CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ဒုဥက္ကဋ္ဌအဖြစ် မကြာခင်ကမှ အရပ်ဖက် ကို ပြောင်းရွှေ့ပြီး ရောက်လာသည့် စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) မျိုးဇော်သိန်းက ဒုဥက္ကဋ္ဌ(၁) ဖြစ်လာ ကြောင်း သိရသည်။

USDP ပါတီသည် တတိယအကြိမ် ပါတီညီလာခံကို နေပြည်တော်မှာ အောက်တိုဘာ ၄ ရက်မှ ၅ ရက်အထိ ကျင်းပလျက်ရှိရာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များကို ပြန်လည် ရွေးချယ်ခဲ့သည်။

ထို့နောက် ဦးခင်ရီက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုဗိုလ်ချုပ်ကြီး(ငြိမ်း)မျိုးဇော်သိန်းက ဒုဥက္ကဋ္ဌ(၁)အဖြစ် လည်း ကောင်း၊ ဒုဗိုလ်ချုပ်ကြီး(ငြိမ်း)အောင်စိုးက အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း အသီးသီး ရွေးချယ်ခံ ခဲ့ရကြောင်း နီးစပ်သူများထံမှ သိရသည်။