CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ လူမျိုးသုဉ်း သတ်ဖြတ်သည်ဟု စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်နေရသော အမှုကို ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံကိုယ်စားပြု နစက၏ ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၁ ရက်က နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို နစက၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာ ဝန်ကြီးဌာန ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်ဖြစ်သူ ဒေါ်သီတာဦး ပူးတွဲဦးဆောင်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဦးကိုကိုလှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့ နယ်သာလန်နိုင်ငံသို့ ဇူလိုင် ၂၁ ရက် ထွက်ခွာစဉ်

ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို တရားစွဲဆိုပိုင်ခွင့်မရှိသလို ICJ သည်လည်း မြန်မာနိုင်ငံကို တရားစီရင် ဆုံးဖြတ်ပိုင် ခွင့်မရှိကြောင်း နစကဘက်က ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်း အပေါ် ယနေ့ (ဇူလိုင် ၂၂ ရက်) တွင် တရားရုံးအမိန့်ကြား နားကြမည် ဖြစ်သည်။