CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၉

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုဥက္ကဋ္ဌ ဦးဝင်းသော်တို့ကို တာဝန်မှ အနားပေးပြီး ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် နစက-က ခန့်အပ် တာဝန်ပေးလိုက်ကြောင်း ထုတ်ပြန်သွားသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်လာသူ ဒေါ်သန်းသန်းဆွေသည်  ၂၀၂၂ ခုနှစ်၊ ဧပြီ ၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့ နယ်၊ ရွှေဂုံရိပ်မွန်အိမ်ရာ တိုက်သုံးလွှာ အခန်း ၁၄ တွင် နေထိုင်နေစဉ် အမည်မသိ သေနတ်သမားက လာရောက်၍ ပစ်ခတ် လုပ်ကြံခြင်း ခံခဲ့ရသူ ဖြစ်သည်။ 

လက်ရှိတွင်လည်း ဒေါ်လာနှင့် ရွှေဈေးနှုန်း ထိန်းချုပ်နိုင်ရေးအတွက် တာဝန်ယူ ကိုင်တွယ် နေသူလည်း ဖြစ်သည်။

ထို့နောက် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်၏ နေရာတွင် ဦးဇော်မြင့်နိုင်ကို အစားထိုး ခန့်အပ် တာဝန်ပေးလိုက်ကြောင်း သိရသည်။ 

အလားတူ နစကသည် ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ရာမှာလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးခင်ရီ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ဝန်ကြီး ဦးချစ်နိုင်တို့ကိုလည်း တာဝန်မှ အနားပေးခဲ့သည်။ 

ဦးခင်ရီ နေရာတွင် ဦးမြင့်ကြိုင်ကို အစားထိုး တာဝန်ပေးခဲ့သည်။