CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၄

ဒီမိုကရေစီရေး ဆန့်ကျင် ဆန္ဒပြမှုတွင် ပါဝင်သူများနှင့် ဆက်သွယ်၍ ဆန္ဒပြမည့်နေရာအား ချိန်းဆိုခဲ့သည့် ဂျပန်နိုင်ငံ သား Mr.Toru Kubota အား ဖမ်းဆီး တရားစွဲဆိုထားကြောင်း နစကမှ သတင်းထုတ်ပြန်ခဲ့သည်။

၎င်းကို လဝက ဥပဒေ ၁၃ (၁)၊ Visa စည်းကမ်းဖောက်ဖျက်မှုနှင့် ၅၀၅ (က) တို့အရ တရားစွဲဆိုထားကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံထားရသည့် ဂျပန်နိုင်ငံသား Toru Kubota ကိုပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြ (AFP)

ဂျပန်နိုင်ငံသား Mr. Toru Kubota သည် ဇူလိုင် ၁ ရက်နေ့က Tourist Visa ဖြင့် ထိုင်းနိုင်ငံမှ တစ်ဆင့် ရန်ကုန်မြို့သို့ ဝင်‌ရောက်ခဲ့ပြီး ဇူလိုင် ၃၀ ရက် ညနေပိုင်းမှာ တောင်ဒဂုံ City Mart အနီး လူ ၁၀ ဦးကျော် ပါဝင်သည့် ဆန္ဒပြမှုအား ဖုန်း၊ ကင်မရာများဖြင့် မှတ်တမ်းတင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂျပန်နိုင်ငံသား Toru Kubota ကို စွဲဆိုထားသည့် ပုဒ်မ - ၁၃ (၁) မှာ အမှုတစ်ခုခုကို ကျူးလွန်ခဲ့ပါက အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ အများဆုံး ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ပြဋ္ဌာန်းချက်အရ ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင် ကြောင်း ဖော်ပြထားသည်။