CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁
 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးသည် ပါတီဥက္ကဋ္ဌတာဝန်ကို ဒုဥက္ကဋ္ဌ(၂) ဦးခင်ရီထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပြည်ထောင် စုနယ်မြေ USDP ပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင်က ပြောသည်။
 
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ USDP ပါတီရုံးတွင် စက်တင်ဘာ ၂၀ ရက်နေ့က ကျင်းပ ခဲ့သော ပါတီ၏ EC အဖွဲ့ဝင်များနှင့်တွေ့ဆုံသည့် အစည်းအဝေးမှာ ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
ဦးမြင့်လှိုင်က “ ဦးသန်းဋ္ဌေးဟာ သူ့ရဲ့ ကျန်းမာရေး အခြေအနေအရ ခွဲစိတ်ကုသမှု ပြင်းပြင်းထန်ထန် လုပ်ထားရ တဲ့ အခြေအနေကြောင့် ပါတီတာဝန်အရပ်ရပ်ကို အချိန်ပြည့် ထမ်းဆောင်နိုင်ခြင်းမရှိတော့တဲ့အတွက် ဒီပါတီဥက္ကဋ္ဌ တာဝန်ကို ဒုဥက္ကဋ္ဌ ဦးခင်ရီထံသို့ ပါတီတာဝန် အရပ်ရပ်ကို လွှဲပြောင်းပေးအပ်ထားပြီး”ဟု ပြောသည်။
 
USDP ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကျင်းပစဉ်
 
USDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး (၅/၂၀၂၂)ကို စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် ဦးသန်းဋ္ဌေးက ပါတီဥက္ကဋ္ဌတာဝန်ကို ဦးခင်ရီထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။
 
ဦးခင်ရီသည် နစက၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန် ယူခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှာ တာဝန်က အနားယူပြီး ပါတီလုပ်ငန်းတာဝန်များကို ပြန်လည် ရယူခဲ့ သည်။
 
ထို့နောက် USDP ပါတီဥက္ကဋ္ဌ တာဝန် ၅ နှစ် ထမ်းဆောင်ခဲ့ပြီးဖြစ်သော ဦးသန်းဋ္ဌေးက ဒုဥက္ကဋ္ဌ(၂) ဦးခင်ရီကို ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။