CNI International News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၉

မြိုင်မြို့နယ်၊ ကိုင်းတောမရဲကင်းစခန်းမှ ရဲတပ်သား နှစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်ထံ လာရောက်၍ CDM လုပ်ခဲ့ကြောင်း ဇူလိုင် ၉ ရက်တွင် မြိုင်-PDF က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ရဲတပ်သား ၂ ဦးသည် ဇူလိုင် ၈ ရက်နေ့က CDM လုပ်လာခြင်းဖြစ်ကြောင်း၊ တစ်ဦးလျှင် သိန်း ၅၀ စီ မြိုင်-PDF က ပေးအပ်ခဲ့ကြောင်း၊ ထို ရဲတပ်သား ၂ ဦးက မြိုင်-PDF ကို ၁၀ သိန်း ပြန်လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလတ်တလောတွင် မြိုင်မြို့နယ်ထဲမှာ တပ်မတော်နှင့် ဒေသခံ PDF များကြား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည်။