CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၁

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များ အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံ့ပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု နစက-က ဇွန်လ ၁၁ ရက်တွင် ထုတ်ပြန် သွားသည်ကို တွေ့ရသည်။

PDF များနှင့် ဒီမိုကရေစီအင်အားစုများကတော့ တပ်မတော်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အရပ်သား အစိုးရ ပြန်လည် တင်မြှောက်နိုင်ရေး လက်နက်ကိုင် တိုက်ပွဲ အပါအဝင် သံတမန်ရေးရာ တိုက်ပွဲများကို ဆင်နွှဲလျက်ရှိသည်။