CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၅

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က အမေရိကန်နိုင်ငံတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) အား ထောက်ခံသူများသည် အမေရိကန်လွှတ်တော် အဆောက်အအုံဖြစ်သည့် U.S Capitol အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့သည့် ၃ နှစ်မြောက် နှစ်ပတ်လည်အား သမ္မတဂျိုးဘိုင်ဒန် (Joe Biden)မှ ပြုလုပ်မည်ဖြစ် ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဘိုင်ဒန်သည် ထိုနှစ်ပတ်လည် အခမ်းအနားအတွင်း မိန့်ခွန်းပြောကြားရန် စီစဉ်ထားကြောင်း၊ ထိုမိန့်ခွန်းအတွင်း ထရမ့်ကို ဝေဖန်တိုက်ခိုက်သွားမည်ဟု ဘိုင်ဒန်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က ဇန်နဝါရီ ၃ ရက်တွင် ပြောကြားခဲ့ သည်။

ဘိုင်ဒန်သည် တော်လှန်ရေးစစ်ပွဲ ကာလအတွင်း သမ္မတဟောင်း ဂျော့ချ် ဝါရှင်တန် (George Washington) တည်ထောင်ခဲ့သည့် ပင်ဆယ်ဗေးနီးယား (Pennsylvania) ပြည်နယ် ဗယ်လီ ဖော့ချ် (Valley Forge) တပ်စခန်း အနီးတွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်ဟု ၎င်း၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောသည်။

ဘိုင်ဒန် မိန့်ခွန်းပြောကြားမည့် နေရာသည် ထိုတပ်စခန်းနှင့် ၁၅ မိုင် အကွာအဝေးရှိ မောင့်ဂိုမာရီ ကောင်တီ အသက်မွေးဝမ်းကျောင်းပညာ ကောလိပ် (Montgomery County Community College) တွင် ဖြစ်သည်။

အမေရိကန်လွှတ်တော်ကို ထရမ့်ထောက်ခံသူတွေ စီးနင်းနေကြစဉ်

ထို့နောက် ဘိုင်ဒန်နှင့် ၎င်း၏ မဲဆွယ်စည်းရုံးရေးအဖွဲ့သည် ဇန်နဝါရီ ၈ ရက်တွင် တောင်ကာရိုလိုင်းနား (SouthCarolina) ပြည်နယ်၊ ချာလက်စတန် (Charleston) မြို့ရှိ မာသာ ဟေမာနွေလ အေအမ်အီး ဘုရား ကြောင်း (Mother Emanuel AME Church) သို့ ထပ်မံသွားရောက်မည် ဖြစ်သည်။

အသက် ၈၁ နှစ် အရွယ်ရှိပြီဖြစ်သည့် ဘိုင်ဒင်သည် ၎င်း၏ အသက်အရွယ်ကြောင့် နိုင်ငံစီးပွားရေးကို စီမံကိုင်တွယ် ရာတွင် လူထုအကြား စိုးရိမ်မှုများကို အာရုံလွှဲရန်အတွက် ထရမ့်အား ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ထရမ့်၏ အသက်မှာ ၇၇ နှစ်ဖြစ်သည်။ ဘိုင်ဒင်သည် ယခင်က ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် လွှတ်တော် စီးနင်းခံရသည့် နှစ်ပတ်လည်နေ့ဖြစ်သော ဇန်နဝါရီ ၆ ရက်တွင် မိန့်ခွန်းပြောကြားရန် စီစဉ်ခဲ့သော်လည်း နှင်းမုန်တိုင်း တိုက်ခိုက်နိုင်သည့် မိုးလေဝသခန့်မှန်းချက်များကြောင့် တစ်ရက်စောပြီး ဇန်နဝါရီ ၅ ရက်တွင် ပြောကြားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ 

တောင်ကာရိုလိုင်းနားပြည်နယ်မှ လူမည်း မဲဆန္ဒရှင်များသည် ၂၀၂၀ ပြည့်နှစ်က ကျင်းပခဲ့သည့် သမ္မတ ရွေးကောက်ပွဲတွင် ဘိုင်ဒန်ကို ထောက်ခံမဲများ ပေးခဲ့သည့် ပြည်နယ် ဖြစ်သည်။

ထိုပြည်နယ်တွင် ဘိုင်ဒန်က နိုင်ငံရေး အကြမ်းဖက်မှု၏ ခြိမ်းခြောက်မှုများ မြင့်တက်လာသည့် အခြေအနေကို အလေးထား ပြောဆိုသွားမည်ဟု ၎င်း၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောကြားခဲ့သည်။

Source: ရိုက်တာ