- By CNI
- Category: နိုင်ငံရေး
- Hits: 633
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃
မြန်မာ့တပ်မတော် စစ်စခန်းများကို တိုက်ခိုက်ပြီး နယ်မြေများထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(EAOs)များအား နစကအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ နယ်မြေပေး၍မရ ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံတော် အကျပ်အတည်းနှင့် အစိုးရ၊ နိုင်ငံသားများ၊ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ ခေါင်းစဥ်ဖြင့် နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေးလေ့လာသူများသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်က ရန်ကုန်မြို့တွင် ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပျံ့နှံ့လာသော ရုပ်သံဖိုင်နှင့် ပတ်သက်၍ CNI သတင်းဌာန၏ မေးမြန်းချက်ကို သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ဦးသိန်းထွန်းဦးက “၂၀၀၈ အခြေခံဥပဒေအောက်ကနေ အာဏာထိန်းထားတာ ဖြစ်တဲ့အတွက်ကြောင့် ၂၀၀၈ အခြေခံဥပဒေကို လုံးဝ ကျော်လွန်လို့မရပါဘူး၊ ခုနပြောတဲ့ ဗွီဒီယို(လားရှိုးမြို့မှာ ပျံ့နှံ့ခဲ့တဲ့ရုပ်သံ)ကိစ္စသည် တစ်ဖက်ထဲက ထုတ်တာဖြစ်ပြီးတော့ ဝါဒဖြန့်ပြီးတော့ ပြောတဲ့ဟာလား၊ တကယ်ရော သဘောတူညီချက် အတိအကျရှိရဲ့လား ဆိုလိုတာက ကျနော်တို့က တစ်လမ်းသွား Information တစ်ခုအပေါ်မှာ ကောက်ချက်ချ သလို ဖြစ်နေပြီ၊ အဲတော့ ဘာပဲပြောပြော ကျနော်တို့ ဒီ MNDAA နဲ့ အပစ်ရပ်တဲ့အချိန်မှာ သူတို့ဘက်က ထုတ်လိုက်တယ်၊ ကျနော်တို့ရဲ့ နစကကိုယ်တိုင်က သတင်းမထုတ်တဲ့အခါမှာ တရားဝင်သတင်းထုတ်ပြန်မှု မရှိသေးတဲ့ သုံးသပ်ချက်တွေဟာ ကျနော်တို့လည်း ဆက်ဆွဲလို့မရဘူး၊ အပစ်အခတ်ရပ်စဲတာထိကတော့ မှန်တယ်၊ ကျနော်တို့ ဒါကို ကောက်ချက်ချလို့ရတယ်၊ အဲတော့ ခုနပြောသလို နယ်မြေပေးထားသလား၊ မပေးထားသလားဆို တဲ့ကိစ္စက ဘယ်အချက်အပေါ် မူတည်ပြီး ကျနော်တို့ အဖြေရှာမလဲ၊ အဲတော့ ကျနော်တို့ ဒေတာမပြည့်စုံပဲနဲ့ ဖြစ်နိုင်ခြေရှိသလား၊ မရှိသလားဆိုတာ ကျနော်တို့လည်း ပြောပြလို့မရဘူး၊ ဘာမှဒါနဲ့ ပတ်သက်ပြီးတော့ ပြောလို့ မရဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။
မိမိတို့ MNDAA အဖွဲ့များအားလုံး လားရှိုးမြို့မှ ဆုတ်ခွာရမည်ဖြစ်ပြီး မြန်မာနိုင်ငံတော်အစိုးရသည် မိမိတို့ MNDAA အဖွဲ့အား ကွတ်ခိုင်၊ သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင် စသည့် ခရိုင် ၄ ခုအား အထူးဒေသ (၁) အဖြစ် သတ်မှတ်ကာ တရားဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့ပြီဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့(MNDAA)မှ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦး လားရှိုးမြို့၊ တရုတ်နှစ်သစ်ကူးပွဲတွင် ပြောကြားနေသော ရုပ်သံဖိုင်တစ်ခု လူမှုမီဒီယာများတွင် ပျံ့နှံ့ခဲ့သည်။
၂၀၀၈ အခြေခံဥပဒေအောက်တွင် နစကသည် နယ်မြေပေး၍ မရကြောင်း၊ ပေးချင်သည်ဆိုပါက ၂၀၀၈ ခြေ/ဥ အား ဖျက်သိမ်းကာ အာဏာသိမ်းမှ ပေး၍ရမည်ဖြစ်ကြောင်း၊ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ထိုကဲ့သို့ လုပ်မည်ဟု မထင်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးကို တွေ့ရစဉ်
၎င်းက “အဲတော့ ဖြစ်နိုင်ခြေက တစ်ခုပဲရှိတယ်၊ အဲလိုမျိုး ကိုယ့်ဟာကိုယ် ပေးချင်တယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အာဏာသိမ်းလိုက်၊ အဲတာဆိုရင် ပေးလို့ရတယ်၊ သူလုပ်မယ်တော့ ကျနော်တို့ မထင်ဘူး၊ ဖြစ်နိုင်ဖို့ အင်မတန်ခဲယဥ်းတယ်၊ တစ်ဖက်တည်းက ရလာတဲ့ သတင်းပေါ် မူတည်ပြီးတော့ ပေးထားလား၊ မပေးထားလားဆိုတာ Analysis လုပ်ဖို့ အရမ်းခက်တဲ့ အတွက်ကြောင့် အပစ်ရပ် ကလွဲပြီးတော့ ကျန်တဲ့အပိုင်းတွေကို ဘာမှအာမခံချက် မရှိဘူး၊ အဲတော့ ပေးလို့လည်း မရတဲ့အတွက် ပေးခဲ့တဲ့ ဆိုရင်တောင် သူအမှားကြီးကြီး ကျူးလွန်တာဖြစ်ပြီး သူလုပ်လိမ့်မယ်လို့ ကျနော်မထင်ဘူး၊ အဲတော့ အဲဒီအပိုင်း ကတော့ နောက်ပိုင်းဆက်ပြီးတော့ ဒေတာတွေ ရလာတဲ့အချိန်ကျရင် ပြန်လည်သုံးသပ်ချက် ထွက်ကောင်း ထွက်လာပါလိမ့်မယ်၊ အခုအချိန်မှာတော့ အပစ်ရပ်ထားတယ် ဆိုတာကလွဲလို့ ကျန်တဲ့ နယ်မြေပေးခြင်းဆိုတဲ့ ကိစ္စကို ကျနော်တို့ ဖြေရှင်းလို့မရပါဘူး” ဟု ပြောသည်။
တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် မြန်မာ့တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့(MNDAA) တို့အကြား ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စစ်မော်နင်းက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်တွင် ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
မြန်မာ့တပ်မတော်နှင့် MNDAA တို့အကြား အပစ်ရပ်ပြီးနောက် ခရိုင် ၄ ခုအား အထူးဒေသ (၁) အဖြစ် သတ်မှတ် ပေးကြောင်း ရုပ်သံဖိုင် ပျံ့နှံ့လာသလို လားရှိုးမြို့မှ ကိုးကန့်တပ်များ အသုတ်လိုက် ဆုပ်ခွာမည်ဟူ၍လည်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
ထိုသို့ အထူးဒေသ (၁) အဖြစ် နယ်မြေသတ်မှတ်ပေးခြင်းအား ၂၀၀၈ အခြေခံဥပဒေ၏အောက်တွင် ပေး၍ ရ/မရ စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းများ ထွက်ပေါ်လျက်ရှိသည်။
လက်ရှိတွင် MNDAA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နှင့် လားရှိုးမြို့ အပါအဝင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်များဖြစ်သည့် ချင်းရွှေဟော်၊ လောက် ကိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုး၊ သိန္နီ၊ ဖောင်းဆိုင်၊ ကွမ်းလုံ၊ စသည့်မြို့များအား တိုက်ခိုက် ထိန်းချုပ်ထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 605
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂
နိုင်ငံတော်အကျပ်အတည်းနှင့် အစိုးရ၊ နိုင်ငံသားများ၊ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေးလေ့လာသူများသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်က ရန်ကုန်မြို့မှာ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။
အဆိုပါ နိုင်ငံရေးဆွေးနွေးပွဲကို ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ကမကထပြု လုပ်၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးခဲ့ကြသူများမှာ ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) အထွေထွေအတွင်းရေးမှူး ဒေါက်တာမျိုးဆက်သွေး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်၊ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့(TISS) အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးတို့ ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်မှ NLD အစိုးရကို ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူလိုက်ပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းဖြင့် ရင်ဆိုင်နေရသည်။
ထိုသို့ နိုင်ငံရေးအကျပ်အတည်း ပေါ်ပေါက်နေချိန်မှာပဲ NLD ခေါင်းဆောင်တချို့နှင့် လွှတ်တော်အမတ်များ အပါအဝင် လက်နက်ကိုင်အဖွဲ့(EAOs)များ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ တက်ကြွလှုပ်ရှားသူများသည် မြန်မာ့တပ်မတော် ဖြုတ်ချရေး လက်နက်ကိုင်တိုက်ခိုက်လာကြသည်။
ထို့နောက် မြန်မာနိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာပြီး အရပ်သား သေဆုံးမှုများရှိလာသလို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ သန်းချီရှိလာသည်။
အလားတူ နိုင်ငံရေးပါတီများလည်း စစ်ဘောင်ကျယ်ပြန့်နေခြင်းကြောင့် နိုင်ငံရေးဘောင်ကို ချဲ့ထွင်မရဘဲ အကျပ်အတည်းပေါင်းစုံဖြင့် ရင်ဆိုင်နေကြရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 380
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁
နစကသည် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဒေါက်တာသက်သက်ခိုင်ကို တာဝန်မှ အနားပေး လိုက်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နစကမှ ပြင်ဆင်ဖွဲ့စည်းလိုက်သော အစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို နယ်စပ် ရေးရာဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ထားပြီး နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်အား ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ထားသည်ကို တွေ့ရသည်။
ထို့နောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်ကို အနားပေးခဲ့ပြီး ၎င်း၏ နေရာမှာ ဦးကျော်စိုးဝင်းအား အစားထိုး ခန့်အပ်ခဲ့ကြောင်း၊ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်ကို အနားပေးပြီး ၎င်း၏ နေရာမှာ ဦးချစ်ဆွေအား အစားထိုး ခန့်အပ်ခဲ့ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဦးမင်းသိန်းဇံကို အနားပေးခဲ့ပြီး ၎င်း၏နေရာမှာ Jeng Phang နော်တောင်ကို အစားထိုးခန့်အပ်ခဲ့ကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 368
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁
ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူထားသော ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို နယ်စပ်ရေးရာဝန်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးလိုက်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် နစက-က သတင်းထုတ်ပြန်ခဲ့သည်။
ထို့နောက် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးခဲ့သည်။
အလားတူ စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ်ရုံး(စရခ)လက်အောက်ရှိ အောက်မြန်မာပြည် တာဝန်ခံ ဗိုလ်ချုပ် အောင်ကျော်ကျော်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။
ပြည်ထဲရေးဝန်ကြီးဖြစ်လာသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် နစက၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသူ ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 573
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁
တည်ငြိမ်အေးချမ်းမှုလိုအပ်နေသေးသည့်အတွက် နစကကို အရေးပေါ်ကာလ သက်တမ်း ၆ လ ထပ်မံတိုးမြှင့်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်းအဝေးမှ ကြေညာခဲ့သည်။
နစကသည် တာဝန်ထမ်းဆောင်မှု ၄ နှစ်ပြည့်၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ကာ/လုံ အစည်းအဝေးကို ခေါ်ယူ၍ အရေးပေါ်ကာလ သက်တမ်း ၆ လ ထပ်မံ တိုးရေးမတိုးရေး ဆွေးနွေးကြရာမှာ သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယာယီသမ္မတ(တာဝန်) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မိမိတို့အားလုံး ရည်မှန်းထားသည့် အထွေထွေရွေး ကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး ဆက်လက် လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်ကို တွေ့ရကြောင်း၊ အဓိကအားဖြင့် လွတ်လပ်ပြီး တရားမျှတမှုအပြည့်ဖြင့် ကျင်းပနိုင်မည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေ ရေး တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည့်အတွက် လုပ်ဆောင်ရန်လိုအပ်ချက်များကို အရှိန်အဟုန် အပျက် ဆက်လက် လုပ်ဆောင်နိုင်ရန် တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်းတိုးမြှင့်ပေးနိုင်ရန်တင်ပြသည်” ဟု ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်များက အရေးပေါ်ကာလ ကြေညာထားမှုကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
မြန်မာ့တပ်မတော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူခဲ့သည်။
ထို့နောက် နစကကို ဖွဲ့စည်း၍ အုပ်ချုပ်ခဲ့ရာ လက်နက်ကိုင် အင်အားစုများနှင့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ များက လက်နက်ကိုင် တော်လှန်ကာ ဖြုတ်ချနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။
လက်ရှိမှာလည်း မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီးနောက် မြန်မာ့ တပ်မတော်သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အပါအဝင် စစ်စခန်းပေါင်း ရာချီ ဆုံးရှုံးထားရသလို မြို့နယ်ပေါင်း ၉၀ ကျော် လက်လွတ်ထားရသည်။
အဆိုပါ အခြေအနေများအတွင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး အနိုင်ရသည့် ပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်းပေးမည်ဟု ပြောကြားထားသည်။
တခြားတစ်ဖက်မှာတော့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများက နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက် ပျက်အောင်ဖျက်မည်ဟု ကြွေးကြော်ထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 614
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁
စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အစပ် ဗန်းမောက်မြို့သိမ်းပိုက်ရေး ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် PDF များပူးပေါင်း၍ ထိုးစစ်ဆင် တိုက်ခိုက်နေသလို စစ်အင်အားများလည်းဖြည့်တင်းနေကြောင်း ဒေသခံ များက ပြောသည်။
ဗန်းမောက်မြို့အနီးက ကြောင်လည်၊ ပင်းဟင်းခါး၊ စက်တော၊ နားယကား စသည့် ကျေးရွာများတွင် KIA-PDF က မြန်မာ့တပ်မတော်နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ စစ်စခန်းများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက် တွင်စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
ထို့နောက် နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေပြီး ဟုမ္မလင်းနှင့် နားမော်(ဟုမ္မလင်းမြို့နယ်)တွင် လှုပ်ရှားနေသော KIA-PDF များသည် အင်အား ၆၀၀ ဝန်းကျင်ဖြင့် ဗန်းမောက်မြို့သိမ်း ထိုးစစ်အတွက် စစ်ကူသွားနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။
ဗန်းမောက်မြို့အခြေပြု မြေပုံကိုတွေ့ရစဉ်
ဗန်းမောက်မြို့သည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကချင်ပြည်နယ်အစပ်မှာ တည်ရှိနေသည့်အတွက် စစ်ရေးမဟာဗျူဟာအရ အလွန်အရေးပါသော မြို့ဖြစ်သလို သစ်မှောင်ခိုသမားများ၏ စီးပွားရေးစျေးကွက် တည်ရှိရာ နေရာလည်း ဖြစ်သည်။
လက်ရှိတွင် KIA-PDF သည် ဗန်းမောက်မြို့ သိမ်းပိုက်ရေး ထိုးစစ်ဆင်နေသလို အနီးအနားရှိ အင်းတော်မြို့ကို သိမ်းပိုက်ရေးအတွက်လည်း ထိုးစစ်ဆင်နေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 516
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁
တရုတ်အနေဖြင့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)များ အပေါ်တွင်သာ တိုက်ရိုက်စွက်ဖက် နိုင်ပြီး ဩဇာလွှမ်းမိုးမှုရှိသော်လည်း တောင်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)များအပေါ် တိုက်ရိုက် စွက်ဖက်ရန်မှာ မလွယ်ကူကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
တရုတ်ဖိအားပေးနေသည့်ကြားကပင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့(TNLA-MNDAA-AA)သည် စစ်ရေးအရ လက်ဦးမှု ရယူထားပြီး ဖြစ်သည့်အတွက် တွေ့ဆုံဆွေးနွေးမှု သော်လည်းကောင်း၊ အပစ်ရပ်ခြင်းသော်လည်း ပြုနိုင်သော် လည်း တောင်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်များအတွက် ထိုသို့ မဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။
ဦးသန်းစိုးနိုင်က “တောင်ပိုင်းမှာကတော့ သူ့ဩဇာ သိပ်မရှိပါဘူး။ မရှိတဲ့အကြောင်းကတော့ တောင်ပိုင်းမှာရှိတဲ့ ထိုင်းတို့ ဘာတို့က အမေရိကန်လိုလားတဲ့ အင်အားစုတွေ ဖြစ်တဲ့အခါကြတော့ တရုတ်ကို သိပ်ပြီးတော့ သဘော မကျကျဘူး။ လက်မခံကြဘူး။ တောင်ပိုင်းမှာဆိုရင် တိုက်ရိုက်အားဖြင့် သူ့အနေနဲ့ ပါဝင်စွက်ဖက်ဖို့ သိပ်ပြီး မလွယ် ပါဘူး။ အခုကတော့ ထိုင်းတို့ ဘာတို့ကလည်း လုပ်ပေးနေတာပါပဲ။ ဒါပေမယ့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း နဲ့က အခုလက်ရှိ ဗမာပြည်အခြေအနေမှာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘာလို့ဆို စစ်ကောင်စီက အကြမ်းဖက်မှု ဆုတ်မှမဆုတ်တာ ဘယ်လိုလုပ်ဖြစ်မှာလဲ။ ဆွေးနွေးမယ့် အင်အားလည်း မရှိပါဘူး တောင်ပိုင်းက။ တရုတ်နယ်စပ် ကကျတော့ သူကမလွှဲမရှောင်သာလို့သာ တရုတ်ဖိအားပေးလို့။ ဒါပေမယ့် စစ်ရေးအရလည်း မြောက်ပိုင်းဘက်က လက်ဦးမှုရပြီး ဖြစ်နေတဲ့အခါကြတော့ ဆွေးနွေးလည်း ဆွေးနွေးလို့ရပါတယ်။ စစ်ရပ်ချင်လည်း ရပ်လို့ရပါတယ်။ ဒီကတော့ အဲဒီလိုမဖြစ်နိုင်ပါဘူး” ဟု ပြောသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ခေါင်းဆောင်များကို တွေ့ရစဉ်
တရုတ်သည် ၎င်း၏ နယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းကာ တည်ငြိမ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်လည်း တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။
ထို့နောက် တရုတ်သည် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကြား ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိအား များပေး၍ အကောင်အထည်ဖော်နေသည်။
အဆိုပါ အကျိုးဆက်အနေဖြင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့သည် တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် မြန်မာ့တပ် မတော်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သီးခြားစီ ထုတ်ပြန်လာခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် MNDAA တို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလများက တွေ့ဆုံ ဆွေးနွေး၍ နှစ်ဖက် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
ထိုကိစ္စကို နှစ်ဖက်အင်အားစုမှ အသိပေး ထုတ်ပြန်လာခြင်း မဟုတ်ဘဲ တရုတ်ဘက်မှ ထုတ်ဖော် ပြောဆိုလာခြင်း ဖြစ်သည့်အတွက် တရုတ်၏ စွက်ဖက်မှုကို ထင်သာမြင်သာ တွေ့မြင်နိုင်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
တရုတ်သည် တောင်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)များကို တိုက်ရိုက် ဩဇာ မလွှမ်းမိုးနိုင်သော် လည်း ထိုင်းမှတဆင့် ဆက်ဆံ၍ ဩဇာလွှမ်းမိုးနိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးခွန်းဆိုင်က “MNDAA နဲ့ ပြီးသွားတဲ့ကိစ္စမှာ MNDAA ကလည်း ဘာမှမပြောဘူး။ နေပြည်တော်ကလည်း ဘာမှ မပြောဘူး။ တရုတ်ကပဲ ထုတ်ပြန်ချက်တွေ လုပ်နေတဲ့အခါကြတော့ ဒီကိစ္စကို တရုတ်ဘက်က ပါဝင်မှုက ပိုပြီးတော့မှ ကြီးနေသလားပေါ့။ အခုလောလောဆယ်ကတော့ TNLA ကတော့ ဘာပဲပြောပြော သူတို့နဲ့ ဆွေးနွေးမှုဟာ စတင်ကာစပဲ ရှိသေးတယ်ဆိုတော့ ပြောဖို့ခက်တယ်။ တောင်ပိုင်းအဖွဲ့တွေကကြတော့ သူတို့က ထိုင်းနဲ့ ဆက်ဆံမှုများတယ်။ အဲဒီတော့ တရုတ်အနေနဲ့ ဒီအဖွဲ့တွေအပေါ်မှာ ဩဇာလွှမ်းမိုးချင်တယ်ဆိုရင် တိုက်ရိုက် ဆက်ဆံတာလည်းရှိနိုင်တယ်။ နောက် ထိုင်းကနေတဆင့် ဆက်ဆံတာလည်း ရှိနိုင်ပါတယ်။ ဒီလိုဖြစ်မှ ပဲ သူတို့လုပ်နိုင်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွင် ကရင်နီ၊ ကရင်၊ မွန်၊ ရခိုင် စသည့် လက်နက်ကိုင်အဖွဲ့များအပြင် PDF များလည်း လှုပ်ရှားနေကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 598
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် မြို့များသိမ်းမည်ဆိုခြင်းအား အားမပေးကြောင်း တရုတ်-မြန်မာ အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
မန္တလေးမြို့အား မြန်မာ့တပ်မတော်ဆီမှ သိမ်းပိုက်မည်ဟု ကြွေးကြော်နေခြင်းသည် အပြောမဟုတ်ဘဲ လက်တွေ့ လုပ်မှာဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်း” Campaign တွင် ပြောကြားခဲ့သည်။
NUG အနေဖြင့် မန္တလေးမြို့အား ဝိုင်းထားပြီး ဘေးပတ်ဝန်းကျင်ကို စနစ်တကျ သိမ်းယူပြီးမှသာ တဖြည်းဖြည်း ရှေ့ဆက်တိုးသင့်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာန သို့ ပြောသည်။
NUG ရဲ့ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ PDF ရဲဘော်တွေကို တွေ့ရစဉ်
ဒေါက်တာလှကျော်ဇောက “အရင်တုန်းက မန္တလေးမြို့က ဒီလိုပဲ ကျဖူးတာပဲလေ၊ ၁၉၅၀ ခုနှစ်၊ ၅၁ ခုနှစ်တုန်းက ဒီလိုပဲကျဖူးတာပဲ၊ အဲတုန်းက ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပြည်သူ့ရဲဘော်တွေနဲ့ ပေါင်းပြီးတိုက်ခဲ့သေးတာပဲ၊ အခုလည်း ဒီအရှိန်ပေါ့နော်၊ ၁၀၂၇ အရှိန်အတိုင်း ဆက်တိုက်မယ်ဆိုရင်တော့ စနစ်တကျ ဆက်တိုက်မယ်ဆိုရင် တော့ ရမှာပါ၊ ကျမကတော့ မြို့တွေကိုသိမ်းတာ သိပ်အားမပေးချင်ဘူးဗျ၊ တစ်ခုရှိတာက သူတို့ NUG တို့ဘာတို့ ကျတော့လည်း အလှူရှင်တွေရဲ့ မျက်နှာကြည့်ရသေးတယ် ထင်တယ်၊ အဲလို မြို့ကြီးတွေသိမ်းပြ ဘာပြမှ အလှူရှင်တွေကလည်း ကျေနပ်တယ်ထင်တယ်၊ ဒါပေမယ့် ကျမကြည့်တယ် ကျမတို့ တော်လှန်ရေးလုပ်နေတာ စနစ်တစ်ခုကို နောက်စနစ်တစ်ခုနဲ့ အစားထိုးဖို့ လုပ်နေတာဖြစ်တဲ့အတွက် Target ကြီးကြီးပေးထားဖို့ မသင့်သေး ဘူး ထင်တယ်၊ မန္တလေးမြို့ကို ဝိုင်းထားပြီးတော့ ဘေးပတ်ဝန်းကျင် စနစ်တကျ သိမ်းပြီးတော့မှ ဘေးပတ်ဝန်းကျင် မှာ တည်ဆောက်စရာရှိ တည်ဆောက်၊ အဲဒါပြီးမှ တဖြည်းဖြည်းရှေ့တိုးတာ ပိုကောင်းမယ်ထင်တယ်၊ ဘာဖြစ်လို့ လဲဆိုတော့ အခုဗန်းမော်ပဲကြည့်လေ ဘေးကပဲဝိုင်းပြီးတော့ နှဲ့နှဲ့နှဲ့ပြီးမှ တဖြည်းဖြည်းရှေ့တိုးတာ အဲဒါမျိုးက ပိုကောင်းမယ်ထင်တယ်” ဟု ပြောသည်။
မန္တလေးမြို့အား မပျက်မစီးဘဲ အကောင်းဆုံး ရယူထိန်းသိမ်းနိုင်ရေး ကြိုတင်ပြင်ဆင်နေပြီး ပြင်ဦးလွင်မြို့ အတွက် ပါ ပြင်ဆင်နေကြောင်း NUG ၏ ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလထဲတွင် ပြောကြားခဲ့သည်။
အဖွဲ့အစည်းတစ်ခု ဖြစ်လာပြီဆိုလျှင် လှုံ့ဆော်ရေးစကားများ ပြောကြားလေ့ရှိသော်လည်း မြေပြင်တွင် လက်တွေ့ ဖြစ်နိုင်ရန် ခဲယဥ်းကြောင်း၊ မန္တလေးမြို့အား သိမ်းမည်ဆိုခြင်းသည် လက်တွေ့တွင် ဖြစ်လာနိုင်စရာ မရှိကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ PDF ရဲဘော်တွေကို တွေ့ရစဉ်
ဦးသိန်းထွန်းဦးက “အများကြီးတော့ ပြောစရာမလိုပါဘူး၊ NUG ရဲ့ဟိုတုန်းက ပြောခဲ့တဲ့ သူတို့စကားတွေပေါ့၊ အဲတာတွေကို တစ်ချက် ပြန်လေ့လာကြည့်လိုက်ရင် အဖြေထွက်ပါလိမ့်မယ်၊ ဘယ်နှစ်ခုနှစ်မှာ ဘယ်လောက် အပြီးလုပ်မယ်၊ ဘယ်မှာတော့ ဘာကိုအပြီးလုပ်မယ်ဆိုတဲ့ သူတို့ပြောထားတဲ့ အရာတွေ အများကြီးရှိတယ်၊ အဲတာတွေကို ယှဥ်ပြီးလေ့လာကြည့်လိုက်ရင် တကယ်ဖြစ်လာမဖြစ်လာဆိုတာ လက်တွေ့အခြေအနေနဲ့ နှိုင်းယှဥ် ကြည့်လိုက်ပေါ့၊ အဲတာဆိုရင် သူတို့ပြောခဲ့တဲ့ဟာတွေ တကယ်ဖြစ်လာသလား၊ မဖြစ်လာဘူးလား အဲတာက အမြဲတမ်းသိသာမှာပါ၊ ကျနော်တို့ နားလည်ထားသလောက်ကတော့ သူတို့ကြွေးကြော်ထားဟာ တော်တော် များများပါ၊ တကယ့်ကို တော်တော်များများပဲ ဘာမှလက်တွေ့မှာ အဲလောက်ထိ ဖြစ်လာခဲ့တာဟာ မဟုတ်ဘူး ဆိုတာ သိထားရတယ်၊ အဲတော့ သေချာတာကတော့ ထုံးစံတိုင်းကတော့ အဖွဲ့တစ်ဖွဲ့ ဖြစ်လာပြီ ဆိုရင်တော့ လှုံ့ဆော်ရေးအတွက်ကတော့ ဒါမျိုးစကားကတော့ ပြောလေ့ပြောထ ရှိပါတယ်၊ မြေပြင်မှာ လက်တွေ့ဖြစ်ဖို့ ဆိုတာကတော့ ဒီထက်အများကြီး ကျယ်ဝန်းပါတယ်၊ ပြောတိုင်းလက်တွေ့ ဖြစ်လာနိုင်တယ်ဆိုတာ သိပ်ခဲယဥ်း တာကိုး၊ အဲတော့ ဒီတစ်ကြိမ်လည်း လေသံပဲဖြစ်လာပြီးတော့ လက်တွေ့တော့ သိပ်ထွက်လာနိုင်စရာ အကြောင်း မရှိပါဘူး” ဟု ပြောသည်။
NUG တွင် တပ်ရင်းပေါင်း ၃၀၀ ကျော်၊ ကာကွယ်ရေးတပ် ၂၀၀ ကျော်ခန့် ရှိသော်လည်း တိုက်ပွဲများ ဖြစ်မြောက် အောင် မတိုက်ခိုက်နိုင်ခြင်းတို့ကြောင့် NUG ဦးဆောင်နေသည့် စစ်ရေး အင်အားစုများ အတွင်း၌ လက်တွေ့ တိုက်ပွဲတောင်းဆိုချက်နှင့် ကိုက်ညီသော ဖွဲ့စည်းမှုမျိုး မရှိသေးသည်ကို တွေ့ရကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက ထောက်ပြလျက်ရှိသည်။
လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့(EAO)များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့သည် နိုင်ငံတစ်ဝန်းတွင် မြို့နယ်ပေါင်း ၁၄၄ မြို့နယ်အား စိုးမိုးထိန်းချုပ်ထားကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီး ဌာနက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 401
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဌာနချုပ်၊ ကလို့ယော်လေး ကွင်းပြင်အနားမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် နံနက် ၇ နာရီကျော်က ကာမီကာဇီဒရုန်း(Kamikaze Drone)ဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
KNU ဌာနချုပ်သည် တပ်မဟာ ၇ ၏ နယ်မြေအတွင်းတွင်ရှိပြီး (၇၆)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် အဆောက်အအုံတစ်ခု၊ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့သလို လူတစ်ဦးလည်း ခြေထောက်မှာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
KNU ဌာနချုပ်အနီးမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်ကလည်း ကာမီကာဇီဒရုန်း ၄ လုံးဖြင့် တိုက်ခိုက်မှု ခံခဲ့ရသေးသည်။
KNU သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် ကရင်လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး တပ်မတော်က NLD အစိုးရကို ဖြုတ်ချ၍ အာဏာရယူလိုက်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းတွင် NCA ဖျက်သွားပြီးဟု ကြေညာကာ တိုက်ပွဲများ ဖော်ဆောင်ခဲ့သည်။
ထို့နောက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့မှာ မြန်မာ့တပ်မတော် နှင့် KNU ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။