CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ကယားပြည်နယ်အစပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အတွင်းမှာ တပ်မတော်နှင့် ဒေသကာကွယ် ရေးတပ်ဖွဲ့ (PDF)တို့ ယနေ့ (ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး နေအိမ်တစ်လုံး လက်နက်ကြီးကျ ရောက် ပေါက်ကွဲမှုကြောင့် မီးလောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ်မီးလောင်မှုမှာ တပ်မတော်ဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွ့ဲဘက်က ပြောသည်။

ထို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တပ်မတော်ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။