CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်စီရင်ခြင်း လူထုတုံ့ပြန်မှု ကြီးမားလာမည်

By CNI
CNI
Category: Watch TV
Hits: 673

Share
Tweet
Share
Share
powered by social2s
စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်

သေဒဏ်စီရင်မှု တိုင်းပြည်၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေဟု UNA ထုတ်ပြန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 2127

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ လေးဦးကို နစက-က သေဒဏ်စီရင်ခြင်းသည် လူ့ဂုဏ်သိက္ခာကို လေးစားသမှု မရှိသလို တိုင်းပြည်၏ ဂုဏ်သိက္ခာကိုပါ အကြီးအကျယ် ညှိုးနွမ်းစေပါသည်ဟု စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)က ယနေ့ (ဇူလိုင် ၂၅ ရက်) ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ယနေ့ (ဇူလိုင် ၂၅ ရက်)ထုတ် မြန်မာ့အလင်းနှင့်ကြေးမုံ သတင်းစာတွင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာ သော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့အား လုပ်ထုံးလုပ်နည်းများအတိုင်း ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်ကြောင်း ဖော်ပြပါရှိကြောင်း၊ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့အပေါ် သေဒဏ်ချမှတ်ခြင်းသည် ပင်လျှင် တရားနည်းလမ်းကျသည့် ကိစ္စရပ်မဟုတ်သည့်အပြင် ယခုကဲ့သို့ မတရား အမိန့်ချမှတ်ထားသည့် သေဒဏ်အား ပြစ်ဒဏ်စီရင် ဆောင်ရွက်ခြင်းသည်သာ၍ နည်းလမ်းလည်းမကျ တရားဥပဒေနှင့်လည်း ကိုက်ညီမှု မရှိပါကြောင်း ဖော်ပြ ထားသည်။

UNA ထုတ်ပြန်ချက်

UNA က “ ဒီမိုကရေစီတိုင်းပြည် တည်ဆောက်ရန် ရည်သန်နေသော နိုင်ငံတစ်ခုအနေဖြင့် ဤသို့သော ပြစ်ဒဏ် စီရင်ခြင်း သည် မဖြစ်သင့်သည့် ကိစ္စဖြစ်သကဲ့သို့ ယဉ်ကျေးသည့် လူ့အသိုင်းအဝိုင်းနှင့်လည်း လျော်ညီအပ်စပ်မှုမရှိပါ။ လူ့ဂုဏ် သိက္ခာကို လေးစားသမှု မရှိသလို တိုင်းပြည်၏ ဂုဏ်သိက္ခာကိုပါ အကြီးအကျယ် ညှိုးနွမ်းစေပါသည်။ နိုင်ငံ့အာဏာကို မတရားသိမ်းယူထားသည့် စစ်ကောင်စီ၏ တိုင်းသူပြည်သားတို့အပေါ် ပြစ်မှု ကျူးလွန်သော လူမဆန်သည့် လုပ်ရပ်အဖြစ် မှတ်ကျောက်တင်ထားရမည်ပင် ဖြစ်သည်”ဟု ပြောသည်။

ထို့နောက် ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့အား မတရားသေဒဏ်ချမှတ်ပြီး ပြစ်ဒဏ် စီရင်ခြင်းအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း UNA က ထုတ်ပြန်ခဲ့သည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့ဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်က သေဒဏ် အမိန့်ချမှတ်လိုက်ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဇူလိုင် ၂၅ ရက်တွင် သေဒဏ်ကျခံနေသူ လေးဦးကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ပြစ်ဒဏ် စီရင်ပြီးစီး ကြောင်း ထုတ်ပြန် ကြေညာသွားခဲ့သည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဒေါက်တာမေဝင်းမြင့် NLD ဗဟိုအလုပ်ကော်မတီမှာ တာဝန်ထမ်းဆောင်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1555
 
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ အလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမေဝင်းမြင့်သည် နွေဦးတော်လှန်ရေး ကာလအတွင်း ဖွဲ့စစည်းခဲ့သော NLD ဗဟိုအလုပ်ကော်မတီတွင် တာဝန်ထမ်းဆောင်နေကြောင်း ယနေ့ (ဇူလိုင် ၂၅ ရက်) ထုတ်ပြန်ခဲ့သည်။
 
ဒေါက်တာမေဝင်းမြင့်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။ သူ၏ ပြိုင်ဘက်မှာ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင် ဖြစ်သည်။
 
 
ဒေါက်တာမေဝင်းမြင့်သည် ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများတွင်လည်း အနိုင်ရရှိခဲ့သော လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်သည်။
 
 
 
Share
Tweet
Share
Share
powered by social2s
အမေရိကန်သံရုံးထုတ်ပြန်ချက်

နစက၏ ကွပ်မျက်ခြင်းကို ရှုတ်ချဟု အမေရိကန်သံရုံးထုတ်ပြန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1207

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်အား နစကမှ သေဒဏ်စီရင်ခဲ့ခြင်းကို မိမိတို့ ရှုတ်ချပါ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်။

၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်ဟောင်း ကိုဖြိုးဇေယျာသော် တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့ဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်က သေဒဏ် အမိန့်ချမှတ်လိုက်ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကိုတွေ့ရစဉ်

ထို့နောက် သေဒဏ် ကျခံနေရသော လူ ၄ ဦးကို ဉပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင် ပြီးစီးကြောင်း ယနေ့ (ဇူလိုင် ၂၅ ရက်)တွင် နစကဘက်က သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်သံရုံးက “ မိမိတို့၏ အခြေခံကျသော လွတ်လပ်ခွင့်များကို ကျင့်သုံးခြင်းကြောင့် ဒီမိုကရေစီလိုလားသည့် ခေါင်းဆောင်များနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များကို စစ်အာဏာရှင် အဖွဲ့အစည်းက ကွပ်မျက်ခဲ့ခြင်းကို မိမိတို့ ရှုတ်ချပါသည်”ဟု ပြောသည်။

ထို့နောက် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ဆုံးရှုံးရခြင်းအတွက် မြန်မာပြည်သူ များနှင့်အတူ မိမိတို့ ပူဆွေးသောက ရောက်ရပါကြောင်း၊ ကျန်ရစ်သူ မိသားစုများ၊ မိတ်ဆွေ ရောင်းရင်းများစွာနှင့်ထပ်တူ မိမိတို့ ဝမ်းနည်းစိတ်မကောင်း ဖြစ်မိပါကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ဇာလန်းစကီးကိုတွေ့ရစဉ်

ရုရှားလက်လျှော့ရင်တောင် ယူကရိန်း အညံ့ခံမည်မဟုတ်ဟု ဇာလန်းစကီးပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1482

CNI International News

ကိယက်ဗ်၊ ဇူလိုင် ၂၅

ရုရှားက လက်လျှော့လာရင်တောင် ယူကရိန်းအနေဖြင့် အညံ့ခံမည်မဟုတ်ကြောင်း ယူကရိန်း သမ္မတဇာလန်းစကီးက ဇူလိုင် ၂၄ ရက်၌ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ထို့နောက် ၅ လကြာ ရုရှားတိုက်ခိုက်မှု ခံနေရသော်လည်း ယူကရိန်းသည် မိမိတို့ရန်သူကို တတ်နိုင်သမျှ အထိနာအောင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတဇာလန်းစကီးက ဇူလိုင် ၂၄ ရက်၌ ၎င်း၏ ညစဉ်ပြောနေကျ ဗွီဒီယို မိန့်ခွန်းထဲ၌ အလေးပေး ပြောကြားသွားခဲ့သည်။

“သိမ်းပိုက်တဲ့ သူတွေတောင်မှ ကျနော်တို့ နိုင်လိမ့်မယ်လို့ ဝန်ခံကုန်ပြီ။ သူတို့စကားဝိုင်းတွေမှာ အဲဒါမျိုး တစ်ချိန်လုံးကြား နေရပါတယ်။ သူတို့ဆွေမျိုးသားချင်းတွေနဲ့ ဆက်သွယ်တဲ့အခါမှာ သူတို့ပြောနေတာကို ကြားတာပါ” ဟု ၎င်းက ပြောကြား ခဲ့သည်။

ယမန်နှစ် ဩဂုတ်လတွင် နှစ်စဉ်အားလပ်ရက် အသစ်တစ်ခု သမ္မတအနေဖြင့် သတ်မှတ် ကြေညာပေးခဲ့ရာ၌ ထိုနေ့ တစ်နှစ်ပြည့်ချိန် လာမည့်ရက်ပိုင်းအလို ဇူလိုင် ၂၈ ရက်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇာလန်းစကီးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယူကရိန်း အမျိုးသားနဲ့အမျိုးသမီး အတွဲကိုတွေ့ရစဉ်

ပြီးခဲ့သည့် လများအတွင်း အဆိုပါနေ့ရောက်တိုင်း ပြောကြားခဲ့သော စကားများအတိုင်းပင် ဇာလန်းစကီးသည် ယူကရိန်း အနေဖြင့် အညံ့ခံ သွားမည်မဟုတ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

“ရန်သူကို တတ်နိုင်သမျှ အထိခိုက်ဆုံး ဖြစ်စေဖို့နဲ့ ယူကရိန်းအတွက် အထောက်အပံ့တွေ ရသလောက် စုဆောင်းဖို့ ကိစ္စရပ် အားလုံးကို ကျနော်တို့ ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ယမန်နှစ်ကမှ စတင်သတ်မှတ်ခဲ့သော အားလပ်ရက်များ နီးကပ်လာသည်နှင့်အမျှ ရက်စက်သည့် စစ်ပွဲတစ်ခုအတွက် ယူကရိန်းသည် အရေးကြီးသည့် ရက်သတ္တပတ်သို့ ရောက်လာမည်ဟု ဇာလန်းစကီးက ဖြည့်စွက် ပြောကြားခဲ့သည်။

“ဒါပေမယ့် ကျနော်တို့က ထူးထူးခြားခြား တစ်ခုအနေနဲ့ အခုရင်ဆိုင် နေရတာတွေနဲ့ မတူတာမျိုး ဆင်နွှဲသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ယူကရိန်းနိုင်ငံသူ၊ နိုင်ငံသားတွေဟာ (ရန်သူ့ရှေ့) ဒူးထောက်ကြမှာ မဟုတ်လို့ပါပဲ” ဟု ၎င်း၏ သဘောထား မှတ်ချက်ကို ရိုက်တာက ဖော်ပြထားသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
သမ္မတဟောင်း ဂိုတာဘာယာရာဂျာပက်ဆာကို တွေ့ရစဉ်(Reuters)

သီရိလင်္ကာသမ္မတဟောင်းကို ဖမ်းဆီးပေးရန် စင်ကာပူထံ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့တိုင်ကြား

By CNI
CNI
Category: နိုင်ငံရေး
Hits: 1433

CNI International News

ကိုလံဘို ဇူလိုင် ၂၅

သီရိလင်္ကာသမ္မတဟောင်းကို ပြည်တွင်းစစ်အတွင်း စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သဖြင့် ဖမ်းဆီးပေးရန် စင်ကာပူရှေ့နေချုပ်ထံသို့ ပြစ်မှုကြောင်းဆိုင်ရာတိုင်ကြားချက်တစ်ရပ်ကို လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ဇူလိုင် ၂၄ ရက်တွင် ပေးပို့တိုင်ကြားခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်၌ တွေ့ရသည်။

သမ္မတဟောင်း ဂိုတာဘာယာရာဂျာပက်ဆာသည် ၎င်းနိုင်ငံ၏စီးပွားရေးပြိုလဲမှုကြောင့် ရာထူးမှအဖယ်ရှားခံခဲ့ရပြီး ယခုလ အစောပိုင်းတွင် စင်ကာပူနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ၎င်းသည် ၂၀၀၉ ခုနှစ်တွင် ပြီးဆုံးခဲ့သော သီရိလင်္ကာ ပြည်တွင်းစစ်၌ ကာကွယ်ရေးအတွင်းဝန်အဖြစ်လည်း တာဝန်ယူခဲ့ဖူးသည်။

တောင်အာဖရိက နိုင်ငံအခြေစိုက် အကျိုးအမြတ်မယူသော ဖောင်းဒေးရှင်း၏ စီမံခန့်ခွဲမှု အောက်ရှိ နိုင်ငံတကာ အမှန်တရား နှင့်မျှတမှုစီမံချက် (ITJP) အရ သီရိလင်္ကာ သမ္မတဟောင်းကို ချက်ချင်းဖမ်းဆီးပေးရန် တောင်းဆိုထားသည့် တိုင်ကြားချက် ကို ၎င်းဖောင်ဒေးရှင်းအဖွဲ့၏ ရှေ့နေများက တိုင်ကြားခဲ့ကြကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံသား တစ်ဦးကိုတွေ့ရစဉ်(AP)

သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာသည် ဂျနီဗာကွန်ဗန်းရှင်းပါ သဘောတူညီချက်များကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ ကြောင်း၊ ပြည်တွင်းစစ်အတွင်း ၎င်း၏ ချိုးဖောက်မှုများသည် စင်ကာပူသို့ ယခုလာရောက် စွဲချက်တင်သည့် စစ်ရာဇဝတ်မှု မြောက်သည့် လုပ်ရပ်များဖြစ်ကြောင်း အဆိုပါ တိုင်ကြားချက်ထဲတွင် စွပ်စွဲထားသည်။

သီရိလင်္ကာနိုင်ငံတွင် စီးပွားရေး အကျပ်အတည်း ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့၍ ပြည်တွင်းရှိ ပြည်သူ ၂၂ သန်းတို့သည် ဆေးဝါး၊ လောင်စာဆီနှင့် အစားအစာများ အပါအဝင် မရှိမဖြစ်လိုအပ်သော အသုံးအဆောင်များ ပြတ်လပ်မှုကြားထဲတွင် ကြိုးစား ရုန်းကန်နေရသည်။

လပေါင်းများစွာ ကြုံတွေ့ခဲ့ရသော ဆန္ဒပြမှုများသည် ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခုစလုံးတွင် နိုင်ငံကို အုပ်စိုးခဲ့သည့် ရာဂျာပက်ဆာ နိုင်ငံရေး မိသားစုအပေါ် ဒေါသများ ပုံကျခဲ့ကြသည်။

“စီးပွားရေး ချွတ်ခြုံမှုကနေ အစိုးရတစ်ရပ် ပြုတ်ကျတာ မြင်တွေ့ခဲ့ရပေမယ့် သီရိလင်္ကာ အကျပ်အတည်းကတော့ ဆယ်စုနှစ် ၃ ခု (ဒါမှမဟုတ်) အဲဒီထက်ပိုဆိုးမယ့် ဖွဲ့စည်းပုံဖြစ်တည်ပုံကြောင့် ပေါ်ပေါက်လာတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ၊ ပြစ်ဒဏ် တွေနဲ့ ဆက်စပ်နေပါတယ်” ဟု ITJP အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ယာစမင်ဆိုခါက ပြောကြားခဲ့သည်။

“အခု ကျမတို့ တိုင်ကြားချက်ဟာ အကျင့်ပျက်ခြစားမှုနဲ့ စီးပွားရေး စီမံခန့်ခွဲမှု အလွဲတွေသာမကဘဲ လူအစုလိုက် အပြုံလိုက် ကို ရက်စက်ကြမ်းကြုတ်စွာ ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့အပေါ် တာဝန်ခံစေဖို့လည်း အသိအမှတ်ပြုပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ၏ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မက်ခ်မိုင်လီ (ဓါတ်ပုံ-အေပီ)

တရုတ်စစ်တပ် ရန်လိုခြိမ်းခြောက်မှု ပိုများလာဟု အမေရိကန်စစ်ဗိုလ်ချုပ်ကြီးပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1596

CNI International News

ဂျကာတာ၊ ဇူလိုင် ၂၅

လွန်ခဲ့သော ၅ နှစ်အတွင်း တရုတ်စစ်တပ်၏ ရန်လိုခြိမ်းခြောက်မှု ပိုမိုပြင်းထန်လာခဲ့ပြီး သိသိသာသာ အန္တရာယ် များလာကြောင်း အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ၏ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မက်ခ်မိုင်လီ (Mark Milley) က အင်ဒိုနီရှားနိုင်ငံသို့ ရောက်ရှိစဉ် ပြောကြားခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

ဗိုလ်ချုပ်ကြီး မက်ခ်မိုင်လီသည် အင်ဒို-ပစိဖိတ် ခရီးစဉ်အဖြစ် အင်ဒိုနီရှားနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

အမေရိကန်နှင့်အခြားသော မိတ်ဖက်တပ်ဖွဲ့များကို ပစိဖိတ်ဒေသအတွင်း တရုတ်လေယာဉ်နှင့် သင်္ဘောများက ကြားဖြတ် ဟန့်တားမှု အကြိမ်အရေအတွက်သည် ထင်ရှားပေါ်လွင်စွာ တိုးလာခဲ့ပြီး ဘေးကင်းလုံခြုံမှုဆိုင်ရာ အပြန်အလှန် တုံ့ပြန်အချက်ပြမှု အရေအတွက်လည်း အလားတူ အချိုးအစားအတိုင်း တိုးပွားလာသည်ဟု မက်ခ်မိုင်လီက ပြောကြားခဲ့သည်။

“ပြောချင်တဲ့သတင်းစကား (မက်ဆေ့ချ်)ကတော့ ဒီဒေသမှာ တရုတ်စစ်တပ်ဟာ လေကြောင်းနဲ့ ပင်လယ် ရေကြောင်းမှာ သိသိသာသာ ပိုပြီး ပြင်းထန်လာတယ်ဆိုတာပါ” ဟု မိုင်လီက ပြောကြားခဲ့သည်။ တရုတ်နှင့် အမေရိကန်အပါအဝင် ဒေသတွင်းရှိ အခြားနိုင်ငံများအကြား အပြန်အလှန်ဆက်ဆံရေးနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ကောက်ယူပြုစုထားကြရန် ၎င်း၏ဝန်ထမ်းများကို မကြာသေးမီကပင် မိုင်လီက တာဝန်ပေးခဲ့သည်။

 အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အင်ဒိုနီးရှားစစ်ဌာနချုပ်၌ အမေရိကန်ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မက်ခ်မိုင်လီ(ယာ)နှင့် အင်ဒိုနီးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ် အန်ဒိကာ ပါခါစ(ဝဲ) တို့နှစ်ဦးမှ ဂုဏ်ပြုတပ်ဖွဲ့ဝင်များအား အလေးပြုနေကြစဉ်(ဓါတ်ပုံ-အေပီ)

ပစိဖိတ်ဒေသ၌ တရုတ်ဩဇာကြီးထွားလာမှုကို တန်ပြန်သည့်အနေဖြင့် ဒေသတွင်းရှိ နိုင်ငံများနှင့် ဆက်ဆံရေး ခိုင်မာလာအောင် အမေရိကန်က နှစ်ဆတိုး၍ ကြိုးပမ်းနေချိန်၌ မိုင်လီ၏ ယခုကဲ့သို့သဘောထားမှတ်ချက် ထွက်ပေါ်လာခဲ့သည်။ အမေရိကန်သည် အဆိုပါဒေသတွင်း၌ ၎င်း၏ရပ်တည်မှုနှင့် ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် ကြိုးပမ်းနေသည်။

ဘိုင်ဒန်အစိုးရသည် တရုတ်၏ အရှိန်အဟုန်ဖြင့်ခြိမ်းခြောက်လာမှုနှင့် အမေရိကန်အပေါ် ဦးတည်၍ ရေရှည် လုံခြုံရေးစိန်ခေါ်လာခြင်းတို့ကို ထည့်သွင်းစဉ်းစားထားသည်။

မိုင်လီ၏ယခုခရီးစဉ်သည် တရုတ်၏ခြိမ်းခြောက်မှုများအပေါ် သိသာထင်ရှားစွာ အာရုံစိုက်ထားပြီး လာမည့် သီတင်းပတ်၌လည်း ဩစတြေးလျနိုင်ငံတွင် အင်ဒို-ပစိတ်ဖိတ် ကာကွယ်ရေးအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ရန် စီစဉ်ထားသည်။

ယင်းအစည်းအဝေးတွင် တရုတ်စစ်ရေးတိုးမြှင့်လာမှုနှင့် လွတ်လပ်ပွင့်လင်းပြီး ငြိမ်းချမ်းသော ပစိဖိတ်ဒေသ ဖြစ်ရေး ထိန်းသိမ်းရန် လိုအပ်သည့်အကြောင်းအရာများကို အမေရိကန်ဘက်မှ ဆွေးနွေးသွားမည်ဟု အေပီ သတင်းတွင် ဖော်ပြထားသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

နစက၏ သေဒဏ်စီရင်မှုက ငြိမ်းချမ်းစွာဖြေရှင်းရေးကို ဖျက်ဆီးလိုက်ခြင်းဟု AA ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1181

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅

နစက-က သေဒဏ်ကျခံနေရသော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လူ ၄ ဦး၏ သေဒဏ်စီရင်မှု ပြီးစီးသွားကြောင်း ထုတ်ပြန်ခဲ့ခြင်းကြောင့် သတင်းမှန်ကန်လျှင် ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်မည့် နိုင်ငံရေးအလားလာ လမ်းစကောင်း များကို နစကမှ ရင့်သီးစွာ ခြေဖြင့် နင်းခြေဖျက်ဆီးပြလိုက်သည်ဟု ရှုမြင်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့ (ဇူလိုင် ၂၅ ရက်) ထုတ်ပြန်ခဲ့သည်။

AA က “ ဤလုပ်ရပ်သည် အမှန်တကယ်ဖြစ်ခဲ့ပါက နိုင်ငံတကာ၊ အိမ်နီးနားချင်းနိုင်ငံကြီးများနှင့် အာဆီယံ အသိုင်းအဝိုင်းမှ ကမကထပြု တိုက်တွန်းကူညီလုပ်ဆောင်ပေးနေသော ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်မည့် နိုင်ငံရေးအလားလာ လမ်းစ ကောင်းများကို နစကမှ ရင့်သီးစွာ ခြေဖြင့် နင်းခြေဖျက်ဆီးပြလိုက်သည်ဟု ရှုမြင်သုံးသပ်မိပါသည်”ဟု ပြောသည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် ၊ ကိုလှမျိုးအောင်၊ ကိုသူရအောင်ဇော်တို့ ၄ ဦးကို သေဒဏ် စီရင်ပြီးစီးကြောင်း ယနေ့ (ဇူလိုင် ၂၅ ရက်)တွင် နစက၏ ပြန်ကြားရေးဝန်ကြီးဌာနပိုင် သတင်းစာများ၌ ထုတ်ပြန်ခဲ့သည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို ထောက်ခံကြောင်း ပြသခြင်း

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်စီရင်ခြင်း လူထုတုံ့ပြန်မှု ကြီးမားလာမည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1740

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် လူလေးဦးကို နစကမှ သေဒဏ်စီရင်ချက် ချလိုက်သည့်အတွက် ပြည်သူလူထု၏ တုံ့ပြန်မှုမှာ ပို၍ ကြီးမားလာမည်ဖြစ်ကြောင်း တရားလွှတ်‌တော်ရှေ့နေ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ သေဒဏ်စီရင်ချက်ကြောင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များမှာလည်း တုံ့ပြန်မည်ဟု ကြေညာထားပြီး ဖြစ်ကြောင်း၊ ပြည်သူလူထု၏ တုံ့ပြန့်မှုမှာလည်း ၁၀ ဆ ပြန်ပြီး တုံ့ပြန်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးကြီးမြင့်က “PDF တွေတော့ ကြေညာထားတယ်လေ၊ ဒီလို ပြည်သူ့ကိုယ်စား ဒီမိုကရေစီသမားတွေ သတ်ရင် လုံးဝငြိမ်မခံ နေဘူး။ လက်တုံ့ပြန်မယ်လို့ ကြိုတင် ကြေညာထားပြီးသား၊ နောက်ကမ္ဘာကြီးကလည်း တစ်ကမ္ဘာလုံး ဝိုင်းပြီး အမေရိကန်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ အာဆီယံ၊ အဲဒီလို ဝိုင်းကန့်ကွက်နေတဲ့ကြားက သတ်တာမို့ ကမ္ဘာကြီးကိုလည်း ဂရုမစိုက်ဘူး။ ပြည်တွင်းကိုလည်း ဂရုမစိုက်ဘူး။ နောက်ဆုံး လမ်းကြောင်းကို ရွေးလိုက်ပြီလို့၊ ကြေညာရာ ရောက်တယ်၊ တကယ်လည်း သူတို့ နောက်ဆုံးလမ်းကြောင်း ရောက်နေပါပြီ။

အရှင်ထွက်ရရင်ရ မရရင်လည်း အသေပဲထွက်ရ ဆိုပြီးတော့ စစ်တိုက်နေပြီ ဖြစ်လို့ ပြည်သူလူထုကလည်း စစ်ရေးနဲ့ တုံ့ပြန်ဖို့က အနိုင်ယူနိုင်ရင်ယူ၊ နိုင်အောင်တိုက် မနိုင်ရင်တော့ သေဒဏ်ပေးထားတဲ့ သူတွေ ၄၊ ၅၊ ၈၀ လောက်ရှိတယ်၊ တစ်ယောက်ပြီး တစ်ယောက် သတ်ပစ်လိမ့်မယ်၊ တစ်အချက် အနေနဲ့ လူထုအပေါ်မှာ အဆ ၃ တိုးပြီး ရက်စက်လိမ့်မယ် ဆိုတာကတော့ အသေအချာပဲလို့ ဆရာတော့ ဒီလိုမြင်တယ်ပေါ့၊ သို့သော် ပြည်သူလူထုရဲ့ တုံ့ပြန် မှုကလည်း ၁၀ ဆလောက်ပြန်ပြီးတော့ တုံ့ပြန်လာမှာဖြစ်လို့ သူတို့ရဲ့ နောက်ဆုံးရက်တွေက မကြာတော့ဘူးလို့ ဒီလိုလည်း မှန်းဆလို့ ရတာပေါ့” ဟု ပြောသည်။

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို တွေ့ရစဉ်

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ လေးဦးကို ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးစီးကြောင်း ယနေ့ (ဇူလိုင် ၂၅ ရက်)တွင် နစက၏ ပြန်ကြားရေးဝန်ကြီးဌာနပိုင် သတင်းစာ များတွင် ဖော်ပြခဲ့သည်။

သေဒဏ်စီရင် မည်ဆိုပါက နောက်ဆုံးအနေဖြင့် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ပေးရကြောင်း၊ မိသားစုနှင့် တွေ့ဆုံပြီးပါက ရက် ၂၀ ခန့် အချိန်ပေးရကြောင်း အကျဉ်းထောင်လက်စွဲဥပဒေနှင့် မညီကြောင်း ဦးကြီးမြင့်က ပြောသည်။

၎င်းက “သေဒဏ်ပေးထားတဲ့ လူတွေက ၄၊ ၅၊ ၈၀ လောက်ရှိတယ်၊ အဲဒါ တန်းစီထားရတာ၊ အဲဒါကို ကျော်ပြီးတော့ ဒီ ၄ ယောက်ကို ကျော်ပြီးတော့ အတည်ပြု ပေးလိုက်တာ၊ သေဒဏ် အတည်ပြုပေးပြီး သတ်လိုက်တာ၊ ဒါလည်း လုပ်ထုံး၊ လုပ်နည်းနဲ့ မညီဘူး” ဟု CNI သို့ ပြောသည်။

၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်ဟောင်း ကိုဖြိုးဇေယျာသော် တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့ဖြင့် ဇန်နဝါရီ ၂၁ ရက်က သေဒဏ် အမိန့်ချမှတ်လိုက်ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူး

ကိုဂျင်မီနှင့်ဖြိုးဇေယျာသော်တို့ကို သေဒဏ်စီရင်မှု အရေးယူရန် ကုလကိုယ်စားလှယ်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1735

CNI International News

ဝါရှင်တန်၊ ဇူလိုင် ၂၅

နှစ်ရှည်လများ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုဂျင်မီနှင့် လွှတ်တော်အမတ်ဟောင်း ဖြိုးဇေယျာသော်၊ အခြားသူ နှစ်ဦးတို့ကို နစက-က သေဒဏ်စီရင်(ကွပ်မျက်)လိုက်ကြောင်း ယနေ့(ဇူလိုင် ၂၅ ရက်)တွင် သတင်းထုတ်ပြန်ခဲ့မှုအပေါ် ကုလသမဂ္ဂ (UN) ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူး (Tom Andrews)က အပြစ်တင် ရှုတ်ချလိုက်သည်။

“မြန်မာ့မျိုးချစ်တွေနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး စွမ်းစွမ်းတမံ ကြိုးပမ်းသူတွေကို စစ်အစိုးရက ကွပ်မျက်လိုက်တဲ့ သတင်းအတွက် ကျနော် နာကျင်ခံပြင်းစိတ်နဲ့အတူ ကြေကွဲဝမ်းနည်းမိပါတယ်။ စစ်အာဏာရှင်တွေရဲ့ ပြင်းထန်တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေရဲ့ သားကောင်တွေဖြစ်ရတဲ့ သူတို့ရဲ့မိသားစုတွေ၊ မိတ်ဆွေတွေ၊ ချစ်ခင်သူတွေနဲ့ မြန်မာပြည်သူတွေဆီကို ကျနော့်ရဲ့ စာနာထောက်ထားကြောင်း သတင်းစကား ပါးလိုက်ပါတယ်” ဟု UN အထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။

ကိုဂျင်မီနှင့်ဖြိုးဇေယျာသော်တို့ကိုတွေ့ရစဉ်

“ဒီပုဂ္ဂိုလ်တွေကို နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကို ချိုးဖောက်ပြီး အယူခံဝင်ခွင့် မရှိဘဲ၊ ဥပဒေအကြံပေး မပါဘဲ စစ်ခုံရုံးက စီရင်ချက်ချခဲ့ပါတယ်။ ဒီလို ယုတ်မာတဲ့ လုပ်ရပ်တွေက နိုင်ငံတကာ အသိုက်အဝန်းအတွက် အချိုးအကွေ့တစ်ခု ဖြစ်ရမယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် အရေးယူဖို့ ဆန္ဒသဘောထား မထုတ်ဖော်ခင်မှာ စစ်အစိုးရက ဘာတွေ လုပ်ရ မှာလဲလို့ မေးခွန်းထုတ်စရာ ရှိပါတယ်”ဟု ၎င်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆန္ဒပြသူများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ဖိနှိပ်ခြင်း၊ ကျေးရွာတစ်ခုလုံးကို ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုများ၊ အတိုက် အခံ ခေါင်းဆောင်များကို ကွပ်မျက်ခြင်းများသည် အာဆီယံ၏ အချက် ၅ ချက်ကို နစကမှ ပြက်ရယ်ပြုပြီး အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်၏ ပုဂ္ဂိုလ်ရေးအရ ပန်ကြားချက်ကို ပြင်းပြင်းထန်ထန် ပယ်ချလိုက်ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် နိုင်ငံတကာအနေဖြင့် နစကအပေါ် ပြင်းထန်သော တုံ့ပြန်မှုများကို ဆောင်ရွက်၍ အရေးယူသင့်ကြောင်း ၎င်းက တောင်းဆိုခဲ့သည်။

“တကယ်စင်စစ်မှာတော့ ကုလသဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးနှင့်အတူ အာဆီယံကလည်း ဒီလိုရက်စက်ကြမ်းကြုတ်မှုကို အရေးယူမှုမျိုး လုပ်ရမယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

 

 

 

Share
Tweet
Share
Share
powered by social2s

ကိုဖြိုးဇေယျာသော်နှင့် ကိုဂျင်မီတို့ သေဒဏ်စီရင်မှု အတည်ပြု၊ ရုပ်အလောင်းများထုတ်ယူခွင့်မရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1609

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅

ဒီမိုကရေစီအရေး လှုပ်ရှားသူ ကိုဖြိုးဇေယျာသော်နှင့် ကိုဂျင်မီ အပါအဝင် လေးဦးကို နစက၏ အင်းစိန်အကျဉ်းထောင်ကနေ သေဒဏ် စီရင်လိုက်ကြောင်း၊ ရုပ်အလောင်းများ ထုတ်ယူခွင့်မပြုနိုင်ကြောင်း ထောင်အာဏာပိုင်းများက မိသားစုဝင်များကို ယနေ့ (ဇူလိုင် ၂၅ ရက်) အတည်ပြု ပြောကြားခဲ့သည်ဟု မိသားစုဝင်များနှင့်နီးစပ်သူများက ပြောသည်။

ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ လေးဦးကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်က သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ထို့နောက် သေဒဏ်ကျခံရမည့် အကျဉ်းသား ၄ ဦးအား ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးစီးကြောင့် ယနေ့ (ဇူလိုင် ၂၅ ရက်)တွင် နစက၏ ပြန်ကြားရေးဝန်ကြီးဌာနပိုင် မြန်မာ့အလင်းနှင့်ကြေးမုံ သတင်းစာများ တွင် ဖော်ပြခဲ့သည်။

အဆိုပါ သေဒဏ်စီရင်မှုသည် ဟုတ်မှန်ကြောင်း မိသားစုဝင်များကို အင်းစိန် အကျဉ်းထောင်ဦးစီးမှ ဒုထောင်မှူးက ယနေ့ (ဇူလိုင် ၂၅ ရက်) အတည်ပြု ပြောကြားခဲ့သည်ဟု မိသားစုဝင်များနှင့်နီးစပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုပဲ မိသားစုဝင်တွေကို ဒုထောင်မှူးက တွေ့ပြီး ပြောတယ်။ သေဒဏ်ပေးလိုက်တာ မှန်တယ်တဲ့။ သက်ပျောက်ကို ကိုယ့်ဘာသာ အချိန်မှန်းပြီးတော့သာ လုပ်လိုက်ပါတဲ့။ အဲလိုကြီးကမဖြစ်သင့်ဘူးလေ။ ဗုဒ္ဓဘာသာ ထုံးတမ်းဓလေ့အရ အချိန်မှန်းပြီးလုပ်လိုက်ပါဆိုတာကတော့ ဘယ်လိုမှ မဖြစ်သင့်ဘူး။ ရုပ်အလောင်းကိုလည်း ထုတ်မပေးဘူးလို့ ပြောတယ်တဲ့”ဟု ပြောသည်။

နိုင်ငံရေးသမားတစ်ဦးကတော့ သေဒဏ်ပေးမည်ဆိုပါက ယခင်ရှိပြီးသာ သေဒဏ်ချခံထားရသူများကို ကျော်ပြီး ပေးခွင့်မရှိကြောင်း၊ သေဒဏ်မပေးခင် မိသားစုကို ဘယ်နေ့- ဘယ်အချိန်- ဘယ်နေရာမှာ စီရင်မည်ဟု အကြောင်းကြားရမည်ဖြစ်ကြောင်း၊ ပြစ်ဒဏ်စီရင်ပြီးပါကလည်း ရုပ်အလောင်းကို မိသားစုထံ ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း ပြောသည်။

အကျဉ်းထောင်လက်စွဲ ဥပဒေတွင် ခန္ဓာကိုယ်အား နာရီဝက်တွဲလောင်း ရှိနေစေပြီးနောက် ဆရာဝန်ဖြင့် စစ်ဆေးကြည့်ရှုစေရမည်၊ ဆရာဝန်မှ အသက်မရှိတော့ကြောင်းကို ကြေညာသည်အထိ ခန္ဓာကိုယ်အား ဖြုတ်ယူခြင်းမပြုရ၊ သေဒဏ်ကြိုးပေးခံရသော ရာဇဝတ်သား၏ ခန္ဓာကိုယ်အား ၎င်း၏ ဆွေမျိုးသားချင်းများ (သို့) မိတ်ဆွေများမှ တောင်းဆိုခြင်း မပြုမှသာ မြှုပ်နှံပစ်ရမည်၊ ခန္ဓာကိုယ်အား ဆွေမျိုးများ(သို့)မိတ်ဆွေများမှ တောင်းဆိုလာလျှင် ငြင်းဆိုရန် အထူးအကြောင်းကိစ္စမရှိလျှင် တံခါးကြီး၏ ပြင်ပသို့ သယ်ဆောင်သွားပြီးနောက် ထိုနေရာ ၎င်းတို့အား ပေးအပ်လိုက်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့သည် နွေဦးတော်လှန်ရေးတွင် ပါဝင်ကာ ဒီမိုကရေစီအရေး ကြိုးပမ်းခဲ့သူများဖြစ်သည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ၎င်းတို့ ဖမ်းဆီးခံခဲ့ရပြီးနောက် ယခု သေဒဏ် စီရင်ခံခဲ့ရခြင်း ဖြစ်သည်။

 

 

 

Share
Tweet
Share
Share
powered by social2s

သီရိလင်္ကာသမ္မတဟောင်းကို ဖမ်းဆီးပေးရန် စင်ကာပူထံ လူ့အခွင့်အရေးအဖွဲ့တစ် ဖွဲ့တိုင်ကြား

By CNI
CNI
Category: Watch TV
Hits: 696

Share
Tweet
Share
Share
powered by social2s

ရုရှားသိမ်းသွားသည့် နယ်မြေများ ပြန်မရဘဲ အပစ်အခတ်ရပ်စဲရေး မလုပ်ဟု ဇာလန်းစကီးပြော

By CNI
CNI
Category: Watch TV
Hits: 745

Share
Tweet
Share
Share
powered by social2s

ကမ္ဘောဒီးယားတွင် ကျင်းပမည့် အာဆီယံအစည်းအဝေးသို့ ရုရှားတက်မည်

By CNI
CNI
Category: Watch TV
Hits: 677

Share
Tweet
Share
Share
powered by social2s

ညောင်နှစ်ပင်လိုနေရာမှာ ဖွဲ့စည်းပုံအသစ်ရေးဆွဲသင့်ဟု ဒေါက်တာအေးမောင်ပြော

By CNI
CNI
Category: Watch TV
Hits: 708

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသို့ ဒေါ်လာသန်း ၂၇၀ စစ်ရေးအကူအညီထပ်ပေးမည်ဟု အိမ်ဖြူတော်ကြေညာ

By CNI
CNI
Category: Watch TV
Hits: 673

Share
Tweet
Share
Share
powered by social2s
  • 83
  • 84
  • 85
  • 86
  • 87
  • 88
  • 89
  • 90
  • 91
  • 92

Page 88 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar