CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဘုံရည်မှန်းချက်တူသည့် လက်နက်ကိုင်အဖွဲ့ အချင်းချင်း တိုက်ခိုက်မှု မဖြစ်စေချင် ကြောင်း ရှမ်းနီအမျိုးသားများတပ်မတော်(SNA) ပြောရေးဆိုခွင့်ရှိသူ စိုင်းအောင်မိန်းက CNI သတင်းဌာနသို့ ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် အခြေစိုက် ဖောင်းပြင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၏ အုပ်ချုပ်မှုနယ်မြေတွင် အခွန်ကောက်ခံခြင်း မလုပ်ရန် ဧပြီ ၂၆ ရက်က ထုတ်ပြန်ခဲ့သည်။ထို့နောက် အဆိုပါ လှုပ်ရှားနယ်မြေတွင်ရှိသည့် SNA နှင့် ထိတွေ့လာမည်ကို စိုးရိမ်မှုများရှိခဲ့သည်။
ရှမ်းနီဒေသထံသို့ လာရောက် လှုပ်ရှားသည့် အဖွဲ့များအနေနှင့်လည်း ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်များနှင့် သင့်တင့်မျှတအောင် လှုပ်ရှားရန်လိုကြောင်း SNA ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းအောင်မိန်းက ပြောသည်။