CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ နေပြည်တော်မှာ ဇန်နဝါရီ ၅ ရက်နေ့ နေ့လယ် ၁ နာရီမှာ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း ကြားသိရသည်။

နိုင်ငံရေးပါတီများဆိုသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က နိုင်ငံရေးပါတီများ မှတ်ပုံတင် အသစ်ပြန်လည်တင်ရန် ဥပဒေထုတ်ပြီးနောက် ပါတီမှတ်ပုံတင်ကျထားသော ၄၇ ပါတီမှ ကိုယ်စားလှယ်များ ဖြစ်သည်။

နိုင်ငံရေးပါတီတစ်ခုမှ ခေါင်းဆောင်တစ်ဦးက “ ဟုတ်တယ်၊ ဒီနေ့တွေ့ကြမှာ ဒါပေမယ့် ပါတီတွေက ဖောင်းပွ လွန်းနေတယ်။ အချိန်လည်း အကန့်အသတ်နဲ့ဆိုတော့ ပြောသင့်ပြောထိုက်တာတွေ ပြောနိုင်မှာ မဟုတ်ဘူး။ နောက်တစ်ခုက ပါတီထောင်တိုင်း နိုင်ငံရေးသမားမဟုတ်တော့ ဒီလို တွေ့ဆုံမှုမှာ လွတ်လွတ်လပ်လပ် တင်ပြ ဆွေးနွေးမှု လုပ်ဖို့ကြခက်သွားတယ်။ ကျနော်ဆို ပြောစရာတွေအများကြီးရှိတယ် ဒါပေမယ့် သတင်းတွေ ပြန် ပေါက်မှာ နောက်တစ်ခုက နိုင်ငံရေးသမားမဟုတ်ပဲ ပါတီထောင် ဒီတွေ့ဆုံမှုမှာ ပါလာသူတွေနဲ့ဆိုတော့ တော် တော်တန်တန် ဆွေးနွေးစရာတွေကို မဆွေးနွေးတော့ဘဲ မြိုသိမ့်လိုက်ရတော့မှာ။ ဒါကြောင့် ပါတီတွေကို ရွေး ထုတ်ပြီးမှ နိုင်ငံတော်အကြီးအကဲက တွေ့ဆုံမယ်ဆိုရင် ပိုမို ထိရောက်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်လာနိုင်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

 လွတ်လပ်ရေးနေ့ ညစာ စားပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံတကာသံတမန်များ လက်ဆွဲနှုတ်ဆက်နေကြစဉ်

လက်ရှိ UEC မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ချပေးထားသည့် ပါတီ ၄၇ ပါတီရှိသည့်အနက် နိုင်ငံရေးသမိုင်း အရ လျှောက်လှမ်း၍ ပါတီ တည်ထောင်ထားသူများကိုသာ ရွေးချယ်၍ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သင့် ကြောင်း နိုင်ငံရေးပါတီများက အကြံပြုထောက်ပြကြသည်။

နစကသည် အရေးပေါ်ကာလ ၆ လသက်တမ်းတိုးထားသည်မှာ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပြည့်ပြီးဖြစ်၍ နောက်ထပ် သက်တမ်း ၆ လ တိုးပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်သွားရန် ပြင် ဆင်နေကြောင်း သိရသည်။

တခြားတစ်ဖက်မှာလည်း ဇန်နဝါရီ ၃၁ ရက်နေ့နောက်ပိုင်း ဖြစ်ပေါ်လာမည့် နစက၏ အခင်းအကျင်းကို ညွန့် ပေါင်းအစိုးရ သို့မဟုတ် အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်း၍ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်သင့် သည်ဟု အကြံပြုမှုများလည်း ထွက်ပေါ်နေသည်။

ထိုသို့ အကြံပြုမှုများ ထွက်ပေါ်နေချိန်မှာပဲ နစကဥက္ကဋ္ဌသည် နိုင်ငံရေးပါတီများနှင့်လည်းကောင်း၊ တရုတ်ကိုယ် စားလှယ်အဖွဲ့နှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် ရှိနေသည်။