CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

ကွပ်မျက်မှုသည် အာဆီယံအချက် ၅ ချက်အပေါ် လုံးဝဆန္ဒမရှိခြင်းဟု ဟွန်ဆန်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1326

CNI International News

ဖနွမ်ပင်၊ ဇူလိုင် ၂၇

မြန်မာအတိုက်အခံ တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်ခြင်းအပေါ် စိတ်ပျက်မိကြောင်း၊ များစွာ အပြစ်တင် ရှုတ်ချစရာ လုပ်ရပ်ဖြစ်ကြောင်း အာဆီယံက ထုတ်ဖော်ပြောကြားလိုက်သည်ဟု ဖနွမ်ပင်ပို့စ်သတင်းတွင် တွေ့ရသည်။

ယခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌတာဝန်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ထမ်းဆောင်နေသည်။

ထိုလုပ်ရပ်သည် အာဆီယံဥက္ကဋ္ဌ၏ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီရန် ဆန္ဒမရှိခြင်းကို ကိုယ်စားပြုနေကြောင်း ဇူလိုင် ၂၅ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။

“အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသည် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မေတ္တာရပ်ခံခဲ့သော်လည်း အတိုက်အခံ တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်လိုက်ခြင်းအတွက် အာဆီယံအနေဖြင့် လွန်စွာစိတ်ပျက်မိကြောင်း၊ အာဆီယံ၏ အလေးအနက် ထားရမည့် ကိစ္စအဖြစ် အခြားအာဆီယံ အဖွဲ့ဝင်များအနေဖြင့် ပြန်လည် စဉ်းစားကြရန်လိုကြောင်း” အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် နစကသည် အကြမ်းဖက်မှုကို ကူညီသည်ဟု စွပ်စွဲခံထားရသော အတိုက်အခံ တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်လိုက်ကြောင်း ဇူလိုင် ၂၅ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ ၄ ဦးမှာ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ ဖြစ်ကြသည်။

ကွပ်မျက်ခံသူ လေးဦးကိုတွေ့ရစဉ်

အာဆီယံဥက္ကဋ္ဌ၏ ကြေညာချက်ထဲတွင် “အကျပ်အတည်း၏ ရှုပ်ထွေးမှုနှင့် မြန်မာနိုင်ငံအရပ်ရပ်မှ အလွန်အမင်း တုန်လှုပ် ခြောက်ခြားနေသည့် ခံစားချက်ကို အသိအမှတ်ပြုကြောင်း၊ အာဆီယံ အသိုက်အဝန်း တစ်ခုလုံးက အခြေအနေ ထိန်းသိမ်း၍ စိတ်ရှည်သည်းခံကာ ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း” တိုက်တွန်းထားသည်။

ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၅၅ ကြိမ် မြောက် အာဆီယံဝန်ကြီများ အစည်းအဝေးမတိုင်မီ တစ်ပတ်အလိုတွင် ယခုပြစ်ဒဏ် ချမှတ်ခြင်းကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။

“ဒီလုပ်ရပ်ဟာ အလွန်ရှုတ်ချစရာ ဖြစ်ပြီးတော့ အထူးသဖြင့် သဘောတူထားတဲ့ အချက် ၅ ချက်အတွက် အာဆီယံဥက္ကဋ္ဌရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို ပံ့ပိုးကူညီလိုတဲ့ စိတ်ဆန္ဒ ကင်းမဲ့နေတယ်ဆိုတာ တွေ့ရပါတယ်။ အဲဒီအချက် ၅ ချက်ထဲမှာ ယုံကြည်မှု တည်ဆောက်ရန်၊ အကြမ်းဖက်မှုများ အဆုံးသတ်ရန်နှင့် အပြစ်မဲ့ပြည်သူများ သက်သာရာရစေဖို့ သက်ဆိုင်သူ အားလုံး တွေ့ဆုံဆွေးနွေးရန်တို့ ပါဝင်ပါတယ်” ဟု ကြေညာချက်ထဲတွင် ဆက်လက် ဖော်ပြထားသည်။

“အာဆီယံပဋိညာဉ် စာတမ်းပါ အခြေခံမူတွေနဲ့ အများသဘော ဆန္ဒအရ လုပ်ပိုင်ခွင့်တွေကို အာဆီယံက ကတိကဝတ် ပြုထားပါတယ်။ အာဆီယံဥက္ကဋ္ဌ ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ အနေနဲ့ အဲဒီအချက် ၅ ချက်ကို ထိထိရောက်ရောက်နဲ့ အပြည့်အဝ အကောင်အထည်ဖော်ဖို့ နေပြည်တော် အာဏာပိုင်တွေကို တိုက်တွန်းတဲ့အခါမှာ အာဆီယံနဲ့နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်း ကျယ်လောင်တဲ့ အသံတွေကို ပဲ့တင်ထပ်စေချင်ပါတယ်” ဟု ကြေညာချက်ထဲတွင် ထပ်လောင်း ပြောကြားထားသည်။

Source: Phnompenh Post

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားဓာတ်ငွေ့အပေါ် မှီခိုနေရမှုမှ ဖြတ်တောက်ရန် EU ရုန်းကန်နေရ

By CNI
CNI
Category: Watch TV
Hits: 741

Share
Tweet
Share
Share
powered by social2s

သေဒဏ်စီရင်မှု နိုင်ငံရေးဆွေး‌နွေးပွဲကို ထိခိုက်စေဟု PPST ပြော

By CNI
CNI
Category: Watch TV
Hits: 652

Share
Tweet
Share
Share
powered by social2s

AA က မြို့တွေကို တိုက်နိုင်ပေမယ့် မြို့ကို ထိန်းနိုင်ဖိုတော့ ခက်တယ်

By CNI
CNI
Category: Exclusive Interview
Hits: 1785

Share
Tweet
Share
Share
powered by social2s
နစက ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ကို ပုဂ္ဂိုလ်ရေးအရ လုပ်တာမဟုတ်ဘူးဟု နစက ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2531

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို ပုဂ္ဂိုလ်ရေးအရ သေဒဏ်စီရင်ခြင်းမဟုတ်ဘဲ ၎င်းတို့ သတ်ဖြတ်ခြင်းနှင့် ဖောက်ကွဲမှုလုပ်ရပ်များအပေါ် စီရင်ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ (ဇူလိုင် ၂၆ ရက်) နေ့လယ် ၁ နာရီက နေပြည်တော်မှာ ကျင်းပသည့် နစက၏ (၁၈)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားခဲ့ခြင်း ဖြစ်သည်။

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ပြည်သူအများအပြား တရားမျှတမှု ရှိစေရေးနဲ့ ပြည်သူနဲ့နိုင်ငံကြားမှာ တရားမျှတမှု ရှိစေရေး အတွက် အပြစ်မဲ့ ပြည်သူတွေကို အကြမ်းဖက် ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့သူများကို နစ်နာသူများ ကိုယ်စား တရားရုံး အဆင့်ဆင့်က လုပ်ထုံးလုပ်နည်း ဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ ဒီတရားခံတွေကို ခုခံချေပခွင့် ကျနော်တို့ ပေးခဲ့ပါတယ်။ ပြီးရင် သက်သေ အထောက်အထား အပြည့်အစုံအပေါ် အခြေပြု ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ပြည်တွင်းဥပဒေများ နဲ့ အညီ စစ်ဆေး စီရင်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ကန့်ကွက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ ကျနော်တို့ သိပါတယ်။ သို့သော် ပြည်တွင်း တည်ငြိမ် အေးချမ်းရေး တရားဥပဒေစိုးမိုးရေး လုံခြုံရေးအရ မဖြစ်မနေ ကျနော် တို့ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါတယ်။ ထပ်ပြီး ပြောချင်တာက သူတို့စွပ်စွဲနေသလို ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်ခဲ့တာမဟုတ် ပါဘူး။ ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်ခဲ့တာမဟုတ်ပါဘူး။ ဒါတရားဥပဒေနဲ့အညီပဲ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်”ဟု ပြော သည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလ များအတွင်းက ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

 အကျဉ်းထောင်လက်စွဲ အပိုဒ် ၆၆၀

၎င်းတို့သည် အုပ်ချုပ်ရေးမှူး၊ ဆရာ/ဆရာမများ၊ အရပ်သားများ၊ အစိုးရ အဆောက်အဦများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ စသည်တို့ကို တိုက်ခိုက် သတ်ဖြတ်ခဲ့ခြင်းကြောင့် နစက-က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀ (ည)တို့ဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်တွင် သေဒဏ် အမိန့်ချမှတ်ခဲ့သည်။

ထို့နောက် နစက-က အင်းစိန်အကျဉ်းထောင်မှာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို သေဒဏ်ပြစ်ဒဏ် ဆောင်ရွက်ပြီးစီးကြောင်း ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများက ကန့်ကွက် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။

အလားတူ မိသားစုဝင်များက ရုပ်အလောင်း ပြန်လည်ထုတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ဆူပူဆန္ဒပြမှုများ ဖြစ်ပွားမည် စိုးရိမ်သည့်အတွက် ထုတ်ပေးရန် မဖြစ်နိုင်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။

အကျဉ်းထောင်လက်စွဲ အပိုဒ် ၆၆၀

အကျဉ်းထောင်လက်စွဲ ဥပဒေတွင် အပိုဒ် ၆၆၀ တွင် ခန္ဓာကိုယ်အား နာရီဝက်တွဲလောင်း ရှိနေစေပြီးနောက် ဆရာဝန်ဖြင့် စစ်ဆေးကြည့်ရှု စေရမည်၊ ဆရာဝန်မှ အသက်မရှိတော့ကြောင်းကို ကြေညာသည်အထိ ခန္ဓာကိုယ်အား ဖြုတ်ယူခြင်းမပြုရ၊ သေဒဏ်ကြိုး ပေးခံရသော ရာဇဝတ်သား၏ ခန္ဓာကိုယ်အား ၎င်း၏ ဆွေမျိုးသားချင်းများ (သို့) မိတ်ဆွေများမှ တောင်းဆို ခြင်း မပြုမှသာ မြှုပ်နှံပစ်ရမည်၊ ခန္ဓာကိုယ်အား ဆွေမျိုးများ(သို့)မိတ်ဆွေများမှ တောင်းဆိုလာလျှင် ငြင်းဆိုရန် အထူး အကြောင်း ကိစ္စမရှိ လျှင် (အပိုဒ် ၁၀၁၉ ကြည့်ရန်) တံခါးကြီး၏ ပြင်ပသို့ သယ်ဆောင်သွားပြီးနောက် ထိုနေရာ ၎င်းတို့အား ပေးအပ်လိုက်ရ မည်ဟု ပြဋ္ဌာန်းထားသည်။

အကျဉ်းထောင်လက်စွဲ ဥပဒေ အပိုဒ် ၁၀၁၉ ၌ အကျဉ်းထောင်တွင် သေဆုံးသွားသော (သို့) သေဒဏ် အပေးခံရသော အကျဉ်းသား၏ ရုပ်ကလာပ်ကို ထိုအကျဉ်းသား၏ မိတ်ဆွေများမှ တောင်းဆိုလာလျှင် ပေးအပ်နိုင်သည်။ အထူး ဆန့်ကျင်ဘက်အကြောင်း တစ်စုံတစ်ရာ နှင့် အကျိုးယုတ်နိုင်သော အကြောင်းများ ရှိလျှင် မပေးအပ်ရ (ဥပမာ- အကျဉ်းသားသည် ကူးစက်ရောဂါကြောင့် သေဆုံး ခြင်း (သို့) အကျဉ်းထောင်တွင်း သေဒဏ်ပေး၍ သေဆုံးသော အကျဉ်းသားဖြစ်လျှင်၊ ၎င်း၏ ရုပ်အလောင်းကို သင်္ဂြိုလ် သည့်အခါ ဆန္ဒပြမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု မှတ်ယူနိုင်ရန် အကြောင်းရှိသည်ဟု ထင်မြင်လျှင် မပေးအပ်ရ)ဟု ပြဋ္ဌာန်း ထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
PPST ညီလာခံကျင်းပခဲ့ခြင်းကို တွေ့ရစဉ်

သေဒဏ်စီရင်မှု နိုင်ငံရေးဆွေး‌နွေးပွဲကို ထိခိုက်စေဟု PPST ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1216

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လူလေးဦးကို သေဒဏ်စီရင်မှုကြောင့် နိုင်ငံ‌ရေးဆွေးနွေးပွဲများကို ထိခိုက်စေကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို သွားမည်ဆိုပါက ပြည်သူလူထု၏ လိုလားချက်ကို အလေးထားရမှာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် တို့ကိုတွေ့ရစဉ်

ဗိုလ်မှူးကြီးစောကျော်ညွန့်က “ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု သွားမယ်ဆိုရင် ဒီမိုကရေစီ အစုအဖွဲ့တွေ အားလုံး ဒီမိုကရေစီ အစုအဖွဲ့လို့ ပြောလိုက်မယ်ဆိုရင် ဒီမိုကရေစီလို့ ပြောလိုက်ရင် ကျနော်တို့က ပြည်သူလူထုကို အရင်ဆုံး သတိရဖို့ ပြည်သူလူထုမှာ ဖြစ်ပေါ်နေတဲ့ ခံစားမှုတွေ ပြည်သူလူထုရဲ့ လိုလားချက်တွေကို ကျနော်တို့ အလေးထားရမှာ ဖြစ်ပြီးတော့ ဖက်ဒရယ်လို့ ပြောလိုက်မယ်ဆိုရင်လည်း တိုင်းရင်းသားများအားလုံး လိုလားတောင်းတနေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စသဖြင့် ပေါ့လေ၊ ဒါတွေလည်း ကျနော်တို့ အလေးထားရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ခုနက ပြောတဲ့ အချက်ထဲမှာဆိုရင် လက်ရှိ ကတော့ ဒီလိုမျိုး ဖြစ်ပျက်နေတဲ့ ကိစ္စရပ် တစ်ခုကတော့ ချုပ်ပြီးတော့ ပြောလိုက်မယ်ဆိုရင် ကျ‌နော်တို့ ပြောနေတဲ့ အားလုံး ပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်မယ့် နည်းလမ်းကို အဖြေရှာတဲ့ နိုင်ငံရေးဆွေးနွေးပွဲ အတွက်ကတော့ တစ်စုံတစ်ရာ အတိုင်းအတာ တစ်ခုအထိတော့ ကြန့်ကြာမှုတွေ ထိခိုက်မှုတွေ အဲဒီလိုမျိုး ရှိမယ်ဆိုတာကတော့ ကျနော်တို့ အဲဒီလိုပဲ သုံးသပ်မိပါတယ်ခင်ဗျ” ဟု ပြောသည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ လေးဦးကို ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးစီးကြောင်း ဇူလိုင် ၂၅ ရက်တွင် နစက၏ ပြန်ကြားရေးဝန်ကြီးဌာနပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။

အဆိုပါ သေဒဏ်စီရင်မှုကို အရပ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီအချို့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ရှုတ်ချခဲ့ကြသည်။

 RCSS ဗိုလ်ချုပ်ကြီး ယွက်စစ် နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွေ့ဆုံစဉ်

ဗိုလ်မှူးကြီး စောကျော်ညွန့်က “ဒီလိုမျိုး နိုင်ငံရေးအခြေအနေက ပုံမှန်မရှိတဲ့ ကာလမှာ PPST အနေနဲ့ကတော့ တွေ့ဆုံညှိနှိုင်း အဖြေရှာတဲ့ နည်းကပဲ ဆက်လက် ဆောင်ရွက်သွားဖို့က အဲဒီကဏ္ဍမှာ ရပ်တည်ချက်ရှိတယ်၊ အဲဒီအပေါ်မှာ ခုနက ဆရာပြော တဲ့ သေဒဏ် ချမှတ်ခံထားရတဲ့ တခြားသူတွေလည်း ရှိသေးတယ်၊ အဲဒီလူတွေ အပေါ်မှာလည်းပဲ လက်ရှိကလည်း တစ်တိုင်း ပြည်လုံးကလည်း အသံတွေ အမျိုးမျိုး ထွက်နေတယ်ဆိုတာလည်း ကျ‌နော်တို့ ကြားသိရပြီး ဖြစ်တယ်။ ကျနော်တို့ အနေနဲ့ ကတော့ တစ်တိုင်းပြည်လုံးကို လွှမ်းခြုံတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းတည်ဆောက်တဲ့ အချိန်မှာ တစ်တိုင်း ပြည်လုံးမှာ ဖြစ်တည်နေတဲ့ ပြည်သူလူထုရဲ့ လိုလားချက် အစုအဖွဲ့ အသီးသီးတွေရဲ့ လိုလားချက် အပေါ်မှာ အခြေခံပြီးတော့ ကျ‌နော်တို့ အနေနဲ့ ဒီကိစ္စရပ်တွေကို တားဆီးနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေး၊ အပြန်အလှန် ညှိနှိုင်းခြင်းနဲ့ပဲ ကျနော်တို့ ဆက် လက် ဆောင်ရွက် သွားသင့်တယ်ဆိုတာ အမြင်ရှိပါတယ်” ဟု ပြောသည်။

လက်ရှိ PPST ကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။

အဆိုပါ PPST အဖွဲ့အစည်းများနှင့် နစကကြား မေလ ၂၂ ရက်မှ ဇူလိုင် ၇ ရက်အတွင်း တွေ့ဆုံ ဆွေးနွေးထားကြသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

တရုတ်စစ်တပ် ရန်လိုခြိမ်းခြောက်မှု ပိုများလာဟု အမေရိကန်စစ်ဗိုလ်ချုပ်ကြီးပြော

By CNI
CNI
Category: Watch TV
Hits: 660

Share
Tweet
Share
Share
powered by social2s

တရုတ်စစ်တပ် ရန်လိုခြိမ်းခြောက်မှု ပိုများလာဟု အမေရိကန်စစ်ဗိုလ်ချုပ်ကြီးပြော

By CNI
CNI
Category: Watch TV
Hits: 684

Share
Tweet
Share
Share
powered by social2s

ရုရှားလက်လျှော့ရင်တောင် ယူကရိန်း အညံ့ခံမည်မဟုတ်ဟု ဇာလန်းစကီးပြော

By CNI
CNI
Category: Watch TV
Hits: 641

Share
Tweet
Share
Share
powered by social2s

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်စီရင်ခြင်း လူထုတုံ့ပြန်မှု ကြီးမားလာမည်

By CNI
CNI
Category: Watch TV
Hits: 665

Share
Tweet
Share
Share
powered by social2s

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်စီရင်ခြင်း လူထုတုံ့ပြန်မှု ကြီးမားလာမည်

By CNI
CNI
Category: Watch TV
Hits: 610

Share
Tweet
Share
Share
powered by social2s
စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်

သေဒဏ်စီရင်မှု တိုင်းပြည်၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေဟု UNA ထုတ်ပြန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 2020

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ လေးဦးကို နစက-က သေဒဏ်စီရင်ခြင်းသည် လူ့ဂုဏ်သိက္ခာကို လေးစားသမှု မရှိသလို တိုင်းပြည်၏ ဂုဏ်သိက္ခာကိုပါ အကြီးအကျယ် ညှိုးနွမ်းစေပါသည်ဟု စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)က ယနေ့ (ဇူလိုင် ၂၅ ရက်) ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ယနေ့ (ဇူလိုင် ၂၅ ရက်)ထုတ် မြန်မာ့အလင်းနှင့်ကြေးမုံ သတင်းစာတွင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာ သော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့အား လုပ်ထုံးလုပ်နည်းများအတိုင်း ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်ကြောင်း ဖော်ပြပါရှိကြောင်း၊ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့အပေါ် သေဒဏ်ချမှတ်ခြင်းသည် ပင်လျှင် တရားနည်းလမ်းကျသည့် ကိစ္စရပ်မဟုတ်သည့်အပြင် ယခုကဲ့သို့ မတရား အမိန့်ချမှတ်ထားသည့် သေဒဏ်အား ပြစ်ဒဏ်စီရင် ဆောင်ရွက်ခြင်းသည်သာ၍ နည်းလမ်းလည်းမကျ တရားဥပဒေနှင့်လည်း ကိုက်ညီမှု မရှိပါကြောင်း ဖော်ပြ ထားသည်။

UNA ထုတ်ပြန်ချက်

UNA က “ ဒီမိုကရေစီတိုင်းပြည် တည်ဆောက်ရန် ရည်သန်နေသော နိုင်ငံတစ်ခုအနေဖြင့် ဤသို့သော ပြစ်ဒဏ် စီရင်ခြင်း သည် မဖြစ်သင့်သည့် ကိစ္စဖြစ်သကဲ့သို့ ယဉ်ကျေးသည့် လူ့အသိုင်းအဝိုင်းနှင့်လည်း လျော်ညီအပ်စပ်မှုမရှိပါ။ လူ့ဂုဏ် သိက္ခာကို လေးစားသမှု မရှိသလို တိုင်းပြည်၏ ဂုဏ်သိက္ခာကိုပါ အကြီးအကျယ် ညှိုးနွမ်းစေပါသည်။ နိုင်ငံ့အာဏာကို မတရားသိမ်းယူထားသည့် စစ်ကောင်စီ၏ တိုင်းသူပြည်သားတို့အပေါ် ပြစ်မှု ကျူးလွန်သော လူမဆန်သည့် လုပ်ရပ်အဖြစ် မှတ်ကျောက်တင်ထားရမည်ပင် ဖြစ်သည်”ဟု ပြောသည်။

ထို့နောက် ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့အား မတရားသေဒဏ်ချမှတ်ပြီး ပြစ်ဒဏ် စီရင်ခြင်းအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း UNA က ထုတ်ပြန်ခဲ့သည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့ဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်က သေဒဏ် အမိန့်ချမှတ်လိုက်ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဇူလိုင် ၂၅ ရက်တွင် သေဒဏ်ကျခံနေသူ လေးဦးကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ပြစ်ဒဏ် စီရင်ပြီးစီး ကြောင်း ထုတ်ပြန် ကြေညာသွားခဲ့သည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဒေါက်တာမေဝင်းမြင့် NLD ဗဟိုအလုပ်ကော်မတီမှာ တာဝန်ထမ်းဆောင်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1436
 
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ အလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမေဝင်းမြင့်သည် နွေဦးတော်လှန်ရေး ကာလအတွင်း ဖွဲ့စစည်းခဲ့သော NLD ဗဟိုအလုပ်ကော်မတီတွင် တာဝန်ထမ်းဆောင်နေကြောင်း ယနေ့ (ဇူလိုင် ၂၅ ရက်) ထုတ်ပြန်ခဲ့သည်။
 
ဒေါက်တာမေဝင်းမြင့်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။ သူ၏ ပြိုင်ဘက်မှာ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင် ဖြစ်သည်။
 
 
ဒေါက်တာမေဝင်းမြင့်သည် ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများတွင်လည်း အနိုင်ရရှိခဲ့သော လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်သည်။
 
 
 
Share
Tweet
Share
Share
powered by social2s
အမေရိကန်သံရုံးထုတ်ပြန်ချက်

နစက၏ ကွပ်မျက်ခြင်းကို ရှုတ်ချဟု အမေရိကန်သံရုံးထုတ်ပြန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1107

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်အား နစကမှ သေဒဏ်စီရင်ခဲ့ခြင်းကို မိမိတို့ ရှုတ်ချပါ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်။

၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်ဟောင်း ကိုဖြိုးဇေယျာသော် တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့ဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်က သေဒဏ် အမိန့်ချမှတ်လိုက်ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကိုတွေ့ရစဉ်

ထို့နောက် သေဒဏ် ကျခံနေရသော လူ ၄ ဦးကို ဉပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင် ပြီးစီးကြောင်း ယနေ့ (ဇူလိုင် ၂၅ ရက်)တွင် နစကဘက်က သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်သံရုံးက “ မိမိတို့၏ အခြေခံကျသော လွတ်လပ်ခွင့်များကို ကျင့်သုံးခြင်းကြောင့် ဒီမိုကရေစီလိုလားသည့် ခေါင်းဆောင်များနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များကို စစ်အာဏာရှင် အဖွဲ့အစည်းက ကွပ်မျက်ခဲ့ခြင်းကို မိမိတို့ ရှုတ်ချပါသည်”ဟု ပြောသည်။

ထို့နောက် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ဆုံးရှုံးရခြင်းအတွက် မြန်မာပြည်သူ များနှင့်အတူ မိမိတို့ ပူဆွေးသောက ရောက်ရပါကြောင်း၊ ကျန်ရစ်သူ မိသားစုများ၊ မိတ်ဆွေ ရောင်းရင်းများစွာနှင့်ထပ်တူ မိမိတို့ ဝမ်းနည်းစိတ်မကောင်း ဖြစ်မိပါကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ဇာလန်းစကီးကိုတွေ့ရစဉ်

ရုရှားလက်လျှော့ရင်တောင် ယူကရိန်း အညံ့ခံမည်မဟုတ်ဟု ဇာလန်းစကီးပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1390

CNI International News

ကိယက်ဗ်၊ ဇူလိုင် ၂၅

ရုရှားက လက်လျှော့လာရင်တောင် ယူကရိန်းအနေဖြင့် အညံ့ခံမည်မဟုတ်ကြောင်း ယူကရိန်း သမ္မတဇာလန်းစကီးက ဇူလိုင် ၂၄ ရက်၌ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ထို့နောက် ၅ လကြာ ရုရှားတိုက်ခိုက်မှု ခံနေရသော်လည်း ယူကရိန်းသည် မိမိတို့ရန်သူကို တတ်နိုင်သမျှ အထိနာအောင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတဇာလန်းစကီးက ဇူလိုင် ၂၄ ရက်၌ ၎င်း၏ ညစဉ်ပြောနေကျ ဗွီဒီယို မိန့်ခွန်းထဲ၌ အလေးပေး ပြောကြားသွားခဲ့သည်။

“သိမ်းပိုက်တဲ့ သူတွေတောင်မှ ကျနော်တို့ နိုင်လိမ့်မယ်လို့ ဝန်ခံကုန်ပြီ။ သူတို့စကားဝိုင်းတွေမှာ အဲဒါမျိုး တစ်ချိန်လုံးကြား နေရပါတယ်။ သူတို့ဆွေမျိုးသားချင်းတွေနဲ့ ဆက်သွယ်တဲ့အခါမှာ သူတို့ပြောနေတာကို ကြားတာပါ” ဟု ၎င်းက ပြောကြား ခဲ့သည်။

ယမန်နှစ် ဩဂုတ်လတွင် နှစ်စဉ်အားလပ်ရက် အသစ်တစ်ခု သမ္မတအနေဖြင့် သတ်မှတ် ကြေညာပေးခဲ့ရာ၌ ထိုနေ့ တစ်နှစ်ပြည့်ချိန် လာမည့်ရက်ပိုင်းအလို ဇူလိုင် ၂၈ ရက်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇာလန်းစကီးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယူကရိန်း အမျိုးသားနဲ့အမျိုးသမီး အတွဲကိုတွေ့ရစဉ်

ပြီးခဲ့သည့် လများအတွင်း အဆိုပါနေ့ရောက်တိုင်း ပြောကြားခဲ့သော စကားများအတိုင်းပင် ဇာလန်းစကီးသည် ယူကရိန်း အနေဖြင့် အညံ့ခံ သွားမည်မဟုတ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

“ရန်သူကို တတ်နိုင်သမျှ အထိခိုက်ဆုံး ဖြစ်စေဖို့နဲ့ ယူကရိန်းအတွက် အထောက်အပံ့တွေ ရသလောက် စုဆောင်းဖို့ ကိစ္စရပ် အားလုံးကို ကျနော်တို့ ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ယမန်နှစ်ကမှ စတင်သတ်မှတ်ခဲ့သော အားလပ်ရက်များ နီးကပ်လာသည်နှင့်အမျှ ရက်စက်သည့် စစ်ပွဲတစ်ခုအတွက် ယူကရိန်းသည် အရေးကြီးသည့် ရက်သတ္တပတ်သို့ ရောက်လာမည်ဟု ဇာလန်းစကီးက ဖြည့်စွက် ပြောကြားခဲ့သည်။

“ဒါပေမယ့် ကျနော်တို့က ထူးထူးခြားခြား တစ်ခုအနေနဲ့ အခုရင်ဆိုင် နေရတာတွေနဲ့ မတူတာမျိုး ဆင်နွှဲသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ယူကရိန်းနိုင်ငံသူ၊ နိုင်ငံသားတွေဟာ (ရန်သူ့ရှေ့) ဒူးထောက်ကြမှာ မဟုတ်လို့ပါပဲ” ဟု ၎င်း၏ သဘောထား မှတ်ချက်ကို ရိုက်တာက ဖော်ပြထားသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
သမ္မတဟောင်း ဂိုတာဘာယာရာဂျာပက်ဆာကို တွေ့ရစဉ်(Reuters)

သီရိလင်္ကာသမ္မတဟောင်းကို ဖမ်းဆီးပေးရန် စင်ကာပူထံ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့တိုင်ကြား

By CNI
CNI
Category: နိုင်ငံရေး
Hits: 1309

CNI International News

ကိုလံဘို ဇူလိုင် ၂၅

သီရိလင်္ကာသမ္မတဟောင်းကို ပြည်တွင်းစစ်အတွင်း စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သဖြင့် ဖမ်းဆီးပေးရန် စင်ကာပူရှေ့နေချုပ်ထံသို့ ပြစ်မှုကြောင်းဆိုင်ရာတိုင်ကြားချက်တစ်ရပ်ကို လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ဇူလိုင် ၂၄ ရက်တွင် ပေးပို့တိုင်ကြားခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်၌ တွေ့ရသည်။

သမ္မတဟောင်း ဂိုတာဘာယာရာဂျာပက်ဆာသည် ၎င်းနိုင်ငံ၏စီးပွားရေးပြိုလဲမှုကြောင့် ရာထူးမှအဖယ်ရှားခံခဲ့ရပြီး ယခုလ အစောပိုင်းတွင် စင်ကာပူနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ၎င်းသည် ၂၀၀၉ ခုနှစ်တွင် ပြီးဆုံးခဲ့သော သီရိလင်္ကာ ပြည်တွင်းစစ်၌ ကာကွယ်ရေးအတွင်းဝန်အဖြစ်လည်း တာဝန်ယူခဲ့ဖူးသည်။

တောင်အာဖရိက နိုင်ငံအခြေစိုက် အကျိုးအမြတ်မယူသော ဖောင်းဒေးရှင်း၏ စီမံခန့်ခွဲမှု အောက်ရှိ နိုင်ငံတကာ အမှန်တရား နှင့်မျှတမှုစီမံချက် (ITJP) အရ သီရိလင်္ကာ သမ္မတဟောင်းကို ချက်ချင်းဖမ်းဆီးပေးရန် တောင်းဆိုထားသည့် တိုင်ကြားချက် ကို ၎င်းဖောင်ဒေးရှင်းအဖွဲ့၏ ရှေ့နေများက တိုင်ကြားခဲ့ကြကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံသား တစ်ဦးကိုတွေ့ရစဉ်(AP)

သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာသည် ဂျနီဗာကွန်ဗန်းရှင်းပါ သဘောတူညီချက်များကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ ကြောင်း၊ ပြည်တွင်းစစ်အတွင်း ၎င်း၏ ချိုးဖောက်မှုများသည် စင်ကာပူသို့ ယခုလာရောက် စွဲချက်တင်သည့် စစ်ရာဇဝတ်မှု မြောက်သည့် လုပ်ရပ်များဖြစ်ကြောင်း အဆိုပါ တိုင်ကြားချက်ထဲတွင် စွပ်စွဲထားသည်။

သီရိလင်္ကာနိုင်ငံတွင် စီးပွားရေး အကျပ်အတည်း ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့၍ ပြည်တွင်းရှိ ပြည်သူ ၂၂ သန်းတို့သည် ဆေးဝါး၊ လောင်စာဆီနှင့် အစားအစာများ အပါအဝင် မရှိမဖြစ်လိုအပ်သော အသုံးအဆောင်များ ပြတ်လပ်မှုကြားထဲတွင် ကြိုးစား ရုန်းကန်နေရသည်။

လပေါင်းများစွာ ကြုံတွေ့ခဲ့ရသော ဆန္ဒပြမှုများသည် ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခုစလုံးတွင် နိုင်ငံကို အုပ်စိုးခဲ့သည့် ရာဂျာပက်ဆာ နိုင်ငံရေး မိသားစုအပေါ် ဒေါသများ ပုံကျခဲ့ကြသည်။

“စီးပွားရေး ချွတ်ခြုံမှုကနေ အစိုးရတစ်ရပ် ပြုတ်ကျတာ မြင်တွေ့ခဲ့ရပေမယ့် သီရိလင်္ကာ အကျပ်အတည်းကတော့ ဆယ်စုနှစ် ၃ ခု (ဒါမှမဟုတ်) အဲဒီထက်ပိုဆိုးမယ့် ဖွဲ့စည်းပုံဖြစ်တည်ပုံကြောင့် ပေါ်ပေါက်လာတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ၊ ပြစ်ဒဏ် တွေနဲ့ ဆက်စပ်နေပါတယ်” ဟု ITJP အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ယာစမင်ဆိုခါက ပြောကြားခဲ့သည်။

“အခု ကျမတို့ တိုင်ကြားချက်ဟာ အကျင့်ပျက်ခြစားမှုနဲ့ စီးပွားရေး စီမံခန့်ခွဲမှု အလွဲတွေသာမကဘဲ လူအစုလိုက် အပြုံလိုက် ကို ရက်စက်ကြမ်းကြုတ်စွာ ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့အပေါ် တာဝန်ခံစေဖို့လည်း အသိအမှတ်ပြုပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 82
  • 83
  • 84
  • 85
  • 86
  • 87
  • 88
  • 89
  • 90
  • 91

Page 87 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar