CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ပရတ်ဆိုခွန်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုမည်ဟု နစကဥက္ကဋ္ဌ ကတိပြုကြောင်း အာဆီယံအထူးသံတမန်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1594

CNI International News

ဖနွမ်ပင်၊ ဇူလိုင် ၂၂

အရပ်သား ခေါင်းဆောင်ဟောင်းနှင့် တွေ့ဆုံခွင့် အလားအလာကောင်းများ ရှိနေသည်ဟု နစကဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိကို ကတိပြုခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံ အထူးသံတမန် ပရတ်ဆိုခွန်က ပြောကြားခဲ့သည်ဟု ဖနွမ်ပင်ပို့စ် ဝက်ဘ်ဆိုက်တွင် ဇူလိုင် ၂၁ ရက် (ယမန်နေ့) ရက်စွဲဖြင့် ဖော်ပြထားသည်။

ပရတ်ဆိုခွန်သည် ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၃ ရက်အထိ မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ခဲ့ပြီး အာဆီယံ သဘောတူညီမှု အချက် ၅ ချက်ကို တိုးတက်အောင် လုပ်ဆောင်နိုင်ရန်အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ သည်။

ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ တိုင်းပြည်တွင် ဖြစ်ပွားနေသည့် အကျပ်အတည်းကို ဖြေရှင်းရန် ယမန်နှစ်ကတည်းက ကြိုးပမ်းနေခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အာဆီယံအထူးသံတမန် ပရတ်ဆိုခွန်သည် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအတွက် အရေးပါသော ဇာတ်ဆောင် တစ်ဦးဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့် တောင်းခဲ့သည့်အပြင် အားလုံးပါဝင်နိုင်သည့် တွေ့ဆုံဆွေးနွေး ရေး တိုးတက်စေရန် တိုက်တွန်းနေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်

ထိုသို့ ပရတ်ဆိုခွန်က အစဉ်တစိုက် တောင်းဆိုခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံနိုင်ခဲ့သေးပေ။

“ကျနော်တို့ လေးစားလိုက်နာရမယ့် ဥပဒေ လုပ်ထုံးလုပ်နည်း တချို့ ရှိပါတယ်။ ဒါပေမယ့် အနာဂတ်မှာ ဒေါ်အောင်ဆန်းစု ကြည်နဲ့ တွေ့ဆုံနိုင်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်က ကတိပေးထားပါတယ်” ဟု ပရတ်ဆိုခွန်က ပြော ကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ဖြစ်သူ ပရတ်ဆိုခွန်သည် ဇူလိုင် ၂၁ ရက်တွင် ပြုလုပ်သည့် ဗွီဒီယို ကွန်ဖရင့် တွေ့ဆုံမှု (အွန်လိုင်းအစည်းအဝေး)တွင် အထူးဆွေးနွေးချက် အနေဖြင့် မြန်မာနိုင်ငံအတွက် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှု ဆိုင်ရာ နောက်ဆုံး အခြေအနေကို ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ ကွန်ဖရင့်တွေ့ဆုံမှုကို ISEAS – Yusof Ishak Institute ၏ စီစဉ်မှုဖြင့် အာဆီယံ လေ့လာရေးဌာနက တင်ဆက်ပေး ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ရန် သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံခွင့် ပြုရန်မှာ မိမိလုပ်ပိုင်ခွင့်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း ပရတ်ဆိုခွန်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကို ၎င်းအနေဖြင့် ပထမဆုံးအကြိမ် ရောက်ရှိပြီးကတည်းက အဆိုပါ ရည်မှန်းချက်ပန်းတိုင်ကို လှမ်းကိုင်နိုင်ရန် အတွက် ကြိုးပမ်းခဲ့ကြောင်း ဖနွမ်ပင်ပို့စ် ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

Source: Phnompenh Post

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ရခိုင်ပြည်နယ်ကို တွေ့ရစဉ်

AA နှင့် တပ်မတော်တို့ တိုက်ပွဲပြန်ဖြစ်ပါက ရခိုင်တစ်ပြည်လုံးတွင် ဖြစ်ပွားနိုင်ဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2433

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂

ရက္ခိုင့်တပ်တော် (AA) နှင့် တပ်မတော်အကြား တိုက်ပွဲများ ပြန်ဖြစ်ပွားပါက ရခိုင်တစ်ပြည်နယ်လုံးတွင် ဖြစ်ပွားလာနိုင် ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၀ ခုနှစ် မတိုင်ခင်က AA နှင့် တပ်မတော်တို့၏ တိုက်ပွဲမှာ ရခိုင်ပြည်မြောက်ပိုင်းတွင်သာ အများစု ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပါက ရခိုင်ပြည်၏ ၃ ပုံ ၂ ပုံအထိ ကျယ်ပြန့်လာနိုင်ကြောင်း ၎င်းက ပြောသည်။

ဦးဖေသန်းက “သူတို့ ဖြစ်ချင်ရင် ဖြစ်ချင်သလောက် တိုက်ပွဲတွေက ကျယ်ပြန့်မှာပဲ။ ဘာလို့လဲဆိုတော့ အရင်တုန်းက ၂၀၂၀ မှာ ULA/AA တပ်ဖွဲ့တွေက ရခိုင်ပြည် မြောက်ပိုင်းလောက်ပဲ အဓိကထားပြီးတော့ သူတို့ အုပ်ချုပ်ရေးတို့၊ တရားစီရင်ရေးတို့ စစ်‌ရေးတို့ကို လွမ်းမိုးထားတာ ရှိတယ်။ ဒါပေမဲ့ အခုဆို ရခိုင်ပြည်အလယ်ပိုင်း နပခရှိတဲ့ နေရာအထိ စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေးကို သူတို့ဖက်က ချဲ့ထွင်လာတယ်။ နောက် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုရင် ရခိုင်ပြည်နယ် တောင်ပိုင်းအထိ ဩဇာသက်ရောက်မှု ရှိလာတယ်ဆိုတဲ့ အခြေအနေမှာ ဖြစ်မယ်ဆိုရင်တော့ ရခိုင်တစ်ပြည်လုံးကို ဖြစ်လောက်တယ်လို့ ပြော လို့ ရတာပေ့ါ။ စစ်ရေးအားဖြင့်လည်း အရင်တုန်းကထက် ပိုပြီးတော့ ရခိုင်ပြည်ရဲ့ ၃ ပုံ ၂ ပုံလောက်ကတော့ စစ်ရေးဟာ ပိုပြီး တော့ ကျယ်ပြန့်လာမယ့် အနေအထားမျိုးတော့ ရှိပါတယ်။ သူတို့ ကျယ်ပြန့်အောင် တိုက်ရင်တော့ ကျယ်ပြန့်အောင် တိုက်နိုင် တဲ့ အခြေအနေမျိုး ရှိပါတယ်။ နှစ်ဖက်စလုံးမှာပေါ့” ဟု CNI သို့ ပြောသည်။

 ရခိုင်ပြည်နယ်အတွင်းက မြို့ကြီးများကို သွားနိုင်သော လမ်းညွန်းများကိုတွေ့ရစဉ်

လက်ရှိ ရခိုင်ပြည်နယ်တွင် AA နှင့် တပ်မတော်တို့ စစ်ရေးတင်းမာလျှက်ရှိကြောင်း၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော် တို့မှ ပြည်သူ ၄၅ ဦးကို တပ်မတော်က ဖမ်းဆီးထားသလို AA ဘက်ကလည်း တပ်မတော်မှ ဗိုလ်ကြီးအဆင့် ရှိသူ အပါအဝင် တပ်ကြပ်၊ တပ်သားနှင့် ရဲသားများကို အပြန်အလှန် ဖမ်းဆီးထားသည်။

ထို့အတူ ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်က မောင်တောမြို့နယ်တွင် AA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ ဝင် ၁၄ ဦးကို AA က ဖမ်းဆီးထားကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖမ်းဆီးမှုမှာ ပြီးခဲ့သည့် ဇူလိုင် ၄ ရက်က ကရင်ပြည်နယ်အတွင်းရှိ AA တပ်စခန်းကို တပ်မတော်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း AA ပြန်ကြား‌ရေးတာဝန်ခံ ခိုင်သုခက Western News ကို ပြောကြားခဲ့ သည်။

လက်ရှိ အနေအထားအရ ရခိုင်မှာ တိုက်ပွဲများ မဖြစ်လာရန် ညှိနှိုင်းမှု ရှိ/မရှိဆိုသည်ကို မသိရှိရသေးကြောင်း၊ သို့သော်လည်း နှစ်ဖက်စလုံး တိုက်ပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လိုသည့် သဘောမရှိကြောင်း ဦးဖေသန်းက ပြောသည်။

 ၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၁၃ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဆာဆာကာဝါ တွေ့ဆုံစဉ်

ဦးဖေသန်းက “သူတို့အနေနဲ့တော့ ညှိနှိုင်းမှုရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ တိုက်ပွဲတွေကို သိပ်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ချင်ပုံတော့ မရဘူး။ နှစ်ဖက်စလုံးမှာ အဲဒီလို သဘောမျိုးတော့ တွေ့နေရတယ်။ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ချင်တယ်ဆိုရင် တော့ တိုက်ပွဲတွေ တိုက်လို့ရတာပေါ့။ ဒီစခန်းက သိနေတာပဲ။ ULA/AA ရဲ့ စခန်းလည်း သိတယ်။
စစ်တပ်ရဲ့ စခန်းကိုလည်း ဟိုဖက်က သိတယ်ဆိုတော့ ဖြစ်မယ်ဆိုရင် နေရာစုံမှာ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ အဲဒီလိုလည်း မဟုတ်ပါဘူး။ တစ်ချက်ဖြစ်ပြီး တော့ ပြန်ငြိမ်သွားတယ်ဆိုတဲ့ အခြေအနေမျိုးရှိတယ်၊ ဒါပေမဲ့ ULA/AA ဖက်ကလည်း နောက်ထပ် သတိပေးချက်တွေ ထုတ်ပြန် လာတာရှိတယ် ပြည်သူတွေကို သတိပေးထားတာရှိတယ်၊ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်” ဟု CNI သို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ အထိ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝဒေသ ဘက်တွင် ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA ကြား တိုက်ပွဲများ ရပ်တန့်နိုင်ရေး ဂျပန်အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါက ကြားဝင် စေ့စပ်ပေးခဲ့သည်။

ထို့နောက် တိုက်ပွဲများ နားလည်မှုအရ ရပ်တန့်ခဲ့ပြီး ယခုအခါမှာတော့ တဖန်ပြန်လည်ကာ နှစ်ဖက် စစ်ရေး တင်းမာလာနေ ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
လစ်ဇ်ထရက်စ်နဲ့ ဗြိတိန်တပ်ဖွဲ့ကိုတွေ့ရစဉ်

ယူကရိန်းသို့ တပ်များစေလွှတ်ခြင်းကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ကန့်ကွက်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1154

CNI International News

လန်ဒန်၊ ဇူလိုင် ၂၂

ယူကရိန်းစစ်ရေး ပဋိပက္ခအတွင်းသို့ ဗြိတိန်တပ်ဖွဲ့ဝင်များ စေလွှတ်၍ တိုက်ရိုက် ပါဝင်ပတ်သက်နေခြင်းအပေါ် ဗြိတိန်နိုင်ငံ ခြားရေးဝန်ကြီး လစ်ဇ်ထရက်စ် (Liz Truss) က ဇူလိုင် ၂၁ ရက်တွင် ကန့်ကွက်ခဲ့ကြောင်း တာစ့်သတင်းဌာနက ရေးသား ဖော်ပြသည်။

ကွန်ဆာဗေးတစ်ပါတီ၏ ခေါင်းဆောင်နေရာနှင့် ဝန်ကြီးချုပ် ရာထူးအတွက် ပြိုင်ဆိုင်ရာ၌ နောက်ဆုံးအဆင့် (ဆန်ခါတင်) အထိ ရောက်ရှိလာသူ လစ်ဇ်ထရက်စ်က “ယူကရိန်းကို ထောက်ခံဖို့ ကျမတို့ တတ်နိုင်သမျှ လုပ်ဆောင်နေပါတယ်။ နိုင်ငံ တကာ ညွန့်ပေါင်းတပ်ဖွဲ့ကို လက်နက်တွေ ပေးပို့ဖို့ ကျမတို့ပဲ ဦးဆောင်ခဲ့တာပါ။ ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ် ထားပေမယ့် ဗြိတိန်တပ်တွေရဲ့ တိုက်ရိုက် ပါဝင်ပတ်သက်မှုကိုတော့ ကန့်ကွက်တယ်ရှင့်” ဟု ပြောကြားခဲ့သည်။

လစ်ဇ်ထရက်စ်သည် ဝန်ကြီးချုပ်သစ် တစ်ဦးအဖြစ် ဘောရစ်ဂျွန်ဆင်၏ နေရာကို ဆက်ခံမည့် ပြိုင်ဆိုင်မှု နောက်ဆုံးအကျော့ တွင် ဗြိတိန်နိုင်ငံ၏ဘဏ္ဍာရေးဌာန တာဝန်ယူခဲ့ဖူး အိန္ဒိယနွယ်ဖွား ရီရှီဆူနက် (Rishi Sunak) နှင့် ဆန်ခါတင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ယူကရိန်းကာကွယ်ရေး၀န်ကြီးနဲ့ လစ်ဇ်ထရက်စ်ကိုတွေ့ရစဉ်

ယခုအခါ ကွန်ဆာဗေးတစ်ပါတီမှ ပါတီဝင် ၂ သိန်းနီးပါးသည် အဆိုပါ အမတ်နှစ်ဦး၏ ဝန်ကြီးချုပ် ဖြစ်လာရေး ကံကြမ္မာကို ရှေ့လ စက်တင်ဘာလ အစောပိုင်းတွင် အဆုံးအဖြတ် ပေးရတော့မည် ဖြစ်သည်။

ဝန်ကြီးချုပ်ဖြစ်လာမည့် တိုရီ(ကွန်ဆာဗေးတစ်)ပါတီ ခေါင်းဆောင်သစ်၏ အမည်ကို စက်တင်ဘာ ၅ ရက်တွင် ထုတ်ပြန် ကြေညာရန် စီစဉ်ထားသည်။

ယူကရိန်းနိုင်ငံ၊ ဒွန်ဘတ်စ်စက်မှုဒေသကြီးရှိ သမ္မတနိုင်ငံ နှစ်နိုင်ငံမှ ခေါင်းဆောင်များ၏ တောင်းဆိုချက်ကို တုံ့ပြန်သည့် အနေဖြင့် ယူကရိန်းအစိုးရ၏ အလွဲသုံးစားလုပ်မှုနှင့် လူမျိုးသုဉ်း သတ်ဖြတ်မှုဒဏ်ကို ၈ နှစ်တိုင်တိုင် ခံစားရသူများကို ကာကွယ်မည့် အထူးစစ်ဆင်ရေး တစ်ရပ်အတွက် ဆုံးဖြတ်ချက် ချလိုက်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုပ်သံလိုင်းမိန့်ခွန်းမှ ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြေညာခဲ့သည်ဟု တာ့စ်သတင်းဌာနက ရေးသားသည်။

ထို့နောက် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ စတင်လုပ်ဆောင်ကြောင်း ကြေညာခဲ့ ပြီး ကိယက်ဗ်(ယူကရိန်း)အစိုးရထံသို့ လက်နက်များ အဆက်မပြတ် ပံ့ပိုးပေးခဲ့သည်။

Source: တာ့စ်သတင်းဌာန

 

 

 

Share
Tweet
Share
Share
powered by social2s
အိန္ဒိယသမ္မတ ဖြစ်လာသူ ဒရက်ပဒီမာမူ (AP)

အိန္ဒိယမျိုးနွယ်စု၏ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ဒရက်ပဒီမာမူ တင်မြှောက်ခံရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1900


CNI International News

နယူးဒေလီ၊ ဇူလိုင် ၂၂

အိန္ဒိယနိုင်ငံ၏ မျိုးနွယ်စု အသိုင်းအဝိုင်းမှ ဒရက်ပဒီမာမူကို ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် လွှတ်တော် ကိုယ်စားလှယ် များက ဇူလိုင် ၂၁ ရက်တွင် ရွေးချယ် တင်မြှောက်ခဲ့ကြကြောင်း CNN သတင်းအရ သိရသည်။

သူမသည် ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ အပယ်ခံ အသိုင်းအဝိုင်းများကြားတွင် လက်ရှိဝန်ကြီးချုပ် မိုဒီ၏ ပါတီထံမှ မေတ္တာရပ်ခံချက်ဖြင့် သမ္မတသက်တမ်းကို တိုးနိုင်ဖွယ်ရှိကြောင်း သိရသည်။

အသက် ၆၄ နှစ်ရှိ ကျောင်းဆရာမဟောင်းဘဝမှ နိုင်ငံရေးသမားဖြစ်လာသူ ဒရက်ပဒီမာမူ (Draupadi Murmu) သည် ဇူလိုင် ၂၅ ရက်၌ သမ္မတရာထူးတာဝန် စတင် ထမ်းဆောင်ချိန်တွင် အိန္ဒိယနိုင်ငံအတွက် ကြီးကျယ်ခမ်းနားလှသော အမျိုးသမီးတစ်ဦး ဖြစ်လာမည်ဟု သိလာရသည်။ ဒရက်ပဒီမာမူ၏ ရာထူးသက်တမ်းမှာ ၅ နှစ်ဖြစ်သည်။

ဇူလိုင် ၁၈ ရက်၌ ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် ပြည်နယ်နှင့်ပြည်ထောင်စု လွှတ်တော် အမတ်ပေါင်း ၄,၅၀၀ ကျော်တို့က မာမူကို တခဲနက်ပေးခဲ့ကြပြီး ဇူလိုင် ၂၁ ရက် (ယမန်နေ့)တွင် မဲများကို ရေတွက်ပြီးစီးခဲ့သည်။

ဖက်ဒရယ်ပြည်ထောင်စုနယ်မြေနှင့် ပြည်နယ်များကို လွှမ်းမိုးထားသည့် မိုဒီ၏ ဘယာတိယဇနတာ (BJP) ပါတီ၏ ကျော ထောက်နောက်ခံ ပြုပေးမှုကြောင့် ယခုကဲ့သို့ မာမူ အောင်ပွဲခံရန် သေချာစေခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယ အာဏာရပါတီ BJP (GETTY IMAGES)

“အိန္ဒိယအရှေ့ပိုင်း ဝေးလံခေါင်ဖျားတဲ့ ဒေသက မျိုးနွယ်စု အသိုင်းအဝိုင်းကနေ မွေးဖွားလာတဲ့ အိန္ဒိယရဲ့သမီးတစ်ဦးကို ကျနော်တို့ရဲ့ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်ပါပြီ” ဟု မိုဒီက တွစ်တာလူမှုကွန်ရက် ပေါ်မှနေ၍ ပြောကြားခဲ့သည်။

ဩရိဿပြည်နယ် (Odisha) မှ စန်သယ် (Santhal) မျိုးနွယ်စုကနေ သက်ဆင်းလာသူ မာမူသည် ကျောင်းဆရာမတစ်ဦး အဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့ပြီး လူမှုအသိုင်းအဝိုင်းဆိုင်ရာ ပြဿနာများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ဖူးသည်။

နောက်ပိုင်းတွင် ၎င်းသည် နိုင်ငံရေးပင်မ ရေစီးကြောင်းထဲတွင် လိုက်ပါလာခဲ့ပြီး ဩရိဿပြည်နယ်၌ BJP ပါတီ၏ ပြည်နယ် လွှတ်တော် အမတ်တစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံ၏ အရှေ့ပိုင်း ဂျဟာခန် (Jharkhand) ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သည်။

ယခုကဲ့သို့ ၎င်းကို ရွေးချယ် တင်မြှောက်ခဲ့ခြင်းမှာ BJP ပါတီအနေဖြင့် လူဦးရေ ၁ ဒသမ ၄ ဘီလီယံ၏ ၈ ရာခိုင်နှုန်းကျော် ပါဝင်သော အိန္ဒိယမျိုးနွယ်စု အသိုင်းအဝိုင်းများကို စည်းရုံးဆွဲဆောင်မှု တစ်ရပ်အဖြစ် ရှုမြင်ကြသည်။

“BJP ဟာ ၂၀၂၄ ခုနှစ်ကျရင် နောက်ဆုံး ၁၀ နှစ်လောက်အထိ ဆက်လုပ်နိုင်ဖို့ ကာမိအောင် လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်နိုင်ဖို့ နည်းလမ်းတွေထဲက တစ်ခုကတော့ ဆန္ဒမဲအခြေခံသစ် ရရှိဖို့ပဲ ဖြစ်ပါတယ်” ဟု နိုင်ငံရေးဆောင်းပါးရှင် တစ်ဦး ဖြစ်သည့် နီးရက်ဂျ်ချောင်ဒရီက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

Source: CNN

 

 

 

Share
Tweet
Share
Share
powered by social2s

NUG က မြန်မာနိုင်ငံကို လက်တွေ့အုပ်ချုပ်နေလား

By CNI
CNI
Category: Watch TV
Hits: 915

Share
Tweet
Share
Share
powered by social2s
ဦးကိုကိုလှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့ နယ်သာလန်နိုင်ငံသို့ ဇူလိုင် ၂၁ ရက် ထွက်ခွာစဉ်

နစက၏ ကိုယ်စားလှယ်အဖွဲ့ ICJ အမှုရင်ဆိုင်ရန် နယ်သာလန်ကို ရောက်ရှိ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1229

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ လူမျိုးသုဉ်း သတ်ဖြတ်သည်ဟု စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်နေရသော အမှုကို ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံကိုယ်စားပြု နစက၏ ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၁ ရက်က နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို နစက၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာ ဝန်ကြီးဌာန ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်ဖြစ်သူ ဒေါ်သီတာဦး ပူးတွဲဦးဆောင်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဦးကိုကိုလှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့ နယ်သာလန်နိုင်ငံသို့ ဇူလိုင် ၂၁ ရက် ထွက်ခွာစဉ်

ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို တရားစွဲဆိုပိုင်ခွင့်မရှိသလို ICJ သည်လည်း မြန်မာနိုင်ငံကို တရားစီရင် ဆုံးဖြတ်ပိုင် ခွင့်မရှိကြောင်း နစကဘက်က ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်း အပေါ် ယနေ့ (ဇူလိုင် ၂၂ ရက်) တွင် တရားရုံးအမိန့်ကြား နားကြမည် ဖြစ်သည်။

 

 

 

Share
Tweet
Share
Share
powered by social2s

ယူကရိန်းနယ်မြေများ ထပ်သိမ်းမည်ဟု ရုရှားကြေညာ

By CNI
CNI
Category: Watch TV
Hits: 698

Share
Tweet
Share
Share
powered by social2s

အမေရိကန်လက်နက်များ ထပ်ရရန် ယူကရိန်းသမ္မတကတော် တောင်းခံ

By CNI
CNI
Category: Watch TV
Hits: 706

Share
Tweet
Share
Share
powered by social2s

KNDO အကွဲအပြဲမှာ ကရင်လူထုအတွက် အလားအလာမကောင်းဟု ပြော

By CNI
CNI
Category: Watch TV
Hits: 739

Share
Tweet
Share
Share
powered by social2s
ပူတင်ကိုတွေ့ရစဉ် (EPA)

ပူတင်၏ ကျန်းမာရေးအခြေအနေ ထောက်လှမ်းရေးသတင်းမရဟု CIA ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1974

CNI International News

ဒန်ဗား (ကော်လိုရာဒို)၊ ဇူလိုင် ၂၁

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ကျန်းမာရေး အခြေအနေနှင့်ပတ်သက်၍ မိမိတို့ ထောက်လှမ်းရေး သတင်းများ မသိရှိရ ကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ညွှန်ကြားရေးမှူး ဝီလျံဘန့်စ် (William Burns) က ပြောကြားခဲ့ သည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်း၌ ရေးသားဖော်ပြထားသည်။

ယခုနှစ် အသက် ၇၀ ပြည့်သည့် ပူတင်သည် ကျန်းမာရေးမကောင်းဘဲ ကင်ဆာဖြစ်နိုင်ခြေရှိသည်ဟု အတည်မပြုသော ထင်ကြေးများမှာ မီဒီယာစာမျက်နှာများထက်တွင် ပျံ့နှံ့နေခဲ့သည်။

ထိုသို့ ထင်ကြေးများကို အတည်ပြုရန် မိမိထံတွင် သက်သေ အထောက်အထား မရှိကြောင်း၊ ပူတင် ကျန်းမာ ကောင်းမွန် နေလွန်းနေသည်ဟုပဲ မှတ်ယူကြောင်း ဝီလျံဘန့်စ်က ဟာသနှော၍ ပြောကြားခဲ့သည်။

ယူကရိန်းထံသို့ တာဝေးပစ် လက်နက်များ ပိုမိုပေးအပ်မည်ဟု အမေရိကန် ကြေညာလိုက်ချိန်၌ ၎င်း၏မှတ်ချက်များ ယခု ကဲ့သို့ ထွက်ပေါ်လာခဲ့သည်။

အနောက်နိုင်ငံများက လက်နက် အသစ်အဆန်းများ ပေးအပ်ခဲ့ပြီးနောက် ယူကရိန်းတွင် ရုရှားစစ်ရေး အာရုံစိုက်မှုသည် အရှေ့ဘက်ခြမ်း တစ်ခုတည်း မဟုတ်တော့ဘဲ မော်စကို၏ ဗျူဟာပြောင်းလဲလိုက်ကြောင်း အစောပိုင်းတွင် ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂျေလာဗရော့က ပြောကြားခဲ့သည်။

ဝီလျံဘန့်စ်ကို တွေ့ရစဉ်(GETTY IMAGES)

“သမ္မတပူတင်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ကောလာဟလတွေ အများကြီး ထွက်နေပါတယ်။ တကယ်တမ်း သူက တော့ လုံးဝ ကျန်းမာ လွန်းပါတယ်ဗျာ” ဟု အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်ရှိ အက်စ်ပန် လုံခြုံရေးဖိုရမ်သို့ တက် ရောက်စဉ် ဝီလျံဘန့်စ်က ပြောကြားခဲ့သည်။

ယခုကဲ့သို့ ဟာသနှော၍ ရယ်ရယ်မောမော ပြောကြားခဲ့သော်လည်း ၎င်းအနေဖြင့် တရားဝင် ထောက်လှမ်းရေး အစီရင်ခံချက် ရရှိ၍ မဟုတ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

မော်စကိုမြို့တွင် အမေရိကန် သံအမတ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဝီလျံဘန့်စ်သည် ဆယ်စုနှစ် နှစ်ခုကျော်ကြာ ရုရှားသမ္မတနှင့် ထိတွေ့ဆက်ဆံခဲ့ဖူးပြီး စောင့်ကြည့်ခဲ့ဖူးကြောင်း ဆက်လက် ပြောကြားခဲ့သည်။

ပူတင်သည် ထိန်းချုပ်မှု၊ ခြိမ်းခြောက်မှုနှင့် မျှတမှုတို့ကို ယုံကြည်လက်ခံသူ ဖြစ်ကြောင်း၊ ၎င်း၏အကြံပေးအဖွဲ့များ ကျုံ့ဝင် သွားသည့်အတွက် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း အဆိုပါ စရိုက်လက္ခဏာများသည် ပူတင်ထံတွင် ပိုမိုခိုင်မာလာကြောင်း CIA ညွှန်ကြားရေးမှူး ဘန့်စ်က သုံးသပ်ပြသည်။

“ရုရှား ခေါင်းဆောင်အဖြစ်နဲ့ သူ့ကံကြမ္မာက ရုရှားကို ကြီးကျယ်ပြီး အင်အားကောင်းဖို့ ပြန်ထူထောင်နိုင်မယ်ဆိုတဲ့ ယုံကြည် ရှိထားပါတယ်။ အဲဒါကြောင့် ရုရှားနဲ့ အနီးပတ်ဝန်းကျင်မှာ ဩဇာလွှမ်းမိုးမှုနယ်ပယ် ပြန်ဖန်တီးနိုင်ဖို့ရာက ယူကရိန်းကို မထိန်းချုပ်နိုင်ဘဲ သူ ရှေ့ဆက်လှမ်းလို့ မရဘူးလေ” ဟု ၎င်းက ကောက်ချက်ချသည်။

ရုရှား၏ အစီအမံများအကြောင်း အမေရိကန် ထောက်လှမ်းရေး သတင်းများကို ဘန့်စ်က စုဆောင်းခဲ့ပြီး ယူကရိန်းကို ကျူးကျော်လျှင် ဆိုးဝါးသည့် အကျိုးဆက်များ ရှိလာမည့်အကြောင်း သတိပေးရန် ယမန်နှစ် နိုဝင်ဘာလ၌ မော်စကိုမြို့သို့ သွားရောက်ခဲ့သေးသည်။ သို့သော် ၎င်းရောက်ရှိချိန်တွင် ပိုမိုစိတ်ရှုပ်ခဲ့ရကြောင်း ဘန့်စ်က ဖွင့်ဟပြောကြားခဲ့သည်။

 ယူကရိန်းနဲ့ရုရှား မြေပုံ (BBC)

ရုရှားသမ္မတ၏ အစီအစဉ်များသည် အလွန်အားနည်းချက် ရှိနေသော ယူဆချက်များ ပါဝင်ခဲ့ကြောင်း၊ အထူးသဖြင့် ယူကရိန်း နှင့်ပတ်သက်၍ ထင်ယောင်ထင်မှား ဖြစ်နေမှုများကို တွန်းလှန်လိုသည့် ဆန္ဒများအပေါ် အခြေခံထားကြောင်း ဘန့်စ်က ပြော ကြားခဲ့သည်။

“ပူတင်က သူ့စကားတွေကို တကယ့် ယုံကြည်ချက်နဲ့ ပြောတာဗျ။ ယူကရိန်းဟာ တကယ်တော့ သီးခြားနိုင်ငံ မဟုတ်ဘူးလို့ နှစ်အတန်ကြာအောင် သူပြောလာခဲ့တာ ကျနော်ကြားခဲ့ရပါတယ်။ ကောင်းပါပြီ … အခုတော့ ယူကရိန်းက တကယ့်နိုင်ငံ တစ်နိုင်ငံအနေနဲ့ သူ့ကို ပြန်တိုက်နေတယ်။ ယူကရိန်းက ဒါကိုပဲ ပြန်လုပ်ပြတာပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယူကရိန်းတွင် ရုရှား အသေအပျောက်မှာ ယခုချိန်အထိ တပ်ဖွဲ့ဝင်အင်အား ၁၅,၀၀၀ သေဆုံးပြီး ၄၅,၀၀၀ ခန့် ဒဏ်ရာရသည် ဟု အမေရိကန် ခန့်မှန်းကြောင်း ဘန့်စ်က ထပ်လောင်း ပြောကြားခဲ့သည်။ ယူကရိန်းဆုံးရှုံးမှုမှာ ထိုကိန်းဂဏန်းထက် လျော့ နည်းကြောင်း ဘန့်စ်၏ ပြောကြားချက်ကို ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

Source: BBC

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်မှူးချုပ်စောနယ်ဒါးမြနဲ့ ရဲဘော်များကိုတွေ့ရစဉ်

KNDO အကွဲအပြဲမှာ ကရင်လူထုအတွက် အလားအလာမကောင်းဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2234

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၁

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၏ အကွဲအပြဲမှာ ကရင်လူထုအတွက် ကောင်းသည့် အလားအလာ မဟုတ် ဘူးဟု ကရင်အမျိုးသားဒီမိုကရတ်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်က ဗိုလ်မှူးချုပ် စောနယ်ဒါးမြမှ ကော်သူးလေတပ်မတော်ကို တည်ထောင်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ဇူလိုင် ၂၀ ရက်မှာတော့ ၎င်း(စောနယ်ဒါးမြ)ကို ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပယ် ကြောင်း KNU မှ ထုတ်ပြန် ကြေညာခဲ့သည်။

ထို့နောက် KNU ၏ စစ်ရေးလက်အောက်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် KNDO တို့ကလည်း လုံးဝ လက်ခံ အသိအမှတ်ပြုမည် မဟုတ်ကြောင်း KNLA က ထုတ်ပြန် ကြေညာခဲ့သည်။

ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်

မန်းအောင်ပြည်စိုးက “ကျနော်တို့လည်း ပြောရမယ်ဆိုရင်တော့ စိတ်လည်း ညစ်တယ်၊ စိတ်လည်း မကောင်းဘူးပေါ့။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုထဲကနေပြီးတော့ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားတာတွေလေ။ ကျနော်တို့ ကရင်လက်နက်ကိုင် အဖွဲ့အစည်း KNU ကနေပြီးတော့ အကွဲကွဲ အပြားပြား ဖြစ်လာတဲ့ သမိုင်းကလည်း သိပြီးသားပါ။ ဆရာတော် ကနေပြီး ခွဲသွားလိုက်တဲ့ DKBA နောက်တစ်ခါ PC နောက်တစ်ခါ DKBA ကနေပြီးတော့ BGF၊ DKBA ကနေပြီး တော့ ပါတီထောင်လိုက်တာတွေ အစရှိသဖြင့်ပေါ့လေ။ ပြောရမယ်ဆိုရင်တော့ ဒီလိုအကွဲကွဲ အပြားပြား ဖြစ်နေတာဟာ ကျ‌နော်တို့ ကရင်တိုင်းရင်းသားတွေ အတွက်တော့ ကောင်းတဲ့ အလားအလာ မဟုတ်ဘူး။ အဲဒီလို ကရင်တိုင်းရင်းသားကြီးပဲ မဟုတ်ဘူးပေါ့လေ၊ ကျန်တဲ့ တိုင်းရင်းသားတွေကလည်း ဒါသတိပြုကြဖို့ သူတို့အတွက်ကလည်း ဒီလို စုစည်းမှု မရှိဘူး။ ပြေ လည်မှု မရှိဘူး။ အချင်းချင်း ကွဲပြဲနေကြတယ်ဆိုရင်တော့ ဒါက မကောင်းဘူးလို့ ကျ‌နော်က အဲဒီလိုပဲ မြင်တယ်၊ အဲဒီလိုပဲ ပြောလိုတယ်” ဟု ပြောသည်။

စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေ ဦးဆောင်သော KNDO မှာ တပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့်အတွက် မိမိတို့ အနေဖြင့် လှုပ်ရှားမှုများ ပြုလုပ်ရာတွင် အခက်အခဲများ ရှိနေကြောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးဆောင်သော ကော်သူးလေတပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော်သူးလေတပ်မတော်မှာ ကရင်ပြည်သူ့တပ်မတော်အနေဖြင့် ရပ်တည်သွားမည်ဖြစ်ပြီး တော်လှန်ရေးအောင်မြင်သည် အထိ တပ်မတော်ကို အမြစ်ပြတ် ခြေမှုန်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

KNLA ၏ ထုတ်ပြန်ချက်

အလားတူ ဇူလိုင် ၂၀ ရက်က ပြုလုပ်ခဲ့သည့် KNU ၏ အရေးပေါ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးမှ စောနယ်ဒါးမြအား KNU မှ ထုတ်ပယ်ကြောင်းနှင့် ၎င်း၏ လုပ်ရပ်များသည် KNU နှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

မန်းအောင်ပြည်စိုးက “ကျနော်အထင်တော့ ညှိနှိုင်းဖို့တောင် လွယ်ပါ့တော့မလား သူတို့ အချင်းချင်းက ညှိနှိုင်းဖို့ မလွယ်ဘူး ဆိုလို့ရှိရင် ဟိုတုန်းကလို ဆန်းအောင်တို့၊ ကျော်သက်တို့လို ခွဲထွက် DKBA ဘာညာ အခုလည်း ခွဲထွက် KNDO ဖြစ်မလား တော့ မပြောတတ်ဘူးပေါ့။

ကျနော်တို့ကတော့ ညှိနှိုင်းဆောင်ရွက်လို့ ပြေလည်တယ်ဆိုရင် ကျနော်တို့ ဝမ်းသားတာပေါ့ဗျာ။ ဒါပေမဲ့ လွယ်ပါတော့ မလားဆိုတဲ့ အပိုင်းတော့ စိုးရိမ်စိတ်ရှိတာပေါ့” ဟု CNI သို့ ပြောသည်။

လက်ရှိတွင် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်/ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)နှင့် ကရင်ပြည်နယ်ခြားစောင့်တပ် (BGF) စသည့် အဖွဲ့အစည်းများ ရှိသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ပရတ်ဆိုခွန်နဲ့ ဒေါ်အောင်ဆန်းစုကြည်

အကြမ်းဖက်မှုများ အဆုံးသတ်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဩဇာအသုံးချဖို့ မျှော်လင့်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1419

CNI International News

ဖနွမ်ပင် ဇူလိုင် ၂၁

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်မည်ဆိုပါက ပြည်တွင်းအကြမ်းဖက်မှုများ အဆုံးသတ်ရန် သူမ၏ဩဇာကို အသုံး ချလိုကြောင်း အရှေ့အာရှနိုင်ငံများအသင်း (အာဆီယံ) အထူးကိုယ်စားလှယ်က ပြောကြားသည်ဟု Channel News Asia (CNA) သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ထို့နောက် အကျပ်အတည်း ဖြစ်ပေါ်နေသော မြနမာနိုင်ငံသို့ မိမိအနေဖြင့် တတိယအကြိမ်မြောက် တရားဝင်သွားရောက်ရန် စီစဉ်နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

နယူးယောက်မြို့တွင် လာမည့် စက်တင်ဘာ ၁၃ ရက်မှ ၂၇ ရက်အထိ ကျင်းမည့် ကုလသမဂ္ဂ (UN) အထွေထွေညီလာခံ မတိုင် မီ စက်တင်ဘာလ ဒုတိယပတ်ထဲ၌ မြန်မာနိုင်ငံသို့ သွားရောက်ရန် မိမိမျှော်လင့်ထားကြောင်း ကမ္ဘောဒီးယား ဒုတိယဝန်ကြီး ချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆိုခွန်က CNA သို့ ပြောကြား ခဲ့သည်။

သို့သော် အခြားရွေးချယ်စရာ ခရီးစဉ် အဆိုပြုချက် တစ်ခုအနေဖြင့် မစ္စတာပရတ်ဆိုခွန်သည် လာမည့် အောက်တိုဘာလ ဆန်းပိုင်းသို့ မြန်မာနိုင်ငံသို့ ရောက်ရှိလာနိုင်ကြောင်း သိရသည်။ နိုဝင်ဘာလ၌ ကျင်းပမည့် အာဆီယံနှစ်ပတ်လည် အစည်း အဝေး မတိုင်မီ ကာလကို ရည်ရွယ်ခြင်း ဖြစ်သည်။

ပရတ်ဆိုခွန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ကမ္ဘောဒီးယားသည် ယခုနှစ် အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ရယူထားသည်။

မစ္စတာပရတ်ဆိုခွန်၏ ယခင် မြန်မာနိုင်ငံ ခရီးစဉ်နှစ်ကြိမ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မပေးနိုင်ကြောင်း နစက၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။ ရာထူးမှ ဖယ်ရှားခံရသည့် ခေါင်းဆောင်ကို နေပြည်တော်ရှိ ထောင်ထဲတွင် အကျဉ်းချ ထားခြင်း ဖြစ်သည်။

အကျင့်ပျက် ခြစားမှုနှင့် ရွေးကောက်ပွဲဆိုင်ရာ လိမ်လည်မှုစွဲချက် အများအပြားဖြင့် ရုံးတင် စစ်ဆေးနေခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် ကမ္ဘောဒီးယား၏ တောင်းဆိုချက်ကို စစ်တပ်က အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမအပေါ် စွဲချက်များကို ပယ်ချထားသည်။

“သူနဲ့တွေ့ရင် အရေးကြီးဆုံး ကျနော်တို့ မေးမှာက (ဒါမှမဟုတ်) ဆွေးနွေးမယ့်ကိစ္စက မြန်မာ့အနာဂတ်အပေါ် သူ့ရဲ့အမြင် ဖြစ်ပါတယ်။ အကျပ်အတည်းက လွတ်မြောက်ဖို့ ဘယ်လိုမြင်သလဲ၊ သူ့ရဲ့နိုင်ငံရေးဩဇာက နိုင်ငံရေးဖြစ်စဉ်အပေါ် ဘယ် လောက်သက်ရောက်မှု ရှိမလဲပေါ့” ဟု မစ္စတာပရတ်ဆိုခွန်က ပြောသည်။

အာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်ခံရပြီးကတည်းက နိုင်ငံခြားသတင်းဌာနတစ်ခုနှင့် ပထမဆုံး တွေ့ဆုံမှု အနေဖြင့် မစ္စတာပရတ်ဆိုခွန်က CNA ကို လက်ခံဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ့အရေး ဒေါ်အောင်ဆန်းစုကြည် လိုအပ်ဆဲကို ပြသနေစဉ် (Reuters)

“နောက်တစ်ချက်ကတော့ အကြမ်းဖက်မှု ရပ်တန့်ဖို့ သူ့ရဲ့ အကြမ်းမဖက်ရေး မူအရ လက်နက်ကိုင် အဖွဲ့အားလုံးအပေါ် ဘယ်လို လွှမ်းမိုးနိုင်မလဲဆိုတာ မေးဖို့ရှိပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“လက်နက်ကိုင် တပ်ဖွဲ့အားလုံး အချင်းချင်း အပစ်အခတ် ရပ်သွားတဲ့အခါ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းကို တစ်နေ့နေ့ လာရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် စေ့စပ်ညှိနှိုင်းရေး နည်းလမ်းကပဲ ကျယ်ပြန့်လာစေမှာ ပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေးနယ်ပယ်နဲ့ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးတို့အတွက် အရေး ကြီးဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်ပါတယ်” ဟု ပရတ်ဆိုခွန်က မှတ်ချက်ချခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ၌ မြန်မာနိုင်ငံသို့ မိမိ၏ ယခင်ခရီးစဉ်အတွင်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဖို့ မဖြစ်နိုင်သေးပေမယ့် နောက်ပိုင်းအဆင့်မှာ ဖြစ်နိုင်တယ်” ဟု ပြောကြားခဲ့ကြောင်း မစ္စတာပရတ်ဆိုခွန်က CNA သို့ ရှင်းပြခဲ့သည်။

မိမိ၏ ဒုတိယအကြိမ် မြန်မာခရီးစဉ်သည် တိုးတက်မှုတချို့ဆီသို့ ဦးတည်ခဲ့ကြောင်း ဖနွမ်ပင်အခြေစိုက် သံတမန်များနှင့် အကျဉ်းချုံး ပြောကြားရာ၌ မစ္စတာပရတ်ဆိုခွန်က ထုတ်ဖော်ပြသခဲ့သည်။

Source: Channel News Asia

 

 

 

Share
Tweet
Share
Share
powered by social2s
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုကြစဉ် (EPA)

ဒေါ်အောင်ဆန်းစုကြည်က PDF နှင့် NUG အပေါ် လွှမ်းမိုးမှုရှိသည်ဟုပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2278

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၁

လက်ရှိ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ လွှမ်းမိုးမှု ရှိနေသေးသည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ရင်ဆိုင် ဖြေရှင်းနိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ပါဝင်မှုနှင့် သဘောထား သည် အလွန်အရေးကြီးနေသေးကြောင်း ပြည်တွင်း/ပြည်ပက ယုံကြည် လက်ခံထားဆဲဖြစ်၍ PDF နှင့် NUG ၏ မစေ့စပ်တမ်း သဘောထားအပေါ်ကိုလည်း အပြောင်းအလဲဖြစ်အောင် လုပ်နိုင်သည်ဟု ယူဆနေကြသည်။

ဒေါက်တာအေးမောင်က “မလွှမ်းမိုးနိုင်ဘူးလို့ မှတ်ယူနိုင်သလားကို ကြည့်ရင်၊ လွှမ်းမိုးနိုင်သလားဆိုတာက ဥပမာ အခု KNU မှာတောင်မှ ဗိုလ်ချုပ်နယ်ဒါးမြတို့က ခွဲထွက်ကြတယ်။ KNU ပင်မ နိုင်ငံရေး အဖွဲ့အစည်းပင်လျှင် KNLA၊ KNDO တို့ စသဖြင့် ရှိကြတာ ကိုဗျ။ တပ်မဟာမှူးတွေလည်း ရှိကြတာကို သဘောက။ ဆိုတော့ မနေ့ကနဲ့ ဒီနေ့ မတူဘူးလေ။ ဒီနေ့ လည်း မနက်ဖြန်နဲ့ မတူနိုင်ဘူး။ သဘာဝ တရားအားဖြင့် သွားနေတာကို။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွှမ်းမိုးမှု Influence မရှိဘူးလို့ ပြောနိုင်တဲ့ PDF၊ NUG ရာခိုင်နှုန်း ဘယ်လောက်ရှိနိုင်သလဲ၊ မလွှမ်းမိုးနိုင်တဲ့ ရာခိုင်နှုန်း ဘယ် လောက်ရှိတယ်ဆိုတာ ဘယ်သူမှ စစ်တမ်းကောက်ထားတာ မရှိဘူးဗျ။ ဒါပေသိ အဲဒါကြောင့် ဒါဖြစ်လာတယ်လို့ ပြောကြ ဆိုကြတာကို။ အဲဒါ ကြောင့် အကြောင်းတရားကြောင့် အကျိုးဖြစ်တယ်ဆိုရင် အဲဒီအကြောင်းတရားသည် ဘာလဲလို့ သုံးသပ်ရင် အစိတ်အပိုင်း သို့မဟုတ် ရာခိုင်နှုန်း တော်တော်များများကတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ တွေးကြည့် ရင် ဘယ်သူမဆို အဖြေရမှာ ပေါ့။ အစိတ်အပိုင်း သို့မဟုတ် ရာခိုင်နှုန်း များသည် နည်းသည်ပေါ့ဗျာ၊ လွှမ်းမိုးမှု တစ်ခုခု ကတော့ ရှိကိုရှိတယ်ဗျ။ ဘာလို့ဆို NUG တို့ဘာတို့မှာ ဒေါ်အောင်ဆန်းစုကြည်တို့ ၊ ဦးဝင်းမြင့်တို့ကို ထည့်ထားတာကို”ဟု CNI သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာအေးမောင်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကိုတွေ့ရစဉ်

လက်ရှိ NUG တွင် ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဦးဝင်းမြင့်အား သမ္မတအဖြစ် သတ်မှတ်ကာ ဖွဲ့စည်း ထားသည်။

မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းရန် ကြိုးစားနေသည့် အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်ကလည်း မြန်မာနိုင်ငံ မှာ လက်ရှိကြုံတွေ့နေရသည့် သွေးထွက်သံယိုမှုများ ရပ်တန့်နိုင်ရေးနှင့် တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်လာရေး ဒေါ်အောင်ဆန်းစုကြည်၏ သြဇာကို အသုံးချလိုကြောင်း CNA နှင့်အင်တာဗျူးမှာ ပြောသွားသည်။

ပရတ်ဆိုခွန်က “သူ(ဒေါ်အောင်ဆန်းစုကြည်)နဲ့တွေ့ရင် အရေးကြီးဆုံး ကျနော်တို့ မေးမှာက (ဒါမှမဟုတ်) ဆွေးနွေးမယ့် ကိစ္စက မြန်မာ့အနာဂတ်အပေါ် သူ့ရဲ့အမြင် ဖြစ်ပါတယ်။ အကျပ်အတည်းက လွတ်မြောက်ဖို့ ဘယ်လိုမြင်သလဲ၊ သူ့ရဲ့နိုင်ငံ ရေး ဩဇာက နိုင်ငံရေးဖြစ်စဉ်အပေါ် ဘယ်လောက် သက်ရောက်မှု ရှိမလဲပေါ့။ နောက်တစ်ချက်ကတော့ အကြမ်းဖက်မှု ရပ်တန့်ဖို့ သူ့ရဲ့ အကြမ်းမဖက်ရေးမူအရ လက်နက်ကိုင်အဖွဲ့အားလုံးအပေါ် ဘယ်လိုလွှမ်းမိုးနိုင်မလဲဆိုတာ မေးဖို့ရှိပါတယ် “ဟု ပြောသည်။

ပရတ်ဆိုခွန်နဲ့ ဒေါက်တာအေးမောင်ကို တွေ့ရစဉ်

အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ တတိယအကြိမ် ခရီးစဉ်အဖြစ် စက်တင်ဘာလထဲမှာ လာရောက်ရန် စီစဉ်ထားကြောင်း၊ ထိုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိမည်ဟု မျှော်လင့်ထား ကြောင်း သိရသည်။

ပရတ်ဆိုခွန် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်ခဲ့သော ခရီးစဉ်တုန်းက နိုင်ငံရေးပါတီ ၇ ပါတီမှ ခေါင်းဆောင်များ တွေ့ဆုံစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ထည့်သွင်း စဉ်းစားသင့်ကြောင့် AFP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က တင်ပြ ဆွေးနွေးခဲ့သေးသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ါကိဗ်ဒေသတွင် ယူကရိန်းစစ်သည်များ SPG-9 လောင်ချာအသုံးပြုတိုက်ခိုက်နေစဉ်(ဓါတ်ပုံ-အေပီ)

ယူကရိန်းနယ်မြေများ ထပ်သိမ်းမည်ဟု ရုရှားကြေညာ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1585

CNI International News

ကိယက်ဗ်၊ ဇူလိုင် ၂၁

ယူကရိန်းနိုင်ငံတောင်ပိုင်းသို့ ရောက်နေသည့် ရုရှားတပ်များ၏အဓိကထောက်ပံ့ရေးလမ်းကြောင်းအတွက် အရေးပါသောတံတားတစ်စင်းကို ဇူလိုင် ၂၀ ရက်က ယူကရိန်းတပ်ဖွဲ့ဝင်များက ဖျက်ဆီးခဲ့ကြောင်း၊ မော်စကို အနေဖြင့် နယ်မြေပိုင်ဆိုင်မှု ခိုင်မာအောင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့က ပြောကြားခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ရုရှားသည် ယူကရိန်းတောင်ပိုင်းရှိ ခါဆွန်နှင့် ဇာပိုရစ်ဇီးယားဒေသများအပါအဝင် ယူကရိန်းနယ်မြေ အတော် များများကို ထိန်းချုပ်ထားနိုင်ရန် စီစဉ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး လာဗရော့က RT ရုပ်သံလိုင်းနှင့် RIA နိုဗာစတီသတင်းဌာနတို့သို့ ပြောကြားခဲ့သည်။

ခါဆွန်ဒေသရှိ မဟာဗျူဟာအရ အရေးပါသောတံတားကို ယူကရိန်းက ဒုံးကျည်ဖြင့် ဖျက်ဆီးခဲ့ခြင်းသည် ပြီးခဲ့သည့် ဧပြီလကတည်းက ယူကရိန်းအရှေ့ပိုင်း တိုက်ပွဲအများစုနှင့် ၅ လကြာ စစ်ပွဲအား ပိုမိုကျယ်ပြန့် လာမည်ကို ပြသရာရောက်ကြောင်း လာဗရော့က မှတ်ချက်ချခဲ့သည်။

ယူကရိန်းနိုင်ငံ ခါကိဗ်မြို့တွင် ရုရှားဒုံးကျည်ထိမှန်ကာ သေဆုံးနေသူတစ်ဦး၏ လက်ကိုကိုင်ကာ ဝမ်းနည်းပူဆွေးနေသူအား ရဲဝန်ထမ်းတစ်ဦးမှ နှစ်သိမ့်ပေးနေစဉ်(ဓါတ်ပုံ- အေပီ)

“ယူကရိန်းအဆိုပြုချက်ကို လက်ခံဖို့ ကျနော်တို့ဘက်က အဆင်သင့်ဖြစ်/မဖြစ်ဆိုတာ ပြီးခဲ့တဲ့ မတ်လတုန်းက ပထဝီဝင်အနေအထားအပေါ် အခြေခံပါတယ်။ အခုကျတော့ ပထဝီဝင်အနေအထားက မတူတော့ပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်နှင့်ဗြိတိန်တို့သည် ယူကရိန်း၏ရန်လိုတိုက်ခိုက်မှုများ ချဲ့ထွင်ဖို့ တွန်းအားပေးနေကြကြောင်း မော်စကို ၏ထပ်တလဲလဲထောက်ပြနေမှုကိုလည်း လာဗရော့က ဆက်လက်ပြောကြားခဲ့သည်။

အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းကို တာဝေးပစ်လက်နက်များ ပေးအပ်ခဲ့ကြကြောင်း၊ ယူကရိန်းရှိ ဇာလန်းစကီးထိန်းချုပ်မှုအောက်မှ နယ်မြေများကို ရုရှား၏ပထဝီဝင်ဆိုင်ရာသိမ်းပိုက်မှုအဖြစ် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 ယူကရိန်းနိုင်ငံ ခါကိဗ်မြို့တွင် ရုရှားဒုံးကျည်ထိမှန်မှုကြောင့် သေဆုံးခဲ့ရသည့် ရုပ်အလောင်းများကို ကယ်ဆယ်ရေးသမားများက သယ်ဆောင်လာစဉ်(ဓါတ်ပုံ-အေပီ)

ရုရှားသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်၌ ယူကရိန်းကို စတင်ကျူးကျော်ခဲ့ပြီး နယ်မြေများကို လျင်မြန်စွာ သိမ်းယူခဲ့သော်လည်း နောက်ပိုင်းတွင် မော်စကိုလိုလားသော ခွဲထွက်ရေးသမားများက တစိတ်တပိုင်း ထိန်းချုပ် ထားသည့် ဒွန်နက်စ်နှင့်လူဟန့်စ်ပြည်နယ်များသို့ အာရုံပြောင်းသွားခဲ့သည်။ ထိုပြည်နယ်များသည် ၂၀၁၄ ခုနှစ် ကတည်းက ခွဲထွက်ရေးသမားများ၏လက်အောက်သို့ ကျရောက်နေခဲ့သည်။

အဆိုပါပြည်နယ်နှစ်ခုတည်ရှိရာ ဒွန်ဘတ်စ်စက်မှုဒေသကြီးကို ရုရှားတို့ သိမ်းပိုက်နိုင်ချိန်၌ ယူကရိန်းတို့က တောင်ပိုင်းရှိ ရုရှားသိမ်းပိုက်နယ်မြေများ ပြန်လည်ရရှိရေးအတွက် တန်ပြန်ထိုးစစ်ဆင်ခဲ့သည်။

ယခုအခါ ဒီနီပရိုမြစ်ကူးတံတားကို ယူကရိန်းတို့က တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းသည် တောင်ပိုင်း ခါဆွန်ဒေသ၌ ရုရှား၏ ချုပ်ကိုင်ထားမှုကို ဖြေလျှော့ရန် ရည်ရွယ်ထားပုံရသည်။ အဆိုပါတံတားကို ယူကရိန်းစစ်တပ်က အမေရိကန်ထံမှ ရရှိသည့် HIMARS (ဟိမာ့ ဒုံးပစ်လောင်ချာ) များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဥရောပဝေဟင်၌ လေကြောင်းပျံသန်းမှုများ ဘယ်လာရုစ်လှည့်ဖျားဟု ICAO ပြော

By CNI
CNI
Category: Watch TV
Hits: 868

Share
Tweet
Share
Share
powered by social2s

ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မကာအိုတို့ကို လူကုန်ကူးမှု အမည်မည်းစာရင်းထဲ အမေရိကန်ထည့်သွင်း

By CNI
CNI
Category: Watch TV
Hits: 805

Share
Tweet
Share
Share
powered by social2s
  • 85
  • 86
  • 87
  • 88
  • 89
  • 90
  • 91
  • 92
  • 93
  • 94

Page 90 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar