CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၅

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် ရခိုင်ပြည်နယ်က လူနည်းစု မွတ်စလင်(မူရင်း-ရိုဟင်ဂျာ) ပြည်သူ များ ပြည်တော်ပြန်နိုင်ရေး အထောက်အကူပြု ရန် အခြေအနေများ ဖန်တီးခြင်းနှင့် ဥပဒေအရ တန်းတူညီမျှမှု ပေးနိုင်ရန် ကြိုးပမ်းနေသည်ဟု သြဂုတ် ၂၅ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ လူနည်းစု မွတ်စလင် (မူရင်း- ရိုဟင်ဂျာ)လူမျိုးများ ၂၀၁၇ ခုနှစ်၊ သြဂုတ်လက မြန်မာ့တပ်မတော် မှ တိုက်ခိုက်ခဲ့ခြင်း နှစ်ပတ်လည်နေ့ ကြေညာချက်တွင် NUG က အထက်ပါအတိုင်း ထည့် သွင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

NUG က “ ရိုဟင်ဂျာပြည်သူများနှင့် အခြား လူမျိုးစုများကို နှစ်ပေါင်းများစွာ ဖယ်ကျဉ် ခွဲခြားဆက်ဆံခဲ့စေသော မူဝါဒများ၊ အလေ့အကျင့်များနှင့် ပြုမငပြောဆိုမှုများ၊ လုပ်ရပ်များ တည်ရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပိုမို ဆိုးရွား သော ရက်စက် ကြမ်းကြုတ်မှုများနှင့် ရင်ဆိုင်လာရခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ အလွန် ရှက်ရွှံစွာဖြင့် အသိအမှတ်ပြုလိုပါသည်”ဟု ပြောသည်။

 ၂၀၁၉ ဇန်နဝါရီလက နယ်ခြားစောင့်ရဲတစ်ဦးကို ဘူးသီးတောင်မြို့နယ်မှာ တွေ့ရစဉ် (EPA)

ထို့ကြောင့် NUG အနေဖြင့် လူနည်းစု မွတ်စလင် (မူရင်း- ရိုဟင်ဂျာ)ပြည်သူများ ပြည်တော်ပြန်နိုင်ရေး အထောက်အကူပြုရန် အခြေအနေများ ဖန်တီးခြင်း၊ တရားမျှတမှုနှင့် တာဝန်ယူမှု တည်ဆောက်ခြင်း၊ ဥပဒေ အရနှင့် လက်တွေ့အရ တန်းတူညီမျှမှု ပေးနိုင်ရန် ကြိုးပမ်းခြင်းတို့ကို တစ်ပြိုင်တည်း လုပ်ဆောင်လျက်ရှိ ကြောင်း NUG က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လက အာဆာ(ARSA)အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင်၊ ဘူးသီး တောင်၊ မောင်တောမြို့နယ်များက ရဲကင်းစခန်း ၃၀ ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး လူနည်းစု ဟိန္ဒိူများ အပါအဝင် တခြားသော မျိုးနွယ်စုများကို သတ်ဖြတ်ခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်သည် အရေးပေါ် အခြေအနေကြေညာ၍ နယ်မြေလုံခြုံရေး ဆောင်ရွက်ရာ ရခိုင် ပြည်နယ်အတွင်းရှိ လူနည်းစု မွတ်ဆလင်များ၏ နေအိမ်များ ဖျက်ဆီးခြင်းနှင့် သတ်ဖြတ်ခံရမှုများဖြစ်ပေါ်ခဲ့ သည်။

အလားတူ လူဦးရေ ၇ သိန်းကျော်သည်လည်း ဘင်္ဂလားဒေ့ရှ်ဘက်သို့ တိမ်းရှောင်သွားခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။

 

 နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသော ရခိုင်ပြည်နယ်က လူနည်းစု မွတ်ဆလင်များ (AFP)

NUG က ရခိုင်ပြည်နယ်အတွင်းက လူနည်းစု မွတ်ဆလင်(မူရင်း- ရိုဟင်ဂျာ)ပြည်သူများ၊ တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်းများ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ကုလသမဂ္ဂတို့နှင့်အတူ ရခိုင်ပြည်နယ်အတွင်းက လူနည်းစု မွတ်ဆလင် (မူရင်း- ရိုဟင်ဂျာ)များ အိမ်ပြန်နိုင်ရေးအတွက် ကောင်းမွန်သင့်တော်သော အခြေအနေများ ဖန်တီး ရန် ကြိုးစားနေကြောင်း ထပ်မံ ကတိပြုပါသည်ဟု သြဂုတ် ၂၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ပြောထားသည်။

၎င်းက “ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရသည် အပြည်ပြည်ဆိုင်ရာ တရားရုံး၊ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံးနှင့် အပြည်ပြည်ဆိုင်ရာ တရားစီရင်မှု အခွင့်အာဏာနှင့် အတူ ရိုဟင်ဂျာများ တရားမျှတမှု ရရှိနိုင်ရန်နှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်ရန် အစဉ်တစ်စိုက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်အတွင်းက လူနည်းစု မွတ်ဆလင်များ လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန် သည်ဟုဆိုကာ ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုကြောင့် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်လ်မြို့ရှိ အပြည်ပြည်ဆိုင် ရာတရားရုံး(ICJ)မှာ အမှုရင်ဆိုင် ဖြေရှင်းနေရသည်။