CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

အီရန်နျူဆန့်ကျင်ရေးပူးတွဲကြေညာချက် အမေရိကန်နှင့်အစ္စရေးတို့လက်မှတ်ရေးထိုး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1653

CNI International News

ဂျေရုဆလင်၊ ဇူလိုင် ၁၅

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အစ္စရေးဝန်ကြီးချုပ် ယာယစ်လာပစ် (Yair Lapid) တို့သည် အီရန် နျူကလီးယားလက်နက် မထုတ်လုပ်နိုင်စေရန် တားဆီးရေး ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်လျက် ၎င်းတို့၏ရပ်တည်ချက်များကို ထပ်လောင်းပြောကြားခဲ့ကြကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။

ဘိုင်ဒန်၏ ၄ ရက်ကြာ အရှေ့အလယ်ပိုင်းခရီးစဉ်၏ ဒုတိယနေ့တွင် အနောက်ဂျေရုဆလင်၌ ဇူလိုင် ၁၄ ရက်၊ နံနက်ပိုင်းမှာ တစ်ဦးချင်းတွေ့ဆုံခဲ့ကြပြီးနောက် ခေါင်းဆောင်နှစ်ဦးတို့သည် အဆိုပါကြေညာချက်ကို လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့ကြသည်။ ထို့နောက် အိန္ဒိယနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံတို့မှ ခေါင်းဆောင်များနှင့် အွန်လိုင်းထိပ်သီးအစည်းအဝေး ကျင်းပခဲ့ကြသည်။

အီရန်အပေါ် နျူကလီးယားလက်နက်ဖြင့် ၎င်းဘာသာ လက်နက်တပ်ဆင်နိုင်စွမ်းကို ဟန့်တားရန်အတွက် အမေရိကန်၏နိုင်ငံတော်အဆင့် စွမ်းအားအလုံးစုံကို အသုံးပြုသွားမည်ဟု အဆိုပါပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

အစ္စရေးကို အမေရိကန်၏စစ်ရေးအကူအညီ ဆက်လက်ပေးအပ်ရန် ဝါရှင်တန်က ကတိပြုကြောင်း ကြေညာချက် တွင် ဆက်လက်ဖော်ပြထားသည်။

သမ္မတဟောင်း ဘာရတ်အိုဘားမားလက်ထက် ဘိုင်ဒန် ဒုတိယသမ္မတအဖြစ် တာဝန်ယူစဉ်က အစ္စရေးကို ၁၀ နှစ် တာကာလအတွက် စံချိန်တင်အကူအညီ ဒေါ်လာ ၃၈ ဘီလီယံပေးအပ်ရေးအစီအစဉ်အား ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ယခု လက်မှတ်ရေးထိုးပြီးနောက် သတင်းစာရှင်းလင်းပွဲ ဆက်လက်ကျင်းပရာ ဘိုင်ဒန်နှင့် လာပစ်တို့က “အမေရိကန်-အစ္စရေးဆက်ဆံရေးအတွက် မိမိအတည်ပြုကြောင်းနှင့် အီရန်ထံမှ ခြိမ်းခြောက်မှုရှိနေသည်ဟု ယူဆကြောင်း” ထုတ်ဖော်ပြောကြားခဲ့ကြသည်။

“အီရန်နျူကလီးယားအစီအစဉ်ကို ရပ်တန့်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ လွတ်လပ်တဲ့ကမ္ဘာကနေ အင်အားသုံးမယ်ဆိုတာ အီရန်သိဖို့ပါပဲ” ဟု လာပစ်က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဘိုင်ဒန်က “သံတမန်ဆက်ဆံရေးသည် အီရန် နျူလက်နက် မထုတ်နိုင်စေရန် တားဆီးရေး အတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ယုံကြည်သော်လည်း အစ္စရေးအတွက် လုံခြုံရေးအာမခံချက်ရှိရန် လိုအပ်ကြောင်း” ထပ်လောင်းပြောကြားခဲ့သည်။

Source: Aljazeera

Share
Tweet
Share
Share
powered by social2s

ပြည်ပအစိုးရများ ပြုတ်ကျရေးလုပ်ရာ၌ ပါဝင်ခဲ့ဖူးကြောင်း ဂျွန်ဘော်လ်တန် ဝန်ခံ

By CNI
CNI
Category: Watch TV
Hits: 627

Share
Tweet
Share
Share
powered by social2s

ယူကရိန်းပဋိပက္ခသည် ရုရှားကို အနောက်အုပ်စုတိုက်နေသော ကမ္ဘာစစ်ဟု ဆားဘီးယားပြော

By CNI
CNI
Category: Watch TV
Hits: 631

Share
Tweet
Share
Share
powered by social2s

မြန်မာနိုင်ငံကို မထီမဲ့မြင်ပြု၍ ဗြိတိန်သံအမတ်ကို နှင်ထုတ်ခြင်းဟု ပြော

By CNI
CNI
Category: Watch TV
Hits: 654

Share
Tweet
Share
Share
powered by social2s
နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles

ဗြိတိန်သံအမတ် ထွက်ခွာသွားမှု ဖြစ်ရပ်အမှန်နှင့်ကွဲလွဲနေဟု နစကပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1403

 

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles က မိမိကို မြန်မာနိုင်ငံကနေ ဖိအားပေး ထွက်ခွာခိုင်းနေသည် ဟု တွစ်တာ စာမျက်နှာပေါ်တွင် ရေးသားချက်သည် ဖြစ်စဉ်နှင့်ကွဲလွဲနေဟု နစက၏  နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဇူလိုင် ၁၄ ရက်) ထုတ်ပြန် ကြေညာခဲ့သည်။

Mr. Pete Vowles က နစက-က မိမိကို မြန်မာပြည်မှ ထွက်ခွာရန် ဖိအားပေးလာသည့်အတွက် စိတ်မကောင်းဖြစ်ရ ကြောင်း၊ ထို့အတူ စစ်တပ်၏ အာဏာသိမ်းမှုကို တရားဝင်ဖြစ်အောင် ဖိအားပေးမှုအား ငြင်းဆန်နိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်း ဇူလိုင် ၁၃ ရက်တွင် တွစ်တာမှာ ပြောထားသည်။

ထိုရေးသားဖော်ပြမှုသည် မှန်ကန်မှု မရှိသည့်အပြင် ဖြစ်ရပ် မှန်နှင့် ကွဲလွဲလျက်ရှိနေသည်ဟု နစက၏ နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောသည်။

 

ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles ရေးသားချက်

၎င်းက “ ဗြိတိန်အစိုးရက Mr. Pete Vowles အား မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗြိတိန်သံအ မတ်ကြီး အဖြစ် ခန့်အပ်ရန် ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် အဆိုပြုသဖြင့် မြန်မာအစိုးရက ဇွန်လ ၂၂ ရက်တွင် သဘောတူ ညီကြောင်း ပြန်ကြားခဲ့သည်။ Mr. Pete Vowles သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိခဲ့ ပြီးနောက် သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သူ တစ်ဦးအနေဖြင့် သံတမန်လုပ်ထုံး လုပ်နည်းများနှင့် အညီ ၎င်း၏ ခန့်အပ်လွှာမိတ္တူကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လည်းကောင်း၊ ခန့်အပ်လွှာကို နိုင်ငံတော်အကြီးအကဲထံသို့ လည်း ကောင်း ပေးအပ်ရန်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးပြ၍ ပေးအပ်ရန် ရှောင်လွှဲခဲ့သည်”ဟု ထုတ်ပြန်ခဲ့သည်။

ထို့နောက် နိုင်ငံရေးဝန်ကြီးဌာနက ဗြိတိန်နိုင်ငံဘက်သို့ Mr. Pete Vowles ၏ ပြည်ဝင်ဗီဇာကို ကန့်သတ်ခဲ့ကြောင်း၊ ထို အခြေအနေတွင် ဗြိတိန်နိုင်ငံဘက်က Mr. Pete Vowles အား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် အဆိုပြု ထား မှုကို ရုပ်သိမ်းကြောင်းနှင့် ရန်ကုန်မြို့၊ ဗြိတိန်သံရုံး၊ သံရုံးယာယီ တာဝန်ခံအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း ပြောင်းလဲ အဆိုပြု ခဲ့ရာ ၎င်းအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့်အတွက် သံရုံး ယာယီ တာဝန်ခံ ခန့်အပ်မည်ဆိုပါက ၎င်းအစား အခြား ပုဂ္ဂိုလ်တစ်ဦးအား ပြန်လည် အဆိုပြုရန်ဖြစ်ကြောင်း မြန်မာဘက်က အကြောင်း ကြားခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်

နိုင်ငံခြားရေးဝန်ကြီးဌာနက “ ယင်းနောက် Mr. Pete Vowles က ၎င်း၏ ကိုယ်ပိုင်ပစ္စည်းများကို သိမ်းဆည်းရန်အတွက် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်မှ ဇူလိုင် ၁၅ ရက်အထိ မြန်မာနိုင်ငံသို့ ဝင်ရောက်လိုကြောင်း ဗြိတိန်ဘက်မှ မေတ္တာရပ်ခံခဲ့မှုကို နိုင်ငံခြား ရေးဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့သည့်အတွက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ ယခု Mr. Pete Vowles မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ခြင်းမှာ ၎င်း၏ ပြည်ဝင် ဗီဇာသက်တမ်း မကုန်ဆုံးမီ ထွက်ခွာသွားခြင်းသာ ဖြစ်သည်။ ယခုကိစ္စတွင် Mr. Pete Vowles အနေဖြင့် ခန့်အပ်လွှာ ပေးအပ်ခြင်းမပြုဘဲ မြန်မာနိုင်ငံ၌ သံအမတ်ကြီး အဖြစ် လာရောက် နေထိုင်လိုခြင်းဖြစ် ပြီး ဗြိတိန်ဘက်က သံတမန်ကျင့်ထုံး၊ ကျင့်ဝတ်တို့နှင့်အညီ ဆောင်ရွက်မှု မပြုခဲ့ခြင်းသာ ဖြစ် သည်”ဟု ပြောသည်။

ထို့နောက် မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင် နိုင်ငံအနေဖြင့် သံတမန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ ခြင်းကြောင့် Mr. Pete Vowles သည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗြိတိန်အစိုးရသည် အရပ်သား အစိုးရကို ဖြုတ်ချ၍ ဒီမိုကရေစီ နည်းကျမဟုတ်သည့် အာဏာရယူခြင်းကို ဆောင်ရွက် ထားခြင်းကြောင့် နစက အဖွဲ့ဝင် တချို့နှင့် လုပ်ငန်းများကို ပိတ်ဆို့ အရေးထားသည်။

 

Share
Tweet
Share
Share
powered by social2s
SNA တပ်ဖွဲ့ကိုတွေ့ရစဉ်

ရှမ်းနီလူထုအပေါ် သတ်ဖြတ်မှုနှင့် သွေးခွဲသော လုပ်ရပ်အား SNA သတိပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 2155

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄

ရှမ်းနီပြည်သူလူထုအပေါ် ကြမ်းကြုတ်စွာ၊ ရက်စက်စွာ သတ်ဖြတ်မှုနှင့်အတူ သွေးခွဲသပ်လျှိုနေသော လုပ်ရပ်များကို ရှမ်းနီ အမျိုးသားများ တပ်မတော် (SNA) မှ ယနေ့ (ဇူလိုင် ၁၄ ရက်)တွင် သတိပေး ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် လက်ရှိ ပြည်တွင်း မငြိမ်မသက်မှု ဖြစ်နေစဉ် ရှမ်းနီဒေသတွင်း၌ ပိုမိုရှုတ်ထွေးပြီး အထင်အမြင် လွဲမှားစေမည့် လုပ်ရပ်များ၊ အပြောအဆိုများ၊ အရေးအသားများနှင့် ထုတ်ပြန်ချက်များသည် ပကတိ အခြေအနေများကို ပျက်စီးစေကြောင်း၊ ရှမ်းနီလူထုနှင့် SNA ကို သွေးခွဲသပ်လျှိုခြင်း၊ ပြိုကွဲစေနိုင်မည့် လုပ်ရပ်များကို အစီအစဉ်တကျ ဆောင် ရွက်ခြင်း စသည့် လူမဆန်သည့် လုပ်ရပ်များအား ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အတွက်ကြောင့် ရှမ်းနီလူထုများ အနေဖြင့် ဆိုရှယ်မီဒီယာမှ လည်းကောင်း၊ သတင်းတု၊ သတင်းမှားများ ဖြန့်ဝေ၍ လည်း ကောင်း ဆောင်ရွက်မှုမှန်သမျှအား သတိပြု ရှောင်ရှားကြရန်နှင့် ကာကွယ်တိုက်ဖျက်နိုင်ကြရန် SNA မှ တိုက်တွန်းခဲ့သည်။

SNA ထုတ်ပြန်ချက်

ရှမ်းနီလူမျိုးအပေါ် လူမျိုးသုန်း ပျက်စီးစေလိုသော မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမဆို ၎င်းတို့၏ ရက်စက်ယုတ်မာ ကြမ်းကြုတ်မှုများ၊ ရှမ်းနီသစ္စာဖောက်များနှင့် အပေါင်းအပါ အများ၏ အကြောင်းမဲ့ နှိပ်စက် အကြမ်းဖက် သတ်ဖြတ် အနိုင် ကျင့်မှုများကို အမြစ်ပြတ် ချေမှုန်းသွားမည်ဟု SNA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းနီအမျိုးသား အလုံးစုံ ပျက်စီးရေးနှင့် လူမျိုးရေး ပဋိပက္ခကို ဦးတည် လုပ်ဆောင်နေသူများ၏ နေ့စဉ်သွေးခွဲ သပ်လျှိုခြင်း၊ သစ္စာဖောက် လက်ဝေခံများ အသုံးချ၍ ဖိနှိပ်ခြင်း၊ ပြည်သူလူထု အမြင်ဝေဝါးစေမည့် သတင်း အတုအယောင်များ၊ လုပ်ကြံ ဖန်တီးခြင်း၊ မမှန်မကန်သော လုပ်ရပ်များကို လွှဲချဖုံးဖိခြင်း၊ အသံကောင်းဟစ် ကြွေးကြော်ခြင်း စသည့် လုပ်ရပ်များအား လုံးဝ ရပ်တန့်ရန်နှင့် လုံးဝရှုတ်ချကြောင်း၊ SNA ၏ သည်းခံနိုင်မှုသည် အတိုင်းအတာရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုစွန်ဟွိုင်ကိုတွေ့ရစဉ်

ယူကရိန်းခွဲထွက်ဒေသများ၏ လွတ်လပ်ရေးကို မြောက်ကိုရီးယားထောက်ခံ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1029

CNI International News

ပြုံယမ်း၊ ဇူလိုင် ၁၄

ရုရှား ကျူးကျော်စစ်နှင့်အတူ ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလားသည့် ခွဲထွက်ရေး ဒေသနှစ်ခု၏ လွတ်လပ်ရေးကို အသိ အမှတ်ပြု ထောက်ခံသည့် နိုင်ငံအနည်းငယ်သာရှိရာမှ ယခုအခါ မြောက်ကိုရီးယားလည်း တစ်နိုင်ငံအဖြစ် တိုးလာကြောင်း အေပီသတင်းတွင် ရေးသားထားသည်။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြောက်ကိုရီးယားနှင့် သံတမန် ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး ယခုကဲ့သို့ မိမိတို့ ခွဲထွက် ဒေသများ၏ လွတ်လပ်ရေးကို ထောက်ခံသည့် ပြုံယမ်း(မြောက်ကိုရီးယား)ဆုံးဖြတ်ချက်မှာ ယူကရိန်း အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ထိခိုက်စေကြောင်း ပြောကြား၍ ရှုတ်ချခဲ့သည်။

မြောက်ကိုရီးယား အစိုးရမီဒီယာက ယနေ့ (ဇူလိုင် ၁၄ ရက်) ထုတ်လွှင့်ချက်ထဲတွင် “မိမိတို့ နိုင်ငံခြားရေးဝန်ကြီး ချိုစွန်ဟွိုင်သည် ဒွန်နက်စ်နှင့် လူဟန့်စ် ခွဲထွက်ရေးဒေသများမှ ခေါင်းဆောင်များထံသို့ စာအသီးသီး ရေးသားပေးပို့ခဲ့ကြောင်း၊ စာပါ အကြောင်းအရာမှာ ၎င်းတို့ဒေသ လွတ်လပ်ရေးကို မြောက်ကိုရီးယားအနေဖြင့် အသိအမှတ်ပြု ထောက်ခံကြောင်း၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနဲ့ ဖွံ့ဖြိုးရေး တိုးတက်ရန် ဆန္ဒရှိကြောင်း စသည်ဖြင့် ဖော်ပြထားသည်” ဟု သိရသည်။

အဆိုပါ စာလွှာများကို ယခုကဲ့သို့ မြောက်ကိုရီးယား၏ ဆုံးဖြတ်ချက်များအား ထုတ်ဖော်ကြေညာရန် တစ်ရက်အလိုတွင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ဒွန်နက်စ်ဒေသ ခွဲထွက်ရေးခေါင်းဆောင် ဒန်းနစ်ပွတ်ရှီလင်

အထက်ပါ ဆုံးဖြတ်ချက်ကို ဒွန်နက်စ်ဒေသ ခွဲထွက်ရေးခေါင်းဆောင် ဒန်းနစ်ပွတ်ရှီလင် (Denis Pushilin) က သိရှိပါကြောင်း ဇူလိုင် ၁၃ ရက်၌ ပြောကြားခဲ့သည်။

ဒွန်နက်စ်နှင့် လူဟန့်စ်တို့သည် ယူကရိန်း အရှေ့ဘက်ပိုင်းရှိ ဒွန်ဘတ်စ် ဒေသကြီးထဲတွင် ယှဉ်တွဲတည်ရှိကြပြီး သံမဏိစက်ရုံများ၊ သတ္တုတွင်းများနှင့် အခြား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးသည်။

အဓိကသုံးစွဲသော ဘာသာစကားမှာ ရုရှားဘာသာစကား ဖြစ်သည်။

အဆိုပါ ဒေသနှစ်ခု စလုံးကို ခွဲထွက်ရေးသမားများက ၂၀၁၄ ခုနှစ်ကတည်းက ထိန်းချုပ်ခဲ့သော်လည်း ရုရှားသမ္မတ ပူတင်က ၎င်း၏ ကျူးကျော်စစ် မစတင်မီ အချိန်ပိုင်းအတွင်း ဒေသနှစ်ခု၏ လွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း ကြေညာခဲ့သည်။

၎င်းတို့၏ လွတ်လပ်ရေးကို ဆီးရီးယားနိုင်ငံကလည်း အသိအမှတ်ပြုခဲ့ပြီး ဖြစ်သည်။

“မြောက်ကိုရီးယားကို ယခုလို ထောက်ခံဖို့ ရုရှား၏ မေတ္တာရပ်ခံချက်သည် မော်စကိုထံတွင် ငွေကြေးနှင့်နိုင်ငံရေးအရ မှီခိုနေရသော နိုင်ငံ များမှအပ ကမ္ဘာပေါ်တွင် မဟာမိတ်များ မရှိတော့ကြောင်း ပြသရာရောက်သည်” ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာ (Dmytro Kuleba) က ပြောကြားခဲ့သည်။

“ရုရှားဖက်ဒရေးရှင်း၏ အထီးကျန်အဆင့်သည် မကြာမီ DPRK ၏ အထီးကျန်အဆင့်သို့ ရောက်ရှိလိမ့်မည်” ဟု မြောက်ကိုရီးယား၏ တရားဝင် အမည်ဖြစ်သော ကိရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၏ အတိုကောက် DPRK ဟု သုံးနှုန်းလျက် ကူလီဘာက ကြေညာ ချက် တစ်စောင်တွင် ပြောကြားခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄ ရက်က တပ်မတော်နှင့် SSPP တွေ့ဆုံ ဆွေးနွေးနေစဉ်(KT)

SSPP နှင့် တပ်မတော် တွေ့ဆုံ ဆွေးနွေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1749

 

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့ အမှတ် (၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် တပ်မတော် သား ကိုယ်စားလှယ် အဖွဲ့တို့ ယနေ့ (ဇူလိုင် ၁၄ ရက်) တွေ့ဆုံ ဆွေးနွေးကြသည်။

မိုင်းနောင်မြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်အတွင်းမှာပါဝင်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့နှင့် ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင် ဦးဆောင်သည့် SSPP ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမှုတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP ၏ တပ်စခန်း ၃ ခုကို ပြန်ဆုတ်ခိုင်းရာမှာ အကျေလည် ဖြစ်နေသည့် အခြေအနေများကို ဆွေးနွေးနိုင်ခြေ ရှိကြောင်း နီးစပ်သူများက ပြောသည်။

တပ်မတော်က မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP တပ်စခန်း ၃ ခုကို ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာသွားရန် ဇွန်လ ၄ ရက်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)က SSPP ထံ စာပို့ခဲ့သည်။

သို့သော် အဆင်မပြေသည့်အတွက် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာရန် ဒုတိယအကြိမ် အကြောင်းကြား ခဲ့သော်လည်း ယနေ့အချိန်ထိ သဘောတူညီချက် မရသေးခြင်းပေ။

ထို့နောက် ယနေ့ (ဇူလိုင် ၁၄ ရက်)တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်မှာ SSPP နှင့် တပ်မတော် တို့ တွေ့ဆုံ ဆွေးနွေးနေကြခြင်း ဖြစ်သည်။

 

 

Share
Tweet
Share
Share
powered by social2s

အီတလီက တက္ကစီယာဉ်မောင်းများ အစိုးရကို ဆန္ဒပြ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1099

CNI International News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄


အင်တာနက် ဝက်ဘ်ဆိုက် အခြေခံ၍ မော်တော်ယာဉ် ငှားရမ်းစီးနင်းခြင်း ဝန်ဆောင်မှု အပါအဝင် အစိုးရ၏ ယှဉ်ပြိုင်မှု ပိုမို ခွင့်ပြုရေး ဥပဒေမူကြမ်းကို မကျေနပ်ကြသော တက္ကစီယာဉ်မောင်းများသည် အီတလီနိုင်ငံ၊ ရောမမြို့၊ ချီဂီနန်းတော်အနီးရှိ Via del Corso နေရာတွင် စုဝေး၍ ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြမှု နေရာအနီးတွင် ရဲတပ်ဖွဲ့က ဇူလိုင် ၁၃ ရက်၌ လုံခြုံရေးအစီအမံများ ချမှတ် ဆောင်ရွက်နေသည်ကို တွေ့ရသည်။

အီတလီနိုင်ငံ တဝန်းမှ တက္ကစီယာဉ်များသည် အစိုးရချပြသည့် ဥပဒေကြမ်းကို ဆန့်ကျင် ကန့်ကွက်ကြရာတွင် Uber ကုမ္ပဏီ၏ မှတ်တမ်းများနှင့် ဆက်နွှယ်မှုရှိကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ ထိုမှတ်တမ်းများ၌ ပေါက်ကြား ခဲ့သည့် စာရွက်စာတမ်းပေါင်း ၁၂၄,၀၀၀ ကျော်ကို အခြေခံ၍ Uber အငှားယာဉ် ကုမ္ပဏီအကြောင်း အချက်အလက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစ်ခုလည်း ပါဝင်သည်။

နိုင်ငံအသီးသီးရှိ စည်းကမ်းထိန်းသိမ်းရေးနှင့် ဥပဒေစိုးမိုးရေးကို ဟန့်တားရာရောက်သည့် အစပျိုး လုပ်ဆောင်ချက် (start-up) များသည် တည်ဆဲဥပဒေများနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်ခဲ့ကြောင်း ထင်ဟပ်နေစေပြီး အစိုးရဘက်လိုက်ရန် အတွက် လော်ဘီနည်း ပရိယာယ်များကို အသုံးချနေကြောင်း ပေါ်လွင်နေသည်ဟု သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles ကိုတွေ့ရစဉ်

မြန်မာနိုင်ငံကို မထီမဲ့မြင်ပြု၍ ဗြိတိန်သံအမတ်ကို နှင်ထုတ်ခြင်းဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1579


CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄

မြန်မာနိုင်ငံကို မထီမဲ့မြင်ပြုသည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးကို နစကမှ နှင်ထုတ်လိုက်ခြင်း ဖြစ် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles က မြန်မာနိုင်ငံကနေ ထွက်ခွာသွားရန် နစကမှ အတင်း ဖိအား ပေးလာကြောင်း ဇူလိုင် ၁၃ ရက်တွင် ၎င်း၏ တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့သည်။

ဦးရဲထွန်းက “သူက သံအမတ်အဖြစ်နဲ့ ခန့်လိုက်တယ်ဆိုပြီးတော့ မြန်မာနိုင်ငံ ရောက်လာပြီးတော့ မြန်မာနိုင်ငံမှာလည်း သူက ခန့်အပ်လွှာ မပေးဘူးလေ။ မပေးဘဲနဲ့ အဲဒီလိုနေတဲ့ အခါကြ‌တော့ ဒီနိုင်ငံကို မထီမဲ့မြင် ပြုသလို ဖြစ်တာပေါ့။ အဲဒီတော့ နောက်တစ်ခါ ဂျီနီဗာကွန်ဗင်းရှင်းမှာပါတဲ့ သံတမန် ခန့်အပ်ခြင်းဆိုင်ရာ ဥပဒေအပိုဒ်တွေနဲ့ ကြည့်မယ်ဆိုလို့ ရှိရင်လည်း ဒီ ပြဋ္ဌာန်းချက်တွေနဲ့ မညီဘူးပေါ့ဗျာ။ အဲဒီတော့ ဒီနိုင်ငံကို သူက နည်းနည်း မထီမဲ့မြင်ပြုတဲ့ သဘောလို့ ယူဆတာပေါ့နော်။ ဒီနစက-က အဲဒါကြောင့် သူ့ကို နှင်ထုတ်လိုက်တာလို့ အဲဒီလို သိရပါတယ်” ဟု CNI သို့ ပြောသည်။

နစက-က မိမိကို မြန်မာပြည်မှ ထွက်ခွာရန် ဖိအားပေးလာသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ ထို့အတူ စစ်တပ်၏ အာဏာသိမ်းမှုကို တရားဝင်ဖြစ်အောင် ဖိအားပေးမှုအား ငြင်းဆန်နိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်း ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles က တွစ်တာမှာ ပြောထားသည်။

Mr. Pete Vowles ရေးသားထားတဲ့ စာကို တွေ့ရစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ၁ ရက်နေ့တွင် တပ်မတော်က အာဏာရယူပြီးနောက် တရားဝင် အသိအမှတ် ပြုမှုရရှိရန် နစက‌ရော၊ အတိုက်အခံ အုပ်စုပါ ကြိုးစားနေသည်ကို တွေ့ရကြောင်း၊ တရားဝင် အသိအမှတ် ပြုမှုဆိုသည့် လွန်ဆွဲပွဲအောက်တွင် ဗြိတိန် သံရုံးတာဝန်ခံ အနေဖြင့် မြန်မာနိုင်ငံမှ ထွက်သွားရခြင်းဟု မြင်မိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်က CNI သတင်းဌာနသို့ ပြောသည်။

စိုင်းထွန်းအောင်လွင်က “နိုင်ငံကြီးတွေအနေနဲ့ ဒီတိုင်းပြည်ကို ဘယ်လိုဆက်ဆံမလဲ ဆိုတဲ့ဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သတ်မှတ် ရှုမြင်တာမျိုး မတူကြသလို တစ်ဖက်မှာလည်း Legitimacy အရ အုပ်စုတစ်စုစုကို လုံးဝကြီး ပေးလိုက်တဲ့ဟာမျိုး ဖြစ်မှာကိုလည်း နိုင်ငံတွေက အနည်းနဲ့ အများ စိုးရိမ်ရတာ တွေ့ရတယ်။ အဲဒီတော့ ဗြိတိန်သံအမတ်ဆိုရင် စစချင်း သူ့ကို ခန့်တုန်းက သံအမတ်အနေနဲ့ ခန့်တယ်၊ ဒါက တရားဝင်မှု ပေးသလို ဖြစ်မယ်ဆိုတဲ့ စိုးရိမ်ပူပန်ချက်မျိုးတွေ ရှိတယ်။ အဲဒီအသံ မျိုးတွေလည်း ထွက်လာတဲ့ အခါကြတော့ တစ်ဖက်မှာသူက သံရုံးတာဝန်ခံအဖြစ် ပြန်ပြောင်းလိုက်တာလည်း တွေ့ရတာပေါ့ နော်။ သူ့ကို စခန့်တာ ၂၀၂၁ ဇူလိုင်လ ကတည်းက ပထမတော့ အထဲကို ပေးမဝင်ခဲ့ဘူး။ နောက်ပိုင်းမှာ အထဲကို ပေးဝင်လာ တယ်။ အခုပေးဝင်လာပြီးမှ သူပြန်သွားတဲ့ အခြေအနေမျိုး တွေ့ရတာပေါ့နော်။ အဲဒီတော့ ဒီတရားဝင် အသိအမှတ် ပြုမှုဆိုတဲ့ လွန်ဆွဲပွဲ အောက်ထဲမှာပဲ အခြေအနေတစ်ရပ်က ဒီလို သူ့အနေနဲ့ ဗြိတိန်သံရုံးတာဝန်ခံ အနေနဲ့ ဒီလိုမျိုး မြန်မာနိုင်ငံကနေ ထွက်သွားရတယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

Mr. Pete Vowles သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လက စတင်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။

ဗြိတိန်အစိုးရသည် နစကအား အရပ်သားအစိုးရကို ဖြုတ်ချ၍ ဒီမိုကရေစီနည်းကျမဟုတ်သော အာဏာရယူခဲ့ခြင်းကြောင့် လူပုဂ္ဂိုလ်များအလိုက် ပိတ်ဆို့အရေး ယူမှုများ ပြုလုပ်ခဲ့သည်။

 

 

 

Share
Tweet
Share
Share
powered by social2s

အဆောက်အအုံများ သိမ်းပိုက်မှု အဆုံးသတ်ရန် ဆန္ဒပြသူများ သဘောတူ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 827

 

CNI International News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄

သီရိလင်္ကာ၏ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများသည် တရားဝင် အဆောက်အအုံများ သိမ်းပိုက်မှုကို အဆုံးသတ်ရန် သဘောတူညီခဲ့ကြသည်ဟု AFP က ရေးသားဖော်ပြခဲ့သည်။

ဆိုးရွားလှသည့် စီးပွားရေး အကျပ်အတည်းမှုသည် သမ္မတနှင့် ဝန်ကြီးချုပ်ကို ဖြုတ်ချရန် ဆန္ဒပြသူများအား တွန်းအားပေးလာခဲ့သည်။ သမ္မတနှင့် ဝန်ကြီးချုပ် နုတ်ထွက်ရေးကိုတော့ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆန္ဒပြသူများက ကတိပြုခဲ့သည်။

 

Share
Tweet
Share
Share
powered by social2s
ဂျွန်ဘော်လ်တန်နဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ပြည်ပအစိုးရများ ပြုတ်ကျရေးလုပ်ရာ၌ ပါဝင်ခဲ့ဖူးကြောင်း ဂျွန်ဘော်လ်တန် ဝန်ခံ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1206

CNI International News

ဝါရှင်တန်၊ ဇူလိုင် ၁၄

ပြည်ပနိုင်ငံများမှ ခေါင်းဆောင်များကို ဖြုတ်ချရန် ကြိုးပမ်းမှုများနှင့် ပြည်ပနိုင်ငံအချို့၏ အစိုးရအပြောင်းအလဲများ ဖြစ် ပေါ်ရန် ကြိုးပမ်းရာ တခန်းတကဏ္ဍတွင် မိမိလည်း ပါဝင်ခဲ့ဖူးကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဟောင်း ဂျွန်ဘော်လ်တန် (John Bolton)က ဝန်ခံပြောကြားခဲ့သည်။

အမေရိကန်ပြည်တွင်း၌ အင်အားသုံး၍ အစိုးရတစ်ရပ် ဖြုတ်ချရေး လုပ်ဆောင်ရာတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ လုပ်ရပ်များ အမျှော်အမြင် ကင်းမဲ့ကြောင်း ဝေဖန်နေကြချိန်၌ ယခုကဲ့သို့ ဂျွန်ဘော်လ်တန်၏ ဝန်ခံချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက် အမေရိကန်၊ ကာပီတို အဓိကရုဏ်း အမှုကို ယခု ဇူလိုင် ၁၂ ရက်တွင် လွှတ်တော်တွင် ကြားနာပြီး နောက် CNN သတင်းဌာနမှ ဂျက်တက်ပါ (Jake Tapper) နှင့် တွေ့ဆုံမေးမြန်းတွင် ဂျွန်ဘော်လ်တန်က “သေချာစွာ စီစဉ် ထားသော အာဏာသိမ်းမှုကို ဦးစီးချုပ်ဟောင်းက မရုပ်သိမ်းနိုင်ခဲ့ကြောင်း၊ ထိုဖြစ်စဉ်တွင် ဒေါ်နယ်ထရမ့်၏ လုပ်ဆောင်ပုံ ဟန်မကျကြောင်း” ပြောကြားခဲ့သည်။

“အာဏာသိမ်းဖို့ကိစ္စမှာ ထက်မြက်စရာ မလိုဘူးလား” ဟု CNN က စောဒတက်ခဲ့ရာ ဘော်လ်တန်က ပြည်ပအစိုးရများကို ဖြုတ်ချရာတွင် မိမိလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ဖူးကြောင်း၊ ထိုသို့ စီမံချက်များအတွက် သိသာထင်ရှားသော အစီအစဉ် များ ချမှတ်ရန် လိုအပ်ကြောင်း တုံ့ပြန်ခဲ့သည်။

ဗင်နီဇွဲလား သမ္မတ နီကိုလပ်မာဒျူရိုနဲ့ လုံခြုံရေးတပ်ဖွဲ့များ

“အဲဒါကို ကျနော် လက်မခံဘူးဗျ။ အာဏာသိမ်းဖို့ စီမံချက်ကို ကူညီခဲ့ဖူးတဲ့ လူတစ်ယောက်အနေနဲ့ ဒီနေရာမှာတင် မဟုတ်ဘဲ တခြားနေရာတွေမှာ အများကြီး လုပ်စရာတွေ လိုတယ်ဗျ။ နောက်ပြီးတော့ အဲဒီမျိုးလည်း ထရမ့်က မစီမံခဲ့ဘူး။ စိတ်ကူးတစ်ခု ကနေ နောက်တစ်ခု လှည့်ပတ်နေတာ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အသေးစိတ် အချက်အလက်များကို CNN မှ တက်ပါက မေးမြန်းခဲ့သော်လည်း ဘော်လ်တန်က အသေးစိတ် ရှင်းပြရန် ငြင်းဆန်ခဲ့သည်။ သို့သော် ဗင်နီဇွဲလား အရေးကိစ္စကိုတော့ ဆက်လက် ဖြေကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံတွင် ၂၀၁၉ ခုနှစ်၌ သမ္မတ နီကိုလပ်မာဒျူရို (Nicolas Maduro) ကို ဖြုတ်ချရန် အမေရိကန် ကျောထောက် နောက်ခံ ပေးထားသည့် အတိုက်အခံ သမားများက ကြိုးပမ်းခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အစုလိုက်အပြုံလိုက် ဘက်ပြောင်း ရေး လှုံ့ဆော်ပေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ဗင်နီဇွဲလားအတွက် အမေရိကန် ကြိုးပမ်းချက်မှာ “မအောင်မြင်ခဲ့ပါဘူး” ဟု ဂျွန်ဘော်လ်တန်က ဖြေကြားခဲ့သည်။

“ကျနော်တို့ အဲဒီနိုင်ငံမှာ ပါဝင်ပတ်သက်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တရားမဝင် ရွေးကောက် တင်မြှောက်ခံရတဲ့ သမ္မတကို ဖြုတ်ချနိုင်ဖို့ အတိုက်အခံတွေဘက်မှာ ဘာတွေလိုတယ်ဆိုတာ ကျနော်တို့ မြင်ပါတယ်။ မအောင်မြင်ခဲ့ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

Source: အာရ်တီသတင်းဌာန

 

 

 

Share
Tweet
Share
Share
powered by social2s

ကျူးကျော်မှုကို ဟန့်တားရန် ရုရှားရေနံဈေးကန့်သတ်ဖို့ အမေရိကန်နှင့်မဟာမိတ်များ ကြိုးပမ်း

By CNI
CNI
Category: Watch TV
Hits: 810

Share
Tweet
Share
Share
powered by social2s

NUCC မှ KPICT နုတ်ထွက်မှု နွေဦးတော်လှန်ရေးကို အားနည်းစေဟုပြော

By CNI
CNI
Category: Watch TV
Hits: 672

Share
Tweet
Share
Share
powered by social2s

မိမိကို နစက-က မြန်မာပြည်ကနေ ထွက်ခွာခိုင်းခဲ့ဟု ဗြိတိန်သံအမတ်ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 844
 
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃
 
မြန်မာနိုင်ငံကနေ ထွက်ခွာသွားရန် နစက-က အတင်းဖိအားပေးလာသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles က ဇူလိုင် ၁၃ ရက်တွင် သူ​၏တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့သည်။
 
Mr. Pete Vowels က "ကျနော့်ကို စစ်ကောင်စီက မြန်မာပြည်ကနေ ထွက်ခွာဖို့ ဖိအားပေး ညွှန်ကြား လာတဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အာဏာသိမ်းမှုကို တရားဝင် ဖြစ်အောင် ဖိအားပေးမှုကို ကျနော်တို့ ငြင်းဆန်နိုင်ခဲ့လို့ ဝမ်းသာမိပါတယ်"ဟု တွစ်တာမှာ ပြောထား သည်။
 
ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လက စတင်၍ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။
 
ဗြိတိန်အစိုးရသည် နစကအား အရပ်သားအစိုးရကို ဖြုတ်ချ၍ ဒီမိုကရေစီနည်းကျမဟုတ်သော အာဏာရယူခဲ့ခြင်းကြောင့် လူပုဂ္ဂိုလ်များအလိုက် ပိတ်ဆို့အရေး ယူမှုများ ပြုလုပ်ခဲ့သည်။
 
Share
Tweet
Share
Share
powered by social2s

နိုင်ငံရေး၊ စီးပွားရေးကျပ်တည်းနေသည့်တိုင်းပြည်မှ သီရိလင်္ကာသမ္မတ ထွက်ပြေး

By CNI
CNI
Category: Watch TV
Hits: 625

Share
Tweet
Share
Share
powered by social2s
  • 88
  • 89
  • 90
  • 91
  • 92
  • 93
  • 94
  • 95
  • 96
  • 97

Page 93 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar