CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က နာဂလူငယ် များနှင့် ရေမဆေးကျောက်ရှာသူများကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး စစ်သားစုဆောင်းလျက်ရှိနေကြောင်း ဒေသခံ များက ပြောသည်။

ဧပြီ ၈ ရက်နေ့က  နန်စီပွန်ကျေးရွာအနီးက ကျောက်စိမ်းမှော်တွင် ရေမဆေးကျောက်ရှာဖွေသူ အရပ်သား ၅၀ ကျော်အား KIS က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ဧပြီ ၉ ရက်နေ့တွင် နန်စီပွန်ဒေသ အထက်ဆိပ်ရွာသို့ KIA အဖွဲ့များ ရောက်ရှိလာပြီး နာဂလူငယ် ၁၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

KIA နဲ့ နန်စီပွန်ကျောက်မှော်ကို တွေ့ရစဉ်

ဖမ်းဆီး ခေါ်ဆောင်သွားခံရသူများမှာ မောင်အိုက်ထုတ် (၂၁ နှစ်)၊ အောင်ကျော်သူ(၂၀ နှစ်)၊ မောင်ရင် (၂၅ နှစ်) ၊ မောင်အနိုင်(၂၁ နှစ်)၊ မောင်သော်သော် (၁၉ နှစ်၊ မောင်ပါခေါင် (၁၈ နှစ်)၊ မောင်မောင် (၃၅ နှစ်)၊ မောင်ပါ ကြောင် (၂၀ နှစ်)၊ မောင်ဇာနည်ထက် (၁၉ နှစ်)၊ မောင်အောင်ကာဆန် (၂၅ နှစ်)၊ မောင်အောင်ကာ (၂၁ နှစ်)၊ မောင်ရဲဝင်း (၂၀ နှစ်)၊ မောင်ဂျွန်ဆန်းဒေး (၃၀ နှစ်)၊ မောင်ရန်နိုင်ထွန်း (၁၇ နှစ်)၊ မောင်ဖန်လိုင် (၂၇ နှစ်)၊ မောင်အောင်မြတ် မင်း (၁၈ နှစ်)တို့ဖြစ်ကြောင်း သိရသည်။

ခန္တီးမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နာဂလက်နက်ကိုင်အဖွဲ့များဖြစ်သည့် နာဂအမျိုးသားဆို ရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)၊ နာဂအမျိုးသားဆို ရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM)၊ အရှေ့နာဂများကာကွယ်ရေးတပ်မတော်(ENDA/ENNO)၊ KIA၊ SNCN-IM၊ ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)တို့ စစ်ရေးလှုပ်ရှားလျက်ရှိသည်။

ENDA/ENNO သည် NSCN ကနေ ထုတ်ပယ်ခံလိုက်ရသူများက KIA ၏ အကူအညီဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဗဟိုဌာနချုပ်ကို KIA ၏ လိုင်ဇာမြို့မှာ တည်ဆောက်ထားသည်။