CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်

ရခိုင်ပြည်နယ်အတွင်း အပြန်အလှန်ဖမ်းဆီးမှုများ ရပ်တန့်ရန် AFP ပါတီတောင်းဆို

By CNI
CNI
Category: နိုင်ငံရေး
Hits: 1750

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)ကြား အပြန်အလှန် ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကို ရပ်တန့်ရန် ရခိုင့်ဦးဆောင်ပါတီ(AFP)က ယနေ့ (ဇူလိုင် ၁၁ ရက်) ထုတ်ပြန် တောင်းဆိုလိုက်သည်။

ရခိုင့်ဦးဆောင်ပါတီက “ ယခုကာလမှာ လယ်သမားများ၏ မိုးရာသီ လယ်ယာလုပ်ငန်းခွင်အစဖြစ်ရာ စစ်ဒဏ်ခံ ရခိုင်ဒေသ ၏ စားနပ်ရိက္ခာ လုံခြုံမှုအတွက် စစ်ပွဲ၏ ထိခိုက်မှုကို မခံရဘဲ လယ်ယာ လုပ်ငန်းများကို ဖြောင့်ဖြောင့်တန်းတန်း လုပ်ကိုင် နိုင်ရန် လိုအပ်လျက်ရှိနေပါသည်”ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

ထို့နောက် ရခိုင်စစ်ပွဲ တကျော့ပြန် မဖြစ်ပွားနေရးအတွက် ရခိုင်ပြည်သူများ၏ဆန္ဒအား ထင်ဟပ်လျက် မိမိတို့ ရခိုင့်ဦး ဆောင်ပါတီက လိုလားပါကြောင်း၊ စစ်မဖြစ်စေရေးအတွက် နှစ်ဘက်တင်းမာမှုများကို လျှော့ချနိုင်သည့် နည်းလမ်းများဖြင့် အပြန်အလှန် ချဉ်းကပ်ကြရန် လိုအပ်လျက်ရှိနေကြောင်း ပြောသည်။

ရခိုင့်ဦးဆောင်ပါတီက “သို့အတွက် အပြန်အလှန် ဖမ်းဆီးမှုများအား ရပ်တန့်ခြင်း၊ ဖမ်းဆီးထားသူများအား ပြန်လွှတ်ခြင်း၊ အမှုတစ်မှုချင်းအလိုက် တရားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ဘောင်အတွင်းမှ စွဲဆိုမှု ရပ်တန့်ကာ ပြန်လွှတ်ပေးခြင်းတို့ အား လုပ်ဆောင်ကြလျက် တင်းမာမှုကို လျော့ပါးစေလိုပါသည်။ မိုင်းနှင့် စစ်လက်ကျန်ပစ္စည်းများ ရှင်းလင်းရေးကဏ္ဍအား အရှိန်ရအောင်လည်း သက်ဆိုင်သူများက ပါဝင်ကြစေလိုပါသည်”ဟု ပြောသည်။

ရခိုင့်ဦးဆောင်ပါတီ ထုတ်ပြန်ချက်

လက်ရှိ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA ကြား စစ်ရေးတင်းမာလျက်ရှိပြီး အုပ်ချုပ်ရေး အားပြိုင်နေသည်။ ထို့နောက် အပြန်အလှန် ဖမ်းဆီးမှုများ အများအပြား ဖြစ်နေခြင်းကြောင့် ဒေသခံများ လမ်းပေါ်ထွက်၍ အလုပ်လုပ်ကိုင်ကာ စားဝတ် နေရေးအတွက် ဖြေရှင်းရန် ခက်ခဲလာကြောင်း ဒေသခံများက ပြောသည်။

အများပြည်သူ ကုန်စည်စီးဆင်းရာ လမ်းကြောင်းများအား လုံခြုံရေးဂိတ်များတွင် ပိတ်ဆို့ခြင်း ကြန့်ကြာစေခြင်းများ မဖန်တီး ကြရန် ရခိုင့်ဦးဆောင်ပါတီက တိုက်တွန်းထားသည်။

ထို့နောက် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ တာရှည်လာသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် လတ်တလော ယာယီတည်ငြိမ်မှု ပုံစံတစ်မျိုးမျိုးမှသည် ဂုဏ်သိက္ခာရှိရှိ သာယာဝ ပြောသည့် လူ့အဖွဲ့အစည်းများအဖြစ်သို့ ပြန်လည် တည် ဆောက်သွားနိုင်ရေးဟူသည့် ပန်းတိုင် အလို့ငှာ ရန်ဘက်တိုက်ပွဲဝင် အုပ်စုများအကြား နိုင်ငံရေး သဘောတူညီချက်များ တည်ဆောက်နိုင်ရေးမှာ ဖြစ်သန်းရမည့် လုပ်ငန်းစဉ်အဆင့်တစ်ရပ်ဖြစ်သည်ဟု ရခိုင့်ဦးဆောင်ပါတီက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မှာ တပ်မတော်နှင့် AA ကြား နားလည်မှုဖြင့် ယာယီအပစ်အခတ်ရပ်စဲထားသည်။ သို့သော် စစ်ရေးနှင့် အုပ်ချုပ်ရေး အားပြိုင်မှုများ ဖြစ်ပွားနေခြင်းကြောင့် တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

အဆိုပါ ယာယီအပစ်အခတ်ရပ်စဲထားမှု ခိုင်မာစေရေးနှင့် တကျော့ပြန် တိုက်ပွဲများ မဖြစ်ပွားလာရေး ရခိုင်နိုင်ငံရေးပါတီများ နှင့် ငြိမ်းချမ်းရေးဖော်ဆောင်သူများက ကြားဝင် စေ့စပ်ညှိနှိုင်းပေးနေကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
PNO အထူးဒေသ(၆)

ပအိုဝ်းဒေသ ကာကွယ်ရေး PNO စစ်သင်တန်းပေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2845

 

CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၀

ပအိုဝ်းဒေသနှင့် လူမျိုးကို ကာကွယ်ရေးအတွက် အရွယ်ရောက်ပြီးသား ပအိုဝ်းအမျိုးသား/အမျိုးသမီးများ စစ်သင်တန်း တက်ရောက်ရန် နှိုးဆော်၍ အထူးဒေသ(၆) ငြိမ်းချမ်းရေး PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) က စစ်သင်တန်းများ ပေးလျက်ရှိသည်။

အဆိုပါ စစ်သင်တန်းကို ပအိုဝ်း အမျိုးသား/အမျိုးသမီး အများအပြား တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ၁၉၉၁ ခုနှစ်တွင် တပ်မတော်နှင့် ငြိမ်းချမ်းရေး ယူခဲ့ပြီး အထူးဒေသ(၆) အဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားသည်။ ၂၀၁၁ ခုနှစ်မှာတော့ အသွင်ပြောင်းပြည်သူ့စစ်အဖွဲ့ကို ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၏ နိုင်ငံရေး ဦးဆောင်အဖွဲ့အဖြစ် ရပ်တည်လျက်ရှိသည်။

 ခွန်အောင်ခမ်းထီကို တွေ့ရစဉ်

PNO/PNA ကို ဦးဆောင်ခဲ့သူမှာ ခွန်အောင်ခမ်းထီ ဖြစ်သည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ် အစပ်မှာ တပ်မတော်နှင့် နွေဦးတော်လှန်ရေးမှ ဖွဲ့ စည်းလာသော ဒေသကာကွယ်ခံတပ်ဖွဲ့များဖြင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ပအိုဝ်းဒေသနှင့် ပအိုဝ်းလူမျိုး များ အကျိုးစီးပွားကို ကာကွယ်ရန် PNO က ပြင်ဆင်လျက်ရှိနေသည်။

စစ်သင်တန်းတက်နေသည့် ပအိုဝ်းတိုင်းရင်းသားများ (PNO အထူးဒေသ-၆)

အလားတူ PNO လှုပ်ရှားနေသော ရှမ်းပြည်နယ်တောင်ပိုင်းမှာ မတူညီသော လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့စစ်အဖွဲ့များလည်း လှုပ်ရှားလျက်ရှိနေသည်။

 

 

Share
Tweet
Share
Share
powered by social2s

စစ်ပညာသင်ကြားရန်နှင့် လုံခြုံရေးတပ်ဖွဲ့ များ ဖွဲ့စည်းရန် PNO ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 3756
 
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၀
 
ပအိုဝ်းဒေသနှင့် ပအိုဝ်လူထု ကာကွယ်ရေးအတွက် အရွယ်ရောက်ပြီးသူများအား အခြေခံ စစ်ပညာများကို လေ့ကျင့်သင်ကြားပေးပြီး စည်းကမ်းပြည့်ဝသည့် လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းသွားမည်ဟု အထူးဒေသ(၆) ပအိုဝ်း ငြိမ်းချမ်းရေး(PNO)အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)က ထုတ်ပြန်ခဲ့သည်။
 
PNO သည် ခွန်အောင်ခမ်းထီး ဦးဆောင်ခဲ့သည့် ပအိုဝ်းပြည်သူ့စစ်ဖြစ်သည်။
 
Share
Tweet
Share
Share
powered by social2s

ရွေးကောက်ပွဲ အာမခံချက်ကို နစက ချပြရန်လိုအပ်ဟု ဒေါက်တာအေးမောင်ပြော

By CNI
CNI
Category: Watch TV
Hits: 787

Share
Tweet
Share
Share
powered by social2s

ယူကရိန်းငြိမ်းချမ်းရေး ကြိုးပမ်းမှုအားလုံး တရုတ်ထောက်ခံဟု လာဗရော့ကို ဝမ်ယိပြော

By CNI
CNI
Category: Watch TV
Hits: 681

Share
Tweet
Share
Share
powered by social2s

ဘလတ္တာနှင့် ပလာတီနီ အပြစ်မရှိ၍ တရားသေလွတ်

By CNI
CNI
Category: Watch TV
Hits: 701

Share
Tweet
Share
Share
powered by social2s
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း ဂျပန်နိုင်ငံ ရုပ်သံသတင်းများတွင် ပြသနေစဉ်(ဓါတ်ပုံ-Getty Images)

ဂျပန်ဝန်ကြီးချုပ်ဟောင်းကို ပစ်သတ်ခဲ့တဲ့ ယာမာဂါမီတက်စုယာဆိုတာ ဘယ်လိုလူလဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1205

CNI International News

တိုကျို၊ ဇူလိုင် ၁၀

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရေး လုပ်နေသော်လည်း ဇူလိုင် ၈ ရက် (ယမန်နေ့) အခင်းဖြစ်ပွားရာနေရာတွင် ဖမ်းဆီးခံခဲ့ရသော သံသယရှိသူ အကြောင်း လူသိနည်းနေသေးသည်။

အသက် ၆၇ နှစ်အရွယ်ရှိ အာဘေးသည် လမ်းမတစ်နေရာတွင် လူအုပ်ကြီးအား မဲဆွယ်စည်းရုံးသည့် မိန့်ခွန်း ပြောကြားနေစဉ် ပစ်ခတ်ခံခဲ့ရပြီး ဇူလိုင် ၈ ရက်၊ ဒေသစံတော်ချိန် ညနေ ၅း ၀၃ နာရီတွင် ကွယ်လွန်အနိစ္စ ရောက်သွားပြီဖြစ်ကြောင်း နာရာတက္ကသိုလ်ဆေးရုံမှ ဆရာဝန်များက အတည်ပြုခဲ့ကြသည်။

ဘယ်သူ့ကို သံသယရှိလဲ


ယာမာဂါမီတက်စုယာ (အသက် ၄၁) နှစ်သည် အာဘေးကို ပစ်သတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုသည်ဟု နာရာနီရှီ ရဲတပ်ဖွဲ့က ဇူလိုင် ၈ ရက်၊ ညနေပိုင်း သတင်းစာရှင်းလင်းတွင် ပြောကြားခဲ့သည်။ အလုပ်လက်မဲ့ဖြစ်သူ ယာမာဂါမီ သည် ၎င်းအမြင်မကြည်လင်သည့် အုပ်စုတစ်စုအပေါ် မုန်းတီးမှုရှိနေကြောင်း စစ်ကြောမေးမြန်းသူများကို ထုတ်ဖော်ပြောခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု သံသယရှိသူ ယာမာဂါမီတက်စုယာကို လုံခြုံရေးများက ဖမ်းဆီးနေစဉ် (ရိုက်တာ)

အဆိုပါအုပ်စု၏အမည်ကိုတော့ ရဲတပ်ဖွဲ့က အတိအကျမပြောကြားပေ။
ယာမာဂါမီသည် လူသတ်မှုကြောင့် သံသယရှိသူအဖြစ် စုံစမ်းစစ်ဆေးခံနေရပြီး ၎င်းအားစုံစမ်းစစ်ဆေးမည့်အဖွဲ့ဝင် ဦးရေ ၉၀ အထိ တာဝန်ပေးထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဘယ်လိုသေနတ်နဲ့ ပစ်ခတ်ခဲ့သလဲ


ပစ်ခတ်မှုတွင် သံသယရှိသူသည် လက်လုပ်သေနတ်တစ်လက်ကို သုံးခဲ့ကြောင်း ရဲက ပြောကြားခဲ့ရာ အခင်း ဖြစ်ပွားရာနေရာတွင် ရိုက်ကူးထားသော ဓာတ်ပုံများတွင် အနက်ရောင်တိပ်များဖြင့် ရစ်ပတ်ထားသော ဆလင်ဒါ သတ္တုချောင်းနှစ်ချောင်းပါသော လက်နက်ဖြစ်ပုံရသည်။

နောက်ပိုင်းတွင် သံသယရှိသူ၏တိုက်ခန်းမှ လက်လုပ် ပစ္စတိုသေနတ်နှင့်တူသော ပစ္စည်းအများအပြားကို အာဏာပိုင်များက သိမ်းဆည်းရမိခဲ့သည်။
အာဘေးပစ်ခတ်မှု၌ သုံးခဲ့သောလက်နက်မှာ အရှည် စင်တီမီတာ ၄၀ ရှည်၍ အနံ စင်တီမီတာ ၂၀ ရှိ သေနတ်နှင့်တူသောပစ္စည်း ဖြစ် ကြောင်း ရဲက ပြောကြားခဲ့သည်။

သံသယရှိသူ ယာမာဂါမီတက်စုယာ ကိုင်ဆောင်ပစ်ခတ်ခဲ့သည့် လက်လုပ်သေနတ်

၎င်းသည် တိပ်ဖြင့်ပတ်ထားသော သံပိုက်လုံးများဖြင့် သေနတ်အမျိုးအစားများစွာကို ပြုလုပ်ခဲ့ကြောင်း၊ ၎င်း၏ နေအိမ်မှ သံပိုက်သုံးလုံးတပ်၊ ငါးလုံးတပ်၊ ခြောက်လုံးတပ် သေနတ်များကို တွေ့ရှိရသည်ဟု ရဲက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ ပိုက်များထဲသို့ အွန်လိုင်းမှဝယ်ယူခဲ့သော ကျည်ဆန်များ ထည့်သွင်းခဲ့ကြောင်း သံသယရှိသူက ထွက်ဆို ခဲ့သည်။ လုပ်ကြံသတ်ဖြတ်ချိန်၌ ထိုလက်နက်များထဲမှ အထိရောက်ဆုံးနှင့် အပြင်းထန်ဆုံးလက်နက်ကို အသုံးပြု ခဲ့ကြောင်း ရဲတပ်ဖွဲ့က ယုံကြည်သည်ဟု NHK သတင်းတွင် ဖော်ပြထားသည်။

လုံခြုံရေးတပ်ဖွဲ့တွေက ဘယ်လိုတုံ့ပြန်ခဲ့လဲ


ပစ်ခတ်မှုဖြစ်ပွားချိန်တွင် အာဘေးသည် လာမည့် ဇူလိုင် ၁၀ ရက် အထက်လွှတ်တော်ရွေးကောက်ပွဲ မတိုင်မီ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ကိုယ်စားလှယ်လောင်းများကို ထောက်ခံပေးဖို့ ဆော်ဩသည့် မိန့်ခွန်းပြောကြားနေချိန်ဖြစ်သည်။

၎င်းသည် ကျန်းမာရေးအခြေအနေကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ဂျပန် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သော်လည်း နိုင်ငံရေးအခင်းအကျင်းတွင် သြဇာကြီးသူတစ်ဦးအဖြစ် ဆက်လက် ရပ်တည်ခဲ့ပြီး LDP ပါတီအတွက် ဆက်လက်မဲဆွယ်ပေးနေခဲ့သည်။


ဇူလိုင် ၈ ရက်၊ ပစ်ခတ်တိုက်ခိုက်မှုမတိုင်မီ လုံခြုံရေးအစီအမံများကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ဂျပန် အမျိုးသားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားစဉ် နာရာခရိုင်ရဲတပ်ဖွဲ့က ကိုင်တွယ်ဆောင်ရွက်နေကြောင်း၊ ဝန်ကြီးချုပ်ဟောင်း နာရာမြို့ထဲ ရောက်ရှိလာစဉ်ကတည်းက လုံခြုံရေးအစီအမံများ ချထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါနေရာတွင် တိုကျိုမြို့တော်မှ ရဲများ ဆယ်ဂဏန်းမျှ အခြားလုံခြုံရေးဝန်ထမ်းများနှင့်အတူ တာဝန်ကျ နေကြောင်း၊ အာဘေး မိန့်ခွန်းပြောနေစဉ် ရှုထောင့်ပေါင်းစုံမှ စောင့်ကြည့်နေခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြား သည်ဟု NHK သတင်းကို ကိုးကားလျက် CNN က ရေးသားထားသည်။

Source: CNN

 

 

 

Share
Tweet
Share
Share
powered by social2s

မျက်နှာစာအသီးသီး၌ တင်းမာမှုများ ငြိမ်သက်ဖို့ အမေရိကန်နှင့်တရုတ်ကြိုးပမ်း

By CNI
CNI
Category: Watch TV
Hits: 753

Share
Tweet
Share
Share
powered by social2s
ရှင်ဇိုအာဘေး ရုပ်ကလပ် တိုကျိုမြို့ကို ပြန်သယ်လာစဉ် (AFP)

ဝန်ကြီးချုပ်ဟောင်း အာဘေး၏ရုပ်ကလပ် တိုကျိုပြန်ရောက်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1170

CNI International News

တိုကျို၊ ဇူလိုင် ၉

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ရုပ်ကလပ်ကို တိုကျိုမြို့တော်ရှိ ၎င်း၏နေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း NHK သတင်းဌာနက ဇူလိုင် ၉ ရက် (ယနေ့) မွန်းလွဲပိုင်းတွင် ထုတ်လွှင့်ခဲ့သည်။

၎င်းသည် ဂျပန်နိုင်ငံအနောက်ပိုင်း၊ နာရာမြို့တွင် မိန့်ခွန်းပြောကြားနေစဉ် ဇူလိုင် ၈ ရက် (ယမန်နေ့)က သေနတ်ဖြင့် ပစ်သတ် ခံခဲ့ရသည်။

အာဘေး၏ ရုပ်ကလပ် တင်ဆောင်လာသည့် မော်တော်ယာဉ်သည် ဇူလိုင် ၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ၊ မိနစ် ၃၀ တွင် တိုကျိုမြို့၊ ရှီဘူယာခရိုင်ရှိ နေအိမ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ရှင်ဇိုအာဘေးကို လုပ်ကြံသူကို ဖမ်းဆီးနေစဉ် (AP)

အာဘေးသည် တိုက်ခိုက်ခံရပြီးနောက် နာရာခရိုင်ရှိ ဆေးရုံတွင် အရေးပေါ် ကုသမှု ခံယူခဲ့သော်လည်း ဇူလိုင် ၈ ရက်၊ ညနေ ၅ နာရီတွင် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန် ဆေးရုံပေါ်တွင် ၎င်း၏ဇနီး အကီ၊ ဝန်ကြီးချုပ်ဟောင်း ဆုဂါယိုရှီဟိုက်နှင့် အစိုးရအဖွဲ့ အတွင်းဝန် မက်ဆူနိုဟီရိုကာဇူးတို့လည်း အတူရောက်ရှိနေကြသည်။

ရဲတပ်ဖွဲ့က သေမှုသေခင်း စစ်ချက်ယူပြီးနောက် အာဘေး၏ ရုပ်ကလပ်ကို တင်ဆောင်လာသော မော်တော်ယာဉ်သည် ဇူလိုင် ၉ ရက် (ယနေ့) နံနက် ၆ နာရီ မထိုးမီကပင် ဇနီးဖြစ်သူ လိုက်ပါလျက် ကွယ်လွန်ခဲ့သည့် ဆေးရုံထဲမှ စတင်ထွက်ခွာလာခဲ့ ကြောင်း NHK သတင်းအရ သိရသည်။

Source: NHK

 

 

 

Share
Tweet
Share
Share
powered by social2s
သီရိလင်္ကာက ဆန္ဒပြသူများကိုတွေ့ရစဉ် (AP)

သီရိလင်္ကာသမ္မတ အိမ်တော်ကို ဆန္ဒပြသူများ ဝင်စီး၊ ရာထူးမှ ထွက်ပေးဖို့ တောင်းဆို

By CNI
CNI
Category: နိုင်ငံရေး
Hits: 1842

CNI International News

ကိုလံဘို၊ ဇူလိုင် ၉

ယခုနှစ် စီးပွားရေး အကျပ်အတည်း အကြီးအကျယ် ကြုံတွေ့နေရသော သီရိလင်္ကာနိုင်ငံတွင် ထောင်နှင့်ချီသည့် ဆန္ဒပြသူများ က အင်အားအလုံးအရင်းဖြင့် အစိုးရဆန့်ကျင်ရေး ချီတက်လှုပ်ရှားခဲ့ကြရာ ရဲတပ်ဖွဲ့ အတားအဆီးများကို ဖြတ်ကျော်ပြီး သမ္မတ၏ နေအိမ်နှင့် ရုံးခန်းကို ဝင်ရောက် စီးနင်းခဲ့ကြကြောင်း အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။

သီရိလင်္ကာ အလံများနှင့် ခမောက်များ ကိုင်ဆောင်ထားသည့် ဆန္ဒပြသူအချို့သည် ကိုလံဘိုမြို့တော်ရှိ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ၏ နေအိမ်အတွင်းသို့ ထိုးဖောက် ဝင်ရောက်ခဲ့သည့် ဗွီဒီယိုဖိုင်ကို ဒေသတွင်း တီဗီသတင်းချန်နယ် NewsFirst က ယနေ့ (ဇူလိုင် ၉ ရက်) ထုတ်လွှင့် ပြသခဲ့သည်။

သမ္မတနှုတ်ထွက်ပေးရေး ဆန္ဒပြသူများနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ့ဆုံ (AP)

သမ္မတအိမ်တော် အတွင်းသို့ ထိုးဖောက် ဝင်ရောက်နေသည့် ဒေါသထွက်နေသော လူအုပ်ကြီးကို တားဆီးရန်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် လေထဲသို့ သေနတ်များ ပစ်ဖောက်၍ ခြောက်လှန့်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားက ဆက်လက် ရေးသားသည်။

အသက် ၇၃ နှစ်အရွယ်ရှိ သမ္မတကို လုံခြုံစိတ်ချရသော အခြားတစ်နေရာသို့ ရွှေ့ပြောင်းထားသော်လည်း ထုတ်ဖော် ကြေညာ ခြင်း မရှိပေ။

စီးပွားရေး အကျပ်အတည်းကို အစိုးရကိုင်တွယ် ဖြေရှင်နေခြင်းအပေါ် မကျေမနပ်မှုများ တိုးပွားနေချိန်၌ ဝန်ကြီးချုပ် ရာနေး ဝီကရီမီဆင်သည် နိုင်ငံရေးပါတီ ခေါင်းဆောင်များကို အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့က မိုးပေါ်ထောင် ပစ်ခတ်စဉ်

 

ထို့ပြင် လွှတ်တော်ဥက္ကဋ္ဌကိုလည်း ဆင့်ခေါ်ရန် ဝီကရီမီဆင်က တောင်းဆိုခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရ သည်။

လူဦးရေ ၂၂ သန်းရှိသော ကျွန်းနိုင်ငံဖြစ်သည့် သီရိလင်္ကာတွင် ပြည်သူအများစုသည် နိုင်ငံ့ အခြေအနေ ဆုတ်ယုတ် ကျဆင်းခဲ့ ခြင်းအတွက် သမ္မတ ရာဂျာပက်ဆာကို အပြစ်တင် နေခဲ့ကြသည်။

ပြီးခဲ့သည့် မတ်လမှစ၍ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး သမ္မတကို ရာထူးမှ နုတ်ထွက်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ကြသည်။

Source: Aljazeera

 

 

 

Share
Tweet
Share
Share
powered by social2s
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်

ရဲတပ်သား ၂ ဦး မြိုင် PDF ထံ လက်နက်နှင့်အတူ CDM လုပ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1093

CNI International News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၉

မြိုင်မြို့နယ်၊ ကိုင်းတောမရဲကင်းစခန်းမှ ရဲတပ်သား နှစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်ထံ လာရောက်၍ CDM လုပ်ခဲ့ကြောင်း ဇူလိုင် ၉ ရက်တွင် မြိုင်-PDF က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ရဲတပ်သား ၂ ဦးသည် ဇူလိုင် ၈ ရက်နေ့က CDM လုပ်လာခြင်းဖြစ်ကြောင်း၊ တစ်ဦးလျှင် သိန်း ၅၀ စီ မြိုင်-PDF က ပေးအပ်ခဲ့ကြောင်း၊ ထို ရဲတပ်သား ၂ ဦးက မြိုင်-PDF ကို ၁၀ သိန်း ပြန်လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလတ်တလောတွင် မြိုင်မြို့နယ်ထဲမှာ တပ်မတော်နှင့် ဒေသခံ PDF များကြား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရှင်ဇိုအာဘေး လုပ်ကြံခံရသည့် နေရာကို ဂျပန်ပြည်သူများ လာရောက်ဂါဝရပြု

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1171

 

CNI International News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၉

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရသည့် နေရာသို့ ဂျပန်ပြည်သူများ လာရောက်၍ ဝမ်းနည်းခြင်း ပန်းများ ချကာ ဂါဝရပြုကြသည်။

ရှင်ဇိုအာဘေးသည် ဂျပန်နိုင်ငံ၊ နာရာမြို့မှာ အထက်လွှတ်တော်ရွေးကောက်ပွဲအတွက် ဇူလိုင် ၈ ရက်က မဲဆွယ် စည်းရုံးရေး ဟောပြောနေစဉ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ထို့နောက် ရှင်ဇိုအာဘေးကို လုပ်ကြံသတ်ဖြတ်သူဟု သံသယရှိသူ ယာမာဂမီ တက်ဆူယ (Yamagami Tetsuya)ကို လုံခြုံရေးအဖွဲ့များက ဖမ်းဆီးကာ စစ်ဆေးလျက်ရှိနေသည်။

ယာမာဂမီ တက်ဆူယ (Yamagami Tetsuya)ကလည်း ၎င်းပစ်ခတ်လုပ်ကြံခဲ့ခြင်းကို ဝန်ခံခဲ့သည်။ ယာမာဂမီ တက်ဆူယ (Yamagami Tetsuya)သည် ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွင် ၂၀၀၅ ခုနှစ်အထိ သုံးနှစ် ဝန်းကျင် တာဝန်ထမ်းောဆင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

 

Share
Tweet
Share
Share
powered by social2s
၂၀၂၀ ခုနှစ်၊ ဩဂုတ် ၁၄ ရက် နိုင်ငံရေးပါတီများနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံစဉ်

ရွေးကောက်ပွဲ အာမခံချက်ကို နစက ချပြရန်လိုအပ်ဟု ဒေါက်တာအေးမောင်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2235

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၉

လာမည့် ၂၀၂၃ ရွေးကောက်ပွဲ ကျင်းပမည်ဟု နစက ပြောနေသည့်တိုင် မည်ကဲ့သို့သော အာမခံကြောင်းကိုတော့ ချပြရန် လိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

‌ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောနေရုံနှင့်မဟုတ်ဘဲ အားလုံးလက်ခံနိုင်သည့် အခင်းအကျင်းမျိုး နစကနှင့် ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်(UEC) အနေဖြင့် လူထုကို ချပြသင့်ကြောင်း ၎င်းက ပြောသည်။

ဒေါက်တာအေးမောင်က “အဲလိုမျိုး ၂၀၂၃ အခင်းအကျင်းနဲ့ ပတ်သက်လို့ ဖြစ်နိုင်တဲ့ ရွေးကောက်ပွဲဆိုတာ ပြောနေရုံနဲ့ မပြီးဘဲ နဲ့ SAC ဖက်က ဘယ်လို အာမခံချက်တွေ UEC ဘက်က ဘယ်လို အာမခံချက်တွေ ဆိုတာမျိုးနဲ့ အားလုံးစိတ်ဝင်စားတဲ့ အားလုံး လက်ခံနိုင်တဲ့ အခင်းအကျင်း တစ်ခုဖြစ်အောင် ဒီကြားကာလမှာ ၂၀၂၃ ရွေးကောက်ပွဲကြီး ဘာဘာဆိုတာကို နိုင်ငံ ရေးပါတီတွေကို ချပြတာမျိုး လူထုကို ချပြတာမျိုး၊ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ဘာဘာဆိုတာကို ချပြတာမျိုး လုပ်ဖို့ အဲဒါကြောင့်လည်း ဦးကိုကိုကြီးတို့ တစ်ခါတစ်ခါ ပြောတယ်ဗျ။ ကြားကာလ သူတို့ ပြောကြတာ အများကြီး ရှိပါတယ်။ ကြားကာလဆိုတာက ခုကာလနဲ့ ရွေးကောက်ပွဲမတိုင်ခင် ကာလမှာ။ လူထုကလည်း မဲလာပေးတဲ့ လူထုကလည်း လုံလုံခြုံခြုံ နဲ့ စိတ်၏ လုံခြုံမှု၊ ကိုယ်၏ လုံခြုံမှုနဲ့ အဲဒါလေးတွေ ရနေဖို့ လိုတာပေါ့။ တရားဥပဒေစိုးမိုးမှု ရှိဖို့လိုတယ်။ လွတ်လွတ်လပ်လပ် မဲလာပေးနိုင်အောင်လို့ လက်ရှိ အစိုးရဘက်က ဆောင်ရွက်ပေးစရာလေးတွေ ရှိဦးမယ်ထင်တယ်။ ၂၀၂၀ ရွေးကောက်ပွဲလိုများ ထပ်ပြီးတော့ ၂၀၂၃ ရွေးကောက်ပွဲကိုလည်း သူဖက်က ဘယ်လို အာမခံထားတယ် ဆိုတာမျိုးလည်း လူထုကို ချပြပေးဖို့ လိုကောင်းလိုမယ်လေ” ဟု CNI သို့ ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲထည့်နေစဉ်

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို တပ်မတော်မှ ပယ်ဖျက်ကာ အာဏာရယူခဲ့ကြောင်း၊ ထို့နောက် နစက သည် ပြည်သူလူထုနှင့် နိုင်ငံတကာကို လှည့်စားရန် နောက်ထပ် ရွေးကောက်ပွဲကို ပြင်ဆင်နေကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ယနေ့ (ဇူလိုင် ၉ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် နစက ကျင်းပမည့် ရွေးကောက်ပွဲကို NLD အနေဖြင့် လုံးဝအသိအမှတ်မပြု လက်မခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းပြည် မတည်မငြိမ် ဖြစ်ခြင်းထက် ရွေးကောက်ပွဲ ကျင်းပနိုင်ပါက နိုင်ငံကို တည်ငြိမ်သည့် လမ်းကြောင်းပေါ် တင်ပေး သည်ဟု မြင်မိကြောင်း ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်(PNO)မှ အထွေထွေအတွင်းရေးမှူး - ၂ ခွန်ထွန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

 တပ်မတော် ဆန့်ကျင်ကြောင်း ပြသနေစဉ်

ခွန်ထွန်းရွှေက “ဒါကတော့ အားလုံးဟာ ဒီနိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ရှင်းမယ်ဆိုရင်တော့ ဒီနိုင်ငံရေးကလည်း ‌ရွေးကောက်ပွဲလည်း နိုင်ငံရေးပါတီတစ်ခုရဲ့ ဖြစ်စဉ်တစ်ခုပဲလေ၊ ဒီရွေးကောက်ပွဲ တစ်ခု၊ လွှတ်တော်တစ်ခု၊ အစိုးရ တစ်ခု တည်ဆောက်နိုင်မှ ကျနော်တို့ နိုင်ငံက တည်ငြိမ်တဲ့ နိုင်ငံတစ်ခု ဖြစ်လာမယ်လေ၊ ရွေးကောက်ပွဲမှ မလုပ်ဘူး။ အဲလိုပဲ မတည်မငြိမ် ဖြစ်လာရင် ကျနော်တို့ မတည်ငြိမ်မှုဟာ ကြာရှည်လာရင် ကျနော်တို့ နိုင်ငံဟာ အလားအလာ မကောင်းဘူးပေါ့ ဗျာ။ တိုင်းရင်းသားတွေလည်း ယုံကြည်မှုအား တစ်ဖြည်းဖြည်း နည်းလာမယ်။ ပြီးရင် အမျိုးမျိုးပေါ့ဗျာ၊ ဆရာတို့ သိတဲ့အတိုင်း ပဲ ဆရာတို့ မီဒီယာဆို ကျနော်တို့ထက် ပိုပြီးလေ့လာထားတာကိုး” ဟု ပြောသည်။

လက်ရှိတွင် တပ်မတော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရက ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း အငြင်းပွားမှုများကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် ကြေညာ ထားသည်။

ထို့နောက် လာမည့် ၂၀၂၃ တွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးမည်ဖြစ်ပြီး အနိုင်ရရှိသည့် ပါတီကို တိုင်းပြည်အာဏာ လွှဲပေးမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်(ယာ)နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ(ဝဲ)တို့ လက်ဆွဲနှုတ်ဆက်နေစဉ်(ဓါတ်ပုံ- အေပီ)

မျက်နှာစာအသီးသီး၌ တင်းမာမှုများ ငြိမ်သက်ဖို့ အမေရိကန်နှင့်တရုတ်ကြိုးပမ်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 2467

CNI International News

ဂျကာတာ၊ ဇူလိုင် ၉

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် တင်းမာသောရန်လိုမှုများ အနည်းဆုံးဖြစ်စေရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ဇူလိုင် ၉ ရက်(ယနေ့)တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်တွေ့ဆုံခဲ့ကြောင်း၊ ဝါရှင်တန်နှင့်ဘေဂျင်းတို့အကြား မကြာသေးမီက ဆက်ဆံရေးကို အဓိပ္ပါယ်ဖွင့်ဆိုရန် ယခုကဲ့သို့ တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ဘလင်ကင်နှင့် ဝမ်ယိတို့သည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီအပန်းဖြေစခန်းတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ချမ်းသာ၊ဖွံ့ဖြိုးပြီးသော နိုင်ငံ ၂၀ (G-20) သံတမန်များသည် ဘာလီတွင် အစည်းအဝေးကျင်းပလျက် ယူကရိန်း စစ်ပွဲနှင့်ပတ်သက်၍ ရုရှားသဘောတူညီချက်နှင့်သက်ရောက်မှုများကို မည်သို့ကိုင်တွယ်ဖြေရှင်းကြမည်ကို ဆွေးနွေးအဖြေရှာကြပြီး နောက်တစ်ရက်၌ ယင်းအစည်းအဝေး၏ပြင်ပတွင် ဘလင်ကင်နှင့်ဝမ်ယိတို့ သီးခြား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

၎င်းတို့သည် ထိုင်ဝမ်သို့ အခွန်အကောက်ကိစ္စများ၊ ကုန်သွယ်ရေး၊ လူ့အခွင့်အရေးနှင့် တောင်တရုတ် ပင်လယ် အငြင်းပွားမှုများကို ဆွေးနွေးခဲ့ကြသည်။ မကြာသေးမီရက်ပိုင်းကလည်း တရုတ်နှင့်အမေရိကန် နှစ်နိုင်ငံထိပ်တန်း စစ်ဘက်အရာရှိများသည် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ အွန်လိုင်းဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။

“အမေရိကန်နဲ့တရုတ်ကြားမှာ ရှုပ်ထွေးပြီး အကျိုးဆက်အနေနဲ့ ဆက်ဆံရေးကိစ္စ ပြောစရာအများကြီးရှိပါတယ်။ အကျိုးရှိရှိနဲ့ အပြုသဘောဆောင်ပြီး စကားပြောနိုင်ကြဖို့ ကျနော် အင်မတန်မျှော်လင့်ပါတယ်” ဟု ၎င်းတို့နှစ်ဦး တံခါးပိတ်တွေ့ဆုံဆွေးနွေးရေး မစတင်မီ ဘလင်ကင်က ပြောကြားခဲ့သည်။

ဝမ်ယိကလည်း “နှစ်နိုင်ငံ ပုံမှန်အားဖြင့် အမြင်ချင်းဖလှယ်တာမျိုး ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ဒီလိုဆက်ဆံရေးဟာ လမ်းကြောင်းမှန်ပေါ်ကို ဆက်လက်တက်လှမ်းနိုင်စေဖို့ အတူလက်တွဲလုပ်ဆောင်ကြရေး ရည်ရွယ်ပါတယ်” ဟု ပြောကြားခဲ့သည်။

အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနှင့် သူနိုင်-ကိုယ်နိုင်ပူးပေါင်းဆောင်ရွက်မှုစသည့် မူများ ဆက်လက်တည်မြဲစေရေး ကတိကဝတ်များကို ဝမ်ယိက ထပ်လောင်းပြောကြားခဲ့သည်။

“နှစ်နိုင်ငံအစိုးရနဲ့ပြည်သူတွေရဲ့အကျိုးစီးပွားကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာအသိုင်းအဝိုင်း ရဲ့ တူညီတဲ့ဆန္ဒတစ်ခုလည်း ဖြစ်ပါတယ်” ဟု ဝမ်ယိက မှတ်ချက်ချခဲ့သည်။

ဝမ်ယိနှင့် ဘလင်ကင်တို့ တွေ့ဆုံဆွေးနွေးမှုမှ အောင်မြင်မှုတစုံတရာကို မျှော်လင့်မထားကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။ သို့သော် ယခုတွေ့ဆုံမှုရလဒ်သည် ဆက်သွယ်ရေးလမ်းကြောင်းများ ဖွင့်ထားကြရန်နှင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနှစ်နိုင်ငံ၏ အရံလမ်းကြောင်းများ ဖန်တီးရေး အထောက် အကူဖြစ်စေမည်ဟု မျှော်လင့်ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားခဲ့ကြသည်။

အကြောင်းမှာ အဆိုပါ နှစ်နိုင်ငံ တို့သည် ပိုမိုရှုပ်ထွေးပြီး ပေါက်ကွဲထွက်စေမည့်ကိစ္စများကို ထိတွေ့ဆွေးနွေးမိလျှင် မလိုလားသည်များ ပေါ်ပေါက် နိုင်ခြေရှိ၍ဖြစ်ကြောင်း အေပီသတင်းတွင် ဆက်လက်ရေးသားထားသည်။

Source: AP

Share
Tweet
Share
Share
powered by social2s
လာဗရော့နဲ့ ဝမ်ယိ (GETTY IMAGES)

ယူကရိန်းငြိမ်းချမ်းရေး ကြိုးပမ်းမှုအားလုံး တရုတ်ထောက်ခံဟု လာဗရော့ကို ဝမ်ယိပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1331

CNI International News

ဂျကာတာ၊ ဇူလိုင် ၉

ယူကရိန်းငြိမ်းချမ်းရေး ကြိုးပမ်းမှုအားလုံးကို တရုတ်က ထောက်ခံကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ (Wang Yi)က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ (Sergei Lavrov) နှင့် G-20 အစည်းအဝေး၏ ပြင်ပတွင် တွေ့ဆုံ ဆွေးနွေးစဉ် ပြောကြားခဲ့သည်။

လက်ရှိတွင် G-20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပနေသည်။

ထိုသို့တွေ့ဆုံရာ၌ လာဗရော့က ရုရှား-ယူကရိန်း အခြေအနေ၊ ရုရှား၏ ရပ်တည်ချက်နှင့် အဆိုပြုချက်များကို ထုတ်ဖော် ပြောကြားခဲ့သည်။

ထို့နောက် ဝမ်ယိက တရုတ်နိုင်ငံ၏ ရည်မှန်းချက်နှင့် တရားမျှတသော ရပ်တည်ချက်ကို ဆက်လက် ဆုပ်ကိုင်ထားရန် အလေး ပေး ပြောကြားခဲ့ပြီး အခြေအနေ တိုးတက်လာစေရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး မြှင့်တင်နိုင်ရန် အာရုံစိုက်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ယခု အကျပ်အတည်းကို ငြိမ်းချမ်းရေး ဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းမှုအားလုံးကို တရုတ်နိုင်ငံက အားပေးထောက်ခံ သွားမည်ဖြစ်ကြောင်း ဝမ်ယိက ဆက်လက် ပြောကြားခဲ့သည်။

တရုတ်နှင့်ရုရှားတို့သည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာမှုနှင့် မဟာဗျူဟာမြောက် သန္နိဋ္ဌာန် ချထားမှုများကို ပြသခဲ့ကြပြီး ကဏ္ဍစုံ တွင် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဝမ်ယိက ထပ်လောင်း ပြောကြားခဲ့သည်။

ဝမ်ယိ ကိုတွေ့ရစဉ် 

တရုတ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၁၄ ကြိမ်မြောက် BRICS ထိပ်သီး အစည်းအဝေးတွင် ရုရှား၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှု၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် အများဆန္ဒကို တည်ဆောက်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး မြှင့်တင် ရန် ပံ့ပိုးကူညီမှုတို့အတွက် မိမိတို့ ကျေးဇူးတင်ရှိကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

တရုတ်-ရုရှား ဆက်ဆံ‌ရေးသည် ပြင်ပမှ ဝင်ရောက်စွက်ခြင်းမရှိဘဲ နှစ်နိုင်ငံကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ဖြင့် ချောမွေ့စွာ တိုးတက်နေကြောင်း၊ နောက်ထပ် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများ ရှိကြောင်း၊ နှစ်နိုင်ငံ ပြည်သူ များ အကျိုးအတွက် ရုရှားနှင့် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာ ချဲ့ထွင်သွားရန် အသင့်ရှိကြောင်း ဝမ်ယိက လာဗရော့ကို အသိပေး ပြောကြားခဲ့သည်။

ထို့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွား ပူးတွဲကာကွယ်သွားဖို့လည်း နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတို့ သဘောတူခဲ့ကြသည်။

ဝမ်ယိက မိမိတို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တူညီသော ဆန္ဒကို ဖော်ညွှန်းထားပါကြောင်း၊ အနိုင်ကျင့်ခြင်းနှင့် တဖက်သတ် ဝါဒ ကို ဆန့်ကျင်ရန် ရည်မှန်းထားကြောင်း ဆက်လက် ပြောကြားခဲ့သည်။

“လက်ရှိ နိုင်ငံတကာမှာ နိုင်ငံရေးဖြစ်ရပ်မှန်ကို ရင်ဆိုင်ဖို့အတွက် နိုင်ငံတွေအနေနဲ့ အာဏာနိုင်ငံရေးနဲ့ ဖော်ညွှန်းတာကို လိုက်ဖို့ ရွေးချယ်ကြမှာလား၊ ဒါမှမဟုတ် ဝင်ရိုးပေါင်းစုံ ကမ္ဘာဆီကို မြှင့်တင်သွားဖို့ ရွေးချယ်ကြမှာလား၊ ကုလသမဂ္ဂ (UN) နဲ့ နိုင်ငံတကာ စည်းမျဉ်းတွေကို အလေးထားကြမှာလား၊ ဒါမှမဟုတ် လက်တဆုပ်စာ နိုင်ငံတွေက သူတို့ရဲ့စံနှုန်းအတိုင်းပဲ လိုက်ကြမှာလား” ဟု ဝမ်ယိက မေးခွန်းထုတ်ခဲ့သည်။

 လာဗရော့ကိုတွေရစဉ်(AP)

“အချိန်တွေ ကြာလာတာနဲ့အမျှ နိုင်ငံတွေက ဒါတွေကို ပိုပြီး ရှင်းလင်းတိကျစွာ မြင်လာကြပြီးတော့ မှန်ကန်တဲ့ ရွေးချယ်မှု တွေ လုပ်လာကြလိမ့်မယ်” ဟု ဝမ်ယိက သူ့အမြင်ကို ချပြခဲ့သည်။

လာဗရော့က “UN ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာစည်းမျဉ်း ဥပဒေများကို ကာကွယ်ရာ၌ ရုရှားနှင့်တရုတ်တို့သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြကြောင်း” ပြောကြားခဲ့သည်။

“ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစပျိုးမှုနှင့် တရုတ်မှ တင်သွင်းသည့် အရေးကြီးသော အယူအဆများကို ရုရှားက ထောက်ခံကြောင်း၊ တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေမည်ဖြစ်ကြောင်း” ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယခုကဲ့သို့ G-20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အောင်မြင်စွာ လက်ခံကျင်းပပေးခဲ့သော အင်ဒိုနီးရှားနိုင်ငံကိုလည်း ပံ့ပိုးကူညီကြရန်နှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ မူဘောင်အတွင်း အားကောင်းလာစေရန် နှစ်ဘက်စလုံးက သဘောတူခဲ့ကြကြောင်း ဆင်ဟွာသတင်းကို ကိုးကားလျက် CGTN ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

Source: cgtn.com

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရမှု ဝမ်းနည်းကြောင်း ဘိုင်ဒန် လက်မှတ်ရေးထိုးပြော

ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရမှု ဝမ်းနည်းကြောင်း ဘိုင်ဒန်ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1422
 
CNI International News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၉
 
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရမှု ဝမ်းနည်းကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးကာ ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံရှိ ဂျပန်သံရုံးတွင် ရှင်ဇိုအာဘေး ကွယ်လွန်မှု ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြင်ဆင်သည့် နေရာသို့ သမ္မတ ဘိုင်ဒန်လာရောက်၍ ဧည့်သည်များ စာအုပ်မှာ ဝမ်းနည်းကြောင်း ရေးသား၍ ပြောကြားခဲ့ခြင်း ဖြစ်သည်။
Share
Tweet
Share
Share
powered by social2s
  • 91
  • 92
  • 93
  • 94
  • 95
  • 96
  • 97
  • 98
  • 99
  • 100

Page 96 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar