CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မျက်နှာစာအသီးသီး၌ တင်းမာမှုများ ငြိမ်သက်ဖို့ အမေရိကန်နှင့်တရုတ်ကြိုးပမ်း

By CNI
CNI
Category: Watch TV
Hits: 696

Share
Tweet
Share
Share
powered by social2s
ရှင်ဇိုအာဘေး ရုပ်ကလပ် တိုကျိုမြို့ကို ပြန်သယ်လာစဉ် (AFP)

ဝန်ကြီးချုပ်ဟောင်း အာဘေး၏ရုပ်ကလပ် တိုကျိုပြန်ရောက်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1037

CNI International News

တိုကျို၊ ဇူလိုင် ၉

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ရုပ်ကလပ်ကို တိုကျိုမြို့တော်ရှိ ၎င်း၏နေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း NHK သတင်းဌာနက ဇူလိုင် ၉ ရက် (ယနေ့) မွန်းလွဲပိုင်းတွင် ထုတ်လွှင့်ခဲ့သည်။

၎င်းသည် ဂျပန်နိုင်ငံအနောက်ပိုင်း၊ နာရာမြို့တွင် မိန့်ခွန်းပြောကြားနေစဉ် ဇူလိုင် ၈ ရက် (ယမန်နေ့)က သေနတ်ဖြင့် ပစ်သတ် ခံခဲ့ရသည်။

အာဘေး၏ ရုပ်ကလပ် တင်ဆောင်လာသည့် မော်တော်ယာဉ်သည် ဇူလိုင် ၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ၊ မိနစ် ၃၀ တွင် တိုကျိုမြို့၊ ရှီဘူယာခရိုင်ရှိ နေအိမ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ရှင်ဇိုအာဘေးကို လုပ်ကြံသူကို ဖမ်းဆီးနေစဉ် (AP)

အာဘေးသည် တိုက်ခိုက်ခံရပြီးနောက် နာရာခရိုင်ရှိ ဆေးရုံတွင် အရေးပေါ် ကုသမှု ခံယူခဲ့သော်လည်း ဇူလိုင် ၈ ရက်၊ ညနေ ၅ နာရီတွင် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန် ဆေးရုံပေါ်တွင် ၎င်း၏ဇနီး အကီ၊ ဝန်ကြီးချုပ်ဟောင်း ဆုဂါယိုရှီဟိုက်နှင့် အစိုးရအဖွဲ့ အတွင်းဝန် မက်ဆူနိုဟီရိုကာဇူးတို့လည်း အတူရောက်ရှိနေကြသည်။

ရဲတပ်ဖွဲ့က သေမှုသေခင်း စစ်ချက်ယူပြီးနောက် အာဘေး၏ ရုပ်ကလပ်ကို တင်ဆောင်လာသော မော်တော်ယာဉ်သည် ဇူလိုင် ၉ ရက် (ယနေ့) နံနက် ၆ နာရီ မထိုးမီကပင် ဇနီးဖြစ်သူ လိုက်ပါလျက် ကွယ်လွန်ခဲ့သည့် ဆေးရုံထဲမှ စတင်ထွက်ခွာလာခဲ့ ကြောင်း NHK သတင်းအရ သိရသည်။

Source: NHK

 

 

 

Share
Tweet
Share
Share
powered by social2s
သီရိလင်္ကာက ဆန္ဒပြသူများကိုတွေ့ရစဉ် (AP)

သီရိလင်္ကာသမ္မတ အိမ်တော်ကို ဆန္ဒပြသူများ ဝင်စီး၊ ရာထူးမှ ထွက်ပေးဖို့ တောင်းဆို

By CNI
CNI
Category: နိုင်ငံရေး
Hits: 1730

CNI International News

ကိုလံဘို၊ ဇူလိုင် ၉

ယခုနှစ် စီးပွားရေး အကျပ်အတည်း အကြီးအကျယ် ကြုံတွေ့နေရသော သီရိလင်္ကာနိုင်ငံတွင် ထောင်နှင့်ချီသည့် ဆန္ဒပြသူများ က အင်အားအလုံးအရင်းဖြင့် အစိုးရဆန့်ကျင်ရေး ချီတက်လှုပ်ရှားခဲ့ကြရာ ရဲတပ်ဖွဲ့ အတားအဆီးများကို ဖြတ်ကျော်ပြီး သမ္မတ၏ နေအိမ်နှင့် ရုံးခန်းကို ဝင်ရောက် စီးနင်းခဲ့ကြကြောင်း အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။

သီရိလင်္ကာ အလံများနှင့် ခမောက်များ ကိုင်ဆောင်ထားသည့် ဆန္ဒပြသူအချို့သည် ကိုလံဘိုမြို့တော်ရှိ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ၏ နေအိမ်အတွင်းသို့ ထိုးဖောက် ဝင်ရောက်ခဲ့သည့် ဗွီဒီယိုဖိုင်ကို ဒေသတွင်း တီဗီသတင်းချန်နယ် NewsFirst က ယနေ့ (ဇူလိုင် ၉ ရက်) ထုတ်လွှင့် ပြသခဲ့သည်။

သမ္မတနှုတ်ထွက်ပေးရေး ဆန္ဒပြသူများနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ့ဆုံ (AP)

သမ္မတအိမ်တော် အတွင်းသို့ ထိုးဖောက် ဝင်ရောက်နေသည့် ဒေါသထွက်နေသော လူအုပ်ကြီးကို တားဆီးရန်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် လေထဲသို့ သေနတ်များ ပစ်ဖောက်၍ ခြောက်လှန့်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားက ဆက်လက် ရေးသားသည်။

အသက် ၇၃ နှစ်အရွယ်ရှိ သမ္မတကို လုံခြုံစိတ်ချရသော အခြားတစ်နေရာသို့ ရွှေ့ပြောင်းထားသော်လည်း ထုတ်ဖော် ကြေညာ ခြင်း မရှိပေ။

စီးပွားရေး အကျပ်အတည်းကို အစိုးရကိုင်တွယ် ဖြေရှင်နေခြင်းအပေါ် မကျေမနပ်မှုများ တိုးပွားနေချိန်၌ ဝန်ကြီးချုပ် ရာနေး ဝီကရီမီဆင်သည် နိုင်ငံရေးပါတီ ခေါင်းဆောင်များကို အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့က မိုးပေါ်ထောင် ပစ်ခတ်စဉ်

 

ထို့ပြင် လွှတ်တော်ဥက္ကဋ္ဌကိုလည်း ဆင့်ခေါ်ရန် ဝီကရီမီဆင်က တောင်းဆိုခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရ သည်။

လူဦးရေ ၂၂ သန်းရှိသော ကျွန်းနိုင်ငံဖြစ်သည့် သီရိလင်္ကာတွင် ပြည်သူအများစုသည် နိုင်ငံ့ အခြေအနေ ဆုတ်ယုတ် ကျဆင်းခဲ့ ခြင်းအတွက် သမ္မတ ရာဂျာပက်ဆာကို အပြစ်တင် နေခဲ့ကြသည်။

ပြီးခဲ့သည့် မတ်လမှစ၍ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး သမ္မတကို ရာထူးမှ နုတ်ထွက်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ကြသည်။

Source: Aljazeera

 

 

 

Share
Tweet
Share
Share
powered by social2s
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်

ရဲတပ်သား ၂ ဦး မြိုင် PDF ထံ လက်နက်နှင့်အတူ CDM လုပ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 982

CNI International News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၉

မြိုင်မြို့နယ်၊ ကိုင်းတောမရဲကင်းစခန်းမှ ရဲတပ်သား နှစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်ထံ လာရောက်၍ CDM လုပ်ခဲ့ကြောင်း ဇူလိုင် ၉ ရက်တွင် မြိုင်-PDF က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ရဲတပ်သား ၂ ဦးသည် ဇူလိုင် ၈ ရက်နေ့က CDM လုပ်လာခြင်းဖြစ်ကြောင်း၊ တစ်ဦးလျှင် သိန်း ၅၀ စီ မြိုင်-PDF က ပေးအပ်ခဲ့ကြောင်း၊ ထို ရဲတပ်သား ၂ ဦးက မြိုင်-PDF ကို ၁၀ သိန်း ပြန်လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလတ်တလောတွင် မြိုင်မြို့နယ်ထဲမှာ တပ်မတော်နှင့် ဒေသခံ PDF များကြား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရှင်ဇိုအာဘေး လုပ်ကြံခံရသည့် နေရာကို ဂျပန်ပြည်သူများ လာရောက်ဂါဝရပြု

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1047

 

CNI International News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၉

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရသည့် နေရာသို့ ဂျပန်ပြည်သူများ လာရောက်၍ ဝမ်းနည်းခြင်း ပန်းများ ချကာ ဂါဝရပြုကြသည်။

ရှင်ဇိုအာဘေးသည် ဂျပန်နိုင်ငံ၊ နာရာမြို့မှာ အထက်လွှတ်တော်ရွေးကောက်ပွဲအတွက် ဇူလိုင် ၈ ရက်က မဲဆွယ် စည်းရုံးရေး ဟောပြောနေစဉ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ထို့နောက် ရှင်ဇိုအာဘေးကို လုပ်ကြံသတ်ဖြတ်သူဟု သံသယရှိသူ ယာမာဂမီ တက်ဆူယ (Yamagami Tetsuya)ကို လုံခြုံရေးအဖွဲ့များက ဖမ်းဆီးကာ စစ်ဆေးလျက်ရှိနေသည်။

ယာမာဂမီ တက်ဆူယ (Yamagami Tetsuya)ကလည်း ၎င်းပစ်ခတ်လုပ်ကြံခဲ့ခြင်းကို ဝန်ခံခဲ့သည်။ ယာမာဂမီ တက်ဆူယ (Yamagami Tetsuya)သည် ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွင် ၂၀၀၅ ခုနှစ်အထိ သုံးနှစ် ဝန်းကျင် တာဝန်ထမ်းောဆင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

 

Share
Tweet
Share
Share
powered by social2s
၂၀၂၀ ခုနှစ်၊ ဩဂုတ် ၁၄ ရက် နိုင်ငံရေးပါတီများနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံစဉ်

ရွေးကောက်ပွဲ အာမခံချက်ကို နစက ချပြရန်လိုအပ်ဟု ဒေါက်တာအေးမောင်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2093

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၉

လာမည့် ၂၀၂၃ ရွေးကောက်ပွဲ ကျင်းပမည်ဟု နစက ပြောနေသည့်တိုင် မည်ကဲ့သို့သော အာမခံကြောင်းကိုတော့ ချပြရန် လိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

‌ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောနေရုံနှင့်မဟုတ်ဘဲ အားလုံးလက်ခံနိုင်သည့် အခင်းအကျင်းမျိုး နစကနှင့် ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်(UEC) အနေဖြင့် လူထုကို ချပြသင့်ကြောင်း ၎င်းက ပြောသည်။

ဒေါက်တာအေးမောင်က “အဲလိုမျိုး ၂၀၂၃ အခင်းအကျင်းနဲ့ ပတ်သက်လို့ ဖြစ်နိုင်တဲ့ ရွေးကောက်ပွဲဆိုတာ ပြောနေရုံနဲ့ မပြီးဘဲ နဲ့ SAC ဖက်က ဘယ်လို အာမခံချက်တွေ UEC ဘက်က ဘယ်လို အာမခံချက်တွေ ဆိုတာမျိုးနဲ့ အားလုံးစိတ်ဝင်စားတဲ့ အားလုံး လက်ခံနိုင်တဲ့ အခင်းအကျင်း တစ်ခုဖြစ်အောင် ဒီကြားကာလမှာ ၂၀၂၃ ရွေးကောက်ပွဲကြီး ဘာဘာဆိုတာကို နိုင်ငံ ရေးပါတီတွေကို ချပြတာမျိုး လူထုကို ချပြတာမျိုး၊ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ဘာဘာဆိုတာကို ချပြတာမျိုး လုပ်ဖို့ အဲဒါကြောင့်လည်း ဦးကိုကိုကြီးတို့ တစ်ခါတစ်ခါ ပြောတယ်ဗျ။ ကြားကာလ သူတို့ ပြောကြတာ အများကြီး ရှိပါတယ်။ ကြားကာလဆိုတာက ခုကာလနဲ့ ရွေးကောက်ပွဲမတိုင်ခင် ကာလမှာ။ လူထုကလည်း မဲလာပေးတဲ့ လူထုကလည်း လုံလုံခြုံခြုံ နဲ့ စိတ်၏ လုံခြုံမှု၊ ကိုယ်၏ လုံခြုံမှုနဲ့ အဲဒါလေးတွေ ရနေဖို့ လိုတာပေါ့။ တရားဥပဒေစိုးမိုးမှု ရှိဖို့လိုတယ်။ လွတ်လွတ်လပ်လပ် မဲလာပေးနိုင်အောင်လို့ လက်ရှိ အစိုးရဘက်က ဆောင်ရွက်ပေးစရာလေးတွေ ရှိဦးမယ်ထင်တယ်။ ၂၀၂၀ ရွေးကောက်ပွဲလိုများ ထပ်ပြီးတော့ ၂၀၂၃ ရွေးကောက်ပွဲကိုလည်း သူဖက်က ဘယ်လို အာမခံထားတယ် ဆိုတာမျိုးလည်း လူထုကို ချပြပေးဖို့ လိုကောင်းလိုမယ်လေ” ဟု CNI သို့ ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲထည့်နေစဉ်

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို တပ်မတော်မှ ပယ်ဖျက်ကာ အာဏာရယူခဲ့ကြောင်း၊ ထို့နောက် နစက သည် ပြည်သူလူထုနှင့် နိုင်ငံတကာကို လှည့်စားရန် နောက်ထပ် ရွေးကောက်ပွဲကို ပြင်ဆင်နေကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ယနေ့ (ဇူလိုင် ၉ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် နစက ကျင်းပမည့် ရွေးကောက်ပွဲကို NLD အနေဖြင့် လုံးဝအသိအမှတ်မပြု လက်မခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းပြည် မတည်မငြိမ် ဖြစ်ခြင်းထက် ရွေးကောက်ပွဲ ကျင်းပနိုင်ပါက နိုင်ငံကို တည်ငြိမ်သည့် လမ်းကြောင်းပေါ် တင်ပေး သည်ဟု မြင်မိကြောင်း ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်(PNO)မှ အထွေထွေအတွင်းရေးမှူး - ၂ ခွန်ထွန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

 တပ်မတော် ဆန့်ကျင်ကြောင်း ပြသနေစဉ်

ခွန်ထွန်းရွှေက “ဒါကတော့ အားလုံးဟာ ဒီနိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ရှင်းမယ်ဆိုရင်တော့ ဒီနိုင်ငံရေးကလည်း ‌ရွေးကောက်ပွဲလည်း နိုင်ငံရေးပါတီတစ်ခုရဲ့ ဖြစ်စဉ်တစ်ခုပဲလေ၊ ဒီရွေးကောက်ပွဲ တစ်ခု၊ လွှတ်တော်တစ်ခု၊ အစိုးရ တစ်ခု တည်ဆောက်နိုင်မှ ကျနော်တို့ နိုင်ငံက တည်ငြိမ်တဲ့ နိုင်ငံတစ်ခု ဖြစ်လာမယ်လေ၊ ရွေးကောက်ပွဲမှ မလုပ်ဘူး။ အဲလိုပဲ မတည်မငြိမ် ဖြစ်လာရင် ကျနော်တို့ မတည်ငြိမ်မှုဟာ ကြာရှည်လာရင် ကျနော်တို့ နိုင်ငံဟာ အလားအလာ မကောင်းဘူးပေါ့ ဗျာ။ တိုင်းရင်းသားတွေလည်း ယုံကြည်မှုအား တစ်ဖြည်းဖြည်း နည်းလာမယ်။ ပြီးရင် အမျိုးမျိုးပေါ့ဗျာ၊ ဆရာတို့ သိတဲ့အတိုင်း ပဲ ဆရာတို့ မီဒီယာဆို ကျနော်တို့ထက် ပိုပြီးလေ့လာထားတာကိုး” ဟု ပြောသည်။

လက်ရှိတွင် တပ်မတော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရက ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း အငြင်းပွားမှုများကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် ကြေညာ ထားသည်။

ထို့နောက် လာမည့် ၂၀၂၃ တွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးမည်ဖြစ်ပြီး အနိုင်ရရှိသည့် ပါတီကို တိုင်းပြည်အာဏာ လွှဲပေးမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်(ယာ)နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ(ဝဲ)တို့ လက်ဆွဲနှုတ်ဆက်နေစဉ်(ဓါတ်ပုံ- အေပီ)

မျက်နှာစာအသီးသီး၌ တင်းမာမှုများ ငြိမ်သက်ဖို့ အမေရိကန်နှင့်တရုတ်ကြိုးပမ်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 2294

CNI International News

ဂျကာတာ၊ ဇူလိုင် ၉

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် တင်းမာသောရန်လိုမှုများ အနည်းဆုံးဖြစ်စေရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ဇူလိုင် ၉ ရက်(ယနေ့)တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်တွေ့ဆုံခဲ့ကြောင်း၊ ဝါရှင်တန်နှင့်ဘေဂျင်းတို့အကြား မကြာသေးမီက ဆက်ဆံရေးကို အဓိပ္ပါယ်ဖွင့်ဆိုရန် ယခုကဲ့သို့ တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ဘလင်ကင်နှင့် ဝမ်ယိတို့သည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီအပန်းဖြေစခန်းတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ချမ်းသာ၊ဖွံ့ဖြိုးပြီးသော နိုင်ငံ ၂၀ (G-20) သံတမန်များသည် ဘာလီတွင် အစည်းအဝေးကျင်းပလျက် ယူကရိန်း စစ်ပွဲနှင့်ပတ်သက်၍ ရုရှားသဘောတူညီချက်နှင့်သက်ရောက်မှုများကို မည်သို့ကိုင်တွယ်ဖြေရှင်းကြမည်ကို ဆွေးနွေးအဖြေရှာကြပြီး နောက်တစ်ရက်၌ ယင်းအစည်းအဝေး၏ပြင်ပတွင် ဘလင်ကင်နှင့်ဝမ်ယိတို့ သီးခြား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

၎င်းတို့သည် ထိုင်ဝမ်သို့ အခွန်အကောက်ကိစ္စများ၊ ကုန်သွယ်ရေး၊ လူ့အခွင့်အရေးနှင့် တောင်တရုတ် ပင်လယ် အငြင်းပွားမှုများကို ဆွေးနွေးခဲ့ကြသည်။ မကြာသေးမီရက်ပိုင်းကလည်း တရုတ်နှင့်အမေရိကန် နှစ်နိုင်ငံထိပ်တန်း စစ်ဘက်အရာရှိများသည် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ အွန်လိုင်းဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။

“အမေရိကန်နဲ့တရုတ်ကြားမှာ ရှုပ်ထွေးပြီး အကျိုးဆက်အနေနဲ့ ဆက်ဆံရေးကိစ္စ ပြောစရာအများကြီးရှိပါတယ်။ အကျိုးရှိရှိနဲ့ အပြုသဘောဆောင်ပြီး စကားပြောနိုင်ကြဖို့ ကျနော် အင်မတန်မျှော်လင့်ပါတယ်” ဟု ၎င်းတို့နှစ်ဦး တံခါးပိတ်တွေ့ဆုံဆွေးနွေးရေး မစတင်မီ ဘလင်ကင်က ပြောကြားခဲ့သည်။

ဝမ်ယိကလည်း “နှစ်နိုင်ငံ ပုံမှန်အားဖြင့် အမြင်ချင်းဖလှယ်တာမျိုး ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ဒီလိုဆက်ဆံရေးဟာ လမ်းကြောင်းမှန်ပေါ်ကို ဆက်လက်တက်လှမ်းနိုင်စေဖို့ အတူလက်တွဲလုပ်ဆောင်ကြရေး ရည်ရွယ်ပါတယ်” ဟု ပြောကြားခဲ့သည်။

အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနှင့် သူနိုင်-ကိုယ်နိုင်ပူးပေါင်းဆောင်ရွက်မှုစသည့် မူများ ဆက်လက်တည်မြဲစေရေး ကတိကဝတ်များကို ဝမ်ယိက ထပ်လောင်းပြောကြားခဲ့သည်။

“နှစ်နိုင်ငံအစိုးရနဲ့ပြည်သူတွေရဲ့အကျိုးစီးပွားကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာအသိုင်းအဝိုင်း ရဲ့ တူညီတဲ့ဆန္ဒတစ်ခုလည်း ဖြစ်ပါတယ်” ဟု ဝမ်ယိက မှတ်ချက်ချခဲ့သည်။

ဝမ်ယိနှင့် ဘလင်ကင်တို့ တွေ့ဆုံဆွေးနွေးမှုမှ အောင်မြင်မှုတစုံတရာကို မျှော်လင့်မထားကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။ သို့သော် ယခုတွေ့ဆုံမှုရလဒ်သည် ဆက်သွယ်ရေးလမ်းကြောင်းများ ဖွင့်ထားကြရန်နှင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနှစ်နိုင်ငံ၏ အရံလမ်းကြောင်းများ ဖန်တီးရေး အထောက် အကူဖြစ်စေမည်ဟု မျှော်လင့်ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားခဲ့ကြသည်။

အကြောင်းမှာ အဆိုပါ နှစ်နိုင်ငံ တို့သည် ပိုမိုရှုပ်ထွေးပြီး ပေါက်ကွဲထွက်စေမည့်ကိစ္စများကို ထိတွေ့ဆွေးနွေးမိလျှင် မလိုလားသည်များ ပေါ်ပေါက် နိုင်ခြေရှိ၍ဖြစ်ကြောင်း အေပီသတင်းတွင် ဆက်လက်ရေးသားထားသည်။

Source: AP

Share
Tweet
Share
Share
powered by social2s
လာဗရော့နဲ့ ဝမ်ယိ (GETTY IMAGES)

ယူကရိန်းငြိမ်းချမ်းရေး ကြိုးပမ်းမှုအားလုံး တရုတ်ထောက်ခံဟု လာဗရော့ကို ဝမ်ယိပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1225

CNI International News

ဂျကာတာ၊ ဇူလိုင် ၉

ယူကရိန်းငြိမ်းချမ်းရေး ကြိုးပမ်းမှုအားလုံးကို တရုတ်က ထောက်ခံကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ (Wang Yi)က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ (Sergei Lavrov) နှင့် G-20 အစည်းအဝေး၏ ပြင်ပတွင် တွေ့ဆုံ ဆွေးနွေးစဉ် ပြောကြားခဲ့သည်။

လက်ရှိတွင် G-20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပနေသည်။

ထိုသို့တွေ့ဆုံရာ၌ လာဗရော့က ရုရှား-ယူကရိန်း အခြေအနေ၊ ရုရှား၏ ရပ်တည်ချက်နှင့် အဆိုပြုချက်များကို ထုတ်ဖော် ပြောကြားခဲ့သည်။

ထို့နောက် ဝမ်ယိက တရုတ်နိုင်ငံ၏ ရည်မှန်းချက်နှင့် တရားမျှတသော ရပ်တည်ချက်ကို ဆက်လက် ဆုပ်ကိုင်ထားရန် အလေး ပေး ပြောကြားခဲ့ပြီး အခြေအနေ တိုးတက်လာစေရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး မြှင့်တင်နိုင်ရန် အာရုံစိုက်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ယခု အကျပ်အတည်းကို ငြိမ်းချမ်းရေး ဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းမှုအားလုံးကို တရုတ်နိုင်ငံက အားပေးထောက်ခံ သွားမည်ဖြစ်ကြောင်း ဝမ်ယိက ဆက်လက် ပြောကြားခဲ့သည်။

တရုတ်နှင့်ရုရှားတို့သည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာမှုနှင့် မဟာဗျူဟာမြောက် သန္နိဋ္ဌာန် ချထားမှုများကို ပြသခဲ့ကြပြီး ကဏ္ဍစုံ တွင် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဝမ်ယိက ထပ်လောင်း ပြောကြားခဲ့သည်။

ဝမ်ယိ ကိုတွေ့ရစဉ် 

တရုတ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၁၄ ကြိမ်မြောက် BRICS ထိပ်သီး အစည်းအဝေးတွင် ရုရှား၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှု၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် အများဆန္ဒကို တည်ဆောက်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး မြှင့်တင် ရန် ပံ့ပိုးကူညီမှုတို့အတွက် မိမိတို့ ကျေးဇူးတင်ရှိကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

တရုတ်-ရုရှား ဆက်ဆံ‌ရေးသည် ပြင်ပမှ ဝင်ရောက်စွက်ခြင်းမရှိဘဲ နှစ်နိုင်ငံကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ဖြင့် ချောမွေ့စွာ တိုးတက်နေကြောင်း၊ နောက်ထပ် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများ ရှိကြောင်း၊ နှစ်နိုင်ငံ ပြည်သူ များ အကျိုးအတွက် ရုရှားနှင့် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာ ချဲ့ထွင်သွားရန် အသင့်ရှိကြောင်း ဝမ်ယိက လာဗရော့ကို အသိပေး ပြောကြားခဲ့သည်။

ထို့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွား ပူးတွဲကာကွယ်သွားဖို့လည်း နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတို့ သဘောတူခဲ့ကြသည်။

ဝမ်ယိက မိမိတို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တူညီသော ဆန္ဒကို ဖော်ညွှန်းထားပါကြောင်း၊ အနိုင်ကျင့်ခြင်းနှင့် တဖက်သတ် ဝါဒ ကို ဆန့်ကျင်ရန် ရည်မှန်းထားကြောင်း ဆက်လက် ပြောကြားခဲ့သည်။

“လက်ရှိ နိုင်ငံတကာမှာ နိုင်ငံရေးဖြစ်ရပ်မှန်ကို ရင်ဆိုင်ဖို့အတွက် နိုင်ငံတွေအနေနဲ့ အာဏာနိုင်ငံရေးနဲ့ ဖော်ညွှန်းတာကို လိုက်ဖို့ ရွေးချယ်ကြမှာလား၊ ဒါမှမဟုတ် ဝင်ရိုးပေါင်းစုံ ကမ္ဘာဆီကို မြှင့်တင်သွားဖို့ ရွေးချယ်ကြမှာလား၊ ကုလသမဂ္ဂ (UN) နဲ့ နိုင်ငံတကာ စည်းမျဉ်းတွေကို အလေးထားကြမှာလား၊ ဒါမှမဟုတ် လက်တဆုပ်စာ နိုင်ငံတွေက သူတို့ရဲ့စံနှုန်းအတိုင်းပဲ လိုက်ကြမှာလား” ဟု ဝမ်ယိက မေးခွန်းထုတ်ခဲ့သည်။

 လာဗရော့ကိုတွေရစဉ်(AP)

“အချိန်တွေ ကြာလာတာနဲ့အမျှ နိုင်ငံတွေက ဒါတွေကို ပိုပြီး ရှင်းလင်းတိကျစွာ မြင်လာကြပြီးတော့ မှန်ကန်တဲ့ ရွေးချယ်မှု တွေ လုပ်လာကြလိမ့်မယ်” ဟု ဝမ်ယိက သူ့အမြင်ကို ချပြခဲ့သည်။

လာဗရော့က “UN ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာစည်းမျဉ်း ဥပဒေများကို ကာကွယ်ရာ၌ ရုရှားနှင့်တရုတ်တို့သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြကြောင်း” ပြောကြားခဲ့သည်။

“ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစပျိုးမှုနှင့် တရုတ်မှ တင်သွင်းသည့် အရေးကြီးသော အယူအဆများကို ရုရှားက ထောက်ခံကြောင်း၊ တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေမည်ဖြစ်ကြောင်း” ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယခုကဲ့သို့ G-20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အောင်မြင်စွာ လက်ခံကျင်းပပေးခဲ့သော အင်ဒိုနီးရှားနိုင်ငံကိုလည်း ပံ့ပိုးကူညီကြရန်နှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ မူဘောင်အတွင်း အားကောင်းလာစေရန် နှစ်ဘက်စလုံးက သဘောတူခဲ့ကြကြောင်း ဆင်ဟွာသတင်းကို ကိုးကားလျက် CGTN ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

Source: cgtn.com

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရမှု ဝမ်းနည်းကြောင်း ဘိုင်ဒန် လက်မှတ်ရေးထိုးပြော

ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရမှု ဝမ်းနည်းကြောင်း ဘိုင်ဒန်ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1271
 
CNI International News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၉
 
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရမှု ဝမ်းနည်းကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးကာ ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံရှိ ဂျပန်သံရုံးတွင် ရှင်ဇိုအာဘေး ကွယ်လွန်မှု ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြင်ဆင်သည့် နေရာသို့ သမ္မတ ဘိုင်ဒန်လာရောက်၍ ဧည့်သည်များ စာအုပ်မှာ ဝမ်းနည်းကြောင်း ရေးသား၍ ပြောကြားခဲ့ခြင်း ဖြစ်သည်။
Share
Tweet
Share
Share
powered by social2s

လူထုကိုယ်တိုင်ရပ်မှ လက်ရှိတိုက်ပွဲများ ရပ်တန့်နိုင်မည်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 698

Share
Tweet
Share
Share
powered by social2s

G-20 သံတမန်များ ယူကရိန်းစစ်ပွဲ ဂယက်၏ သက်ရောက်မှုခံနေရ

By CNI
CNI
Category: Watch TV
Hits: 703

Share
Tweet
Share
Share
powered by social2s

တပ်မတော်က မိုင်းလားမှ လူဦးရေ ၉၀၀ ကို မှတ်ပုံတင်လုပ်ပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1359
 
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈
 
ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ(၄) မိုင်းလားမြို့နယ် အတွင်းရှိ ပြည်သူများကို တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက ဇူလိုင် ၇ ရက်တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်ကတ်)များ သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
 
ဇူလိုင် ၇ ရက်နေ့ တစ်ရက်တည်းမှာပဲ လူဦးရေ ၉၀၀ ကို မှတ်ပုံတင် လုပ်ပေးခဲ့ကြောင်း NDAA နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။ အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မှတ်ပုံတင်ကတ် ပေးအပ်ခြင်းကို အခမ်းအနားနှင့် လုပ်ခဲ့ကြောင်း တွေ့ရသည်။
 
 
မိုင်းလားဒေသသည် အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်(NDAA) ထိန်းချုပ်ထားသော ဒေသဖြစ်သည်။ NDAA သည် ၁၉၈၉ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်၍ တပ်မတော်နှင့်ငြိမ်းချမ်းရေး ရယူခဲ့သည်။
 
 
ထို့နောက် NDAA ကို ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားဒေသကို အထူးဒေသ(၄) အဖြစ် သတ်မှတ်ပေးခဲ့သည်။  လက်ရှိတွင်လည်း တပ်မတော်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပါအဝင် ဒေသဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါး ပပျောက်ရေး ကိစ္စများကို ဆွေးနွေး ဖော်ဆောင်လျက်ရှိသည်။
 
 
Share
Tweet
Share
Share
powered by social2s

ရှင်ဇိုအာဘေး လုပ်ကြံခံရ၍ သေဆုံးမှု ဂျပန်ပြည်သူများ ဝမ်းနည်းကြေကွဲ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1664

CNI International News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈

ဂျပန်နိုင်ငံ၊ နာရာမြို့မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်နေသည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို နာရာမြို့ခံ အမျိုးသားတစ်ဦးက နောက်ကျောကနေ လက်လုပ်သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှု ယနေ့ (ဇူလိုင် ၈ ရက်) ဖြစ်ပွားခဲ့သည်။

အဆိုပါ လုပ်ကြံမှုကြောင့် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် ကွယ်လွန်သွားခဲ့ပြီးဖြစ်သည်။ ထို့နောက် ဂျပန်ပြည်သူ များသည် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရသည့် နေရာမှာ ဝမ်းနည်းကြောင်းနှင့် လေးစား ဂါဝရပြုခြင်းများ ပြု လုပ်ခဲ့ကြသည်။

 

 

Share
Tweet
Share
Share
powered by social2s

ရှင်ဇိုအာဘေးဘဝဖြစ်စဉ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1011

CNI International News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈

- ၁၉၅၄ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ဖွားမြင်
- ၁၉၇၇ ခုနှစ်တွင် စီကိုင်းတက္ကသိုလ်မှ ဘွဲ့ရ
- ၁၉၈၂ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီး၏ လက်ထောက်တစ်ဦးဖြစ်လာ
- ၁၉၉၃ ခုနျစ်တွင် လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရ
- ၁၉၉၉ ခုနှစ်တွင် လူမှုရေးရာဌာနခွဲ၏ ညွှန်ကြားမှူးဖြစ်လာ
- ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အထိ ယိုရှီရိုမိုရီနှင့် ဂျူနီချီရိုကိုအိဇုမိ၏အစိုးရအဖွဲ့တွင် ဒုတိယအစိုးရအတွင်းဝန်ချုပ်တာဝန်ယူ
- လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၏ ဥက္ကဋ္ဌဖြစ်လာ
- ၂၀၀၆ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် ဂျပန်နိုင်ငံ၏ အယောက် ၉၀ မြောက် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရ
- ၂၀၀၇ ခုနှစ်၊ စက်တင်ဘာတွင် ကျန်းမာရေးအခြေအနေအရ ရာထူးမှ အနားယူ
- ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာတွင် ဝန်ကြီးချုပ်ရာထူး ဒုတိယသက်တမ်း ခန့်အပ်ခံရ
- ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာတွင် ကျန်းမာရေးကြောင့်ပင် ရာထူးမှ နုတ်ထွက်
- ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈ ရက်တွင် နာရာမြို့တွင် သေနတ်သမားတစ်ဦး၏ လုပ်ကြံမှုကြောင့် ကွယ်လွန်

Share
Tweet
Share
Share
powered by social2s
ရှင်ဇိုအာဘေးကိုတွေ့ရစဉ် (AP)

လည်ပင်းနှင့်ရင်ဘတ် ကျည်ဆန်ထိ၍ အာဘေး ကွယ်လွန်ရကြောင်း ဆေးရုံကပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1695

CNI International News

တိုကျို၊ ဇူလိုင် ၈

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် လွှတ်တော်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးစဉ် သေနတ်ဒဏ်ရာဖြင့် ဇူလိုင် ၈ ရက် (ယနေ့) ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း တိုကျိုမှလာသော သတင်းများကို စုစည်း၍ Channel News Asia က ဖော်ပြ သည်။

“ရှင်ဇိုအာဘေးကို နေ့လယ် ၁၂ နာရီ ၂၀ မိနစ်မှာ ဆေးရုံကို ပို့ခဲ့ပါတယ်။ ရောက်တာနဲ့ နှလုံးရပ်သွားပါတယ်” ဟု နာရာ ဆေးတက္ကသိုလ်၏ ဆေးရုံမှ အရေးပေါ်ဌာန၊ ဆေးပညာပါမောက္ခ ဟီဒီတာဒါဖူကူရှီးမား (Hidetada Fukushima) က အတည်ပြု ပြောကြားခဲ့သည်။

ရှင်ဇိုအာဘေးကို ဆေးရုံ ခေါ်သွားစဉ် (AP)

“အသက်ကယ်တင်ဖို့ ကြိုးစားကြည့်ပါတယ်။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှတော့ (ဂျပန်စံတော်ချိန်) ညနေ ၅း၀၃ နာရီမှာ ကွယ်လွန်သွားခဲ့ပါပြီ” ဟု ၎င်းက သတင်းထောက်များကို ဆက်လက် ပြောကြားခဲ့သည်။

အာဘေးသည် ဂျပန်နိုင်ငံ၊ အနောက်ပိုင်းရှိ နာရာမြို့တွင် မဲဆွယ်စည်းရုံးရေး မိန့်ခွန်းပြောနေစဉ် သေနတ်သမားတစ်ဦး၏ ပစ်ခတ်ခြင်း ခံခဲ့ရပြီးနောက် ၎င်းကို ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့သည်။

သို့သော် ဆေးရုံရောက်ချိန်မှာ အာဘေး၏ လည်ပင်းနှင့် ရင်ဘတ်၌ ကျည်ဆန်ဒဏ်ရာများ ရရှိခဲ့သည်။ ကျည်ဆန်တစ်တောင့် သည် ၎င်း၏ ဘယ်ဘက်ပခုံးမှတဆင့် ဝင်ရောက်သွားပုံရသည်။

သွေးအမြောက်အမြား သွင်းခဲ့သော်လည်း သွေးထွက်လွန်နေ ပြီဖြစ်၍ သေဆုံးကြောင်း ဝမ်းနည်းစွာဖြင့် အတည်ပြုခဲ့ရသည် ဟု ပါမောက္ခ ဖူကူရှီးမားက ရှင်းပြခဲ့သည်။

အာဘေး သေဆုံးမှုနှင့်ပတ်သက်၍ မိသားစုထံ အကြောင်းကြားခဲ့ရာ ဝန်ကြီးချုပ်ဟောင်း အာဘေး၏ဇနီး အကီအာဘေး (Akie Abe) သည် ဇူလိုင် ၈ ရက် မွန်းလွဲပိုင်းတွင် ဆေးရုံသို့ ရောက်ရှိလာခဲ့ကြောင်း ဖူကူရှီးမားက ဆက်လက် ပြောကြားခဲ့သည်။

အသက် ၆၇ နှစ်အရွယ်ရှိ အာဘေးသည် ယနေ့(ဇူလိုင် ၈ ရက်) နံနက် ၁၁ နာရီခွဲခန့်တွင် နာရာမြို့၊ မီးရထားဘူတာရုံ အနီးတွင် မိန့်ခွန်းပြောနေစဉ် အကြမ်းဖက်သမား၏ ပစ်ခတ်ခြင်းကို ခံခဲ့ရကြောင်း ဂျပန် NHK ရုပ်သံလိုင်းမှ ထုတ်လွှင့်သည့် ဗွီဒီယိုဖိုင် အရ သိရသည်။

အဆိုပါ ဗွီဒီယိုဖိုင်ထဲတွင် ကျယ်လောင်သော မီးခိုးငွေ့များနှင့်အတူ ပေါက်ကွဲသံကို ကြားလိုက်ရချိန်၌ အာဘေးသည် စင်မြင့် ပေါ်တွင် မတ်ရပ်နေသည်ကို တွေ့ရသည်။

ရှင်ဇိုအာဘေးကို လုပ်ကြံသူဟု သံသယရှိသူကို ဖမ်းနေစဉ် 

ပစ်ခတ်မှုကျူးလွန်ကြောင်း သံသယရှိသူ အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

ယာမာဂမီ တက်ဆူယ (Yamagami Tetsuya) ဟု သိရသော အဆိုပါ သံသယရှိသူသည် အာဘေးကို မကျေနပ်၍ ယခုကဲ့သို့ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ဝန်ခံပြောကြားခဲ့သည်။

ယခုဖြစ်စဉ်သည် ဒုတိယကမ္ဘာစစ်ကြိုခေတ် ၁၉၃၀ ပြည့်လွန် နှစ်များကတည်းက ဂျပန်နိုင်ငံတွင် တစ်ကြိမ်မှ မကြုံခဲ့ဖူးသော ဝန်ကြီးချုပ်ဟောင်းတစ်ဦးကို လုပ်ကြံသတ်ဖြတ်မှု ဖြစ်သည်။

အာဘေး ကွယ်လွန်ကြောင်း မကြေညာမီတွင် ဂျပန်နိုင်ငံ၏ လက်ရှိဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက အဆိုပါ ပစ်ခတ်လုပ်ကြံမှုကို အပြင်းထန် ဆုံး ရှုတ်ချခဲ့သည်။

နိုင်ငံရေး အကြမ်းဖက်မှု ရှားပါးပြီး သေနတ်ကိုင်ဆောင်ခြင်းအား တင်းကျပ်စွာ ထိန်းချုပ်ထားသည့် နိုင်ငံ၌ ယခုကဲ့သို့ သွေးထွက် သံယိုမှုကြောင့် ဂျပန်ပြည်သူများနှင့်အတူ ကမ္ဘာ့ခေါင်းဆောင်များလည်း တုန်လှုပ်ခြောက်ခြားသွားကြောင်း ဖူမီယို ကီရှီဒါက ထုတ်ဖော်ပြောဆိုခဲ့သည်။

“ဒီတိုက်ခိုက်မှုဟာ ရွေးကောက်ပွဲ ကာလအတွင်း ဖြစ်ပျက်ခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီးတော့ ကျနော်တို့ရဲ့ ဒီမိုကရေစီအခြေခံအုတ်မြစ်ကို ထိပါးရာရောက်လို့ လုံးဝခွင့်မလွှတ်နိုင်ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

သေနတ်သမားဟု သံသယရှိသူ အမျိုးသားမှာ နာရာမြို့ခံ တစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ပစ်ခတ်မှုတွင် ၎င်းသုံးစွဲသည့် သေနတ်မှာ လက်လုပ် သေနတ်ဖြစ်ကြောင်း NHK က အစောပိုင်း၌ သတင်းဖော်ပြခဲ့သည်။ ၎င်းသည် ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ကြောင်း မီဒီယာများက ရေးသားကြသည်။

အာဘေး၏ ညီဖြစ်သူ ကာကွယ်ရေးဝန်ကြီး နိုဘူရိုကီရှီ (Nobuo Kishi) က ယခုဖြစ်စဉ်အပေါ် သဘောထား မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ရှင်ဇိုအာဘေး လုပ်ကြံခံရမှုသတင်း NHK လွှင့်နေစဉ်(AP)

“ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ကြားရပြီးတော့ မီးခိုးတွေ ထွက်လာတယ်” ဟု အခင်းဖြစ်ပွားရာ နေရာတွင် ရှိနေသည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ မာကိုတာအီချီကာဝါက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

“ပထမ ပစ်ခတ်တုန်းကတော့ ဘာဖြစ်လို့ ဖြစ်သွားမှန်း ဘယ်သူမှ မသိခဲ့ကြပေမယ့် နောက်တစ်ချက် ထပ်ပစ်တော့ အထူးရဲ တွေက သူ့ကို ဖမ်းချုပ်လိုက်ပုံ ရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အာဘေးသည် လည်ပင်းနှင့် ဘယ်ဘက် ညှပ်ရိုးတို့တွင် ဒဏ်ရာများရခဲ့ကြောင်း နာရာမြို့ မီးသတ်တပ်ဖွဲ့ အရေးပေါ်ဌာနက ပြောကြားခဲ့သည်။

၎င်း၏အစ်ကိုအား သွေးသွင်းကုသနေကြောင်း အစောပိုင်းက အာဘေးညီဖြစ်သူ ကီရှီက ပြောသည်။

အာဘေး၏ဇနီး အကီသည် ခင်ပွန်းသည် ကုသမှုခံယူနေသည့် ဆေးရုံသို့ မီးရထားဖြင့် ချက်ချင်းသွားရောက်ခဲ့ရာ လမ်း တလျှောက်တွင် NHK သတင်းဌာနက တိုက်ရိုက် ဗွီဒီယို ရိုက်ကူးပြသခဲ့သည်။

ဝါဒီဒါတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ Airo Hino က “ဒီလို ပစ်ခတ်လုပ်ကြံမှုဟာ ဂျပန်နိုင်ငံမှာ မကြုံစဖူး ကြုံဖူးလိုက်ပြီ။ ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးသေးဘူး” ဟု မှတ်ချက်ခဲ့သည်။

“ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ ပစ်သတ်ခံရမှုကြောင့် ကျနော်တို့အားလုံး ဝမ်းနည်းပြီး တုန်လှုပ်မိပါတယ်” ဟု ဂျပန် နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရာဟန်အီမန်နွယ် (Rahm Emanuel) က အာဘေး ကွယ်လွန်ကြောင်း အတည်ပြု မကြေညာမီ၌ ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။

  ရှင်ဇိုအာဘေး လုပ်ကြံခံရတဲ့ နေရာကို အပေါ်က မြင်ရစဉ် (AP

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် (Antony Blinken) က အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ ဝမ်းနည်းမိပါ ကြောင်း ပြောကြားခဲ့ပါသည်။

“ဒါဟာ အင်မတန် ဝမ်းနည်းစရာကောင်းတဲ့ အခိုက်အတန့်ပါ” ဟု အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပနေသည့် G-20 အစည်းအဝေးသို့ တက်ရောက်နေသူ ဘလင်ကင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု အနေဖြင့် အလွန်ဝမ်းနည်းကြေကွဲပါကြောင်း၊ စိုးရိမ်မကင်းဖြစ်မိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအတွက် ကျနော်တို့ အလေးအနက်ထား၊ လေးစားတဲ့ အထိမ်းအမှတ်အဖြစ် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၉ ရက် (မနက်ဖြန်) မှာ အမျိုးသားရေး ဝမ်းနည်းကြောင်း တစ်ရက် သတ်မှတ်သွားမှာပါ” ဟု အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီက ၎င်း၏တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။

အလားတူ ယခုရက်ပိုင်း နုတ်ထွက်သွားပြီဖြစ်သည့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း “ရှင်ဇိုအာဘေးနဲ့ ပတ်သက် ပြီး အလန့်တကြားသတင်း ကြားလိုက်ရပါတယ်။ ပြန်လည် အစားထိုး မရနိုင်တဲ့ ကာလတလျှောက် သူ့ရဲ့ ကမ္ဘာ့အခန်းကဏ္ဍ မှာ ဦးဆောင်ခဲ့ပုံတွေကို လူတွေ သတိရနေကြဦးမှာပါ။ ကျနော့် အတွေးထဲမှာ သူ့မိသားစု၊ မိတ်ဆွေတွေနဲ့ ဂျပန်ပြည်သူတွေ ရှိနေကြပါတယ်။ အခုလို မှောင်မိုက်ပြီး အင်မတန် ဝမ်းနည်းစရာကောင်းတဲ့ ကာလမှာ ဗြိတိန်ကလည်း ဂျပန်ပြည်သူတွေနဲ့ အတူ ရှိနေမှာပါ” ဟု တွစ်တာပို့စ်တစ်ခု ရေးသားလွှင့်တင်ခဲ့သည်။

Ref: Channel News Asia, News Agencies and Social Media

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ကိုယ်ရေးအကျဉ်း

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1184
 
 
CNI International News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈
 
မဲဆွယ်စည်းရုံးဟောပြောပွဲတစ်ခုမှာ လုပ်ကြံခံရ၍ ကွယ်လွန်သွားပြီး ဖြစ်သည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ကိုယ်ရေးအကျဉ်းဖြစ်သည်။
 
အဆိုပါ ကိုယ်ရေးအကျဉ်းကို တရုတ်သတင်းဌာန CGTN က ပြုစုဖော်ပြထားခြင်း ဖြစ်သည်။
 
ရှင်ဇိုအာဘေးသည် ဂျပန်နိုင်ငံ၊ နာရာမြို့မှာ ယနေ့ (ဇူလိုင် ၈ ရက်) မဲဆွယ်စည်းရုံးရေးဟောပြောနေစဉ် လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။
 
 
Share
Tweet
Share
Share
powered by social2s
  • 91
  • 92
  • 93
  • 94
  • 95
  • 96
  • 97
  • 98
  • 99
  • 100

Page 96 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar