
- By CNI
- Category: နိုင်ငံရေး
- Hits: 888
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃
ရက္ခိုင့်တပ်တော်(AA)၏ အရာရှိ လေ့ကျင့်ရေးသင်တန်း အမှတ်စဉ်(၃)မှ သင်တန်းသားများကို အရာရှိလောင်းများ အဖြစ် အသိအမှတ်ပြုခြင်း အခမ်းအနားကို ရခိုင်ပြည်နယ် ကျင်းပခဲ့သည်ဟု ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် ကျင်းပခဲ့သည် ဟု AA က ထုတ်ပြန်ခဲ့သည်။
ရက္ခိုင့်တပ်တော်၊ အရာရှိ လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၃) အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ သင်တန်းသူ၊ သင်တန်းသား ၃၂၆ ယောက်ဖြင့် ရခိုင်ပြည်နယ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက် နေ့တွင် အရာရှိလောင်းအဖြစ် အသိအမှတ်ပြု အခမ်းအနားကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု AA မှ ထုတ်ပြန်ခဲ့သည်။
ရက္ခိုင့်တပ်တော်၊ အရာရှိလောင်း လေ့ကျင့်ရေး သင်တန်း အမှတ်စဉ် (၁) နှင့် အမှတ်စဉ် (၂) တိုအား မဟာမိတ် ကချင်ပြည်တွင် လေ့ကျင့်ပြုလုပ်နိုင်ခဲ့ပြီး အမှတ်စဉ် (၃) အား ရခိုင်ပြည်နယ်တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုကြောင့် အမှတ်စဉ် (၃) သင်တန်းသည် ရခိုင်ပြည်နယ်တွင် ပထမဆုံးပြုလုပ်သော အရာရှိလေ့ကျင့်ရေး သင်တန်းဖြစ်သည်။
ထို့နောက် အရာရှိဖြစ်သင်တန်း၊ အမှတ်စဉ် (၄) ကိုလည်း ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်သွားရန် လျာတားထားကြောင်း AA ဘက်က ပြောသည်။
အရာရှိလေ့ကျင့်ရေး သင်တန်းကျောင်းအား (၉) နှစ်မြောက်၊ ရက္ခိုင့်တပ်တော်နေ့ဖြစ်သော ၂၀၁၈ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့တွင် သင်တန်းသူ၊ သင်တန်းသား ၁၃၈ ဦးဖြင့် ကချင်ပြည်နယ်၌ ပထမဦးဆုံး စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1076
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃
နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသော စီမံကိန်းများအား နှောင့်ယှက်ဖျက်ဆီးသူများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(AA-MNDAA-TNLA)က ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့စွဲဖြင့် ပူးတွဲထုတ်ပြန် ကြေညာခဲ့သည်။
ထိန်းချုပ်နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ပူးတွဲထုတ်ပြန်ကြေညာချက်ဟုဆိုကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
AA-MNDAA-TNLA တို့က “ ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရေးဟူသည့် မွန်မြတ်သော တာဝန်ဝတ္တရားကို ကျေပွန်စွာ ထမ်း ဆောင်ရွန်အတွက် မိမိတို့ ညီနောင်မဟာမိတ် (၃)ဖွဲ့အနေဖြင့် မိမိတို့၏ ထိန်းချုပ်နယ်မြေများနှင့် လှုပ်ရှား နယ်မြေများအတွင်း၌ အကြမ်းဖက်တိုက်ဖျက်ရေးနှင့် ရာဇဝတ်မှု ကျူးလွန်သည့်လုပ်ရပ်များအား ချေမှုန်းရေး လုပ်ငန်းများကို ပိုမိုတိုးတက်ကောင်းမွန်ရန်အတွက် တက်တက်ကြွကြွနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်သွား နိုင်ရန် အောက်ပါအတိုင်း သဘောထားထုတ်ပြန်အပ်ပါသည်”ဟု ပြောသည်။
ထို့နောက် ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် သူတစ်ပါး၏ အသက်အိုးအိမ်စည်စိမ်များကို ထိခိုက်စေ နိုင်သော အကြမ်းဖက်လုပ်ရပ်များနှင့် ကျူးလွန်သူများကို မည်သည့်အခါတွင်မျှ အားမပေးဘဲ တားဆီးကာ တိုက်ဖျက်ချေမှုန်းသွားပါမည်၊ ရာဇဝတ်မှုကျူးလွန်သည့် လုပ်ရပ်များနှင့် ပတ်သက်သော ပစ္စည်းဥစ္စာများကို ဥပဒေနှင့်အညီ ထိန်းသိမ်းပြီး စစ်ဆေးကာ နည်းမှန်လမ်းမှန် အရေးယူသွားမည်ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။AA-MNDAA-TNLA တို့က “ နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသော စီမံကိန်းများအား နှောင့်ယှက်ဖျက်ဆီး သူများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်၊ နိုင်ငံတကာ ရင်းနှီးမြှုုပ်နှံမှုကုမ္ပဏီ (သို့မဟုတ်) ပုဂ္ဂိုလ် များအပေါ် အနှောင့်အယှက်ပေးခြင်း၊ ဆက်ကြေးတောင်းခြင်း စသည့် ပြစ်မှုများ ကျူးလွန်သူ မည်သည့ကိုမဆို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်။
အကြမ်းဖက်လုပ်ရပ်အား ကျူးလွန်သူများ၊ ရာဇဝတ်မှု ကျူးလွန်သူ များအား အာအကွယ်ပေးနေသူများကို ဖြိုခွင်းတိုက်ဖျက် အရေးယူသွားပါမည်”ဟု ပြောသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
အလားတူ အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်သောသူများကို တွေ့ရှိပါက မိမိတို့ထံ အချိန်မီ သတင်းပို့ကြပါ ရန် မေတ္တာရပ်ခံပါကြောင်း၊ မြန်မာပြည်သူလူထု တစ်ရပ်လုံးနှင့် မိမိတို့ တော်လှန်ရေးအဖွဲ့အစည်းများအပေါ် အားပေးထောက်ခံကြသော သူများအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ အကြမ်းဖက် တိုက်ဖျက်ရေးနှင့် ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ရပ်များအား ချေမှုန်းရေးလုပ်ငန်းများတွင် အတူတကွ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြ ပါရန် မိမိတို့ ညီနောင်မဟာမိတ် (၃)ဖွဲ့က အထူးတိုက်တွန်းပါကြောင်း ပူးတွဲထုတ်ပြန်ခဲ့သည်။
AA သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အဓိက လှုပ်ရှား၍ ထိန်းချုပ်နယ်မြေ တည် ဆောက်လျက်ရှိသည်။ အဆိုပါ ဒေသများတွင် အိန္ဒိယနိုင်ငံ၏ ကုလားတန်မြစ်စီမံကိန်းနှင့် တရုတ်နိုင်ငံ၏ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အပါအဝင် တခြားသော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ရှိသည်။
ထို့နောက် AA သည် ကုလားတန်မြစ်စီမံကိန်းကို လုပ်ကိုင်နေသည့် အိန္ဒိယနိုင်ငံသား ၂ ဦးကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက ဖမ်းဆီးခဲ့သလို ကုလားတန်မြစ်စီမံကိန်း ဖော်ဆောင်ရေး အသုံးပြုသည့် အရပ်ဖက်သုံး သင်္ဘော များကိုလည်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ဖူးသည်။
၂၀၁၉ ခုနှစ်က ကုလားတန်မြစ်စီမံကိန်း ဖော်ဆောင်ရေးအသုံးပြုသည့် အရပ်ဖက်သုံးသင်္ဘော တစ်စီး AA လက်နက်ကြီးဖြင့် ပစ်၍ မီးရှို့ခဲ့သည်ကို တွေ့ရစဉ်
TNLA နှင့် MNDAA တို့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အဓိက လှုပ်ရှားကာ ထိန်းချုပ်နယ်မြေများ တည်ဆောက်လျက်ရှိပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းများကို ပြီးခဲ့သည့် အရပ်သားအစိုးရ ၂ ဆက် လက်ထပ်တွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသည်။
လက်ရှိတွင် AA-MNDAA-TNLA တို့ မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး လက်နက်ကိုင် တိုက်ခိုက်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့(LDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)တို့ကို စစ်သင်တန်းများပေးခြင်းနှင့် လက်နက်များ တပ် ဆင်ပေးခြင်းများ ပြုလုပ်လျက်ရှိသည်။
အဆိုပါ ညီနောင်မဟာမိတ်(၃) ဖွဲ့အပေါ် တရုတ်နိုင်ငံက သြဇာသက်ရောက်မှုရှိသည်ဟု လက်နက်ကိုင် တော်လှန်ရေးတွင် ပါဝင်နေသူများက ပြောသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 743
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃
ရခိုင်လူမျိုးအချင်းချင်း သတ်ဖြတ်နေမှုသည် ရခိုင်ပြည်အတွက် ဆုတ်ယုတ်စေကြောင်း ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP)၏ အတွင်းရေးမှူးအဖွဲ့ဝင် ဗိုလ်မှူးခိုင်သူရိန်က CNI သတင်းဌာနသို့ ပြောသည်။
မိမိတို့ ရခိုင်လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်နက်ကိုင်ခဲ့ကြကြောင်း၊ ရခိုင်လက်နက်ကိုင် အချင်းချင်း မသင့်မြတ်မှုက ရခိုင်လူမျိုးများကို ဆုံးရှုံးနစ်နာစေကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးခိုင်သူရိန်က “ရခိုင်လူမျိုးတွေအတွက်တော့ ဆုံးရှုံးနစ်နာမှု အကြီးဆုံးပေါ့ဗျာ၊ ဘာလို့ဆိုတော့ ကျနော်တို့ ရခိုင်တွေက လက်နက်ကိုင်ခဲ့ကြတဲ့ ရည်ရွယ်ချက်တွေ ကိုယ်စီရှိတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့က ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်စေချင်တယ်၊ ရခိုင်လူမျိုးတွေကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်၊ ဒီရည်ရွယ်ချက်ကောင်းတွေနဲ့ ကျနော် တို့က လက်နက်ကိုင်ပြီး တော်လှန်ခဲ့ကြတာ၊ လက်နက်ကိုင် တော်လှန်တယ်ဆိုတာ အချိန်မရွေး သေတတ်တယ်၊ ဒါပေမဲ့ ကျနော်တို့က ဒီလိုမျိုး အသက်ကိုရင်းပြီးတော့ ကျနော်တို့က ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးကို ကိုယ်စားပြု ပြီးတော့ လက်နက်ကိုင်ခဲ့ကြတာ ဖြစ်တယ်၊ အခုကြတော့ ကျနော်တို့ ရခိုင်အချင်းချင်း သတ်ဖြတ်နေကြတယ်ဆို တာ ရခိုင်ပြည်အတွက် ဘယ်လောက် ဆုတ်ယုတ် စေသလဲဆိုတာ စဉ်းစားတတ်တဲ့ လူတိုင်းသိပါတယ်” ဟု ပြော သည်။
ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်ခုကိုတွေ့ရစဉ်
ALP ဒုဥက္ကဋ္ဌ ခိုင်နီရောင်၊ အမှတ်(၁၀၁)တပ်ရင်းမှ တပ်ရင်းမှူးခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့ ၃ ဦး ကို ဇူလိုင် ၁ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ စစ်တွေတက္ကသိုလ် ကျောင်းရှေ့အရောက်မှာ ရက္ခိုင့်တပ်တော် (AA) က လုပ်ကြံပစ်ခတ် သတ်ဖြတ်သွားကြောင်း ALP မှ ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ ALP ပါတီဝင်များကို လုပ်ကြံသတ်ဖြတ်သည်ဟု ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး AA ၏ ပြောဆိုချက်အား သိရှိနိုင်ရန် AA ထံ CNI က ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
ထို့နောက် ရခိုင်နိုင်ငံရေးသမားများ၊ ရခိုင်ပါတီများ၊ ရခိုင်အရပ်ဖက်အဖွဲ့အစည်းများကို ဖုန်းဆက်၍ မေးမြန်းသော် လည်း တစ်စုံတစ်ရာ မှတ်ချက် မပေးလိုကြောင်း ပြောကြားခဲ့သည်။
မိမိတို့ ALP သည် လက်ရှိအချိန်တွင် ငြိမ်းချမ်းရေး လမ်းကြောင်းဖြင့် သွားနေကြောင်း၊ AA ကမူ လက်နက်ကိုင် လမ်းစဉ်ဖြင့် သွားနေကြောင်း၊ ထို့ကြောင့် မိမိတို့ အချင်းချင်းအကြား ဘာပြဿနာမှ ဖြစ်စရာမရှိကြောင်း ဗိုလ်မှူး ခိုင်သူရိန်က ပြောသည်။
ရခိုင်ပြည်နယ်ကိုတွေ့ရစဉ်
၎င်းက “ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေတော့ အများကြီးရှိတယ်၊ ဒါပေမဲ့ ကျနော်တို့ဖက်က လူတွေ သွေးမြေကျတဲ့ အပေါ်မှာ သူတို့ဖက်က ကျနော်တို့ကို ဘယ်လို ပြန်ပြီးဖြေရှင်းပေးမလဲ ကျေနပ်အောင် ဒါကို ကျနော်တို့ မေးခွန်း ထုတ်စရာ ဖြစ်လာပြီ။ ဘာလို့ဆိုတော့ သူတို့လည်း ရခိုင်လူမျိုး၊ ကျနော်တို့လည်း ရခိုင်လူမျိုး AA က သတ်လို့၊ ALP သေရင်လည်း ရခိုင်တစ်ယောက်သေတာပဲလေ၊ ALP က သတ်လို့ AA တစ်ယောက် သေရင်လည်း ရခိုင် တစ်ယောက် သေတာပဲ ဒါကို သူတို့ သိထားဖို့လိုတယ်၊ ဘယ်လိုပဲလုပ်လုပ် ဘယ်ဖက်လက်နဲ့ ညာဖက်လက် ဓါး တစ်ချောင်းစီကိုင်ပြီး ခုတ်နေတယ်လို့ပဲ ကျနော်က ဥပမာပေးချင်တယ်၊ ထိမှာသည် ရခိုင်လူမျိုးပဲထိမှာ အဲဒီတော့ စဉ်းစားပါ၊ ဆင်ခြင်ပါ၊ သူတို့မှာလည်း ခေါင်းဆောင်ပိုင်းတွေမှာ ဦးနှောက်ရှိတဲ့လူတွေ ရှိပါတယ်။ အဲဒီတော့ ကိုယ့် လူ ကိုယ်ထိန်းပါ။ ပြီးတော့ ဒီဖြစ်စဉ်တွေအတွက် သူတို့ ဖြေရှင်းဖို့အတွက် စဉ်းစားထားပါ ဒါပဲ ကျနော်ပြောချင် တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ကလည်း ALP ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ အပါအဝင် အမှတ် (၁၀၁)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီးခိုင်သူရိန္ဒတို့ကို AA က လုပ်ကြံသတ်ဖြတ် သွားခဲ့ သည်ဟု ALP က ထုတ်ပြန်ခဲ့သည်။
ရက္ခိုင့်တပ်တော် (ULA/AA) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့သည် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်း များဖြစ်ပြီး ALP သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသော အဖွဲ့ဖြစ်ကာ AA ကမူ မထိုးနိုင်သေးဘဲ ညှိနှိုင်းမှုများ ရှိနေသည့် အဖွဲ့ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 721
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဒုဥက္ကဋ္ဌ ခိုင်နီရောင် အပါအဝင် ၃ ဦးကို ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ လုပ်ကြံပစ်ခတ် သတ်ဖြတ်သွားကြောင်း ALP မှ ထုတ်ပြန် ကြေညာခဲ့သည်။
ALP ဒုဥက္ကဋ္ဌ ခိုင်နီရောင်၊ အမှတ်(၁၀၁)တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့ ၃ ဦးကို ဇူလိုင် ၁ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ စစ်တွေတက္ကသိုလ် ကျောင်းရှေ့အရောက်မှာ AA က ပစ်ခတ် လုပ်ကြံ သတ်ဖြတ်သွားကြောင်း ALP မှ ထုတ်ပြန်ခဲ့သည်။
အဆိုပါ ၃ ဦးသည် ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၏ နေအိမ်မှာ မိုခါမုန်တိုင်းကယ်ဆယ်ရေးကိစ္စများအတွက် အစည်းအဝေးလုပ်ပြီး အပြန်မှာ လုပ်ကြံခံရခြင်း ဖြစ်သည်ဟု ALP က ပြောသည်။
ရခိုင်ပြည်နယ်၊ ရခိုင်လူမျိုးများအတွက် လက်နက်ကိုင်ခဲ့ကြသော အဖွဲ့အစည်းများ အချင်းချင်း ကြားတွင် AA မှ စဉ်ဆက်မပြတ် ပြုမူခဲ့သော ဤအပြုအမူမျိုးသည် အလွန်ယုတ်ညံ့သည့် မလုပ်သင့် မလုပ်အပ်သော အပြုအမူဖြစ်သည်ဟု မိမိတို့မှ ပြင်းထန်စွာ ရှုတ်ချပါသည်ဟု ALP က ထုတ်ပြန်ခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 906
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁
ထိုင်း-မြန်မာ နှစ်နိုင်ငံ အဆင့်မြင့် အရာရှိကြီးများ ပါဝင်သည့် (၃၅)ကြိမ်မြောက် ထိုင်း-မြန်မာ နယ်စပ်ဒေသရေးရာ ကော်မတီ(Thai- Myanmar regional border committee) အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးကို ထိုင်းနိုင်င၊ ချင်းမိုင်မြို့ရှိ Green Lake Hotel တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
ထိုင်း-မြန်မာ တပ်မတော် အရာရှိကြီးများကိုတွေ့ရစဉ်
မြန်မာဘက်က အမှတ်(၄)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ ဦးဆောင်သည့် တပ်မတော်အရာရှိများ တက်ရောက်ခဲ့သည်။
လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ်တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် နယ်မြေတည်ငြိမ်အေးချမ်းမှု အားနည်းလျက်ရှိသလို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသူများအရေးလည်း ကြုံတွေ့နေရသည်။

- By Nan Shwe Sin Htun
- Category: နိုင်ငံရေး
- Hits: 693
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁
ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(က.လ.လ.တ)ကနေ ခွဲထွက်၍ KNPP-KNDF တို့နှင့် ပူးပေါင်းသွားသည့် ခွဲထွက်ရေးအဖွဲ့က မြန်မာ့တပ်မတော်ကို တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့စဉ်မှာပဲ ကလလတ ဗဟိုက ပြည်သူလူထုအကျိုးပြု လုပ်ငန်းများကို အစိုးရ၊ တပ်မတော်နှင့်အတူ လက်တွဲဆောင်ရွက် သွားမည်ဟု ဇူလိုင် ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ကယားပြည်နယ်အတွင်း အခြေစိုက်ထားသည့် ကလလတ၏ မယ်စဲ့၊ ရွာသစ်၊ စွပ်ပိုင်နှင့် ဘီပီ-၁၄ စခန်းများကို ကလလတ အဖွဲ့ဝင်များဖြစ် အသွင်ပြောင်းဖွဲ့စည်းထားသည့် အမှတ်(၁၀၀၄)နှင့် အမှတ်(၁၀၀၅) နယ်ခြားစောင့် တပ်ဖွဲ့များက တောခို၍ တိုက်ခိုက်သိမ်းပိုက်သွားခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော် ဇွန်လ ၁၆- ၁၇ ရက်နေ့များနှင့် ဇွန်လ ၂၇ ရက်တို့တွင် ပြန်လည် တိုက်ခိုက်၍ သိမ်းပိုက်ခဲ့သည်။
ခွဲထွက် ကလလတအဖွဲ့က “ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်အစိုးရနှင့် ၂၀၀၈ အခြေခံဥပဒေ အကုန်အစင် တိုက်ဖျက်ရေး ရည်မှန်းချက်ထားရှိပြီး ထိုသို့ တိုက်ဖျက်နိုင်မှသာ အားလုံးမျှော်မှန်းတောင့်တ လိုလားကြသည့် ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု(သို့) စစ်မှန်သည့် ပြည်ထောင်စုအား တည်ဆောက်နိုင်ရန် အခြေခံကောင်းများ ပေါ်ပေါက်လာနိုင်မှာဖြစ်တယ်”ဟု ထုတ်ပြန် ခဲ့သည်။
၂၀၂၁ ခုနှစ်က လွိုင်ကော်မှာ ဆန္ဒပြသူများနှင့်အတူ တွေ့ရသည့် ကလလတ (အသွင်းပြောင်း BGF )ကို တွေ့ရစဉ်
ထို့နောက် ကလလတ ဗဟိုက ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ငြိမ်းချမ်း ရေးအဖွဲ့(လွိုင်ကော်ခရိုင်)သည် ပြည်သူလူထု၏ အကျိုးကိုသာ အစဉ်ဦးထိပ် ပန်ဆင်ပြီး ယနေ့အချိန်ထိ နိုင်ငံတော် အစိုးရ၊ တပ်မတော်၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့် အတူယှဉ်တွဲစွာ ငြိမ်းချမ်းရေး တည်ဆောက်ခဲ့ ပြီးဖြစ်၍ ပြည်သူလူထုအတွက် အကျိုးပြု လုပ်ငန်းများကိုသာ အတူပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဗဟို ကော်မတီ၏ သဘောထားမပါဘဲ ထုတ်ပြန် ကြေညာချက်များသည် အဖွဲ့အစည်း၏ တရားဝင် ထုတ်ပြန် ကြေညာ ချက်များ မဟုတ်ကြောင်း ထုတ်ပြန်လိုက်ပါသည်ဟု ဆိုသည်။
က.လ.လ.တ သည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ကနေ ၁၉၇၈ ခုနှစ်တွင် ခွဲထွက်ခဲ့ပြီး ၁၉၉၄ ခုနှစ်၌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နယက)နှင့် ငြိမ်းချမ်းရေး ယူခဲ့သည်။
ထို့နောက် ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ်(BGF)အဖြစ် အသွင်းပြောင်း ဖွဲ့စည်းခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 822
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁
နိုင်ငံတော်ပိုင် ဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB)တို့ကို အမေရိကန် ပိတ်ဆို့အရေးယူမှုသည် နစကကို ထိခိုက်စေသလား သို့မဟုတ် မည်သည့် လူတန်းစားအလွှာများကို ထိခိုက်စေသလဲ စီးပွားရေးနှင့် နိုင်ငံရေး အသိုင်းအဝိုင်းကြား ဆွေးနွေးလျက် ရှိနေသည်။
အဆိုပါ ပိတ်ဆို့မှုကြောင့် ပြည်သူလူထုများအပေါ် များစွာ ရိုက်ခတ်မှုရှိကြောင်း၊ မြန်မာ့တပ်မတော်သည် Institution ကို ခိုင်မာစွာ တည်ဆောက်ထားခြင်းကြောင့် ၎င်းတို့အပေါ် သက်ရောက်မှု များစွာမရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ပါတီမှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)ကိုတွေ့ရစဉ်
ဒေါက်တာအေးမောင်က “လူထုပိုထိခိုက်တာပေါ့၊ နစက-ကတော့ နယကလိုပဲ သွားမှာပဲလေ၊ နဝတ၊ နယကလိုပဲ သွားမှာပဲ၊ ခင်းဗျားတို့ သတိထားမိလားမသိဘူး။ ဦးသန်းရွှေတို့ စတက်ကတည်းကလေ ဆိုပါတော့ ဦးနေဝင်း ခေတ်နဲ့ ဦးသန်းရွှေခေတ်က မတူဘူးဗျ၊ ဦးနေဝင်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတာနဲ့ အဲဒီကာလ တက်ကြွတဲ့ ဘက်မလိုက်ဝါဒဆိုတာနဲ့ ဦးဆောင်ကြတာကိုး၊ ဒီဖက်ခေတ်ရောက်တဲ့ အခါမှ သိတဲ့အတိုင်းပဲ ပြည်တွင်းစစ်က လည်း အကြောင်းကြောင်းတွေကြောင့် ရှည်ကြတာပေါ့ဗျာ၊ ဖန်တီးထားတာလား ပြီးပြတ်အောင် မလုပ်နိုင်တာ လား။ ဒါကတော့ သူတို့ အချင်းချင်းပဲ သိကြလိမ့်မယ်၊ အဲဒီလိုနဲ့ မြန်မာ့တပ်မတော်ရဲ့ အင်္ဂါရုပ်၊ အင်္ဂါရပ်တွေကို ပြန်ကြည့်ရင် သူ့မှာ လိုအပ်တဲ့ဟာ အကုန်လုံးကို ပြန်တည်ဆောက်တယ်ဗျ၊ တနည်းအားဖြင့် Institution အကြီး ကြီး ဖြစ်အောင် သူတို့ တည်ဆောက်လာတယ်၊ နဝတ အလွန်ပေါ့ဗျာ၊ နယက ခေတ်ကနေစပြီး ပြည်တွင်းမှာ ပညာရေးနယ်ပယ်မှာ ပြန်ကြည့်လေ ဟိုတုန်းကဆိုရင် RIT တို့ ဘာတို့ဘက်က တချို့တပ်မတော်ထဲကို သွင်းရတာ ကိုး ဆေးတက္ကသိုလ်က သွင်းရတာရှိတယ်၊ အဲဒါမျိုးတွေကို OTS ခေါ်တာပေါ့၊ ဟိုဖက်က စစ်တက္ကသိုလ်က DSA ပေးတာကိုး၊ အဲဒီအစား တပ်မတော်ထဲမှာ နည်းပညာတက္ကသိုလ်တို့၊ ဆေးတက္ကသိုလ်တို့ လိုအပ်တဲ့ ဥစ္စာအကုန်လုံး ကို ပြန်တည်ဆောက်တယ်၊ ဒါတပ်တွင်း တည်ဆောက်ရေးနဲ့ ပတ်သက်လို့ တဖြည်းဖြည်း တည်ဆောက်လာတာ ပါ။ ထူးချွန်တဲ့ ကျောင်းသားတွေကို နိုင်ငံခြားပို့တယ်ပေါ့ဗျာ၊ အထူးသဖြင့် ရုရှားတို့၊ တရုတ်တို့ အဲဒီလိုနဲ့ သူ့ရဲ့ Institution ကို သူတည်ဆောက်တယ်လေ၊ အဲဒီလိုပဲ။ ခင်ဗျား ဦးပိုင်တို့ ဟိုတုန်းကဆိုရင် ရွှေအုန်းပင်တို့၊ ဘာတို့ နပခဖက်မှာဆိုရင် ဗိုလ်ချုပ်ဝင်းမြင့်တို့ အဲဒီကာလတုန်းက ကြိုးစားခဲ့ကြတာပဲလေ” ဟု ပြောသည်။
မြန်မာ့တပ်မတော်ကို တွေ့ရစဉ်
တပ်မတော်အနေဖြင့် ယခင်ကတည်းက စတင်ကာ ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်နှင့် အခြားသော လုပ်ငန်းများကို ဖန်းတီးခဲ့ကြောင်း ၎င်းက ပြောသည်။
အမေရိကန်အစိုးရသည် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ် ရေးဘဏ် (MICB) တို့ အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနကို အရေးယူပိတ်ဆို့ကြောင်း ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ထို့နောက် ပြည်တွင်းငွေကြေး ဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၃၀၀၀ အထိ မြင့်တက်သွားခဲ့သည်။
အမေရိကန်၏ ပိတ်ဆို့မှုသည် ဘဏ်နှစ်ခု သာမက တစ်နိုင်ငံလုံး စုပြုံခံရသည့် သဘောဖြစ်နေကြောင်း မြန်မာ့ စီးပွားရေးလေ့လာသုံးသပ်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးသီဟပိုင်က “ကျနော်တို့က ဘက်ကို မျှမြင်ရမှာပေါ့နော်၊ နိုင်ငံတော်မှာကြတော့ ဘဏ်တွေဆိုတာက ကျနော် ပြောတာ ပိတ်ချင်ပိတ်နေတာပဲလေ အခုမဟုတ်ရင် ပိတ်ချင်ပိတ်ပေါ့၊ ကျနော်ပြောတာ နာမည်တော့ ထုတ်မပြော တော့ပါဘူး။ ဟုတ်တယ်မလား အဖွဲ့အစည်းတွေရှိတာပဲ။ အဲဒါက သူတို့အကောင့်ကိုပိတ်လေ ဥပမာ ငွေမလွှဲခိုင်း လည်းရတယ်၊ ဒီဟာတွေကြတော့ ဘယ်လိုထိန်းမလဲ မြန်မာပြည်က အဲဒါဆိုရင် ငွေမဝင်ခိုင်းတော့ဘူးလား။ ငွေ မဝင်ရတော့ဘူးဆိုရင် ကျနော်တို့က တနိုင်ငံလုံးခံရမယ့် ဟာတွေဖြစ်သွားတာလေ၊ သိလား ကောင်းသူရော၊ ဆိုးသူ ရော အကုန်လာထား သွား။ ဒါပေမဲ့ အမေရိကန်က ပိတ်တာပေါ့လေ၊ ထွက်ပေါက်တွေက မရှိဘူး မဟုတ်လားဆို တော့ ရှိတယ်၊ ကျနော်တို့လည်း အခုလက်ရှိ အမေရိကန်ဒေါ်လာနဲ့ပဲ သုံးနေရတာပဲလေ နိုင်ငံခြားငွေ စီးဆင်းမှုဆို တာဆိုတော့ ပြောရမယ်ဆိုရင် ခုတ်ရာတခြား၊ ရှရာတစ်လွဲ မဆိုင်တဲ့သူတွေပါ အကုန်ပေါ့၊ စုပြုံခံရတဲ့ သဘော တော့ ဖြစ်သွားတယ်” ဟု ပြောသည်။
နိုင်ငံပိုင် MFTB နှင့် MICB ဘဏ်နှစ်ခုကို ပိတ်ဆို့လိုက်ခြင်းကြောင့် မြန်မာ့တပ်မတော်၏ လက်နက်ဝယ်ယူမှု လမ်းကြောင်းများလည်း ထိခိုက်မှုများ ရှိနိုင်ကြောင်း တချို့က သုံးသပ်နေကြသည်။
သို့သော်လည်း အခြားတစ်ဖက်တွင် မြန်မာ့တပ်မတော်သည် ယခင်ကတည်းက နိုင်ငံတကာ၏ ပိတ်ဆို့ အရေးယူမှု များကို ခံခဲ့ရကြောင်း၊ ထို့ကြောင့် ၎င်းတို့တွင် ထွက်ပေါက်များ ရှိနေမည်ဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်မှုများလည်း ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1110
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀
စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်နှင့် စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် မောင်ဝိတ်တို့သည် နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ရေးအတွက် အလှူငွေများ အသီးသီး ထည့်ဝင်ခဲ့ကြောင်း သိရသည်။
ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆံး ဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ဆောက်ပြီးစီးမှု အခြေအနေများ ရှင်းလင်းပြခြင်း အခမ်းအနားကို ဇွန်လ ၂၉ ရက်နေ့ က ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်သည့် ဦးဇော်ဇော်နှင့် မောင်ဝိတ်တို့ အပြင် စီးပွားရေး လုပ်ငန်းရှင် ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး အလှူငွေများ အသီးသီး ထည့်ဝင်ခဲ့သည်။
အလှူရှင် ၁၀၁ ဦး၏ လှူဒါန်းမှု စုစုပေါင်း ငွေကျပ် ၁၆၁၇၇ သန်း(၁၆ ဒသမ ၁၇၇ ဘီလီယံ)ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်က မောင်ဝိတ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးအတွက် အလှူငွေထည့်ဝင် နေစဉ်
မောင်ဝိတ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှု အား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချစဉ်မှာ ဖမ်းဆီးခံခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာဇော်မြင့်မောင် (မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တာဝန်ယူခဲ့သူ) တို့ကို လာဘ်ပေးလာဘ်ယူမှု လုပ်သည်ဆိုသော စွဲချက်ဖြင့် မောင်ဝိတ်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လမှာ တော့ ပြန်လည် လွတ်မြောက်လာခဲ့သည်။
ဦးဇော်ဇော်သည် မြန်မာ့တပ်မတော်က အာဏာရယူပြီးနောက်ပိုင်း လူမြင်ကွင်းကနေ ပျောက်ကွယ်နေရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သုဝဏ္ဏဘောလုံးကွင်းအား သွားရောက် ကြည့်ရှုစဉ် အတူတူ လူမြင်ကွင်းကို ပထမဆုံး ထွက်လာခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်မှာတော့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ဆောက်ပြီးစီးမှု ရှင်းလင်း ပွဲ အခမ်းအနားသို့ တက်ရောက်ကာ လူမြင်ကွင်းကို ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 987
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀
လက်ရှိ နစကနှင့် ဆွေးနွေးနေသည့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ဦးဆောင်အဖွဲ့ (PPST)ကို ကိုယ်စားပြု၍ သွားရောက်နိုင်ခြင်း မရှိတော့ကြောင်း PPST မှာ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော် အာဏာရယူပြီးနောက်ပိုင်း တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ၏ လုပ်ငန်စဉ်များလည်း မလုပ်ဆောင်နိုင်တော့ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးစောကျော်ညွန့်က “အခုလို သွားတာသည် NCA ကို ကျနော်တို့ အကောင်အထည်ဖော်တဲ့ ဆွေးနွေးပွဲ တွေ မဟုတ်ဘူး။ NCA မှာ ပါတဲ့ ယန္တရားအတိုင်း ကျနော်တို့ လုပ်ဆောင်တာလည်း မဟုတ်ဘူး။ ပြီးတော့ NCA ကနေ ပေါက်ဖွားလာတဲ့ PPST ခေါင်းစဉ်နဲ့ ကျနော်တို့ကို ဖိတ်ခေါ်တာတို့ သွားနိုင်တာတို့ တစ်ခါမှ မရှိဘူး။ ကျနော်တို့ အခေါ်အားဖြင့်ကတော့ NCA-S EAO ပေါ့ဗျာ၊ ၇ ဖွဲ့သွားတဲ့ အချိန်ကဆိုရင် NCA-S EAO ၇ ဖွဲ့နဲ့ NSPNC နဲ့ တွေ့ဆုံဆွေးနွေးပွဲ စသည်ဖြင့်ပေါ့လေ၊ အခုသွားတဲ့ ၅ ဖွဲ့ဆိုရင်လည်းပဲ ဒါ NCA-S EAO ၅ ဖွဲ့နဲ့ NSPNC နဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျနော်တို့ အခေါ်အဝေါ်အရတော့ အဲဒီလိုမျိုး ကျနော်တို့ သွားတာဖြစ်တယ်၊ ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ဆိုရင်တော့ အခုသွားနေတဲ့ ဆွေးနွေးပွဲ လုပ်ငန်းစဉ်များအားလုံးသည် NCA သဘောတူစာချုပ်အရ NCA ယန္တရားအတိုင်းသွားနေတဲ့ Process မဟုတ်ဘူးဆိုတာကိုတော့ ဒါအထင်အရှား ကျနော်တို့အတွက် ဖြစ်ပါတယ် ခင်ဗျ” ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ PPST ၏ အဖွဲ့ဝင် ၅ ဖွဲ့နှင့် နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
PPST အဖွဲ့၀င် ၇ ဖွဲ့ကိုယ်စားလှယ်များနဲ့ NSPNC ကိုယ်စားလှယ်များကိုတွေ့ရစဉ်
အဆိုပါ ဆွေးနွေးပွဲတွင် PPST အဖွဲ့ဝင် ၅ ဖွဲ့၏ ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက မိမိတို့သည် PPST မှာ ပါဝင်ခဲ့သည့် ၁၀ စလုံး၏ ယခင်က ချမှတ်ခဲ့သော သဘောထားများကို ရှေ့ ထွက် ဆွေးနွေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
PPST ကို NCA လက်မှတ် ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ဖြင့် ဖွဲ့စည်းထားသည်။
မြန်မာ့တပ်မတော် အာဏာရယူပြီးနောက်ပိုင်း PPST မှ KNU၊ RCSS၊ ABSDF နှင့် CNF တို့မှာ မိမိတို့၏ ပါဝင်မှု အဆင့်ကို လျှော့ချထားခဲ့သည်။ ထိုနောက် ၂၀၂၂ ခုနှစ်၊ မေလအတွင်းကလည်း မွန်ပြည်သစ်ပါတီမှ မိမိတို့ ပါဝင်မှု အဆင့်ကို လျှော့ချရန် စာပို့ထားကြောင်း သိရသည်။
လက်ရှိတွင် NCA ၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ခြင်း မရှိတော့သလို PPST ၏ စုဖွဲ့မှု အပေါ်တွင်လည်း အမြင်မတူခြင်းများ ရှိလာကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က NSPNC နဲ့ ဆွေးနွေးပွဲ တက်ရောက်ခဲ့သော အပစ်ရပ် ၅ ဖွဲ့ကို တွေ့ရစဉ်
၎င်းက “PPST ရဲ့ စုဖွဲ့မှုထဲမှာ ၇ ဖွဲ့ကတော့ ဆက်ပြီးတော့ တင်းပြည့်ကျပ်ပြည့်ပါမယ်၊ ကျန်တဲ့ ၃ ဖွဲ့ကတော့ တင်းပြည့် မဟုတ်တော့ဘဲနဲ့ ပူးပေါင်းအဖွဲ့အနေနဲ့ ဆက်လက်ရပ်တည်ပြီး အခြေအနေအရ ကျနော်တို့ သဘောတူ ညီခဲ့ကြတာ ရှိတယ်၊ ဆိုလိုချင်တာကတော့ ၂၀၂၂ ဧပြီလကနေစပြီးတော့ ကျနော်တို့ PPST ၁၀ ဖွဲ့စလုံးက ၁၀ ဖွဲ့ စလုံး အပြည့်အဝ မဟုတ်တော့ဘဲနဲ့ ပူးပေါင်းအဖွဲ့က ၃ ဖွဲ့ပေါ့လေ၊ KNU ရယ်၊ CNF ရယ်၊ RCSS ရယ် စသည်ဖြင့် ပေါ့လေ၊ အဲဒီလိုမျိုး ကျနော်တို့ စုဖွဲ့မှု အပြောင်းအလဲရှိလာတာ ဖြစ်ပါတယ်ခင်ဗျ” ဟု ပြောသည်။
လက်ရှိတွင်လည်း အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့သည် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိနေသည်။