CNI News
၂၀၂၂ ခုနှစ်၊ မေလ ၂

နစက၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးကို လက်ရှိ တာဝန်ယူထား သော ရာထူးကနေ အနားပေးလိုက်ကြောင်း နစက-က ယနေ့ (မေလ ၂ ရက်)ထုတ်ပြန်ခဲ့သည်။

ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန စသဖြင့် ဝန်ကြီးဌာန ၂ ခုခွဲ၍ ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဝန်ကြီးဌာန ၂ ခုကို ဦးသောင်းဟန်က ပူးတွဲတာဝန်ယူမည်ဖြစ်ကြောင်း၊ ဒေါက်တာအောင်ဇေယျက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးသန့်စင်က စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး အဖြစ် လည်းကောင်း အသီးသီး တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။