CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာ ကုလညီလာခံမှာ မိန့်ခွန်းပြောနေစဉ်

ယူကရိန်း၌ ရုရှားလူထုဆန္ဒခံယူပွဲအပေါ် အိန္ဒိယ၏ရပ်တည်ချက် UN တွင် ထုတ်ပြောမည်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1544

CNI International news

နယူးဒေလီ၊ စက်တင်ဘာ ၂၉

ရုရှားဖက်ဒရေးရှင်းထဲသို့ တရားဝင် သွတ်သွင်းရန်အတွက် ပုံဖော်လုပ်ဆောင်ခဲ့သည့် ယူကရိန်းနယ်မြေ အစိတ် အပိုင်းများ၌ ရုရှားလိုလားသော လူထုဆန္ဒခံယူပွဲများ ကျင်းပနေစဉ် အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန် ကာ (S Jaishankar) က ကုလသမဂ္ဂ(UN)တွင် ၎င်း၏ရပ်တည်ချက်ကို ရှင်းလင်းပြောကြားရန် ရှိကြောင်း နယူးဒေလီက သတင်းထုတ်ပြန်ခဲ့သည်။

ဝါရှင်တန်ဒီစီတွင် ၎င်း၏ (၁၁)ရက်ကြာ အမေရိကန်ခရီးစဉ်အပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ရာ၌ ဂျိုင်ရှန် ကာကို ဟိန္ဒူစတန်တိုင်းမ်မီဒီယာက “ရုရှား၏ ဆန္ဒခံယူပွဲ ကျင်းပခြင်းအပေါ် ဘယ်လိုထင်မြင်ပါသလဲ၊ ငြိမ်းချမ်း ရေးအတွက် အထောက်အကူဖြစ်စေပြီး UN ပဋိညာဉ်စာတမ်းကို လိုက်နာခြင်းရှိ/မရှိ” မေးမြန်းခဲ့ရာ ၎င်းက “ယူကရိန်း အရေးနှင့်ပတ်သက်၍ အိန္ဒိယက မိမိချမှတ်ထားသော မူဝါဒနှစ်ရပ်အပေါ် ရပ်တည်သွားမည်” ဟု ဖြေကြားခဲ့သည်။

ယူကရိန်း နယ်မြေထဲကနေ ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲလုပ်နေစဉ် (AP)

ဂျိုင်ရှန်ကာက “ဒါဟာ စဉ်းစားရမယ့် ကိစ္စတစ်ခုလို့ ကျနော်ထင်ပါတယ်။ ကျနော် နားလည်တာကတော့ အဲဒီ အဖြေက UN ထဲမှာ ရှိပါတယ်။ UN မှာ ကျနော်တို့ သံအမတ် ဘာပြောမလဲဆိုတာ စောင့်ကြည့်ဖို့ တိုက်တွန်းချင် ပါတယ်” ဟု ဆက်လက် ဖြေကြားခဲ့သည်။

ယူကရိန်းနယ်မြေများ၌ ရုရှား၏ လူထုဆန္ဒခံယူပွဲအပေါ် အိန္ဒိယ၏ ရပ်တည်ချက်သည် ယူကရိန်း စစ်ပွဲနှင့် ပတ်သက်၍ သံတမန်ရေးရာ နောက်ထပ် စမ်းသပ်ချက်တစ်ခု ဖြစ်လာမည်ဟု ဟိန္ဒူစတန်တိုင်းမ်က ရေးသား ဖော်ပြခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံစဉ် အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီက “ယခုခေတ်သည် စစ်ဖြစ်ရမယ့် ခေတ် မဟုတ်ကြောင်း” ပြောကြားခဲ့မှုအပေါ် အနောက်အုပ်စုနိုင်ငံများက ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးခဲ့ကြသည်။

ယူကရိန်း နယ်မြေထဲကနေ ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲလုပ်နေစဉ် (AP)

သို့သော် ဥဇဘက်ကစ္စတန်နိုင်ငံ၊ စမာခန်မြို့၌ ပြောကြားခဲ့သည့် မိုဒိ၏ မှတ်ချက်ကြောင့် မြေပြင် စစ်ရေး ဆုတ် ယုတ်နေသည့် ရုရှားသည် နောက်ထပ် စစ်ရေးအင်အား ဖြည့်တင်းရန် စည်းရုံးကြေညာခြင်းများ၊ နျူကလီးယား ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ပြီး ၎င်းထိန်းချုပ်ထားသည့် ယူကရိန်းနယ်မြေများကို တရားဝင် သိမ်းပိုက် နိုင်ရန် အလို့ငှာ လူထုဆန္ဒခံယူပွဲများ အဆောတလျင် ကျင်းပစေခဲ့သည်။

အမေရိကန်သည် ယခုသီတင်းပတ်အကုန်ပိုင်း (သို့မဟုတ်) လာမည့် သီတင်းပတ် အစောပိုင်းတွင် ဆွေးနွေးရန် မျှော်မှန်းထားသော ခိုင်မာသည့် ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) တွင် တင်သွင်း ထားပြီး ဖြစ်သည်။

သို့သော် မည်သည့် ပုံစံဖြင့်မဆို UNSC သို့ တင်သွင်းသည်ဖြစ်စေ ကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်ဖြစ်သော ရုရှား၏ ဗီတိုအာဏာကြောင့် ယင်းဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်မည့် အလားအလာ မရှိပေ။

ထို့နောက် UN အထွေထွေညီလာခံတွင် ဆုံးဖြတ်ချက်ချနိုင်အောင် လုပ်ဆောင်မည်ဟု အမေရိကန်က ပြောကြား ထားသည်။

Source: Hindustan Times

 

 

 

 

Share
Tweet
Share
Share
powered by social2s
UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကုနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်က တွေ့ဆုံစဉ်

“ဝ”ကို ပြည်နယ်ပေးမည်ဆိုသည့် စစ်တပ်၏ အာမခံချက်က မသေချာဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1857

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၉

“ဝ”ကို ပြည်နယ်‌ပေးရန် မူအားဖြင့် သဘောတူသည်ဆိုသည့် မြန်မာ့တပ်မတော်၏ အာမခံချက်မှာ မသေချာကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

“ဝ”ကို ပြည်နယ် ပေးလိုက်ပါက အဆိုပါ ဒေသမှ တိုင်းရင်းသားများနှင့် စိတ်ဝမ်းကွဲမှုများ ရှိလာမှာဖြစ်ကြောင်း၊ အခြားသော လူမျိုးစုများမှ ပြည်နယ်တောင်းဆိုမှု၊ ဒေသတောင်းဆိုမှုများ ရှိလာမှာဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးဖေသန်းက “ ၂၀၀၈ အောက်က ရမယ်ဆိုတာက လောလောဆယ် စစ်တပ်က ပေးတဲ့ ကတိပဲ ဖြစ်တယ်၊ ဒါ တောင် သူက မူအားဖြင့်ပဲ သဘောတူတယ်ပြောတာ၊ သူတို့ဖက်က သဘောတူတယ်ပေါ့ဗျာ၊ ၂၅ ရာခိုင်နှုန်းက သဘောတူတယ်ပေါ့၊ ၇၅ ရာခိုင်နှုန်းရဖို့ အဲဒါက လွှတ်‌တော်ထဲမှာလည်း ဒီစနစ်က လျှို့ဝှက်မဲပေးတဲ့ စနစ်ဆိုတော့ အဲဒါက မရတာ ငါတို့နဲ့ မဆိုင်ဘူးဖြစ်သွားမှာပေါ့၊ တကယ်လို့ ၇၅ ရာခိုင်နှုန်း မကျော်ဘူးဆိုရင် ငါတို့ကတော့ ပေး တယ်၊ ဒီပြင် ပါတီတွေက မပေးဘူးဆိုပြီးတော့ တစ်ဖက်လှည့်နဲ့တောင် ရန်တိုက်ပေးခိုင်းနိုင်တဲ့ အခြေအနေမျိုး တောင်မှ ရောက်သွားဦးမယ်၊ ဆို‌တော့ ဒီစစ်တပ်ရဲ့ အာမခံချက်က မသေချာဘူးဗျ။ စစ်တပ်ရဲ့ အာမခံချက်ဟာ မသေချာဘူး။ သူတို့ရဲ့ သဘောထားကိုပဲ မူအားဖြင့်ပြောတာ၊ ဒီတော့ အဲဒီကိစ္စလောက်နဲ့တော့ ဒါပြည်နယ် မရနိုင်လောက်ဘူးပေါ့”ဟု ပြောသည်။

ထို့နောက် “ဝ”ကို ပြည်နယ်ပေးလိုက်ပါက တခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိလာနိုင်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ UWSA- NDAA- SSPP ခေါင်းဆောင်များ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်က တွေ့ဆုံစဉ်

ဦးဖေသန်းက “ တခြားပြည်နယ် “ဝ”ကို ပေးလိုက်မယ်ဆိုရင် တခြားဘေးထွက်ဆိုးကျိုး တွေလည်း ရှိသေးတယ်၊ သူ့ဒေသမှာလည်း တိုင်းရင်းသားတွေနဲ့ စိတ်ဝမ်းကွဲပြားမှု တွေလည်း ရှိလာဦးမယ်၊ တခြားပြည်နယ်တောင်းတာတို့ အုပ်ချုပ်ခွင့် ဒေသတောင်းတာတို့လည်း ဖြစ်လာဦးမယ်၊ ဆိုတော့ ဒါက နိုင်ငံရေးအရ တော်တော်ကို အခက်အခဲ ဖြစ်စေနိုင်တဲ့၊ အကျပ်အတည်း ဖြစ်စေနိုင်တဲ့ ကိစ္စဖြစ်တယ်၊ ဒါကြောင့်လည်းပဲ တပ်မ‌တော်က မူအားဖြင့် သဘော တူ တယ်ဆိုတာတော့ လောလောဆယ်ပေါ့ဗျာ၊ ပြဿနာ အေးရာအေးကြောင်း ပြောလိုက်တဲ့ သဘောထက် မပို ဘူးလို့ ကျနော်မြင်တယ်ဗျ၊ ရှေ့မှာ အာမခံချက်မရှိဘူး” ဟု ပြောသည်။

“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)သည် နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အခြားတိုင်းရင်းသားပြည်နယ်နှင့် တန်းတူရည်တူသော “ဝ” အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တည်ထောင်ရန် တင်ပြ တောင်းဆိုမှုကို တပ်မတော်ဘက်က မူအားဖြင့် သဘောတူခဲ့သည်။

“ဝ” ကို ပြည်နယ်ဖွဲ့စည်းပေးရန် တပ်မတော်မှ သဘောတူမှုမှာ မဖြစ်နိုင်ကြောင်း မြန်မာ့အရေး လေ့လာသုံး သပ်သူ ဒေါက်တာလှကျော်ဇောက CNII သတင်းဌာနသို့ ပြောသည်။

၎င်းက “မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်ဘူး။ သူက ပြောပြီးသားလေ၊ ဒီဆွေးနွေးပွဲတွေပြီးလို့ လက်နက်ကိုင်တပ်တွေ ရှိလို့ရှိရင်လည်း လက်နက်ဆက်ကိုင်ချင်ရင် border guard လုပ်ရမယ်၊ နယ်ခြားစောင့်တပ် လုပ်ရမယ်၊ သူ့တပ် ဝင်ရမယ်၊ ဒါမျိုးတွေ ပြောထားတာ၊ ဘယ်လိုလုပ် ဒီ “ဝ”တို့၊ မိုင်းလားတို့ကလည်း ဒါကို သဘောတူနိုင်မလဲဗျ ခင်ဗျ၊ စဉ်းစားကြည့်ဦး” ဟု ပြောသည်။

NSPNC နဲ့ UWSA-NDAA-SSPP ခေါင်းဆောင်များ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်

နိုင်ငံတော်နယ်နိမိတ်ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံသုံးပုံနှင့် အထက်က နယ်နိမိတ်ပြင်ဆင်သင့်ကြောင်း ထောက်ခံမဲပေးပါက နိုင်ငံ‌တော်သမ္မတမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ နယ်နိမိတ်ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရန်ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြထားသည်။

ဦးဖေသန်းက “ “ဝ” ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒါမှမဟုတ် သူ့ရဲ့ မဟာမိတ်ပါတီတွေ လွှတ်တော် ကိုယ်စားလှယ်တွေက တင်ပြရမှာပေါ့၊ အဲဒီအတိုင်းပဲ သွားရမှာ အဓိကကတော့ “ဝ”အနေနဲ့လည်းပဲ ဒီကိစ္စမှာ သူတို့ အခုရထားတဲ့ အဆင့်အတန်းက ပြည်နယ်ဆိုတဲ့ အဆင့်အတန်းထက် အများကြီး ပိုပါတယ်။ ပြည်နယ်ဆို တာ သိတဲ့အတိုင်းပဲလေ ကျ‌နော်တို့ တိုင်းရင်းသားတွေ ဒီနေ့ရထားတဲ့ ပြည်နယ်က ဘာမှ တိုင်းရင်းသားတွေ လိုချင်တဲ့ အဆင့်အတန်းရှိတဲ့ ပြည်နယ်မျိုးမဟုတ်ဘူး။ “ဝ”က တောင်းလာတဲ့ အခါမှာလည်း ကျနော်တို့ ပြည်နယ်ရထားတဲ့ လူတွေက “ဝ”က ပြည်နယ်တောင်းတယ်ဆိုတော့ တော်တော့်ကို အံ့ဩတယ်ပေါ့၊ ဘာမှ အနှစ်သာရမရှိတဲ့ ပြည်နယ်ကို “ဝ”က အကုန်လုံး လုံခြုံရေးကအစ၊ ကာကွယ်ရေးကအစ ယူထားတဲ့ အဆင့် အတန်းမျိုးက လာတောင်းတယ်ဆိုတော့ တော်တော်ကို ကျနော်တို့လည်း စဉ်းစားရခက်တာပေါ့၊ ဒါပေမဲ့ အဲဒီ အခက်အခဲတွေကတော့ ‌ရှေ့မှာ အများကြီးရှိလာဦးမယ်၊ ပြည်နယ်ရရုံနဲ့တော့ “ဝ”တွေလိုချင်တဲ့ အဆင့်အတန်း မျိုး ကတော့ ရမှာမဟုတ်ဘူး။ အဲဒီမှာ ပြဿနာတွေ ရှိဦးမှာပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် UWSA သည် ပန်ခမ်း(ပန်ဆန်း)မြို့ကို ဌာနချုပ် မြို့တော်အဖြစ် သတ်မှတ်ကာ တရားရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ အခွန် ဌာန၊ လုံခြုံရေးဌာန အပါအဝင် ဌာနဆိုင်ရာများကို ဖွဲ့စည်း၍ ထိန်းချုပ်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်း (ပန်ဆန်း) မြို့နယ် ခြောက်ခုအား ခရိုင်နှစ်ခုဖွဲ့ကာ “ဝ” ကိုယ်ပိုင်ချုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ပေးထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားနိုင်ငံသားများ စစ်မှုမထမ်းလို၍ နိုင်ငံက ထွက်ခွာလာကြ (AP)

နယ်စပ်ထွက်ပြေးကြသူများကို တားဆီးရန် ရုရှားက ယာယီစစ်ဆေးရေးဂိတ်များ ဖွင့်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1272

CNI International News

မော်စကို၊ စက်တင်ဘာ ၂၉

ယူကရိန်းစစ်ပွဲသို့ တိုက်ခိုက်ရန်အတွက် ရုရှားစစ်တပ်က နိုင်ငံသားများကို စစ်မှုထမ်းရန် ဆင့်ခေါ်ခဲ့ခြင်းကြောင့် စစ်မှုမထမ်းလိုသူများက အိမ်နီးချင်းနိုင်ငံများသို့ထွက်ခွာနေကြခြင်းကို တားဆီးရန် ရုရှားက ယာယီစစ်ဆေးရေး ဂိတ်များ ဖွင့်လှစ်လာကြောင်း သိရသည်။

ယူကရိန်းသို့ သွား‌ရောက် တိုက်ပွဲဝင်ဖို့ ဆင့်ခေါ်ခံရခြင်းမှ လွတ်မြောက်ရန် ကြိုးစားနေသည့် ရုရှားနိုင်ငံသားများ သည် စက်တင်ဘာ ၂၈ ရက်၌ နယ်စပ်သို့ထွက်သည့် အဝေးပြေးလမ်းများတွင် တန်းစီလျက် ယာဉ်ကြောပိတ်ဆို့ နေဆဲဖြစ်ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုသို့ ထွက်ပြေးကြသူများကို ကြားဖြတ်ဟန့်တားရန်အတွက် မော်စကိုအစိုးရက နယ်စပ်များတွင် ယာယီရုံးခန်း များ အသစ်ဖွင့်လှစ် ထားခဲ့သည်။

နယ်စပ် စစ်ဆေးရေးဂိတ်နဲ့ ရုရှားနိုင်ငံသားများ (AP)

ဂျော်ဂျီယာနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရုရှားနိုင်ငံ၊ မြောက်ပိုင်း အိုစီတီယားတွင် အထူးသတိပေးချက် တစ်ရပ် ထုတ်ပြန်ထားပြီး ရက်ပေါင်းများစွာ တန်းစီစုပြုံ နေသူများအတွက် အစားအစာ၊ သောက်ရေ၊ အပူပေး စနစ်နှင့်အခြား အထောက်အကူပစ္စည်းများ ယူဆောင်လာသင့်ကြောင်း နှိုးဆော်ထားသည်။

ဂျော်ဂျီယာနယ်စပ်ရှိ စေတနာ့ဝန်ထမ်းကလည်း သောက်ရေ၊ ခြုံစောင်နှင့် အခြား အထောက်အကူများကို လာရောက် ပေးအပ်ကြကြောင်း တွေ့ရသည်ဟု အေပီက သတင်းဆက်လက် ဖော်ပြသည်။

မြောက်ပိုင်း အိုစီတီယားဒေသ၌ ရုရှားပိုင်နက်အတွင်း ခရီးသည်ယာဉ် အရေအတွက် ကန့်သတ်တားမြစ်ထားပြီး ဗာခေးလာ့စ် (Verkhy Lars) နယ်စပ်ဖြတ်ကျော်သည့် နေရာတွင် ယာယီရုံးခန်းတစ်ခု ဖွင့်ထားကြောင်း ရုရှား သတင်းဌာနများက ရေးသားကြသည်။

နယ်စပ် စစ်ဆေးရေးဂိတ် (AP)

စစ်မှုထမ်းရုံးဟု ရေးသားထားသည့် အနက်ရောင် ဗင်ကားကို ရုရှားမီဒီယာများတွင် ပြသခဲ့ပြီး နယ်စပ်လမ်း ကြောင်း ဖြတ်ကျော်နေကြသူများ၏ ဓာတ်ပုံများကိုပါ ထုတ်ပြန်ခဲ့သည်။

အလားတူ ရုရှား-ဖင်လန် နယ်စပ်မျဉ်း တလျှောက်တွင်လည်း ရုရှား၏နောက်ထပ် စစ်ဆေးရေးဂိတ်နှင့် ယာယီ ရုံးခန်းတစ်ခု ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ရုရှားပြည်တွင်း မီဒီယာတစ်ခုဖြစ်သော မီဒူဇာ (Meduza) က သတင်းဖော် ပြခဲ့သည်။

ယူကရိန်းတွင် ရုန်းကန်နေရသော ရုရှားတပ်ဖွဲ့များ အားဖြည့်တင်းရန်အတွက် သမ္မတ ဗလာဒီမာပူတင်၏ စစ်မှု ထမ်းရေး လှုံ့ဆော်ချက် ကြေညာပြီးနောက် ရက်သတ္တတစ်ပတ်အတွင်း ရုရှားနိုင်ငံသားပေါင်း သောင်းနှင့်ချီ၍ ပြည်တွင်းမှ ထွက်ပြေးခဲ့ကြသည်။

ယခင် စစ်မှုထမ်းဟောင်း ဖြစ်ခဲ့ဖူးသူ ၃ သိန်းခန့်ကို ရည်ရွယ်ခေါ်ဆိုခြင်းဖြစ်သည်ဟု သိရသော်လည်း ရုရှားနိုင်ငံ သား အများအပြားကတော့ ထို့ထက်ပို၍ စိုးရိမ်စိတ်များ ပြင်းထန်နေခဲ့ကြသည်။

စစ်ရေး အတွေ့အကြုံမရှိသော အမျိုးသား အများအပြားနှင့် အသက်အရွယ်မရွေး စစ်မှုထမ်းရန် အကြောင်းကြား စာ ရုရှားနိုင်ငံသားများ လက်ဝယ်သို့ ပေးပို့ခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်နေခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s

အိန္ဒိယဝေဖန်၍ ပါကစ္စတန်သို့ လက်နက်ရောင်းချမှုကို အမေရိကန်ခုခံကာကွယ်ပြော

By CNI
CNI
Category: Watch TV
Hits: 744

Share
Tweet
Share
Share
powered by social2s

ဒုက္ခသည်ကတ် လျှောက်ထားသူ ရခိုင် ၅၀၀၀ ကျော်တွင် ၂၀ ဝန်းကျင်သာရသေး

By CNI
CNI
Category: Watch TV
Hits: 713

Share
Tweet
Share
Share
powered by social2s

၃ ပတ်အတွင်း ပထမဆုံးအကြိမ် ရှီကျင့်ဖျင် လူထုမြင်ကွင်း၌ ပြန်လည်ထွက်ပေါ်လာ

By CNI
CNI
Category: Watch TV
Hits: 670

Share
Tweet
Share
Share
powered by social2s

စစ်ထဲမဝင်လိုသော ရုရှားနိုင်ငံသား တစ်သိန်းကိုးသောင်းကျော် ထွက်ပြေးတိမ်းရှောင်

By CNI
CNI
Category: Watch TV
Hits: 636

Share
Tweet
Share
Share
powered by social2s

NUG အနေဖြင့် PDF အားလုံးကို ဗဟိုမှ အုပ်စီးထားရန် လိုအပ်ဟုပြော

By CNI
CNI
Category: Watch TV
Hits: 735

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နစက အဖွဲ့ဝင်များကိုတွေ့ရစဉ်

အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်လမ်းကြောင်းအပြင် တခြားမရှိဟု တပ်ချုပ်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1173

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၈

လွှတ်တော်လမ်းကြောင်းမှသာ အခြေခံဥပဒေ(၂၀၀၈ ဖွဲ့စည်းပုံ)ပြင်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မည် ဖြစ်ပြီး တခြားလမ်းကြောင်းများမှ ဆောင်ရွက်၍မရကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

စက်တင်ဘာ ၂၇ ရက်နေ့က ကျင်းပခဲ့သည့် နစက အဖွဲ့ဝင်များ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို မျက်ကွယ် ပြု၍ မရကြောင်း၊ ပြည်ပ ပရောဂများကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ဝိဝါဒကွဲပြားမှုများရှိကြောင်း၊ လက်နက်ကိုင် တိုင်းရင်းသားများ အဖွဲ့များ၏ တောင်းဆိုချက်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များ ပါဝင်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ဆောင်ရွက်၍ရသည်များရှိကြောင်း၊ နှစ်ဖက်ဖြစ်ချင်သည်နှင့် ဖြစ်သင့်သည်များ ကို ညှိနှိုင်း၍ သဘောတူညီချက် ရရှိမည်ဆိုပါက ပြင်ဆင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်၍ ရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ဒီမိုကရေစီအရေးတောင်းဆိုကြသူများ (ဖရွန်းတီးယားမြန်မာ)

၎င်းက “ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်လိုသည်များကို လွှတ်တော်၌ မဲခွဲဆုံးဖြတ်၍ ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီနိုင်ငံတစ်ခုအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင် လေးစားစွာဖြင့် ဆောင်ရွက်သည့် သိက္ခာကိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ လွှတ်တော်လမ်းကြောင်းမှသာ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အခြားလမ်းကြောင်းများမှ ဆောင်ရွက်၍မရကြောင်း၊ အားလုံးမှ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို အားလုံးတညီတညွတ်တည်းရှိခဲ့သည်ကို ပြသခဲ့သည့် ပင်လုံ စိတ်ဓာတ်ကို အခြေခံဆောင်ရွက်ရမည်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ အရေးပေါ် အခြေအနေ ကြေညာထားသည်။

ထို့ကြောင့် လွှတ်တော် ကျင်းပနိုင်ခြင်းမရှိသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း ပျက်သွားပြီးဟု ဒီမိုကရေစီ အင်အားစုများ ရပ်တည်လျက်ရှိသလို တပ်မတော်ဘက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက် ဆုပ်ကိုင်ထားဆဲဖြစ်သည့်အတွက် အားပြိုင်မှုများ ကြုံနေရသည်။

အလားတူ နိုင်ငံရေး တည်ငြိမ်ရေးကနေ ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်လည်း နစကဘက်က ကြိုးပမ်းလျက်ရှိနေသည်။

ထို့နောက် မြန်မာနိုင်ငံအတွင်း နွေဦးတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များနှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ UWSA-NDAA- SSPP ခေါင်းဆောင်များကိုတွေ့ရစဉ်

မိမိတို့ အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ခု ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ကြိုတင် သဘောတူညီချက်များ ရရှိရေး ဆောင်ရွက်လျက် ရှိပြီး ဖြစ်နိုင်သည်များကို ဆွေးနွေးဆောင်ရွက်လျက်ရှိသည်ဟု နစကဥက္ကဋ္ဌက ပြောသည်။

ထို့နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA ကို အခြေခံ၍ ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်သွား ရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် နစကသည် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးလျက်ရှိ ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်း နေကြသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် UWSA၊ NDAA၊ SSPP ခေါင်းဆောင် များ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့စဉ် SSPP ဘက်က အမျိုးသားတန်းတူရေးကို ဖော်ဆောင်နိုင်ဖို့အတွက် ဗမာပြည်နယ်ကို ဖွဲ့စည်းရမည် ဖြစ်သလို ပင်လုံစာချုပ်၊ ပင်လုံမူ၊ ပင်လုံကတိကဝတ် တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဆိုသည့် အချက် အပါအဝင် ၄ ချက်ကို ချပြဆွေးနွေးခဲ့သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန်ဒုတိယသမ္မတ ကာမယ်လာဟားရစ်(ဓါတ်ပုံ-ရိုက်တာ)

အနှောင့်အယှက်ပေးသော တရုတ်လုပ်ရပ်ကို အမေရိကန်ဒုသမ္မတရှုတ်ချ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1436

CNI International News

တိုကျို၊ စက်တင်ဘာ ၂၈

အမေရိကန်ဒုတိယသမ္မတ ကာမယ်လာဟားရစ်သည် ဂျပန်နိုင်ငံရောက် အမေရိကန်သင်္ဘောသားများနှင့် တွေ့ဆုံ ရာတွင် မိမိတို့ကို အနှောင့်အယှက်ဖြစ်စေသော တရုတ်၏လုပ်ရပ်များကို ရှုတ်ချကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုင်ဝမ်ကို တိုက်ခိုက်လာပါက အမေရိကန်တပ်များဖြင့် အကာအကွယ်ပေးသွားမည်ဟု ဘိုင်ဒန်အစိုးရ ကတိပြုပြီး ရက်ပိုင်းအတွင်း ဒုတိယသမ္မတက ယင်းကဲ့သို့ သဘောထားမှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

တိုကျိုမြို့တော်အပြင်ဘက်ရှိ ယိုကိုဆူကာဒေသရှိ ကမ္ဘာ့အကြီးဆုံးပင်လယ်ရပ်ခြား အမေရိကန်ရေတပ်စခန်း ဌာနသို့ ရောက်ရှိစဉ်အတွင်း ဟားရစ်က “တရုတ်သည် နိုင်ငံတကာစည်းမျဉ်းအခြေခံသည့်လုပ်ဆောင်ချက်များ၏ အဓိကအစိတ်အပိုင်းများကို အားပျော့အောင် လုပ်ဆောင်နေကြောင်း” ပြောကြားခဲ့သည်။

“တရုတ်ဟာ အိမ်နီးချင်းနိုင်ငံတွေကို ခြိမ်းခြောက်အကျပ်ကိုင်ဖို့ သူ့ရဲ့စစ်ရေးနဲ့စီးပွားရေးအင်အားကို အရှိန်မြှင့် နေပါတယ်။ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်မှာ တခြားသူတွေ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူတွေ လုပ်ခဲ့ပြီးတော့ မကြာခင်ကပဲ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ပြီး ရန်စမှုတွေ ရှိခဲ့ပါသေးတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယခင်က မရှိခဲ့ဖူးသည့် တိုက်ခိုက်ရန်စမှုကို ကာကွယ်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စက်တင်ဘာလ ၁၈ ရက်တွင် ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် သဘောထားမှတ်ချက်ပေးခဲ့ပြီးဖြစ်သည်။

ဘိုင်ဒန်၏သဘောထားမှတ်ချက်ထွက်ပေါ်လာပြီး မရှေးမနှောင်းမှာပင် ယခုကဲ့သို့ ဟားရစ်၏ ကမ္ဘာ့အရှေ့ဖျား ခရီးစဉ်လည်း ပေါ်ပေါက်လာခဲ့သည်။

 အမေရိကန်ဒုတိယသမ္မတ ကာမယ်လာဟားရစ်နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှိဒါတို့ တိုကျိုမြို့ရှိ Akasaka Palace ပြည်နယ် ဧည့်ရိပ်သာတွင် စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ဆုံနှုတ်ဆက်ကြစဉ်(ဓါတ်ပုံ-အေပီ)

အမေရိကန်သည် ဘေဂျင်းတစ်ခုတည်းကိုသာ တရားဝင်အသိအမှတ်ပြုသည့် တရုတ်တစ်ပြည်ထောင်တည်းမူဝါဒ (One China Policy) ကို လက်ခံထားသော်လည်း ဒီမိုကရေစီနည်းကျအုပ်ချုပ်နေသော ထိုင်ဝမ်ကို ခုခံ ကာကွယ် ရန် အခိုင်အမာပြောကြားထားပြီးဖြစ်သည်။

တရုတ်ကတော့ ထိုင်ဝမ်သည် ၎င်း၏ပြည်နယ်များထဲမှ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း မှတ်ယူထားသည်။ သို့သော် ဘေဂျင်းအောက်သို့ ထိုင်ဝမ်ရောက်လာရှိလာရေးအတွက် အင်အားသုံးမည်မဟုတ်ဟု အာမခံခဲ့သည်။

ထိုင်ဝမ်အစိုးရသည် တရုတ်၏အချုပ်အခြာအာဏာကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေပြီး ကျွန်း၏ လူဦးရေ ၂၃ သန်းကသာ မိမိတို့အနာဂတ်ကို ဆုံးဖြတ်နိုင်ကြောင်း အတိအလင်းကြေညာခဲ့သည်။

ပြီးခဲ့သည့်ဩဂုတ်လတွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်ကျွန်းပေါ်သို့ ရောက်ရှိ လည်ပတ်ခဲ့ပြီးနောက် တရုတ်က ကျွန်းတဝိုက် အကြီးစားစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ယခု ဂျပန်ခရီးစဉ်တွင်လည်း ဒုတိယသမ္မတ ဟားရစ်က “တောင်တရုတ်ပင်လယ်ဒေသတွင် အမေရိကန် တပ်များသည် ထိတ်လန့်တုန်လှုပ်နေမည်မဟုတ်ဘဲ လုပ်စရာရှိသည်များ ဆက်လုပ်သွားမည်” ဟု ပြောကြားခဲ့သည်။

“လက်ရှိအနေအထားကို တဖက်သတ်ပြောင်းလဲစေမယ့်ကိစ္စတွေ ကျမတို့ ဆက်လက်ဆန့်ကျင်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

“ထိုင်ဝမ်ရဲ့ရပ်တည်ချက်မူဝါဒနဲ့အညီ၊ ထိုင်ဝမ်ကာကွယ်ရေးအတွက် ကျမတို့ ဆက်ပြီး‌ထောက်ခံသွားမယ်။ ထိုင်ဝမ်ဟာ ကမ္ဘာလုံးဆိုင်ရာ ကောင်းကျိုးတွေကို ပံ့ပိုးတဲ့ တက်ကြွတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်တယ်” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
UNHCR ရုံး၊ ဒုက္ခသည်ကတ်၊ မြန်မာများကို တွေ့ရစဉ်

ဒုက္ခသည်ကတ် လျှောက်ထားသူ ရခိုင် ၅၀၀၀ ကျော်တွင် ၂၀ ဝန်းကျင်သာရသေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 2895

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၈

မလေးရှားနိုင်ငံတွင် UNHCR ၌ ဒုက္ခသည်ကတ် လျှောက်ထားသည့် ရခိုင်လူမျိုး ၅၀၀၀ ကျော်ရှိသည့်အနက် ၂၀ ဝန်းကျင်သာ ဒုက္ခသည်ကတ် ရရှိသေးကြောင်း ရခိုင်ဒုက္ခသည်များဗဟို (CAR)မှ နာယကချုပ် ဆရာတော် ဦးဥတ္တရက CNI သတင်းဌာနသို့ မိန့်သည်။

အဆိုပါ ရခိုင်လူမျိုး ၅၀၀၀ ကျော်အား ရခိုင်ဒုက္ခသည်များဗဟို(CAR) မှ UNHCR ဒုက္ခသည်ကတ် လျှောက်ထား ပေးခြင်းဖြစ်ပြီး အချိန်ကာလအားဖြင့် ၂ လကျော် ကြာမြင့်နေပြီဖြစ်ကြောင်း ၎င်းက ဆက်လက် မိန့်သည်။

ဆရာတော် ဦးဥတ္တရက “UNHCR ဆီမှာ တကယ် ဒုက္ခဖြစ်တဲ့လူတွေ အများကြီးပါ။ ဦးဇင်းတို့ Center For Arakan Refugees မှာတောင် တကယ့်ကို ဒုက္ခ အခက်အခဲ အများကြီး။ တချို့လူတွေဟာ စားစရာမဲ့ သောက်စရာမရှိ၊ နေစရာမရှိတဲ့လူတွေ တစ်ပုံကြီး ရှိပါတယ်။ ဦးဇင်းတို့ စင်တာမှာတောင် လူပေါင်းက အခု စာရင်း ကောက်ထား တာမှာ ၅၀၀၀ ကျော် ၆၀၀၀ နီးပါးရှိသွားပြီ။ UNHCR ဆီမှာ အင်တာနက် ကနေပြီးတော့ လျှောက်ပေးတယ်။ ဦးဇင်းတို့ကနေပြီးတော့ ရခိုင်တိုင်းရင်းသား ဒုက္ခသည်ကတ် ထုတ်ပေးတယ်။ ဦးဇင်းတို့ community ကတ် ထုတ် ပေးလိုက်တယ်၊ ဟိုဘက်ကနေ UN လျှောက်ပေးလိုက်တယ်။ အဲဒီအထဲမှာ တကယ့်တကယ် အခက်အခဲ အမှန်ကျ နေတဲ့လူတွေ အများကြီးပါတယ်။ ဦးဇင်းတို့ အခုတင်ထားတာ ၂ လကျော်ပြီ။ ဦးဇင်းတို့ တင်ထားတာထဲမှာ ကြိုကြားကြိုကြားဆို အကုန်လုံး လူပေါင်း ၂၀ လောက်တော့ ရတယ်။ အရမ်းနည်းတယ်။ အခုက တွေ့ရသ လောက် ကတော့ UNHCR ဆီမှာ အခွင့်အရေး ရတာကတော့ အကူအညီရတယ်လို့ ပြောရမလားပေါ့။ မွတ်ဆလင် အုပ်စု၊ တခြားတခြားသော တိုင်းရင်းသား အဖွဲ့အစည်းတွေ တိုင်းရင်းသားတွေပဲ ရတာတွေ့တယ်။ များသောအား ဖြင့်ကတော့ ဦးဇင်းတို့ဆီမှာ အကူအညီ မရတာတွေ များနေတယ်။ တွေ့တာကတော့ UN ရုံးကို ရောက်သွားလို့ရှိ ရင် မွတ်ဆလင် အဖွဲ့အစည်းတွေ၊ နောက်ပြီးတော့ ချင်းတိုင်းရင်းသားတွေ ရတာတော့တွေ့တယ်။ နောက် တိုင်းရင်းသားတွေကတော့ မြန်မာဒုက္ခသည်ကတ် ကြိုကြားကြိုကြားတော့ ရကြတာတွေ့တယ်” ဟု မိန့်သည်။

UNHCR ဒုက္ခသည်ကတ်များကိုတွေ့ရစဉ် 

ဒုက္ခသည်အဖြစ် ခံယူရန် စောင့်ဆိုင်းနေသည့် ရခိုင်တိုင်းရင်းသားများ အလုပ်အဆင်မပြေခြင်း၊ အလုပ် မရရှိခြင်းများ ရှိပါက ရခိုင်ဒုက္ခသည်များဗဟို (CAR) မှ အလုပ်ရှာပေးခြင်းအပြင် ဆေးရုံ၊ ဆေးခန်းများသို့ လိုက်၍ အကူ အညီ ပေးမှုများအား ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ ဒုက္ခသည်အဖြစ် ခံယူရန် စောင့်ဆိုင်းနေသည့် အခြား တိုင်းရင်းသား လူမျိုးများသည်လည်း ၎င်းတို့နှင့် သက်ဆိုင်သည့် တိုင်းရင်းသား၊ လူမျိုးစု အဖွဲ့အစည်းများမှနေ၍ ကူညီဆောင်ရွက်မှုများ ရှိကြောင်း သိရသည်။

လက်ရှိတွင် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာများထဲ၌ လူမျိုးပေါင်းစုံရှိပြီး ထိုသူအားလုံး ဒုက္ခရောက်နေ ကြခြင်းဖြစ်သည့်အတွက် UNHCR အနေဖြင့် ဒုက္ခသည်ကတ် ထုတ်ပေးခြင်း အပါအဝင် အကူအညီ ပေးခြင်းများ အား မျှမျှတတ ဆောင်ရွက်ပေးသင့်ကြောင်း ဆရာတော် ဦးဥတ္တရက ဆက်လက် မိန့်ကြားသည်။

၎င်းက “UNHCR အနေနဲ့ မျှမျှတတပေါ့နော်။ မွတ်ဆလင် ဒုက္ခသည်တွေပဲ ဒုက္ခဖြစ်တာလားဆိုတော့ မဟုတ်ဘူး။ ချင်းတွေသာ ဒုက္ခဖြစ်တာလား ဆိုတော့လည်း မဟုတ်ဘူး။ တိုင်းရင်းသားပေါင်းစုံ ဒုက္ခဖြစ်နေတဲ့ အချိန်မှာ အကုန် လုံး တိုင်းရင်းသားရေးရာ Community အဖွဲ့အစည်း အကုန်လုံးတွေကို မျှမျှတတနဲ့ ဒုက္ခသည်ကတ်ကို ထုတ်ပေး ထားဖို့လိုတယ်။ ကူညီပေးဖို့လိုတယ်။ မလေးရှား UN ရဲ့ ဒုက္ခသည်များဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ UNHCR ဆီ အနေနဲ့ အကုန်လုံးကို မျှမျှတတနဲ့ ကိုင်တွယ်ပြီးတော့ အကုန်လုံးကို စီစဉ် ဆောင်ရွက် ပေးစေလိုတယ်၊ အကူအညီ ပေးစေလိုတယ်”ဟု မိန့်သည်။

မလေးရှားအစိုးရနှင့် UNHCR တို့သည် လက်ရှိတွင် ဒုက္ခသည်အရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်နေကြ ကာ ဒုက္ခသည်အဖြစ် ခံယူမည့် လူဦးရေမှာ များပြားသဖြင့် မလေးရှား အစိုးရဘက်မှ စဉ်းစားစရာဖြစ်နေကြောင်း၊ UN ဘက်မှ ကြည့်ပါကလည်း ဒုက္ခသည်များအား ပစ်ပယ်ထားရန်မှာ မဖြစ်နိုင်သည့်အတွက် ညှိနှိုင်းဆွေးနွေးနေကြကြောင်း သိရသည်။

UNHCR ဒုက္ခသည်ကတ် လျှောက်ထားရန် ကူညီပေးနေခြင်း

မလေးရှားနိုင်ငံတွင် အထောက်အထား မရှိသူဖြစ်ပါက အလုပ်အကိုင် အခွင့်အလမ်း၊ ကျန်းမာရေး၊ ပညာရေးသင် ကြားရေးတို့တွင် နစ်နာမှုများရှိကြောင်း ARRC မှ ဒုတိယဥက္ကဋ္ဌ ကိုအောင်မင်းသူက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “UN နဲ့ မလေးရှားအစိုးရနဲ့ ညှိနှိုင်းမှု အပိုင်းတွေကို မြန်မြန်ဆန်ဆန်လေး အဆင်ပြေစေချင်တယ်ပေါ့။ ဘာလို့ဆို မြန်မာပြည်ရဲ့ အခြေအနေက တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ဆိုးလာတယ်။ မလေးရှားမှာ ကျနော်တို့ ခိုကိုးရာက UN ပဲ ရှိတယ်လေ။ UNHCR ရဲ့ မလေးရှားအစိုးရအပေါ် ချဉ်းကပ်မှုအပိုင်းကို မြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေ စေချင်တယ်ပေါ့။ UN ကကျတော့ သနားမှုအပိုင်းနဲ့ လူ့အခွင့်အရေးအပိုင်းနဲ့ဆို သူက လက်ခံပြီးသား။ ဒါပေမယ့် ဒီနိုင်ငံကြီးကို သူပိုင်တာမဟုတ်ဘူးလေ။ ဒီနိုင်ငံကြီးကို ဒီနိုင်ငံသားတွေပဲ ဒီနိုင်ငံရဲ့ အစိုးရပဲ ပိုင်တယ်ဆို တော့ ဒီနိုင်ငံအစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ သူက တချို့ဟာတွေက များစွာသော အကြောင်းအရာတွေက လုပ်လို့ မရ ဘူး။ လုပ်လို့မရဘူးဆိုတော့ သူက အစိုးရကို အများကြီး ချဉ်းကပ်ပြီးတော့ ညှိနှိုင်းရတယ်။ သူတို့ရဲ့ ညှိနှိုင်းမှု ရလဒ် အပေါ်မှာပဲ ကျနော်တို့က အကျိုးခံစားခွင့် ရှိမှာလေ။ ကျနော်တို့အတွက် လုံခြုံမှုတွေရှိမယ်။ အဲဒီတော့ ညှိနှိုင်းမှု မြန်မြန်ဆန်ဆန်လေး အဆင်ပြေစေချင်တယ်” ဟု ပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံမှ UNHCR ရုံးသည် ဒုက္ခသည်ကတ် လျှောက်ထားခြင်းအား အွန်လိုင်း website မှ တဆင့် လက်ခံနေကြောင်း၊ သို့သော်လည်း မလုပ်ဆောင်တတ်သည့်သူ အများအပြား ရှိနေကြောင်း၊ ဒုက္ခသည် ကတ် လျှောက်ချင်ပါက လူကိုယ်တိုင် သွားရောက် လျှောက်ထား၍မရဘဲ UNHCR Malaysia ဆိုသည့် website တွင် ဝင်ရောက် လျှောက်ထားနိုင်ပြီး ၎င်းတို့ဖြည့်ခိုင်းသည့် အချက်အလက်များအား ပြည့်စုံစွာ ဖြည့်သွင်းပြီး လျှောက်ထားနိုင်ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
စစ်မှုမထမ်းချင်လို့ အိမ်နီးချင်းနိုင်ငံတွေဘက်ကို ရုရှားနိုင်ငံသားတွေ ထွက်ခွာနေစဉ် (AP)

စစ်ထဲမဝင်လိုသော ရုရှားနိုင်ငံသား တစ်သိန်းကိုးသောင်းကျော် ထွက်ပြေးတိမ်းရှောင်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1545

CNI International News

တာလင်းန်(အက်စ်တိုးနီးယား)၊ စက်တင်ဘာ ၂၈

သမ္မတ ဗလာဒီမာပူတင်၏ စစ်မှုထမ်းရေး ကြေညာချက်ထွက်ပေါ်ပြီးနောက် ရက်သတ္တတစ်ပတ်အတွင်း အိမ်နီးချင်း နိုင်ငံများဖြစ်ကြသည့် ဂျော်ဂျီယာ၊ ကာဇက်စတန်နှင့် ဖင်လန်တို့သို့ ထွက်ပြေး တိမ်းရှောင်လာသူ ရုရှားနိုင်ငံသားပေါင်း ၁၉၄,၀၀၀ ကျော်ရှိကြောင်း အေပီသတင်းအရ သိရသည်။

၎င်းတို့အများစုသည် မော်တော်ယာဉ်၊ စက်ဘီး (သို့မဟုတ်) ခြေလျင်ခရီးဖြင့် ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။

ထွက်ပြေး တိမ်းရှောင်သူ တစ်ဦးဖြစ်သည့် ရုရှားအမျိုးသား ဗက်စီဗိုလော့ (Vsevolod) က မော်စကိုမြို့တော်မှ ရုရှားတောင်ပိုင်း နယ်စပ်အနီးသို့ ဖြတ်သန်းလျက် ဂျော်ဂျီယာနိုင်ငံအထိ ရောက်ရှိအောင် မော်တော်ယာဉ် မောင်းနှင်ခဲ့ရာ ၄ ရက်ကြာခဲ့ကြောင်း၊ ထို့နောက် ၎င်း၏ မော်တော်ယာဉ်ကို တစ်နေရာတွင် စွန့်ပစ်ခဲ့ပြီး ဂျော်ဂျီယာ နိုင်ငံထဲသို့ ခြေလျင်ခရီးဖြင့် ဝင်ရောက်ခဲ့ကြောင်း ၎င်းက အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၇ ရက်တွင် ဗက်စီဗိုလော့သည် ၎င်းဖြတ်သန်းခဲ့သော ကီလီမီတာ ၁,၈၀၀ (မိုင် ၁,၁၀၀) ခရီးကို အဆုံးသတ်ခဲ့ခြင်းဖြင့် ယူကရိန်းပြည်တွင်းသို့ ရုရှားထိုးစစ်အတွက် စစ်မှုထမ်းရေး ဆင့်ခေါ်မည့်ဘေးမှ ကင်းဝေး သွားခဲ့သည်။

စစ်မှုမထမ်းချင်လို့ အိမ်နီးချင်းနိုင်ငံတွေဘက်ကို ကားတန်းအရှည်ကြီးနဲ့ ရုရှားနိုင်ငံသားတွေထွက်ခွာနေကြ (AP)

“အင်ပါယာ တည်ထောင်ချင်စိတ် ပြင်းပြနေသူ တစ်ယောက်အတွက် ဖြစ်ရတဲ့စစ်ကြောင့် ကျနော့်အသက် ၂၆ နှစ် မှာ တခြားသူတွေရဲ့သွေး စွန်းထင်းနေတဲ့ ခန္ဓာကိုယ်ကို သယ်ပြီး အိမ်မပြန်ချင်တော့ဘူး” ဟု ၎င်းက အေပီသတင်း ဌာနသို့ ရင်ဖွင့်သည်။

ရုရှားတို့၏ လက်စားချေမှုကို ကြောက်ရွံ့နေရချိန်ဖြစ်၍ ၎င်း၏ နောက်ဆုံးအမည်ကို သတင်းထဲ ထည့်မရေးရန် လည်း ၎င်းက အေပီကို မေတ္တာရပ်ခံခဲ့သည်။

ပူတင်၏ စစ်မှုထမ်းဆင့်ခေါ်ရေး မိန့်ခွန်းပြောပြီး တစ်ပတ်အတွင်း ရုရှားပြည်တွင်း၌ ယောက်ျားလေးများနှင့် မိသားစုများ၊ မိတ်ဆွေ အပေါင်းအသင်းများသည် စက်တင်ဘာ ၂၁ ရက်မှစ၍ တစ်ဦးချင်းရော၊ အစုအဖွဲ့လိုက်ပါ ဆက်တိုက်ဆိုသလို မော်စကိုအား ကျောခိုင်းထွက်ခွာနေကြသည်။

အစောပိုင်းတွင် ရုရှားနိုင်ငံမှ ထွက်ခွာမည့် လေကြောင်းလိုင်း အနည်းငယ်တွင် လေယာဉ်လက်မှတ်နှုန်းထားများ ဈေးတက်သွားခဲ့သည်။

ပူတင်နဲ့ ကာကွယ်ရေး၀န်ကြီးတို့ကိုတွေ့ရစဉ် (GETTY IMAGES)

အချို့ကတော့ မော်တော်ယာဉ်များကို ဆီဖြည့်၊ ဓာတ်ငွေ့ဖြည့်၍ ရုရှားနယ်စပ် မျဉ်းကြောင်းတလျှောက် တသီ တသန်းကြီး ထွက်ခွာကြသည်။

ထိုသို့ ထွက်ခွာသည့် ယာဉ်များပြားမှုကြောင့် ရုရှား၏မြောက်ပိုင်း အိုစီတီးယား (Ossetia) ဒေသမှ ဂျော်ဂျီယာ နယ်စပ်သို့ ဖြတ်ကျော်သည့် ဗာခါနီလာ့စ်(Verkhny Lars) လမ်းပိုင်းတွင် ယာဉ်ကြောပိတ်ဆို့မှုမှာ စက်တင်ဘာ ၂၇ ရက်တွင် ၁၅ ကီလိုမီတာ (၉ မိုင်ကျော်)အထိ ရှည်လျားသွားခဲ့သည်။

ရုရှားနယ်ခြားစောင့်တပ်များကလည်း စည်းမျဉ်းစည်းကမ်းများကို ဖြေလျော့ပေးပြီး ထွက်ခွာသူများကို ခြေလျင် ဖြတ်ကျော်ခွင့်ပေးခဲ့ရာ ရာနှင့်ချီသော လမ်းသွားလမ်းလာများဖြင့် ပျားပန်းခတ်နေပုံကို လူမှုကွန်ရက် မီဒီယာများ တွင် တွေ့ရှိရသည်။

အလားတူ ရုရှားမှ ကာဇက်စတန်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ထွက်ခွာရန်အတွက် ရှည်လျားစွာ တန်းစီစောင့်ဆိုင်း မှုများလည်း ရှိခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်က လူမြင်ကွင်းပြန်ထွက်လာတဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ် (Xinhua)

၃ ပတ်အတွင်း ပထမဆုံးအကြိမ် ရှီကျင့်ဖျင် လူထုမြင်ကွင်း၌ ပြန်လည်ထွက်ပေါ်လာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1127

CNI International News

ဘေဂျင်း၊ စက်တင်ဘာ ၂၈

ယခုလ အစောပိုင်း နိုင်ငံခြားခရီးစဉ်မှ ပြန်ရောက်ပြီးနောက် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ကွန်မြူနစ်ပါတီ (ကွန်ဂရက်) ညီလာခံမတိုင်မီ သီတင်းသုံးပတ်အတွင်း ပထမဆုံးအကြိမ်ဖြစ် စက်တင်ဘာ ၂၇ ရက်၌ အများ ပြည်သူ မြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်လာခဲ့ကြောင်း South China Morning Post သတင်းစာက ရေးသား ဖော်ပြသည်။

ပြီးခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း တရုတ်နိုင်ငံ၏ အောင်မြင်တိုးတက်မှု အခြေအနေများကို ထင်ဟပ်ပြသခဲ့ သော ဘေဂျင်းမြို့တော်တွင် ကျင်းပသည့် ပြပွဲတစ်ပွဲသို့ ရှီကျင့်ဖျင် သွားရောက်ကြည့်ရှုခဲ့သည်။

ကွန်မြူနစ်ပါတီသည် လွန်ခဲ့သော ၁၀ နှစ်အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ ဝါဒရေးရာ စိန်ခေါ်မှုများနှင့် သဘာဝဘေး ဒဏ် အမျိုးမျိုးကို ကျော်ဖြတ်လျက် တိုင်းပြည်ကို ဦးဆောင်မှုပေးခဲ့ကြောင်း အဆိုပါ ပြပွဲကို ကိုးကားလျက် ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်မြူရိုအဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

ပါတီကို ရှီကျင့်ဖျင် စတင်ဦးဆောင်ခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက တရုတ်အာဏာပိုင်များ၏ အဓိက အောင်မြင်မှု များကို ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် ဖြန့်ဝေသင့်ကြောင်း ရှီက မှာကြားခဲ့သည်။

ရှီသည် ပါတီ၏ အပြီးသတ် ဆုံးဖြတ်ချက်ချသည့် အဖွဲ့ဖြစ်သော ဘေဂျင်းအခြေစိုက် အဖွဲ့ဝင် ၂၅ ဦးပါ ပေါ်လစ်ဗျူ ရို (နိုင်ငံရေးဦးဆောင်)အဖွဲ့ အပါအဝင် ဆယ်ဂဏန်းမျှရှိသော တရုတ်ထိပ်တန်း အရာရှိများနှင့် ပူးပေါင်း ဆောင် ရွက်မှုများ ရှိခဲ့ကြောင်း ဆင်ဟွာက ဆက်လက် ရေးသားဖော်ပြသည်။

ရှီသည် ကာဇက်စတန်နှင့် ဥဇဘက်ကစ္စတန် နိုင်ငံများမှ ခရီးစဉ်အပြီး ဘေဂျင်းမြို့တော်သို့ ပြန်ရောက်ခဲ့ရာ ၁၀ ရက်အကြာ ကွန်ဂရက်နှင့် ပါတီခေါင်းဆောင်အဖြစ် တတိယသက်တမ်း ထပ်မံထမ်းဆောင်ဖို့ စပ်ကူးမတ်ကူး ကာလသို့ ရောက်ရှိလာခဲ့သည်။

စက်တင်ဘာ ၂၇ ရက်တွင် ပါတီသည် ရှီ၏ မူဝါဒပန်းတိုင်များကို ထောက်ခံအားပေးရန် ထင်ရှားသည့် ကြိုးပမ်းမှု များဖြင့် တရုတ်နိုင်ငံ၏ ပြန်လည် အားသစ်လောင်းစေရေး စာပေများ စုစည်းထုတ်ဝေမည်ဟု ကြေညာခဲ့သည်။

“ပြန်လည် အားသစ်လောင်း စေရေးစာစု” များဟု အမည်ပေးထားသည့် စာအုပ်အတွဲ ၅ တွဲ စုစည်းထုတ်ဝေမှုတွင် ရှီကျင့်ဖျင်၏ ထီးရိပ်မူဝါဒ ဆောင်ပုဒ်ဖြစ်သော ၎င်း ၂၀၁၂ ခုနှစ် အာဏာရလာချိန်မှစ၍ “တရုတ်ပြည် အားသစ် လောင်း” ၍ တဖန်နုပျို လန်းဆန်းလာပုံကို ပုံဖော်ရေးသားပြုစုထားသည်။

တရုတ်ကွန်မြူနစ်ပါတီ ထောက်ခံခြင်း (GETTY IMAGES)

 

“ကွန်မြူနစ်ပါတီရဲ့ ခိုင်မာတဲ့ ဦးဆောင်မှုအောက်မှာ တရုတ်ပြည်သူပြည်သားတွေဟာ တရုတ်ပြည်ရဲ့ကံကြမ္မာနဲ့ တိုးတက်မှုကို သူတို့လက်ထဲမှာ ကျစ်ကျစ်လစ်လစ် ဆုတ်ကိုင်နိုင်တဲ့ သမိုင်းကြောင်းကို ဆက်လက် ပြသသွားမှာ ဖြစ်ပါတယ်” ဟု ရှီကျင့်ဖျင်၏ အတွေးအခေါ်များ စာစုထဲ၌ နိဒါန်းပျိုးထားသည်ဟု ဆင်ဟွာက သတင်း ဆက် လက် ဖော်ပြသည်။

“မိမိတို့နိုင်ငံသည် ပါတီတည်ထောင်ချိန်မှစ၍ ယနေ့ ခေတ်သစ်သမိုင်းတွင် မကြုံစဖူး ကပ်ဆိုးဘေးဆိုးများ ကြုံတွေ့ခဲ့ရပြီး တရုတ်ပြည် ပြန်လည် အားသစ်လောင်းမှုကို အကောင်အထည်ဖော်ဖို့ မှန်ကန်သည့် လမ်းကြောင်း တွေ့ရှိခဲ့ပြီဖြစ်ကြောင်း” ရှီကျင့်ဖျင်က ၎င်း၏စာစုထဲတွင် ပြောကြားထားသည်။

Source: South China Morning Post

 

 

 

Share
Tweet
Share
Share
powered by social2s

တရုတ်နှင့်တင်းမာမှုရှိနေသည့် အိန္ဒိယကို အမေရိကန်ကြိုဆို

By CNI
CNI
Category: Watch TV
Hits: 684

Share
Tweet
Share
Share
powered by social2s

ရုရှားကျင်းပသည့် လူထုဆန္ဒခံယူပွဲကို ယူကရိန်းနိုင်ငံသားများ စိုးရိမ်ထိတ်လန့်

By CNI
CNI
Category: Watch TV
Hits: 651

Share
Tweet
Share
Share
powered by social2s

စစ်တပ်ကို ဖြုတ်ချပြီးမှ ဗမာပြည်နယ်ကိစ္စ ဆွေးနွေးသင့်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 711

Share
Tweet
Share
Share
powered by social2s
  • 52
  • 53
  • 54
  • 55
  • 56
  • 57
  • 58
  • 59
  • 60
  • 61

Page 57 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar