CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

နစက၏ သေဒဏ်စီရင်မှုက ပြည်သူတစ်ရပ်လုံးကို စိန်ခေါ်ခြင်းဟု PNFC ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2681

 

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈

ပွင့်လင်းမျှတသော တရားစီရင်မှု အခွင့်အရေးကိုမပေးပဲ တရားလက်လွတ် သေဒဏ်များ ချမှတ်နေခြင်းသည် နိုင်ငံတကာ မိသားစု အပါအဝင် ပြည်သူတစ်ရပ်လုံးအား စိန်ခေါ်ခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)က ဇူလိုင် ၂၇ ရက်နေ့စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို သေဒဏ်ကျခံထားရမှုကို ဆောင်ရွက်ပြီးစီး ကြောင်း နစက-က ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅ ရက်တွင် နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန် ကြေညာခဲ့သည်။

PNFC က “ဥပဒေနှင့်မညီပဲ အာဏာသိမ်းခဲ့သော စစ်ကောင်စီသည် တရားမဝင် အဖွဲ့အစည်းဖြစ်၍ ပြည်တွင်းနှင့် နိုင်ငံ တကာဥပဒေများအရ ကြိုးပေးကွပ်မျက် ပိုင်ခွင့်မရှိသောကြောင့် လူသတ်မှု(ရာဇဝတ်မှု)ကို ကျူးလွန်ခြင်းသာ ဖြစ်သည်။ ပွင့်လင်းမျှတသော တရားစီရင်မှု အခွင့်အရေးကိုမပေးပဲ တရားလက်လွတ် သေဒဏ်များ ချမှတ်နေခြင်း၊ ကွပ် မျက်နေခြင်း၊ သေဒဏ်ချမှတ်ခံထားရသူများအား ထပ်မံ၍ ကွပ်မျက်ရန် ပြင်ဆင်နေခြင်းတို့သည် နိုင်ငံတကာ မိသားစု အပါအဝင် ပြည်သူ တစ်ရပ်လုံးအား စိန်ခေါ်ခြင်းလည်း ဖြစ်သည်”ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို ပုဂ္ဂိုလ်ရေးအရ သေဒဏ် စီရင်ခြင်းမဟုတ်ဘဲ ၎င်းတို့၏ လူသတ်ခြင်း၊ အစိုးရ အဆောက်အဦးများ ပေါက်ကွဲခြင်း၊ ခြိမ်းခြောက်ခြင်းများ ကျူးလွန်ခဲ့ခြင်းကြောင့် ဖြစ်သည် ဟု နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက်က ကျင်းပခဲ့သည့် ၁၈ ကြိမ် မြောက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ပြည်သူအများအပြား တရားမျှတမှု ရှိစေရေးနဲ့ ပြည်သူနဲ့နိုင်ငံကြားမှာ တရားမျှတမှု ရှိစေရေး အတွက် အပြစ်မဲ့ ပြည်သူတွေကို အကြမ်းဖက် ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့သူများကို နစ်နာသူများ ကိုယ်စား တရားရုံး အဆင့်ဆင့်က လုပ်ထုံးလုပ်နည်း ဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ ဒီတရားခံတွေကို ခုခံချေပခွင့် ကျနော်တို့ ပေးခဲ့ပါတယ်။ ပြီးရင် သက်သေ အထောက်အထား အပြည့်အစုံအပေါ် အခြေပြု ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ပြည်တွင်းဥပဒေများ နဲ့ အညီ စစ်ဆေး စီရင်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ကန့်ကွက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ ကျနော်တို့ သိပါတယ်။ သို့သော် ပြည်တွင်း တည်ငြိမ် အေးချမ်းရေး တရားဥပဒေစိုးမိုးရေး လုံခြုံရေးအရ မဖြစ်မနေ ကျနော် တို့ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါတယ်။ ထပ်ပြီး ပြောချင်တာက သူတို့စွပ်စွဲနေသလို ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်ခဲ့တာမဟုတ် ပါဘူး။ ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်ခဲ့တာမဟုတ်ပါဘူး။ ဒါတရားဥပဒေနဲ့အညီပဲ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်”ဟု ပြော သည်။

ထို့နောက် နစက-က ပြည်သူကို ရန်သူသတ်မှတ်၍ မှားပြီးသား အမှားများကို နောက်ထပ် အမှားများ ကျူးလွန်ပြီး ဖုံးကွယ်ရန် ကြိုးစားနေခြင်းဖြင့် နွေဦးတော်လှန်ရေး အရှိန်အဟုန်သည် ရပ်တန့်သွားမည် မဟုတ်ဘဲ ပြည်သူလူထု၏ နားကျည်းမုန်းတီးမှု၊ ရွံရှာမှုများနှင့်အတူ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်ဆင်နွှဲနေသော ပြည်သူ့တော်လှန်ရေး၏ အရှိန် အဟုန်သည် အင်နှင့်အားနှင့် ပိုမိုမြင့်မားလာမည်သာ ဖြစ်ကြောင်း PNFC က ထုတ်ပြန်ခဲ့သည်။

အလားတူ နစက ပြောကြားနေသော ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဆွေးနွေးရေးဆိုသည်မှာ တိုက်မလား၊ လိုက်မလားဟု စိန်ခေါ်ခြင်းသာဖြစ်ပြီး တွေ့ဆုံ ဆွေးနွေးဖြေရှင်းရေး လမ်းကြောင်းကို နစက-က အဆုံးစွန် ဖျက်ဆီးပစ်လိုက်ခြင်းလည်း ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နစက-က ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားချက်ကို ယခုအကောင်အထည်ဖော် ဆောင်ရွက်နေပြီး ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက်က ပြုလုပ်ခဲ့သည် ၁၈ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော သွားသည်။

 

 

Share
Tweet
Share
Share
powered by social2s
ဘိုင်ဒန်ကိုတွေ့ရစဉ်

ဒီမိုကရက်တစ်ပါတီဝင် ၇၅ ရာခိုင်နှုန်းက ၂၀၂၄ တွင် ဘိုင်ဒန်ကို အနားယူစေလို

By CNI
CNI
Category: နိုင်ငံရေး
Hits: 1328

CNI International News

ဝါရှင်တန်၊ ဇူလိုင် ၂၈

အမေရိကန်နိုင်ငံတွင် ဒီမိုကရက်တစ် ပါတီဝင်များနှင့် ၎င်းပါတီကို လိုလားကြသူများ၏ ၇၅ ရာခိုင်နှုန်းက သမ္မတ ဂျိုးဘိုင်ဒန် မှအပ အခြားတစ်ဦးဦးကို ၂၀၂၄ ခုနှစ်အတွက် ပါတီကိုယ်စားပြု စေလိုကြောင်း CNN သတင်းဌာနက ကောက်ယူခဲ့သော စစ်တမ်း တစ်စောင်အား ကိုးကားလျက် အာရ်တီသတင်းတွင် ဖော်ပြထားသည်။
အမေရိကန်၏ စီးပွားရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် အားနည်းသဖြင့် ဘိုင်ဒန်အပေါ် ထောက်ခံမှု အဆင့်များသည် ၃၀ ရာခိုင်နှုန်း အောက်သို့ နိမ့်ဆင်းသွားခဲ့သည်။

ဇူလိုင် ၂၆ ရက်က ထုတ်ပြန်ခဲ့သည့် အဆိုပါစစ်တမ်းတွင် ဒီမိုကရက်တစ်များနှင့် ဒီမိုကရက်တစ်ပါတီ လိုလားသူ မဲဆန္ဒရှင် ၂၅ ရာခိုင်နှုန်းကသာ ဘိုင်ဒန် ထပ်မံ အရွေးချယ်ခံရရန် မျှော်လင့်ခဲ့ကြသည်။

ထို့ကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ကောက်ယူ ခဲ့သော စစ်တမ်းဟောင်း၏ နှစ်သက်လိုလားမှု ၄၅ ရာခိုင်နှုန်းမှ ထိုးကျသွားခဲ့သည်။

ယခုစစ်တမ်းတွင် ဝင်ရောက်ဖြေဆိုသူ ၂၄ ရာခိုင်နှုန်းက ဘိုင်ဒန် မဲထပ်မနိုင်ဟု ယူဆကြပြီး ၃၂ ရာခိုင်နှုန်းက ၎င်း သမ္မတ ပြန် ဖြစ်ရေး မလိုလားကြပေ။

ဘိုင်ဒန်အပေါ် စိတ်အားထက်သန်မှုမှာ လူငယ်ပိုင်း ဒီမိုကရက်တစ် ပါတီဝင်များအကြား အနိမ့်ဆုံး တွေ့ရှိရပြီး အသက် ၄၅ နှစ် အောက် ၁၈ ရာခိုင်နှုန်းကသာ ၎င်းတို့ပါတီ၏ ၂၀၂၄ ခုနှစ် သမ္မတလောင်း ဆန်ခါတင် စာရင်းတွင် အသက် ၇၉ နှစ်အရွယ်ရှိ ဘိုင်ဒန် အရွေးခံရရန် မျှော်လင့်ကြသည်။

အမေရိကန်နိုင်ငံအလံကိုတွေ့ရစဉ်


အထက်ပါ CNN ၏ စစ်တမ်းကသာ ထိုသို့ တွေ့ရှိရခြင်း မဟုတ်ပေ။

သီးခြား စစ်တမ်းတစ်စောင်တွင်လည်း ဂရင်းနိုက်ပြည်နယ်ဟု ခေါ်ကြသည့် အမေရိကန်နိုင်ငံရှိ နယူးဟမ်ရှိုင်းယားပြည်နယ်၌ ဒီမိုကရက်တစ်ပါတီဝင် ၃၁ ရာခိုင်နှုန်းကသာ ဘိုင်ဒန်ကို ၂၀၂၄ ခုနှစ်အတွက် ပြန်လည် အရွေးခံရစေလိုပြီး ၅၉ ရာခိုင်နှုန်းက ဆန့်ကျင်ကြကြောင်း တွေ့ရှိရသည်။
ယခုလ အစောပိုင်းက Yahoo News/YouGov က ကောက်ယူခဲ့သော စစ်တမ်းတစ်စောင်တွင်လည်း အမေရိကန်နိုင်ငံသား ၁၈ ရာခိုင်နှုန်းကသာ ၂၀၂၄ ခုနှစ် ဘိုင်ဒန်၏ မဲဆွယ်စည်းရုံးမှုကို ထောက်ခံမည်ဟု ပြောကြပြီး ၆၄ ရာခိုင်နှုန်းက ကန့်ကွက်ကြ သည်။
ဘိုင်ဒန်ကတော့ နောက်ထပ်ရာထူး သက်တမ်းအတွက် ကြိုးစားမည်ဟု ပြောနေလင့်ကစား ၎င်း၏ သိမြင်နိုင်စွမ်းမှာ ကျဆင်း နေပြီး မကြာသေးမီက အိမ်ဖြူတော် အမှုထမ်း၊ အရာထမ်းများကြားတွင် ၎င်းအနားယူတော့မည်ဟူသော ကောလာဟလများ ကာလအတန်ကြာ ဂယက်ရိုက်ခဲ့သေးသည်။
အခြား တဖက်တွင်လည်း ၂၀၂၄ ခုနှစ်တွင် ပြန်လည် အရွေးခံရဖို့ ဒေါ်နယ်ထရမ့် ကြိုးပမ်းနေသော်လည်း ၎င်းကို ထောက်ခံသူ များကြားတွင် စိတ်အားထက်သန်မှုနှုန်း လျော့ကျလာသည်ကို တွေ့မြင်နေရပြန်သည်။

Source: အာရ်တီသတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းမရှိ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1579

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့် ထပ်မံ ထုတ်ပြန်ထားခြင်းမရှိကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ည ၈ နာရီနောက်ပိုင်း ညမထွက်ရ၊ ထွက်ပါက ပစ်ခတ်ခံရမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

အဆိုပါ သတင်းထွက်ပေါ်မှုနှင့်ပတ်သက်ပြီး ညမထွက်ရအမိန့် ထပ်မံ ကြေညာခြင်း မရှိကြောင်း နစက သတင်းထုတ်ပြန် ရေးအဖွဲ့က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နှင့် လမ်းမတော်မြို့နယ်များကိုတော့ ည ၁၂ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန် ကြေညာထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
အီရတ်လွှတ်တော်ကို ဆန္ဒပြ

အီရတ်ဝန်ကြီးချုပ်သစ် အမည်စာရင်းတင်သွင်းမှု မကျေနပ်သူများ လွှတ်တော်ထဲဝင် ဆန္ဒပြ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1220

CNI International News

ဘဂ္ဂဒက်၊ ဇူလိုင် ၂၈

အီရတ်နိုင်ငံတွင် ဩဇာကြီးမားသည့် ဘာသာရေးခေါင်းဆောင် မူတာဒါ အယ်လ် ဆာဒါး (Muqtada al-Sadr) ကို သစ္စာခံ ကြသူများက ဘဂ္ဂဒက်မြို့တော်အတွင်း ဦးစားပေး ကာကွယ်ထားသည့် စိမ်းလန်းဇုန် (Green Zone) အတွင်းသို့ ဇူလိုင် ၂၇ ရက်၌ ဆန္ဒပြလျက် ထိုးဖောက်ဝင်ရောက်ခဲ့ကြကြောင်း CNN သတင်းအရ သိရသည်။

၎င်းတို့သည် ဝန်ကြီးချုပ်အသစ် ခန့်အပ်ခြင်းအပေါ် မကျေမနပ် ဖြစ်နေကြသည်။

ဝန်ကြီးချုပ်အသစ် အဖြစ် မိုဟာမက် ရှီယာ အယ်လ် ဆူဒါနီ (Mohammed Shiya al-Sudani) ကို ဇူလိုင် ၂၅ ရက်၌ အီရတ် လွှတ်တော်အတွင်း အကြီးဆုံးဖြစ်သည့် ရှီးယိုက် မဟာမိတ်အဖွဲ့၏ ညှိနှိုင်းရေးမူဘောင်ဖြင့် တရားဝင် အမည်စာရင်း တင်သွင်းခဲ့သည်။

လအတန်ကြာ နိုင်ငံရေးမတည်ငြိမ်ဘဲ တင်းမာမှုများ ဖြစ်ပေါ်ပြီးနောက် ယခင်လက အစိုးရအဖွဲ့ကို ကျောခိုင်းခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၇၀ ပါ အယ်လ်ဆာဒါး၏ လွှတ်တော်အစုအဖွဲ့ တစ်ဖွဲ့သည် ယခုဝန်ကြီးချုပ်သစ် အမည် စာရင်းတင်သွင်းခြင်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက် နေခဲ့ကြသည်။

ဘာသာရေးခေါင်းဆောင် မူတာဒါ အယ်လ် ဆာဒါး 

အီရတ်နိုင်ငံတွင် ယမန်နှစ် အောက်တိုဘာလ လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပပြီးကတည်းက အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်ရန် ကြိုးစားရုန်းကန်နေရသည်။ တဖန် အယ်ဆာဒါး အစုအဖွဲ့က အစိုးရဖွဲ့စည်းနိုင်ရေး ကြိုးပမ်းရာတွင်လည်း ပြိုင်ဘက် အစုအဖွဲ့များ၏ ဆန့်ကျင်မှုများက ယခင်ကတည်းက ရှိနှင့်ပြီး ဖြစ်သည်။

“အယ်လ်ဆာဒါး ထောက်ခံတဲ့ အစုအဖွဲ့ဟာ လွှတ်တော်ထဲတွင် ကျန်ရှိနေပြီးတော့ အစိုးရတစ်ရပ် ဖွဲ့စည်းရေးကို အတား အဆီး ဖြစ်နေမယ်ဆိုရင် အဲဒီ အမတ်တွေအားလုံး လွှတ်တော်ထဲက ထွက်ပေးဖို့ အသင့်ပါပဲ” ဟု အယ်လ်ဆာဒါးက ပြီးခဲ့သည့် ဇွန်လတွင် ရုပ်သံလိုင်းမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။

ထို့နောက် ၎င်းကို ထောက်ခံသည့် အမတ်များက လွှတ်တော်ကို ကျောခိုင်းထွက်ခွာသွားခဲ့ကြသည်။

အီရန်နှင့်အမေရိကန်တို့ကို ဆန့်ကျင်သည့် အနေဖြင့် မိမိကိုယ်ကို ရာထူးတပ်ထားသည့် ဘာသာရေးခေါင်းဆောင် အယ်လ်ဆာဒါးသည် အီရတ်နိုင်ငံတဝန်း၌ အလွန်ရေပန်းစား နေခဲ့သည်။

ယမန်နှစ် အောက်တိုဘာလတွင် အယ်လ်ဆာဒါး အစုအဖွဲ့၏ အောင်မြင်မှု တစ်ရပ်အနေဖြင့် ရေနံကြွယ်ဝလှသည့် အီရတ်၏ နိုင်ငံရေးကို ရေရှည်ဩဇာ လွှမ်းမိုးထားရန်အတွက် အီရန်နှင့်မဟာမိတ်ဖွဲ့ထားသည့် ရှီးယိုက်အုပ်စုများကို ဘေးဖယ်ထားမည် ဟု ခြိမ်းခြောက်ခဲ့သေးသည်။

ဝန်ကြီးချုပ်အသစ် အမည်စာရင်းတင်သွင်းခံထားရသူ မိုဟာမက် ရှီယာ အယ်လ် ဆူဒါနီ

ဇူလိုင် ၂၇ ရက်တွင် အယ်လ်ဆာဒါးသည် လွှတ်တော် အဆောက်အအုံရှေ့သို့ ရောက်ရှိလာပြီး ဆန္ဒပြသူများ အိမ်ပြန်သင့်ပြီဟု ပြောကြားခဲ့သည်။

“မတရားမှုနဲ့ အဂတိလိုက်စားမှုကို ဖျက်သိမ်းဖို့အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်တဲ့ တော်လှန်ရေး တစ်ရပ်ပဲ ဖြစ်ပါ တယ်။ ခင်ဗျားတို့ရဲ့ သဝဏ်လွှာနဲ့ သတင်းစကား(မတ်ဆေ့ချ်)ကို ကျနော် လက်ခံပြီးပါပြီ” ဟု ၎င်းက ဆန္ဒပြသူများကို ပြောကြားခဲ့သည်။

အခြားတဖက်တွင်လည်း နှုတ်ထွက်သွားပြီဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း မူစတာဖာအယ်လ်ကာဒီနီက “ယခုဆန္ဒပြသူများ အစိမ်းရောင်ဇုန်မှ ချက်ချင်း ထွက်ခွာကြရန်နှင့် ပုဂ္ဂလိက၊ အစိုးရပိုင်ပစ္စည်းများ ထိန်းသိမ်းရန်၊ လုံခြုံရေးတပ်ဖွဲ့များ၏ ညွှန်ကြားချက်များကို လိုက်နာကြရန်” တောင်းဆိုနေခဲ့သည်။

Source: CNN

 

 

 

 

Share
Tweet
Share
Share
powered by social2s
NDAA၊ KIA ခေါင်းဆောင်တို့နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်/မတက် ဆုံးဖြတ်ထားခြင်းမရှိဟု KIA နှင့် NDAA ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2259

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈

နစက၏ ဒုတိယအကြိမ် စတင်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မိမိတို့ အနေဖြင့် တက်ရေး/မတက်ရေးကို ဆုံးဖြတ်ထားခြင်း မရှိသေးဘူးဟု KIA နှင့် NDAA မှ CNI သို့ပြောသည်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ ဗဟိုကော်မတီတွင် ဆုံးဖြတ်ချက် မရှိသေးကြောင်း၊ မေလ ၅ ရက် ထုတ်ပြန်ချက် အတိုင်း သဘောထားရှိကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

၎င်းက “ဟုတ်ကဲ့ လောလောဆယ်ကတော့ ကျနော်တို့ ဗဟိုကော်မတီက ဘာမှ ဆုံးဖြတ်ချက်မရှိဘူး။ မေလ ၅ ရက်နေ့မှာ ထုတ်ပြန် ကြေညာထားတဲ့ ကျ‌နော်တို့ အဲဒီ ထုတ်ပြန်ကြေညာချက် အတိုင်းပဲ ဖြစ်မှာပါ။ ဘာမှ အပြောင်းအလဲ မရှိသေးဘူး” ဟု ပြောသည်။

နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်သည် နိုင်ငံရေးပြဿနာများကို ဆွေးနွေးရန်နှင့် ပါဝင်သင့် ပါဝင်ထိုက်သူ များအား ထည့်သွင်း မထားသောကြောင့် KIO အနေနှင့် တက်ရောက်မှာ မဟုတ်ကြောင်း မေလ ၅ ရက်က ထုတ်ပြန်ခဲ့သည်။

နစက အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကို အကြမ်းဖက် အဖွဲ့အစည်းဖြင့် ကြေညာထားသည်။

အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(NDAA- မိုင်းလား)မှ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိစ္စကို ဆွေးနွေးထားခြင်း မရှိသေးကြောင်း NDAA မှ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ UWSA ဒုဥက္ကဋ္ဌ   တွေ့ဆုံစဉ်

ဦးကြည်မြင့်က “ကျနော်တို့ မဆွေးနွေးရသေးဘူး။ အခုထက်ထိကတော့။ အခု ထပ်ထွက်လာတာကို မဆွေးနွေးရသေးဘူး။ အဲဒါ ကျနော်တို့ ဒီတစ်လောက ကိုဗစ်ရောဂါနဲ့ ကာကွယ်တဲ့ လုပ်ငန်းတွေ အလုပ်တစ်ခြား၊ လုပ်တာတခြား ဆက်သွယ်ထား တာ မရှိသေးဘူး” ဟု ပြောသည်။

ပထမအကြိမ် နစက ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NDAA၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်/ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ တက်ရောက် ဆွေးနွေးထားသည်။

ထို့အတူ KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP)၊ ညီနောင်မဟာမိတ်ဖြစ်ကြတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တက်ရောက်ခြင်းမရှိပေ။

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက်က ပြုလုပ်သည့် နစက၏ ၁၈ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲတွင် ဒုတိယအကြိမ် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲများအတွက် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားခဲ့သည်။

သို့သော် ယနေ့အချိန်ထိ မည်သည့် အဖွဲ့အစည်းများ တက်ရောက်ရန် ရှိကြောင်းကိုတော့ ထုတ်ဖော် ပြောကြား သွားခြင်း မရှိပေ။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း မိန့်ခွန်းပြောနေစဉ် (KCNA)

အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် တင်းမာနေ၍ နျူထုတ်သုံးမည်ဟု ကင်မ်ဂျုံအန်းခြိမ်းခြောက်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1773

CNI International News

ပြုံယမ်း၊ ဇူလိုင် ၂၈

အမေရိကန်၊ တောင်ကိုရီးယားနှင့် စစ်ရေးပဋိပက္ခများ၌ နျူကလီးယားလက်နက် သုံးရန် အဆင်သင့် ဖြစ်နေပြီဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက ခြိမ်းခြောက်၍ သတိပေးလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာ က ကြေညာခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ကိုရီးယားကျွန်းဆယ်ကို စစ်ရေး အစွန်းတဖက်သို့ ရောက်အောင် တွန်းပို့နေကြောင်း ပြိုင်ဘက်များအပေါ် ကင်မ်က ယခုကဲ့သို့ ပြင်းထန်သည့် ရာဇသံပေး လိုက်ခြင်းလည်း ဖြစ်သည်။

၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ ပြီးဆုံးခြင်း ၆၉ နှစ်မြောက် အထိမ်းအမှတ် မိန့်ခွန်းထဲတွင် ၎င်းက အထက်ပါအတိုင်း ထည့် သွင်း ပြောကြားခဲ့သည်။

ကင်မ်ဂျုံအန်း၏ အထက်ပါမိန့်ခွန်းသည် ကပ်ရောဂါနှင့် ဆက်နွှယ်သော စီးပွားရေး အခက်အခဲများ ကြုံနေရသည့် ဆင်းရဲ နွမ်းပါးသော တိုင်းပြည်အတွက် ပြည်တွင်းစည်းလုံးရေးကို မြှင့်တင်ရန် ရည်ရွယ်သည်မှာ ထင်ရှားကြောင်း၊ နွေရာသီ စစ်ရေး လေ့ကျင့်မှု တိုးချဲ့ရန် ပြင်ဆင်နေချိန်၌ မြောက်ကိုရီးယားအနေဖြင့် အမေရိကန်နှင့်တောင်ကိုရီးယားတို့အပေါ် ခြိမ်းခြောက်မှု ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်း လေ့လာစောင့်ကြည့်သူအချို့က ပြောကြသည်။

“ကျနော်တို့ လက်နက်ကိုင် တပ်ဖွဲတွေဟာ ဘယ်လို အကျပ်အတည်းမျိုးကိုဆို တုံ့ပြန်ဖို့ လုံးဝပြင်ဆင်ထားပါပြီ။ ကျနော်တို့ရဲ့ နျူကလီးယား အကာအကွယ်ပေးမှုဟာလည်း သူ့ရဲ့မစ်ရှင်နဲ့အညီ အကြွင်းမဲ့ အာဏာအပေါ် တာဝန်ကျေကျေပွန်ပွန်၊ တိတိ ကျကျနဲ့ အလျင်အမြန် စုစည်းလှုပ်ရှားဖို့ အဆင်သင့်ပါပဲ” ဟု ကင်ဂျုံအန်းက ဇူလိုင် ၂၇ ရက် မိန့်ခွန်းထဲတွင် ဆက်လက် ပြောကြားခဲ့သည်ဟု ကိုရီးယားဗဟိုသတင်းဌာန (KCNA) က သတင်းထုတ်လွှင့်ခဲ့သည်။

တောင်ကိုရီးယားသမ္မတသစ် ယွန်ဆော့ရွဲနဲ့ ဘိုင်ဒန်

မြောက်ကိုရီးယားသည် ၎င်း၏ ရန်လိုသော မူဝါဒများကို မျှတစေရေးအတွက် အမေရိကန်ကို ‘နတ်ဆိုး’ ဟု ကင်ပွန်းတပ်ခဲ့ သည်။

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် မြောက်ကိုရီးယားအနေဖြင့် ၎င်း၏လုပ်ရိုးလုပ်စဉ် စစ်ရေး လှုပ်ရှားမှုများအနက် ဒုံးကျည်စမ်းသပ်မှုများအပေါ် ရန်လိုခြင်း (သို့မဟုတ်) ခြိမ်းခြောက်ခြင်းအဖြစ် မှတ်ယူသောကြောင့် အမေရိကန်အနေဖြင့် နှစ်ထပ်စံနှုန်းနှင့် ဒုစရိုက်ဂိုဏ်းဖွဲ့ လှုပ်ရှားသည့် ရှုထောင့်မျိုးကို ပြသနေကြောင်း ကင်မ်ဂျုံအန်းက ထပ်လောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတသစ် ယွန်ဆော့ရွဲ (Yoon Suk Yeol) သည်လည်း ထိပ်တိုက်ရင်ဆိုင်ခြင်း ရူးသွပ်မှု နေရာ၌ ယခင် တောင်ကိုရီးယား ခေါင်းဆောင်များထက် သာလွန်သွားပြီဖြစ်ကြောင်း၊ ယွန်၏ ရှေးရိုးစွဲဝါဒီ (ကွန်ဆာဗေးတစ်) အစိုးရကို ဒုစရိုက်ဂိုဏ်းများက ဦးဆောင်နေကြောင်း ကင်မ်ဂျုံအန်းက ဝေဖန်ပုတ်ခတ်ခဲ့သည်။

မေလတွင် စတင် တာဝန်ယူခဲ့သော သမ္မတသစ် ယွန်ဆော့ရွဲအစိုးရသည် အမေရိကန်နှင့်ဆိုးလ်တို့၏ စစ်ရေးမဟာမိတ် ဆက်ဆံရေး အားကောင်းစေရန် ကြိုးပမ်းခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယား နျူကလီးယား ခြိမ်းခြောက်မှုကို ကြိုတင် ဟန့်တားနိုင်ရေး အပါအဝင် အကယ်၍ ယင်းခြိမ်းခြောက်မှု ပေါ်ပေါက်လာသည့်အခါ ချေမှုန်းနိုင်ရန် တောင်ကိုရီးယား၏ စစ်ရေးစွမ်းရည် မြှင့်တင်ခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်ဝမ်အရေး တင်းမာမှုအသစ်များ ဘိုင်ဒန်နှင့်ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးမည်

By CNI
CNI
Category: Watch TV
Hits: 706

Share
Tweet
Share
Share
powered by social2s

ကွပ်မျက်မှုသည် အာဆီယံအချက် ၅ ချက်အပေါ် လုံးဝဆန္ဒမရှိခြင်းဟု ဟွန်ဆန်ပြော

By CNI
CNI
Category: Watch TV
Hits: 736

Share
Tweet
Share
Share
powered by social2s

ဒီမိုကရေစီအင်အားစုများ ထုတ်ပြန်မှုက ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကို ဦးစားမပေးတော့ဟု ပြေ

By CNI
CNI
Category: Watch TV
Hits: 781

Share
Tweet
Share
Share
powered by social2s
ကွန်ဂိုက UN ဆန့်ကျင်ရေး ဖြစ်ပွားနေမှု (AP)

ကွန်ဂိုအရှေ့ပိုင်း၌ UN ဆန့်ကျင်ရေးဆန္ဒပြ၍ လူ ၁၅ ဦးသေဆုံး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1426

CNI International News

ကင်ရှာဆာ၊ ဇူလိုင် ၂၇

ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် ပြည်တွင်းသို့ လာရောက် အမှုထမ်းနေကြသည့် ကုလသမဂ္ဂ (UN) မစ်ရှင်အဖွဲ့ကို ဆန့်ကျင် ကန့်ကွက်သော နှစ်ရက်ကြာ ဆန္ဒပြမှုများအတွင်း အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး ဆယ်ဂဏန်းမျှ ဒဏ်ရာရခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ဇူလိုင် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ကုလသမဂ္ဂ (UN) ငြိမ်းချမ်းရေးတပ်ဖွဲ့တွင် အမှုထမ်းနေကြသည့် မော်ရိုကိုနိုင်ငံမှ တပ်ဖွဲ့ဝင်တစ်ဦးနှင့် အိန္ဒိယနိုင်ငံမှ နိုင်ငံ တကာ ရဲတပ်ဖွဲ့ဝင် နှစ်ဦးတို့လည်း သေဆုံးသူများ စာရင်းထဲတွင် ပါဝင်ခဲ့သည်။

မြောက်ပိုင်း ကီဝူပြည်နယ်၊ ဘူတန်ဘိုမြို့ရှိ UN အခြေစိုက် စခန်းတွင်လည်း အီဂျစ်ရဲတစ်ဦး ဒဏ်ရာရခဲ့ကြောင်း UN ထုတ်ပြန် ချက်အရ သိရသည်။

ဆန္ဒပြသူများထဲမှ အကြမ်းဖက် တိုက်ခိုက်သူများသည် ကွန်ဂိုရဲတပ်ဖွဲ့ဝင်များထံမှ လက်နက်များ လုယူပြီး UN အမှုထမ်းများ ကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ကွန်ဂိုက UN ဆန့်ကျင်ရေး ဖြစ်ပွားနေမှု (AP)

မြောက်ပိုင်း ကီဝူပြည်နယ်အတွင်း UN စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများကို UN အတွင်းရေး မှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ၎င်း၏လက်ထောက်ဖြစ်သူ ပြောခွင့်ရပုဂ္ဂိုလ် ဖာဟန် ဟက် (Farhan Haq) က ပြောကြားခဲ့သည်။

ဇူလိုင် ၂၆ ရက်တွင် ရာနှင့်ချီသော အကြမ်းဖက် တိုက်ခိုက်သူများသည် ဂိုမာနှင့် မြောက်ပိုင်း ကီဝူပြည်နယ်တို့ရှိ UN တပ်ဖွဲ့၏ စစ်အခြေစိုက် စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း၊ UN ဆန့်ကျင်ရေးအတွက် လူတစ်ဦးချင်းနှင့် အုပ်စုလိုက်ဖွဲ့၍ တိုက်ခိုက် ကြ ခြင်း ဖြစ်ကြောင်း၊ အထူးသဖြင့် လူမှုကွန်ရက် မီဒီယာများတွင် ရန်လိုမုန်းတီးသော သဘောထားမှတ်ချက် (comment)များ နှင့် ခြိမ်းခြောက်မှုက သွေးထိုးလှုံ့ဆော် ပေးခြင်းကြောင့်ဖြစ်ကြောင်း ဖာဟန်ဟက်က ဆက်လက် ပြောကြားခဲ့သည်။

ကွန်ဂိုက UN ဆန့်ကျင်ရေး ဖြစ်ပွားနေမှု (AP)

“လူအုပ်က ကျောက်ခဲတွေ၊ ဓာတ်ဆီပုလင်းဗုံးတွေနဲ့ ပစ်ပေါက်ကြတယ်။ သူတို့က UN စခန်းတွေကို ဝင်တိုက်တာ၊ လုယက် ဖျက်ဆီးတာ၊ စခန်းကို မီးရှို့တာတွေ လုပ်ခဲ့ကြတယ်” ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာသို့ အမြန်ဆုံး တုံ့ပြန်ထိန်းချုပ်နိုင်ရေးအတွက် တပ်ဖွဲ့များ စေလွှတ်ခဲ့သော်လည်း အကြမ်းဖက်မှုများ ရပ်တန့် သွားသည့် အထောက်အထား မတွေ့ရသေးပေ။

UN အမှုထမ်းများ၏ နေအိမ်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပြီးနောက် ယခုအခါ UN စခန်းများကို ပြောင်းလဲ တိုက်ခိုက် လာခဲ့ကြောင်း ဖာဟန်ဟက်က ရှင်းပြသည်။

အင်္ဂါနေ့ UNDP ရုံးဝင်းအတွင်းသို့ လူအုပ်ဖွဲ့၍ တိုးဝင်ရန် ကြိုးစားခဲ့သော်လည်း လုံခြုံရေးအစောင့်များက တုံ့ပြန်ချေမှုန်းနိုင်ခဲ့ ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ဆန္ဒပြ အကြမ်းဖက်နေသူများက ၎င်းတို့နိုင်ငံအတွင်း နှစ်ပေါင်း အတန်ကြာ ရှိနေကြသည့် ကုလသမဂ္ဂ (UN) ငြိမ်းချမ်းရေး တပ်ဖွဲ့များ အမြန်ဆုံး ထွက်ခွာသွားကြရန် တောင်းဆိုနေကြသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်များကိုတွေ့ရစဉ်

ဒီမိုကရေစီအင်အားစုများ ထုတ်ပြန်မှုက ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကို ဦးစားမပေးတော့ဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1844

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၇

ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများ၏ ထုတ်ပြန်ချက်ကို ကြည့်ပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားမပေးတော့ဘူးဆို သည့် သဘောဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများမှ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ပြစ်ဒဏ် စီရင်မှုသည် ပြဋ္ဌာန်းထားသော ဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှု မရှိကြောင်း၊ ထို့အတွက်ကြောင့် နစက၏ သဘော ထား အမှန်ကို နားလည် သဘောပေါက်သင့်ကြောင်း ဇူလိုင် ၂၆ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဒီ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေက အဲဒီထဲမှာ ပါနေတဲ့ အခါကြတော့ ဒီအဖွဲ့တွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာတော့ အဓိက ဦးစားမပေးတော့ဘူး ဆိုတာတော့ ပြတာပေါ့။ တခြားသော နည်းလမ်းတွေ ဥပမာ သူတို့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှင်းဖို့ဆိုတဲ့ နည်းလမ်းတွေကို မစဉ်းစားတော့ဘူးဆိုတဲ့ သဘောမျိုး ဖြစ်သွားတာ ပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

 ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ၏ ထုတ်ပြန်ချက်

နိုင်ငံရေးပါတီများ၊ တော်လှန်ရေး အင်အားစုများနှင့် ပြည်တွင်း/ပြည်ပရှိ ပြည်ထောင်စုဖွားအားလုံး နစကကို မိမိတို့နှင့် ပူးပေါင်းပြီး တော်လှန်ကြရန် ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများမှ ‌တောင်းဆိုခဲ့သည်။

အဆိုပါ ဖက်ဒယ်ဒီမိုကရေစီအင်အားစုတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ ပါဝင်သည်။

လက်ရှိ အခြေအနေကို ကြည့်မည်ဆိုပါက တိုင်းပြည်၏ အခြေအနေမှာ ၇၀ ရာခိုင်နှုန်း ပျက်စီးသွားနိုင်ကြောင်း၊ တိုင်းပြည်ကို မြတ်နိုးသူ မည်သူမဆို ပြန်ပြီး ကယ်တင်ရန် လိုအပ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

၎င်းက “အလုံးစုံ မရပ်ရင်တောင်မှ ရာခိုင်နှုန်း တော်တော်များများက ပျက်သုန်းရေးကို သွားနိုင်တာပေါ့။ 100 % မဟုတ်တာတောင်မှ ကျ‌နော်တို့ ၇၀ ရာခိုင်နှုန်းလောက်အထိ ပျက်သွားနိုင်တာပေါ့၊ သို့သော်လည်းပဲ တချိန်ချိန်မှာတော့ တိုင်းပြည်ကို မြတ်နိုးတဲ့ စိတ်ရှိကြရင်ပေါ့၊ ဘယ်သူမဆို ပြန်ပြီးတော့ ကယ်တင်ဖို့ ပြည်ထောင်စု ပြန်လည်ဖော်ထုတ်ဖို့ စဉ်းစား ပြီးတော့ လုပ်ရမယ်လို့တော့ မြင်တာပေါ့ဗျာ။ အခုလို အားပြိုင်နေတဲ့ အချိန်မှာတော့ ပြိုင်ကြမှာပဲ ဒါသူ့သဘောတရား က တော့ ဒါပေမဲ့ သိပ်ပျက်စီးဆုံးရှုံးတဲ့ ရာခိုင်နှုန်း များလာရင်တော့ Second thought ပေါ့ဗျာ။ တခြားအတွေးတွေ ဝင်လာနိုင် တာပေါ့။ ကျနော်တို့တော့ အဲဒီလို ထင်ပါတယ်” ဟု ပြောသည်။

 ၂၀၁၅ ခုနှစ်က NCA စာချုပ် လက်မှတ်ထိုးကြစဉ်

ဖက်ဒယ်ဒီမိုကရေစီအင်အားစုများ အနေဖြင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ အုပ်ချုပ် ရေး စစ်မျက်နှာစုံတွင် ဖြစ်နိုင်သည့် နည်းလမ်းအားလုံးကို အသုံးပြုကာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဆန့်ကျင် တွန်းလှန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၂၆ ရက်က ၁၈ ကြိမ်မြောက် နစက၏ သတင်းစာ ရှင်းလင်းပွဲတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက် ဖော်ဆောင်နေကြောင်း၊ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးမှုများ ဖြစ်ပေါ်လာရေး ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောသွားခဲ့သည်။

နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ အုပ်ချုပ်ရေး စစ်မျက်နှာစုံ ဖွင့်၍ နစကကို တိုက်ခိုက်ရန် တောင်းဆိုသည့် ဖက်ဒရယ် ဒီမိုကရေစီ အင်အားစုများ၏ ထုတ်ပြန်ချက်တွင် ပါဝင်နေသည့် KNU၊ ABSDF၊ CNF တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ထိုးထားသော လက်နက် ကိုင်အဖွဲ့များ ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘိုင်ဒန်နဲ့ ရှီကျင့်ဖျင်ကိုတွေ့ရစဉ်

ထိုင်ဝမ်အရေး တင်းမာမှုအသစ်များ ဘိုင်ဒန်နှင့်ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးမည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1853


CNI International News

ဝါရှင်တန်၊ ဇူလိုင် ၂၇

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ဇူလိုင် ၂၈ ရက်တွင် တွေ့ဆုံ ဆွေးနွေးကြရန် ရှိကြောင်း၊ ထိုင်ဝမ် အရေးနှင့်ပတ်သက်၍ တရုတ်တောင်းဆိုမှုများ၊ ဝါရှင်တန်နှင့် ဘေဂျင်းတို့အကြား တင်းမာမှုအသစ်များ ရှိနေချိန် ၄ လအတွင်း ပထမဆုံး တွေ့ဆုံကြမည်ဖြစ်ကြောင်း အမေရိကန် အစိုးရအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားလျက် အေပီ သတင်းတွင် ဖော်ပြထားသည်။

သို့သော် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ဒုတိယမြောက် ထိုင်ဝမ်ကျွန်းသို့ အလည်အပတ် လာရောက် နိုင်ခြေသည် နှစ်နိုင်ငံကြား ဆက်ဆံရေးကို ရှုပ်ထွေး၍ တင်းမာစေခဲ့သည်။

တရုတ်က ၎င်း၏ပိုင်နက် တစိတ်တပိုင်းအဖြစ်‌ ပြောကြားထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းသို့ နန်စီပလိုစီ သွားရောက် လည်ပတ်ပါက ဘေဂျင်းအစိုးရအနေဖြင့် ပြင်းထန်သော အရေးယူမှုများ လုပ်ဆောင်မည်ဟု သတိပေးထားသည်။

ယခု သမ္မတနှစ်ဦး တွေ့ဆုံမည့် အစီအစဉ် အသေးစိတ်ကို ထုတ်ဖော်ပြောကြားရန် အဆိုပါ အမေရိကန်အရာရှိက ငြင်းဆန်ခဲ့ သည်။ တွေ့ဆုံကြမည့် နေ့ရက်ကိုတော့ Bloomberg မီဒီယာက ဦးစွာ သတင်းဖော်ပြခဲ့သည်။

နန်စီပလိုစီသည် ထိုင်ဝမ်သို့ သွားမည့်အကြောင်း အတည်မပြုသေးသော်လည်း ယခုအချိန်အထိ ထိုကျွန်းသို့ သွားရောက်ရန် စိတ်ကူးမရှိဟု အမေရိကန် စစ်ဘက်အရာရှိများက ယုံကြည်ထားကြောင်း ယခင်သီတင်းပတ်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဘိုင်ဒန်က ပြောကြားခဲ့သည်။

 နန်စီပလိုစီကိုတွေ့ရစဉ်

နန်စီပလိုစီ ထိုင်ဝမ်သွားမည့်အကြောင်း ဘိုင်ဒန်၏ မှတ်ချက်စကားသည် ဧပြီလတွင် သွားရောက်ရန် မူလက စီစဉ်ခဲ့သော ခရီးစဉ်ဖြစ်ပြီး ၎င်းထံတွင် Covid-19 ရောဂါပိုး တွေ့ရှိရသဖြင့် ဆိုင်းငံ့ထားခဲ့သည်။

ထိုင်ဝမ်သို့ ၎င်းသွားရောက်ရန် အစီအစဉ် ရှိ/မရှိကိုတော့ ခရီးသွားလာမှုဆိုင်ရာ လုံခြုံရေးအစီအမံအရ ထုတ်ဖော်ပြောကြားရန် ငြင်းဆန်ထားသည်။

သို့သော် ဘိုင်ဒန်၏ မှတ်ချက်စကားမှာ အရင်းခံဖြစ်ကြောင်း နန်စီပလိုစီက ပြောကြားခဲ့သည်။

“ကျနော်တို့လေယာဉ် ပစ်ချခံရမှာ (ဒါမှမဟုတ်) တစ်ခုခုဖြစ်မှာကို စစ်ဘက်အရာရှိတွေက စိုးရိမ်ကြတယ်” ဟု ဘိုင်ဒန်က မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ရီပက်ဘလီကန်အမတ် နယူးဝပ်ဂျင်ဂရစ်ချ် (Newt Gingrich) အောက်လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူစဉ် ၁၉၉၇ ခုနှစ်တွင် ထိုင်ဝမ်သို့ လာရောက်ပြီးနောက်ပိုင်း ယခု နန်စီပလိုစီသည် အဆိုပါကျွန်းသို့ ပထမဆုံး လာရောက်မည့် အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်သည်။

“ထိုင်ဝမ်ကို ထောက်ခံကြောင်း ပြသဖို့က ကျမတို့အတွက် အရေးကြီးပါတယ်။ ထိုင်ဝမ်မှာ လွတ်လပ်ရေးရတယ်လို့ ဘယ်သူမှ မပြောဖူးပါဘူး။ အဲဒါက ထိုင်ဝမ်အပေါ်မှာပဲ မူတည်ပါတယ်” ဟု နန်စီပလိုစီက ပြောကြားခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

ကွပ်မျက်မှုသည် အာဆီယံအချက် ၅ ချက်အပေါ် လုံးဝဆန္ဒမရှိခြင်းဟု ဟွန်ဆန်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1551

CNI International News

ဖနွမ်ပင်၊ ဇူလိုင် ၂၇

မြန်မာအတိုက်အခံ တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်ခြင်းအပေါ် စိတ်ပျက်မိကြောင်း၊ များစွာ အပြစ်တင် ရှုတ်ချစရာ လုပ်ရပ်ဖြစ်ကြောင်း အာဆီယံက ထုတ်ဖော်ပြောကြားလိုက်သည်ဟု ဖနွမ်ပင်ပို့စ်သတင်းတွင် တွေ့ရသည်။

ယခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌတာဝန်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ထမ်းဆောင်နေသည်။

ထိုလုပ်ရပ်သည် အာဆီယံဥက္ကဋ္ဌ၏ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီရန် ဆန္ဒမရှိခြင်းကို ကိုယ်စားပြုနေကြောင်း ဇူလိုင် ၂၅ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။

“အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသည် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မေတ္တာရပ်ခံခဲ့သော်လည်း အတိုက်အခံ တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်လိုက်ခြင်းအတွက် အာဆီယံအနေဖြင့် လွန်စွာစိတ်ပျက်မိကြောင်း၊ အာဆီယံ၏ အလေးအနက် ထားရမည့် ကိစ္စအဖြစ် အခြားအာဆီယံ အဖွဲ့ဝင်များအနေဖြင့် ပြန်လည် စဉ်းစားကြရန်လိုကြောင်း” အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် နစကသည် အကြမ်းဖက်မှုကို ကူညီသည်ဟု စွပ်စွဲခံထားရသော အတိုက်အခံ တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်လိုက်ကြောင်း ဇူလိုင် ၂၅ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ ၄ ဦးမှာ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ ဖြစ်ကြသည်။

ကွပ်မျက်ခံသူ လေးဦးကိုတွေ့ရစဉ်

အာဆီယံဥက္ကဋ္ဌ၏ ကြေညာချက်ထဲတွင် “အကျပ်အတည်း၏ ရှုပ်ထွေးမှုနှင့် မြန်မာနိုင်ငံအရပ်ရပ်မှ အလွန်အမင်း တုန်လှုပ် ခြောက်ခြားနေသည့် ခံစားချက်ကို အသိအမှတ်ပြုကြောင်း၊ အာဆီယံ အသိုက်အဝန်း တစ်ခုလုံးက အခြေအနေ ထိန်းသိမ်း၍ စိတ်ရှည်သည်းခံကာ ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း” တိုက်တွန်းထားသည်။

ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၅၅ ကြိမ် မြောက် အာဆီယံဝန်ကြီများ အစည်းအဝေးမတိုင်မီ တစ်ပတ်အလိုတွင် ယခုပြစ်ဒဏ် ချမှတ်ခြင်းကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။

“ဒီလုပ်ရပ်ဟာ အလွန်ရှုတ်ချစရာ ဖြစ်ပြီးတော့ အထူးသဖြင့် သဘောတူထားတဲ့ အချက် ၅ ချက်အတွက် အာဆီယံဥက္ကဋ္ဌရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို ပံ့ပိုးကူညီလိုတဲ့ စိတ်ဆန္ဒ ကင်းမဲ့နေတယ်ဆိုတာ တွေ့ရပါတယ်။ အဲဒီအချက် ၅ ချက်ထဲမှာ ယုံကြည်မှု တည်ဆောက်ရန်၊ အကြမ်းဖက်မှုများ အဆုံးသတ်ရန်နှင့် အပြစ်မဲ့ပြည်သူများ သက်သာရာရစေဖို့ သက်ဆိုင်သူ အားလုံး တွေ့ဆုံဆွေးနွေးရန်တို့ ပါဝင်ပါတယ်” ဟု ကြေညာချက်ထဲတွင် ဆက်လက် ဖော်ပြထားသည်။

“အာဆီယံပဋိညာဉ် စာတမ်းပါ အခြေခံမူတွေနဲ့ အများသဘော ဆန္ဒအရ လုပ်ပိုင်ခွင့်တွေကို အာဆီယံက ကတိကဝတ် ပြုထားပါတယ်။ အာဆီယံဥက္ကဋ္ဌ ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ အနေနဲ့ အဲဒီအချက် ၅ ချက်ကို ထိထိရောက်ရောက်နဲ့ အပြည့်အဝ အကောင်အထည်ဖော်ဖို့ နေပြည်တော် အာဏာပိုင်တွေကို တိုက်တွန်းတဲ့အခါမှာ အာဆီယံနဲ့နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်း ကျယ်လောင်တဲ့ အသံတွေကို ပဲ့တင်ထပ်စေချင်ပါတယ်” ဟု ကြေညာချက်ထဲတွင် ထပ်လောင်း ပြောကြားထားသည်။

Source: Phnompenh Post

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားဓာတ်ငွေ့အပေါ် မှီခိုနေရမှုမှ ဖြတ်တောက်ရန် EU ရုန်းကန်နေရ

By CNI
CNI
Category: Watch TV
Hits: 865

Share
Tweet
Share
Share
powered by social2s

သေဒဏ်စီရင်မှု နိုင်ငံရေးဆွေး‌နွေးပွဲကို ထိခိုက်စေဟု PPST ပြော

By CNI
CNI
Category: Watch TV
Hits: 769

Share
Tweet
Share
Share
powered by social2s

AA က မြို့တွေကို တိုက်နိုင်ပေမယ့် မြို့ကို ထိန်းနိုင်ဖိုတော့ ခက်တယ်

By CNI
CNI
Category: Exclusive Interview
Hits: 1966

Share
Tweet
Share
Share
powered by social2s
  • 82
  • 83
  • 84
  • 85
  • 86
  • 87
  • 88
  • 89
  • 90
  • 91

Page 87 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar