- By CNI
- Category: နိုင်ငံရေး
- Hits: 369
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅
ပြည်သူ့စစ်မှုထမ်းဥပဒေကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ် ရေးထိုး၍ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အတည်ပြု ပြဋ္ဌာန်းလိုက်သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် နစကဥက္ကဋ္ဌ တွေ့ဆုံပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းရခြင်း အခြေအနေနှင့် အားလုံးကို စစ်မှုထမ်းခိုင်းမည်မဟုတ် ကြောင်း ပြောကြားခဲ့သည်။
အလားတူ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း စစ်မှုထမ်းရန် အကျုံး ဝင်သူ ၁၄ သန်းရှိသည့်အနက် အားလုံးကို တာဝန်ထမ်းဆောင်မည်မဟုတ်ဘဲ ရပ်ကွက်တစ်ခု သို့မဟုတ် ကျေးရွာ တစ်ရွာလျှင် လူ ၂ ဦးလောက်သာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 192
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိက္ခ ပိုမိုကျယ်ပြန့်လာခြင်းနှင့်အတူ လူမျိုးစု တစ်စုနှင့်တစ်စုအကြား သော်လည်းကောင်း၊ အဖွဲ့အစည်း တစ်ခုနှင့်တစ်ခုအကြား သော်လည်းကောင်း အမုန်းတရားများ ဖြန့်ဝေ မှု၊ ဝါဒဖြန့်ချိမှုများကို တွေ့ရလာကြောင်း နိုင်ငံရေးသုံးသပ်သူများက ပြောသည်။
ထို့ကြောင့် အမုန်းတရားများ ပြန့်ပွားလာပြီး လူမျိုးစု ပဋိပက္ခများ မဖြစ်ပေါ်ရေး အားလုံးက ကြိုးပမ်းသင့် သည်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးကို ကြိုးကိုင်ခြယ်လှယ်နေသော အုပ်စုက လူမျိုးစုပဋိပက္ခကို ဖန်တီးလေ့ရှိ ကြောင်း၊ အမုန်းတရားများ မပေါ်ပေါက်ရန် သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်း အသီးသီးက ဆောင်ရွက် သင့်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့မှဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အမှန်ကတော့လေ အန်တီတို့နိုင်ငံမှာ နိုင်ငံရေးကို ကြိုးကိုင်ခြယ်လှယ်နေတဲ့ အုပ်စုတွေက ခေတ်အဆက်ဆက် လူမျိုးစုပဋိပက္ခတွေ ဖန်တီးပြီးတော့ လူမျိုးစုချင်း ပဋိပက္ခတွေကို ဖန်တီးကြတာ ရှိတယ်လေ၊ သမိုင်းမှာလည်း ခဏခဏတွေ့ရတယ်၊ အဲဒီတော့ လူထုအနေနဲ့ ဒါကို ကောင်းကောင်း သတိ ပြုဖို့ လိုတာပေါ့။ သတိပြုဖို့လိုတယ်၊ လူမျိုးစု ပဋိပက္ခတွေ ဖြစ်လာလို့ရှိရင် နစ်နာတဲ့လူက ပြည်သူလူထု ပဲ ဖြစ်တယ်၊ ဘယ်လူမျိုးနဲ့ပဲဖြစ်ဖြစ် အဲဒီလူမျိုးတွေက အန်တီတို့ နိုင်ငံရဲ့ ပြည်သူတွေပဲ ဖြစ်တယ်၊ ဒါကြောင့်မို့လို့ အန်တီတို့နိုင်ငံရဲ့ ပြည်သူလူထုက နိုင်ငံရေးအရ လှည့်ဖျားတဲ့ အကွက်တွေကို သွေးအေး အေးနဲ့ စဉ်းစားပြီးတော့ ပဋိပက္ခတွေကို ရှောင်ကျဉ်ဖို့ လိုတာပေါ့။ အမုန်းတရားဆိုတာ ကောင်းတာမှ မဟုတ်တာ၊ ဘယ်နိုင်ငံရဲ့ ဘာသာကမှ အမုန်းတရားကို အားပေးတာ မရှိဘူးပေါ့။ ဒါကြောင့်မို့လို့ သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်း အသီးသီးသည် ပြည်သူလူထုကြားထဲမှာ အမုန်းတရားတွေ မပေါ် ပေါက်အောင် ဖန်တီးသင့်တယ်၊ ဆောင်ရွက်သင့်တယ်ပေါ့” ဟု ပြောသည်။
AA က သိမ်းပိုက်လိုက်တဲ့ မြန်မာ့တပ်မတော် စစ်ရေယာဉ်ကို တွေ့ရစဉ်
ပြီးခဲ့သည့် ရက်ပိုင်းက မန္တလေးနှင့် ရန်ကုန်မြို့တို့တွင် ပြည်သူများအနေဖြင့် ရခိုင်စားသောက်ဆိုင်နှင့် အရောင်းဆိုင်များမှာ သွားရောက်ဝယ်ယူခြင်း မပြုဖို့ သတိပေးတားမြစ်သည့် စာများ လိုက်လံကပ်ထား သည်ကို တွေ့ရသည်။
ထိုမတိုင်မီ ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေပြီး ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်နေ့များမှာ ကျောက်တော်ရှိ မြန်မာ့ တပ်မတော်၏ စစ်သင်္ဘော ၃ စီးကို နစ်မြှုပ်နိုင်ခဲ့ကြောင်း AA က ဖေဖော်ဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ သည်။
ဖေဖော်ဝါရီ ၈ ရက်နေ့တွင် တပ်မတော်ရေယာဉ်ပေါ်သို့ လိုက်ပါလာသော အပြစ်မဲ့ကလေး၊ လူကြီး၊ ဝန်ထမ်း၊ မှီခို၊ နေထိုင်မကောင်းသူ စုစုပေါင်း ၆၀၀ ကျော်ကို AA က သတ်ဖြတ်ခဲ့ကြောင်း၊ ၎င်းဖြစ်စဉ်ကို ကျူးလွန်ခဲ့သည့် AA အဖွဲ့အား ကန့်ကွက်ရှုံ့ချကြောင်း မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက် ရေးပါတီက ဖေဖော်ဝါရီ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့သည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံကို တွေ့ရစဉ်
မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ အကြံပေး ဦးသက်ဇော်က “ဒါကြောင့်မို့ လည်း သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က မပြောတာပေါ့၊ သတင်းမှန်ထုတ်ပြန်ရေးက ကြေညာလိုက်ရင် ပိုအုတ်အုတ်ကျက်ကျက်ဖြစ်ပြီးတော့ ရန်ကုန်မှာရှိတဲ့ မန္တလေးမှာရှိတဲ့ ရခိုင်တွေက ဒုက္ခရောက်သွား လိမ့်မယ် လေ၊ ဆရာတို့ကတော့ ဒီဖြစ်စဉ်က ရခိုင်လူမျိုးကို ပြောတာမဟုတ်ဘူး။ AA သောင်းကျန်းသူကို Target (ပစ်မှတ်) ထားပြီးတော့ ပြောခဲ့တာလေ၊ ဆရာတို့ statement က” ဟု ပြောသည်။
ရန်ကုန်၊ မန္တလေးမြို့များတွင် ရခိုင်မုန်းတီးရေးစာများ ဖြန့်ဝေနေသော်လည်း လက်ရှိ ပြည်သူလူထုကြား မှာ လူမျိုးရေးပဋိပက္ခ ဖန်တီးနေခြင်းအား ကောင်းမွန်စွာ သဘောပေါက်နေပြီ ဖြစ်ကြောင်း၊ ပဋိပက္ခ ဖြစ်လာစရာမရှိကြောင်း ရခိုင်နိုင်ငံရေးသမားတစ်ဦးက သုံးသပ်သည်။
မြန်မာနိုင်ငံမှာ လူမျိုးစု ၁၃၅ မျိုးရှိနေပြီး မတူညီသော ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများအကြား ပဋိပက္ခ များ မဖြစ်ပွားရေး၊ အတူယှဉ်တွဲ နေထိုင်ရေးများအတွက် ဦးတည် လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေး သမားများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 275
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ တွက်ချက်ချင့်ချိန် ဆောင်ရွက်သွားမည်ဖြစ်ပြီး သင့်တင့်လျောက်ပတ် သည့် အင်အားသာ တာဝန်ထမ်းဆောင်ရန်ဖြစ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော သည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က မှတ်ပုံတင်ခွင့် ပြုထားသည့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် နစကဥက္ကဋ္ဌတို့ တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အာဏာတည်စေခဲ့ကြောင်း၊ ယင်းဥပဒေသည် နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး၊ အထူး သဖြင့် ဒို့တာဝန် အရေးပါးသုံးကို ကာကွယ်စောင့်ရှောက်ရန်အတွက် ယခင်ကတည်းကပင် ပြဋ္ဌာန်းခဲ့သည့်ဥပဒေ ဖြစ်ကြောင်း၊ ယင်းဥပဒေနှင့်ပတ်သက်၍ တွက်ချက်ချင့်ချိန် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအတွက်လည်း ဝန် ထုပ်ဝန်ပိုး မဖြစ်ရန်လိုကြောင်း၊ သတ်မှတ် အသက်အပိုင်းအခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့် အခြေ အနေ ဖြစ်အောင် ဆောင်ရွက်သွားမည်”ဟု ပြောသည်။
အရန်တပ်ဖွဲ့ဥပဒေကိုလည်း စစ်မှုထမ်းဟောင်းများမှ တောင်းဆိုခြင်းကြောင့် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စစ်မှု ထမ်းဟောင်း အားလုံးကို ပြန်လည်ခေါ်ယူမည်ဟု မဆိုလိုဘဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည် ခေါ်ယူ တာဝန်ပေးအပ်သွားမည်ဟု ၎င်းက ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း လူဦးရေ ၁၃ သန်းရှိကြောင်း၊ ထိုအထဲမှ အမျိုးသားများကိုသာ ပထမဆုံး စစ်မှုထမ်းရန် ဆင့် ခေါ်မည် ဖြစ်ကြောင်း၊ စစ်မှုထမ်းရန် ဆင့်ခေါ်သည့်အခါမှာလည်း အားလုံးကိုမဟုတ်ဘဲ လိုအပ်သည့် အရေအ တွက်သာ ဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
၎င်းက “ ကျနော်တို့အနေနဲ့ လူဦးရေ ၁၃ သန်းပေါ့နော်၊ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်းထဲမှာ အမျိုးသမီးတွေကို ထည့်မတွက်နဲ့အုံး အမျိုးသားတွေပဲ ထည့်တွက်အုံး အမျိုးသားတွေပဲ ထည့်တွက် ရင် ဒီ ၆ ဒသမ ၃ သန်းရဲ့ ၁ ရာခိုင်နှုန်းဆိုရင် တစ်သိန်းနှစ်သောင်း ရှိပြီဖြစ်ပါတယ်။ ၁၀ ရာခိုင်နှုန်းဆိုရင် လူဦး ရေ ၆ သိန်းရှိပြီး ဖြစ်ပါတယ်။ ကျနော်တို့ ဒီလောက် လူဦးရေလိုသလား ၁၀ ရာခိုင်နှုန်းလိုသလား မလိုနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆ သောင်းရှိတယ်။ ရပ်ကွက်တွေပါ ထည့်တွက်ရင် ၆ သောင်းကျော်ရှိတယ်။ ရပ်ကွက်တစ်ခုမှာ စစ်မှုထမ်းဆောင်ဖို့ ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖို့ တစ်ဦးထက် ဒါမှမဟုတ် နှစ်ဦးထက် ပိုစရာ အကြောင်းမရှိပါဘူး”ဟု ပြောသည်။
ထို့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများကို အခြေခံစစ်သင်တန်း တစ်ကြိမ်လျှင် ၆ လကြာမြင့်ကြောင်း၊ ထို ၆ လအတွင်း လစာ၊ နေထိုင်စရာ၊ ရိက္ခာနှင့် အသုံးအဆောင်များကို နိုင်ငံတော်က ကျခံရမည်ဖြစ်၍ ငွေကြေး သိန်းပေါင်းသောင်းချီ ကုန်ကျနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး ကျွမ်းကျင်သူများက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်
ထို့ကြောင့် တပ်မတော်သည် ငွေကြေး အပါအဝင် လိုအပ်သော အခြေခံအရင်းအမြစ်များ အကုန်အကျများမည် ဖြစ်၍ စစ်မှုထမ်းရန် အကျုံးဝင်သည်ဟု ပြောနေသည့် လူဦးရေအားလုံးကို ခေါ်ယူနိုင်ခြေမရှိကြောင်း၊ နိုင်ငံ သူ/သားများအနေဖြင့် စိုးရိမ်စရာမလိုကြောင်း ၎င်းတို့က ထောက်ပြကြသည်။
နစက အနေဖြင့် သတင်းထုတ်ပြန်မှုများ လုပ်သည့်အခါမှာ ပြည်သူလူထုကို ရှင်းလင်း ပြတ်သားစွာ ထုတ်ပြန် သင့်ကြောင်း၊ ပြည်သူလူထု စိုးရိမ်နေသော အကြောင်းအရာများကို သိရှိနားလည်အောင် လုပ်ပြီးမှ ထုတ်ပြန် စေလိုကြောင်း နိုင်ငံရေးသမားများက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 154
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းလက်တွဲပြီး မြန်မာ့တပ်မတော်အား တိုက်ခိုက်သွားမည်ဟု မွန်ပြည်သစ်ပါတီ-ခွဲထွက်(NMSP)က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့သည်။
မွန်ပြည်သစ်ပါတီ(NMSP)သည် ၁၉၉၅ ခုနှစ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ(နအဖ)တို့နှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ဦးသိန်းစိန် လက်ထပ် မှာ ပြည်နယ်-ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်(Bilateral)ကို လက်မှတ်ထိုးခဲ့သည်။
ထို့နောက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးခဲ့သည်။
မွန်ပြည်သစ်ပါတီသည် NCA စာချုပ် သဘောတူညီချက်များအရ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ အဖြေ ရှာရန် နည်းလမ်းပေါင်းစုံဖြင့် တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်ခဲ့ကြောင်း၊ နစကနှင့် ၃ ကြိမ်တိုင်တိုင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ထိုဆွေးနွေးမှုများတွင် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများကသာ လက်ရှိ နိုင်ငံ ရေး ပြဿနာကို ဖြေရှင်းနိုင်မည်ဟူသည့် ရပ်တည်ချက်အပါအဝင် မိမိတို့ ပါတီလိုလားသည့် ဖက်ဒရယ်အခြေခံ မူများကို တင်ပြ ဆွေးနွေးခဲ့သော်လည်း မျှော်မှန်းသည့်ရလဒ်များ လုံးဝမရရှိခဲ့ပါဟု မွန်ပြည်သစ်ပါတီ-ခွဲထွက်က ထုတ်ပြန်ခဲ့သည်။
မွန်ပြည်သစ်ပါတီ-ခွဲထွက် အဖွဲ့၏ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
၎င်းက “ ပြည်သူများကို အကာအကွယ်ပေးရန်နှင့် မိမိတို့လိုလားသည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရန်အတွက် နိုင်ငံ၏အာဏာ အဓမ္မသိမ်းယူထားသည့် စစ်တပ်၊ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးသည်သာ တစ်ခုတည်းသော နည်းလမ်း ဟု ယုံကြည်သည်။ ထိုယုံကြည်ချက်၊ ရပ်တည်ချက်ကို ၁၁ ကြိမ်မြောက် ပါတီညီလာခံ၌ အကျေအလည် ဆွေး နွေးခဲ့သော်လည်း လတ်တလော အခြေအနေတွင် ၂၀၁၂ ခုနှစ် နှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ် Bilateral Ceasefire Agreement အတိုင်း ရပ်တည်သွားပြီး စစ်ကောင်စီနှင့် ဆက်ဆံသွားရန် ဆုံးဖြတ်ခဲ့သည်ကို မိမိတို့ လုံးဝ လက်မခံနိုင်ပါ”ဟု ထုတ်ပြန်ခဲ့သည်။
ထို့နောက် မွန်ပြည်သစ်ပါတီ အထွေထွေအရေးမှူး နိုင်ဇေယျနှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ပါတီခေါင်းဆောင် တချို့နှင့် တပ်ဗိုလ်၊ တပ်မှူး၊ အကြပ်တပ်သား၊ ရဲဘော်များက ခွဲထွက်၍ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)ဆိုသော အမည်ဖြင့် ခွဲထွက်ခဲ့သည်။
ထို့ကြောင့် ဥက္ကဋ္ဌ နိုင်ဟံသာ၊ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း၊ စစ်ဦးစီးချုပ်၊ အတွင်းရေးမှူး(၁) နိုင်လှဝင်းတို့က မွန်ပြည်သစ်ပါတီ(NMSP)ကို ဆက်လက် ဦးဆောင်သွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က NCA ထိုးထားသော တခြားသော တိုင်းရင်းသား လက်နက်ကိုင် ၆ ဖွဲ့နှင့်အတူ နေပြည်တော်မှာ နစက၏ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 234
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
စစ်မှုထမ်းဟောင်းများက နိုင်ငံတော်၏ ကာကွယ်ရေးတွင် ပြန်လည်တာဝန်ထမ်းဆောင်ရန် တောင်းဆိုမှုကြောင့် အရန်တပ်ဖွဲ့ဥပဒေကို အတည်ပြုရခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၀ ပြည့်နှစ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂၈/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့ သော အရန်တပ်ဖွဲ့ဥပဒေသည် ယနေ့မှစ၍ အာဏာတည်စေရမည်ဖြစ်ကြောင်း ဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ သတ်မှတ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “စစ်မှုထမ်းဟောင်းများအနေဖြင့် နိုင်ငံတော်၏ ကာကွယ်ရေး အင်အားတွင် ပြန်လည်ထမ်းဆောင်ရန် တောင်းဆိုမှု များပြားလာသဖြင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်း အားလုံးကို ပြန်လည်ခေါ်ယူမည်ဟု မဆိုလိုပဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်ခေါ်ယူမည် ဖြစ်ကြောင်း” ဟု ပြောသည်။
မြန်မာ့တပ်မတော်ကို တွေ့ရစဉ်
ထို့အတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်ပြည့်သည့် နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးမည်ဟု နစကမှ ကြေညာခဲ့သည်။
အဆိုပါ ဥပဒေနှစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကြောင့် ကာကွယ်ရေးအင်အားကို တိုးမြှင့်လာစေ မှာဖြစ်ကြောင်း၊ နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားသည် မဖြစ်မနေ ကောင်းမွန်ရန် လိုအပ်ကြောင်းနှင့် စီးပွားရေး မောင်းနှင်အားကောင်းမွန်မှ နိုင်ငံရေးမောင်းနှင်အား၊ ကာကွယ်ရေးမောင်းနှင်အားများလည်း ကောင်းမွန်မှာဖြစ် ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ထိုပြည်သူ့စစ်မှုထမ်းဥပဒေမှာ ယခင်ကတည်းကရှိခဲ့ပြီး ယခုမှသာ အတည်ပြုခြင်းဖြစ်ကြောင်း၊ လူဦးရေ အကန့် အသတ်ဖြင့် ခေါ်ယူမှာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သက်ဝင်သက်ရောက်တာက ဟိုတနေ့ကမှာ အသက်သွင်းလိုက်တာပေါ့နော်၊ အသက်သွင်းလိုက်ပေမယ့်၊ အဲလောက်ကြီးလည်း ပြည်သူ့ကြားထဲမှာ ရှော့ဖြစ်စရာတော့ မရှိဘူးလို့ ဆရာတို့က မြင်တယ်၊ ဘာလဲဆိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတာပဲ၊ တစ်ခါခေါ်မှ လူဦးရေ ၅၀၀၀၊ လူဦးရေ ကန့်သတ်ချက်ရှိတယ်၊ ဘတ်ဂျက် ကန့်သတ်ချက်ရှိတယ်၊ ပစ္စည်းကန့်သတ်ချက်တွေရှိတယ်၊ နေရာကန့်သတ်ချက်တွေရှိတယ်၊ ဒါပေမဲ့ ဒီကြားထဲမှာ ပြည်သူ့စစ်မှုထမ်းကို ဘာလို့ ထမ်းခိုင်းရတာလဲဆိုတော့ ရှင်းရှင်းပြောရရင်တော့ ဒို့တာဝန်အရေးသုံးပါးကို အခုရှိတဲ့ လူငယ်တွေပေါ့၊ ၁၈ ကနေ ၃၅ ပြည့်တဲ့ လူငယ်တွေက ရှင်းရှင်းပြောရင်တော့ သဘောမပေါက်တဲ့ လူတွေများ တယ်၊ ဒါကို ဆရာတို့က နားလည်အောင်လို့ သင်ပြပေးရမယ့်ကဏ္ဍ စစ်တိုက်ခိုင်းဖို့တော့ မဟုတ်ဘူးလို့ ထင်ပါ တယ်” ဟု ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့ကို တွေ့ရစဉ်
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ သဘောထား ကွဲပြားနေပြီး ပြည်တွင်းစစ် ဖြစ်ပွားနေချိန်မျိုးတွင် အဆိုပါ ပြည်သူ့ စစ်မှုထမ်းဥပဒေကို လုပ်၍မရကြောင်း နိုင်ငံရေးသမားများက ထောက်ပြသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သား အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးမမ်းသည် ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာကာ တာဝန်ယူလျက်ရှိနေသည်။
ထို့နောက် မြန်မာ့တပ်မတော်အား ပြန်လည်ဖြုတ်ချနိုင်ရေး ဒီမိုကရေစီအင်အားစုများက လက်နက်ကိုင်တော်လှန် တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား နိုင်ငံတစ်ဝှမ်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 397
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
မြန်မာနိုင်ငံသူ/သားများ စစ်မှုထမ်းဆောင်ရန်အတွက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်သူ့စစ် မှုထမ်းဥပဒေကို လက်မှတ်ရေးထိုးပြဋ္ဌာန်း လိုက်ခြင်းကြောင့် မည်ကဲ့သို့ အခြေအနေများ ဖြစ်ပေါ်လာနိုင်သလဲဟု နိုင်ငံရေးနှင့် စစ်ရေးကျွမ်းကျင်သူများကြား သုံးသပ် ဆွေးနွေးလျက်ရှိနေကြသည်။
၂၀၁၀ ပြည့်နှစ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့ သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင်၍ အာဏာတည်စေရမည်ဖြစ် ကြောင်း နစကမှ သတ်မှတ်ခဲ့သည်။
မြန်မာ့တပ်မတော်၏ အခြေအနေမှာ ယိုင်လဲလာခြင်းကို ဖော်ပြခြင်းဖြစ်ကြောင်း၊ အဆိုပါ ကိစ္စမှာလည်း အောင်မြင်မှာ မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါကတော့ တော်တော်များများလည်း ပြောနေတာပဲလေ၊ သူ့စစ်တပ်ရဲ့ အခြေအနေ တော်တော် ယိုင်လဲလာတာကို ဖော်ပြတာပေါ့ဗျာ၊ ဒါပေမယ့် ကျမကြည့်တယ်၊ ဒါလည်းအောင်မြင်မယ် မထင်ပါဘူး။ သူ လုပ်နေပုံနဲ့လေ၊ သူ့စစ်တပ်က တော်တော်ကြီးကို ဘယ်လိုခေါ်မလဲ အရေအတွက်တွေ တအားကျဆင်းလာတာကို။ အဲဒီဟာအတွက် သူက ပြန်ဖြည့်ဆည်းဖို့ သူလုပ်တယ်ထင်တယ်၊ ဒါပေမယ့် သိပ်အောင်မြင်မယ့် အလားအလာ မရှိပါဘူး” ဟု ပြောသည်။
ပြည်သူ့စစ်များကို တွေ့ရစဉ်
အဆိုပါ ဥပဒေကြောင့် အလယ်အလတ် လမ်းစဉ်သမားများ အနေဖြင့်လည်း တော်လှန်ရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိလာနိုင်ကြောင်း ၎င်းက ပြောသည်။
ထိုပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားမှာ အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးမှာ အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်း ပါဝင်သည်။
ထို့အတူ ကျွမ်းကျင်သူ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေး သော နိုင်ငံသားတိုင်းကို ဆိုသည်။
ကျွမ်းကျင်သူ ဆိုသည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားသော အတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်း နေသူများကို ဆိုလိုသည်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ကွဲပြားနေသည့် အချိန်တွင် အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေကို လုပ်၍မရကြောင်း နိုင်ငံရေး သမားတစ်ဦးက သုံးသပ်သည်။
တော်လှန်ရေးအင်အားစုများကို တွေ့ရစဉ်
၎င်းက “နိုင်ငံရေးအရ ကွဲပြားတဲ့နိုင်ငံ၊ ပထဝီအရ ကွဲတာ မဟုတ်ဘူး။ နိုင်ငံရေးအရ ကွဲတဲ့နိုင်ငံမှာ ဒီလိုမျိုး တည်ငြိမ်မှု မရှိတဲ့အခါမျိုးမှာ မဝင်မနေရ စစ်မှုထမ်းစနစ်က လုပ်လို့မရပါဘူးဆိုတာ ကမ္ဘာပေါ်မှာ သင်ခန်းစာ တွေရှိတယ်၊ ဒါကြောင့်မို့လို့ လုံးဝ မလုပ်သင့်ဘူး။ သူလုပ်လို့ရှိရင်တော့ အမှန်တိုင်းပြောရလို့ရှိရင် ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲဆိုတာမျိုးပဲ ကျနော်သတိပေးချင်တာပေါ့နော်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိနေပြီး ယခင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော ပြည်မဒေသများတွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်ခြင်းကြောင့် ဗမာ မဟုတ်သော တိုင်းရင်းသားများက မိမိ လူမျိုးက ဖွဲ့စည်းထားသော လက်နက်ကိုင်အဖွဲ့များထံသာ သွားရောက် စစ်မှုထမ်းရန် ပြင်ဆင်နေကြသလို ဗမာတိုင်းရင်း သားများကလည်း တော်လှန်ရေး အင်အားစုများထံ သွားရောက် စစ်မှုထမ်းရန် ပြင်ဆင်နေကြသည်ဟု လူထုအ ကြား ပြောကြားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 304
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂
ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပင်လုံစာချုပ် ချုပ်ဆိုခြင်း (၇၇)နှစ်ပြည့်တွင် ဖက်ဒရယ်ဖော်ဆောင်ရေးပြည်သူ့ ကိုယ်စားလှယ်များကော်မတီ(PRCF)က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (နောက်ဆုံး မူကြမ်း-၂၀၂၄)ကို ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်)တွင် လူထုအား ချပြခဲ့သည်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့သည် ပြည်ထောင်စုနေ့လည်း ဖြစ်သည်။
PRCF သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၏ နိုင်ငံရေး ခြေလှမ်းတစ်ရပ်ဖြစ်သည်။
အဖွဲ့ဝင်များမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ကရင် အမျိုးသားပါတီ(KNP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP)၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (DNDP)၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ (MNDP)၊ ကယန်းအမျိုးသားပါတီ (KNP)၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP)၊ မွန်ရေးရာအဖွဲ့ (MAA) တို့ပါသည်။
အဆိုပါ အဖွဲ့ဝင်များသည် ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများ ဖြစ်ကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရကို ဖြုတ်ချခဲ့သည်။
ထို့နောက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ကလည်း ဖက်ဒရယ်ပဋိညာဉ်(၁-၂)ကို ထုတ်ပြန် ခဲ့သလို ယခုအခါမှာလည်း PRCF က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 353
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) ပြဋ္ဌာန်းထားခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစတင်၍ အာဏာတည်စေရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သတ်မှတ်ကြေညာခဲ့သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေကိုလည်း ထုတ်ပြန်သွားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 200
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉
ချင်းပြည်ကောင်စီမှ ချင်းပြည်အစိုးရဖွဲ့ခြင်းကို အခြားသော ချင်းအဖွဲ့အစည်းများက လက်မခံကြောင်း အသီးသီး ထုတ်ပြန်ကြေညာခဲ့သည်။
ချင်းပြည်အစိုးရဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးချယ်တင်မြှောက်ရေးကော်မတီမှ အဆိုပြုတင်သွင်းသော ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ချင်းပြည်တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်နှင့် တရားသူကြီးများ၏ အမည်စာရင်းများကို အတည်ပြုပြီး ချင်းပြည်လွှတ်တော် အပါအဝင် မဏ္ဍိုင်ကြီး (၃) ရပ်ကို ဖွဲ့စည်းအတည်ပြုနိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ချင်းပြည်အတွင်း ချင်းအမျိုးသားညီညွတ်ရေးကို တည်ဆောက်နေသော ကာလအတွင်း အလျင်စလို အစိုးရဖွဲ့ခြင်း မျိုး မလုပ်ရန် ပြည်တွင်း/ပြည်ပရှိ ချင်းပြည်သူများနှင့် ချင်းတော်လှန်ရေးအဖွဲ့များက အကြိမ်ကြိမ် သတိပေးခဲ့ သော်လည်း ချင်းပြည်အစိုးရကို ဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါ ကိစ္စမှာ ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးကို အဟန့်အတား ဖြစ်စေကြောင်း ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်ကန့်ကွက်ခဲ့သည်။
ZRA တပ်ဖွဲ့ကို တွေ့ရစဉ်
လက်ရှိကာလမျိုးတွင် အစိုးရဖွဲ့စည်းခြင်းက စည်းလုံးညီညွတ်မှုကို ထိခိုက်စေကြောင်း မြန်မာ့နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီလုပ်ရပ်မျိုး မလုပ်သင့်ဘူးပေါ့၊ အစိုးရအဖွဲ့ ဖွဲ့တယ်ဆိုပြီးတော့ တစ်ပြည်လုံးလဲ မလွမ်းခြုံနိုင် နောက်ပြီးတော့ အစိုးရတပ်ဖွဲ့တွေလည်း မရှင်းလင်းနိုင်သေးတဲ့ ကာလမှာ ဒီလိုမျိုးတွေ လုပ်တာဟာ ညီညွတ်ရေး ပျက်ပြားပြီးတော့ တော်လှန်ရေး လုပ်ရှားမှုတွေကို ထိခိုက်နစ်နာစေနိုင်တယ်လို့ ကျနော်တော့ သုံးသပ်ပါတယ်” ဟု ပြောသည်။
ထို့အတူ ချင်းပြည်ကောင်စီ၏ ချင်းပြည်အစိုးရဖွဲ့စည်းခြင်းမှာ ဇိုမီးတိုင်းရင်းသားဒေသများတွင် အကျိုး သက်ရောက်မှာ မဟုတ်ကြောင်း၊ ဇိုမီးလူမျိုးများ၏ ကိုယ်စားပြုအစိုးရ မဟုတ်ကြောင်း ဇိုမီးနိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (ZPCC) ယနေ့ (ဖေဖော်ဝါရီ ၉ ရက်)မှာ ထုတ်ပြန်ခဲ့သည်။
ချင်းပြည်အစိုးရဖွဲ့စည်းသော်လည်း ပြည်မ၏ အကူအညီမပါဘဲ ရပ်တည်ရန် ခက်ခဲနိုင်ကြောင်း၊ ချင်းမျိုးနွယ်စု အတွင်းတွင်လည်း သဘောထား ကွဲလွဲနိုင်ကြောင်း နိုင်ငံရေးသမားတစ်ဦးက သုံးသပ်သည်။
ချင်းပြည်ကောင်စီကို တွေ့ရစဉ်
၎င်းက “ဘယ်လိုမှ အလုပ်မဖြစ်ဘူး။ အစကတည်းက ကိုယ်ဟာကိုယ် မရပ်တည်နိုင်ဘူး။ အခက်အခဲရှိတယ်၊ လေယာဉ်ပျံကွင်းတောင် ဆောက်လို့မရတဲ့ နေရာ၊ ပြည်မရဲ့ အထောက်အကူ မရှိဘဲနဲ့ ဘယ်လိုမှ မရပ်တည် နိုင်ဘူး။ ဟိုဖက်က အိန္ဒိယ မီဇိုရမ်နဲ့ ပေါင်းမလား။ သွားပေါင်းလေ မီဇိုရမ်အုပ်ချုပ်တာ ခံရမှာပဲ။ လူမျိုးရေးအရ လည်း မီဇိုနဲ့ကြတော့ ဟိုကလူရှိုင်းချင်းပေါ့၊ နည်းနည်းလေးက ကွဲပြန်တယ်၊ ဒီဖက်မှာ လူရှိုင်းက နည်းနည်းပါးပါးရှိ တယ်။ လူရှိုင်းတွေကလည်း ပညာတတ်တွေပေါ့၊ အဲဒီလိုမျိုး အပိုင်းအစတွေက ကွဲနေတဲ့ သမိုင်းတွေက ဘယ်လိုမှ ကိုယ်ဟာကိုယ် ရပ်တည်ဖို့က မဖြစ်နိုင်ဘူး။ ပင်လုံစာချုပ်ပြီးတဲ့အချိန်မှာ သူတို့ ဆွေးနွေးကြတဲ့အခါမှာ ကိုယ့်ဟာ ကိုယ် ရပ်တည်နိုင်လောက်တယ်လို့ ယူဆတဲ့ မြန်မာနိုင်ငံမှာ ပြည်နယ်က ရှမ်းတစ်ခုပဲ ရှိတယ်၊ ဒါတောင်မှ ပြည်ထောင်စုဖက်ကနေ အခွန်ထောက်ပံ့တာ မကင်းနိုင်ဘူး။ အဲဒီတော့ ဒီချင်းဆိုတာတော့ ဝေလာဝေးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး (CNF)၊ ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA)၊ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) အပါအဝင် ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေးတပ် (LPDF) များ လှုပ်ရှားလျက် ရှိနေပြီး ချင်းလူမျိုးစုအားဖြင့်လည်း ၅၀ ကျော်ရှိနေကြောင်း သိရသည်။