CNI International News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၁

မက္ကစီကိုနိုင်ငံ၊ ဆီဒတ်ဟွာရက်ဇ်ရှိ စစ်အခြေစိုက် စခန်းတစ်ခုတွင် ဇွန်လ ၁၀ ရက်၌ လက်နက်များ ဖျက်ဆီးပွဲ ပြုလုပ်ခဲ့ရာ မက္ကစီကို တပ်ဖွဲ့ဝင်များက စစ်လက်နက်များကို တစစီချိုးဖဲ့ ဖျက်ဆီးခဲ့ကြသည်။

အဆိုပါ လက်နက်များသည် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် မက္ကစီကို စစ်ဘက်တို့ ညှိနှိုင်းဆောင်ရွက်ပြီး ဒုစရိုက်ဂိုဏ်းများ ထံမှ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

Source: Voice of America