- By CNI
- Category: နိုင်ငံရေး
- Hits: 3590
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၁
တရုတ်နိုင်ငံ၊ လျန်ယွက်ကန်မြို့၊ ဟိုင်ကျိုး(Haizhou) Bayview Conference Center တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၉ ရက်နေ့က ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နစကအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က “ကာလရှည်ကြာ အကြမ်းဖက်မှုများနှင့် ပဋိပက္ခများကို ဖြစ်ပေါ်စေသော ရာဇ ဝတ်ဂုဏ်းအုပ်စုများအား နိုင်ငံပေါင်းစုံ ပူးပေါင်းတိုက်ဖျက်ရေး၊ လူမှုဘဝ တည်ငြိမ်ရေးနှင့် ပြည်သူတို့၏ အသက် အိုးအိမ် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေးနယ်ပယ်တွင် လက်တွေ့ဆန်သော ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရေး၊ သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွ တိုက်ဖျက်ရေးတို့ကို အလေးထားဆောင်ရွက်သွားရမည်”ဟု ပြောကြားခဲ့သည်။

ထို့နောက် တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံကာ နှစ်နိုင်ငံ လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အလားတူ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန ထူထောင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာနှင့် တရုတ်ယွမ် ၅ သန်း တန်ဖိုးရှိ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ အကူအညီပေးရေး စာလွှာတို့အား နှစ်နိုင်ငံဝန်ကြီးများက လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံ သို့ စက်တင်ဘာ ၁၀ ရက်နေ့က ပြန်လည် ရောက်ရှိလာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3530
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၀
မန္တလေးမြို့သည် မြန်မာ့တပ်မတော် အပါအဝင် တော်လှန်ရေး အင်အားစုများအတွက် မည်မျှအရေးပါသလဲဆို သည့်အပေါ် နိုင်ငံရေးနှင့်စစ်ရေး အကဲခတ်များက သုံးသပ်လျက်ရှိနေသည်။
မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ မြို့တော်စာရင်းဝင်သော မြို့တစ်ခုဖြစ်ကာ နှစ်ဖက်အဖွဲ့အစည်းအတွက် သိက္ခာပိုင်းဆိုင်ရာ၊ ဝါဒဖြန့်ချိရေးဆိုင်ရာ အရေးကြီးကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကတော့ ပြောရရင် မန္တလေးသည် မြန်မာနိုင်ငံရဲ့ Capital city ပေါ့၊ တကယ်မြန်မာနိုင်ငံရဲ့ မြို့တော် အနေအထားထဲက စာရင်းဝင်ထားတာကိုး၊ မန္တလေးမြို့နဲ့ ပတ်သက်ပြီး တစ်ခုခု အထိအခိုက်ဖြစ်တယ်ဆိုရင် တစ်ဖက်က ဝါဒဖြန့်ရာကောင်းတာကို ဒါက အနည်းဆုံး ရမှာ၊ ဒီဖက်က ခုခံမယ့်သူဖက်ကလည်း ဒီလိုမျိုး မထိန်း ချုပ်နိုင်ဘူး တစ်ခုခု ဖြစ်မယ်ဆိုရင်တော့ သိက္ခာပိုင်းလည်း ပြောစရာ ဖြစ်တာပေါ့၊ ဒါပေမဲ့ ကျနော်လက်ရှိ အမြင်အ ရတော့ မန္တလေးကို လာပြီးတော့ ချက်ချင်းကြီး ဝုန်းဒိုင်းကြီး စစ်ဆင်ရေးကြီး အကြီးကြီးနဲ့ လုပ်နိုင်လောက်အောင် တော့ မမြင်သေးဘူး။ ဒါကတော့ ပြောမယ်ဆိုရင်တော့ အချက်တွေ အများကြီး ရှိပါတယ်၊ ဒါကတော့ လောလော ဆယ် ကျနော်တို့ စောင့်ကြည့်နေတဲ့ အနေအထားမှာ ဒီလိုပဲ သုံးသပ်တယ်၊ သေချာတာကတော့ သိက္ခာပိုင်းအရ ရော ဝါဒဖြန့်မှုအပိုင်းအရရော ဒါအရေးကြီးတဲ့ နေရာလို့ပဲ သုံးသပ်ပါတယ်” ဟု ပြောသည်။

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို တွေ့ရစဉ်
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃ ရက်နေ့က မန္တလေးမြို့ရှိ မြန်မာ့တပ်မတော်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ကို အတိုက်အခံ လက်နက်ကိုင်အင်အားစုများက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
မန္တလေးမြို့သည် ဧရာဝတီမြစ်ဘေးတွင် တည်ရှိပြီး မန္တလေးမှတဆင့် မြန်မာနိုင်ငံ အထက်ပိုင်း၊ မြောက်ပိုင်း၊ အိန္ဒိယ၊ တရုတ် စသည့် နယ်စပ်ဒေသများဖြင့် ကုန်သွယ်မှု အဓိက ပြုလုပ်နေသော မြို့ကြီးဖြစ်သည်။
မန္တလေးမြို့မှာ မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်ကြောင်း၊ မြို့မပျက်မစီးဘဲ ထိန်းသိမ်းကာ သိမ်းပိုက်ရရှိရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောသည်။

မန္တလေးမြို့ကျုံးကိုတွေ့ရစဉ်
၎င်းက “မန္တလေးနဲ့ ပတ်သက်ရင် ကျနော်တို့တွေ ကြိုတင်ပြင်ဆင်မှု ဟိုကတည်းက ရှိတယ်။ အခု 1027 အပြီးမှာ 1027 Second Wave အတွက် ပြင်ဆင်မှုထဲမှာ မန္တလေးပတ်ဝန်းကျင်နဲ့ မေမြို့ပတ်ဝန်းကျင် ပြင်ဆင်မှုတွေကို ကျနော်တို့ ဟိုကတည်းက လုပ်တယ်၊ အဲဒီပြင်ဆင်မှုတွေ အားကောင်းခဲ့လို့လည်း အခု ဒီ 1027 Second Wave က ကောင်းတာ၊ အခုဟာက ဒီမန္တလေးနဲ့ ပတ်သက်လို့ရှိရင် ကျနော်တို့မှာ အခြေခံကောင်းတွေက ရှိပြီးသား၊ အားလုံး CDM တွေက စနေချိန် မန္တလေးဟာ CDM အားကောင်းတဲ့ မြို့တစ်မြို့ဖြစ်တယ်။ မန္တလေးဟာ ထူးခြားတယ်၊ ကျနော်တို့ မြန်မာနိုင်ငံအတွက်ကတော့ ဒုတိယမြို့တော်ပေါ့၊ အဲဒီမှာ ကောင်စစ်ဝန်ရုံးတွေ ရှိတယ်။ အဲဒီမှာ နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိတယ်၊ ကျန်းမာရေးတို့ ပညာရေးတို့နဲ့ ပတ်သက်ရင် မြန်မာနိုင်ငံ အပေါ်ပိုင်းကြီးတစ်ခုအတွက် လိုအပ်တဲ့ စာရင်းဇယားတွေ ပစ္စည်းဆေး ဝါးတွေ သိုလှောင်မှုတွေ ဒါတွေရှိတယ်။ အလားတူပဲ ဆက်သွယ်ရေးနဲ့ ပတ်သက်ရင်လည်း ရှိတယ်။ ဒီလိုဟာမျိုးတွေကို ကျနော်တို့တွေက မပျက်မစီးဘဲနဲ့ တတ်နိုင်သမျှ ထိန်းသိမ်းပြီးတော့ အကောင်းဆုံး ဒီမြို့ကို ရယူထိန်းသိမ်းနိုင်အောင် ကျနော်တို့ ကြိုတင်ပြင်ဆင် တယ်၊ ပြင်ဆင်ထားတာတွေရှိတယ်၊ အခုလည်း ပြင်ဆင်နေတယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်” ဟု ပြောသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ရှမ်းမြောက်ရှိ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မိုးကုတ်၊ မိုးမိတ်၊ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းတို့တွင် မြန်မာ့တပ်မတော်နှင့် အတိုက်အခံ လက်နက်ကိုင်အင်အားစုတို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
ထို့နောက် မန္တလေးမြို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည်ဟုဆိုကာ မြို့ခံအများအပြား နီးစပ်ရာ နေပြည်တော်၊ ရန်ကုန်နှင့် တခြားသော ဒေသများသို့ ပြောင်းရွှေ့မှုများလည်း ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2932
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၉
လာမည့် စက်တင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်နေ့တွင် 7 EAO Alliance အဖွဲ့၏ ဦးဆောင်အဖွဲ့အစည်းအဝေးကို ကျင်းပသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ၏ အနှစ်သာရ ၃ ချက်ဖြစ်သော နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူများ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက် ရေး၊ အရပ်သားများကို အကာအကွယ်ပေးရေးတို့ကို ကိုင်စွဲ၍ လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီး စောကျော်ညွန့်က “လက်ရှိ နိုင်ငံရေးဆွေးနွေးမှု ဘောင်ကျဉ်းနေတဲ့ ကာလမှာကတော့ ခုနက ပြောနေ တဲ့ NCA အနှစ်သာရ ၃ ချက်ကို ကိုင်စွဲပြီးတော့ လုပ်နေတဲ့ တွေ့ဆုံဆွေးနွေးမှုတွေကလည်း အားရစရာတော့ မရှိပါ ဘူး။ သို့သော်လည်းပဲ ကိုယ့်ရဲ့ 7 EAO Alliance ထဲမှာကတော့ ခုနက ပြောတဲ့ အဖွဲ့အစည်းတွေကို လုပ်ငန်း ကော်မတီ အစည်းအဝေးတွေကို မိမိတို့ ဦးဆောင်မှုကော်မတီ အစည်းအဝေးတွေကို လုပ်နေတာရှိသလို အလျဉ်း သင့်ရင် သင့်သလိုပေါ့၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေလည်း လုပ်တယ်၊ ပြီးတော့ နိုင်ငံရေးပါတီတွေ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့လည်း အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နိုင်တာ တော့ ရှိတယ်။ အဲဒါတော့ ပုံသေမရှိဘူးပေါ့လေ၊ နှစ်ဖက်ညှိနှိုင်းမှု အခြေအနေကို ပြောပြတာ ဖြစ်ပါတယ်။ အကြမ်း ဖျင်းပေါ့လေ၊ လာမယ့် ၁၀၊ ၁၁ ရက်နေ့ကြရင်လည်းပဲ ဒုတိယအကြိမ်မြောက် ဦးဆောင်အဖွဲ့ အစည်းအဝေးကို လည်းပဲ ကျင်းပဖို့ လုပ်ဖို့ ဆိုတာကိုလည်းပဲ ပြင်ဆင်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်ဆိုတာကို ပြောပြခြင်းဖြစ်ပါ တယ်” ဟု ပြောသည်။

NSPNC နဲ့ အပစ်ရပ်အဖွဲ့များ တွေ့ဆုံ ဆွေးနွေးနေစဉ်
အပစ်ရပ် NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့က ၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် 7 EAO Alliance ကို ဖွဲ့စည်းခဲ့ပြီး နစက၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး လျက်ရှိနေသည်။
မိမိတို့အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းက အကောင်းဆုံးဟု ယုံကြည်ထား ကြောင်း၊ ထိုနည်းလမ်းအတိုင်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာန သို့ ပြောသည်။

NSPNC ၊ အပစ်ရပ်အဖွဲ့များနဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးနေစဉ်
၎င်းက “ရိုးရိုးသားသား ပြောရမယ်ဆိုရင်တော့ ကိုယ့်နည်းလမ်းကတော့ အကောင်းဆုံးလို့ပဲ ပြောရမှာပေါ့နော်၊ ကိုယ့်နည်းလမ်းကတော့ ကိုယ်ယုံကြည်တဲ့ ကိုယ့်နည်းလမ်း ကိုယ်သွားနေတဲ့ နည်းလမ်းကတော့ ဒါကတော့ အကောင်းဆုံးလို့ ပြောရမှာပေါ့။ အကောင်းဆုံး ဆိုတာကလည်းပဲ တစ်ယောက်နဲ့ တစ်ယောက်နဲ့တော့ တူနိုင်မှာ မဟုတ်ဘူးလေ။ အမျိုးမျိုး ရှိကြမှာပဲလေ၊ အချိုကြိုက်တဲ့သူက အချိုက ကောင်းတယ်လို့ ပြောသလို အခါးကြိုက် တဲ့သူက အခါးကောင်းတယ်လို့ ပြောချင်လည်း ပြောကြမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ 7 EAO Alliance အနေနဲ့လည်းပဲ ကျနော်တို့ နည်းလမ်းရှိပါတယ်။ အခုမှ မဟုတ်ပါဘူး ဟိုပြီးခဲ့တဲ့ စစ်အာဏာသိမ်းပြီး ၂၀၂၂ ကတည်းကိုက PPST အဖြစ် အဲဒီကတည်းက ကျနော်တို့ရဲ့ နိုင်ငံရေး လမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက်ဆိုတာ ရှိပါတယ်” ဟု ပြောသည်။
7 EAO Alliance အဖွဲ့ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)တို့ဖြင့် ဖွဲ့စည်းထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3281
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆
လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများအတွင်း ပါဝင်ပတ်သက်နေကြသော လက်နက်ကိုင် အဖွဲ့အစည်း(EAOs)များကို စစ်ရေးတွင် အလွန်အကျွံမဖြစ်စေရန်နှင့် ငြိမ်းချမ်းရေးကို အရင်တည်ဆောက်ရန် တိုက်တွန်းလိုကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနကို ပြောသည်။
အိမ်နီးချင်းနိုင်ငံများ အပါအဝင် ပြည်သူလူထုများ အလိုချင်ဆုံးမှာ ငြိမ်းချမ်းရေးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး အရင်ရပြီးမှ ကျန်သော နိုင်ငံရေးအစီအစဉ်များကို ထည့်သွင်းနိုင်မှာဖြစ်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “သံရုံးအဆင့် ရန်ကုန်သံရုံးအဆင့် (တရုတ်) ကတော့ အမြဲတွေ့နေပါတယ်။ ကျနော်တို့ ဘာလုပ်သလဲဆိုတာလည်း သူတို့ကို သတင်းပေးပါတယ်။ ငြိမ်းချမ်းရေးကတော့ အိမ်နီးချင်းနိုင်ငံတွေရော ဗမာ ပြည်က တိုင်းသူပြည်သား အများစုက အလိုချင်ဆုံးက ငြိမ်းချမ်းရေးပါ။ ဖက်ဒရယ်တို့ ဘာတို့ မပေါ်သေးဘူး။ ဒီမိုကရေစီတို့ မပေါ်သေးဘူးဆိုရင်လည်း ငြိမ်းချမ်းရေးရထားမှ ဒီမိုကရေစီလည်း ပေါ်နိုင်မယ်၊ ဖက်ဒရယ်လည်း ပေါ်နိုင်မှာဖြစ်ပါတယ်။ တိုက်နေခိုက်နေလို့ကတော့ ဘာမှ မပေါ်ဘူး။ ငြိမ်းချမ်းရေးကို အရင် လက်ဆုတ်လက်ကိုင် ရပြီးမှ ကျန်တဲ့ နိုင်ငံရေး agenda တွေ ထည့်လို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို အရင်ရအောင်လုပ်ဖို့ ငြိမ်းချမ်းရေးကို အရင်တည်ဆောက်ဖို့ဆိုတာတော့ ကျနော်တို့လည်း ဝိုင်းလုပ်နေတယ်၊ တစ်ဖက်ကလည်း စစ်ကောင်စီကိုလည်း ငြိမ်းချမ်းရေးကို အရင်တည်ဆောက်ဖို့ စစ်ရေးကို ဦးစားမပေးဖို့ပေါ့ဗျာ၊ ဒါလည်း တစ်ဖက်က ကျနော်တို့က နားချရတာပေါ့၊ တစ်ဖက်ကလည်း ကျနော်တို့ ညီနောင်တိုင်းရင်းသားတွေကလည်း စစ်ရေးကို နိုင်ငံရေး ရလဒ်အတွက် နိုင်ငံရေးပန်းတိုင်အတွက် စစ်ရေးကို အသုံးပြုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံ ဖြစ်သွားရင် ပြန်ပြင်လို့ မရဘဲ နောက်နောင်မှာ နိုင်ငံရေးဆွေးနွေးမှုပါ ထိခိုက်သွားနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့က ငြိမ်းချမ်းရေး နိုင်ငံရေး ဆွေးနွေးပွဲ ဒီမိုကရေစီအရေး ဖက်ဒရယ်အရေးဟာ လမ်းကြောင်း တစ်ကြောင်းထဲဖြစ်နေတာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီနဲ့ NSPNC ကိုယ်စားလှယ်များကို တွေ့ရစဉ်
ညီနောင်မဟာမိတ်သုံးဖွဲ့(MNDAA-AA-TNLA) ဦးဆောင်သော မဟာမိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ကာ မြို့သိမ်းတိုက်ပွဲများ လုပ်ခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုအရ ဟိုင်ဂင်သဘောတူညီချက်ကို ရရှိပြီး အပစ်ရပ်ခဲ့သော်လည်း မြန်မာ့တပ်မတော်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့(MNDAA-AA-TNLA)တို့သည် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ဖြစ်ပွားနေသည်။
တခြားတစ်ဖက်မှာလည်း AA သည် ရခိုင်ပြည်နယ်အတွင်းရှိ မြို့များကို သိမ်းပိုက်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ကြောင့် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။
ထို့နောက် ညီနောင်မဟာမိတ်သုံးဖွဲ့ (AA၊ TNLA၊ MNDAA) တို့ကို အကြမ်းဖက်အုပ်စုအဖြစ် နစကမှ စက်တင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့သည်။
တခြားသော အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAOs)များဖြစ်သည့် RCSS၊ PNLO၊ DKBA၊ KNU/KNLA-PC၊ ALP၊ LDU၊ NMSP တို့ကတော့ နစက၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့၊ နိုင်ငံရေးပါတီအချို့နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးလျက်ရှိသည်။

ဗိုလ်မှူးကြီးစောကျော်ညွန့်နဲ့ ရဲဘော်မျိုး၀င်းကို တွေ့ရစဉ်
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၏ အနှစ်သာရ ၃ ချက်ဖြစ်သော နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူများအားလုံး ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက် ရေး၊ အရပ်သားများကို အကာအကွယ်ပေးရေး စသည်များကို လုပ်ဆောင်နေကြောင်း အပစ်ရပ်လက်နက်ကိုင် 7 EAO Alliance အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့က NCA ရဲ့ အနှစ်သာရ ၃ ချက်ကို စွဲကိုင်ထားတယ်၊ အဲဒါကတော့ နံပါတ်တစ်က နိုင်ငံရေး ပြဿနာကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ ဖြေရှင်းရေးတစ်ခုပါတယ်။ နောက်ပြီးတော့ သက်ဆိုင်သူများ အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲဖြစ်မြောက်ဖို့က တစ်ခုပါတယ်။ နောက်တစ်ခုကတော့ အရပ်သားများကို အကာအကွယ်ပေးရေးပေါ့၊ အဲဒီ NCA အနှစ်သာရ ၃ ချက်အပေါ်မှာ ကျနော်တို့က ကြိုးပမ်းလုပ်ဆောင်မှုတွေက တစိုတ်မတ်မတ်ရှိတယ်။ သို့သော်လည်းပဲ ဒီအချိန်က စစ်ရေးဘောင်က အရမ်းကို ကြီးမားကျယ်ပြန့်ပြီးတော့ ခုနက ပြောတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဘောင်က တော်တော်လေးကို ကျဉ်းမြောင်းသေးတိမ်နေတဲ့အခါ ဖြစ်တဲ့အတွက်ကြောင့်မို့ သက်ဆိုင်တဲ့ Stakeholders အားလုံးနဲ့ ကျနော်တို့က တွေ့ဆုံနိုင်ဖို့က အခက်အခဲတွေ အများကြီးရှိတယ်။ သို့သော်လည်းပဲ 7 EAO ထဲမှာတော့ ပုံမှန်တွေ့ဆုံမှုတွေရှိတယ်” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်ပေါ်ပြောင်းလဲခဲ့သော နိုင်ငံရေးအခင်းအကျင်းအရ နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပြီး ပြည်သူလူထုများမှာ စီးပွားရေး အကျပ်အတည်း၊ နယ်မြေမလုံခြုံမှု၊ ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုများဖြင့် ရင်ဆိုင်နေရသည်။
ထိုနိုင်ငံရေး အကျပ်အတည်း၊ စီးပွားရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရေး လုပ်ဆောင်နေသည့်တိုင် လက်ရှိ တွင် နိုင်ငံရေးဘောင်ထက် စစ်ဘောင် ကျယ်ပြန့်သွားသည့်အတွက် ငြိမ်းချမ်းရေးရရှိရန် နှောင့်နှေးကြန့်ကြာနေ ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သူများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 6312
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆
ယင်းမာပင် PDF တပ်ဖွဲ့အတွက် လက်နက်ဝယ်ယူရန် ဦးအောင်ကြည်ညွန့် သမီးနှင့်သမက်ကို တာဝန်ပေးခဲ့ သော်လည်း ယနေ့အချိန်ထိ မည်သည့် လက်နက်မှ မရောက်လာခြင်းကြောင့် ငွေကြေး လိမ်လည်သွားမှုဖြင့် အရေးယူရန် ကြိုးပမ်းနေသည်ဟု ယင်းမာပင် PDF က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်ကို ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သံမဏိက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် ယင်းမာပင် PDF တပ်ဖွဲ့အတွက် လက်နက်ဝယ်ယူရန် ဦးအောင်ကြည်ညွန့်၏ သမီးနှင့် သမက်တို့အား တာဝန်ပေး ဆောင်ရွက်စေခဲ့ကြောင်း၊ သို့သော် ၂၀၂၄ ခုနှစ်၊ သြဂုတ်လကုန်အထိ ၃ နှစ်တာ ကာလ အတွင်း မည်သည့်လက်နက်မျှ ရောက်ရှိလာခြင်းမရှိကြောင်း ယင်းမာပင် PDF က ထုတ်ပြန်ခဲ့သည်။
အများပြည်သူ လှူဒါန်းသည့် ငွေကြေး SGD 50766.28 (စင်္ကာပူဒေါ်လာ ၅၀၇၆၆.၂၈)ကို လိမ်လည်ယူဆောင် သွားသည်ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

ယင်းမာပင် PDF ထုတ်ပြန်ချက်ကို တွေ့ရစဉ်
ထို့ကြောင့် လိမ်လည်သွားသူများနှင့် ဆက်စပ်သူများအား ဖော်ထုတ်အရေးယူနိုင်ရန် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ တွင် နေထိုင်သည့် မြန်မာ့အရေး ကူညီသူ ဦးအောင်မြတ်ဝင်း (LLB,Master of Urban Policy-Japan)အား အမှုမှန် ပေါ်ပေါက်ရေးအတွက် စိစစ်အရေးယူ ဆောင်ရွက်နိုင်ရန် ဗိုလ်သံမဏိမှ တာဝန်ပေးလွှဲအပ်လိုက်သည်ဟု ယင်းမာပင် PDF က ထုတ်ပြန်ခဲ့သည်။
ဦးအောင်ကြည်ညွန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဖြစ်ပြီး လက်ရှိတွင် မြန်မာ့တပ်မတော် ဖြုတ်ချရေးပေါ်ပေါက်လာသော နွေဦးတော်လှန်ရေးကာလအတွင်းမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် အဝေးရောက် NLD ပါတီ ဗဟိုအလုပ်ကော်မတီ (CWC)တွင် ခေါင်းဆောင် တာဝန်ယူထားသူဖြစ်သည်။
လက်ရှိတွင် အမေရိကန်နိုင်ငံသို့ ထွက်သွား၍ နေထိုင်ကာ နွေဦးတော်လှန်ရေးကို လုပ်ဆောင်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 6742
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅
နစက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ မည်သည့်ဒေသများတွင် စစ်ရှိန်မြင့်လာနိုင်သလဲ ဆိုသည့် အပေါ် နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်တို့အကြား သုံးသပ်လျက်ရှိနေသည်။
လာမည့် ၂၀၂၅ ခုနှစ်တွင် နစကအနေဖြင့် ရွေးကောက်ပွဲ ကျင်းပပြီး နိုင်ငံရေးထွက်ပေါက်အဖြစ် လုပ်ဆောင် မှာဖြစ်ကြောင်း၊ အဆိုပါ ရွေးကောက်ပွဲအပေါ် နိုင်ငံအချို့က ထောက်ခံအားပေးသည်ဟု ပြောဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဩဂုတ်လကုန်ပိုင်းက ပြောကြားခဲ့သည်။
ထို့ကြောင့် အဆိုပါ ရွေးကောက်ပွဲကိစ္စကို မိမိတို့အနေဖြင့် သေသေချာချာ ထည့်သွင်းစဉ်းစားကာ စစ်ရှိန်မြှင့်နိုင် သမျှမြှင့်ပြီး တစ်ဘက်ကလည်း နိုင်ငံရေးအရ ပြင်ဆင်ထားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
တော်လှန်ရေးအင်အားစုများအနေဖြင့် မြန်မာပြည် အလယ်ပိုင်းဒေသများတွင် စစ်ရေးဖော်ဆောင်လာနိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနကို ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF တချို့ကို တွေ့ရစဉ်
“အခုကတော့ စစ်ကောင်စီတပ်တွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း နယ်ပယ်တွေမှာ တိုက်ပွဲ အသီးသီးမှာ အရှုံးတွေနဲ့ ရင်ဆိုင်ရ မြို့နယ်ပေါင်း ၈၀ နီးပါး သိမ်းခံထားရတဲ့ အနေအထားမှာ ဒီနေ့ ဗမာပြည် ပြည်တွင်းစစ်ရဲ့ အဓိကဖော်ပြချက်ဟာ အလယ်ပိုင်းဖြစ်ပါတယ်။ ကျနော်တို့ စစ်ကိုင်း၊ မကွေး၊ မန္တလေးဆိုတဲ့ ဒေသတွေမှာ အဓိက ပိုပြီး ပြင်းထန်လာစရာ အကြောင်းရှိပါတယ်” ဟု ပြောသည်။
ယခုနှစ် မကုန်ခင်၌ လူဦးရေနှင့် သန်းခေါင်စာရင်းအပြီးသတ်ကောက်ယူမည်ဖြစ်ကြောင်း၊ ထို့နောက် လာမည့် နှစ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားထားသည်။
နယ်စပ်ဒေသများဖြစ်သည့် မွန်၊ ကရင်၊ တနင်္သာရီတိုင်းတို့တွင် တော်လှန်ရေးအင်အားစုများအနေဖြင့် တိုက်ပွဲ များကို အဓိက ဖော်ဆောင်လာနိုင်ကြောင်း မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနကို ပြောသည်။
“သူအဓိကဖော်ဆောင်နိုင်တာက ကရင်ပြည်နယ်ပေါ့နော်၊ နောက်ပြီးတော့ တနင်္သာရီတိုင်း၊ ကရင်-မွန်အစပ်ပေါ့၊ အဓိက ကရင်ပေါ့၊ မွန်၊ ပြီးတော့ ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးတို့ ရွှေကျင်တို့ အဲဒီဖက်ခြမ်းဘက်ကို အဓိက လုပ်နိုင်မှာပေါ့၊ အတွင်းပိုင်းမှာ ထဖို့ဆိုတာက သူ့မှာက ခဲယမ်းဘာညာ ပို့ဆောင်ရေး အနေအထား အခက်အခဲ ရှိတယ်လေ၊ အဓိက သူလုပ်မယ့်နေရာက ပဲခူးတိုင်းရှိမယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ နောက်ပြီးတော့ တနင်္သာရီတိုင်းဖက်ကို ဖြစ်မှာပေါ့၊ အဓိက ဒါပါပဲ” ဟု ပြောသည်။

နစကဉက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
လက်ရှိ တိုင်းပြည်တွင် ဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် ရွေးကောက်ပွဲကို မည်သည့်ပုံစံဖြင့် ပြုလုပ်မည် ဆိုသည်ကို မသိရှိသေးကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်း ဌာနကို ပြောသည်။
၎င်းက “တပ်ချုပ်ကြီး လိုချင်တဲ့ ပြီးပြည့်စုံသော၊ ကောင်းမွန်သော၊ အားလုံးပါဝင်သော ရွေးကောက်ပွဲ လုပ်နိုင်ပါ့ မလား ဆိုတဲ့ဟာပေါ့လေ၊ တစ်ဖက်က နဂိုကတည်းကိုက သူတို့ပယ်ထုတ်လိုက်တဲ့ အစိုးရပြန်ဖွဲ့လိုက်တဲ့ NUG ကလည်း တစ်ဖက်က နဂိုကတည်းကလည်း မကျေနပ်ချက်တွေရှိတယ်။ အခုလုပ်မယ်ဆိုလို့ရှိရင် ဖြစ်နိုင်တဲ့နည်း တွေနဲ့ နည်းပေါင်းစုံနဲ့ သူတို့ ကန့်ကွက်ဖျက်ဆီးမှာပဲ၊ ဆန့်ကျင်မှာပဲ ကျနော်စိတ်ထင်၊ ဆိုတော့ အဲဒီအနေအထား တွေ အားလုံးကို သုံးသပ်ပြီးမှ တပ်ချုပ်ကြီးတို့လည်း သူတို့လည်း သုံးသပ်တတ်မှာပေါ့လေ၊ ပြေလည်အောင် ဘယ်လို လုပ်မလဲ၊ တစ်ပိုင်းတစ်စ လုပ်လို့မရတဲ့နေရာ မလုပ်ဘူး။ လုပ်နိုင်တဲ့နေရာလောက်ပဲ လုပ်မယ်၊ ဒီအထိ ဒီနေရာ လုပ်နိုင်တယ်၊ နောက်နေ့ကျ ဟိုနေရာ လုပ်မယ်၊ ကာလကို ရွှေ့ပြီးတော့ လုပ်တဲ့သဘောအနေနဲ့ပဲ လုပ်မလား၊ အဲဒီလိုဆိုလို့ရှိရင် ညီမျှမှု၊ မျှတမှု ရှိပါ့မလား၊ တိုင်းရင်းသားတွေရဲ့ ဒေသနဲ့ နောက်ပြီးတော့ ပြည်မ ဒေသ အဖြေထွက်လာပါ့မလားဆိုတာလည်း ဘက်ပေါင်းစုံကနေပြီးတော့ ထည့်သွင်းစဉ်းစားဖို့ လိုမယ်လေ” ဟု ပြောသည်။
နစကသည် ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို နိုင်ငံတော် အာဏာလွှဲအပ်သွားမည် ဖြစ်ကြောင်း ပြောကြားထားပြီး တစ်ဖက်မှာလည်း ၎င်းရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု NUG က ပြောကြားထားသည်။
\
- By CNI
- Category: နိုင်ငံရေး
- Hits: 3055
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅
မြန်မာ့တပ်မတော်နှင့် အတိုက်အခံ လက်နက်ကိုင်များကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်ရှိမှာလည်း စစ်ရေးတင်းမာနေသည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်၊ တောင်ကြီးမြို့များသို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စက်တင်ဘာ ၄ ရက်နေ့က သွားရောက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့နောက် နယ်မြေတည်ငြိမ် အေးချမ်းရေး ဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာ တာဝန်ရှိသူများ ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့သလို တိုက်ပွဲများကြောင့် ပျက်ဆီးသွားသော ဆီဆိုင်မြို့နှင့် လွိုင်ကော်မြို့ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကိုလည်း ကြီးကြပ်ညွှန်ကြားသွားကြောင်း သိရသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)နှင့် ဒေသခံလက်နက်ကိုင် (Local PDF)များ ပူးပေါင်း၍ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့ရာ မြန်မာ့တပ်မတော်နှင့် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆီဆိုင်မြို့ကို ရောက်စဉ်
ထို့နောက် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်အစပ် ဆီဆိုင်မြို့ သိမ်းပိုက်နိုင်ရေးအတွက် ပအိုဝ်း PDF၊ KNDF တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပအိုဝ်းပြည်သူ့စစ်(PNO)၊ မြန်မာ့တပ်မတော်တို့ဖြင့် တိုက်ပွဲ များ အပြင်းအထန်ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲများကြောင့် မြို့များ ပျက်စီးဆုံးရှုံးသွားခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရန် လိုအပ်နေ သည်။
လက်ရှိမှာလည်း ထိုဒေသများတွင် မြန်မာ့တပ်မတော်၊ PNO က တစ်ဖက်၊ KNDF၊ ပအိုဝ်း PDF များက တစ်ဖက် စစ်ရေးတင်းမာလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1799
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၄
ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရသော မန္တလေးမြို့၏ လုံခြုံရေး အခြေအနေ ဘယ်လိုရှိနေသလဲဆိုသည့်အပေါ် ဒေသတွင်းနေ ပြည်သူလူထုများနှင့် နိုင်ငံရေး အကဲခတ်များကြား မေးခွန်းထုတ်လျက်ရှိနေသည်။
စက်တင်ဘာ ၃ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်မှာ အတိုက်အခံအင်အားစုများက မန္တလေးမြို့ရှိ မြန်မာ့တပ်မတော် ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ သည်။
ထိုတိုက်ခိုက်မှုအတွင်း ရှော့တိုက်ဒုံး ၇ လုံးမှာ အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း၊ တပ်မတော်ဖက်က ထိခိုက် ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း အတိုက်အခံအင်အားစုများဘက်က ထုတ်ပြန်ခဲ့ပြီး နစကဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။
မန္တလေးမြို့ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခြင်းမှာ ပြည်သူလူထုအကြား စိုးရိမ်ပူပန်၍ မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်ပြီး စစ်ရေးအားသာချက်ရယူခြင်းဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

မန္တလေးက ဦးပိန်းတံတားကို တွေ့ရစဉ်
၎င်းက “ဒါကတော့ ဘယ်လိုခေါ်မလဲ ရှော့တိုက်ဒုံး ပစ်တယ်ဆိုတာကတော့ ထုံးစံက ရည်ရွယ်ချက်က နှစ်မျိုးရှိ တယ်၊ ၁ ကတော့ အထူးသဖြင့် မြို့တစ်မြို့ရဲ့ တည်ငြိမ်အေးချမ်းရေးက အဲဒီထဲမှာ နေနေတဲ့ ပြည်သူလူထုရဲ့ အခြေခံအပေါ်မှာ မူတည်တယ်၊ အဲဒီတော့ အဓိကတော့ ပြည်သူလူထုကို ကြောက်လန့်အောင် အနည်းဆုံးတော့ ဘာပဲပြောပြော ကြောက်လန့်ပြီးတော့ အေးအေးဆေးဆေး မနေရဘူးပေါ့၊ အဲဒီကနေမှတဆင့် နောက်ဆက်တွဲ ဘာလိုချင်သလဲဆိုတော့ တစ်ခုခုဖြစ်လို့ရှိရင် သူတို့ ပြေးအောင်လွှားအောင် ပြောရရင် ပြည်သူလူထုကြားမှာ မတည်မငြိမ်ဖြစ်ခြင်းအားဖြင့် စစ်ရေးပိုင်းမှာ အားသာချက်ယူတာမျိုး လုပ်တာပေါ့နော်၊ အဲဒီအတွက် အဲဒီလိုမျိုး လုပ်တာလို့ ပြောရမှာပေါ့၊ အခုလောလောဆယ် အနေအထားအားဖြင့် ကြည့်လိုက်ခြင်းအားဖြင့် နှောက်ယှက်ပြီး တော့ ပြောရရင်တော့ လူထုကြားထဲမှာ စိုးရိမ်ပူပန်မှုတွေ သောကတွေများအောင် အဲဒီလို လုပ်ဖို့ အဓိက ဦးတည် ထားတယ်လို့ သုံးသပ်ပါတယ်” ဟု ပြောသည်။
အဆိုပါ ရှော့တိုက်ဒုံး တိုက်ခိုက်မှုတွင် မန္တလေးမြို့ လူနေရပ်ကွက်ပေါ် ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး လူနှင့် နေအိမ် အချို့ ထိခိုက်မှုလည်း ရှိခဲ့သည်။
လက်ရှိတွင် မန္တလေးမြို့အတွင်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည်ဟုဆိုကာ မြို့ခံလူထု အများအပြား နီးစပ်ရာ နေပြည်တော်၊ ရန်ကုန်နှင့် တခြားဒေသသို့ ကြိုတင်တိမ်းရှောင်မှုလည်း ရှိနေသည်။
မန္တလေးမြို့သိမ်းတိုက်ပွဲ လုပ်လာမည်ဆိုလျှင် ပြည်သူ့ကာကွယ်ရေးတပ် (PDF)များက အဓိက လုပ်လာနိုင် ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

မန္တလေးမြို့ကို တွေ့ရစဉ်
၎င်းက “ဒီတစ်ပွဲမှာတော့ PDF တွေက ဦးဆောင်သွားရလိမ့်မယ်၊ ကျန်တဲ့ဟာတွေက သူတို့ကိုလည်း အကြမ်းဖက် ကြေညာလိုက်ပြီဆိုတော့ သူတို့က မအလအပေါ်မှာ ဘာမှ သူတို့က ထောက်ထားစရာ မရှိတော့ဘူး။ မအလ မင်းတို့ကိုလည်း မဆွေးနွေးတော့ဘူး အကြမ်းဖက်ပြီ။ ငါတို့ကတော့ ငါတို့လမ်းစဉ်နဲ့ သွားတော့မယ်၊ မင်းတို့လည်း ကြိုက်တာလုပ်လို့ ကြေညာလိုက်ပြီပေါ့၊ စစ်ကြေညာလိုက်ပြီ အဲဒါကြောင့်မို့လို့ မန္တလေးမြို့သိမ်းတိုက်ပွဲမှာ ပါလာ မယ်ဆိုရင် ဘာမှ မဆန်းကြယ်ဘူး။ အဲဒီလို ယူဆပါတယ်” ဟု ပြောသည်။
ညီနောင်မဟာမိတ် ပူးပေါင်းတပ်တို့ ဆင်နွှဲခဲ့သော ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ရှမ်းမြောက်ရှိ မြို့များ အပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်၊ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းတို့တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
လက်ရှိတွင်လည်း ပြင်ဦးလွင်မြို့အနီးက တောင်ခမ်းတွင် မြန်မာ့တပ်မတော်နှင့် ပလောင်ပြည်လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA)၊ ပူးပေါင်းမဟာမိတ်တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1566
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၄
လက်နက်ကိုင်များ အဓမ္မဝင်ရောက် နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများ အသုံးချမှု မခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် သတိပြုဆောင်ရွက်ရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃ ရက်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့်ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံစဉ် နစကဥက္ကဋ္ဌက ပြောကြားခဲ့ခြင်း ဖြစ်သည်။
အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် နိုင်ငံတော်တွင် နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်နေမှု ကို အခွင့်ကောင်းရယူ၍ နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို ကြုံတွေ့လာခဲ့ရပြီး ၎င်းတို့၏ အကြမ်း ဖက်လုပ်ရပ်များကြောင့် ဒေသခံပြည်သူများအနေဖြင့် နေရပ်ဒေသများနှင့် နေအိမ် စည်းစိမ်များကို စွန့်ခွာပြီး အခြားဘေးလွတ်ရာဒေသများတွင် ယာယီသွားရောက်ခိုလှုံနေကြရသည်ဟု ၎င်းက ပြောသည်။

MNDAA တပ်ဖွဲ့ကို တွေ့ရစဉ်
နစကဥက္ကဋ္ဌက “ လက်နက်ကိုင်များ အနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက် နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော် ၏ တုန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အဦများ၊ အရပ်ဘက် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုတို့ကို လူသားတံတိုင်းအဖြစ် အသုံးပြု နိုင်ရေး ယာယီနေရပ်စွန့်ခွာ နေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မ လူသစ် စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိမှု၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို မဖြစ် မနေ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါ လက်နက်ကိုင်များ၏ သတင်းရရှိမှုနှင့် အခြေအနေ အရပ်ရပ် ပေါ် မူတည်၍ လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့အဓမ္မ ဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှု မခံရစေရေးနှင့် ဘေး ကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန် လိုအပ်တယ်”ဟု ပြောသည်။
နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုများ အမြန်ဆုံးပြန်လည် ရရှိရေးအတွက် စည်းလုံးသော အင်အားဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရိ ၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ရွေးကောက်ပွဲမဲစာရင်း အငြင်းပွားမှု မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ အာဏာ ရယူခဲ့သည်။
ထို့နောက် NLD ပါတီခေါင်းဆောင်များနှင့် လွှတ်တော်အမတ်များက ဦးဆောင်၍ အမျိုးသားညီညွတ်ရေးအစိုးရ( NUG)နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(PDF)ကို ဖွဲ့စည်းကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် KIA၊ AA၊ TNLA၊ MNDAA၊ KNU၊ KNPP၊ CNF တို့နှင့်လက်တွဲကာ မြန်မာ့တပ်မတော် ဖြုတ်ချရေး ဖော်ဆောင် လျက်ရှိသည်။
လက်ရှိတွင် နိုင်ငံအနှံ့အပြားမှာ မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသူ ၁ သန်းကျော်ရှိသလို လူနေအိမ်၊ အဆောက် အအုံ၊ အစိုးရပိုင် ရုံးနှင့် စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးလျက်ရှိသည်။
