စကိုသိမ်းယူခဲ့သော ခရိုင်းမီးယားဒေသတို့ကို ဆက်စပ်ပေးမည့် ပေါင်းကူး တံတားတစ်စင်း တည်ဆောက်သွားမည်ဟု ဗိုလ်ချုပ် ရက်စတမ်မင်နီကေယက်က ပြောကြားကြောင်း ရုရှား မီဒီယာများက ဖော်ပြခဲ့ကြသည်။

ရုရှားကျောထောက်နောက်ခံပြု ထရန်နစ္စတီးယားခွဲထွက်နယ်မြေထဲသို့ မော်စကိုအား ဝင်ရောက်ခွင့်ပေးမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ထရန်နစ္စတီးယားသည် ယူကရိန်းအနောက်ဘက်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဒေသငယ်ဖြစ်သည်။

ဗိုလ်ချုပ်မင်နီကေယက်၏ သဘောထားမှတ်ချက်များကို ကရင်မလင်က တရားဝင်တားဆီးမှုရှိ/မရှိ ရှင်းရှင်း လင်းလင်းမသိရသော်လည်း ထိုသတင်းကို အင်တာဖက်စ်နှင့် တာ့စ်အပါအဝင် ရုရှားအစိုးရပိုင်မီဒီယာများက အကျယ်တဝင့် သတင်းဖော်ပြခဲ့ကြသည်။

စစ်ဗိုလ်ချုပ်များ၏မှတ်ချက်များကို အတည်ပြုနိုင်ခဲ့ပါက လာမည့်သီတင်းပတ်များအတွင်း ရုရှားဘက်စစ်ရေး အစီအစဉ်များကို ထပ်မံသိရှိရမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဌာနမှ အရာရှိများက ဘီဘီစီသတင်းထောက် စတိဗ်ရိုဟန်ဘက်ကို ပြောသည်။

ထိုအတောအတွင်း ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းကမ်းရိုးတန်းတလျှောက် ရုရှားစစ်ရှိန်မြှင့်လာနိုင်ပြီး လာမည့်ရက်သတ္တနှစ်ပတ်အတွင်း စစ်ပွဲအဆုံးအဖြတ် ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ဥရောပသမဂ္ဂ (EU) ထိပ်တန်း အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

မော်လ်ဒိုဗာနိုင်ငံအစိုးရက ရုရှားသံအမတ်ကို ဆင့်ခေါ်ခဲ့ပြီး ၎င်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ စိုးရိမ်မှုများကို ထုတ်ဖော်ပြောကြားခဲ့သည်။
ရုရှားစကားပြောဆိုသုံးစွဲမှုရှိသော ထရန်နစ္စတီးယားခွဲထွက်ဒေသငယ်သည် ယူကရိန်းနှင့် တဆက်တည်းတည်ရှိပြီး ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားပြီးနောက် သီးခြားလွတ်လပ်ရေးတောင်းဆိုခဲ့သော်လည်း နိုင်ငံတကာက အသိအမှတ်မပြုဘဲ မော်လ်ဒိုဗာနိုင်ငံ၏တရားဝင်အစိတ်အပိုင်းအဖြစ် ဆက်လက်ရပ်တည်နေခဲ့သည်။ အပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ်အရ ၁၉၉၅ ခုနှစ်တွင် ထိုဒေသထဲ၌ ရုရှားတပ်ဖွဲ့ဝင်အင်အား ၁,၅၀၀ ခန့် တပ်စွဲခဲ့သည်။

ရုရှားစစ်ဒေသ၏ လက်ထောက်တပ်မှူးဖြစ်သူ မင်နီကေယက်က ဧပြီ ၂၂ ရက်၌ စဗာဒလိုဗက်ဒေသရှိ စစ်ရေးပြ အခမ်းအနား မိန့်ခွန်းပြောကြားခဲ့ရာတွင် “ယူကရိန်းတောင်ပိုင်းကို ထိန်းချုပ်တာဟာ ထရန်နစ္စတီးယားအတွက် နောက်ထပ်နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အဲဒီဒေသထဲက ရုရှားစကားပြောဆိုသုံးစွဲသူတွေအပေါ် ဖိနှိပ်မှုတွေလည်း ရှိနေပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်မှုမစတင်မီကလည်း ယူကရိန်းတွင် ရုရှားဘာသာစကား ပြောဆိုသုံးစွဲသူများကို ခွဲခြားဆက်ဆံသည်ဟု အလားတူစွပ်စွဲချက်များကို ဗလာဒီမာပူတင်က ပြောကြားခဲ့ဖူးသော်လည်း အထောက် အထား ပြသခြင်းတော့ မရှိပေ။


Source: BBC

Share
Tweet
Share
Share
powered by social2s

UPDJC နိုင်ငံရေးပါတီအစုအဖွဲ့ ရွေးချယ်မှု ပါတီအများစု တက်မည်

By CNI
CNI
Category: Watch TV
Hits: 772

Share
Tweet
Share
Share
powered by social2s

ဖြုတ်ချခံဝန်ကြီးချုပ် အီမရန်ခမ်းက ရွေးကောက်ပွဲအသစ် ကျင်းပရန် တောင်းဆို

By CNI
CNI
Category: Watch TV
Hits: 816

Share
Tweet
Share
Share
powered by social2s

မာရီယူပေါလ်မြို့အနီး အလောင်းများစုပုံမြှုပ်နှံထားဟန်ရှိဟု ဂြိုဟ်တုဓာတ်ပုံအရ ခန့်မှန်း

By CNI
CNI
Category: Watch TV
Hits: 822

Share
Tweet
Share
Share
powered by social2s
  • 125
  • 126
  • 127
  • 128
  • 129
  • 130
  • 131
  • 132
  • 133
  • 134

Page 130 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar