CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင်
 
မနက်ဖြန် (ဇူလိုင် ၁၉ ရက်)ကျရောက်မည့် ၇၅ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မန္တလေးမြို့မှာ သပိတ်ကော် မတီနှင့် သံဃာသမဂ္ဂတို့ ပူးပေါင်း၍ ယနေ့ (ဇူလိုင် ၁၈ ရက်)က ဆန္ဒပြခဲ့ကြပါတယ်။
 
အဆိုပါ ဆန္ဒပြရာတွင် အာဇာနည်မျိုး သေရိုးမရှိ၊ အာဇာနည်တို့ အရိုးဖြင့် ဖက်ဒရယ်အလံတော် လွှင့်ထူကြ၊ လူမျိုးကြီးဝါဒ တိုက်ဖျက်ကြ၊ အာဇာနည်ဟာ ကိုးဦးမက၊ မနိုင်ရင်သေမယ် မသေရင်နိုင်မယ် စသည့် ကြွေးကြော်သံ စာတမ်းများ ကိုင် ဆောင်ခဲ့ကြသည်။