- By CNI
- Category: Watch TV
- Hits: 794
- By CNI News
- Category: နိုင်ငံရေး
- Hits: 1753
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂
မဲခေါင်-လန်ချန်း ညီလာခံ တက်ရောက်ရန်အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ မြန်မာနိုင်ငံသို့ ယနေ့ (ဇူလိုင် ၂ ရက်)တွင် ရောက်ရှိလာခဲ့သည်။
မစ္စတာဝမ်ယိသည် အထူးလေယာဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပုဂံအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ ရောက်ရှိလာခဲ့ ခြင်းဖြစ်ပြီး ဇူလိုင် ၂ ရက်မှ ၅ ရက်နေ့အထိ မြန်မာနိုင်ငံက ပူးတွဲဥက္ကဋ္ဌအဖြစ် ကျင်းပမည့် မဲခေါင်-လန်ချန်း ညီလာခံကို တက်ရောက်ရန် ရောက်ရှိလာခြင်း ဖြစ်သည်။
ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ သွားမည် ဖြစ်ကြောင်း သိရသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 2048
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန်နှင့် နိုင်ငံရေးပါတီ ၇ ပါတီမှ ကိုယ်စားလှယ်များ ယနေ့ (ဇူလိုင် ၂ ရက်)တွေ့ဆုံ၍ မြန်မာ့နိုင်ငံရေး ဖြေရှင်းနိုင်မည် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ တွေ့ဆုံမှုတွင် နံပါတ်တစ် အနေဖြင့် နိုင်ငံရေးပါတီများ၏ အခြေအနေနှင့် တိုင်းဒေသကြီး-ပြည်နယ် အသီးသီးရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေး အခြေအနေ၊ နံပါတ်နှစ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ထိုးထားသည့် ၇ ဖွဲ့၏ နိုင်ငံရေးကဏ္ဍ တိုး တက်ဖြစ်ထွန်းမှု အခြေအနေများ၊ မြန်မာနိုင်ငံ ရေး ဖြေလည်နိုင်စေမည့် နည်းလမ်းများ ရှာဖွေရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များ တိုးတက်ဖြစ်ထွန်းလာနိုင်ရေး အခြေ အနေများ၊ မြန်မာနိုင်ငံရေး ဖြေရှင်းရာတွင် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ဖော်ဆောင်နိုင်မည့် အခြေအနေ များ စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပစ္စတာ ပရတ်ဆိုခွန်နဲ့ နိုင်ငံရေးပါတီများ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂ ရက်က တွေ့ဆုံစဉ်
မစ္စတာပရတ်ဆိုခွန်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမှုကို တက်ရောက်ခဲ့သူများမှာ ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊ မွန်ညီညွတ်ရေးပါတီ(MUP)ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး၊ ရခိုင်အမျိုး သားပါတီ(ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှ၊ ပအိုဝ်း၊ ပလောင်၊ ချင်း ပါတီတို့လည်း တက်ရောက်ခဲ့ကြသည်။
မစ္စတာပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ ဇွန်လ ၂၉ ရက်က ရောက်ရှိခဲ့ပြီး ဇွန်လ ၃၀ ရက်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်းကောင်း၊ ဇူလိုင် ၁ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ အပြင် ဒုတိယဗိုလ်ချုပ်ကြီး ရာ ပြည့် ဦးဆောင်သည့် NSPNC ဖြင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1204
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂
နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အခင်းအကျင်းကို ဖန်တီးပေးရန် အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန်နှင့် တွေ့ဆုံစဉ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က တောင်းဆိုခဲ့ကြောင်း သိရသည်။
မြန်မာပြည်ကို ရောက်ရှိနေသည့် အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်နှင့် PPST တို့ ဇူလိုင် ၁ ရက်က တွေ့ဆုံ ခဲ့ကြကြောင်း၊ ထိုသို့ တွေ့ဆုံစဉ် အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း PPST မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနကို ပြောသည်။
ဗိုလ်မှူးကြီးစောကျော်ညွန့်က “ပဋိပက္ခရှိနေတဲ့ တိုင်းပြည်တစ်ပြည် အနေနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲဆိုတာ တနေ့ မဟုတ် တနေ့ ရှိကိုရှိရမယ်လို့ အခိုင်အမာ ယုံကြည်တဲ့ အတွက်ကြောင့်မို့ တကယ်လို့ အဲဒီနိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲက မြန်မြန်ပေါ်ပေါက်လာရင် ကျနော်တို့ နိုင်ငံရဲ့ ထိခိုက်နစ်နာမှု၊ ကျနော်တို့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ဆင်းရဲ့ ဒုက္ခဖြတ်သန်းမှု တွေကလည်း မြန်မြန်လေးကို ကျော်ဖြတ်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီလိုမျိုး အာဆီယံကိုယ်စားလှယ်နဲ့ တွေ့ဆုံတဲ့ အခိုက်အတန့်လေးမှာ ကျနော်တို့ မလုပ်နိုင်တာ ကြာပြီဖြစ်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲတွေကို အရင်လိုပဲ ပြန်လည် လုပ်ဆောင်နိုင်တဲ့ အခင်းအကျင်းတစ်ခု ဖန်တီးပေးနိုင်အောင် ပြည်ပအာဆီယံအနေနဲ့ အလေးထားပြီး ကြိုးပမ်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တာပါခင်ဗျ” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းကို တွေ့ဆုံ ဆွေးနွေး ဖြေရှင်းရေးထက် အပြုတ်တိုက်ရေးကို အားသန်နေကြသဖြင့် တွေ့ဆုံဆွေးနွေးရေး ပေ်ပေါက်ရန် မလွယ်ကူဘဲ ဖြစ်နေသည်။

မစ္စတာပရတ်ဆိုခွန်နဲ့ PPST ကိုယ်စားလှယ်များကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁ ရက်တွေ့ရစဉ်
မစ္စတာပရတ်ဆိုခွန်နှင့် PPST တို့ တွေ့ဆုံမှုတွင် မစ္စတာပရတ်ဆိုခွန်မှ အပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာမှု အကူအညီ ပေးအပ်နိုင်ရေးနှင့် အမှန်တကယ် ဒုက္ခရောက်နေသူများကို အကူအညီများ ရောက်ရှိရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အတူ PPST ဘက်ကလည်း ညှိနှိုင်းအဖြေရှာနိုင်သော နိုင်ငံရေးအခင်းအကျင်းတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် ကူညီပေးရန်၊ သက်ဆိုင်သူ ပါဝင်သင့်ပါထိုက်သူများ အားလုံးနှင့် တွေ့ဆုံနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းပေးရန် စသည်ဖြင့် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ဗိုလ်မှူးကြီး စောကျော်ညွန့်က “ဒီအာဆီယံဥက္ကဋ္ဌနဲ့ ပထမဦးဆုံး တွေ့ဆုံတဲ့ပွဲမှာ မျှော်မှန်းခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး၊ ကိုယ်အိပ်မက်မက်ခဲ့တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်စုံတဲ့ အခင်းအကျင်း ရလဒ် တစ်ခု မဟုတ်ခဲ့သည့်တိုင်အောင် အဲဒီလိုမျိုး ပြည်ထောင်စု ငြိမ်းချမ်းရေးရရှိဖို့ အဲဒီလိုမျိုး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အတွက် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့အတွက် ဒါ လမ်းစကောင်းတစ်ခု၊ အစပျိုးမှုကောင်း တစ်ခုလို့ မိမိတို့ အနေနဲ့ အတိုင်းအတာ တစ်ခုအထိ ကျေနပ်အားရမိပါတယ် ဆိုတာကိုတော့ အဲဒါကို မှတ်ချက်အနေနဲ့ ပြောလိုပါတယ်ခင်ဗျ” ဟု CNI သတင်း ဌာနသို့ ပြောသည်။
အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန်နှင့် တွေ့ဆုံဆွေးနွေးပွဲကို တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင်များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ တက်ရောက်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1610
CNI International News
ဝါရှင်တန်၊ ဇူလိုင် ၂
အမေရိကန်နိုင်ငံသား ၂၉ ရာခိုင်နှုန်းကသာ သမ္မတဂျိုးဘိုင်ဒန်ကို ၂၀၂၄ ရွေးကောက်ပွဲ၌ ပြန်လည် ရွေးချယ်ခံရစေလိုကြောင်း ဝါရှင်တန်ဒီစီအခြေစိုက် The Hill မီဒီယာက ဇူလိုင် ၁ ရက်၌ ဖော်ပြခဲ့သော စစ်တမ်းတစ်စောင်ကို အာရ်တီသတင်းဌာနက ရေးသား ဖော်ပြခဲ့သည်။
တစ်ချိန်တည်းမှာပင် အဆိုပါစစ်တမ်း ဝင်ရောက်ဖြေဆိုသူ ၇၁ ရာခိုင်နှုန်းတို့သည် အိမ်ဖြူတော်၌ ဘိုင်ဒန်၏ ဒုတိယ သက်တမ်းအတွက် မလိုလားကြကြောင်း တွေ့ရှိရသည်ဟု သိရသည်။
ဒီမိုကရက်တစ်ပါတီမှ သမ္မတဖြစ်လာသူ အသက် ၇၉ နှစ်ရှိ ဂျိုးဘိုင်ဒန်ကို ၎င်းစစ်တမ်းတွင် ဝင်ရောက်ဖြေဆိုသူ အားလုံး၏ ၃၈ ရာခိုင်နှုန်းကသာ ထောက်ခံခဲ့သည်။
ဟားဘတ် CAPS-ဟားရစ် အမည်ရှိ ၎င်းစစ်တမ်းကို အမေရိကန်ပြည်သူ ၁,၃၀၈ ဦးအား ဇွန်လ ၂၈ ရက်နှင့် ၂၉ ရက်တွင် ဝင်ရောက်ဖြေဆိုစေပြီး ကောက်ယူပြုစုခဲ့ခြင်းဖြစ်ကြောင်း The Hill က ဖော်ပြခဲ့သည်။
ဘိုင်ဒန်ကို ပြန်လည် အရွေးမခံသင့်ကြောင်း သဘောထား မှတ်ချက် ပေးသူများအနက် ၄၅ ရာခိုင်နှုန်းက သမ္မတ၏ လုပ်ရပ် များ မကောင်း၍ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
စစ်တမ်းဖြေဆိုသူ လေးပုံသုံးပုံတို့က သမ္မတသည် အသက်ကြီးလွန်သည်ဟု ပြောကြပြီး ကျန်လေးပုံ တစ်ပုံတို့ကတော့ ထိပ်ဆုံးမှ အပြောင်းအလဲအတွက် အချိန်တန်ပြီဟု မှတ်ချက်ချကြသည်။
“သမ္မတ ဘိုင်ဒန်က ပြန်အရွေးခံချင်ပေမယ့် ဒုတိယသက်တမ်းအတွက် မဲဆန္ဒရှင်တွေက မလိုလားကြဘူး။ သူ သမ္မတလုပ်နေ တာကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်ကြတာ ရှိတယ်” ဟု ဟားဘတ် CAPS- ဟားရစ်စစ်တမ်းကောက်ယူသည့်အဖွဲ့မှ တွဲဖက် ဒါရိုက်တာဖြစ်သူ မာ့ခ်ပင်း (Mark Penn) က ပြောကြားခဲ့သည်။

ဘိုင်ဒန်နဲ့ ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်(GETTY IMAGES)
“ဒီမိုကရက်တစ်ပါတီ ထဲမှာလည်း ၃၀ ရာခိုင်နှုန်းလောက်ပဲ သမ္မတလောင်း နေရာအတွက် သူ့ကို မဲပေးကြမှာ” ဟု မာ့ခ်ပင်းက ဆက်လက် ပြောကြားခဲ့သည်။
ဘိုင်ဒန်ကို ထောက်ခံသူ ၃၈ ရာခိုင်နှုန်းသာရှိသော အဆိုပါစစ်တမ်းတွင် ဘိုင်ဒန်လက်ထက် အမေရိကန်၏ စီးပွားရေးသည် ၃၂ ရာခိုင်နှုန်းသာ တိုးတက်မှုပြီး ငွေကြေးဖောင်းပွမှုမှာ ၂၈ ရာခိုင်နှုန်းအထိ ဖြစ်လာ၍ ပိုမိုဆိုးရွားလာကြောင်း ပြသခဲ့ကြသည်။
သို့သော် ဘိုင်ဒန်သည် အလုပ်အကိုင် ဖန်တီးရေးအတွက် ၄၃ ရာခိုင်နှုန်း ထောက်ခံမှုရခဲ့ပြီး ကပ်ရောဂါ ကိုင်တွယ် ဖြေရှင်းနိုင် စွမ်းအတွက် ၅၀ ရာခိုင်နှုန်း ထောက်ခံမှု ရခဲ့သည်။
ဘိုင်ဒန်နှင့် ထရမ့်တို့အကြား ရွေးချယ်စရာ ဖြစ်လာသည့်အခါ ယခုစစ်တမ်းတွင် ဖြေဆိုသူ ၆၀ ရာခိုင်နှုန်းက ၎င်းတို့နှစ်ဦး အစား အလယ်အလတ်ကျပြီး လွတ်လပ်သော ကိုယ်စားလှယ်လောင်းကို ဦးစားပေး စဉ်းစားမည်ဟု ပြောကြားခဲ့ကြသည်။
အဆိုပါ ရပ်တည်ချက် သဘောထားကို ဒီမိုကရက်တစ် ၆၄ ရာခိုင်နှုန်းနှင့် ရီပက်ဘလစ်ကန် ၅၃ ရာခိုင်နှုန်းတို့ကို စစ်တမ်း ကောက်ယူရာတွင် ပြောကြားခဲ့ကြခြင်းဖြစ်သည်။
ဟားဘတ်တက္ကသိုလ်ရှိ အမေရိကန်နိုင်ငံရေး လေ့လာမှုစင်တာနှင့် ဟားရစ်သုတေသနအဖွဲ့တို့က ယခုစစ်တမ်း ရလဒ် အပြည့် အစုံကို ထုတ်ပြန်ခြင်း မရှိသေးသော်လည် တစိတ်တပိုင်းအားဖြင့် The Hill က ရေးသားဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Source: အာရ်တီသတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1491
CNI International News
မော်စကို၊ ဇူလိုင် ၂
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီထံသို့ ဇူလိုင်လ ၁ ရက်၌ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ကမ္ဘာ့စားနပ်ရိက္ခာပြဿနာများ ဖြစ်ပေါ်စေခဲ့သော နိုင်ငံအများအပြား၏လုပ်ရပ်များအကြောင်း ဆွေးနွေးပြောကြားခဲ့သည် ဟု ကရင်မလင်သမ္မတနန်းတော်က သတင်းထုတ်ပြန်ခဲ့သည်။
“နိုင်ငံအတော်များများမှာ စားသောက်ကုန်တွေ လွတ်လွတ်လပ်လပ် ကုန်သွယ်တာအနှောင့်အယှက်ဖြစ်စေတဲ့အတွက် ဈေးနှုန်းတွေ သိသိသာသာ တက်ခဲ့တာကို ပူတင်က ပြောခဲ့ပါတယ်။ ရုရှားနိုင်ငံအပေါ် ဥပဒေမဲ့ ပိတ်ဆို့အရေးယူမှုတွေက အခြေအနေတွေကို ပိုဆိုးစေခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်” ဟု ကရင်မလင်ထုတ်ပြန်ချက်ကို ကိုးကားလျက် တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။
တစ်ချိန်တည်းမှာပင် ရုရှားသည် ယုံကြည်စိတ်ချရသော စပါး၊ ဓာတ်မြေဩဇာနှင့် စွမ်းအင်များ ထုတ်လုပ်သူအဖြစ် ဆက်လက် တည်ရှိနေကြောင်း ပူတင်က အလေးပေး ပြောကြားခဲ့သည်။

ကမ္ဘာ့စားနပ်ရိက္ခာ ဈေးကွက် (GETTY IMAGES)
“ရုရှားဟာ အိန္ဒိယ မိတ်ဖက် အပါအဝင် စပါး၊ ဓာတ်မြေဩဇာနဲ့ စွမ်းအင်ကဏ္ဍမှာ ယုံကြည်စိတ်ချရတဲ့ ထုတ်လုပ်သူနဲ့ ပံ့ပိုးသူ အဖြစ် ဆက်ရှိနေတဲ့အကြောင်း ပူတင် အလေးထား ပြောကြားခဲ့ပါတယ်” ဟု ကရင်မလင် ထုတ်ပြန်ချက်ထဲတွင် ဆက်လက် ဖော်ပြထားသည်။
ခေါင်းဆောင်နှစ်ဦးတို့သည် ပုဂ္ဂိုလ်ရေးအရ အဆက်အသွယ်အပြင် အခြားသော အဆင့်များ၌ အပြန်အလှန်ဆက်ဆံရေး စဉ်ဆက်မပြတ် ထားရှိသွားကြရန် သဘောတူ လက်ခံခဲ့ကြကြောင်း သိရသည်။
Source: တာ့စ်သတင်းဌာန
- By CNI
- Category: Watch TV
- Hits: 830
- By CNI
- Category: Watch TV
- Hits: 764
- By CNI
- Category: နိုင်ငံရေး
- Hits: 1439
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂
မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြည်တွင်းငြိမ်းချမ်းရေး အောင်မြင်ဖို့အတွက် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကို အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် NSPNC တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ဇူလိုင် ၁ ရက်နေ့က နေပြည်တော်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ဆွေးနွေးရေး ကော်မတီ (NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အာဆီယံ အထူးကိုယ် စားလှယ် မစ္စတာ ပရတ်ဆိုခွန်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
မစ္စတာပရတ်ဆိုခွန်၏ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက “ NSPNC နဲ့ တွေ့ဆုံတဲ့အခါမှာ အချက်သုံးချက်ကို အဓိက ဆွေးနွေးခဲ့ပါတယ်။ အဲဒီအချက်တွေက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ(NCA)မှာ ပါဝင် လက်မှတ် ရေးထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စေ့စပ်ဆွေးနွေးရေး ဖြစ်ပေါ်တိုးတက်မှုတွေကို ဆွေးနွေးခဲ့ပါ တယ်။ တချိန်က ကမ္ဘောဒီးယားပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဝန်ကြီးချုပ်ဟွန်ဆန် ဖော်ဆောင်ခဲ့တဲ့ Win- Win Situation ကို အကောင် အထည် ဖော်ခဲ့တာမှာ ကမ္ဘောဒီးယားရဲ့ အတွေ့အကြုံကို မျှဝေခဲ့ပါတယ်”ဟု ထုတ်ပြန်ခဲ့သည်။
ထို့နောက် သွားလာရခက်ခဲသည့် ဒေသများတွင်ရှိသော မြန်မာပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူ အညီနှင့် Covid-19 ကာကွယ်ဆေး ထိုးနှံပေးရာမှာ NSPNC ၏ အခန်းကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁ ရက် EAO များနှင့် မစ္စတာပရတ်ဆိုခွန် တွေ့ဆုံစဉ်
အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်သည် ဇူလိုင် ၁ ရက်က NCA ထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုတွင် အာဆီယံ အထူးကိုယ်စားလှယ်ဘက်က အပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာမှု အကူ အညီ ပေးအပ်နိုင်ရေးနှင့် အမှန် တကယ် ဒုက္ခရောက်နေသူများထံ အကူအညီများ ရောက်ရှိရေး၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး စသည်တို့ကို ဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့နောက် EAO များဘက်ကလည်း ညှိနှိုင်းအဖြေရှာနိုင်သော နိုင်ငံရေး အခင်းအကျင်း တစ်ရပ်ဖြစ်ပေါ်လာရေးအတွက် ကူညီ ပေးရန်၊ သက်ဆိုင်သူ ပါဝင်သင့်ပါထိုက်သူများ အားလုံးနှင့် တွေ့ဆုံနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းပေးရန်၊ အားလုံး လက်ခံ နိုင်သော အရပ်သားများအား ကာကွယ်ပေးနိုင်သော ယန္တရားဖော်ဆောင်ရေးနှင့် လူသားချင်း စာနာရေး ကူညီဆောင် ရွက် ပေးရန်၊ လက်ရှိ နိုင်ငံရေး ပဋိပက္ခများ ဖြေရှင်းရေးနှင့် ရေရှည်လုပ်ငန်းများဖြစ်သော ပြန်လည်ထူ ထောင်ရေး ဖွံ့ဖြိုးရေး အစီအစဉ်များတွင် အာဆီယံ အနေဖြင့် NCA အသိသက်သေနိုင်ငံများ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ပေးရန် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
- By CNI
- Category: Watch TV
- Hits: 764
- By CNI
- Category: Watch TV
- Hits: 687
- By CNI
- Category: နိုင်ငံရေး
- Hits: 1445
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်နှင့် တိုင်းရင်းသား လက်နက်ကိုင် (EAOs)များ အပစ်အခတ်ရပ်စဲရေး အပါအဝင် သက်ဆိုင်သူ ပါဝင်သင့်ပါဝင်ထိုက်သူများအားလုံး တွေ့ဆုံနိုင်ရေးအတွက် ကြိုးပမ်းပေး ရန် ယနေ့ (ဇူလိုင် ၁ ရက်) ဆွေးနွေးခဲ့ကြသည်။
နေပြည်တော်မှာ အာဆီယံအထူးကိုယ်စားလှယ်နှင့် NCA ထိုးထားသည့် လက်နက်ကိုင် ၇ ဖွဲ့တို့ တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြ ခြင်း ဖြစ်သည်။
အာဆီယံ အထူးကိုယ်စားလှယ်ဘက်က အပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာမှု အကူအညီ ပေးအပ်နိုင်ရေးနှင့် အမှန် တကယ် ဒုက္ခရောက်နေသူများထံ အကူအညီများ ရောက်ရှိရေး၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး စသည်တို့ကို ဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဟု ပြောကြောင်း အာဆီယံအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သော EAO များက ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁ ရက်က EAO များနှင့် မစ္စတာပရတ်ဆိုခွန် တွေ့ဆုံစဉ် (Thai Freedom)
ထို့နောက် EAO များဘက်က ညှိနှိုင်းအဖြေရှာနိုင်သော နိုင်ငံရေး အခင်းအကျင်း တစ်ရပ်ဖြစ်ပေါ်လာရေးအတွက် ကူညီပေး ရန်၊ သက်ဆိုင်သူ ပါဝင်သင့်ပါထိုက်သူများ အားလုံးနှင့် တွေ့ဆုံနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းပေးရန်၊ အားလုံး လက် ခံ နိုင်သော အရပ်သားများအား ကာကွယ်ပေးနိုင်သော ယန္တရားဖော်ဆောင်ရေးနှင့် လူသားချင်း စာနာရေး ကူညီဆောင် ရွက် ပေးရန်၊ လက်ရှိ နိုင်ငံရေး ပဋိပက္ခများ ဖြေရှင်းရေးနှင့် ရေရှည်လုပ်ငန်းများဖြစ်သော ပြန်လည်ထူထောင်ရေး ဖွံ့ဖြိုးရေး အစီအစဉ်များတွင် အာဆီယံ အနေဖြင့် NCA အသိသက်သေနိုင်ငံများ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ပေးရန် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော လက်နက်ကိုင်အဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်း အမျိုး သား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ကရင်အမျိုးသားအစည်း အရုံး /ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်း ချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ တက်ရောက်ခဲ့ ခြင်း ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1327
CNI International News
ကွီတို၊ ဇူလိုင် ၁
သီတင်းနှစ်ပတ်ကျော်ကြာ ဆန္ဒပြမှုများ အဆုံးသတ်ရန်အတွက် အီကွေဒေါအစိုးရနှင့် ဌာနေတိုင်းရင်းသားအဖွဲ့များ သဘောတူ ညီမှု ရရှိသွားပြီဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြောကြားသည်ဟု ရိုက်တာက ရေးသားခဲ့သည်။
သမ္မတ ဂွါလာမိုလက်ဇို၏ လူမှုရေးနှင့် စီးပွားရေး မူဝါဒကို မကျေနပ်သဖြင့် ဆန္ဒပြမှုများ အီကွေဒေါပြည်တွင်း၌ ဖြစ်ပွားခဲ့ရာ လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ရသည်။
ဌာနေတိုင်းရင်းသား လူမျိုးစုဖက်ဒရယ်ကောင်စီ (CONAIE) က စီစဉ်သည့် ဆန္ဒပြပွဲများသည် ဇွန်လ ၁၃ ရက်မှ စတင်၍ အီကွေဒေါနိုင်ငံ အနှံ့အပြား ကူးစက်ဖြစ်ပွားခဲ့ပြီး လောင်စာဆီဈေးနှုန်း လျှော့ပေါ့ရေး၊ သတ္တုတွင်းနှင့်ရေနံလုပ်ငန်း ထပ်မံ တိုးချဲ့မှုအပေါ် ကန့်သတ်ချက်များ ပယ်ဖျက်ရေးတို့ကို ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြမှု ဖြစ်ပွားခြင်းနှင့်အတူ အီကွေဒေါနိုင်ငံတွင် အစားအသောက်နှင့် ဆေးဝါး ပြတ်လပ်မှုများရှိနေခဲ့ပြီး အဓိက ရေနံ လုပ်ငန်းများ ဆိုးရွားစွာ ထိခိုက်နေခဲ့ရာ ဒေါ်လာ ၂၁၃ သန်းအထိ ဆုံးရှုံးခဲ့ရကြောင်း အစိုးရစွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။
“ကျနော်တို့အားလုံး လိုလားတောင့်တဲ့ အမြင့်ဆုံး တန်ဖိုးတစ်ခု ရခဲ့ပါပြီ။ ငြိမ်းချမ်းရေးရပါပြီ” ဟု သမ္မတ လက်ဇိုက ဆန္ဒပြပွဲ များ အဆုံးသတ်သွားခြင်းကို ဂုဏ်ပြုရေးသားထားသည့် တွတ်စ်တာပို့စ်တွင် ပြောကြားခဲ့သည်။
ရရှိလာသော သဘောတူညီချက်၏ တစိတ်တပိုင်းအားဖြင့် အစိုးရက ယခင်ဓာတ်ဆီဈေးက တစ်ဂါလံလျှင် ၁၀ ဆင့်အထိ လျှော့ချပေးခဲ့ပြီး ဒီဇယ်ကိုလည်း တစ်ဂါလံ ၅ ဆင့် လျှော့ရောင်းပေးဖို့ သဘောတူခဲ့သည်။

အီကွေဒေါဆန္ဒပြမှုများ (Reuters)
ဓာတ်ဆီနှင့်ဒီဇယ် နှစ်မျိုးစလုံးအတွက် စုစုပေါင်း ဈေးနှုန်း ၁၅ ဆင့် လျှော့ရောင်းပေးနိုင်ရန်အတွက် တစ်နှစ်လျှင် ဒေါ်လာ သန်း ၃၄၀ ခန့် စိုက်ထုတ်ရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။
ယခု သဘောတူညီချက်အရ အစိုးရပိုင် ပက်ထရို အီကွေဒေါ ကုမ္ပဏီ၏ Oriente ရေနံစိမ်း တင်ပို့မှုအတွက် ဇူလိုင် ၇ ရက် နောက်ဆုံးထား၍ အင်အားသုံးစွဲမည့် ကြေညာချက်ကို ရုပ်သိမ်းနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီအမှုဆောင် တာဝန်ရှိသူတစ်ဦးက ရိုက်တာ သတင်းဌာနသို့ ရှင်းပြသည်။
ဆန္ဒပြမှုများ ဖြစ်ပေါ်နေစဉ်အတွင်း နေ့စဉ် ရေနံထုတ်လုပ်မှု ယခင်ကာလများထက် ထက်ဝက်ကျော် လျော့ကျခဲ့ရသည်။
တစ်ချိန်တည်းမှာပင် ဓာတ်အားပေး စက်ရုံတစ်ရုံလည်း ပြန်လည် လည်ပတ်နေပြီဟု စွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့ သည်။ အဆိုပါ စက်ရုံ လည်ပတ်နိုင်ခြင်းမှာ ဆန္ဒပြမှုများကြောင့် ၉ ရက်ကြာ ဆိုင်းငံ့ခဲ့ရသော စွမ်းအင်ဝန်ဆောင်မှုအတွက် နောက်ထပ် ခြေလှမ်းတစ်ရပ် ဖြစ်သည်။
သမ္မတလက်ဇိုက ရေနံစီမံကိန်းများအတွက် ယခင်အမိန့်ကို ဖျက်သိမ်းခဲ့ပြီး သတ္တုတွင်း စီမံကိန်းများအတွက် အလားတူပုံစံ ပြုပြင်ပြောင်းလဲရန် ကမ်းလှမ်းခဲ့သည်။ ထိုပြုပြင်ပြောင်းလဲမှုအတွက် ရပ်ရွာလူထုကိုလည်း အသိပေး ဆွေးနွေးတိုင်ပင်ခွင့် လည်း ပေးအပ်မည်ဖြစ်သည်။
အစိုးရနှင့် ဆန္ဒပြ ခေါင်းဆောင်များသည် ကက်သလစ်ဘုရားကျောင်းမှ ကြားဝင် ဖျန်ဖြေပေးမှုအရ ဆွေးနွေးပွဲများ စတင် နိုင်ခဲ့ခြင်း ဖြစ်သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 2737
CNI International News
တိုင်ပေ၊ ဇူလိုင် ၁
တရုတ်နိုင်ငံက အနှစ် ၅၀ အထိ အပြောင်းအလဲမရှိဘဲ ရှေ့ဆက်သွားမည်ဟု ကတိပျက်ကွက်ခဲ့သဖြင့် ဟောင်ကောင်၏ လွတ်လပ်မှု ဆိတ်သုဉ်းခဲ့ကြောင်း ထိုင်ဝမ်ဝန်ကြီးချုပ် ဆူဆန်ချန် (Su Tseng-chang) က ယနေ့ (ဇူလိုင် ၁ ရက်) ပြောကြား ခဲ့သည်ဟု ရိုက်တာက ရေးသားဖော်ပြသည်။
ထိုင်ဝမ်ဝန်ကြီးချုပ်သည် ဟောင်ကောင်ကျွန်းကို တရုတ်လက်သို့ လွှဲပြောင်းရောက်ရှိခြင်း ၂၅ နှစ်ပြည့်၌ အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဟောင်ကောင် ခေါင်းဆောင်သစ်ဖြစ်သူ (ယခင် လုံခြုံရေး အကြီးအကဲဟောင်း) ဂျွန်လီနှင့် အတူ ကျမ်းသစ္စာကျိန်ဆိုရန် ဟောင်ကောင်မြို့တော်သို့ ရောက်ရှိနေသည်။ ဂျွန်လီကို အမျိုးသားလုံခြုံရေးဥပဒေနှင့် ပတ်သက် ၍ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားသည်။
တရုတ်က ၎င်း၏ပိုင်နက်ဟု ပြောကြားထားသော ထိုင်ဝမ်ကျွန်းပေါ်ရှိ ပြည်သူအများစုသည် ဘေဂျင်း၏ အုပ်ချုပ်ရေးကို စိတ်မဝင်စားကြောင်း၊ ဟောင်ကောင်နှင့် မကာအိုကျွန်းများကဲ့သို့ ထိုင်ဝမ်ကိုလည်း အုပ်ချုပ်ရန် ဘေဂျင်း၏ “တစ်နိုင်ငံ၊ စနစ်နှစ် မျိုး” ကမ်းလှမ်းချက်ကို ထိုင်ဝမ်အာဏာပိုင်များက အကြိမ်ကြိမ် ပယ်ချခဲ့ကြောင်း ရိုက်တာက ဆက်လက် ရေးသားသည်။

ထိုင်ဝမ်ဝန်ကြီးချုပ် ဆူဆန်ချန်
လွှဲပြောင်းမှု မရှိခဲ့လျှင် ဟောင်ကောင်၏ဘဝသည် ပုံမှန်အတိုင်း လည်ပတ်နိုင်ဦးဖြစ်ကြောင်း တိုင်ပေမြို့တော်၌ သတင်း ထောက်များနှင့် တွေ့ဆုံရာ၌ ဆူဆန်ချန်က မှတ်ချက်ချခဲ့သည်။
“အခု ၂၅ နှစ်ပဲ ရှိသေးတယ်။ အရင်ကတော့ အနှစ် ၅၀ အထိ အပြောင်းအလဲမရှိ အုပ်ချုပ်သွားမယ်လို့ သူတို့ ကတိပေးခဲ့တယ်။ အခုတော့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီက ဟောင်ကောင်မှာ ပျောက်သွားပြီလေ” ဟု ၎င်းက ဟောင်ကောင်ကို ရည်ညွှန်းလျက် ထပ်လောင်း ပြောကြားခဲ့သည်။
“ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ဘယ်လို ကိုင်စွဲထားရမယ်ဆိုတာ ကျနော်တို့ သိပါတယ်။ တစ် နိုင်ငံ၊ စနစ်နှစ်မျိုးလို့ နာမည်ခံထားတဲ့ တရုတ်ဟာ ဒီစမ်းသပ်မှုကို မခံမရပ်နိုင် ဖြစ်နေပါတယ်” ဟု ဆူဆန်ချန်က ဖြည့်စွက် ပြောကြားခဲ့သည်။
ဟောင်ကောင်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြိုခွင်းခံရပြီးနောက် ပြင်းထန်သည့် အမျိုးသားလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းခဲ့ရာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ်နိုင်ငံတွင် ယင်းလုပ်ရပ်ကို ကျယ်ပြန့်စွာ ရှုတ်ချခဲ့ကြသည်။
ဟောင်ကောင် အုပ်ချုပ်ရေးမှူးနဲ့ ရှီကျင့်ဖျင် (AP)
မြို့တော် တည်ငြိမ်ရေးအတွက် ပြန်လည် ထိန်းကျောင်းရန် ထိုဥပဒေ လိုအပ်ကြောင်း ဘေဂျင်းနှင့်ဟောင်ကောင် အစိုးရတို့ ကတော့ အခိုင်အမာ ပြောကြားနေခဲ့သည်။
ဗြိတိန်သည် ဟောင်ကောင်ကျွန်းကို ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၁ ရက်တွင် တရုတ်လက်သို့ ပြန်လည်လွှဲပြောင်းခဲ့ရာ ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ်စွာ တရားစီရင်ရေးတို့မှာ တရုတ်ပြည်မကြီး၏ တစ်နိုင်ငံ၊ စနစ်နှစ်မျိုး မူဝါဒအောက်သို့ ကျရောက်သွားခဲ့သည်။
အဆိုပါ လွတ်လပ်ခွင့်များကို ဘေဂျင်းနှင့်ဟောင်ကောင် အာဏာပိုင်များ နင်းချေခဲ့ကြကြောင်း အနောက်အုပ်စု အပါအဝင် တရုတ်အစိုးရကို ဝေဖန်သူများက စွပ်စွဲခဲ့ကြသည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ အချုပ်အခြာအာဏာကို လက်ခံရန်အတွက် စစ်ရေးနှင့်နိုင်ငံရေး ဖိအားပေး တိုးမြှင့် လုပ် ဆောင်နေသည်။ ထိုင်ဝမ်အစိုးရကတော့ ကျွန်းပေါ်ရှိ ထိုင်ဝမ်သားများကပဲ ၎င်းတို့အနာဂတ် ဆုံးဖြတ်နိုင်သည်ဟု ပြောကြား ထားသည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1721
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁
မြန်မာပြည်ကို ရောက်ရှိနေသည့် အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန်နှင့် နိုင်ငံရေးပါတီအချို့ ဇူလိုင် ၂ ရက်နေ့ မှာ တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
အာဆီယံ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးမှုကို ရခိုင့်ဦးဆောင်ပါတီ (AFP) တက်ရောက်မှာ ဖြစ်ကြောင်း၊ မည်သည့် ကိစ္စ ဆွေးနွေးမည်ဆိုသည်ကို အသေးစိတ်ပြောပြ၍ မရသေးကြောင်း AFP မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်း ဌာနသို့ ပြောသည်။
ဒေါက်တာအေးမောင်က “ အဲဒါကတော့ အသေးစိတ် ပြောလို့မရဘူး။ ကျနော်တို့က အခြေအနေကြည့်ရမှာ ဘယ်ပါတီတွေ ပါသလဲပေါ့။ ခင်ဗျားတို့ သတင်းကြားမှာပေါ့။ ဒီနေ့ဆိုရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ထင်တယ်။ PPST နဲ့ တွေ့မယ်ဆိုတာလေ။ ကျနော်တို့လည်း နိုင်ငံရေးပါတီ များများ ပါနိုင်တာပေါ့။ ကျနော်တို့တာ မသိတာလေ။ ဘယ် နှစ်ပါတီနဲ့ တွေ့မှာလဲ။ အချိန်ဘယ်လောက်လဲ။ မပြောတတ်ဘူး။ အခြေအနေကြည့်ပြီး ပြောရဆိုရမှာ၊ ကြိုပြီးပြောလို့လည်း မကောင်းဘူးရယ်။ တွေ့ပြီးမှပဲ ဘာတွေကို ပြောခဲ့တာကို ခင်ဗျားတို့ကို ပြန်ပြောရင် ပိုပြီး ပြည့်စုံမယ်ထင်တယ်” ဟု ပြော သည်။
အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန်သည် ဇွန်လ ၂၉ ရက်က မြန်မာပြည်ကို ရောက်ရှိခဲ့ပြီးနောက် နစက ဥက္ကဋ္ဌ၊ နစက၏ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံထားပြီးဖြစ်သည်။
ထို့နောက် ယနေ့ (ဇူလိုင် ၁ ရက်)တွင် အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ဖြင့် တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။

ပရတ်ဆိုခွန်ကို တွေ့ရစဉ်
အာဆီယံ အထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးမှုကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ တက်ရောက်မှာ မဟုတ်ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အနေဖြင့် အာဆီယံ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံမှုတွင် တက်ရောက် ဖို့ ရှိကြောင်း၊ အသေးစိတ်ကို မသိရှိရသေးကြောင်း USDP မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။
အလားတူ မွန်ညီညွတ်ရေးပါတီ (MUP) မှ တက်ရောက်မှာ ဖြစ်ကြောင်း၊ မည်သည့် အကြောင်းအရာများ ဆွေးနွေးမည် ဆိုသည်ကို မသိရှိရသေးကြောင်း MUP မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
နိုင်သန်းရွှေက “ဆွေးနွေးဖို့ကတော့ ကျနော်တို့ အစီအစဉ်ကတော့ ကျနော်တို့ မသိရသေးဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ သွားတွေ့မယ်။ နောက်ပြီးတော့ ဒီကိုယ်စားလှယ်က ဘာတွေပြောမလဲ၊ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ကျနော် တို့နဲ့ မြန်မာ့နိုင်ငံရေးနဲ့ ကိုက်ညီတဲ့ ဥစ္စာတွေကို ပြောဖိုတော့ ရှိတယ်ပေါ့။ လောလောဆယ်တော့ ပြင်ဆင်ထားတာတော့ သိပ် မရှိဘူးပေါ့နော်” ဟု ပြောသည်။
အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန်၏ ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၃ ရက်အထိ လာရောက်သော မြန်မာပြည် ခရီးစဉ်အတွင်း လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး၊ အာဆီယံ ဘုံသဘောတူညီမှု (၅)ရပ် အကောင်အထည် ဖော်ရေး၊ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်လာရေး စသည်တို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
Page 101 of 138
