CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ယခုလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ခြေမရှိဟု ပြော

By CNI
CNI
Category: Watch TV
Hits: 767

Share
Tweet
Share
Share
powered by social2s
ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို တွေ့ရစဉ် (GETTY IMAGES)

UN အထွေထွေညီလာခံ၌ ပူတင် မိန့်ခွန်းပြောရန် အစီအစဉ်မရှိ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1359

CNI International News

မော်စကို၊ ဩဂုတ် ၉

သမ္မတ ဗလာဒီမာ ပူတင်သည် လာမည့် စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ(UN) အထွေထွေညီလာခံသို့ တက် ရောက်မည် မဟုတ်ကြောင်းနှင့် ဗွီဒီယိုလင့်ခ်မှ တစ်ဆင့် မိန့်ခွန်းပြောရန်လည်း အစီအစဉ်မရှိကြောင်း ကရင်မလင် သမ္မတ နန်းတော်မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က တာ့စ်သတင်းဌာနသို့ ပြောကြားခဲ့သည်။

“ခရီးစဉ်နဲ့ မိန့်ခွန်းပြောဖို့ စီစဉ်ထားတာ မရှိပါဘူး” ဟု မီဒီယာများ ပေးပို့ကြသည့် သက်ဆိုင်ရာ မေးခွန်းများအလိုက် ဖြေဆိုရာ ၌ ၎င်းက တုံ့ပြန် ဖြေကြားခဲ့သည်။

ရုရှားတိုက်ခိုက်မှုကို ခံထားရတဲ့ ယူကရိန်း(GETTY IMAGES)

UN အထွေထွေညီလာခံ၌ ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်များ တက်ရောက်ကြမည့် အဆင့်မြင့် အစည်းအဝေးများကို လာမည့် စက်တင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ကျင်းပသွားမည်ဖြစ်သည်။

UN ရုံးချုပ်တွင် နှစ်စဉ် ကျင်းပနေကျဖြစ်သည့် အထွေထွေညီလာခံဖွင့်ပွဲ အခမ်းအနားသို့ အဖွဲ့ဝင် နိုင်ငံအသီးသီးမှ သမ္မတများ၊ ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ တက်ရောက်လေ့ရှိသည့် အစဉ်အလာရှိသည်။

ယခုနှစ်အတွက် ရုရှားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ဗ် ဦးဆောင်၍ တက်ရောက်မည်ဟု တာ့စ်သတင်းဌာနက ရေးသားဖော်ပြထားသည်။

Source: တာ့စ်သတင်းဌာန

 

 

 

Share
Tweet
Share
Share
powered by social2s
ဇာလန်းစကီးကိုတွေ့ရစဉ်

ရုရှားနိုင်ငံသားမှန်သမျှ ပြည်ဝင်ခွင့်ပိတ်ရန် အနောက်အုပ်စုကို ဇာလန်းစကီးတိုက်တွန်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1134

CNI International News

ကိယက်ဗ်၊ ဩဂုတ် ၉

ရုရှားနိုင်ငံသားမှန်သမျှ ပြည်ဝင်ခွင့်နှင့် နယ်ပယ် အသီးသီးအတွက် ပိတ်ပင်သင့်ကြောင်း အနောက်အုပ်စုနိုင်ငံများကို ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက ဝါရှင်တန်ပို့စ် သတင်းစာသို့ ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

ရုရှားတို့သည် အခြားသူများ၏ ပိုင်နက်နယ်မြေများကို သိမ်းယူနေကြသဖြင့် ၎င်းတို့ကိုလည်း အရေးတကြီး ပိတ်ပင်သင့် ကြောင်း ၎င်း၏အဆိုအရ သိရသည်။

ရုရှားနိုင်ငံသား အတွေးအခေါ် မပြောင်းမချင်း သီးခြားကိုယ်ပိုင် ကမ္ဘာတွင်သာ နေထိုင်သင့်ကြကြောင်း ဇာလန်းစကီးက ဆက်လက် ပြောကြားခဲ့သည်။

ရုရှားအစိုးရ၏ လုပ်ရပ်ကို ကန့်ကွက်ပြီး မော်စကိုအား ကျောခိုင်းခဲ့သော ရုရှားနိုင်ငံသားများလည်း မိမိတိုက်တွန်းသည့် အထဲတွင် ပါဝင်ကြောင်း ၎င်းက ရှုမြင်ထားသည်။

“ဘယ်လို ရုရှားနိုင်ငံသားမျိုးကိုမဆို ရုရှားနိုင်ငံမှာပဲ နေခိုင်းရမယ်” ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။

ရုရှား တိုက်ခိုက်မှုကို ခံထားရတဲ့ ယူကရိန်း

၎င်း(ဇာလန်းစကီး)၏ အမြင်အရ ရုရှားပြည်သူလူထု တစ်ရပ်လုံးတွင် တာဝန်ရှိကြောင်း ဆက်လက် ပြောကြားခဲ့သည်။

“ဒီအစိုးရကို သူတို့လူထုပဲ ရွေးထားတာ။ အခု စစ်တိုက်တဲ့ကိစ္စကို ရုရှားလူထုက မဆန့်ကျင်ဘူး။ စောဒကမတက်ဘူး။ အော်ဟစ်တောင်းဆိုတာ မရှိဘူး” ဟု ၎င်းက မှတ်ချက်ချသည်။

ရုရှားအပေါ် အနောက်အုပ်စုက လက်ရှိပိတ်ဆို့ ဒဏ်ခတ်မှုများလည်း အားနည်းနေသေးပြီး ထိရောက်မှု မရှိကြောင်း ဇာလန်းစကီးက ဝေဖန်ခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက် ရုပ်သံမိန့်ခွန်းထဲတွင် “ဒွန်ဘတ်စ်ဒေသမှ သမ္မတနှစ်နိုင်ငံ၏ အကြီးအကဲများ တောင်းဆိုချက်အရ ဒေသခံများကို အကာအကွယ်ပေးရန်အတွက် ယူကရိန်းသို့ အထူးစစ်ဆင်ရေး လုပ် ဆောင်ရန် ဆုံးဖြတ်လိုက်ကြောင်း၊ ထိုဒေသတွင် ကိယက်ဗ်အစိုးရက ၈ နှစ်တာ လူမျိုးသုဉ်းသတ်ဖြတ်မှု ရှိခဲ့ကြောင်း” ပြောကြားခဲ့သည်။

ထို့နောက် အမေရိကန်နှင့် မဟာမိတ်များက ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများ စတင်ချမှတ်ကြောင်း ကြေညာခဲ့ပြီး ကိယက်ဗ်(ယူကရိန်း)ထံသို့ လက်နက်များ အဆက်မပြတ် တိုးမြှင့်ပေးအပ်နေခဲ့သည်။

Source: တာ့စ်သတင်းဌာန

 

 

 

Share
Tweet
Share
Share
powered by social2s

သူပုန်ဟောင်းက သမ္မတအဖြစ် ကျမ်းကျိန်၍ ကိုလံဘီယာသမိုင်း အလှည့်အပြောင်းဖြစ်ပေါ်

By CNI
CNI
Category: Watch TV
Hits: 740

Share
Tweet
Share
Share
powered by social2s

ဒုက္ခသည်များနေရပ်ပြန်ရေး တရုတ်ကို ဘင်္ဂလားဒေ့ရှ် အကူအညီတောင်း

By CNI
CNI
Category: Watch TV
Hits: 727

Share
Tweet
Share
Share
powered by social2s
အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်(MOFAICC)

မြန်မာတပ်ချုပ်ကို လာမည့်နိုဝင်ဘာလ ထိပ်သီးအစည်းအဝေးမှ ဖယ်ထုတ်ရန် အာဆီယံစဉ်းစားနေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1630

CNI International News

ဖနွမ်ပင်၊ ဩဂုတ် ၈

မြန်မာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခွင့် ထပ်မံ ပိတ်ပင်ခံရနိုင်ကြောင်း ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် ခမာတိုင်းမ် သတင်းဝက်ဘ်ဆိုက်တွင် ဩဂုတ် ၈ ရက် (ယနေ့) ရက်စွဲဖြင့် ရေးသား ဖော်ပြထား သည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ပရတ်ဆိုခွန်က အကျပ်အတည်း ဖြစ်ပွားနေသော မြန်မာပြည်တွင်း၌ တက်ကြွ လှုပ်ရှားများကို မကြာသေးမီက ကွပ်မျက်ခဲ့ခြင်းအပေါ် အဓိကဆုတ်ယုတ်မှုအဖြစ် ထုတ်ဖော်ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၌ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ဖြုတ်ချပြီး မြန်မာနိုင်ငံတွင် အာဏာရယူခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဘရူနိုင်းနိုင်ငံတွင် ကျင်းပသည့် နှစ်ပတ်လည် ထိပ်သီး အစည်းအဝေးမှလည်း ဖယ်ထုတ်ခဲ့ပြီး ဖြစ်သည်။

ထိုသို့ လုပ်ဆောင်ချက်များမှာ အသင်းဝင် နိုင်ငံအချင်းချင်း ပြည်တွင်းရေး မစွက်ဖက်ခြင်းကြောင့် ဒေသတွင်း ထင်ရှားသည့် အာဆီယံ၏ ရဲရင့်သော ခြေလှမ်းအဖြစ် လေ့လာသုံးသပ်သူများက ရှုမြင်ကြသည်။

၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး(MOFAICC)

ယခုနှစ် အသင်း၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယား ဆောင်ရွက်နေချိန်၌ အာဆီယံ အစည်းအဝေးများသို့ နစကမှ စေလွှတ်မည့် ဦးဝဏ္ဏမောင်လွင်ကိုလည်း တစ်နှစ်အတွင်း နှစ်ကြိမ်တိုင်တိုင် တက်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။

ပထမတစ်ကြိမ် အစည်းအဝေးမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ပြန်လည် သုံးသပ်သည့် အစည်းအဝေး (AMM Retreat) ဖြစ်သည်။ နောက်တစ်ကြိမ်မှာ ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်အဝေးနှင့် ဆက်စပ် အစည်းအဝေး များဖြစ်ပြီး ယခင်သီတင်းပတ်၌ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင် ကျင်းပပြီးစီးခဲ့သည်။

၅၅ ကြိမ်မြောက် အစည်းအဝေးအပြီး ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင် ဩဂုတ် ၆ ရက်၌ ကျင်းပသည့် သတင်း စာ ရှင်းလင်းပွဲ၌ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန်လည်းဖြစ်သည့် ပရတ်ဆိုခွန်က “ယမန်နှစ်က အာဆီယံ ဘုံသဘောတူညီမှု အချက် ၅ ချက်မှာ အနည်းငယ်သာ တိုးတက်မှုရှိသဖြင့် မြန်မာ နိုင်ငံမှ နိုင်ငံရေးမဟုတ်သော ကိုယ်စားလှယ်သာ တက်ရောက်စေရန် မိမိတို့ အသင်းမှ ခေါင်းဆောင်က သဘောတူခဲ့ကြ ကြောင်း” ပြောကြားခဲ့သည်။

သို့သော် နိုင်ငံရေးမဟုတ်သော ကိုယ်စားလှယ်ကိုပင် ယခုအစည်းအဝေးသို့ စေလွှတ်ခြင်းမရှိခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ (SAC) က အထက်ပါ ပြောကြားချက်များကို ပယ်ချခဲ့သည်။

 အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်(MOFAICC)

“မြန်မာနိုင်ငံက တန်းတူရည်တူ ကိုယ်စားလှယ်ကို လက်ခံဖို့က ကျနော်တို့ အာဆီယံ ၉ နိုင်ငံအနေနဲ့ တိုးတက်မှု မလုံလောက် သေးဘူးလို့ မြင်နေသရွေ့ ဒီပုံစံအတိုင်းပဲ ဆက်သွားမှာပါ” ဟု ပရတ်ဆိုခွန်က ပြောကြားခဲ့သည်။

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သဘောတူညီချက်ကို လက်တွေ့ ကောက်ယူနိုင်မယ်ဆိုရင် လာမယ့် နိုဝင်ဘာ ထိပ်သီး အစည်းအဝေးမှာ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ ထိပ်သီးအစည်းအဝေးကို မြန်မာဘက်ကနေ တန်းတူရည်တူ ကိုယ်စားပြု ပြန်လည် တက်ရောက်နိုင်ဖို့ အပြုသဘောဆောင်တဲ့ အကဲဖြတ်ချက်တွေ ထွက်လာစေမယ့် ထင်သာမြင်သာ တိုးတက်မှုတွေ ရှိဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဘုံသဘောတူညီမှု အချက် ၅ ချက် မတိုးတက်သေးဘူးဆိုတာ အဖွဲ့ဝင်တိုင်း သတိပြုမိပြီး ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို စစ်တပ်က ဆက်လက်ဖိနှိပ်နေလျှင် မြန်မာ့ငြိမ်းချမ်းရေး အစီအစဉ်ကို အာဆီယံက ပြန်လည်စဉ်းစားရမည်ဖြစ်ကြောင်း ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသူ ဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားခဲ့သည်။

“အကျဉ်းသားတွေ ထပ်ပြီး ကွပ်မျက်ခံရတယ်ဆိုရင် အာဆီယံရဲ့ အချက် ၅ ချက်သဘောတူညီမှုနဲ့ ကျနော်တို့ရဲ့ အခန်းကဏ္ဍ ကို ပြန်စဉ်းစားရတော့မှာ ဖြစ်ပါတယ်” ယခင်သီတင်းပတ်၌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားခဲ့သည်။

မြန်မာ့အရေးကိစ္စအတွက် မိမိ အရှုံးမပေးလိုကြောင်း၊ မြန်မာပြည်တွင်း မည့်သည့် အစိတ်အပိုင်းကမျှ ၎င်းတို့တိုက်ပွဲကို စွန့်လွှတ်ရန် ဆန္ဒမရှိကြကြောင်း၊ လာမည့် စက်တင်ဘာတွင် မြန်မာနိုင်ငံသို့ မိမိ ထပ်မံသွားရောက်ရန် စဉ်းစားထားကြောင်း ပရတ်ဆိုခွန်က ပြောကြားခဲ့သည်။

Source: Khmer Times skh

 

 

 

 

Share
Tweet
Share
Share
powered by social2s
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန် (AP)

ဒုက္ခသည်များနေရပ်ပြန်ရေး တရုတ်ကို ဘင်္ဂလားဒေ့ရှ် အကူအညီတောင်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1883

CNI International News

ဒါကာ၊ ဩဂုတ် ၈

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ခရီးစဉ်အတွင်း မြန်မာဘက်သို့ ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးအတွက် တရုတ်၏ ပူးပေါင်း ဆောင်ရွက်မှုရရှိရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ကြိုးစားခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

တောင်အာရှဒေသရှိ ၎င်းနိုင်ငံအတွင်း အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြား ပံ့ပိုးမှုတို့ကို ဝမ်ယိက ကတိပြုခဲ့ကြောင်း အေပီက ဆက်လက် ရေးသားခဲ့သည်။

၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာဘက်မှ ထွက်ပြေးလာသည့် မွတ်ဆလင်ဒုက္ခသည် ၇ သိန်းခန့်ကို နေရပ်ပြန်ပို့ရေးအတွက် ထိုနှစ် နိုဝင်ဘာလ သဘောတူညီချက် ပေါ်ထွက်လာအောင် တရုတ်က မြန်မာနိုင်ငံအတွက် ၎င်း၏ဩဇာကို အသုံးချခဲ့သည်။

ဝမ်ယိသည် ဩဂုတ် ၆ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်သို့ ရောက်ရှိခဲ့ပြီး ဩဂုတ် ၇ ရက်တွင် ပြန်လည်ထွက်ခွာခဲ့ သည်။

မွတ်ဆလင် ဒုက္ခသည်များကိုတွေ့ရစဉ် (GETTY IMAGES)

အဆိုပါ ခရီးစဉ်အတွင်း ဝမ်ယိသည် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) နှင့် နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန် (A.K. Abdul Momen) တို့နှင့် တွေ့ဆုံခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ဆွေးနွေးခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အငယ်တန်းအတွင်းဝန် ရှာရီရာအလမ် (Shahriar Alam) ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သည် ကုန်ကြမ်း အများစု ရရှိရေးအတွက် အဓိကကုန်သွယ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံနှင့် ခိုင်မာသော ဆက်ဆံ ရေး ထူထောင်ထားသည်။

သို့သော် ဘေဂျင်းအစိုးရနှင့် နီးကပ်သော ဆက်ဆံရေး ထားရှိခြင်းသည် ဘင်္ဂလားဒေ့ရှ်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပြီး တရုတ်၏ အဓိကပြိုင်ဘက်ဖြစ်သော အိန္ဒိယ၊ အမေရိကန်တို့နှင့် သံတမန်ရေးရာ၊ ကုန်သွယ်မှုဆက်ဆံရေး စသည်တို့ကိုလည်း ဟန်ချက်ညီအောင် ကြိုးစားနေရသည်။

ဘင်္ဂလားဒေ့ရှ်သို့ တရုတ်ကုမ္ပဏီပေါင်း ၅၀၀ ကျော် လာရောက်လုပ်ကိုင်နေကြပြီး ဆိပ်ကမ်းများ၊ မြစ်အောက် ဥမင်လိုဏ် ခေါင်းနှင့် အဝေးပြေးလမ်းများကဲ့သို့ အဓိက အခြေခံ အဆောက်အအုံ စီမံကိန်းများကို အကောင်အထည် ဖော်နေသည်။

 တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (GETTY IMAGES)

ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ အကုန်အကျခံ၍ ပါဒါမာ (Padma) မြစ်ကို ဖြတ်ကူးသည့် ဘင်္ဂလားဒေ့ရှ်ပြည်တွင်း၌ အကြီးဆုံး တံတားကို တည်ဆောက်ခဲ့သည်။

တရုတ်နှင့်ထိုင်ဝမ်တို့အကြား မကြားသေးမီက တင်းမာမှုဖြစ်ပွားခဲ့ရာ ဘင်္ဂလားဒေ့ရှ်က “တရုတ်တစ်ပြည်ထောင်တည်း မူဝါဒ” ကို ထောက်ခံကြောင်း ထပ်လောင်း ပြောဆိုခဲ့သည်။

၂၀၀၈ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ဟာစီနာ၏ အစိုးရအဖွဲ့သည် တရုတ်၏ တောင်းဆိုချက်အရ ဒါကာမြို့ရှိ ထိုင်ဝမ် စီးပွားရေး ကိုယ်စားလှယ်ရုံး ပိတ်ပေးခဲ့ရာ ထိုအချိန်မှစ၍ တရုတ်က ဘင်္ဂလားဒေ့ရှ်တွင် ၎င်း၏ ထိတွေ့ဆက်ဆံရေးကို တိုးမြှင့်ခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကိုတွေ့ရစဉ်

ဆယ်ဇင်းတွင် SNA ရှေ့တန်းစခန်းတစ်ခုကို KIA ဝင်ရောက် တိုက်ခိုက်

By CNI
CNI
Category: နိုင်ငံရေး
Hits: 3146

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၈

ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာ အနီးရှိ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ၏ ရှေ့တန်း တပ်စခန်းတစ်ခုကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) မှ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ဒေသ စစ်ကိုင်းတိုင်းဘက်ခြမ်းရှိ ရွှေပြည်မြင့်ကျေးရွာမှ SNA ၏ တပ်စခန်း ကို KIA မှ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း SNA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်း က CNI သို့ ပြောသည်။

ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက “ကျနော်သိသလောက် ဆိုရင်တော့ ဒီနေ့(ဩဂုတ် ၈ ရက်) မနက်လို့ ပြောရမှာပေါ့ဗျာ။ ၁ နာရီ ဝန်းကျင်လောက်မှာ အဲဒါ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာတယ်လို့ ပြောတယ်။ အဲဒါ ထိုးစစ်ဆင် တိုက်ခိုက် လာတော့ ကျနော်တို့ဘက်ကနေ နောက်ဆုတ် ပေးထားလိုက်တယ်ဗျ။ ရှေ့တန်း စခန်းလေးပါ။ ‌ရှေ့တန်းစခန်း လူ ၁၀ ကျော် ကျော် လောက်ရှိတဲ့ စခန်းလေးကို ဝင်တိုက်တာ” ဟု ပြောသည်။

ဆယ်ဇင်းကျေးရွာတွင် တပ်မတော် စခန်းတစ်ခုကို KIA ၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့မှ နံနက် ၁ နာရီ ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် SNA ၏ ရှေ့တန်း တပ်စခန်း တစ်ခုကို KIA၊ PDF ပူးပေါင်းတပ်မှ ထပ်မံ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးအင်ဘန်လကိုတွေ့ရစဉ်

ဆယ်ဇင်းဒေသခံ တစ်ဦးဖြစ်သူ ကိုနေလင်း(အမည်လွှဲ)က ဆယ်ဇင်းရှိ တပ်မတော်စခန်းကို KIA က သိမ်းထားသည့် သဘောရှိကြောင်း၊ ထို့နောက် ရွှေပြည်မြင့်ကျေးရွာရှိ SNA ကင်းစခန်းတစ်ခုကို KIA မှ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း CNI သို့ ပြောသည်။

၎င်းက “လက်ရှိက KIA သိမ်းထားတဲ့ သဘောရှိပါတယ်။ ကျနော်တို့ ဆယ်ဇင်း တပ်မတော်စခန်းကိုလေ။ အဲဒီလိုတော့ ကြား သိရတာပဲ၊ ကျ‌နော်တို့လည်း လက်တွေ့ မမြင်ရတော့၊ မနက် မိုးမလင်းခင်က မီးလောင်တာတော့ ကြားလိုက်တယ်။ ဟုတ်တယ်၊ ဟုတ်တယ်၊ ဆယ်ဇင်း တပ်စခန်းဖြစ်ပြီးမှ ဟိုဖက်မှာ တောက်လျှောက် သွားဖြစ်တာကိုး။ တစ်ချိန်ထဲပါပဲ သိပ်မကွာပါဘူး။ အဲဒီရွှေပြည်မြင့်ဆိုတာက စစ်ကိုင်းတိုင်းဖက်မှာ‌ ရောက်သွားတာကိုး၊ ကြိုးတံတားကို အလယ်ထားပြီးမှာ SNA နဲ့ ဟိုဖက်၊ ဒီဖက် ပစ်နေကြတာကိုး။ အဲဒီလိုကြီးလည်း မဟုတ်လောက်ဘူးထင်တယ်၊ ဂိတ်ပုံစံမျိုးပေါ့၊ ဂိတ်စခန်းပေါ့၊ ကင်းစခန်းပေါ့” ဟု ပြောသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ KIA မှ တာဝန်ရှိသူထံ CNI သတင်းဌာနက ဖုန်းဆက်သွယ် မေးမြန်းခဲ့သော်လည်း အစည်းအဝေး ပြုလုပ်နေသည့်အတွက် ဖြေကြားပေးနိုင်ခဲ့ခြင်း မရှိသေးကြောင်း ပြောသည်။

SNA မှ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက “နိုင်ငံ‌ရေးအရ ဖြစ်လာတဲ့ ပြဿနာတွေကို နိုင်ငံရေးအရ မဖြေရှင်းဘဲနဲ့ လက်နက်ကိုင် အင်အားသုံးပြီး ဖြေရှင်းမယ်ဆိုရင်တော့ ကျနော်တို့ကလည်း ပြည်သူလူထုဖက်ကနေ ရပ်တည်ပြီးတော့မှ ခုခံကာကွယ်သွား ရပါလိမ့်မယ်၊ အဓိကတော့ ဒီပြဿနာတွေ ဒီတိုက်ပွဲတွေ ဖြစ်လာတာက KIA ရဲ့ စီမံချက်တွေကြီးပဲ ဖြစ်တယ်၊ PDF တွေ အနေ နဲ့ကတော့ ဒါနားလည်ချင်မှ နားလည်နိုင်လိမ့်မယ်၊ KIA ကနေ ရှမ်းနီမျိုးနွယ်စုအားလုံး၊ အလုံးစုံ ပျက်သုန်းရေးဆိုတဲ့ စီမံချက် ကို ချပြီး လုပ်နေတယ်လို့ ကျနော်တို့ အနေနဲ့ သုံးသပ်လို့ရပါတယ်၊ ဒီတော့ သူတို့ လုပ်တဲ့ ပြဿနာကို တနေ့၊ တချိန်ကြရင် သူတို့ ပြန်လည်ပြီးတော့ ခေါင်းခံဖြေရှင်းရပါလိမ့်မယ်” ဟု CNI သို့ ပြောသည်။

ဆယ်ဇင်းကျေးရွာအ၀င် (Tun Lin Aung)

အဆိုပါ ဆယ်ဇင်းဒေသတွင် ပြီးခဲ့သော ဇူလိုင်အတွင်းကလည်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ SNA နှင့် KIA တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် စစ်ရေးတင်းမာနေလျက်ရှိနေခဲ့ကြောင်း သိရသည်။

SNA သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသို မြို့နယ်၊ ဗန်းမောက်မြို့နယ်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် အပါအဝင် ကချင် ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ် တို့တွင် လှုပ်ရှားလျက် ရှိသည်။

ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေးခရိုင်၊ ခန္တီး ခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ဂက်စတိုဗိုပီထရို ကိုလံဘီယာနိုင်ငံသမ္မတ ကျမ်းကျိန် (Gustavo Petro -fb)

သူပုန်ဟောင်းက သမ္မတအဖြစ် ကျမ်းကျိန်၍ ကိုလံဘီယာသမိုင်း အလှည့်အပြောင်းဖြစ်ပေါ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1441

CNI International News

ဘိုဂိုတာ၊ ဩဂုတ် ၈

ကိုလံဘီယာနိုင်ငံ၏ ပထမဆုံး လက်ဝဲသမ္မတအဖြစ် ဩဂုတ် ၇ ရက်တွင် ဂက်စတိုဗိုပီထရိုက ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

၎င်း(ပီထရို)သည် ယခင်က ကိုလံဘီယာပြည်တွင်း M-13 ပြောက်ကျား သူပုန်တပ်ဖွဲ့ဝင်ဟောင်း ဖြစ်ကြောင်း၊ ယခုကျမ်းသစ္စာ ကျိန်ဆိုမှုတွင် မညီမျှမှုများကို တိုက်ဖျက်၍ အစိုးရ၊ မူးယစ်မှောင်ခို သမားများနှင့် သူပုန်များအကြား သွေးထွက်သံယို ရန်စမှု များကြောင့် နှစ်များစွာ ကျီးလန့်စာစား ဖြစ်နေရသော နိုင်ငံကို ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးမည်ဟု သမ္မတသစ် ပီထရိုက ကတိပြုခဲ့ကြောင်း အေပီက ဆက်လက် ဖော်ပြထားသည်။

ဈေးကွက်နှင့် လိုက်လျောညီထွေဖြစ်မည့် စီးပွားရေးတစ်ရပ် လုပ်ဆောင်ပေးမည်ဟု အပြောင်းအလဲများဖြင့် ကမ်းလှမ်း မဲဆွယ်ခဲ့သော ကွန်ဆာဗေးတစ် (ရှေးရိုးစွဲ)ပါတီများကို ပီထရိုက အနိုင်နှင့်ပိုင်း၍ ယခင်ဇွန်လတွင် သမ္မတရွေးကောက်ပွဲ၌ အောင်ပွဲခံခဲ့သည်။

ကိုလံဘီယာ ပြည်သူများကိုတွေ့ရစဉ် (AP)

ကိုလံဘီယာနိုင်ငံတွင် အကြမ်းဖက်မှုနှင့် ဆင်းရဲမွဲတေမှုတို့ကို ကိုင်တွယ် ဖြေရှင်းရန်အတွက် ဒုတိယအခွင့်အရေး ရရှိနေပြီ ဖြစ်ကြောင်း သမ္မတရာထူး လက်ခံခဲ့သူ ပီထရိုက ဩဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။

၎င်း၏အစိုးရသည် နှစ်ရှည်လများ ဆင်းရဲချမ်းသာကွာဟ၍ မညီမျှမှုများကို အဆုံးသတ်စေမည့် စီးပွားရေး မူဝါဒများကို အကောင်အထည် ဖော်သွားရန်နှင့် ပြည်တွင်း ထိရှလွယ်သူ အများစုနှင့်အတူ လက်တွဲ၍ စည်းလုံးညီညွတ်ရေး သေချာစေရန် ကတိပြုခဲ့သည်။

နိုင်ငံတဝန်း လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်သွားရန် ဆန္ဒရှိကြောင်း၊ ကိုကင်းကဲ့သို့ မူးယစ် ဆေးဝါး တားဆီးတိုက်ဖျက်ရေးအပေါ် အာရုံစိုက်သည့် မူဝါဒ အပြောင်းအလဲ ပြုလုပ်ကြရန် အမေရိကန်နှင့် ဖွံ့ဖြိုးပြီးနိုင်ငံ၊ အခြား လက်တင်အမေရိကနိုင်ငံများကို တောင်းဆိုကြောင်း ပီထရိုက ဆက်လက် ပြောကြားခဲ့သည်။

 M-19 သူပုန်အဖွဲ့ အမှတ်သားကိုတွေ့ရစဉ် (AP)

“မူးယစ်ဆေးဝါးစစ်ပွဲ မအောင်မြင်ကြောင်း လက်ခံတဲ့ နိုင်ငံတကာ ကွန်ဗင်းရှင်း အသစ်တစ်ခု ပေါ်ပေါက်ဖို့ အချိန်တန်ပါပြီ။ ငြိမ်းချမ်းရေးဆိုတာ ဖြစ်နိုင်ခြေရှိတာကို ပြောတာဖြစ်ပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးပြီးနိုင်ငံတွေက လူ့အဖွဲ့အစည်းတွေမှာ မူးယစ် သုံးစွဲမှုကို တားဆီးတဲ့ ထိရောက်မယ့် အစီအမံတွေနဲ့ လက်ရှိ မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒတွေကို အစားထိုး အပြောင်းအလဲ လုပ်နိုင်တဲ့အပေါ် မူတည်ပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ကပ်ရောဂါ စတင်ဖြစ်ပွားပြီး ကတည်းက နောက်ဆက်တွဲ စီးပွားရေး ထိခိုက်မှု ဂယက်ဒဏ်ကို ခံစားနေရသော ကမ္ဘာ့နိုင်ငံ အသီးသီး၏ အစိုးရများအကြားတွင် ပီထရိုသည် လက်တင်အမေရိကတွင် လက်ဝဲနိုင်ငံရေးသမားများ အာဏာရလာခြင်း၏ ပြယုဂ်လည်း ဖြစ်သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မပြီးမချင်း မြန်မာစစ်ဗိုလ်ချုပ်ကြီးများကို အာဆီယံပိတ်ပင်မည်

By CNI
CNI
Category: Watch TV
Hits: 707

Share
Tweet
Share
Share
powered by social2s

တိုင်းရင်းသားအခွင့်အရေး လွှတ်တော်မှာ အဖြေရှာရန်ဆိုသည်မှာ အကြောင်းပြချက်တစ်ခုဟု ပြော

By CNI
CNI
Category: Watch TV
Hits: 677

Share
Tweet
Share
Share
powered by social2s

နိုင်ငံတကာငြိမ်းချမ်းရေးဖျက်ဆီးသူဟု နန်စီပလိုစီကို မြောက်ကိုရီးယားသုံးနှုန်း

By CNI
CNI
Category: Watch TV
Hits: 783

Share
Tweet
Share
Share
powered by social2s

ဂါဇာကမ်းမြောင်ကို အစ္စရေးတိုက်ခိုက်၍ စစ်သွေးကြွ ၁၀ ဦး သေဆုံး

By CNI
CNI
Category: Watch TV
Hits: 713

Share
Tweet
Share
Share
powered by social2s

အာဆီယံက မြန်မာကိုအဖွဲ့ အဝင်အဖြစ်ကနေ ထုတ်နိုင်လား

By CNI
CNI
Category: Watch TV
Hits: 719

Share
Tweet
Share
Share
powered by social2s
စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလားခရစ်ရှန် (Vivian Balakrishnan-fb)

မြန်မာ့အကျပ်အတည်း ၄ နှစ်မှ အနှစ် ၂၀ ကြာသွားနိုင်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး သတိပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1399

CNI International News

ဖနွမ်ပင်၊ ဩဂုတ် ၆

မြန်မာ့နိုင်ငံရေး အကျပ်အတည်းသည် အချိန်ကာလ ၄ နှစ်မှ နောင်အနှစ် ၂၀ အထိ ကြာသွားနိုင်သည်ဟု ခန့်မှန်းကြကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလား ကရစ်ရှန်က ဩဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။

အာဆီယံနှင့် သဘောတူညီထားသည့် ငြိမ်းချမ်းရေး အစီအစဉ်များ မည်သို့မျှ တိုးတက်မှုမရှိသဖြင့် စစ်တပ်အုပ်ချုပ်သူများ၏ ကတိကဝတ် မလိုက်နာခြင်းကို စိတ်ပျက်မိကြောင်း အာဆီယံဝန်ကြီးများက ဩဂုတ် ၅ ရက် အစောပိုင်းတွင် ကြေညာချက် ထုတ်ပြန်ပြီးနောက် အထက်ပါအတိုင်း စင်ကာပူဝန်ကြီး၏ သဘောထားမှတ်ချက် ထွက်ပေါ်လာခဲ့ ခြင်းဖြစ်သည်။

“ကျနော်တို့ ဝင်မစွက်ပေမယ့် တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အာဆီယံ အခန်းကဏ္ဍကို အသုံးချ ရတာ တန်ဖိုးရှိတယ်ရယ်လို့ မမြင်ဘူးဆိုရင်တော့ ဒါဟာ အခြေအနေ ပိုဆိုးလာမှာကို စိုးရိမ်မိပါတယ်” ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များကို ရှင်းပြခဲ့သည်။

“ဒါကြီး ဘယ်လောက်ကြာအောင် ဆက်ဖြစ်နေဦးမှာလဲ။ ၄ နှစ်ကနေ နောက်ထပ် အနှစ် ၂၀ အထိ ခန့်မှန်းကြတာ ကျနော် ကြားပါတယ်။ ဘယ်လောက်ကြာမယ်ဆိုတာ ကျနော် မသိပေမယ့် အားမရပါဘူး (အဆိုးဘက်က မြင်တယ်)” ဟု ၎င်းက ပြောကြားခဲ့သည်။

အာဆီယံအစည်းအဝေး တက်နေတဲ့ ဗီဗီယန် ဘာလားခရစ်ရှန် (Vivian Balakrishnan-fb)

“ကျနော် ပြတ်ပြတ်သားသား ပြောရမယ့် အနေအထားပါ။ ဒီကိစ္စက အင်မတန် ဆိုးရွားပါတယ်။ အာဏာသိမ်းမှုဟာ ပြည်တွင်း စစ်ထဲ ကျဆင်းသွားမယ့် တကယ့်အန္တရာယ်လို့ ကျနော်ထင်ပါတယ်။ အာဆီယံ အချက် ၅ ချက် သဘောတူညီမှုကလည်း မတိုး တက်သေးပါဘူး” ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလား ကရစ်ရှန်က ဆက်လက် ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် ၅၅ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM )နှင့် ဆက်စပ် အစည်းအဝေးများအပြီး စင်ကာပူ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဘာလားကရစ်ရှန်က ထိုသို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်က အာဏာရယူပြီးနောက် လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ရသည့် မတည်ငြိမ်မှုများ အဆုံးသတ်ရန်အတွက် ထိုနှစ် ဧပြီလတွင် အာဆီယံ သဘောတူညီမှု အချက် ၅ ချက် ရေးဆွဲခဲ့သည်။

အဆိုပါ အချက် ၅ ချက်မှာ မြန်မာပြည်တွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး တွေ့ဆုံ ဆွေးနွေး ရေး၊ စေ့စပ်ညှိနှိုင်းရေး လွယ်ကူချောမွေ့စေရန် အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေး၊ အာဆီယံ၏ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီများ ပေးအပ်ရေးနှင့် မြန်မာနိုင်ငံသို့ အထူးကိုယ်စားလှယ် လာရောက်သည့်အခါ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံနိုင်ရေးတို့ ဖြစ်ကြသည်။

ဒေါက်တာ ဘာလားကရစ်ရှန် အနေဖြင့် ယခုကဲ့သို့ သဘောထား မှတ်ချက် ပေးလာခြင်းမှာ အကြောင်းရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လက တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်သည့်ကိစ္စတွင် ယခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသော ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်တို့က ပြစ်ဒဏ်များ ပြန်လည် သုံးသပ်ပေးရန် မေတ္တာရပ်ခံခဲ့သော်လည်း မြန်မာအာဏာပိုင်များက နားမထောင်ခဲ့ပေ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ကို အာဆီယံ အစည်းအဝေး မှာတွေ့ရစဉ်

“မြန်မာနိုင်ငံကို ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဉ်နဲ့ အာဆီယံကိုယ်စားလှယ် လာရောက်တာ သိပ်မကြာခင်မှာပဲ ကွပ်မျက် လိုက်တယ်ဆိုတာဟာ တပ်မတော်ရဲ့ အချိန်ကိုက် ဗုံးခွဲလိုက်သလိုပါပဲ။ တကယ်တော့ ဒီလိုလုပ်ရပ်တွေဟာ အာဆီယံရဲ့ အခန်းကဏ္ဍကို လုံးဝ မလေးစားရင်တောင်မှ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှု အဆင့်ကို ထင်ဟပ်စေပါတယ်” ဟု ဒေါက်တာ ဗီဗီယန် ဘာလားကရစ်ရှန်က သဘောထား မှတ်ချက်ပေးခဲ့သည်။

အစည်းအဝေးအပြီး အစဉ်အလာအတိုင်း ထုတ်ပြန်နေကျဖြစ်သည့် အာဆီယံအဖွဲ့ဝင်အားလုံး သဘောတူညီကြသော ပူးတွဲ ကြေညာချက်ထဲတွင် “လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင်များ၏ တိုးတက်မှု အလားအလာအပေါ် မူတည်၍ အကောင်းဆုံး နည်းလမ်းကို ဆုံးဖြတ်နိုင်ဖို့ ယခုအစည်းအဝေးတွင် အာဆီယံ ဝန်ကြီးများက အဆိုပြုကြောင်း” ဖော်ပြခဲ့သည်။

လာမည့် လများအတွင်း မြန်မာနိုင်ငံ၏ တိုးတက်မှုကို အာဆီယံ မည်သို့တိုင်းတာ၊ မည်သို့သတ်မှတ်နည်းဟု သတင်းထောက် များက မေးမြန်းခဲ့ရာ ၎င်းက “နိုဝင်ဘာလ ရောက်သည့်အခါ အာဆီယံခေါင်းဆောင်များ တွေ့ဆုံကြမည့် စားပွဲဝိုင်းအတွက် ရွေးချယ်စရာ အချို့ကို မိမိတို့ နိုင်ငံခြားရေးဝန်ကြီးများ ရွေးချယ်ပြီး တချို့ကို ရေးဆွဲခဲ့ကြကြောင်း” ဖြေကြားခဲ့သည်။

သို့သော် အဆိုပါ ရေးဆွဲထားသော အချက်အလက်များကိုတော့ ဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလားကရစ်ရှန်က ထုတ် မပြောပေ။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး နဲ့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး (Vivian Balakrishnan-fb)

“အချိန်သိပ် မကျန်တော့တဲ့ လပိုင်းအတွင်းမှာ သူတို့ဘက်က တစ်ခုခုတော့ အမြန်လုပ်ပြမှ ဖြစ်မယ်။ အကြမ်းဖက်မှု ရပ်တန့် သွားအောင် လုပ်တာမျိုး၊ နိုင်ငံရေး နယ်ပယ်လူတွေနဲ့ ထိတွေ့ ဆက်ဆံတာမျိုး၊ ကျနော်တို့ အာဆီယံသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ပေးတာမျိုးဆိုရင်တော့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ ဖြစ်လာမှာပါ” ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“ကျနော့်ဘက်က အဆိုးမြင်တာတွေ ရှိနေတယ်ဗျ။ တပ်မတော်ရဲ့ အတွေးအမြင်အတွက် ထပ်လောင်း ဖိအားပေးမှုတွေ ရှိလာ မယ်။ အဆုံးစွန်ဆုံးအထိ ဖြစ်လာနိုင်တယ်ဆိုတာ သူတို့မြင်ရမှာဖြစ်သလို တိုင်းပြည်ကို ရှေ့ဆက်လှမ်းနိုင်မယ့် တစ်ခုတည်း သော နည်းလမ်းက အမျိုးသားပြန်လည် သင့်မြတ်ရေးပါပဲ” ဟု ဒေါက်တာ ဗီဗီယန် ဘာလားကရစ်ရှန်က ကောက်ချက်ချ ခဲ့သည်။

အာဆီယံသည် ဒေသတွင်း နိုင်ငံရေး မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်နေရသော်လည်း တကယ့်လက်တွေ့ ခံနိုင်ရည် စမ်းသပ်မှုမှာ မြန်မာနိုင်ငံအတွက် အာဆီယံ၏ အဆုံးအဖြတ်ပဲဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေး ထိခိုက်လာစေသည့် အမေရိကန် နှင့်တရုတ်တို့၏ တင်းမာမှုများ လျော့ကျစေဖို့ အာဆီယံက လိုလားနေကြောင်း ၎င်းက ဆက်လက် ရှင်းပြခဲ့သည်။

ထို့နောက် ဒေါက်တာ ဘာလားကရစ်ရှန်ကို အာဆီယံ၏ အိန္ဒိယနှင့် ဆွေးနွေးနေမှု အခြေအနေကို သတင်းထောက်များက ဆက်လက် မေးမြန်းခဲ့ကြသည်။

လက်ရှိ အနေအထားတွင် စင်ကာပူသည် အာဆီယံ-အိန္ဒိယ ဆက်ဆံရေးအတွက် ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်နေပြီး နယ်ပယ်နှစ်ရပ်အတွက် ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို အသေးစိတ် ဆွေးနွေးနေကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက သဘောထား မှတ်ချက်ပေးခဲ့သည်။

Source: The Straits Times

 

 

 

Share
Tweet
Share
Share
powered by social2s
ဘာစီလိုနာ အသင်းကစားသမားများကိုတွေ့ရစဉ်(Football)

ကစားသမားအသစ်တွေကို စာရင်းမသွင်းနိုင်သေးတဲ့ ဘာစီလိုနာ

By CNI
CNI
Category: အားကစား
Hits: 1673

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၆

ဘာစီလိုနာအသင်းဟာ သြဂုတ်လ ၁၃ ရက်မှာ ဗယ်လက်ကာနိုနဲ့ လာလီဂါအဖွင့်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့် အခု အပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေ အားလုံးကို စာရင်း မသွင်းနိုင်သေးဘဲ ဖြစ်နေပါတယ်။

ဘာစီလိုနာအသင်းဟာ ၂၀၂၁ မှာ အကြွေးယူရို ၁.၃၅ ဘီလီယံရှိကြောင်း ကြေညာခဲ့ပေမယ့် အခုနွေရာသီ အပြောင်းအရွှေ့မှာ ငွေကြေး အများအပြား အသုံးပြုထားပါတယ်။

စပိန်ကလပ်ဟာ ကလပ်အသင်းရဲ့ ရုပ်သံမူပိုင်ခွင့် ရာခိုင်နှုန်းနဲ့ ဘာကာစတူဒီယိုရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ရောင်းချပြီး အပြောင်းအရွှေ့အတွက် ငွေကြေးထောက်ပံ့ခဲ့ပါတယ်။ ဒါပေမယ့် လာလီဂါရဲ့ ဘဏ္ဍာရေးမျှခြေ စံနှုန်းတွေကို လိုက်နာနိုင်မှ သာ ကစားသမား အသစ်တွေကို စာရင်းသွင်း မှတ်ပုံတင်နိုင်မှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အခုအပြောင်းအရွှေ့မှာ လီဝန်ဒေါစကီးကို ဘိုင်ယန်မြူးနစ်ကနေ ယူရိုသန်း ၅၀၊ ရာဖင်ဟာကို လိဒ်စ်ယူနိုက်တက်ကနေ ယူရို ၅၉ သန်း၊ ဆီဗီလာနောက်ခံလူ ကွန်ဒီကို ယူရိုသန်း ၆၀ ပေးပြီး ခေါ်ယူထားပါတယ်။

ဘာစီလိုနာ အသင်းကစားသမားများကိုတွေ့ရစဉ်(Sporting News)

စပိန်ကလပ်(ဘာစီလိုနာအသင်း) အနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ကတ်ဆီနဲ့ ခရစ်တန်ဆန်တို့ကိုလည်း စာရင်းသွင်းနိုင်ဖို့ စောင့်ဆိုင်းနေရပါတယ်။ ဘာစီလိုနာအသင်းဟာ ကစားသမားအသစ်တွေ ခေါ်ယူနိုင်ဖို့အတွက် လာလီဂါ ရုပ်သံမူပိုင်ခွင့် ၁၀ ရာခိုင်နှုန်းကို Sixth Street ထံ ရောင်းချခဲ့ပြီး နောက်ထပ် ယူရို ၃၁၅ သန်း ရရှိဖို့ ၁၅ ရာခိုင်နှုန်းကိုပါ ထပ်မံ ရောင်းချခဲ့ပါတယ်။

ဒါ့အပြင် socios.com ထံ ယူရိုသန်း ၁၀၀ နဲ့ ဘာကာစတူဒီယိုရဲ့ ရာခိုင်နှုန်း ၂၅ ရာခိုင်နှုန်းကို ရောင်းချခဲ့ပါသေးတယ်။ ဒါပေမယ့် ခေါ်ယူထားတဲ့ သူတွေအားလုံးကို မှတ်ပုံတင်နိုင်ဖို့ နောက်ထပ် ပြုလုပ်ရမယ့် အပိုင်းတွေ ရှိနေ ပါသေးတယ်။

အဲ့ဒါကြောင့် စပိန်ကလပ်အနေနဲ့ နောက်ထပ် ယူရိုသန်း ၁၀၀ ထပ်မံရရှိဖို့အတွက် ဘာကာစတူဒီယိုရဲ့ ၂၄.၅ ရာခိုင်နှုန်းကို ရောင်းချနိုင်တာပါ။

ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာက “ ကျနော်တို့အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ပြီး လိုအပ်ချက်တွေအားလုံး ပြည့်မီ နိုင်မယ်လို့ ယုံကြည်ပါတယ်။ စာရွက်စာတမ်းအားလုံးကို တင်ပြထားပြီးဖြစ်လို့ လာလီဂါရဲ့ တုံ့ပြန်မှုကို စောင့်ဆိုင်းနေတာပါ။ ကွာဟချက် တချို့တော့ ရှိကောင်းရှိနိုင်ပေမယ့် ကျနော်တို့ဟာ အရာအားလုံးကို လိုက်နာပြီး ကစားသမား စာရင်း တင်သွင်းခဲ့ တဲ့အတွက် ပြဿနာ မရှိနိုင်ဘူးဆိုတာ နားလည်ကြောင်း” ပြောခဲ့ပါတယ်။

လာလီဂါပြိုင်ပွဲမှာ ကစားသမားစာရင်း တင်သွင်းဖို့ စောင့်ဆိုင်းနေရတာဟာ ဘာစီလိုနာ တစ်သင်းတည်း မဟုတ်ဘဲ ဘက်တစ်၊ အယ်လ်မာရီယာ၊ အယ်လ်ချီ၊ ဗီလာရီးရယ်လ်၊ ဗယ်လာဒိုးလစ်တို့လည်း ဒီပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

Source: Goal

 

 

 

Share
Tweet
Share
Share
powered by social2s
  • 76
  • 77
  • 78
  • 79
  • 80
  • 81
  • 82
  • 83
  • 84
  • 85

Page 81 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar