CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

နယ်မြေအငြင်းပွားမှု ဖြေရှင်းပြီးမှ ငြိမ်းချမ်းရေးကိစ္စ စဉ်းစားမည်ဟု SSPP ပြော

By CNI
CNI
Category: Watch TV
Hits: 753

Share
Tweet
Share
Share
powered by social2s
စောနယ်ဒါးမြနဲ့ အဖွဲ့ကိုတွေ့ရစဉ်

ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းကို လုံးဝလက်မခံဘူးဟု KNLA ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1635
 
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀
 
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)မှ ရာထူးရပ်ဆိုင်းခံထားရသည့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ကော်သူးလေ တပ်မတော် ဖွဲ့စည်းကြောင်း ကြေညာခြင်းကို မိမိတို့ KNLA နှင့် KNDO က လုံးဝလက်မခံဘူးဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)က ယနေ့(ဇူလိုင် ၂၀ ရက်)ထုတ်ပြန် ကြေညာခဲ့သည်။
 
ဗိုလ်မှူးချုပ် စောနယ်ဒါးမြသည် ကော်သူးလေတပ်မတော်(KTLA)ကို ဖွဲ့စည်းကြောင်း ဇူလိုင် ၁၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
 
 
ထို့နောက် မိခင် အဖွဲ့အစည်းများဖြစ်သည့် KNDO နှင့် KNLA က လုံးဝ လက်ခံ သဘောတူမည် မဟုတ်ကြောင်း ယနေ့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
 
 
 
Share
Tweet
Share
Share
powered by social2s
ဇာလန်းစကီးကိုတွေ့ရစဉ် (AP)

စစ်ဖြစ်နေချိန် ယူကရိန်းအစိုးရအတွင်း အကျင့်ပျက်ခြစားမှုများ ပေါ်ထွက်လာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1158

CNI International News

ကိယက်ဗ်၊ ဇူလိုင် ၂၀

အစိုးရအဆင့်မြင့် အရာရှိများကို ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီး ထုတ်ပယ်ခြင်းသည် ရုရှားနှင့်စစ် စတင်ချိန် ကတည်းက ဘိုင်ဒန်အစိုးရ လျစ်လျူရှုခဲ့သော အဆင်မပြေမှုများကို ပြသနေကြောင်း၊ ယူကရိန်း အစိုးရအတွင်း အကျင့်ပျက် ခြစားမှုနှင့် တုန်လှုပ် ခြောက်ခြားစရာများ ရှိနေကြောင်း အေပီက ရေးသားသည်။

ယူကရိန်းအစိုးရကို စစ်ရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ တိုက်ရိုက်အကူအညီ ဒေါ်လာဘီလီယံ ပေါင်းများစွာ ပံ့ပိုးလျက် ၎င်း၏ မဟာမိတ်များလည်း အလားတူ လုပ်ဆောင်ကြရန် တိုက်တွန်းနေသည့် ဘိုင်ဒန်အစိုးရသည် ဆက်လက် ပံ့ပိုးပေးရေး အတွက် စိုးရိမ်ပူပန်များ ကြုံလာခဲ့ရသည်။

ပြီးခဲ့သည့် သီတင်းပတ် အကုန်ပိုင်းတွင် ဇာလန်းစကီးသည် ၎င်းအစိုးရအတွင်း ထိပ်တန်းရှေ့နေချုပ်၊ ထောက်လှမ်းရေး ခေါင်းဆောင်နှင့် အခြားအဆင့်မြင့် အရာရှိများကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းကြောင့် အမေရိကန်အတွက် စိုးရိမ်ပူပန်စရာများ တဖန်ကြုံလာခဲ့ရပြီး ကိယက်ဗ်မြို့တော်တွင် အကျင့်ပျက် ခြစားမှုများကို ပိုမိုအာရုံစိုက် လာဖွယ်ရှိကြောင်း အေပီက ဆက် လက် ဖော်ပြသည်။

ယူကရိန်းသို့ ဒေါ်လာဘီလီယံနှင့်ချီသော စီးဆင်းမှုနှင့်အတူ အိမ်ဖြူတော်သည် ဇာလန်းစကီး၏ အစိုးရကို အင်တိုက်အားတိုက် ကူညီနေခြင်း၏ အခြားတဖက်၌ အမေရိကန်ပြည်တွင်း လောင်စာဆီ စရိတ်ကြီးလာခြင်းနှင့် ငွေကြေးဖောင်းပွခြင်း တို့ကြောင့် လူထုထောက်ခံမှု အင်အားကို ချိန်ညှိနေခဲ့ရသည်။

အမေရိကန်က ယူကရိန်းကို ကူညီသော စစ်လက်နက်များ (AP)

ရီပက်ဘလီကန်နှင့် ဒီမိုကရက်တစ် စသည့် ပါတီနှစ်ရပ်စလုံးက ယူကရိန်းအရေး ထောက်ခံနေသော်လည်း ထင်ရှားသည့် အမတ်များသည် အနာဂတ် အကူအညီပေးရေး အစီအစဉ်ကို ဖြတ်သန်းကျော်လွှားရေးမှာ ပိုမိုခက်ခဲမည်ဟု တွေးဆ၍ နိုင်ငံရေးအရ တုံ့ပြန် ပြောဆိုမှုများကို ရှောင်ရှားလို ကြသည်။

သမ္မတဖြစ်သူ ဇာလန်းစကီးသည် အစိုးရရှေ့နေချုပ် အပါအဝင် အဆင့်မြင့်ရာထူး ထမ်းဆောင်လိုသူ မည်သူ့ကိုမဆို ခန့်အပ် ပိုင်ခွင့်ရှိပြီး ရုရှားနှင့်ပူးပေါင်းသူဟု ယူဆမိသူ တိုင်းကိုလည်း ထုတ်ပယ်နိုင်ကြောင်း အမေရိကန်အစိုးရက အလျင်အမြန် တုံ့ပြန်ဖြေရှင်းခဲ့ ကြသည်။

ယမန်နှစ် ဆောင်းဦးရာသီတွင် ယူကရိန်း နယ်စပ်အနီး ရုရှားတပ်ဖွဲ့များ အစုလိုက် အပြုံလိုက် ချလာချိန်၌ပင် ဘိုင်ဒန်အစိုးရ သည် အကျင့်ပျက်ခြစားမှုကို ကိုင်တွယ်ဖြေရှင်းရန် ဇာလန်းစကီးအား တွန်းအားပေးခဲ့သည်။ ထိုသို့ တွန်းအားပေးမှုသည် ယူကရိန်း လွတ်လပ်ရေးရပြီး အစောပိုင်း ကာလကတည်းက အမေရိကန်၏ တောင်းဆိုချက်လည်း ဖြစ်ခဲ့သည်။
“ယူကရိန်းနဲ့ အခုဆက်ဆံရေး အပါအဝင် ကျနော်တို့ရဲ့ ဆက်ဆံရေး အားလုံးမှာ ကျနော်တို့ ကိုယ်ရည်ကိုယ်သွေးတွေ မြှုပ်နှံ ထားတာမျိုး မရှိပါဘူး။ သမ္မတ ဇာလန်းစကီးက သူ့ဝန်ထမ်းကို အပြောင်းအလဲ လုပ်ရခြင်းအတွက် အကျိုးအကြောင်းကို လည်း ရှင်းပြပြီးသားပါ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ် (Ned Price) က ဇူလိုင် ၁၈ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အဆိုပါ ရာထူးအပြောင်းအလဲ ကိစ္စအပေါ် ဇာလန်းစကီးထံမှ ခိုင်လုံသော အကြောင်းပြချက် (သို့မဟုတ်) အသေးစိတ် အချက်အလက်များ နှင့်ပတ်သက်၍ သဘောထား မှတ်ချက်ပေးရန်ကိုတော့ နက်ပရိုက်စ်က ငြင်းပယ်ခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
လေကြောင်းအေဂျင်စီဖြစ်သော ICAO (GETTY IMAGES)

ဥရောပဝေဟင်၌ လေကြောင်းပျံသန်းမှုများ ဘယ်လာရုစ်လှည့်ဖျားဟု ICAO ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1667

CNI International News

မင့်ခ်၊ ဇူလိုင် ၂၀

ဥရောပနိုင်ငံများဖြစ်ကြသည့် ဂရိနှင့် လစ်သူယေးနီးယား နိုင်ငံအကြား လေကြောင်းပျံသန်းမှုအား အတင်းအကြပ် ဟန့်တား ခဲ့သည့် ဖြစ်စဉ် နောက်ကွယ်တွင် ဘယ်လာရုစ်အစိုးရ အကြီးတန်းအရာရှိများက ၎င်းတို့နှင့်သဘောထား မတူသော သတင်း သမားတစ်ဦးကို ဖမ်းဆီးနိုင်ဖို့ တွန်းအားပေးခဲ့ကြောင်း ကုလသမဂ္ဂ (UN) ၏ လေကြောင်းအေဂျင်စီဖြစ်သော ICAO က ပထမ ဆုံး အကြိမ်အဖြစ် စွပ်စွဲလိုက်ကြောင်း အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။

၂၀၂၁ ခုနှစ်၊ မေလတုန်းက ဘယ်လာရုစ် လေကြောင်းသွားလာမှု ထိန်းချုပ်ရေး တာဝန်ရှိသူများသည် ရမ်အဲ (Ryanair) အမည် ရှိ လေယာဉ်ကို ဘယ်လာရုစ်နိုင်ငံ၊ မြို့တော်မင့်ခ်သို့ ဆင်းသက်ရန် အတင်းအကြပ် အမိန့်ပေးခဲ့ဖူးသည်။

အဆိုပါ လေယာဉ်ကို ဗုံးခြိမ်းခြောက်မှု အကြောင်းပြချက်ဖြင့် ဆင်းသက်ခိုင်းခဲ့ပြီးနောက် လေယာဉ်ပေါ်ရှိ ဘယ်လာရုစ် သတင်းသမားတစ်ဦးဖြစ်သူ ရိုမန်ပရိုတာဆီဗစ် (Roman Protasevich)ကို ၎င်း၏ရည်းစားဟောင်းနှင့်အတူ ဘယ်လာရုစ် အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အဆိုပါ ခြိမ်းခြောက်မှု ဖြစ်စဉ်၏ နောက်ကွယ်တွင် မည်သူမည်ဝါရှိမှန်း မသိရဟု ယခင်က ပြောကြားခဲ့ဖူးသည့် နိုင်ငံတကာ အရပ်ဘက် လေကြောင်းရေးရာအဖွဲ့ (ICAO) သည် ဘယ်လာရုစ်အစိုးရကို လေကြောင်း စည်းမျဉ်းများ ချိုးဖောက်ပြီး ဥပဒေမဲ့ ဝင်ရောက် စွက်ဖက်မှု ကျူးလွန်ခဲ့မှုအတွက် ဇူလိုင် ၁၉ ရက်တွင် အပြစ်တင်ရှုတ်ချခဲ့သည်။

ဘယ်လာရုစ် အစိုးရက ပြန်ဆင်းခိုင်းခဲ့တဲ့ ရမ်အဲလေယာဉ်

“လေယာဉ်ပျံသန်းမှုအပေါ် ဗုံးကိစ္စ ခြိမ်းခြောက်မှုသည် တမင်တကာ လုပ်ဆောင်ချက်ဖြစ်၍ အန္တရာယ်ကြီးမားသည့် အပြင် ဘယ်လာရုစ် အဆင့်မြင့် အရာရှိများ၏ ညွှန်ကြားချက်အရ လေယာဉ်အမှုထမ်းများလည်း ခြိမ်းခြောက်ခံခဲ့ရခြင်းမှာလည်း ထင်ရှားကြောင်း ထပ်မံရရှိသော အချက်အလက် အသစ်များကို ကိုးကား၍ မိမိတို့ အသိအမှတ်ပြုသည်” ဟု ICAO ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မြို့တွင် ရုံးစိုက်သော ICAO အေဂျင်စီ၏ ထုတ်ပြန်ချက် နိဂုံးပိုင်းကို ကုလသမဂ္ဂဆိုင်ရာ ရုရှား ကိုယ်စားလှယ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

ရုရှား၏ ယူကရိန်း ကျူးကျော်စစ်ကို ထောက်ခံသူ ဘယ်လာရုစ်နိုင်ငံအား ကနေဒါ အပါအဝင် အနောက်အုပ်စုနိုင်ငံများက ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည်။

ICAO ၏ ယခု ထုတ်ပြန်ချက်အပေါ် သဘောထား မှတ်ချက်ပေးရန် ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ အယ်လ်ဂျာဇီးယားက တောင်းခံခဲ့သော်လည်း ချက်ချင်း တုံ့ပြန်ခြင်း မရှိပါ။

ဘယ်လာရုစ် အစိုးရက ဖမ်းခဲ့တဲ့ ရိုမန်ပရိုတာဆီဗစ်

သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုအား အားပျော့စေရန်အတွက် အနောက်အုပ်စုက လုပ်ကြံဇာတ်လမ်းများ ဖန်တီး၍ အသုံးချနေကြောင်း၊ မိမိတို့နိုင်ငံသည် တရားဝင် နိုင်ငံတကာ စံနှုန်းများနှင့်အညီ လုပ်ဆောင်ခဲ့ကြောင်း မင့်ခ်အစိုးရက ယခင်ကတည်းက အခိုင်အမာ ပြောကြားခဲ့ပြီး ဖြစ်သည်။

ဘယ်လာရုစ်နိုင်ငံမှ သတင်း အယ်ဒီတာ တစ်ဦးဖြစ်သည့် ရိုမန်ပရိုတာဆီဗစ်သည် အာဏာပိုင်များ၏ ဖမ်းဆီးခံရပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုများကို စွန့်လွှတ်ကြောင်း ခံဝန်ဖြင့် အကျဉ်းထောင်မှ နေအိမ်အကျဉ်းချုပ်သို့ ပြောင်းလဲ ချထားခဲ့သည်။

ထိုဖြစ်စဉ်အပေါ် အာဏာပိုင်များ၏ အတင်းအကျပ် စေခိုင်းခဲ့ခြင်းဖြစ်သည်ဟု ဘယ်လာရုစ် အတိုက်အခံသမားများက ယုံကြည် ထားကြသည်။

Source: Aljazeera

 

 

 

Share
Tweet
Share
Share
powered by social2s
တပ်မတော်နဲ့ SSPP ကိုယ်စားလှယ်များ ဇူလိုင် ၁၄ ရက်က တွေ့ဆုံဆွေးနွေးစဉ်

နယ်မြေအငြင်းပွားမှု ဖြေရှင်းပြီးမှ ငြိမ်းချမ်းရေးကိစ္စ စဉ်းစားမည်ဟု SSPP ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1905

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်အတွင်းမှာ ဖြစ်ပွားနေသည့် နယ်မြေအငြင်းပွားမှု ဖြေရှင်းပြီးမှ ငြိမ်းချမ်းရေးကိစ္စ စဉ်းစားမည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းဖုန်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှု မပြုလုပ်ခင် စစ်ရေးတင်းမာမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ငြိမ်းချမ်းရေးကို သွားမည်ဆိုပါက ထိုပြဿနာ များ ဖြစ်စရာမရှိကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူး စိုင်းဖုန်းဟန်က “ပြောရမယ်ဆိုလို့ရှိရင် ဒီကိစ္စရှင်းပြီးမှပဲ ကျ‌နော်တို့ ရှေ့ခရီးပေါ့လေ ဘယ်လိုဆက်သွားမယ်ဆိုတာကို ကျ‌နော်တို့ နောက်တစ်ဆင့်ဖြစ်တဲ့ ကိစ္စအတွက်မို့လေ၊ ဒီဟာက ကြားထဲမှာ လာထစ်နေတာလေ။ ငြိမ်းချမ်းရေးကိစ္စ မဖြစ်ခင် စစ်ရေးတင်းမာမှုတွေ ဖြစ်နေတယ်ဆိုတော့လည်း ဒီကိစ္စက ဘယ်လိုဖြစ်လာမလဲဆိုတာ ကျ‌နော်တို့ ဒီကိစ္စ ဖြေရှင်းပြီးမှပဲ ထပ်ဆင့် တက်လှမ်းမယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။ ပြောမယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးကို တကယ်သွားမယ်ဆိုလို့ရှိရင် ဒီဟာက ဖြစ်စရာ အကြောင်းမရှိဘူးဗျ”ဟု ပြောသည်။

အဆိုပါ တပ်ဆုတ်ခွာရေးနှင့် ပတ်သက်၍ တပ်မတော်ကို စာပို့ပြီးမှသာ ပြောပေးနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် စာမပို့ရ သေးသည့်အတွက် တရားဝင်ပြောကြား၍ မရသေးကြောင်း ၎င်းက ပြောသည်။

တပ်မတော်က ဆုတ်ခိုင်းတဲ့ စခန်းသုံးခု တည်နေရာ

ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့တွင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အဖွဲ့နှင့် SSPP မှ ဒုတိယ ဥက္ကဋ္ဌ -၂ ဗိုလ်ချုပ်ခွန်ဆိုင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့စဥ် SSPP ၏ တပ်စခန်း နေရာများကို ၇ ရက် အတွင်း ဆုတ်ခွာရန် တပ်မတော်ဘက်မှ ပြောကြားခဲ့သည်။

တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး လုပ်ဆောင်မည်ဆိုပါက ကြိုတင်သတ်မှတ်ချက်များ မရှိသင့်ကြောင်း၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးနှင့် သွားမည်ဆိုသည့်အတွက် ၎င်းတပ်ဆုတ်ရေးကိစ္စကို တပ်မတော်ကို မေးခွန်းထုတ်လိုကြောင်း ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောသည်။

၎င်းက “ငြိမ်းချမ်းရေး လုပ်မယ်ဆိုလို့ရှိရင် တင်းမာမှုတစ်ခုပေါ့လေ။ ဒီ Precondition တစ်ခုခံပြီးတော့ လုပ်တာဒါကတော့ သိပ်ပြီးတော့ အဆင်မပြေဘူးလေ။ ဆိုတော့ ဒီကြားခံပြဿနာ တစ်ခုခု ရှိနေတယ်ဆိုရင် ဒီကြားခံပြဿနာကို အရင် ဖြေရှင်း ပြီးမှပဲ ရှေ့လျှောက် ခရီးဘယ်သွားမလဲဆိုတာ ကျနော်တို့ ချောချောရှူရှူ သွားနိုင်တာပေါ့လေ။ ဒီဟာက‌တော့ အသေးအဖွဲ့ ကိစ္စပဲ ဖြစ်တယ်ဗျာ။ တစ်နိုင်ငံလုံး လွှမ်းခြုံပြီးတော့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးနဲ့ သွားမယ်ဆိုတဲ့ ပေါ်လစီကို ချမှတ်ပြီးသား ဖြစ်တဲ့ အတွက်ကြောင့်မို့ ဒါက အသေးအမွှားကိစ္စကို ထည့်ပြီးတော့ စဉ်းစားစရာတောင် မလိုဘူးလို့ ကျနော်တို့ ဒါယူဆတာ ပေါ့လေ။ ဒါပေမဲ့ ပြောမယ်ဆိုလို့ရှိရင်တော့ တပ်မတော် သဘောထားကို မေးမြန်းဖို့ လိုတာပေါ့လေ။ မီဒီယာအနေနဲ့ ဘာ ကြောင့် ဒီလိုဖြစ်တယ်၊ ဘာညာပေါ့လေ။ ကျ‌နော်တို့ဘက်က ကျနော်တို့ စပြီးတော့ ခေါင်းစဉ်တပ်တာ မဟုတ်တဲ့အတွက် ကြောင့်မို့လို့ အကျယ်တဝံ့ ပြောနိုင်ဖို့လည်း မရှိဘူးဗျ။ ဆိုတော့ ဘာအကြောင်းကိစ္စနဲ့ လုပ်တယ်ဆိုတာကို တပ်မတော်ရဲ့ သဘောထားက အများပြည်သူသိအောင် မေးမြန်းဖို့ လိုတယ်ဆိုတဲ့ဟာကို ကျနော်တို့ အကြံပြုလို့ပါတယ်ခင်ဗျ” ဟု ပြော သည်။

တပ်မတော်က SSPP ထံ ပို့တဲ့စာ

တပ်မတော်က မိုင်းရှူးမြို့နယ်ရှိ လွိုင်နိုင်း - မန်ဝိန်းအတွင်း လှုပ်ရှားနေသည့် SSPP တပ်စခန်း ၃ ခုကို ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာရန် ဇွန်လ ၄ ရက်တွင် တပ်မတော်က စာပို့ခဲ့သည်။ ထို့နောက် SSPP က မဆုတ်ခွာနိုင်ကြောင်း ရပ်တည်လာခြင်းကြောင့် ဇွန်လ ၃၀ ရက်နောက်ဆုံးထား ဆုတ်ခွာရန် ဒုတိယအကြိမ် အကြောင်းကြားသော်လည်း ဆုတ်ခွာ ခြင်း မရှိပေ။

အဆိုပါ အခြေအနေများကြောင့် နှစ်ဖက် စစ်ရေးတင်းမာလာကာ ဇူလိုင် ၁၄ ရက်တွင် နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံ၍ ၇ ရက်အတွင်း (ယနေ့ ပြည့်သည်) ဆုတ်ခွာရန် ထပ်မံ၍ တပ်မတော်ဘက်က အဆိုပြုခဲ့သည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ပူတင်ကို တွေ့ရစဉ်

ဆီးရီးယားရေနံများ ခိုးထုတ်နေခြင်း အမေရိကန်ရပ်တန့်ရန် ပူတင်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2019

CNI International News

တီဟီရန်၊ ဇူလိုင် ၂၀

“ဆီးရီးယားပြည်သူများ ပိုင်ဆိုင်သည့် နိုင်ငံအတွင်းမှ ရေနံများ ခိုးထုတ်နေခြင်းကို အမေရိကန် ရပ်တန့်ရန် လိုအပ်ကြောင်း” ဇူလိုင် ၁၉ ရက်၌ တီဟီရန်မြို့တော်သို့ ရောက်ရှိခဲ့သော ရုရှားသမ္မတ ပူတင်က အီရန်နှင့်တူရကီအစိုးရ ထိပ်ပိုင်းအရာရှိများနှင့် တွေ့ဆုံခဲ့ပြီးနောက် ပြောကြားခဲ့သည်။

ရုရှား၊ တူရကီနှင့် အီရန် စသည့် နိုင်ငံ ၃ နိုင်ငံပေါင်း၍ အက်စတာနာ (Astana) လုပ်ငန်းစဉ်အတွက် အာမခံခဲ့ကြသည်။

ထို့နောက် အမေရိကန် အနေဖြင့် ယူဖရေးတီးစ်မြစ် (Euphrates) ကို ဖြတ်သန်းပြီး ဆီးရီးယားပြည်တွင်း၌ လူသားချင်း စာနာ မှုဆိုင်ရာ အကျပ်အတည်း ပိုမိုဆိုးရွားအောင် လုပ်ဆောင်နေခြင်းအား ရပ်တန့်ဖို့ ရုရှား၊ တူရကီနှင့် အီရန် သုံးနိုင်ငံက သဘော တူခဲ့ကြသည်။

“အမေရိကန်တပ်များ ယူဖရေးတီးစ်မြစ် အရှေ့ဘက်ခြမ်းကို ဖြတ်သန်းလျက် ဆီးရီးယားပြည်တွင်းသို့ ဝင်ရောက်ကာ ဆီးရီးယား ပြည်သူများ၏ ရေနံများ ဓါးပြတိုက်၍ တရားမဝင် တင်ပို့နေခြင်းကို ရပ်တန့်ရမှာဖြစ်ကြောင်း” ပူတင်က ဇူလိုင် ၁၉ ရက် ညနေပိုင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ပူတင်၊ အီဘရာဟင်ရိုင်စီ၊ အာဒိုဂန် တွေ့ဆုံ ဆွေးနွေး(AP)

“ဒါဟာ ရုရှား၊ တူရကီနဲ့ အီရန်တို့ရဲ့ ဘုံရပ်တည်ချက်ဖြစ်တယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်- ယခင် အိုင်အက်စ်အိုင်အက်စ်) အကြမ်းဖက်သမားများ ရှုံးနိမ့်ပြီးကတည်းက ဆီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ရေနံတွင်းများ၊ ဂျုံခင်းများကို ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) ပြည်သူ့စစ်က ထိန်းချုပ်ခဲ့ သည်။

အဆိုပါ ထိန်းချုပ်နယ်မြေအတွင်း ရာနှင့်ချီသော အမေရိကန်တပ်ဖွဲ့ဝင်များ တရားမဝင် ရောက်ရှိနေသည်မှာလည်း ကြာမြင့်ပြီ ဖြစ်သည်။

SDF တပ်များကို အမေရိကန်က ကျောထောက်နောက်ခံ ပေးထားပြီး ၎င်းအဖွဲ့သည် ဝါရှင်တန်(အမေရိကန်)မှ ပြုတ်ကျစေလို သော ဒမတ်စကက်အစိုးရ (ဆီးရီးယား လက်ရှိအစိုးရ)နှင့် ပြန်လည်ပေါင်းစည်ရေးကို ငြင်းဆိုထားသည်။

စစ်ဒဏ်ခံနေရသော ဆီးရီးယားနိုင်ငံ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်ကို ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ရာ အမေရိကန်က သမ္မတ ဘာရှာအာဆတ်၏ အစိုးရကို စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း စွပ်စွဲခဲ့ပြီး ဒမတ်စကက်အပေါ် အကူအညီပေးသည့် မည်သူ့ကိုမဆို ပိတ်ဆို့အရေးယူရန် ကြိုးပမ်းခဲ့သည်။

ဆီးရီးယားက ရေနံတွင်းများနဲ့အတူ အမေရိကန်တပ်ကိုတွေ့ရစဉ်

“ထိုသို့ ပိတ်ဆို့ အရေးယူများသည် ဆိုးရွားသော ရလဒ်များသာ ရစေကြောင်းနှင့် ဆီးရီးယားအတွက် လူသားချင်း စာနာမှု အကူအညီများကို ပေးအပ်ရာ၌ နိုင်ငံရေးအရ မပေးသင့်ကြောင်း” ပူတင်က ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

အီရန်နိုင်ငံ၊ တီဟီရန်မြို့တော်၌ ဇူလိုင် ၁၉ ရက် ကျင်းပခဲ့သော ထိပ်သီးဆွေးနွေးပွဲအတွင်း ပူတင်က အီရန်သမ္မတ အီဘရာဟင်ရိုင်စီ (Ebrahim Raisi) နှင့် တူရကီသမ္မတ အာဒိုဂန် (Recep Tayyip Erdogan) တို့နှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် သမ္မတ ၃ ဦးတို့က ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ရာ “ကုလသမဂ္ဂ၏ ဦးဆောင်မှု အောက်တွင် နိုင်ငံရေး တစ်ခုတည်းဖြင့် ဆီးရီးယားပဋိပက္ခကို အဖြေရှာ၍ မရကြောင်း” အတည်ပြု ကြေညာခဲ့သည်။

ခွဲခြားဆက်ဆံမှု၊ နိုင်ငံရေးနယ်ပယ်ထဲ ဆွဲထည့်မှုနှင့် ကြိုတင် သတ်မှတ်ချက်များ မပါဝင်ဘဲ ဆီးရီးယား ပြည်သူများအား အကူအညီ တိုးမြှင့်ပေးသွားရန် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများကို ၎င်း(အီရန်၊ တူရကီ၊ ရုရှား)တို့က တိုက်တွန်းခဲ့ကြသည်။

Source: အာရ်တီသတင်းဌာန

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်းဒီမိုကရေစီအရေး လှုပ်ရှားသူများ ဆိုင်ဘာထောက်လှမ်း စောင့်ကြည့်ခံရ

By CNI
CNI
Category: Watch TV
Hits: 852

Share
Tweet
Share
Share
powered by social2s

မင်ဒဲလား စိတ်ဓာတ်များ မွေးမြူကြရန် UN တွင် ဗြိတိန်မင်းသား ဟယ်ရီပြော

By CNI
CNI
Category: Watch TV
Hits: 1101

Share
Tweet
Share
Share
powered by social2s

နစကကို အသိအမှတ်မပြု၍ အာဇာနည်နေ့မတက်ခြင်းဟု ဗိုလ်ချုပ်အောင်ဆန်း တူ ပြော

By CNI
CNI
Category: Watch TV
Hits: 890

Share
Tweet
Share
Share
powered by social2s

နိုင်ငံသေးတယ်ဆိုပြီး စော်ကားတာကို ခေါင်းငုံ့မခံတာ ကောင်းတယ်

By CNI
CNI
Category: Exclusive Interview
Hits: 1275

Share
Tweet
Share
Share
powered by social2s
ဗိုလ်မှူးချုပ် စောနယ်ဒါးမြနဲ့ အဖွဲ့သစ် ဖွဲ့စည်းကြောင်း ထုတ်နေတဲ့ စာ

ဗိုလ်မှူးချုပ်စောနယ်ဒါးမြ ဦးဆောင်ပြီး ကော်သူးလေတပ်မတော် ဖွဲ့စည်းဟု စာထွက်ပေါ်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2083

 

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) စစ်ဦးစီးချုပ် ရာထူးကနေ ပယ်ရှားခံခဲ့ရသည့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြ ဦးဆောင်ပြီး Kaw Thoo Lei Army (ကရင့်ပြည်သူ့တပ်မတော်)ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၇ ရက်က စတင်၍ ဖွဲ့စည်း လိုက် ကြောင်း စာတစ်စောင် ထုတ်ပေါ်နေသည်။

ထိုစာတွင် VENOM COMMENDO စစ်ကြောင်းမှူး စောဝင်းမြင့်ဆိုသူက လက်မှတ်ရေးထိုးကြောင်း၊ ထိုလက်မှတ်ရေးထိုး ထားမှုနှင့်အတူ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စာထဲတွင် ယခု လက်ရှိတွင် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေ ဦးဆောင်သော KNDO သည် NCA ထိုးထား သော အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည့်အားလျှော်စွာ ကျနော်တို့ ပြည်သူတစ်ရပ်လုံး၏ လှုပ်ရှားမှုများ ပြုလုပ်ခြင်းနှင့် ပတ်သက် ၍ အခက်အခဲ များစွာရှိနေသော အနေအထားဖြစ်ပါသည်ဟု ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ ဗိုလ်မှူးချုပ်စောနယ်ဒါးမြမှ ဦးဆောင်ကာ Kaw Thoo Lei Army (ကရင့်ပြည်သူ့တပ်မတော်)ကို ဇူလိုင် ၁၇ ရက် နေ့မှစတင်ကာ ဖွဲ့စည်းလိုက်ပါသည်ဟု ယခုထွက်ပေါ်နေသော စာမှာ ဖော်ပြထားသည်။

ထိုစာတွင် “ Kaw Thoo Lei Army ၏ ရပ်တည်မှုမှာ ကရင့်ပြည်သူ့တပ်မတော် အနေဖြင့် ရပ်တည်သွားပြီး၊ စစ်ကောင်စီ လက် အောက်ခံ အဖွဲ့အစည်း၏ အမိန့်ကို မနာခံဘဲ တော်လှန်ရေး အောင်မြင်သည်အထိ စစ်ကောင်စီကို အမြစ်ပြတ် ခြေမှုန်း သွားမည်”ဟု ပြောထားသည်။

ဗိုလ်မှူးချုပ် စောနယ်ဒါးမြနဲ့ ရဲဘော်များ

အလားတူ ကျနော်များ VENOM COMMANDO စစ်ကြောင်းသည်လည်း ဇူလိုင် ၁၇ ရက်မှ စတင်ကာ Kaw Thoo Lei Army ၏ အဖွဲ့ဝင် စစ်ကြောင်းတစ်ခုအဖြစ် ပြောင်းလဲလိုက်ပါကြောင်း၊ ပြည်သူများ အနေဖြင့် ကျနော်တို့၏ Kaw Thoo Lei Army ကို ထောက်ခံ ကြိုဆိုပေးပါရန်နှင့် NCA လက်မှတ်ရေးထိုးထားသော နစက လက်အောက်ခံ အဖွဲ့အစည်းများ၊ တပ်ရင်း တပ်ဖွဲ့များ ကိုသို့ ထောက်ပံ့ခြင်း မပြုကြပါရန် ပန်ကြားအပ်ပါသည်ဟု ပြောသည်။

VENOM COMMENDO စစ်ကြောင်းမှူး စောဝင်းမြင့်က “ စစ်ကြောင်းမှူး စောဝင်းမြင့် ဦးဆောင်သော VENOM COMMANDO စစ်ကြောင်းသည် မိဘပြည်သူများထံမှ ရရှိသော ထောက်ပံ့ငွေများကို တစ်ကျပ်တစ်ပြားမှ အလဟသ မဖြစ်စေဘဲ၊ စစ်ကောင်စီကို စွမ်းစွမ်းတမံ ချေမှုန်းတိုက်ခိုက်သွားပါမည်ဟု ထပ်လောင်း ကတိပေးသစ္စာပြုပါသည်”ဟု ပြော ထားသည်။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)ဆိုသည်မှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်အောက်ခံ အဖွဲ့ အစည်းဖြစ်သည်။ KNDO အနေဖြင့် NCA ထိုးထားခြင်းမဟုတ်ဘဲ KNU ကသာ ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများ ဖြစ်သော KNDO၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့အား ကိုယ်စားပြု၍ NCA ထိုးထားခြင်း ဖြစ်သည်။

လက်ရှိ KNDO ၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ် စောရှီးလေ ဖြစ်ပြီး ဗိုလ်မှူးချုပ် စောနယ်ဒါးမြကတော့ ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်က ကရင်ပြည်နယ်အတွင်း ဆောက်လုပ်ရေးလုပ်သား ၂၅ ဦး အသတ်ခံရမှုတွင် တာဝန်ရှိသည်ဟုဆိုကာ KNU ကာကွယ် ရေးဌာနမှ စစ်ဦးစီးချုပ် ရာထူးကနေ ရပ်ဆိုင်းကြောင်း ဇူလိုင် ၈ ရက်မှာ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ဗိုလ်မှူးချုပ် စောနယ်ဒါးမြက လက်မခံကြောင်း ပြန်လည် ထုတ်ပြန်ခဲ့သည်။

ဗိုလ်မှူးချုပ်စောနယ်ဒါးမြနဲ့ ဗိုလ်စလုံးကိုတွေ့ရစဉ်

လက်ရှိ ထွက်ပေါ်နေသော စာနှင့် Kaw Thoo Lei Army ဖွဲ့စည်းကြောင်းနှင့်ပတ်သက်ပြီး ဗိုလ်မှူးချုပ် စောနယ်ဒါးမြကို CNI က ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။

ကရင်နိုင်ငံရေး အသိုင်းအဝန်းကြားမှာတော့ ကရင်လက်နက်ကိုင် အဖွဲ့သစ်တစ်ခု ပေါ်ပေါက်လာနိုင်ခြေ ရှိနေကြောင်း၊ ဆိုရှယ်မီဒီယာနှင့် လူထုကြား ရေပန်းစားနေမှုက အဖွဲ့အစည်းသစ် ထူထောင်လာရေး တွန်းအားတစ်ခု ဖြစ်လာနေကြောင်း ဆွေးနွေး ပြောဆိုမှုများ ရှိနေသည်။

လက်ရှိတွင် ဗိုလ်မှူးချုပ် စောနယ်ဒါးမြသည် နွေဦးတော်လှန်ရေးတွင် ပါဝင်ကာ တပ်မတော်ကို တိုက်ခိုက်နေခြင်းနှင့် စခန်း သိမ်း တိုက်ပွဲများ ဖော်ဆောင်နေခြင်းကြောင့်  ဆိုရှယ်မီဒီယာနှင့်လူထုကြား ထင်ရှားလျက်ရှိနေသည်။

လက်ရှိ ကရင် လက်နက်ကိုင်များမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) တို့ ရှိ ကြသည်။

DKBA၊ KNU/KNLA-PC တို့သည် KNU ကနေ ခွဲထွက်ခဲ့သည့် အဖွဲ့များဖြစ်ကြောင်း၊ ထို့နောက် DKBA ကနေ ဗိုလ်မှူးကြီး စောချစ်သူ ခွဲထွက်၍ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)ကို ဖွဲ့စည်းကာ တပ်မတော်နှင့်ပူးပေါင်းခဲ့သည်။

အလားတူ DKBA ကနေ ဗိုလ်စလုံး ဦးဆောင်သည့် အင်အား ၃၀၀ ဝန်းကျင်သည် ၂၀၂၂ ခုနှစ်၊ မေလက ခွဲထွက်၍ KNDO မှ ရာထူးကနေ ရပ်ဆိုင်းခံထားရသည့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြနှင့် သွားရောက် ပူးပေါင်းခဲ့သည်။

 

Share
Tweet
Share
Share
powered by social2s
ဘူလ်ဂေရီးယားနိုင်ငံ သမ္မတကို တွေ့ရစဉ် (AP)

တတိယအင်အား အကောင်းဆုံးပါတီကို ဘူလ်ဂေးရီးယားသမ္မတက အစိုးရဖွဲ့ခိုင်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1689

CNI International News

ဆိုဖီယာ၊ ဇူလိုင် ၁၉

ယခင်ကြိုးပမ်းချက်နှစ်ရပ် အထမြောက် အောင်မြင်ခြင်း မရှိသည့်နောက် လွှတ်တော်အတွင်း တတိယ အင်အားအကောင်းဆုံး နိုင်ငံရေးပါတီကို အစိုးရဖွဲ့စည်းရန်အတွက် ဘူလ်ဂေရီးယားနိုင်ငံ၏ သမ္မတက ဇူလိုင် ၁၈ ရက်တွင် ခွင့်ပြုခဲ့ကြောင်း အေပီ သတင်းအရ သိရသည်။

ဆိုရှယ်လစ်ပါတီမှာ အောင်မြင်ရန် အခွင့်အလမ်းများ နည်းပါးနေလင့်ကစား ၎င်းပါတီ၏ အောက်ခြေခေါင်းဆောင် ဂျော်ဂျီဆဗီ လင်စကီးက “မိမိတို့ပါတီအနေဖြင့် ယခင်ညွန့်ပေါင်းအဖွဲ့မှ အခြား ၃ ဖွဲ့ကို ဖိတ်ခေါ်သွားမည်” ဟု ပြောကြားခဲ့သည်။

လူထုကြားတွင် တည်ငြိမ်မှုရှိစေရန် လိုအပ်၍ ယခု ရရှိလာသော လုပ်ပိုင်ခွင့်အတိုင်း ပြည့်စုံ ပြီးမြောက်စေရေး အစွမ်းကုန် ကြိုးစားသွားမည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဘူလ်ဂေးရီးယား လွှတ်တော်ထဲတွင် အဓိကအုပ်စု နှစ်စုဖြစ်သော ပြုပြုင်ပြောင်းလဲရေး ဝါဒီများ၏ We Continue the Change ပါတီနှင့် ဗဟိုလက်ယာယိမ်း GERCB တို့မှာ ဥရောပသမဂ္ဂ (EU) နှင့် ရုရှားတို့ တင်းမာနေစဉ်အတွင်း ၎င်းနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်း အဆုံးသတ်ရန် ကြိုးစားလာခဲ့ကြသည်။

ဘူလ်ဂေရီးယား ရွေးကောက်ပွဲ

ဘူလ်ဂေးရီးယားသည် မြောက်အတ္တလန္တိတ်စစ်စာချုပ်(နေတိုး)အဖွဲ့ထဲ၌ ပါဝင်သည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။

အကျင့်ပျက်ခြစားမှုကို လုံးဝ သည်းမခံကြောင်း ကြွေးကြော်သံဖြင့် ယမန်နှစ် ဒီဇင်ဘာလတွင် အာဏာရခဲ့သော အနောက် အုပ်စု လိုလားသူ ကီရယ်ပက်ကော့ဗ်၏ အစိုးရကို ဖယ်ရှားခဲ့ပြီးနောက် ပြည်တွင်း၌ ရွေးကောက်ပွဲအသစ် ကျင်းပရန် လမ်းဖွင့် လာခဲ့သည်။

လွှတ်တော်ထဲတွင် အမျိုးသားရေးဝါဒီများနှင့် ရုရှားလိုလားသော အုပ်စုများ ပိုမိုအားကောင်း လာစေရန် ရည်ရွယ်ချက်ဖြင့် လည်း ထိုသို့ ရွေးကောက်ပွဲအသစ်အတွက် လမ်းဖွင့်ခဲ့ခြင်းဖြစ်သည်။

ဆိုရှယ်လစ် အုပ်စုများသည် လွှတ်တော်ထဲတွင် အကြီးမားဆုံး အုပ်စုဖြစ်၍ ဝန်ကြီးချုပ် အသစ်တစ်ဦးကို We Continue the Change ပါတီမှ ဖြစ်သင့်ကြောင်း အဆိုတင်သွင်းမည် ဖြစ်သည်။

အကယ်၍ ညွန့်ပေါင်းဖွဲ့စည်းရေး ဆွေးနွေးမှု မအောင်မြင်သည့်အခါ သမ္မတသည် လွှတ်တော်ကို ဖျက်သိမ်းပြီး အိမ်စောင့် အစိုးရ တာဝန်ပေး၍ နောက်တစ်ကြိမ် လွှတ်တော်ရွေးကောက်ပွဲ စောစီးစွာ ကျင်းပသွားရန်လည်း စီစဉ်ထားသည်။

ထိုရွေးကောက်ပွဲကို လာမည့် အောက်တိုဘာလ အစောပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလနောက်ပိုင်း စတုတ္ထ အကြိမ်မြောက် လွှတ်တော်ရွေးကောက်ပွဲလည်း ဖြစ်လာမည်ဟု သိရသည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
အာဇာနည် ဗိမာန်ကို တွေ့ရစဉ်

နစကကို အသိအမှတ်မပြု၍ အာဇာနည်နေ့မတက်ခြင်းဟု ဗိုလ်ချုပ်အောင်ဆန်း တူ ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2229

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉

နစက အစိုးရကို အသိအမှတ် မပြုသောကြောင့် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက် ဂါရဝမပြုခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးဘဝင်းတို့၏ တူတော်စပ်သူ ဦးချိုအောင်သန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးချိုအောင်သန်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုတော်စပ်သူ ဦးအောင်သန်း၏ သားဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ယနေ့ (ဇူလိုင် ၁၉ ရက်)တွင် ကျရောက်သည့် ၇၅ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့သော် လည်း ထိုအခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးဘဝင်းတို့၏ မိသားစုဝင်များ တက်ရောက်ခြင်း မရှိသည်ကို တွေ့ရသည်။
ဦးချိုအောင်သန်းက “ကျနော် မနေ့က ပြောသလိုပါပဲ။ ကျနော် အသိအမှတ်မှ မပြုတာ။ ဒီအစိုးရကို။ သူတို့ သွားလေ့သွားထ ရှိတာ‌တော့ ဦးဘဝင်းသားရယ်၊ ကျနော်တူ အကြီး၊ အကြီးဆုံးပေါ့။ အကြီးဆုံးရယ် သူတို့ သွားလေ့ရှိတယ်။ အရင်နှစ်တွေက” ဟု CNI သို့ ပြောသည်။

၇၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးဘဝင်းတို့ မိသားစုဝင်ကိုယ်စား အခမ်းအနား ကျင်းပရေး ကော်မတီမှ တက်ရောက်ပြီး ဂါရဝပြု လွမ်းသူပန်းခွေ ချခဲ့ကြကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရ ဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က ဖမ်းဆီး၍ နိုင်ငံ တေ်ကို အရေးပေါ် ကြေညာထားသည်။

၇၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ခဲ့သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ထို့နောက် တပ်မတော်က နစကကို ဖွဲ့စည်း၍ နိုင်ငံတော်အား စီမံအုပ်ချုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသလို ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပ၍ အနိုင်ရသည့် ပါတီအား အာဏာပြန်လွှဲပေးမည်ဟု ပြောထားသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ တူတော်စပ်သူ ဦးချိုအောင်သန်းက နစက-က တရားဝင် အစိုးရမဟုတ်ကြောင်း၊ ၎င်းတို့ကို မဲပေး သည့် အထဲတွင် မပါကြောင်း ပြောသည်။

ဦးချိုအောင်သန်းက “ကျနော်ကတော့ အသိအမှတ်မှ မပြုတာ။ တကယ်တမ်း ပြောရရင် တရားဝင် အစိုးရမဟုတ်ဘူး။ ကျနော် မဲပေးတဲ့ အထဲမှာလည်း မပါဘူး။ ကျနော် ဒီပြီးခဲ့တဲ့နှစ်က အိမ်ကို ဧည့်စာရင်း လာစစ်တဲ့ အချိန်တုန်းက ကျနော်အိမ်မှာ ချိတ် ထားတဲ့၊ ထောင်ထားတဲ့ အလံ၊ NLD အလံပေါ့။ အလံကိုတော့ ဖြုတ်သိမ်းသွားတယ်၊ ဒီနေ့လို နေ့များကြတော့ ပိုပြီးတော့ သတိရတာပေါ့” ဟု CNI သို့ ပြောသည်။

ယနေ့ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားကို နစက ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှ တက်ရောက် ဂါရဝပြု လွမ်းသူပန်းခွေ ချခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း နှင့် ခေါင်းဆောင်ကြီးများသည် ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်က ရန်ကုန်မြို့ အတွင်းဝန်ရုံး၌ အစည်း အဝေး ကျင်းပနေစဉ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ထိုနေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ကာ နှစ်စဉ် ကျင်းပလာခဲ့ရာ ယနေ့ ၇၅ နှစ်မြောက်ခဲ့ပြီး ဖြစ်သည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ထိုင်းတက်ကြွလှုပ်ရှားသူက ဆိုင်ဘာ အန္တရာယ်အကြောင်းပြောနေစဉ် (AP)

ထိုင်းဒီမိုကရေစီအရေး လှုပ်ရှားသူများ ဆိုင်ဘာထောက်လှမ်း စောင့်ကြည့်ခံရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1755

CNI International News

ဘန်ကောက်၊ ဇူလိုင် ၁၉

ထိုင်းနိုင်ငံတွင် ဒီမိုကရေစီအရေး ဆန္ဒပြပွဲများ၌ ပါဝင်ခဲ့ကြသည့် ထိုင်းလူမျိုး တက်ကြွလှုပ်ရှားများ၏ ဆဲလ်ဖုန်း (သို့မဟုတ်) အခြား ဆက်သွယ်ရေး ကိရိယာများထဲသို့ ကူးစက်ပျံ့နှံ့စေသည့် အစိုးရ အထောက်အကူပြု spyware များ၏ တိုက်ခိုက်မှု ခံခဲ့ရကြောင်း ဆိုင်ဘာလုံခြုံရေးသုတေသီများက ဇူလိုင် ၁၈ ရက်တွင် အစီရင်ခံ တင်ပြခဲ့ကြကြောင်း အေပီသတင်းတွင် တွေ့ရသည်။

အစ္စရေးနိုင်ငံအခြေစိုက် NSO Group မှ ထုတ်လုပ်သည့် ပီဂါးစပ် (Pegasus) သူလျှိုဆော့ဖ်ဝဲ (spyware) များသုံး၍ အမည် မဖော်လိုသော ထိုင်းအစိုးရ အဖွဲ့အစည်းတစ်ခုသည် ထိုင်းပြည်တွင်းရှိ တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များ၊ အရပ်ဘက် လူမှုအဖွဲ့များနှင့် လက်တွဲဝန်းရံ လုပ်ဆောင်နေသူများ အပါအဝင် အနည်းဆုံး လူ ၃၀ ကို ပစ်မှတ်ထား၍ ထောက်လှမ်းခဲ့ ကြောင်း အင်တာနက်စောင့်ကြည့်ရေးအဖွဲ့ Citizen Lab၊ ထိုင်းနိုင်ငံ၏ အင်တာနက်ဥပဒေ ပြုပြင်ပြောင်းလဲရေး ညှိနှိုင်းသူ (သို့မဟုတ်) iLaw နှင့် Digital Reach တို့၏ စုံစမ်းစစ်ဆေးချက်များအရ သိရသည်။

ပစ်မှတ်ထားသူများကို အမည်တပ်ကာ အစိုးရ၏ စောင့်ကြည့် စစ်ဆေးနေမှုအား အစောပိုင်း အစီရင်ခံစာများတွင် မိမိတို့ အဖွဲ့ နှစ်ဖွဲ့က အတည်ပြုနိုင်ခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံအချို့မှ အစိုးရများသည် ရာဇဝတ်မှုများနှင့် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် အကြောင်းပြချက်ဖြင့် တီထွင်ဖန်တီးထားသော နည်းပညာများကို ဝယ်ယူအသုံးချလျက် မိမိတို့နိုင်ငံသားများကို လျှို့ဝှက် ထောက်လှမ်းနေသည်ကို ဖော်ထုတ်တွေ့ရှိရကြောင်း Citizen Lab မှ ဂျွန်စကော့ရေးတန် (John Scott-Railton) က ပြော ကြားခဲ့သည်။

အစ္စရေးနိုင်ငံအခြေစိုက် NSO Group

“Citizen Lab ဟာ ထိုင်း အရပ်ဘက် လူ့အဖွဲ့အစည်းအတွက် အခြေခံကျတဲ့ စိန်ခေါ်မှုတစ်ခု ရှိနေပြီလို့ ယုံကြည်ပါတယ်” ဟု ၎င်းအဖွဲ့မှ ဂျွန်စကော့ရေးတန်က ဘန်ကောက်မြို့တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲနှင့် အွန်လိုင်းမိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအထိ လူတစ်ဦးချင်းစီ ကိုင်ဆောင်သည့် စက်ကိရိယာများကို ပစ်မှတ်ထား၍ ဆိုင်ဘာတိုက်ခိုက်မှုမှာ နိုင်ငံတဝန်း ဖြစ်ပွားခဲ့သည့် ဒီမိုကရေစီအရေး ဆန္ဒပြပွဲများနှင့် ဆက်နွှယ်နေသည်။ ထို ဆိုင်ဘာ တိုက်ခိုက်မှုများသည် ထိုင်းနိုင်ငံရေး ဖြစ်ရပ်များနှင့် အချိန်ကိုက် တိုက်ဆိုင်နေကြောင်းလည်း တွေ့ရသည်။

သို့သော် ဒစ်ဂျစ်တယ် သူလျှိုလှုပ်ရှားမှုများနှင့် စိတ်မချရသော ဆော့ဖ်ဝဲများအကြောင်း ဖော်ထုတ်ဖွင့်ချခဲ့သည့် Citizen Lab သည် ထိုင်းနိုင်ငံတွင် လက်ရှိ သက်ဝင်လှုပ်ရှားနေသော ပီဂါးစပ်အော်ပရေတာတစ်ခု ရှိနေသေးသည်ဟု ယုံကြည်ထား ကြောင်း ဂျွန်စကော့ရေးတန်က ဆက်လက် ပြောကြားခဲ့သည်။

ယခု ဆိုင်ဘာတိုက်ခိုက်၍ ထောက်လှမ်း စောင့်ကြည့်ခံရသူ အများစုသည် ၂၀၂၀-၂၀၂၁ ခုနှစ် ဆန္ဒပြပွဲ၌ ပါဝင်ခဲ့ကြသူများ (သို့မဟုတ်) ထိုင်းဘုရင်စနစ်ကို အများသိအောင် ဝေဖန်ထောက်ပြခဲ့သူများ ဖြစ်ကြသည်။

အလားတူ ထိုင်းတက်ကြွလှုပ်ရှားသူများကို အကာအကွယ်ပေးနေသော ရှေ့နေများမှာလည်း ထိုသို့ ဒစ်ဂျစ်တယ် သူလျှိုလုပ်၍ စောင့်ကြည့်ခံရမှုအောက်တွင် ရောက်ရှိနေကြောင်း ဆိုင်ဘာလုံခြုံရေး သုတေသီများက အတည်ပြု ပြောကြားခဲ့ကြသည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
ရန်ကုန်မြို့ တစ်နေရာက ဈေးရောင်းသူနဲ့ ဈေး၀ယ်သူကိုတွေ့ရစဉ်

ပြည်ပချေးငွေ ပေးဆပ်မှု ဆိုင်းငံ့ခြင်းက မြန်မာ့စီးပွားရေးကို ပိုထိခိုက်နိုင်

By CNI
CNI
Category: စီးပွားရေး
Hits: 2702

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉

ပြည်ပချေးငွေ ရယူထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများ အနေဖြင့် ချေးငွေ အတိုး/အရင်း ပေးဆပ်မှုကို ဆိုင်းငံ့ထားရန် ဗဟိုဘဏ်က ညွှန်ကြားလာခြင်းကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာက မယုံကြည်ရသည့်နိုင်ငံဟု သတ်မှတ် လာနိုင်ခြင်းနှင့် အတူ စီးပွားရေး ဖွံ့ဖြိုးမှု ပိုမို နိမ့်ကျသွားနိုင်ကြောင်း စီးပွားရေးနှင့် နိုင်ငံရေး လေ့လာသူများက ပြောသည်။

မြန်မာနိုင်ငံသည် နာမည်ကောင်းမရှိသည့် တိုင်းပြည်နှင့် စိတ်မချရသည့် တိုင်းပြည်ဟု နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမည့် သူများ က မြင်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ)က CNI သတင်းဌာနသို့ ပြောသည်။

ဦးရဲထွန်းက “အခုဟာကတော့ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပုဂ္ဂလိက ကုမ္ပဏီချင်း ပြဿနာတော့ မပြောတတ်ဘူး။ ဒါပေမယ့် တစ်ခုလုံး နိုင်ငံတစ်ခုလုံး အနေနဲ့ကော၊ နိုင်ငံခြားတိုင်းပြည်က ကုမ္ပဏီတွေ၊ အစိုးရတွေ၊ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းတွေ လာလုပ်မယ့် လူတွေကတော့ မြန်မာနိုင်ငံက ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ရှိရင် နာမည်ကောင်း မရှိ တဲ့ တိုင်းပြည်ပေါ့၊ စိတ်မချရတဲ့ တိုင်းပြည် ဆိုတဲ့ဟာမျိုးတော့ ဖြစ်သွားမှာပေါ့ဗျာ” ဟု ပြောသည်။

နိုင်ငံခြားငွေကြေး

ဗဟိုဘဏ်မှ ပြောင်းလဲလိုက်သော ငွေကြေးမူဝါဒကြောင့် မြန်မာနိုင်ငံ အနေဖြင့် အတိုးနှုန်း သက်သာသည့် နိုင်ငံတကာဘဏ် များထံကနေ ချေးငွေရယူနိုင်မှု အားနည်းသွားနိုင်ကြောင်း စီးပွားရေး သမားများက ပြောသည်။

ထို့နောက် ပြည်ပမှ ချေးငွေဖြင့် ကုန်စည်တင်သွင်းနေကြသည့် ကုမ္ပဏီများအပေါ်လည်း သက်ရောက်နိုင်ကြောင်း၊ ထိုကုန် ပစ္စည်းများ ပြတ်လပ်သွားနိုင်ကြောင်း မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူ့ရဲ့ အမိန့်တစ်ခုတည်း အရဆိုရင်တော့ အများကြီး ဖြစ်နိုင်တာပေါ့၊ Impact က အများကြီး ဖြစ်နိုင်တာပေါ့။ ဘာလို့လဲဆိုတော့ ဒီက ကုမ္ပဏီတွေက အရင် ချေးငွေတွေ ပြန်ဆပ်၊ တချို့ကလည်း ကုန်ပစ္စည်းပေါ့ Intime ပေါ့။ ကုန်ပစ္စည်း တွေ ပေးယူ အဲဒီဟာကို ပြန်ဆပ်၊ ပြန်ဆပ်ပြီးမှ နောက်ထပ် အသစ်ထပ်ယူ။ အဟောင်းပေး အသစ်ယူ ပုံစံမျိုး လုပ်ကြရတာ မျိုးတွေ ရှိတယ်။ ဆိုတော့ အဲဒါမျိုးတွေ ဆိုလို့ရှိရင် ပစ္စည်းပြတ်သွားနိုင်တာပေါ့” ဟု ပြောသည်။

စီးပွားရေး လုပ်ငန်းရှင်များကြားတွင်လည်း ယခုချမှတ်လိုက်သည့် ပြည်ပချေး‌ငွေ ပေးဆပ်မှု ဆိုင်းငံ့စေခြင်းသည် ဗဟိုဘဏ်က နိုင်ငံခြားငွေ အထူးသဖြင့် အမေရိကန်ဒေါ်လာ စီးဆင်းမှုကို ထပ်မံတင်းကြပ်လိုက်ခြင်း သဘောမျိုးဖြစ်ကြောင်း ပြောကြား နေ ကြသည်။
သို့သော်လည်း ဗဟိုဘဏ်၏ မူဝါဒနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ရည်ရွယ်သည်ကို မသိရှိရကြောင်း၊ ပြည်ပချေးငွေ မူဝါဒနှင့် ပတ်သက်ပြီး လိုအပ်သည်များကို ပြန်လည် ဖြေလျှော့လာနိုင်သည့် အခြေအနေရှိသည်ဟု ယူဆရနိုင်ကြောင်း စီးပွားရေး ပညာရှင်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်း ပြည်သူများ လှုပ်ရှားသွားလာနေစဉ်

၎င်းက “ဗဟိုဘဏ်ရဲ့ ရည်ရွယ်ချက်ကလည်း အတိအကျ မသိဘူး မသိရဘူး။ ဘာအတွက် လုပ်တာလဲ။ ဒေါ်လာ အပြင်ကို စီးလွှတ်တာတွေ မနိုင်တော့လို့ လုပ်တာလား။ ဒါမှမဟုတ် အဲဒီ စီးထွက်တာတွေထဲက စာရင်း လုပ်ချင်လို့ လုပ်တာလား မသိ ဘူး။ သူ့ရည်ရွယ်ချက်ပေါ်လည်း မူတည်သေးတယ်။ အရင်တုန်းကလည်း အဲလို ‌ဒေါ်လာတွေကို အကုန်လုံး ပိတ်လိုက်တယ်။ ပြီးတော့မှ တဖြည်းဖြည်းချင်း ပြန်ပြန်ပြီး လျှော့ချလျှော့ချ ပေးလိုက်တယ်။ အဲလိုမျိုးတော့ ရှိတယ်။ အခုလည်း ပိတ်ပြီးတော့ တချို့ တကယ် အမှန်တကယ်လုပ်တဲ့ ကိုင်တဲ့အဖွဲ့တွေ၊ နောက် အမှန်တကယ် လိုအပ်တဲ့ ကုမ္ပဏီတွေ အတွက်တော့ ပြန် လျှော့ ပေးမယ်လို့ ယူဆရတာပါပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဗဟိုဘဏ်၏ ပြည်ပချေးငွေ မူဝါဒ အပြောင်းအလဲနှင့်ပတ်သက်၍ ထုတ်ပြန် ကြေညာပြီးနောက် ပြည်တွင်း ဒေါ်လာဈေးနှုန်းသည် ယခင် ၂၂၀၀ မှ ၂၃၀၀ သို့ မြင့်တက်သွားကြောင်း၊ ရွှေဈေးနှင့် မော်တော်ကား ဈေးနှုန်းများ လည်း လိုက်ပါ မြင့်တက်လာကြောင်း တွေ့ရသည်။

ဗဟိုဘဏ်၏ ဇူလိုင်လ ၁၃ ရက်က အကြောင်းကြားစာတွင် နိုင်ငံခြားသုံးငွေ ရောင်း/ဝယ် ဖောက်ကား ခွင့် (AD) လိုင်စင်ရ ဘဏ်များအနေဖြင့် Customers များကို ချေးငွေ အတိုး/အရင်း ပြန်လည် ပေးဆပ်ရမည့် အစီအစဉ် (Repayment Schedule) ကို ပြည်ပမှ ငွေချေးငှားသူ (Lender) များနှင့် ညှိနှိုင်း၍ လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ရန် ဖော်ပြ ထားသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

ပူပန်မှု သောကမှုများကြားက အာဇာနည်နေ့

By CNI
CNI
Category: Watch TV
Hits: 899

Share
Tweet
Share
Share
powered by social2s
  • 86
  • 87
  • 88
  • 89
  • 90
  • 91
  • 92
  • 93
  • 94
  • 95

Page 91 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar