CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃
 
မြန်မာနိုင်ငံကနေ ထွက်ခွာသွားရန် နစက-က အတင်းဖိအားပေးလာသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles က ဇူလိုင် ၁၃ ရက်တွင် သူ​၏တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့သည်။
 
Mr. Pete Vowels က "ကျနော့်ကို စစ်ကောင်စီက မြန်မာပြည်ကနေ ထွက်ခွာဖို့ ဖိအားပေး ညွှန်ကြား လာတဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အာဏာသိမ်းမှုကို တရားဝင် ဖြစ်အောင် ဖိအားပေးမှုကို ကျနော်တို့ ငြင်းဆန်နိုင်ခဲ့လို့ ဝမ်းသာမိပါတယ်"ဟု တွစ်တာမှာ ပြောထား သည်။
 
ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လက စတင်၍ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။
 
ဗြိတိန်အစိုးရသည် နစကအား အရပ်သားအစိုးရကို ဖြုတ်ချ၍ ဒီမိုကရေစီနည်းကျမဟုတ်သော အာဏာရယူခဲ့ခြင်းကြောင့် လူပုဂ္ဂိုလ်များအလိုက် ပိတ်ဆို့အရေး ယူမှုများ ပြုလုပ်ခဲ့သည်။